Board of Education Pathein

Board of Education Pathein To support the teachers and students

𝗛𝗮𝗽𝗽𝘆 𝟴𝟭𝘀𝘁 𝗕𝗶𝗿𝘁𝗵𝗱𝗮𝘆, 𝗠𝗼𝘁𝗵𝗲𝗿 𝗦𝘂Happy 81st Birthday to our beloved and respected Mother Su.On this auspicious occasion of ...
19/06/2026

𝗛𝗮𝗽𝗽𝘆 𝟴𝟭𝘀𝘁 𝗕𝗶𝗿𝘁𝗵𝗱𝗮𝘆, 𝗠𝗼𝘁𝗵𝗲𝗿 𝗦𝘂

Happy 81st Birthday to our beloved and respected Mother Su.

On this auspicious occasion of your 81st birthday, we sincerely wish you long life, good health, strength, peace, and happiness. May your heart and spirit remain strong, calm, and full of courage.

Your bravery, dignity, and unwavering spirit continue to be a source of inspiration and strength for the people of Myanmar as we move forward on the difficult road ahead.

We deeply honor your resilience, sacrifice, and lifelong commitment to justice and democracy. With determination, perseverance, and an unshaken spirit, we reaffirm our commitment to continue striving until the democratic federal union that you have envisioned becomes a reality.

As a birthday gift to you on your 81st birthday, we offer this prayer, respect, and solemn commitment.

Long live Mother Su. ❤️

ချစ်ခင်လေးစားရပါသော အမေစု၏ ယနေ့တွင် ကျရောက်သည့် ၈၁ နှစ်မြောက် မွေးနေ့မင်္ဂလာရက်မြတ်မှ စတင်၍ အမေ ကျန်းမာပကတိ ချမ်းသာစွာ ရှိပါစေ၊ သက်တော်ရာကျော် ရှည်ပါစေ၊ စိတ်ဓာတ်ခွန်အားများလည်း ပြည့်ဝလျက် ငြိမ်းအေးချမ်းသာမှုနှင့် ပြည့်စုံပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။

အမေ၏ သတ္တိ၊ ဂုဏ်သိက္ခာနှင့် မလျော့သော စိတ်ဓာတ်တို့သည် မြန်မာပြည်သူများအတွက် အမြဲတမ်း လေးစားအတုယူဖွယ် ဖြစ်ပြီး ရှေ့ဆက်လျှောက်ရမည့် ခရီးလမ်းအတွက် ခွန်အားတစ်ရပ် ဖြစ်စေပါသည်။

အမေ၏ ကြံ့ခိုင်မှု၊ စွန့်လွှတ်အနစ်နာခံမှု၊ တရားမျှတမှုနှင့် ဒီမိုကရေစီအတွက် ဘဝတစ်လျှောက် ကြိုးပမ်းဆောင်ရွက်မှုများကို ကျွန်ုပ်တို့ အစဉ်အမြဲ လေးစားဦးညွှတ်လျက်၊ မဆုတ်မနစ်သော ဇွဲလုံ့လဝီရိယ၊ မယိမ်းမယိုင်သော စိတ်ဓာတ်တို့ဖြင့် အမေမျှော်မှန်းသည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းလာသည်အထိ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အမေ၏ ၈၁ နှစ်မြောက် မွေးနေ့လက်ဆောင်အဖြစ် ဤဆုတောင်းမေတ္တာနှင့် သန္နိဋ္ဌာန်ကို ပို့သအပ်ပါသည်။

အမေစု သက်တော်ရာကျော် ရှည်ပါစေ။ ❤️

02/06/2026
🏫 ကျောင်းအပ်လက်ခံပြီ 🏫FOESP က မကြာမီ ဖွင့်လှစ်တော့မယ့် (၂၀၂၆-၂၀၂၇) ပညာသင်နှစ်မှာ တက်ရောက်ပညာသင်ယူလိုကြတဲ့ တော်လှန်ပြည်သူ...
14/05/2026

🏫 ကျောင်းအပ်လက်ခံပြီ 🏫

FOESP က မကြာမီ ဖွင့်လှစ်တော့မယ့် (၂၀၂၆-၂၀၂၇) ပညာသင်နှစ်မှာ တက်ရောက်ပညာသင်ယူလိုကြတဲ့ တော်လှန်ပြည်သူများရဲ့ သားသားမီးမီးများနဲ့ FOESP ရဲ့ ကျောင်းသားကျောင်းသူဟောင်းများကို ယနေ့ ၁၅-၅-၂၀၂၆ မှ စတင်ပြီး ကျောင်းအပ်လက်ခံပေးမှာ ဖြစ်ပါတယ်။ သင်ကြားပေးမယ့် အတန်းများကတော့ Kindergarten (KG) မှ Grade 12 အထိ ဖြစ်ပါတယ်။

