Sar Thin Kyaung - စာသင်ကျောင်း

Sar Thin Kyaung - စာသင်ကျောင်း Be confident in Mathematics.

It's Challenging Question time!!!! 💥အောက်ကပုံလေးကိုကြည့်ပြီး  ထောင့်မှန်စတုဂံဘယ်နှစ်ခုထိပါလဲ ရေတွက်ကြည့်ပါဦး။ ကြီးကြီးသေ...
25/05/2026

It's Challenging Question time!!!! 💥

အောက်ကပုံလေးကိုကြည့်ပြီး ထောင့်မှန်စတုဂံဘယ်နှစ်ခုထိပါလဲ ရေတွက်ကြည့်ပါဦး။ ကြီးကြီးသေးသေး ဘယ်လို ထောင့်မှန်စတုဂံမျိုးမဆို ဖြစ်လို့ရပါတယ်။

ဒီမေးခွန်းလေးက ကလေးတွေရဲ့
✨Observation skills
✨Logical thinking
✨Systematic counting
✨Problem solving techniques တွေကို မြင်သာစေမယ့် မေးခွန်းလေးဆိုလည်း မမှားပါဘူး။

အဖြေလေးကို comment မှာ မန့်ခဲ့လို့ရပါတယ်။

ဒီနေ့တော့ Singapore level 2 Addition and Subtraction အခန်းက လေ့ကျင့်ခန်းလေးတွေကို ကလေးတွေ စိတ်ဝင်စားအောင် အရောင်လေးတွေ အ...
23/05/2026

ဒီနေ့တော့ Singapore level 2
Addition and Subtraction အခန်းက လေ့ကျင့်ခန်းလေးတွေကို ကလေးတွေ စိတ်ဝင်စားအောင်
အရောင်လေးတွေ အရုပ်လေးတွေပါတဲ့ worksheet လေးတွေအဖြစ်
AI သုံးပြီး ပြင်ဆင်ကြည့်ဖြစ်တာလေးတွေ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

သားသားမီးမီးလေးတွေ တွက်ကြည့်ကြပါဦးနော်။ 🥰🌟

ကလေးတွေကို သင်္ချာသင်တဲ့အခါ သူတို့လေးတွေယုံကြည်မှုရှိရှိ တွက်ချက်လာနိုင်တာအပြင် သင်ယူရတာကို စိတ်ဝင်စားလာဖို့ကလည်း အရေးကြ...
22/05/2026

ကလေးတွေကို သင်္ချာသင်တဲ့အခါ သူတို့လေးတွေ
ယုံကြည်မှုရှိရှိ တွက်ချက်လာနိုင်တာအပြင် သင်ယူရတာကို စိတ်ဝင်စားလာဖို့ကလည်း အရေးကြီးပါတယ် ✨

ဒီနေ့အတန်းမှာတော့
ဂိမ်းလေးတွေကစားရင်း အနုတ်တွက်နည်းကို လေ့ကျင့်ကြသလို၊
ပုံလေးတွေကြည့်ပြီး ဘယ်အသီးပုံက အများဆုံးလဲဆိုတာ ရှာခိုင်းရင်း counting ကိုလေ့ကျင့်ဖြစ်သလို စဉ်းစားတတ်တဲ့အလေ့အကျင့်ကိုလည်း တစ်ခါတည်း လုပ်ပေးဖြစ်ပါတယ် 🍎🍍

ဒီလိုလေးတွေ ထည့်သွင်းသင်ကြားပေးခြင်းဖြင့်
ကလေးတွေက ကစားနေတယ်လို့ပဲ ခံစားရပေမယ့်
တကယ်တော့ ဂရုစိုက်ကြည့်တတ်လာတာ၊ ဦးနှောက်စွမ်းရည်မြင့်တက်လာစေတာ၊ ကိုယ့်အဖြေကို ယုံကြည်လာတာ၊သင်္ချာကို မကြောက်တော့တာ စတာတွေ
တဖြည်းဖြည်း တိုးလာစေပါတယ် 🤍

