OEDC - Olive Educational Development Center

OEDC - Olive Educational Development Center OEDC is a multidisciplinary training school for human resource development skills.

ကျောင်းသားမိဘ ဆရာ၊ တွေ့ဆုံပွဲနှင့် ဒီဂျစ်တယ်အသိပညာပေး အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီးခြင်းOlive Educational Develop...
13/08/2026

ကျောင်းသားမိဘ ဆရာ၊ တွေ့ဆုံပွဲနှင့် ဒီဂျစ်တယ်အသိပညာပေး အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီးခြင်း

Olive Educational Development Centre (OEDC) နှင့် မိတ်ဖက်အဖွဲ့ဖြစ်တဲ့Sunset Learning Centre မှဉီးစီးကျင်းပတဲ့ ကျောင်းသားဆရာ မိဘတွေ့ဆုံပွဲကို အမေများနေ့ နှင့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ မှာ ကျင်းပနိုင်ခဲ့ပါတယ်။

ထိုအစည်းအဝေးသို့ ရပ်ရွာလူကြီးများ၊ SunSet LearningCentre ကျောင်းအုပ်ဆရာမကြီး - ဒေါ်စိုးစန္ဒာ၊ OEDC မှ ဆရာဇေယျာမင်း နှင့် ဝိုင်းတော်သားများ၊ Zuri Classes မှ - ဆရာမ Zuri တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

အစည်းအဝေးအတွင်း ဆရာမကြီး ဒေါ်စိုးစန္ဒာမှ အမှာစကားပြောကြားခဲ့ပြီး ၂၀၂၇-၂၀၂၈ ပညာသင်နှစ်အတွက် ရှေ့ဆက်သွားမည့် ပညာရေးလမ်းကြောင်း၊ ပညာရေးဆိုင်ရာ အစီအစဉ်များ၊ ရပ်ရွာလူကြီးများမှ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းရေး ကျန်းမာရေး စတဲ့ အကြောင်းအရာများကို ပါဝင်ဆွေးနွေးအကြံပေးခဲ့ကြသည်။

OEDC အနေဖြင့် ဒီဂျစ်တယ်ခေတ်ထဲက တို့ကလေးငယ်များခေါင်းစဉ်ဖြင့် ကျောင်းသား/သူ များ၏မိဘများနှင့်အတူ အုပ်စု ၄ စုဖွဲ့ပြီး တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြန်အလှန် အသိပညာ မျှဝေကာ OEDC ဘက်မှလဲ မိဘများ ကိုယ်တိုင် နားလည်ရမည့် ဒစ်ဂျစ်တယ် အသိပညာ၊ အိမ်တွင်း စည်းကမ်းနှင့် နားလည်မှု တည်ဆောက်ခြင်း၊ လက်တွေ့ အသုံးချနိုင်မည့် အကြံပြုချက် ၅ ချက်၊ ပညာပေးအစီအစဉ်များလဲ အတူပူးပေါင်းပါဝင်ခဲ့ကြပါသည်။

၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်မှာ OEDC အနေဖြင့် လူငယ်လေးတွေ၊ ကလေးငယ်တွေအတွက် စိတ်ပေါ့ပါးစေတဲ့ စားသောက်ဖွယ်ရာ ထုတ်လုပ်မှုတွေ၊ ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ အရည်အချင်းမြှင့်တင်မှုတွေနဲ့အတူ လူငယ်တွေသင်ယူချင်တဲ့ ပညာရပ်ဆိုင်ရာများကို ထည့်သွင်းသင်ကြားပေးသွားမှာဖြစ်ပါတယ်။
တူညီတဲ့ လက်တွဲမှုတွေ တူညီတဲ့ကြိုးစားမှု တူညီတဲ့ အကြံဉာဏ်တွေကြောင့် Sunset Learning Centre ဒီထက်မက ပိုမိုတိုးတက်အောင်မြင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

. zuri'sclassesZLC

ရွှေ့ပြောင်းလူငယ်များ၏ အနာဂတ်အတွက် ဒုတိယခြေလှမ်း အဖွဲ့ ၃ ဖွဲ့ MOU လက်မှတ်ရေးထိုးရွှေ့ပြောင်းကျောင်းသား ကျောင်းသူ လူငယ်လေ...
30/07/2026

ရွှေ့ပြောင်းလူငယ်များ၏ အနာဂတ်အတွက် ဒုတိယခြေလှမ်း အဖွဲ့ ၃ ဖွဲ့ MOU လက်မှတ်ရေးထိုး

ရွှေ့ပြောင်းကျောင်းသား ကျောင်းသူ လူငယ်လေးတွေရဲ့ ရည်မှန်းချက်တွေ ပိုမိုတောက်ပလာစေဖို့နဲ့ ပညာရေးကဏ္ဍ မြှင့်တင်ပေးနိုင်ဖို့ ခြေလှမ်းသစ်တစ်ရပ်ကို စတင်လိုက်ပါပြီ။

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MOU) ကို SunSet Learning Centre၊ Tr.zuri's classes - ZLC နဲ့ Olive Educational Development Centre (OEDC) တို့ ၃ ဖွဲ့အကြား အောင်မြင်စွာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ 🤝