တက်ရောက်လိုကြသူများက https://foesp.s.gy/B6ADM မှ ဖြစ်စေ၊ QR Code ကို Scan ဖတ်၍ ဖြစ်စေ ကျောင်းဝင်ခွင့်ပုံစံကို ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ပြီး ၁၉-၆-၂၀၂၆ ရက်ထက် နောက်မကျစေဘဲ အမြန်ဆုံး လျှောက်ထားကြပါ။ ကျောင်းဝင်ခွင့်လျှောက်ထားသူများ လိုက်ပါဆောင်ရွက်ရန် လမ်းညွှန်ချက်များနဲ့ စည်းကမ်းချက်များကို ဝင်ခွင့်ပုံစံတွင် အသေးစိတ်ဖော်ပြထားပါတယ်။

အခြားသိလိုသည်များရှိပါက FOESP ၏ တရားဝင်တယ်လီဂရမ် https://t.me/B6Admission သို့ ဆက်သွယ်‌မေးမြန်းစုံစမ်းနိုင်ပါတယ်။

Free Online Education School Pathein (FOESP) သည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ အသိအမှတ်ပြု အွန်လိုင်းကျောင်း ဖြစ်ပြီး၊ NUG-MOE ၏ ကြားကာလ ပညာသင်ကြားရေးဆိုင်ရာ လမ်းညွှန်ချက်များနဲ့အညီ KG မှ Grade 12 အထိ အတန်းများကို Online စနစ်ဖြင့် အရည်အချင်းပြည့်ဝသော အခြေခံပညာနှင့် အဆင့်မြင့်ပညာမှ CDM ဆရာ ဆရာမများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ တက္ကသိုလ်များမှ ကျွမ်းကျင်ပညာရှင် စေတနာ့ဝန်ထမ်းများက ခေတ်မီသင်ကြားရေး နည်းစနစ်များကို အသုံးပြုကာ သင်ကြားပေးနေခဲ့သည်မှာ ၅ နှစ်တာကာလ ကျော်လွန်လာခဲ့ပြီ ဖြစ်ပါတယ်။

ငါတို့လိုချင်တာသည် ဓာတ်ပုံမဟုတ်။သူမအသက်ရှင်နေကြောင်းအထောက်အထားနှင့်လွတ်မြောက်ရေးသာ။
30/04/2026

ငါတို့လိုချင်တာသည် ဓာတ်ပုံမဟုတ်။
သူမအသက်ရှင်နေကြောင်းအထောက်အထားနှင့်လွတ်မြောက်ရေးသာ။


နှစ်သစ်ကူးဥယျောဇဉ်မြန်မာနှစ်သစ်ကူးအခါသမယတွင် ကျောင်းသားကျောင်းသူများ၊ မိဘအုပ်ထိန်းသူများ၊ ဆရာဆရာမများအားလုံး ကိုယ်စိတ်နှ...
17/04/2026

နှစ်သစ်ကူးဥယျောဇဉ်

မြန်မာနှစ်သစ်ကူးအခါသမယတွင် ကျောင်းသားကျောင်းသူများ၊ မိဘအုပ်ထိန်းသူများ၊ ဆရာဆရာမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။ နှစ်ဟောင်းတွင် ကြုံတွေ့ခဲ့ရသည့် အခက်အခဲများ၊ ဖိအားများနှင့် မတရားမှုများသည် ကျွန်ုပ်တို့၏ ယုံကြည်ချက်၊ မျှော်လင့်ချက်နှင့် အိပ်မက်များကို မပျက်စီးစေခဲ့သည့်အပြင် ပိုမိုခိုင်မာသော စိတ်ဓာတ်နှင့် ပိုမိုသန်မာသည့် ခွန်အားများကို ဖန်တီးပေးခဲ့ပါသည်။

သားတို့သမီးတို့ CDM ကျောင်းသားကျောင်းသူများက ကြားကာလပညာရေးတွင် ဆက်လက် ပညာသင်ယူနေခြင်းမှာ ရွေးချယ်စရာတခု မဟုတ်ဘဲ နွေဦးတော်လှန်ရေး၏ အရေးပါသော အစိတ်အပိုင်းတခုတွင် တက်ကြွစွာ ပါဝင်နေကြခြင်းပင်ဖြစ်ပါသည်။

