E D U C E S S Education is the Key to Success! http://t.me/educess12 (Telegram private)

https://t.me/educess1122 (Telegram channel)

ဖြတ်သန်းလာခဲ့ရတဲ့ မြန်မာ School Culture“အပြင်က ပြဿနာတွေ ကျောင်းကို မသယ်လာနဲ့”ဆိုတဲ့စကားကို ဆရာ၊ ဆရာမတွေဆီက ကြားဖူးကြမှာပ...
28/05/2026

ဖြတ်သန်းလာခဲ့ရတဲ့ မြန်မာ School Culture

“အပြင်က ပြဿနာတွေ ကျောင်းကို မသယ်လာနဲ့”
ဆိုတဲ့စကားကို ဆရာ၊ ဆရာမတွေဆီက ကြားဖူးကြမှာပါ။

တစ်ဖက်မှာလည်း “ကျောင်းက ပြဿနာတွေကို မိဘတွေနားထဲ၊ ပတ်ဝန်းကျင်ထဲ မရောက်အောင် ဖုံးဖိထား” ဆိုတဲ့ Culture မျိုးကလည်း အမြစ်တွက်နေခဲ့ပြန်တယ်။ မဖုံးနိုင်မဖိနိုင်တော့မှ ပြဿနာကို အပေါ်ယံဖြေရှင်းကြတာများပြီး၊ ဖြေရှင်းတဲ့နည်းလမ်းကလည်း မယောင်ရာဆီလူး မမျှတမှုတွေနဲ့ပဲ အဆုံးသတ်သွားလေ့ရှိပါတယ်။

ဒါပေမယ့်… ပညာရေးဆိုတာ စာအုပ်ထဲက သင်ခန်းစာတွေကို အလွတ်ကျက်ဖို့တင် မဟုတ်ပါဘူး။ ကလေးတွေရဲ့ နေ့စဉ်ဘဝ (Real Life) နဲ့ ဆက်စပ်ပြီး စဉ်းစားတတ်ဖို့၊ ပြဿနာတွေကို ရင်ဆိုင်ဖြေရှင်းတတ်ဖို့ သင်ပေးရတာလည်း ပါဝင်ပါတယ်။

သို့သော် မြန်မာ့ School Culture ထဲမှာတော့ ကလေးတွေရဲ့ Real Life Problems တွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့၊ မေးခွန်းထုတ်ဖို့၊ အဖြေရှာဖို့ဆိုတာကို ကျောင်းက အဆင်သင့်ရှိမနေခဲ့ပါဘူး။ စိတ်ဖိစီးမှု၊ မိသားစုအခက်အခဲ၊ Bullying, Mental Health နဲ့ လူမှုရေးဖိအားတွေလို ကလေးတွေရဲ့ တကယ့်ဘဝပြဿနာတွေကို “စာမေးပွဲနဲ့ မဆိုင်ဘူး” ဆိုပြီး ဘေးဖယ်ထားလိုက်တဲ့အခါ ကလေးတွေဟာ စာတတ်လာနိုင်ပေမယ့် ဘဝကို ရင်ဆိုင်နိုင်တဲ့ စွမ်းရည်တွေ မရလာတော့ပါဘူး။

ဒီအလေ့အထက အခြေခံပညာမှာတင် ရပ်မသွားဘဲ အဆင့်မြင့်ပညာအထိ ကူးစက်လာပါတယ်။ တစ်ဆက်တည်းမှာပဲ တက္ကသိုလ်တွေဆိုတာလည်း မြန်မာ့လူမှုဘဝပြဿနာတွေ၊ နိုင်ငံရေးပြဿနာတွေကို လွတ်လပ်စွာ ဆွေးနွေးအဖြေရှာခွင့်ရှိတဲ့ နေရာတစ်ခု မဟုတ်ခဲ့ပြန်ဘူး။

ဒီလိုနဲ့ ပြဿနာတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးအဖြေရှာရကောင်းမှန်းမသိဘဲ ကြီးပြင်းလာရတဲ့ အကျိုးဆက်ကတော့— နိုင်ငံအရေးကို ဆွေးနွေးအဖြေရှာဖို့ ကတိပေးပြီး နေရာယူခဲ့ကြတဲ့ လွှတ်တော်လို နေရာမျိုးမှာတောင် တကယ်တမ်း ဆွေးနွေးကြတဲ့အခါ အသက်မပါ၊ Heart မထိဘဲ အပေါ်ယံ ဟန်ပြတွေ ဖြစ်ကုန်ကြတာပါပဲ။

တကယ်တော့ ကျောင်း (ဒါမှမဟုတ်) ပညာရေးအဖွဲ့အစည်းဆိုတာ ပြဿနာတွေကို ဖုံးဖိထားတဲ့နေရာ မဟုတ်ဘဲ၊ စိုးရိမ်ကြောင့်ကြမှုမရှိဘဲ လုံခြုံစွာ ဆွေးနွေးအဖြေရှာနိုင်တဲ့ နေရာတစ်ခု ဖြစ်သင့်ပါတယ်။

