NwayOo Revolutionary High School

NwayOo Revolutionary High School "အရည်အသွေးမြင့်ပညာရေး၊ လူတိုင်းအတွက်ဖော်ဆောင်ပေး"

ဆောင်ပုဒ် Slogan: "စစ်ကျွန်ပညာတော်လှန်ရေး၊ဖက်ဒရယ်ပညာဖော်ဆောင်ပေး"

Our Vision: ဖက်ဒရယ်ဒီမိုကရေစီပညာရေးစံနှုန်းများနှင့်အညီ ထူးချွန်သောကျောင်းသားလူငယ်များပေါ်ထွန်းလာရေး။
အရည်အသွေးရှိသော ပညာရေးစနစ်အခြေခံများရရှိရေး။

12/03/2026

How lovingly!
အားကြလိုက်တာ

All in One (တစ်နေရာထဲမှာ Cambridge/ Pre GED / GED) အတန်းအားလုံးတစ်နေရာထဲ စုံလင်စွာတက်နိုင်ဖို့ ကျောင်းအပ်စို့။https://t....
22/02/2026

All in One (တစ်နေရာထဲမှာ Cambridge/ Pre GED / GED) အတန်းအားလုံးတစ်နေရာထဲ စုံလင်စွာတက်နိုင်ဖို့ ကျောင်းအပ်စို့။

https://t.me/+KsiFBXUD1t8yMTI1

March 3 မှာ ဖွင့်လှစ်မည့် Cambridge GED and Pre GED မှာ စာကြိုးစားပြီး ပညာလိုချင်စိတ်ရှိသည့် ကလေးများကို ကြိုဆိုလျက်ပါ

21 st ရာစုပညာရေးမှာ Online ကနေ ပညာတွေကို အကျိုးရှိရှိသင်ယူလိုက်ပါ။ Online က သင်ယူပြီး ကြိုးစားပြကြရအောင်။

အခုလိုခက်ခဲကာလနှင့် ပျက်စီးစပြုနေတဲ့ လူဘောင်အဖွဲ့အစည်းနှင့် မြန်မာ့ပညာရေးမှာ Online ကသင်ယူခြင်းဖြင့်
၁။ မိမိနေအိမ်မှ စိတ်ချလုံခြုံစွာပညာသင်ယူနိုင်ခြင်း
၂။ ငွေကြေးကုန်ကျမှု သက်သာခြင်း
၃။ မိမိလိုချင်သည့်ပညာကို ကောင်းစွာသင်ယူနိုင်ခြင်း
၄။ အချိန်ကို အကျိုးရှိရှိအသုံးချနိုင်ခြင်း
၅။ လွတ်လပ်စွာထုတ်ဖော်ခွင့်ရပြီး နားမလည်သည်များကို မေးမြန်းနိုင်ခြင်း
၆။ ဆရာဆရာမကောင်းများဖြင့်သင်ယူနိုင်ခြင်း
၇။ အပေါ်ယံပြိုင်ဆိုင်မှုများနည်းခြင်း (အသုံးအဆောင်၊ အလှအပ၊ အဝတ်အစား)
၈။ မိဘများ ရှေ့တွင် ကောင်းစွာပညာသင်ယူနိုင်ခြင်း
၉။ ဂျင်းပညာရေးများကို မရရှိခြင်း
၁၀။ ဘက်လိုက်မှုကင်းခြင်း
၁၂။ အဓမ္မဘက်တော်သားများနှင့် အတူရှိမနေခြင်း
၁၃။ ဘောင်ခတ်ထားမှု၊ ထိန်းချုပ်ထားမှု၊ အတွေးအခေါ် ပိတ်ဆို့ထားမှုများမှ ကင်းဝေးခြင်း