နှစ်သစ်သည် အချိန်ကာလ သတ်မှတ်ချက်တစ်ခုသာမဟုတ်ပါ။ အားအင်သစ်များဖြင့် အနာဂတ်လမ်းကို ဆက်လက်လျှောက်လှမ်းရန် အချိန်အခါကောင်းလည်းဖြစ်ပါသည်။ ထို့ကြောင့် “New Year, New Strength” ဟူသော စိတ်ဓာတ်ဖြင့် မဆုပ်မနှစ်သော ခွန်အား၊ ပိုမိုခိုင်မာသည့် မျှော်လင့်ချက် ယုံကြည်ချက်များနှင့်အတူ နွေဦးတော်လှန်ရေး အမြန်ဆုံး အောင်မြင်စေရန် ရှေ့သို့သာ ဆက်လက်လျှောက်လှမ်း တိုက်ပွဲဝင်ကြပါစို့ ဟု တိုက်တွန်းဆန္ဒပြုအပ်ပါသည်။

' ဦးညွှတ်ဝမ်းနည်းကြောင်း သဝဏ်လွှာ 'ရက်စွဲ။ ၂၀၂၆ ခုနှစ်၊ ဧပြီလ(၈)ရက်ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၌ ပညာရေးတာဝန်များ ထမ်းဆော...
08/04/2026

' ဦးညွှတ်ဝမ်းနည်းကြောင်း သဝဏ်လွှာ '

ရက်စွဲ။ ၂၀၂၆ ခုနှစ်၊ ဧပြီလ(၈)ရက်

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၌ ပညာရေးတာဝန်များ ထမ်းဆောင်ခဲ့သော ရဲဘော်ကျောင်းဆရာသည် အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာလုယူပြီးနောက် ဖြစ်ပေါ်လာသည့် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးတွင် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)၊ လူထုသပိတ်တိုက်ပွဲ၊ ပြည်သူ့ပညာရေးဖော်ဆောင်မှုများတွင် မအူပင်မြို့နယ် အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂ အဖွဲ့ဝင်တဦးအဖြစ် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်ခဲ့သော ပြည်သူ့ဝန်ထမ်းကောင်းတဦးဖြစ်သည်။ ထို့ပြင် ပြည်သူ့လက်နက်ကိုင် တော်လှန်ရေး ဆင်နွှဲရာ၌လည်း မြေဖြူတောင့်နှင့်အတူ သေနတ်ကိုင်စွဲ၍ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်ခဲ့သော တော်လှန်ရေး စစ်သည်တဦးလည်းဖြစ်သည်။

ရဲ‌ဘော်ကျောင်းဆရာသည် ထိုသို့တာဝန်များကို ထမ်းဆောင်လျက် ရန်သူစစ်အာဏာရှင်အား ရဲဝံ့စွာ တော်လှန်တိုက်ခိုက် တိုက်ပွဲဝင်ရင်း ၂၀၂၆ ခုနှစ်၊ ဧပြီလ(၇)ရက်နေ့တွင် ဂုဏ်ရောင်ပြောင်မြောက်စွာ အသက်ပေးလှူ ကျဆုံးခဲ့ကြောင်း သိရသည့်အတွက် ကျန်ရစ်သူ မိသားစု၊ ရဲဘော်ရဲဘက်များနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲ နှမြေတသ ဖြစ်ရပါသည်။ ရဲ‌ဘော်ကျောင်းဆရာအား နွေဦးတော်လှန်ရေး၏ ပညာရေးအာဇာနည် သူရဲကောင်းတဦး အဖြစ် ကျွန်ုပ်တို့ အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ အဖွဲ့ချုပ်က ဦးညွှတ်ဂုဏ်ပြုအပ်သည်။

ရဲဘော်ကျောင်းဆရာ၏ သူရဲကောင်းပီသမှု၊ စွန့်လွှတ်ပေးဆပ်မှု စသည့် အာဇာနည်စိတ်ဓာတ်နှင့် အာဇာနည် လုပ်ရပ်တို့အား ကျွန်ုပ်တို့က အစဉ်အမြဲ အောက်မေ့ ဦးညွှတ်လျက် နွေဦး‌တော်လှန်ရေး၏ ပန်းတိုင်ရောက်သည်အထိ ဆက်လက်ချီတက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဤသဝဏ်လွှာနှင့်အတူ ပေးပို့အပ်ပါသည်။

ရဲ‌ဘော်ကျောင်းဆရာ ကောင်းရာသုဂတိ လားပါစေ။

တိုက်ပွဲဦးဆောင်ကော်မတီ
အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ အဖွဲ့ချုပ် (FBEWU-SC)

FOESP တွင် တက်ရောက်ခဲ့သော G12 BECA ဖြေဆိုပြီးသည့် ကျောင်းသားကျောင်းသူများ တက္ကသိုလ်ဆက်လက်တက်ရောက်ရန်အတွက် ထောက်ခံချက်ကို...
01/02/2026

FOESP တွင် တက်ရောက်ခဲ့သော G12 BECA ဖြေဆိုပြီးသည့် ကျောင်းသားကျောင်းသူများ တက္ကသိုလ်ဆက်လက်တက်ရောက်ရန်အတွက် ထောက်ခံချက်ကို ၂-၂-၂၀၂၆ ရက်နေ့မှ စတင်၍ ထုတ်ပေးပါမည်။