ငယ်ရွယ်တဲ့ကလေးတွေအတွက်
ပျော်ပျော်ရွှင်ရွှင် သင်ယူနိုင်တဲ့အချိန်တွေက
သင်္ချာကို ချစ်လာဖို့ အရမ်းအရေးကြီးပါတယ် 🌱

Singapore Math Online Level 2 တက်နေတဲ့ သမီးလေးရဲ့ worksheet လုပ်ထားတာလေးတွေပါ။Level 1 ကနေ Level 2 ထိ တစ်နှစ်ကျော် တက်လာပ...
18/05/2026

Singapore Math Online Level 2 တက်နေတဲ့ သမီးလေးရဲ့ worksheet လုပ်ထားတာလေးတွေပါ။

Level 1 ကနေ Level 2 ထိ တစ်နှစ်ကျော် တက်လာပြီးတဲ့နောက် သူ့ရဲ့ thinking skill, mental addition ‌and subtraction က အစ တိုးတက်လာတာ ဆရာမရောမေမေရော အရမ်းကို ဝမ်းသာ ဂုဏ်ယူရပါတယ်။

အရင်ရက်ကလည်း သူ့ရဲ့ ကျောင်းမှာ Mid - Term Test စစ်တာ အမှတ်တွေအများကြီးရခဲ့လို့ ဆရာမကို ဝမ်းသာအားရကြွားပါသေးတယ်ရှင်။ Test မတိုင်ခင်က သူ့ကို သေချာပြန်စစ်ဖို့ ၊ careless mistake တွေ မလုပ်ခဲ့ဖို့ မှာလိုက်တာကို သေချာလေး နားထောင်ပြီး ဖြေခဲ့လို့ ဆရာမကလည်း ကျေးဇူးတင်ပါတယ်။

သမီးလေး အမြဲလိုလိုပြောနေကျတစ်ခုရှိတယ် "ကျောင်းကစာတွေက baby စာလေးတွေ" ဆိုပြီး တကယ်တော့ကျောင်းအတန်းက နောက်ကျနေတာမဟုတ်ပဲ သူက အရင်ကတည်းက Math ကို သီးသန့် စနစ်တကျ သင်ယူခဲ့တာဆိုတော့ သူ့အတွက် learning က လွယ်ကူနေတာပါ။

ကလေးက စာတကယ်ရလား နားလည်လားဆိုတာ ကလေးကိုယ်တိုင်က ပိုသိပါတယ်။ ကလေးဆိုတာက ဟန်မဆောင်တတ်ဘူး။ မရရင် မရဘူးဆိုတာက သူတို့မျက်နှာပေါ် အတိုင်းသား ပေါ်တာပါ။ ဒါကြောင့် သူ့အတွက် Math က easy ဖြစ်တယ်ဆိုရင် ဒါ ဆရာ/ဆရာမရဲ့ သင်ကြားမှု အောင်မြင်တာပဲ လို့ ကျွန်မကတော့ မှတ်ယူပါတယ်။

နောက်လည်း အများကြီးကြိုးစားသွားပြီး ပီတိတွေစား အားရှိတဲ့ဆရာမတစ်ယောက် ဆက်ဖြစ်သွားပါဦးမယ်။

ဒီ post ကလည်း သမီးလေးအတွက် သူ့ရဲ့အားထုတ်ကြိုးစားမှုအတွက် အသိအမှတ်ပြုချင်လို့ တင်လိုက်တာပါရှင်။

Online အတန်းလေးတွေ စုံစမ်းချင်ပါက Viber or cb က ဆက်သွယ်နိုင်ပါတယ်ရှင်။

🌈 Singapore Math အကြောင်းပဲ တင်နေလို့ Singapore Math ပဲ သင်တာလားလို့ သိချင်နေကြတဲ့ ဖေဖေမေမေတို့အတွက်ပါ။🌟 ဒီ page မှာ Sin...
12/05/2026

🌈 Singapore Math အကြောင်းပဲ တင်နေလို့ Singapore Math ပဲ သင်တာလားလို့ သိချင်နေကြတဲ့ ဖေဖေမေမေတို့အတွက်ပါ။