Trial Test လေး သွားဖြေချင်သူများ
15/02/2026

Trial Test လေး သွားဖြေချင်သူများ

📣📣 𝐅𝐑𝐄𝐄 𝐈𝐄𝐋𝐓𝐒 𝐨𝐧 𝐏𝐚𝐩𝐞𝐫 𝐓𝐫𝐢𝐚𝐥 𝐓𝐞𝐬𝐭 (𝐅𝐞𝐛𝐫𝐮𝐚𝐫𝐲 𝟐𝟎𝟐𝟔)📣📣

🎯 (၂၅)ရက် ဖေဖော်ဝါရီလ (ဗုဒ္ဓဟူးနေ့)အတွက် 𝐈𝐄𝐋𝐓𝐒 𝐨𝐧 𝐏𝐚𝐩𝐞𝐫 𝐓𝐫𝐢𝐚𝐥 𝐓𝐞𝐬𝐭 ကို ရန်ကုန်မြို့မှာ အခမဲ့ ကျင်းပ ပြုလုပ်ပေးသွားမှာဖြစ်လို့ စာရင်းပေးသွင်းရန်ဖိတ်ခေါ်လိုက်ပါတယ်။

📅 Trial Test Date: 25 February 2026 (Wednesday)
⏲️ Trial Test Duration: 9:00 AM to 1:00 PM
📌 Venue - Prime Hill Business Square, Dagon Township,Yangon

⚠️ လူဦးရေ အကန့် အသတ်ရှိတာကြောင့် အမြန်ဆုံး စာရင်းပေးသွင်းရန် ဖိတ်ခေါ်လိုက်ရပါတယ်။

✍️ Register Now - https://ow.ly/JO0I50Y9LMj

💬 စာရင်းပေးသွင်းသူများကို Customer Service Team က (20)ရက် February နောက်ဆုံးထားပြီး ဖုန်းခေါ်ဆို အတည်ပြု Confirmation Email ကိုပေးပို့သွားမှာဖြစ်ပါတယ်။

☎️ အသေးစိတ်သိရှိလိုရင်တော့ 09-940 0700 99 (သို့) [email protected] ကို နေ့စဉ် မနက် (၉)နာရီမှ ညနေ (၅)နာရီ အတွင်း (အများပြည်သူရုံးပိတ်ရက်များမှ အပ) ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

ToTလေးကို စိတ်ဝင်စားလို့ Join မယ်ဆို  ဆက်သွယ်ပေးခဲ့ပါဦးနော်။တန်ဖိုးဖြတ်မရတဲ့ ပညာတွေကို အထက်တန်းစား ဝါရင့် CDM ဆရာကြီး ဆ...
15/02/2026

ToTလေးကို စိတ်ဝင်စားလို့ Join မယ်ဆို ဆက်သွယ်ပေးခဲ့ပါဦးနော်။
တန်ဖိုးဖြတ်မရတဲ့ ပညာတွေကို အထက်တန်းစား ဝါရင့် CDM ဆရာကြီး ဆရာမကြီးများမှ ပို့ချပေးမှာဖြစ်လို့ လက်မလွတ်သင့်ပါဘူးဗျ။

ကျတော်တို့ CDM တွေဟာ ကိုယ်ကျိုးကိုစွန့်လွှတ်ခဲ့တဲ့အပြင် CDM ကလေးတွေကို ပါ ပညာဆီးမီးထွန်းညှိပေးသူ မီးရှူးတန်ဆောင်တွေဖြစ်ပါတယ်။

CDM ဆရာဆရာမများကို ဂုဏ်ပြုရင်း ဤ သင်တန်းလေးကို Join ဖို့ ဖိတ်ခေါ်ပါတယ်။
ကျတော်တို့ကို ဆက်သွယ်ပေးပါနော်

36 နာရီမှသည် တိုးတက်မှုဆီသို့

ကမ္ဘာ့အဆင့်မီ ပညာရေးစံနှုန်းတွေကို ကိုယ့်စာသင်ခန်းလေးထဲ ဘယ်လိုယူဆောင်လာနိုင်မလဲ 💭🎓ယနေ့ခေတ်ရဲ့ ပြောင်းလဲလာတဲ့ ပညာရေးရေစီး...
15/02/2026

ကမ္ဘာ့အဆင့်မီ ပညာရေးစံနှုန်းတွေကို ကိုယ့်စာသင်ခန်းလေးထဲ ဘယ်လိုယူဆောင်လာနိုင်မလဲ 💭🎓