လက်မှတ်ထိုးပွဲကို Tr.zuri's classes - ZLC ရဲ့ GED သင်တန်းဆင်း ဘွဲ့နှင်းသဘင် အခမ်းအနားမှာ တစ်ပါတည်း ကျင်းပခဲ့တာပါ။ အခမ်းအနားကို SunSet MLC မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစန္ဒာ၊ Tr.zuri's classes - ZLC တည်ထောင်သူ Tr. Zuri တို့နှင့်အတူ OEDC အဖွဲ့သားတွေ၊ ကျောင်းသားမိဘတွေနဲ့ ဧည့်သည်တော်တွေ တက်ရောက်ခဲ့ကြပါတယ်။

OEDC အနေနဲ့ ပြီးခဲ့တဲ့နှစ်က 💻 ကွန်ပျူတာအခြေခံ၊ 🔍 သတင်းအချက်အလက် နားလည်မှု၊ 🛠️ ကွန်ပျူတာ ပြုပြင်ထိန်းသိမ်းနည်း သင်တန်းတွေကို လက်တွဲ လုပ်ဆောင်မျှဝေနိုင်ခဲ့ပါတယ်။

အခုနှစ်မှာတော့ လူငယ်တွေအတွက် စိတ်ဓာတ်ခွန်အား ပေါ့ပါးစေပြီး အသက်မွေးဝမ်းကျောင်း လက်တွေ့လုပ်ငန်းခွင်အတွက်ပါ အထောက်အကူဖြစ်စေမယ့် "မုန့်ဖုတ်သင်တန်း" 🥐 ကိုပါ ထပ်မံတိုးချဲ့ ထည့်သွင်းထားပါတယ်။

ဒီပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ရွှေ့ပြောင်းလူငယ်တွေအတွက် ပိုမိုအရည်အသွေးမြင့်မားတဲ့ သင်ယူမှုအခွင့်အလမ်းတွေနဲ့ အတွေ့အကြုံကောင်းတွေ ဖန်တီးပေးနိုင်ဖို့ OEDC က အပြည့်အဝ ရည်မှန်းထားပါတယ်။

အခု ၂၀၂၆–၂၀၂၇ ပညာသင်နှစ်ဟာ ရွှေ့ပြောင်းလူငယ်လေးတွေအတွက် အခွင့်အလမ်းကောင်းတွေ၊ အောင်မြင်မှုတွေနဲ့ ပြည့်စုံတဲ့ နှစ်တစ်နှစ် ဖြစ်ပါစေကြောင်း OEDC မိသားစုက ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ 🎓

.zuri'sclassesZLC

အသက်မွေးဝမ်းကျောင်း စားဖိုမှူးသင်တန်း (အပတ်စဉ် ၆)☘☘☘☘☘☘အချက်အပြုတ်ပညာဖြင့် အနာဂတ်ကို ပုံဖော်ချင်သည့် ရွှေ့ပြောင်းလူငယ်မျ...
27/07/2026

အသက်မွေးဝမ်းကျောင်း စားဖိုမှူးသင်တန်း (အပတ်စဉ် ၆)
☘☘☘☘☘☘
အချက်အပြုတ်ပညာဖြင့် အနာဂတ်ကို ပုံဖော်ချင်သည့် ရွှေ့ပြောင်းလူငယ်များအတွက် သင်တန်းသား ခေါ်ယူခြင်း

အချက်အပြုတ် ပညာရပ်ကို မြတ်နိုးပြီး အနာဂတ်မှာ အောင်မြင်သည့် ပညာရှင်တစ်ယောက်အဖြစ် ရပ်တည်လိုသည့် ရွှေ့ပြောင်းလူငယ်များအတွက် အခွင့်အလမ်းကောင်းတစ်ခု ရောက်ရှိလို့လာပါပြီ။

ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) နဲ့ Olive Educational Development Center (OEDC) တို့ ပူးပေါင်းပြီးတော့ လူငယ်တွေအတွက် တကယ့်အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုအဖြစ် ခိုင်မာစွာ ရပ်တည်နိုင်ဖို့အတွက် ရည်ရွယ်ဖွင့်လှစ်ထားတဲ့ "စားဖိုမှူးသင်တန်း (အပတ်စဉ် ၆)" ကို တက်ရောက်ဖို့ လှိုက်လှဲစွာ ဖိတ်ခေါ်ချင်ပါတယ်။

ဒီသင်တန်းကတော့ အချက်အပြုတ်ကို စိတ်ပါဝင်စားသူတွေအတွက် ဘဝကို အပြုသဘောဆောင် ပြောင်းလဲပေးနိုင်တဲ့ တန်ဖိုးထားစရာ အခွင့်အရေးတစ်ခုဖြစ်ပါတယ်။

ဘာကြောင့်လည်းဆိုရင်တော့ ဈေးကွက်ဝင် ဟင်းလျာတွေကို စနစ်တကျနဲ့ ကျွမ်းကျင်ပိုင်နိုင်စွာ ချက်ပြုတ်နိုင်စေဖို့အတွက် အတွေ့အကြုံရင့် ဝါရင့်စားဖိုမှူးကိုယ်တိုင် စိစစ်သင်ကြား ပို့ချသွားမှာပဲ ဖြစ်ပါတယ်။