🌟 ဒီ page မှာ Singapore math အပြင် Cambridge Math, Pearson Math, Pre - GED နဲ့ GED Math တို့ကိုပါ သင်ကြားပေးလျက်ရှိပါတယ်။

✨ သူငယ်ချင်းတွေနဲ့ အတူတူ အတန်းတက်ချင်တဲ့ သားသားမီးမီးတို့ အတွက်ရော ၊ တစ်ယောက်တည်းပဲ ဆရာမနဲ့ အနီးကပ်သင်ချင်တယ်ဆိုတဲ့ သားသားမီးမီးတို့အတွက်ရော အဆင်ပြေအောင် အချိန်လေးတွေ ညှိနှိုင်းပေးပါတယ်ရှင်။

📚 Singapore Math အတွက်
Primary Mathematics Textbook and workbooks ၊
📚 Cambridge Math အတွက်
Learner's books and workbooks ၊
📚 Pearson Math အတွက် Power Maths Series စတဲ့ သင်ရိုးစာအုပ်တွေအပြင် challenging questions တွေကိုပါ သင့်တော်သလို ထည့်သွင်းသင်ကြားပေးသွားမှာပါ။

💫 ဒါကြောင့် မိမိကလေးတွေ သင်္ချာတကယ်တတ်မြောက်ဖို့ စာသင်ကျောင်း page မှာ လာရောက်အပ်နှံလိုက်ပါနော်။

ကလေးရဲ့စိတ်ခံစားချက် (mood) ဟာ colorful worksheet တွေ quizz တွေထက်တောင်မှ သင်္ချာသင်ကြားမှုအပေါ် ပိုသက်‌ရာက်မှုရှိစေနိုင...
12/05/2026

ကလေးရဲ့စိတ်ခံစားချက် (mood) ဟာ colorful worksheet တွေ quizz တွေထက်တောင်မှ သင်္ချာသင်ကြားမှုအပေါ် ပိုသက်‌ရာက်မှုရှိစေနိုင်ပါတယ်။

ဘာကြောင့် ဒီလိုပြောရလဲဆိုရင် ကလေးလေးတွေဟာ သင်္ချာအပေါ် ချစ်စိတ်၊ လေ့လာလိုစိတ်၊ မိမိကိုယ်မိမိ ယုံကြည်စိတ်၊ စိတ်ဝင်စားခြင်း စတာတွေဟာ ဆရာမနဲ့သင်ကြားရင်း ၊ လေ့ကျင့်ခန်းတွေလုပ်ရင်း ခံစားချက်တွေနဲ့ တဖြည်းဖြည်းချင်း တည်ဆောက်ယူရတာဖြစ်ပါတယ်။

အဲ့ဒီလိုတည်ဆောက်ရာမှာ ဆရာဆရာမနှင့် လူကြီးမိဘတွေရဲ့ ပြောစကားတွေကလည်းအရေးကြီးပါတယ်။
ဥပမာ - နင်ဒါလေးတောင်မတွက်တတ်ဘူးလား။
ဒါတောင်မှားတယ်။
ဘယ်တော့မှ တတ်မှာမဟုတ်ဘူး။
ဘာလို့ဒီလောက်နှေးနရတာလဲ။

စတဲ့စကားမျိုးတွေ မကြာခဏ ကြားနေရတဲ့ ကလေးဟာ စိတ်ဖိစီးလာပြီး "ငါလုပ်လည်းမရဘူး" ၊ "Math ကခက်တယ်" ဆိုတာမျိုး တွေးလာစေပါတယ်။ အဲ့လိုတွေ တွေးတာများလေလေ ကျွန်မတို့အနေနဲ့ သင်ကြားမှုကျရှုံးရန်လည်း နီးကပ်လာလေ ဖြစ်ပါတယ်။

