19/09/2026
🎉🇩🇪 Congratulations to Myo Min Hein! 🎓✨
Wonder Education ၏ ICT Department တွင် Deputy Supervisor အဖြစ်လည်းကောင်း၊ Technical Training Department နှင့် Secondary Education Department တို့တွင် Assistant Instructor အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာ Myo Min Hein သည် Germany နိုင်ငံရှိ Arden University (Berlin Campus) တွင် BSc. Computing ဘာသာရပ်ကို ယခုအပတ်မှ စတင်တက်ရောက်သင်ယူနေပြီ ဖြစ်ပါသည်။
Myo Min Hein သည် 2022 ခုနှစ်တွင် Wonder Education ၏ English 4 Skills Program ကို A2 Level မှ စတင်တက်ရောက်ခဲ့ပြီး B2 Level အထိ ဆက်လက်သင်ယူခဲ့သူ ဖြစ်ပါသည်။ ထို့အပြင် နိုင်ငံတကာတက္ကသိုလ်ဝင်ခွင့်အတွက် လိုအပ်သော Academic English Skills များကို မြှင့်တင်နိုင်ရန် Duolingo English Test Preparation Course ကိုလည်း တက်ရောက်ခဲ့ပါသည်။
2023 ခုနှစ်တွင် Wonder Education Internship Program သို့ ဝင်ရောက်ခဲ့ပြီး နောက်ပိုင်းတွင် ICT Department၊ Technical Training Department နှင့် Secondary Education Department တို့တွင် တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။
ယခုအောင်မြင်မှုသည် ပညာရေး၊ လုပ်ငန်းခွင်အတွေ့အကြုံနှင့် စဉ်ဆက်မပြတ်လေ့လာသင်ယူလိုစိတ်တို့၏ အသီးအပွင့်ကောင်းတစ်ခု ဖြစ်ပါသည်။ 💛
Wonder Education မိသားစုအနေဖြင့် အထူးဂုဏ်ယူဝမ်းမြောက်မိပြီး Germany တွင် စတင်လိုက်သော ပညာရေးခရီးစဉ်၌ အောင်မြင်မှုများစွာ ရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🌟
👏 Congratulations, Myo Min Hein!
🎓 BSc. Computing, Arden University (Berlin Campus), Germany
🇩🇪🎓✨
--
Wonder Education | Bridging Gaps, Building Futures™
Your Pathway to Global Education 🌏📚