အရင်အပတ်စဉ်တွေက သင်တန်းဆင်း စားဖိုမှူးအချို့ကတော့ လက်ရှိအချိန်မှာ လုပ်ငန်းခွင်အသီးသီးထဲ ကျွမ်းကျင်သူတွေအဖြစ် ပါဝင်ဆောင်ရွက်နေကြပြီဖြစ်သလို တချို့ကတော့ ကိုယ်ပိုင် အစားအသောက် လုပ်ငန်းတွေနဲ့ ဘဝကို ရပ်တည်နေကြပါပြီ။

🍲 သင်တန်းတွင် ပို့ချပေးမည့် ဘာသာရပ်များ
• ထိုင်းဟင်းလျာ: အရသာရှိပြီး လူကြိုက်များသော နာမည်ကြီး ထိုင်းအစားအစာများ
• တရုတ်ဟင်းလျာ: လူကြိုက်များသော တရုတ်ဟင်းပွဲများ
• မာလာအမျိုးမျိုး: ခေတ်စားနေသော မာလာရှမ်းကောနှင့် မာလာဟင်းလျာများ
(ဈေးကွက်ဝင် ဟင်းလျာပေါင်း ၃၅ မယ်ကျော်ကို လက်တွေ့ကျကျ သင်ကြားပေးမည် ဖြစ်ပါသည်။)

📅 သင်တန်းအသေးစိတ် အချက်အလက်များ
• သင်တန်းကာလ: ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁) ရက် မှ (၁၀) ရက် အထိ (၁၀ ရက်)
• သင်တန်းချိန်: နံနက် ၉:၀၀ နာရီ မှ ညနေ ၃:၀၀ နာရီ အထိ (နေ့စဉ်)
• သင်တန်းနေရာ: မဲဆောက်မြို့
• သင်တန်းသားဦးရေ: (၁၆) ဦးသာ ကန့်သတ်လက်ခံပါမည်။
• လျှောက်လွှာပိတ်ရက်: ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၃၀) ရက်၊ ထိုင်းစံတော်ချိန် ညနေ (၅) နာရီ။

💵 သင်တန်းကြေးနှင့် ပညာသင်ဆု (Scholarship)
• သင်တန်းကြေး: သင်တန်းတွင် လက်တွေ့ချက်ပြုတ်မည့် ဟင်းလျာများအတွက် ကုန်ကြမ်းစရိတ်မျှခံသည့် အစီအစဉ်အဖြစ် သင်တန်းသား တစ်ဦးလျှင် ၂,၀၀၀ ဘတ် ပေးသွင်းရမည် ဖြစ်သည်။
(မှတ်ချက် - OEDC ၏ စားဖိုမှူးသင်တန်းသည် မည်သည့် ပရောဂျက်မှ ပံ့ပိုးထားခြင်း မရှိပါ)

• ပညာသင်ဆု (Scholarship): ငွေရေးကြေးရေး အမှန်တကယ် ခက်ခဲသူများအနေဖြင့် ပညာသင်ဆု လျှောက်ထားနိုင်ပြီး သတ်မှတ်ထားသော စည်းမျဉ်းများနှင့်အညီ အများဆုံး (၅) ဦး အထိ သီးသန့် ရွေးချယ်ခွင့်ပြုမည် ဖြစ်သည်။

အထူးသတိပေးချက် - စကောလားရှစ်ဖြင့် သင်တန်းရွေးချယ်ခံရပြီးနောက် သင်တန်းပျက်ကွက်ပါက သင်တန်းကြေးအပြည့်အဝပြန်လည် ပေးလျော်ရမည်ဖြစ်သည်။

📌 သင်တန်းတက်ရောက်ရန် လိုအပ်ချက်များ

၁။ သင်တန်းကာလ (၁၀) ရက်လုံးကို မပျက်မကွက် တက်ရောက်နိုင်သူ ဖြစ်ရမည်။
၂။ အချက်အပြုတ်ပညာရပ်ဖြင့် အသက်မွေးဝမ်းကျောင်းပြုရန် စိတ်အားထက်သန်ပြီး လက်တွေ့ ပြန်လည် အသုံးချမည့်သူ ဖြစ်ရမည်။
၃။ အစားအသောက် ဝန်ဆောင်မှုပေးသည့် သင်တန်းဖြစ်သဖြင့် သန့်ရှင်းသပ်ရပ်စွာ နေထိုင်တတ်သူ ဖြစ်ရမည်။

📩 လျှောက်ထားရန် နည်းလမ်း

သင်တန်းတက်ရောက်လိုပါက OEDC Page Messenger သို့ တိုက်ရိုက် ဆက်သွယ်၍ စာရင်းပေးသွင်းနိုင်ပါပြီ။

ရွှေ့ပြောင်းလူငယ်တွေရဲ့ အနာဂတ်အတွက် SunSet MLC နဲ့ OEDCတို့ရဲ့ ဒုတိယခြေလှမ်း 🤝*******ရွှေ့ပြောင်းကျောင်းသား/သူ လူငယ်လေးတ...
17/07/2026