ယနေ့ခေတ်ရဲ့ ပြောင်းလဲလာတဲ့ ပညာရေးရေစီးကြောင်းမှာ ဆရာ၊ဆရာမတွေရဲ့ အခန်းကဏ္ဍက အတိတ်နေ့ရက်တွေကထက်ပိုပြီး အရေးပါလာနေပြီဖြစ်ပါတယ်။ ဒါကြောင့် Brilliant Educational Institute (BEI), Honesty Private School, Mandalay Federal School နှင့် Nway Oo Revolutionary School တို့နဲ့အတူ ပူးပေါင်းပြီး ပြည်သူ့အစိုးရအသိအမှတ်ပြု Federal School များရှိ ဆရာ၊ဆရာမများအတွက် အထူးရည်ရွယ်ပြီး '' 36-Hour Training of Trainers (TOT) Program'' ကို ပါမောက္ခဝါရင့်ဆရာကြီး၊ ဆရာမကြီးများက ဦးစီးသင်ကြားပြီး "အခမဲ့" ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်ရှင်။

အဆိုပါ Program ဟာဆိုရင် သာမန်သင်တန်းတစ်ခုထက်ပိုပြီး အဓိကဘာသာရပ်ကြီး (၃) ခုဖြစ်တဲ့ English, Science(Chemistry, Physic, Bio), & Mathematics တို့ကို အခြေခံပြီး နိုင်ငံတကာအဆင့်မီ သင်ကြားရေးစနစ်တွေကို စာတွေ့လက်တွေ့ နှစ်မျိုးစလုံးနဲ့အတူ ပေါင်းဆက်ဖော်ဆောင်သွားဖြစ်ပါတယ်။

TOT Program လေးဟာဆိုရင် ပညာရေးကဏ္ဍရဲ့ လမ်းပြကြယ်တွေဖြစ်တဲ့ ဆရာ၊ဆရာမတွေအတွက် ဖော်ပြပါ ရလဒ်ကောင်းတွေကို ဖန်တီးပေးနိုင်ဖို့ရန် အဓိကရည်ရွယ်ပြီးဖွင့်လှစ်ရခြင်းဖြစ်ပါတယ်။

💠 ဆရာ၊ဆရာမများ၏ သင်ကြားမှုပုံစံများကို ခေတ်သစ်ပညာရေးစနစ်နှင့်အညီ ပိုမိုဆန်းသစ်ပြီး ထိရောက်လာစေရန်။

💠 နိုင်ငံတကာသင်ရိုးညွှန်းတမ်းများ၏ သဘောသဘာဝနှင့် စံနှုန်းများကို နားလည်သဘောပေါက်ပြီး မိမိတို့၏ စာသင်ခန်းထဲတွင် စနစ်တကျ အသုံးချနိုင်စေရန်။

💠 ဆရာ၊ဆရာမများအနေဖြင့် International Curriculum နှင့် Local Curriculum ကြားရှိ အပြန််အလှန်ဆက်စပ်မှုများကို ရှင်းလင်းမျှဝေပေးနိုင်ခြင်းဖြင့် ကျောင်းသား၊ကျောင်းသူများအတွက် ဒေသတွင်းသင်ရိုးများကိုသင်ကြားပို့ချရင်း နိုင်ငံတကာအဆင့်မီ တွေးခေါ်ပုံများနှင့်ပါ ရင်းနှီးကျွမ်းဝင်စေရန်။

💠 Federal School များ၏ ပညာရေးအရည်အသွေးကို တစ်ဆင့်မြှင့်တင်ပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများအတွက် ပိုမိုကောင်းမွန်သော သင်ယူမှုပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ရန်။

ဒါကြောင့် ဒီ TOT Program မှာဆိုရင် စာတွေ့တင်မကဘဲ လက်တွေ့နယ်ပယ်မှာပါ အသုံးချနိုင်မယ့် Practical Approach တွေကို အဓိကထားလမ်းညွှန်သွားမှာဖြစ်လို့ ဆရာ၊ဆရာမတွေအနေနဲ့ အခုလိုစိတ်ဝင်စားဖွယ်ရာ အချက်အလက်တွေကို အသေးစိတ် လေ့လာခွင့်ရရှိမှာဖြစ်ပါတယ်။

