06/02/2022
Hello Everyone
I would Like to briefly introduce Mr. PC: who we are; what we are going to teach; and how we are going to teach to whom.
⏹ What is Mr. PC?
As the education of a nation is one of the foremost requirements for its development, Mr. PC is the online tutoring center for high school students to be able to deliver continuous learning and we are so dedicated to providing a productive alternative education for our young generations.
⏹ Available Courses?
Students will be provided the tutoring classes of all the subjects in the Grade-10 and Grade-11 designed by the Ministry of Education, Myanmar. Then, interesting lectures will be given by our instructors having a strong academic background in their respective subjects.
⏹ Instructors?
Our instructors all hold Bachelor, Master, or Doctoral degrees, and hence have a strong academic background and high experience of tutoring. Moreover, they are postgraduate students studying at prestigious universities all over the world.
⏹ Eligible Students?
The current students of Grade-10 and Grade-11 learning by themselves at their homes are encouraged to join these upcoming classes, which will be provided by the Mr. PC. The students will be assisted, guided, and taught by our active and energetic instructors.
မဂ်လာပါ...
ဒီနေ့မှာတော့ Mr. PC (Online Tutoring Center) အကြောင်းကို အတိုချုပ်ပြောပြပေးသွားမယ်နော်... Mr. PC ဆိုတာဘာလဲ? ဘယ်သူတွေက ဘယ်ဘာသာရပ်တွေကို သင်ကြားပေးသွားမှာလဲ? ဘယ်လိုလူတွေ တက်ရောက်သင်ကြားနိုင်မလဲစတာတွေပေါ့နော်.. ပထမဦးဆုံးအနေနဲ့...
⏹ Mr.PCဆိုတာဘာလဲ?
ပညာရေးသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကလိုအပ်ချက်များထဲမှ တစ်ခုဖြစ်သည့်အားလျှော်စွာ Mr.PC သည် အထက်တန်းကျောင်းသူ/သားများအတွက် စဉ်ဆက်မပြတ်လေ့လာသင်ယူနိုင်စေရန်အလို့ဌာ အွန်လိုင်းကျူရှင်စင်တာတစ်ခုအဖြစ် စတင်ထူထောင်လိုက်ခြင်းဖြစ်ပါသည်။ Mr. PC အနေဖြင့် ကျွန်ုပ်တို့၏လူငယ်မျိုးဆက်သစ်များအတွက် အကျိုးရှိစေမည့် အစားထိုးပညာရေးကို ပံ့ပိုးပေးနိုင်ရန် အလွန်အလေးအနက်ထားဆောင်ရွက်နေပါသည်။
⏹ ရရှိနိုင်သော သင်တန်းများ
မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနမှ ရေးဆွဲထားသော Grade-10 နှင့် Grade-11 ဘာသာရပ်ဆိုင်ရာ ကျူရှင်သင်တန်းများကို ကျောင်းသားများအား ပို့ချပေးမည်ဖြစ်ပါသည်။ ထို့နောက် သက်ဆိုင်ရာဘာသာရပ်အလိုက် ခိုင်မာသော ပညာရပ်ဆိုင်ရာ နောက်ခံရှိထားသော ဆရာများမှ စိတ်ဝင်တစား သင်ကြားပို့ချပေးမည်ဖြစ်ပါသည်။
⏹ နည်းပြဆရာများ
ကျွန်ုပ်တို့၏ နည်းပြဆရာများအားလုံးသည် ရိုးရိုးဘွဲ့၊ မဟာဘွဲ့ သို့မဟုတ် ပါရဂူဘွဲ့များ ရရှိထားသောကြောင့် ခိုင်မာသောပညာရေးနောက်ခံနှင့် ကျူရှင်အတွေ့အကြုံများရှိပါသည်။ ထို့ပြင် ၎င်းတို့သည် ကမ္ဘာတစ်ဝှမ်းရှိ အထင်ကရတက္ကသိုလ်များတွင် ပညာသင်ကြားနေသည့် ဘွဲ့လွန်ကျောင်းသူ/သားများ ဖြစ်သည်။
⏹ အရည်အချင်းပြည့်မီသောကျောင်းသားများ
လက်ရှိ Grade-10 နှင့် Grade-11 ရှိကျောင်းသူ/သားများအားလုံး၊ Mr. PC မှ ယခုဖွင့်လှစ်သင်ကြားမည့် အတန်းများကို မိမိတို့၏အိမ်တွင် ကိုယ်တိုင်လေ့လာသင်ယူနိုင်မည် ဖြစ်သည်။ ကျောင်းသူ/သားများကို ကျွန်ုပ်တို့၏ တက်ကြွသော ဆရာ/ဆရာမများမှ ပံ့ပိုးကူညီ၊ လမ်းညွှန်သင်ကြားပေးမည်ဖြစ်ပါသည်။