ရွှေ့ပြောင်းလူငယ်တွေရဲ့ အနာဂတ်အတွက် SunSet MLC နဲ့ OEDCတို့ရဲ့ ဒုတိယခြေလှမ်း 🤝

*******

ရွှေ့ပြောင်းကျောင်းသား/သူ လူငယ်လေးတွေရဲ့ ရည်မှန်းချက်တွေ ပိုမိုတောက်ပလာစေဖို့နဲ့ ပညာရေးကဏ္ဍကို တစ်ဖက်တစ်လမ်းကနေ မြှင့်တင်ပေးနိုင်ဖို့အတွက် OEDC Olive Educational Development Center) နဲ့ Sunset Migrant Learning Center တို့ရဲ့ ၂၀၂၆-၂၇ ယခုပညာသင်နှစ်အတွက် ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးကို ကျင်းပပြီးစီးခဲ့ပါပြီ။

အဲဒီအစည်းအဝေးကိုတော့ လူငယ်တွေရဲ့ အထိမ်းအမှတ်နေ့ဖြစ်တဲ့ World Youth Skills Day -ဇူလိုင် ၁၅ မှာ ပြုလုပ်ခဲ့တာပါ။

ဒီတွေ့ဆုံမှုမှာ Sunset MLC မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစန္ဒာ၊ Zuri Learning Centre တည်ထောင်သူ Tr. Zuri တို့နဲ့အတူ OEDC ဝိုင်းတော်သားတွေပါဝင်ခဲ့ကြပါတယ်။

Sunset MLC ဟာ ရွှေ့ပြောင်းကလေးငယ်တွေရဲ့ ပညာရေးအတွက် နံနက်ခင်းကစ၊ ညဦးပိုင်းအထိ အသိပညာရော၊ အတန်းပညာပါ ဆောင်ရွက်နေတဲ့ စာသင်ကျောင်းတစ်ခုဖြစ်ပါတယ်။

Zuri Learning Centre ကတော့ နိုင်ငံရဲ့ အခက်အခဲတွေကြားမှာ လူငယ်တွေအတွက် ပညာရေးပေါင်းကူးပေးနိုင်တဲ့ ဘာသာရပ်တွေကို မျှဝေပေးနေပါတယ်။

OEDCမှာကတော့ နယ်စပ်ဒေသက စစ်ဘေးရှောင်တွေ၊ ရွှေ့ပြောင်းလူငယ်တွေ၊ ရွှေ့ပြောင်းစာသင်ကျောင်းက ကလေးငယ်တွေအတွက် စာတွေ့တင်မကဘဲ အပြင်လောက လုပ်ငန်းခွင်မှာ အမှန်တကယ် လက်တွေ့အသုံးချနိုင်မယ့် ဒီဂျစ်တယ်ပိုင်းဆိုင်ရာသိနားလည်မှုတွေ၊ အသက်မွေးဝမ်းကျောင်းပညာရပ်တွေကို အားဖြည့် သင်ကြားပို့ချပေးနေတာပါ။

အဲဒီသုံးဖွဲ့တွေ့ဆုံမှုမှာတော့ ပြီးခဲ့တဲ့နှစ်က ခြေလှမ်းသစ်ဖြစ်တဲ့ OEDC အနေနဲ့ မျှဝေခဲ့တဲ့ ကွန်ပျူတာအခြေခံသင်တန်းတွေ၊ သတင်းအချက်သိနားလည်မှု ဟောပြောပွဲတွေ၊ ကွန်ပျူတာပြုပြင်ထိန်းသိမ်းနည်းသင်တန်းတွေရဲ့ အကျိုးသက်ရောက်မှုကို ပြန်လည်ဆန်းစစ်ခဲ့ကြပါတယ်။

ဒီနှစ်မှာတော့ လူငယ်လေးတွေ၊ ကလေးငယ်တွေအတွက် စိတ်ပေါ့ပါးစေတဲ့ စားသောက်ဖွယ်ရာ ထုတ်လုပ်မှုတွေ၊ ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ အရည်အချင်းမြှင့်တင်မှုတွေနဲ့အတူ လူငယ်တွေသင်ယူချင်တဲ့ ပညာရပ်ဆိုင်ရာတွေကို အတူတကွလုပ်ဆောင်ကြဖို့ တိုင်ပင်နိုင်ခဲ့ကြပါပြီ။

ဒီပူးပေါင်းမှုကနေတစ်ဆင့် ကျောင်းသား၊ ကျောင်းသူတွေအတွက် ပိုမိုအရည်အသွေးမြင့်မားတဲ့ သင်ယူမှု အခွင့်အလမ်းတွေနဲ့ အကျိုးရှိမယ့် အတွေ့အကြုံကောင်းတွေ ဖန်တီးပေးနိုင်မယ်လို့ အပြည့်အဝ ရည်မှန်းထားပါတယ်။

ယခု ၂၀၂၆–၂၀၂၇ ပညာသင်နှစ်ဟာ ရွှေ့ပြောင်းလူငယ်လေးတွေအတွက် အခွင့်အလမ်းကောင်းတွေ၊ အောင်မြင်မှုတွေနဲ့ ပျော်ရွှင်ဖွယ် သင်ယူမှုအတွေ့အကြုံများ ပြည့်စုံတဲ့ နှစ်တစ်နှစ် ဖြစ်ပါစေလို့ OEDC အဖွဲ့သားများက ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