💠 Effective Lesson Planning
သင်ခန်းစာတစ်ခုကို ရိုးရိုးရှင်းရှင်းပြင်ဆင်ရုံတင်မဟုတ်ဘဲ နိုင်ငံတကာစံနှုန်းတွေအတိုင်း စနစ်တကျနဲ့ အချိန်တိုအတွင်း ထိရောက်အောင် ဘယ်လို Plan ဆွဲမလဲဆိုတာကို လက်တွေ့ဆောင်ရွက်ချက်တွေနဲ့အတူ လေ့လာခွင့်ရရှိမှာဖြစ်ပါတယ်။

💠 Student-Centered Strategies
ကျောင်းသား၊ကျောင်းသူတွေအနေနဲ့ မိမိတို့ သင်ကြားပို့ချပေးနေတဲ့ သင်ခန်းစာထဲမှာ တက်တက်ကြွကြွပါဝင်လာအောင် ဘယ်လိုမျိုး သင်ကြားမှုဗျူဟာတွေကို အသုံးပြုရမလဲ၊ ဆွဲဆောက်မှုရှိပြီး အသက်ဝင်တဲ့ စာသင်ခန်းတစ်ခန်းဖြစ်အောင် ဘယ်လိုဖန်တီးနိုင်မလဲဆိုတဲ့ နည်းလမ်းကောင်းတွေကို ဝေမျှပေးသွားမှာဖြစ်ပါတယ်။

💠 Assessment Method
စာသင်နှစ်တစ်နှစ် ပြီးဆုံးသွားတဲ့အခါ International Framework တွေနဲ့ ကိုက်ညီပြီး ကျောင်းသား၊ကျောင်းသူတွေရဲ့ တိုးတက်လာမှုကို မှန်မှန်ကန်ကန်တိုင်းတာနိုင်မယ့် အကဲဖြတ်မှုစနစ်တွေကိုလဲ အသေးစိတ်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

အဆိုပါ TOT Program ကအခုလို ပညာရေးအဖွဲ့အစည်း အသီးသီးနဲ့အတူ ပူးပေါင်းဖွင့်လှစ်တဲ့ program တစ်ခုဖြစ်တဲ့အတွက် သင်တန်းတစ်ခုကိုတက်ရောက်လိုက်ရုံမဟုတ်ဘဲ သင်တန်းကနေတစ်ဆင့် အရည်အချင်းစိစစ်ရွေးချယ်ခံရတဲ့ ဆရာ၊ဆရာတွေအနေနဲ့ အနာဂတ်မှာ-

💠 မိမိတို့ကျောင်းတွင် နိုင်ငံတကာသင်ရိုးညွှန်းတန်းနဲ့ပတ်သတ်၍ အခက်အခဲကြုံလာခဲ့သည်ဖြစ်စေ၊ နည်းလမ်းသစ်များလိုအပ်လာခဲ့သည်ဖြစ်စေ ယုံယုံကြည်ကြည်တိုင်ပင်ဆွေးနွေးနိုင်မည့် Leader တစ်ဦးဖြစ်လာနိိုင်မည််။

💠 လုပ်ဖော်ကိုင်ဖက် ဆရာ၊ဆရာမများကို စနစ်တကျပြန်လည်လမ််းညွှန်နိုင်ပြီး ကျောင်း၏ သင်ကြားမှုအရည်အသွေးတွေကို မြှင့်တင်ပေးနိုင်မည့် Mentor တစ်ယောက်အဖြစ် ရပ်တည်နိုင်မည်။

💠 Program မှတစ်ဆင့် မိတ်ဖက်ပညာရေးအဖွဲ့အစည်း (၅)ခုရှိ ပါမောက္ခဆရာကြီး၊ ဆရာမကြီးများနှင့်အတူ ချိတ်ဆက်ခွင့်ရမည်ဖြစ်သည့်အတွက် မိမိတို့၏ အသက်မွေးဆိုင်ရာကဏ္ဍအတွက် အတွေ့အကြုံသစ်များနှင့် အဆက်အသွယ်ကောင်းများကို ရရှိနိုင်မည်။