အမည်ခံလွတ်လပ်ရေးမြန်မာနိုင်ငံ၏ လွတ်လပ်ရေးကို နယ်ချဲ့အင်္ဂလိပ်တို့ထံမှ ပြန်လည်ရရှိခဲ့တာ ၇၈ နှစ်တိုင်ခဲ့ပြီဖြစ်သော်လည်း ယန...
04/01/2026

အမည်ခံလွတ်လပ်ရေး

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးကို နယ်ချဲ့အင်္ဂလိပ်တို့ထံမှ ပြန်လည်ရရှိခဲ့တာ ၇၈ နှစ်တိုင်ခဲ့ပြီဖြစ်သော်လည်း ယနေ့အထိ မြန်မာတိုင်းရင်းသားတရပ်လုံး အမှန်တကယ် လွတ်လပ်ရေး မရှိခဲ့ကြပါ။ နယ်ချဲ့အင်္ဂလိပ်တို့ထက် ဆိုးသွမ်းရက်စက်သော စစ်အာဏာရှင်တို့ကြောင့် မိသားစုတကွဲတပြားဖြစ်ရသူများ၊ အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးရသူများ၊ နေရပ်ကို စွန့်ခွာတိမ်းရှောင်နေရသူများ၊ မတရားဖမ်းဆီး ထိန်းသိမ်းခံနေကြရသူများ၊ စားဝတ်နေရေးအဆင်မပြေမှု များစွာတို့ဖြင့် မလွတ်လပ် မငြိမ်းချမ်းသော နေချင်စဖွယ်မကောင်းသော နိုင်ငံတွင် ဒုက္ခပင်လယ်ဝေသော နေ့ရက်များကို ဖြစ်သန်းနေကြရပါသည်။ ဤသို့သော စစ်မိစ္ဆာအဆိုးသံသရာကို ကျွန်ုပ်တို့လက်ထက်တွင် အပြီးတိုင် နိဂုံးကမ်ပတ်အဆုံးသတ်ရန်မှာ ကျွန်ုပ်တို့အားလုံး၏ သမိုင်းပေးတာဝန် ဖြစ်ပါသည်။ ယနေ့ကာလတွင် တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စွာဖြင့် ကျရာအခန်းကဏ္ဍမှ ပါဝင်တွန်းလှန်တိုက်ပွဲဝင်နေသည့် နွေဦးတော်လှန်ရေးမှတဆင့် စစ်မှန်သော လွတ်လပ်ရေးကို မကြာတော့သော နေ့ရက်များတွင် ရရှိလျှက် အေးချမ်းသာယာဝပြောသော ဒီမိုကရေစီ ဖယ်ဒရယ် ပြည်ထောင်စုကြီး ပေါ်ထွန်းလာမည်မှာ ဧကန်မုချ ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

၂၀၂၆ နှစ်သစ်အခါသမယမှာ FOESP ကျောင်းသူကျောင်းသား၊ မိဘအုပ်ထိန်းသူများ၊ ဆရာဆရာမများနှင့်တကွ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံ...
31/12/2025

၂၀၂၆ နှစ်သစ်အခါသမယမှာ FOESP ကျောင်းသူကျောင်းသား၊ မိဘအုပ်ထိန်းသူများ၊ ဆရာဆရာမများနှင့်တကွ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး ဘေးဘယာဝေးကွာ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ရှိကြပါစေ။ မတရားဖမ်းဆီးထိန်းသိမ်းခံနေကြရသော အမေစုနှင့်တကွ နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်ကြပါစေ။ နွေဦးတော်လှန်ရေး အမြန်ဆုံး အောင်မြင်၍ အေးချမ်းသာယာဝပြောသော ဒီမိုကရေစီဖယ်ဒရယ် ပြည်ထောင်စုကြီးကို အမြန်ဆုံး ထူထောင်နိုင်ပါစေလို့ FOESP မှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။ 🙏🙏🙏

ที่อยู่

4014 Rural Road, Tambon Mahawan
Mae Sot
63110

เวลาทำการ

จันทร์ 06:00 - 21:00
อังคาร 06:00 - 21:00
พุธ 06:00 - 21:00
พฤหัสบดี 06:00 - 21:00
ศุกร์ 06:00 - 21:00
เสาร์ 06:00 - 21:00
อาทิตย์ 00:00 - 21:00

เบอร์โทรศัพท์

+66980010078

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Board of Education Patheinผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ โรงเรียนนี้

ส่งข้อความของคุณถึง Board of Education Pathein:

ทางลัด

แชร์

ประเภท