စစ်မီးကြားကပွင့်လန်းတဲ့အိပ်မက်၊ လူငယ်တို့ရဲ့ စွမ်းရည်မြှင့်တင်စို့✊✨*******ကမ္ဘာ့လူငယ်တွေ AI နဲ့ ခေတ်မီလုပ်ငန်းခွင်စွမ်း...
15/07/2026

စစ်မီးကြားကပွင့်လန်းတဲ့အိပ်မက်၊ လူငယ်တို့ရဲ့ စွမ်းရည်မြှင့်တင်စို့✊✨

*******
ကမ္ဘာ့လူငယ်တွေ AI နဲ့ ခေတ်မီလုပ်ငန်းခွင်စွမ်းရည်တွေအကြောင်း ပြောနေချိန်မှာ... ကျွန်တော်တို့ရဲ့ ရွှေ့ပြောင်းနဲ့ စစ်ရှောင်လူငယ်လေးတွေကတော့ အခက်အခဲတွေကြားကနေ အံ့မခန်း လိုက်လျောညီထွေဖြစ်မှုစွမ်းရည် (Adaptability Skills) တွေကို ပြသနေပါတယ်။

ဇူလိုင် ၁၅ ကမ္ဘာ့လူငယ်စွမ်းရည်များနေ့ (World Youth Skills Day)မှာ မြင်တွေ့ရတဲ့ ပျက်စီးမှုတွေကြားက တောက်ပတဲ့ ပန်းချီကားလေးတွေဟာ သူတို့ရဲ့ မျှော်လင့်ချက်နဲ့ အိပ်မက်တွေပါပဲ။ စစ်ပွဲတွေက သူတို့အိပ်မက်တွေကို မတားဆီးနိုင်ပါဘူး။

ဒီကလေးတွေရဲ့ စွမ်းရည်တွေကို ပိုမိုတိုးတက်လာအောင်၊ အိပ်မက်တွေ တကယ်ဖြစ်လာအောင် ကျွန်တော်တို့ အတူတူ ပံ့ပိုးပေးကြပါစို့။ လူငယ်တွေရဲ့ စွမ်းရည်ဟာ နိုင်ငံရဲ့ အနာဂတ် ဖြစ်ပါတယ်။

တေးသီချင်းတွေထဲကတစ်ဆင့် အိပ်မက်တွေဆီ ပျံသန်းကြမယ့် မဲဆောက်က ရွှေ့ပြောင်းကလေးငယ်များ ******ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က ရ...
13/07/2026

တေးသီချင်းတွေထဲကတစ်ဆင့် အိပ်မက်တွေဆီ ပျံသန်းကြမယ့် မဲဆောက်က ရွှေ့ပြောင်းကလေးငယ်များ

******

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့က ရွှေ့ပြောင်းကျောင်းသူ/သားလေးတွေဆီမှာ အံ့မခန်း အနုပညာစွမ်းရည်တွေ ဘယ်လောက်ပုန်းကွယ်နေလဲဆိုတာကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်မှာ သက်သေပြနိုင်ခဲ့ပါပြီ။

Myanmar Health Support (MHS)က ဦးဆောင်စီစဉ်ပြီး Olive Educational Development Centre (OEDC)က ပါဝင်အားဖြည့်ခဲ့ပါတယ်။
ပွဲအမည်ကတော့ “MHS Singing Competition 2026” ပါ။

အဲဒီအဆိုပြိုင်ပွဲကို ရွှေ့ပြောင်းကျောင်းပေါင်း ၁၂ ကျောင်းက တက်ကြွလှုပ်ရှားတဲ့ ကျောင်းသူ/သား (၆၂) ယောက် ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

မြန်မာ၊ ကရင်၊ ထိုင်းနဲ့ အင်္ဂလိပ်စတဲ့ ဘာသာစကားမျိုးစုံနဲ့ သူတို့လေးတွေရဲ့ အိပ်မက်တွေကို အသက်သွင်းဖို့ ရဲရဲဝံ့ဝံ့ သီဆိုဖျော်ဖြေခဲ့ကြတာပါ။

ပြိုင်ဆိုင်မှု အားကောင်းလွန်းတဲ့ ဒီပွဲလေးမှာ သူတို့ရဲ့ အသံပါရမီတွေနဲ့ ပရိသတ်တွေ၊ ဒိုင်တွေကို ဖမ်းစားနိုင်ခဲ့ပြီး MHSရဲ့ ဂုဏ်ပြုဆုကြေးငွေတွေ ပိုင်ဆိုင်ခဲ့ကြပါတယ်။

ဆုရှင်တွေကတော့ ပထမဆုကို “What a beautiful name” နဲ့ပြိုင်ပွဲဝင်ခဲ့တဲ့ စောလင်းထက်ကျော်(ပါရမီကျောင်း)၊ ဒုတိယဆုကို “From the moment” နဲ့ ပြိုင်ပွဲဝင်ခဲ့တဲ့ နော်ဆာအယ်စိုး(ဆာသူးလေကျောင်း)၊ တတိယဆုကို “နေမင်းလို ပန်းသီးလို”သီချင်းနဲ့ပြိုင်ပွဲဝင်ခဲ့တဲ့ စောဘီလ်ဂိတ (ဆာသူးလေကျောင်း)တို့ ဖြစ်ပါတယ်။