တစ်ချို့ကလေးတွေက နဂိုမကြိုးစားတာမဟုတ်ပဲ မှားမှာကြောက်လို့ မကြိုးစားတော့တာပါ။ ဒါကြောင့် ကလေးရဲ့သင်ယူမှုအပါ် ဆိုးကျိုးသက်ရောက်စေမယ့် စကားတွေကို မပြောမိအောင် ကျွန်မအ‌နေနဲ့ အတတ်နိုင်ဆုံးရှောင်ပါတယ်။ သင်္ချာဆရာကောင်းတစ်ယောက်ဆိုတာ ဂဏန်းတွေပေါင်းနုတ်မြှောက်စားသင်ရုံတင်မဟုတ်ပဲ ကလေးရဲ့ ယုံကြည်မှုတိုးလာစေဖို့ပါ တည်ဆောက်ပေးနိုင်ရပါမယ်။

ကလေးရဲ့ယုံကြည်မှုတိုးစေရန်အတွက် ချီးမွမ်းပေးရပါမယ်။ ဒီနေရာမှာ ကလေးရဲ့ဉာဏ်ကောင်းတယ် ဆိုတာကို ချီးမွမ်းတာထက် သူ့ရဲ့ "ကြိုးစားမှု" နဲ့ "တွေးခေါ်ပုံအဆင့်ဆင့်" ကို ချီးကျူးပေးဖို့လိုပါတယ်။ ဒါမှ ကလေးမှ ပိုစဉ်းစားရဲလာမယ် ၊ ပိုတွက်ရဲလာမယ်၊ ပိုပြောရဲလာမယ်။
ဒီလိုယုံကြည်မှုတိုးလာမှသာ ကလေးက စာသင်ရတာပျာ်ရွှင်လာပြီး ပိုမိုမြင့်မားတဲ့ နားလည်မှု level ကို ရောက်ရှိနိုင်မှာဖြစ်ပါတယ်။

ကလေးများ ပျော်ရွှင်စွာ သင်္ချာကို သင်ကြားနိုင်ပါစေ။

Singapore Math Level 2 online class သင်ကြားပုံလေးပါကလေးတွေ သင်နေရင်း မပျင်းရအောင်(1) Warm-up activities (2) Teaching(3) ...
09/05/2026

Singapore Math Level 2 online class သင်ကြားပုံလေးပါ

ကလေးတွေ သင်နေရင်း မပျင်းရအောင်
(1) Warm-up activities
(2) Teaching
(3) Quick challenge
(4) Interactive games
(5) Movement
စတာတွေ မျှတနေအောင် ထည့်သွင်းစဉ်းစားပြီးမှ သင်ကြားပေးပါတယ်။

Young learners တွေ သင်တဲ့အခါ ဆရာမချည်း စကားပြော ရှင်းပြနေတဲ့အခါ ကလေးက ပျင်းရိတတ်တာ သဘာဝမလို့ သူတို့ ပျော်ရွှင်စွာ ပါဝင်ပြီး Math ကို စိတ်ဝင်စားစေဖို့ အမြဲကြိုးစားပြီး သင်ကြားပေးလေ့ရှိပါတယ်ရှင်။

ဒီလို online class လေး တက်ချင်တယ်ဆိုရင်တော့ အမြန်ဆုံး hi လိုက်ပါနော်။ page မှ ပြန်လည်ဆက်သွယ်ပေးပါ့မယ်။ သိချင်တာများ လာရောက်မေးမြန်းစုံစမ်းလို့ရပါတယ်ရှင့်။

🔥 GED Math Challenge 🔥Only a few people can solve this correctly on the first try 👀Can YOU?
05/05/2026

🔥 GED Math Challenge 🔥

Only a few people can solve this correctly on the first try 👀

Can YOU?