ဒါကြောင့်မို့လို့ပဲ... ကျွန်မတို့ EDUCESS Online School ကို ဖွင့်လှစ်တည်ထောင်ရခြင်းရဲ့ နောက်ကွယ်မှာ အပေါ်ယံ ဟန်ပြတွေနဲ့ အမြစ်တွက်နေခဲ့တဲ့ မြန်မာ့ School Culture အဟောင်းတွေကို အမြစ်ကလှန်ပြီး တော်လှန်ပစ်မယ်ဆိုတဲ့ ရည်ရွယ်ချက်က ခိုင်ခိုင်မာမာ ရှိနေခဲ့တာပါ။

EDUCESS ဟာ ကလေးတွေအတွက် စာအုပ်ထဲက စာတွေကိုတင်မကဘဲ၊ မိမိကိုယ်မိမိ လုံခြုံစိတ်ချစွာနဲ့ အမှန်တရားကို မေးခွန်းထုတ်ရဲဖို့၊ Real Life Problems တွေကို ရင်ဆိုင်ဖြေရှင်းရဲဖို့နဲ့ တွေးခေါ်မြော်မြင်မှုအပြည့်နဲ့ လူလားမြောက်လာစေဖို့အတွက် စိုးရိမ်ကြောင့်ကြမှုကင်းဝေးတဲ့ Safe Space (လုံခြုံတဲ့ နယ်မြေတစ်ခု) အဖြစ် အမြဲတမ်း ရပ်တည်ပေးသွားမှာ ဖြစ်ပါတယ်။

၂၈/၅/၂၀၂၆



«၄ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့ EDUCESS Online School»EDUCESS Online School ကို စတင်ဖွင့်လှစ်ခဲ့တာ ယခု ၂၀၂၆ ပညာသင်နှစ်အထ...
26/05/2026

«၄ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့ EDUCESS Online School»

EDUCESS Online School ကို စတင်ဖွင့်လှစ်ခဲ့တာ ယခု ၂၀၂၆ ပညာသင်နှစ်အထိဆိုရင် ၄ နှစ်တိုင်တိုင် ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီ ၄ နှစ်တာခရီးစဉ်အတွင်းမှာ မိဘများရဲ့ ရင်ဖွင့်စကားသံများ၊ ကလေးငယ်များရဲ့ လိုအပ်ချက်များနှင့် ခေတ်စနစ်အခြေအနေများကို အစဉ်တစိုက် အလေးထား သုံးသပ်လေ့လာခဲ့သလို၊ ကျောင်းရဲ့ အားသာချက်/အားနည်းချက်များကိုလည်း ပြန်လည်ဆန်းစစ်ခဲ့ပါတယ်။

EDUCESS Online School ဟာ Budget School တစ်ခုဖြစ်တဲ့အတွက် လိုအပ်ချက်များစွာ ရှိနေသေးတာကိုလည်း မိဘများကို အမှန်တိုင်း ပွင့်လင်းစွာ ဝန်ခံချင်ပါတယ်။

ဒါပေမဲ့ မိဘများအနေနဲ့ EDUCESS Online School ကို ယုံကြည်စိတ်ချစွာ ရွေးချယ် ဆုံးဖြတ်နိုင်ဖို့အတွက် ကျောင်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်
များကို ပွင့်လင်းမြင်သာစွာ တင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။

မိဘများ သိလိုသမျှ မေးခွန်းများ….

✅ကျောင်းတည်ထောင်သူက ဘယ်သူလဲ?

✅ ကျောင်းရဲ့ ရည်ရွယ်ချက်နဲ့ Vision က ဘာလဲ?

✅ ဘယ်လို သင်ရိုး (Courses)မျိုးတွေကို သင်ကြားပေးနေတာလဲ?

✅ ကျောင်းလခကော ဘယ်လောက် ပေးရလဲ?

✅ ဆရာ၊ ဆရာမ အင်အားနဲ့ သင်ကြားရေး အရည်အသွေးက ဘယ်လိုရှိလဲ?

✅ လက်ရှိ ကျောင်းသား၊ ကျောင်းသူ အင်အား ဘယ်လောက်ရှိလဲ?

✅ ဘယ်လိုအခြေအနေမျိုးမှာ EDUCESS Online School ကို ရွေးချယ်သင့်လဲ?

✅EDUCESS မှာ တက်ရောက်နေတဲ့ ကလေးတွေအတွက် ရရှိနိုင်မယ့် ပညာရေးအာမခံချက်က ဘာလဲ?