NORHS နဲ့အတူ မိတ်ဖက်ပညာရေးအဖွဲ့အစည်းများ ပူးပေါင်းဖွင့်လှစ်တဲ့ ''36-Hour Training of Trainers (TOT) Program'' ဟာဆိုရင် ဆရာ၊ဆရာမတွေရဲ့ Professional Development ကိုအစဥ်တစိုက် ပံ့ပိုးကူညီပေးသွားမယ့် ဆောင်ရွက်ချက်တစ်ခုဖြစ်တဲ့အပြင်၊ ကျောင်းသား၊ကျောင်းသူတို့အတွက်လည်း အရည်အသွေးမြင့်ပညာရေးကို တန်းတူညီမျှ ရရှိခံစားနိုင်စေမယ့် ခြေလှမ််းသစ်တစ်ခုဖြစ်ပါတယ်။

အကယ်၍ ကျတော်တို့ရဲ့ ဂုဏ်သိက္ခာမြင့်မြတ်ပြီး စံထားရတဲ့ CDM ဆရာဆရာမများ တက်ရောက်မယ်ဆိုလျှင် Telegram မှာ စာပို့ထားပါနော်။ ကျတော်စစ်ဆေးပြီး လက်ခံပေးပါမယ်ဗျ။

📍Program Start Date- 16.2.2026 (Monday)

(Program အတွက် တက်ရောက်ရမည့် Timetable ကို ဖော်ပြပါ‌ပုံတွင်လေ့လာနိုင်ပါသည်။)







ဆုရကလေးများအား ချီးမြှင့်မှု
13/02/2026

ဆုရကလေးများအား ချီးမြှင့်မှု

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ​(မြန်မာ့ကလေးများနေ့)  အထိမ်းအမှတ် ပန်းချီ၊ ကဗျာ၊ ကျပန်းပြိုင်ပွဲများ ကို ယနေ့ကျင်းပပေးခဲ့ပါတ...
13/02/2026

ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ​(မြန်မာ့ကလေးများနေ့) အထိမ်းအမှတ် ပန်းချီ၊ ကဗျာ၊ ကျပန်းပြိုင်ပွဲများ ကို ယနေ့ကျင်းပပေးခဲ့ပါတယ်။

ရဲဘော်တွေလဲ ကျပန်းပြိုင်ပွဲမှာ ပါဝင်ခဲ့ပါတယ်။
အခုဖော်ပြပါရဲဘော်လေးက ကျတော်သာ မော်ဒယ်တစ်ယောက်ဖြစ်ခဲ့မယ်ဆိုလျှင်ဆိုသော ခေါင်းစဉ်နှင့်ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

သူအဓိက ပြောခဲ့တဲ့အကြောင်းအရာလေးကတော့
""တကယ်လို့ကျွန်တော်သာ မော်ဒယ်တစ်ယောက်ဖြစ်ခဲ့မယ်ဆိုလျှင်မိမိရဲ့ဂုဏ်သတင်း၊ မိမိရဲ့အကျိုးစီးပွါး၊ မိမိရဲ့အလှအပအတွက်ဝင်ရောက်ယှဉ်ပြိုင်တာမျိုးမဟုတ်ဘဲ မိမိကိုယ်စားပြုသော နိုင်ငံနဲ့လူမျိုးတွေရဲ့တိုင်းပြည်မှာ ခံစားနေရတဲ့အကြောင်းအရာတွေတော်လှန်ရေးမှာ လိုအပ်နေတဲ့ စစ်ဘေးရှောင်တွေအတွက် ကျန်းမာရေး၊ ပညာရေး၊ ကျူးလွန်ခံနေရတဲ့ စစ်ရာဇဝတ်မှုတွေက်ု နိုင်ငံတကာဆင်မြင့်ထက်မှာချပြချင်တယ်""