တိုက်ရိုက်ထုတ်လွှင့်မှုမှာရော၊ ခန်းမတွင်းပါ လိုက်ပါစီးမျောအောင် သီဆိုပြခဲ့တဲ့ နော်ဖောအယ်ထူး (New Blood ကျောင်း)ကတော့ “ဆေး”သီချင်းနဲ့ Popular Award ဆုကို ပိုင်ဆိုင်ခဲ့ပါတယ်။

"ဒီပြိုင်ပွဲလေး လုပ်ဖြစ်ခဲ့တဲ့ အဓိက ရည်ရွယ်ချက်က ကလေးတွေရဲ့ အနုပညာစွမ်းရည်ကို မြှင့်တင်ပေးဖို့၊ သူတို့ကိုယ်သူတို့ ယုံကြည်မှု ပိုရှိလာစေဖို့နဲ့ ဖျော်ဖြေရေးဆိုင်ရာ အရည်အချင်းတွေကို ဖော်ထုတ်အားပေးချင်လို့ပါ"လို့ MHS ပြိုင်ပွဲတာဝန်ခံ ဦးမျိုးမင်းပိုင်က ရှင်းပြခဲ့ပါတယ်။

တကယ်လည်း ကလေးတွေရဲ့ မျက်နှာပေါ်က အပြုံးတွေနဲ့ ယုံကြည်မှုအပြည့်ရှိတဲ့ အသံတွေက ဒီရည်ရွယ်ချက်ကို အောင်မြင်စွာ အသက်သွင်းနိုင်ခဲ့ပါတယ်။
ကိုယ့်ရဲ့ အရည်အချင်းတွေကို စင်မြင့်ထက်မှာ ရဲရဲဝံ့ဝံ့ ထုတ်ဖော်ပြသခဲ့ကြတဲ့ ရွှေ့ပြောင်းကလေးငယ်တွေ အားလုံးအတွက် ဝိုင်းဝန်းဂုဏ်ပြုစကားလေးတွေ ပြောပေးခဲ့ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။

"The Secret of Mala"မာလာအနှစ် လျှို့ဝှက်ချက်နှင့် ရေပန်းစား မာလာဟင်းလျာများသင်တန်း ☘️☘️☘️☘️☘️☘️☘️တနိုင်တပိုင်ရောင်းချချင...
07/07/2026

"The Secret of Mala"
မာလာအနှစ် လျှို့ဝှက်ချက်နှင့် ရေပန်းစား မာလာဟင်းလျာများသင်တန်း
☘️☘️☘️☘️☘️☘️☘️

တနိုင်တပိုင်ရောင်းချချင်တာပဲဖြစ်ဖြစ်၊ စားသောက်ဆိုင်မှာပဲ ဝင်လုပ်ချင်တာဖြစ်ဖြစ်၊ မိတ်ဆွေ၊ ကိုယ့်အဖွဲ့အစည်းကို လုပ်ကျွေးချင်တာဖြစ်ဖြစ် ရေပန်းစားလူကြိုက်များတဲ့ "မာလာ ဟင်းလျာ ကျွမ်းကျင်မှုအထူးသင်တန်း”စတင်ပါပြီ။

အခုခေတ်မှာ လူငယ်၊ လူကြီးမရွေး အကြိုက်ဆုံးနဲ့ ရောင်းအားအကောင်းဆုံး ဟင်းလျာက ဘာလဲလို့ မေးရင် "မာလာ" ဟင်းလျာတွေလည်းပါဝင်ပါတယ်။

ဒါပေမဲ့ တကယ့် မာလာအနှစ်စစ်စစ်ရဲ့ အရသာကို ရဖို့ဆိုတာ အချိုးအစားနဲ့ ပါဝင်ပစ္စည်း လျှို့ဝှက်ချက်တွေကို သေချာသိထားမှသာ ဖောက်သည်တွေကို ဆွဲဆောင်နိုင်မှာပါ။

ဒါကြောင့် Olive Educational Development Center (OEDC) ကနေ အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုကို လက်တွေ့ကျကျ တတ်မြောက်ချင်သူတွေအတွက် "၂ ရက်တာ မာလာဟင်းလျာ အထူးသင်တန်း" ကို ဖွင့်လှစ်လိုက်ပါပြီ။

👍သင်တန်းမှာ ဘာတွေ သင်ရမလဲ?