ဒီအတန်းလေးကို join ချင်ရင် အမြန်လေး လာအပ်လိုက်ပါနော်။ လူဦးရေကန့်သတ်ချက်ရှိတာမလို့ first come , first serve ပါ။ like and ...
05/05/2026

ဒီအတန်းလေးကို join ချင်ရင် အမြန်လေး လာအပ်လိုက်ပါနော်။ လူဦးရေကန့်သတ်ချက်ရှိတာမလို့ first come , first serve ပါ။ like and share ပြုလုပ်ပေးသူတွေအတွက်လည်း free to attend the whole level ခွင့်ပြုသွားမှာမလို့ ဝင်ရောက်ပါဝင်ဖို့ ဖိတ်ခေါ်ပါတယ်ရှင်။



မင်္ဂလာပါရှင်။
Singapore Math သင်ချင်တဲ့ သားသားမီးမီးတို့အတွက် သတင်းကောင်းလေး လာပါပြီ။
(Full scholarship for one student is included) 🎉

🌟 Singapore Math Level -1 အတန်းလေးကို မေလမှာ စတင်ဖွင့်လှစ်သွားမှာပဲ ဖြစ်ပါတယ်။

🌟 သင်ကြားပေးသွားမယ့်ဆရာမကတော့ အခု
လက်ရှိလည်း Singapore Math, GED math တို့ကို သင်ကြားပေးနေပြီး စာသင်သက် အတွေ့အကြုံ 8 နှစ်ကျော်ရှိတဲ့အတွက် သားသားမီးမီးတို့ သင်္ချာကို အခြေခံမှစ၍ တစ်ဆင့်ချင်းသေချာ နားလည်သဘာပေါက် သွားသည်အထိ သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။

🌟 Singapore Math ကို ဘာလို့ ငယ်စဉ်ကတည်းက တက်ထားသင့်လဲ။

📌 Singapore Math က မြန်မာအစိုးရသင်ရိုးနှင့် အနီးစပ်ဆုံးဖြစ်တဲ့အတွက် ကျောင်းစာနှင့်လည်း သိပ်မကွဲပြားတဲ့အပြင် ၊ မတူညီတဲ့ချဉ်းကပ်ပုံ နည်းစနစ်အမျိုးမျိုးကြောင့် သင်္ချာအခြေခံ Foundation ခိုင်လာပြီး Math ကြောင့် စိတ်ညစ်ရတာမျိုး နည်းစေပါတယ်။

📌 ကလေးရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်း နှင့် ပြဿနာဖြရှင်းနိုင်စွမ်း တို့ကိုလည်း တိုးတက်လာစေနိုင်ပါတယ်။ အဖြေကို သိရုံသာမဟုတ်ပဲ ဘာကြောင့်၊ ဘယ်လိုဆိုတဲ့ မေးခွန်းထုတ်ဆန်းစစ်နိုင်လာပြီး သင်္ချာရဲ့အနှစ်သာရကို သိရှိနားလည်စေပါတယ်။

📌 ဒါ့အပြင် မိမိရဲ့ ရင်သွေးလေးတွေကို သင်္ချာရဲ့အခြေခံသဘောတရားတွေ စနစ်တကျ သင်ပေးထားခြင်းဖြင့် အတန်းကြီးလာတဲ့အခါ Government school ကနေ international curriculum ပြောင်းရာတွင် ရွေးချယ်စရာ pathway များစေနိုင်ပါတယ်။

🌟 Singapore Math Level - 1 မှာ ဘာတွေသင်ရမလဲ။

Number 0 - 10
Number bonds
Addition
Subtraction
Ordinal numbers
Shapes
Numbers to 20
Length
Weight စတဲ့ ခေါင်းစဉ်တွေကို activities များစွာနဲ့ သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်။

🌟 ဘာကြောင့် ဒီသင်တန်းကို အပ်သင့်သလဲ။

🟥 လူဦးရေ အကန့်အသတ်ဖြင့်သာ လက်ခံတာကြောင့် တစ်ဦးချင်းသေချာ ဂရုစိုက်ပေးနိုင်ခြင်း
🟥 Fun activities များစွာဖြင့် သင်ကြားမည်ဖြစ်သာကြာင့် ကလေးကိုမပျင်းစေဘဲ တက်ကြွစွာပါဝင်လာစေခြင်း
🟥 အခြေခံမှစ၍ သေချာနားလည်သည်အထိ စိတ်ရှည်စွာ သင်ကြားပေးခြင်း
🟥 Group လိုက်ဖြစ်စ / one on one ဖြစ်စေ သင်ကြားနိုင်တာကြောင့် မိမိနှစ်သက်ရာ ရွေးချယ်တက်ရောက်နိုင်ခြင်း