သူ့idea လေး သဘောကျလိုက်တာ

ကိုယ်နိုင်ငံက ကလေးတွေကိုလဲ တစ်ချိန်မှာ ပေးနိုင်အောင် ကြိုးစားမယ်
13/02/2026

ကိုယ်နိုင်ငံက ကလေးတွေကိုလဲ တစ်ချိန်မှာ ပေးနိုင်အောင် ကြိုးစားမယ်

❝ကျောင်းသားတိုင်းအတွက် iPad အခမဲ့ပေးမယ့် ထိုင်းအစိုးရ❞

ထိုင်းအစိုးရက လာမယ့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်ကစပြီး G-10 ကနေ G-12 ကျောင်းသားတွေကို iPad တစ်စုံစီ ထောက်ပံ့ပေးမှာပါ။ ကျောင်းသားတွေဟာ ၁၀ တန်းကနေ ၁၂ တန်းအထိ အသုံးပြုပြီး ကျောင်းကို ပြန်အပ်ပေးရမှာပါ။
အထက်တန်းကာလမှာ ကျောင်းစာတွေလုပ်တဲ့အခါ အဆင်ပြေပြေ လုပ်နိုင်ဖို့ လွယ်လွယ်ကူကူ လုပ်နိုင်ဖို့ ပေးတာပါ။
ကျောင်းသားတွေက ဒီ ၃ နှစ်သုံးပြီးရင်တော့ ကျောင်းကိုပြန်အပ်ခဲ့ရမှာပါ။ ထိုင်း အထက်တန်းကျောင်းသား တော်တော်များများ ဒီ iPad တွေကိုရနေကြပါပြီတဲ့။

Ref: Internet
#ထိုင်းရောက်မြန်မာ

ပြည်ထောင်စုနေ့ သို့မဟုတ် ပင်လုံစာချုပ် ချုပ်ဆိုသောနေ့ အထိမ်းအမှတ်ဟောပြောပွဲဖြစ်ပါတယ်။
12/02/2026

ပြည်ထောင်စုနေ့ သို့မဟုတ် ပင်လုံစာချုပ် ချုပ်ဆိုသောနေ့ အထိမ်းအမှတ်ဟောပြောပွဲဖြစ်ပါတယ်။

ပြိုင်ပွဲလေးတွေလာပါပြီ၊February 12 နေ့မှာ ပြည်ထောင်စုနေ့ဟောပြောပွဲရှိပါ့မယ်၊ February 13 ဗ်ိုလ်ချုပ်မွေးနေ့မှာ ပန်းချီ၊ ...
10/02/2026

ပြိုင်ပွဲလေးတွေလာပါပြီ၊
February 12 နေ့မှာ ပြည်ထောင်စုနေ့ဟောပြောပွဲရှိပါ့မယ်၊
February 13 ဗ်ိုလ်ချုပ်မွေးနေ့မှာ ပန်းချီ၊ ကဗျာ၊ ကျပန်း စကားပြောပြိုင်ပွဲ (မူ၊လယ်၊ထက်)ရှိပါ့မယ်
စစ်မှန်တဲ့ အမျိုးကောင်းသားသမီး၊ အဖိုးတန်တဲ့ ကလေးတို့အသံကို ကြားချင်နေပါပြီ

UoPeople ကတော့ GED ကို လက်ခံလိုက်ပြီ
10/02/2026

UoPeople ကတော့ GED ကို လက်ခံလိုက်ပြီ

🩺 Passionate about health, science, and helping others? Explore universities in Thailand, and the USA that welcome GED graduates and offer quality programs in Health Science and related fields! 🎓🌍

From public health and exercise science to university transfer pathways, these programs can lead to careers in healthcare, wellness, and medical sciences.

💡 Pro tip: Always check each university’s admission page to confirm GED eligibility and specific program requirements before applying.

Learn more 👉 GED.com/en/university-acceptance

ที่อยู่

Mae Sot

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ NwayOo Revolutionary High Schoolผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ โรงเรียนนี้

ส่งข้อความของคุณถึง NwayOo Revolutionary High School:

ทางลัด

แชร์