သင်တန်းမှာ အပြင်ကနေ အသင့်ဝယ်ရတဲ့ အနှစ်တွေကို မသုံးဘဲ၊ ကိုယ်တိုင် အနှစ်ဖော်စပ်နည်းကနေ စတင်ပြီး လူကြိုက်အများဆုံး မာလာဟင်းလျာ (၁၀) မျိုးကို စာတွေ့၊ လက်တွေ့ စနစ်တကျ သင်ကြားပေးသွားမှာပါ။
🌿 မာလာအနှစ်ပြုလုပ်နည်း
🌿 မာလာရှမ်းကောအနှစ် ပြုလုပ်နည်း
🌿 မာလာရှမ်းကော
🌿 မာလာမောက်ချိုက်
🌿 ငါးမာလာ
🌿 မာလာဒုတ်ထိုး
🌿 မာလာဟော့ပေါ့
🌿 အာလူးမာလာ
🌿 ကြက်ခြေထောက်မာလာ
🌿 ကြက်တောင်ပံ ပျားရည်မာလာကင်နှင့် အခြားအမယ်များ

💪ဘယ်သူတွေ တက်ရောက်သင့်သလဲ?
• အရင်းအနှီးနည်းနည်းနဲ့ ကိုယ်ပိုင် စားသောက်ဆိုင်/အွန်လိုင်းလုပ်ငန်း စတင်ချင်သူများ
• စားသောက်ဆိုင် လုပ်ငန်းခွင်သို့ ကျွမ်းကျင်စွာ ဝင်ရောက်လုပ်ကိုင်လိုသူများ
• မိသားစုအတွက် အရသာရှိပြီး သန့်ရှင်းတဲ့ မာလာဟင်းလျာများကို ကိုယ်တိုင်ဖန်တီးချင်သူများ

🟩သင်တန်းအသေးစိတ်
👉 သင်တန်းကာလ: (၂) ရက်
👉 ရက်စွဲ: ဇူလိုင် ၁၀ရက် ၁၁ရက်
👉 အချိန်: နံနက် ၁၀ နာရီမှ ညနေ ၃နာရီ
👉 နေရာ: Olive Educational Development Center (OEDC)
👉 သင်ထောက်ကူပစ္စည်းများအတွက် ၂၀၀၀ ဘတ်ကောက်ခံမည်ဖြစ်သည်။

☝လူဦးရေ ကန့်သတ်ထားတာဖြစ်လို့ စိတ်ဝင်စားတဲ့သူတွေ အနေနဲ့ အမြန်ဆုံး စာရင်းပေးသွင်းဖို့ လိုအပ်ပါတယ်။
☝မှတ်ချက် - ယခုသင်တန်းများဟာ မည်သည့်အထောက်အပံ့များရယူထားခြင်းမရှိသဖြင့် သင်ထောက်ကူပစ္စည်းများအတွက် စရိတ်စိုက်ထုတ်ရခြင်းဖြစ်သည်။

🟩ဆက်သွယ်ရန်
အသေးစိတ် သိရှိလိုပါက OEDC Page Messenger သို့ ဆက်သွယ် စုံစမ်းနိုင်ပါသည်။

မျှဝေခြင်းများဖြင့် ခွန်အားတည်ဆောက်မည့် "Struggling Together - အတူရုန်းမယ်" အစီအစဉ် ဖိတ်ခေါ်ချက်🌿🌿🌿🌿🌿🌿🌿🌿🌿ဒီနေ့မှာတော့ လူ...
04/05/2026

မျှဝေခြင်းများဖြင့် ခွန်အားတည်ဆောက်မည့် "Struggling Together - အတူရုန်းမယ်" အစီအစဉ် ဖိတ်ခေါ်ချက်
🌿🌿🌿🌿🌿🌿🌿🌿🌿

ဒီနေ့မှာတော့ လူငယ်တွေအတွက် ရည်ရွယ်တဲ့ အွန်လိုင်း အခြေခံသတင်းစာပညာသင်တန်း (Online Basic Journalism Training) ပထမဆုံးအသုတ်ကို သင်တန်းသား (၃၀) ဦးနဲ့ အောင်မြင်စွာ စတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

သင်တန်းခေါ်ယူချိန်မှာ တိုင်းနဲ့ပြည်နယ် အသီးသီးကသာမက နိုင်ငံတကာ (၇) နိုင်ငံလောက်က မြန်မာလူငယ် (၂၅၀) ကျော်အထိ စိတ်ဝင်တစား လျှောက်ထားခဲ့ကြပါတယ်။

နေရာဒေသ ဇုန်အလိုက် ရွေးချယ်ခဲ့ရတဲ့အတွက် မပါဝင်ခဲ့ရတဲ့ လူငယ်တွေကို ဒီနေရာကနေ အနူးအညွတ် မေတ္တာရပ်ခံ တောင်းပန်ချင်ပါတယ်။

ဒီလထဲမှာတင် ဒုတိယအသုတ်ကို ဆက်လက်ဖွင့်လှစ်သွားမှာဖြစ်သလို၊ ကျန်ရှိနေတဲ့ လျှောက်ထားသူတွေကိုလည်း နောက်လတွေမှာ အသုတ်လိုက် ဆက်လက်သင်ကြားပေးသွားမှာပါ။

ဒီသင်တန်းလေးဟာ ဘယ်လို ပြင်ပရန်ပုံငွေ အထောက်အပံ့နဲ့မှ ဖွင့်လှစ်ခဲ့တာ မဟုတ်ပါဘူး။

သင်တန်းသားတွေကလည်း အထောက်အပံ့တစ်ခုခု ရလိုတဲ့စိတ်နဲ့ လာတက်ကြတာ မဟုတ်ဘဲ၊ မြေပြင်အသီးသီးက ပဋိပက္ခတွေကြားထဲမှာတောင် ပညာသင်ချင်တဲ့ စိတ်ဆန္ဒအပြည့်နဲ့ ရောက်လာကြတာကို ဂုဏ်ယူဖွယ်ရာ မြင်တွေ့ခဲ့ရပါတယ်။