🌟 Group class ဘယ်ရက်စမလဲ။
အသက် - ၆ နှစ်အထက်
သင်တန်းစမည့်ရက် - ၂. ၅. ၂၀၂၆ (စနေနေ့)
အချိန် - မနက် ၉:၀၀ - ၁၀:၃၀
နေရာ - Zoom (online class)
သင်တန်းကြေး - တစ်ယောက်လျှင် ၆၀၀၀၀ ကျပ်
သင်တန်းသားဦးရေ - ၅ ယောက်သာ
အပတ်စဉ် - စနေ ၊ တနင်္ဂနွ

🌟 အတန်းတစ်ခုလျှင် ကလေး ၅ ယောက်ထိပဲ လက်ခံမှာမလို့ လူများမှာ ၊ မိမိကလေး သေချာနားမလည်မှာ စိတ်ပူစရာမလိုပဲ ပျော်ရွှင်စွာ သင်ယူ‌‌နိုင်စေဖို့ quizzes, group work , games တွေနဲ့ ထည့်သွင်းသင်ကြားသွားမှာမလို့ စိတ်ချယုံကြည်စွာ အပ်နှံနိုင်ပါတယ်။ 5 ယောက်ပြည့်တာနဲ့ အတန်းလေးစမှာမလို့ အမြန်ဆုံး register လာလုပ်ကြဖို့ဖိတ်ခေါ်ပါတယ်။

💫 အထူးသတင်းကောင်းအနေဖြင့် Singapore Math Level -1 ပြီးဆုံးသည်အထိ အခမဲ့တက်ရောက်ခွင့်ကို ကလေးတစ်ယောက်စာ ပေးအပ်သွားမှာဖြစ်လို့ ပါဝင်ချင်ပါက ယခု post ကို public ဖြင့် like and share ပြီး screenshot ကို comment မှာ မန့်ပေးခဲ့ရပါမယ်ရှင်။ အဲ့ဒီထဲကမှ တစ်ယောက်ကို မဲနှိုက်ရွေးချယ်ပြီး ကံထူးသွားသူကို Singapore Math Level - 1 ပြီးဆုံးသည်ထိ အခမဲ့တက်ရောက်ခွင့်ပြုသွားမှပဲဖြစ်ပါတယ်။
ကံထူးသူကို page မှာ ပြန်လည်ကြေညာပေးသွားပါ့မယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။


GED Math သည် စာလိုက်လုပ်ရန် အရမ်းခက်ခဲတဲ့ဘာသာရပ်ထဲ မပါပါ။ သင်္ချာအခြေခံ အတန်အသင့်ရှိပြီး English level Pre Intermediate ...
01/05/2026

GED Math သည် စာလိုက်လုပ်ရန် အရမ်းခက်ခဲတဲ့ဘာသာရပ်ထဲ မပါပါ။ သင်္ချာအခြေခံ အတန်အသင့်ရှိပြီး English level Pre Intermediate လောက်ရှိရင်ကို အချိန်ယူလေ့လာနိုင်လျှင် score ကောင်းရနိုင်သော ဘာသာတစ်ခုဖြစ်ပါတယ်။
ဒါပေမယ့် အဲ့ဒီလိုဆိုရင်တောင် score တွေက တစ်ယောက်နဲ့တစ်ယောက်မတူကြတဲ့ အခြေအနေအကြောင်းအရပ်အမျိုးမျိုးလည်း ရှိနိုင်ပါတယ်။

ပထမအချက်အနေနဲ့ GED Test သည် computerized system ဖြစ်တဲ့အတွက် တစ်ယောက်နဲ့ တစ်ယောက်ရဲ့ မေးခွန်းတွေက random ဖြစ်တဲ့အတွက် easy/difficult level မတူနိုင်ပါဘူး။