စတဲ့ အရေးကြီးတဲ့ အချက်အလက်တွေကို တစ်ခုချင်းစီ သေချာ ရှင်းလင်းမျှဝေပေးသွားပါမယ်။

ပညာရေးဆိုတာ ကလေးတွေရဲ့ အနာဂတ်ကို တည်ဆောက်ပေးတာပါ။ပိုမိုကောင်းမွန်တဲ့ သင်ယူမှု ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးနိုင်ဖို့အတွက် ကျမတို့ EDUCESS Online School အနေနဲ့ တတ်နိုင်သမျှ အပြည့်အဝ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစွာနဲ့ ဆက်လက် ကြိုးစားအားထုတ်သွားပါမယ်ရှင်။

၂၆/၅/၂၀၂၆




24/05/2026

𝗪𝗵𝘆 𝗶𝘀 𝗟𝗖𝗠 𝗶𝗺𝗽𝗼𝗿𝘁𝗮𝗻𝘁 𝗶𝗻 𝗱𝗮𝗶𝗹𝘆 𝗹𝗶𝗳𝗲?

I truly understand their explanation.
Thanks a lot, my dear! 😍

Presented by
Sir's Litter Mathematicians
(Secondary 1 students)


24/05/2026

Amazing work they did about LCM.

This makes me smile and I'm satisfied by their explanation.
Thanks a lot, my dear! 😍

Presented by
The Infinity Girls
(Secondary 1 students)


“နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ကိုသိချင်ရင်အဲ့ဒီနိုင်ငံရဲ့ ပညာရေးအခြေအနေကို ကြည့်ပါ” ဆိုတဲ့ စကားရှိပါတယ်။ပညာရေးဆိုတာ စာအုပ်...
23/05/2026

“နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ်ကိုသိချင်ရင်အဲ့ဒီနိုင်ငံရဲ့ ပညာရေးအခြေအနေကို ကြည့်ပါ” ဆိုတဲ့ စကားရှိပါတယ်။

ပညာရေးဆိုတာ စာအုပ်ထဲက အကြောင်းအရာတွေကို အလွတ်ကျက်နိုင်ဖို့တစ်ခုတည်းမဟုတ်ပါဘူး။�မေးခွန်းထုတ်တတ်ဖို့၊ ဝေဖန်စဉ်းစားတတ်ဖို့၊ အမှန်နဲ့အမှားကို ကိုယ်တိုင်ခွဲခြားနိုင်ဖို့၊ မတူညီတဲ့အမြင်တွေကို နားထောင်လက်ခံတတ်ဖို့ သင်ပေးရမယ့်အရာပါ။

လွတ်လပ်စွာ တွေးခေါ်ပိုင်ခွင့် (Freedom of Thought) နဲ့လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် (Freedom of Expression) မရှိတဲ့ ပညာရေးစနစ်တစ်ခုက ကလေးတွေကို အနာဂတ်မှာ ကြုံလာမယ့် ပြဿနာတွေကို ကိုယ်တိုင်စဉ်းစားဖြေရှင်းနိုင်တဲ့ လူတစ်ယောက်အဖြစ် မပြင်ဆင်ပေးနိုင်ပါဘူး။

ယနေ့ AI နည်းပညာတွေ အလွန်တိုးတက်လာတဲ့ခေတ်မှာအချက်အလက်တွေကို အလွတ်ကျက်နိုင်ရုံနဲ့ မလုံလောက်တော့ပါဘူး။ စဉ်းစားနိုင်စွမ်း၊ ဖန်တီးနိုင်စွမ်း၊ ပြဿနာဖြေရှင်းနိုင်စွမ်း၊ လူမှုအသိုင်းအဝိုင်းနဲ့ ပူးပေါင်းလုပ်ဆောင်နိုင်စွမ်းတွေက ပိုအရေးကြီးလာပါတယ်။

ကျမတို့လက်ရှိသင်ကြားနေတဲ့ ပညာရေးစနစ်က
ကလေးတွေကို ဒီလိုအရည်အသွေးတွေ တကယ်ပေးနိုင်ရဲ့လား???

ပညာရေးက အနာဂတ်အတွက် မပြင်ဆင်ပေးနိုင်ဘူးဆိုရင် မိဘတွေက ဘာကိုရွေးချယ်ကြမလဲ???
စာမေးပွဲအမှတ်ကောင်းဖို့လား???
ဒါမှမဟုတ် ဘဝကို ရင်ဆိုင်နိုင်တဲ့ စဉ်းစားနိုင်စွမ်းရှိတဲ့ ကလေးတစ်ယောက် ဖြစ်လာဖို့လား???
(ဆက်ပြီးဆွေးနွေးတင်ပြသွားပါမယ်)

ကလေးတွေရဲ့ အနာဂတ် ဝေဝါးနေတာဟာ
တကယ်တော့ နိုင်ငံတစ်နိုင်ငံရဲ့ အနာဂတ် မသေချာနေတာနဲ့ အတူတူပါပဲ။

ပညာရေးက အနာဂတ်ကို တည်ဆောက်တာပါ။
အလွတ်ကျက်တဲ့စနစ်တစ်ခုနဲ့တော့ တိုးတက်တဲ့ လူ့အဖွဲ့အစည်းတစ်ခုကို မတည်ဆောက်နိုင်ပါဘူး။

ဆက်ရန်…..