သံလွင်ခက်အနေနဲ့လည်း ကိုယ်တတ်သိထားတဲ့ ပညာရပ်တွေကို လူငယ်တွေဆီ မျှဝေခွင့်ရနေတာကိုက ဆုလာဘ်တစ်ခုလို ခံစားရပါတယ်။

လက်ရှိကာလအတွင်းမှာဆိုရင် မေလ ၁ ရက်မှာ Basic Journalism & Video Journalism Internship Program စတင်နေသလို မေလ ၅ ရက်မှာတော့ စားဖိုမှူးသင်တန်းကို လူတွေ့ဖွင့်လှစ်သင်ကြားသွားမှာပါ။ ဒီလို သင်တန်းတွေကို ဆက်တိုက် ဖွင့်လှစ်သွားနိုင်အောင်လည်း ကြိုးစားသွားမှာဖြစ်ပါတယ်။

🟩"Struggling Together - အတူရုန်းမယ်"💪

လူငယ်တွေအတွက် တခြားသော လိုအပ်တဲ့ ပညာရပ်တွေကို ထပ်မံမျှဝေပေးဖို့ရာမှာ သံလွင်ခက်တစ်ခုတည်းမှာ ကျွမ်းကျင်သူတွေ လုံလောက်တဲ့ ပမာဏ ရှိမနေပါဘူး။

ဒါပေမဲ့ ဒီကာလကြီးမှာ ပြည်သူလူထုနဲ့ လူငယ်တွေအပေါ် စေတနာအပြည့်ထားပြီး ကိုယ်တတ်သိထားတဲ့ ပညာရပ်တွေကို မျှဝေပေးချင်နေတဲ့ နယ်ပယ်အသီးသီးက ကျွမ်းကျင်သူ ပညာရှင်တွေ အများကြီးရှိနေပါတယ်။

တစ်ဖက်မှာလည်း စိတ်ဝင်စားရာ ဘာသာရပ်တွေကို လေ့လာဆည်းပူးချင်နေတဲ့ လူငယ်တွေ အများကြီး အဆင်သင့်ဖြစ်နေပါတယ်။

ဒါကြောင့် သင်ယူလိုတဲ့ လူငယ်တွေနဲ့ မျှဝေပေးလိုတဲ့ ကျွမ်းကျင်သူတွေကြားမှာ အွန်လိုင်းကနေဖြစ်စေ၊ မြေပြင်မှာဖြစ်စေ ပေါင်းကူးဆက်သွယ်ပေးမယ့် "Struggling Together - အတူရုန်းမယ်" ဆိုတဲ့ အစီအစဉ်တစ်ခုကို သံလွင်ခက်နဲ့ OEDC တို့ ပူးပေါင်းပြီး စတင်လိုက်ပါတယ်။

နိုင်ငံအတွက်၊ လူမျိုးအတွက်၊ ပြည်သူလူထုအတွက်၊ ကိုယ့်ဒေသနဲ့ မိသားစုတွေအတွက် ကျွန်တော်တို့ အတူတကွ ဆက်လက် ရုန်းကန်ကြပါမယ်။ ကျွန်တော်တို့တွေ စာသင်ခန်းတွေနဲ့ ဝေးကွာခဲ့ကြရပေမဲ့၊ လေ့လာသင်ယူခြင်းတွေနဲ့တော့ ဘယ်တော့မှ ဝေးကွာလို့ မရပါဘူး။

ဒါကြောင့် ပညာရေးကို တန်ဖိုးထားတဲ့ လူငယ်တွေနဲ့ စေတနာရှင် ပညာရှင်တွေကို ဒီကနေပဲ ဖိတ်ခေါ်ချင်ပါတယ်။

• လူငယ်များအနေနဲ့ ဘယ်ဘာသာရပ်တွေကို လေ့လာသင်ယူချင်ပါသလဲ?
• ပညာရှင်များအနေနဲ့ရော ဘယ်လို အတတ်ပညာတွေကို မျှဝေပေးချင်ပါသလဲ?

သင်တို့ရဲ့ လိုအပ်ချက်နဲ့ စေတနာတွေကို ချိတ်ဆက်ပေးဖို့ ကျွန်တော်တို့ ကြားခံဆောင်ရွက်ပေးရန် အသင့်ရှိနေပါတယ်။ Comment တွင်ဖြစ်စေ၊ Email ကနေဖြစ်စေ၊ Chat Box မှတစ်ဆင့်ဖြစ်စေ ယခုပဲ ဆက်သွယ်ပေးကြပါရန် လေးစားစွာ ဖိတ်ခေါ်အပ်ပါတယ်။

#အတူရုန်းမယ်

ที่อยู่

Unnamed Road, 133/24 สองแคว2หลังเทสโกโลตัส Mae Sot District, Tak
Mae Sot
63110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ OEDC - Olive Educational Development Centerผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์

ประเภท