ဒုတိယအချက်အနေနဲ့ time management လိုအပ်တာပါ။ Test တစ်ခုလုံးစာအတွက် ၁၁၅ မိနစ် ရပြီး မေးခွန်း ၄၆ ပုဒ်ခန့်ဖြေရနိုင်တာမလို့ တစ်ပုဒ်ကို ၂ မိနစ်စာလောက်ပဲ အချိန်ရနိုင်တာမလို့ time manage ကောင်းတဲ့သူက အမှတ်သာသွားနိုင်ပါတယ်။

တတိယအချက်အနေနဲ့က
Sample tests တွေ ၊ Practice questions တွေကို ဘက်စုံ ထောင့်ပေါင်းစုံက လေ့ကျင့်ထားမှုကလည်း exam room ထဲကျ score ရစေနိုင်တဲ့အကြောင်းရင်း ဖြစ်နေတတ်ပါတယ်။

အဲ့ဒီအချက်တွေထဲကမှ အရေးကြီးတဲ့အချက်ကတော့
"ဘယ်လိုပုစ္ဆာဆို ဘယ်လိုတွက်" ဆိုတဲ့ formula လိုမှတ်သားခြင်းထက်
“question ကို ဘယ်လိုဖတ်မလဲ” က ပိုအရေးကြီးပါတယ်။

ကျောင်းသား တော်တော်များများ Math မရကြတဲ့ အဓိကအချက်က
Operations တွေ မလုပ်တတ်လို့မဟုတ်ဘဲ မေးခွန်းရဲ့ ဆိုလိုရင်းကို မခွဲတတ်သေးတာ သို့မဟုတ် နားလည်သဘောပေါက်မှုမရှိတာပါ။

ဥပမာ — ပုစ္ဆာမှာပါတဲ့

“at least”
“maximum”
“approximately”
“increase by”
“decrease to”
“none of the”

စတဲ့ ဒီလို vocabulary လေးတွေကို နားလည်မှုလွဲသွားတာနဲ့ကို သုံးရမယ့် method ၊ ချဉ်းကပ်ရမယ့် ပုံစံ ၊ ရလာမယ့် အဖြေကအစ အကုန်လွဲသွားနိုင်ပါတယ်။

ဒါကြောင့် page က သင်မယ့် GED Math class မှာဆို အဖြေရဖို့ တစ်ခုတည်း focus မထားဘဲ
question analysis skill ကိုပါ တစ်ခါတည်း train ပေးပြီး ဘယ်မေးခွန်းလာလာ ဖေုနိုင်အောင် လေ့ကျင့်သင်ကြားပေးသွားမှာပဲ ဖြစ်ပါတယ်။

GED Math က practice နဲ့ strategy သာမှန်ရင် အမှတ်တက်လာနိုင်တဲ့ ဘာသာရပ်မျိုးပါ။

Page မှာ GED Math တက်ရောက်လိုပါက one by one online session လေးတွေရှိပါတယ်။ Class fees နဲ့ အချိန်ကလည်း အားလုံးအတွက် convenient ဖြစ်အောင် သတ်မှတ်ထားတာမလို့ အသေးစိတ်သိရှိလိုပါက chat box (သို့) Viber မှာ အားမနာတမ်း လာရောက်မေးမြန်းနိုင်ပါတယ်။

အားလုံးကို ကျေးဇူးတင်ရှိပါတယ်။





မိမိတို့ သားသမီးတွေက Math ကို တကယ်နားမလည်တာလား… ဒါမှမဟုတ် သင်နည်းမှားနေတာလား?အများစုက သင်္ချာဆိုရင် formula တွေ ကျက်ရတယ်...
30/04/2026

မိမိတို့ သားသမီးတွေက Math ကို တကယ်နားမလည်တာလား… ဒါမှမဟုတ် သင်နည်းမှားနေတာလား?