၂၃/၅/၂၀၂၆




#ခေတ်သစ်ပညာရောင် စာစု ၁

Hi everyone!I know you’re all eager to find out when school will reopen.The 2026–2027 academic year will begin on 8 June...
22/05/2026

Hi everyone!

I know you’re all eager to find out when school will reopen.

The 2026–2027 academic year will begin on 8 June 2026.


📢📢📢EDUCESS ကျောင်းမှ 2026-2027 ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံပါပြီ။~~~~~ကျောင်းအပ်လိုသော ကျောင်းသား/ကျောင်းသူတိုင်း သတ်...
04/05/2026

📢📢📢
EDUCESS ကျောင်းမှ 2026-2027 ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံပါပြီ။
~~~~~
ကျောင်းအပ်လိုသော ကျောင်းသား/ကျောင်းသူတိုင်း သတ်မှတ်ရက်အတွင်း ကျောင်း Telegram- https://t.me/educess12 () သို့ဆက်သွယ်၍

၁။ ကျောင်းသားအမည်ရင်း၊

၂။ ကျောင်းသားဟောင်း/ကျောင်းသားသစ်ဖြစ်ကြောင်းနှင့်

၃။ အပ်လိုသည့်အတန်း

တို့အား ပေးပို့ထားပေးရပါမည်။

-----

ကျောင်းဘက်မှ ဖြည့်သွင်းရမည့် Form link နှင့် join ရမည့် Group link တို့အားချပေးမည်ဖြစ်ပြီး form ဖြည့်ပြီးမှသာ Group link ထဲသို့ ဆက်သွယ်ထားသော Telegram account ဖြင့်သာ ဝင်ထားပေးရပါမည်။

ကျောင်းသားသစ်များအတွက် Placement Test ဖြေရမည့်ရက်အား Group ထဲတွင်သာ ကြေညာပေးသွားပါမည်။

Monthly School Fee နှင့် School Curriculum တို့အား comments တွင် ဖတ်ရှုနိုင်ပါသည်။ 👇👇👇

အခြားသိရှိလိုသည်များအားလည်း Telegram chat တွင် တိုက်ရိုက်မေးမြန်းနိုင်ပါသည်။



Hello 2026!!!Welcome to you!!!We all hope for freedom!We all hope for happiness!We all hope for human rights!
30/12/2025

Hello 2026!!!

Welcome to you!!!

We all hope for freedom!
We all hope for happiness!
We all hope for human rights!


Mꫀׁׅܻꭈׁׅꭈׁׅᨮ꫶ׁׅ֮ Chׁׅ֮ꭈׁׅꪱׁׅ꯱ׁׅ֒tׁׅ ꩇׁׅ݊ɑׁׅ֮꯱ׁׅ֒ tׁׅᨵׁׅ ᨮ꫶ׁׅ֮ᨵׁׅυׁׅ ɑׁׅ֮ᥣׁׅ֪ᥣׁׅ֪!Christmas Holiday starts from tomorrow ...
24/12/2025

Mꫀׁׅܻꭈׁׅꭈׁׅᨮ꫶ׁׅ֮ Chׁׅ֮ꭈׁׅꪱׁׅ꯱ׁׅ֒tׁׅ ꩇׁׅ݊ɑׁׅ֮꯱ׁׅ֒ tׁׅᨵׁׅ ᨮ꫶ׁׅ֮ᨵׁׅυׁׅ ɑׁׅ֮ᥣׁׅ֪ᥣׁׅ֪!

Christmas Holiday starts from tomorrow and lasts four days.


2765ကညီနံၣ်ထီၣ်သီKaren New Year(19.12.2025)၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း (၁)ရက်နေ့The school is closed tomorrow.
18/12/2025

2765
ကညီနံၣ်ထီၣ်သီ
Karen New Year

(19.12.2025)
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း (၁)ရက်နေ့

The school is closed tomorrow.


The holiday comes after the Mid-term assessment. Take care and stay safe, dear students!
31/10/2025

The holiday comes after the Mid-term assessment.
Take care and stay safe, dear students!


ที่อยู่

Mae Pa
Mae Sot
63110

เบอร์โทรศัพท์

+66806271709

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ E D U C E S Sผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ โรงเรียนนี้

ส่งข้อความของคุณถึง E D U C E S S:

ทางลัด

แชร์