အများစုက သင်္ချာဆိုရင် formula တွေ ကျက်ရတယ် ၊ ဘယ်လိုပုစ္ဆာ‌လာရင် ဘယ်လိုတွက်ရတယ်ဆိုပြီး ပုံသေကားချပ်ချ မှတ်ရတယ်လို့ ထင်တတ်ကြတယ်။ "ဘာကြောင့်" ဆိုပြီး မေးခွန်းထုတ်တတ်တဲ့ အလေ့အကျင့်မျိုးနည်းပါးခဲ့ကြတယ်။

ဒါတွေကြောင့်ပဲ
ကလေးတွေက သူတို့သိထားတဲ့ မေးခွန်းပုံစံ၊ သူတို့မှတ်သားထားရတဲ့ နည်းစနစ်ကို Exam မှာ question နည်းနည်းပြောင်းမေးလိုက်တာနဲ့ မဖြေနိုင်ကြတော့ဘူး။

👩‍🏫 ကျွန်မ သင်္ချာသင်လာတဲ့အတွေ့အကြုံအရ
Math ကို “နားလည်အောင်” သင်ပေးခြင်းခံရတဲ့ကလေးတွေက
✔️ စဉ်းစားတွေးခေါ်နိုင်လာတယ်
✔️ ကိုယ်မသိတဲ့ ပုစ္ဆာတွေမြင်ရင်တောင် မကြောက်တော့ဘူး
✔️ ကိုယ်ရတဲ့အဖြေပေါ် ယုံကြည်မှုရှိလာတယ်
✔️ သင်္ချာသဘောတရားကို နားလည်ထားတဲ့အတွက် exam grade တွေက အလိုလိုတက်လာမှာပဲဖြစ်ပါတယ်

Primary level မှာ ဥပမာတစ်ခုနဲ့ နှိုင်းယှဉ်ပြီးပြောရရင်
36 ÷ 3 = ? ဆိုတာမှာ အများစုက times table ဆိုခိုင်းပြီး division လုပ်တာမျိုး ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် အဲ့ဒီအစား “36 ကို အုပ်စု ၃စု ခွဲမယ်ဆိုရင် group တစ်ခုထဲမှာ ဘယ်လောက်ရှိမလဲ?” ဆိုတာမျိုးကို model, visual blocks, pictures စတာတွေ ပြပြီး Visual + thinking နဲ့ နားလည်အောင် သင်ပေးမယ်ဆိုရင် အချိန်တော့ယူရပေမယ့် ရေရှည်မှာ ကလေးရဲ့ thinking ကို တိုးတက်စေပြီး Math concepts တွေကို သေချာနားလည်သဘောပေါက်လာစေပါတယ်။

📊 ဒီလိုမျိုး သင်္ချာကို အခြေခံမှစပြီး စနစ်တကျ သင်ကြားချင်ရင်တော့ page မှာ ဖွင့်လှစ်ထားတဲ့ Singapore Math Level - 1 Online Batch မှာ လာရောက် Join နိုင်ပါတယ်ရှင်။

Class style ကတော့

✔️ ကလေးတစ်ယောက်ချင်းစီကို အပြည့်အဝအာရုံစိုက်နိုင်အောင် လူဦးရေကန့်သတ်ထားပါတယ်။
✔️ Singapore Math ရဲ့ အဓိက core thinking skills တွေ ရရှိသွားစေဖို့ lesson plan ထားပါတယ်
✔️ တစ်ဆင့်ချင်း ပိုင်နိုင်အောင် အချိန်ယူ‌သင်ကြားပေးသွားမှာ ဖြစ်ပါတယ်
✔️ Full attention ရအောင် activities , games, quizzes တွေနဲ့ သင်ကြားပေးသွားမှာပဲဖြစ်ပါတယ်

⏰ New Batch Starting Soon and don't forget to reserve. 💫👇

https://m.facebook.com/story.php?story_fbid=122176795028646185&id=61569385555069&mibextid=Nif5oz

မိမိရဲ့ သားသားမီးမီးတွေ သင်္ချာ မှာ ယုံကြည်မှုရှိရှိလာစေဖို့ စိတ်ဝင်စားပါက Message box ကနေ “JOIN” လို့ပို့ပြီး seat reserve လုပ်လိုက်ပါ။ One by One online class တွေလည်း ရှိတာမလို့ အသေးစိတ်လာရောက်မေးမြန်းနိုင်ပါတယ်။

ที่อยู่

Mae Sot
63110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Sar Thin Kyaung - စာသင်ကျောင်းผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์

ประเภท