Love your stroy Love your story

27/12/2025

ဂျူးလူမျိုးများ ကလေးပျိုးထောင်နည်း

--------------
အစ္စရေး လူမျိုးလို့လည်း ခေါ်ကြပါတယ်။ ဂျူးလူမျိုးများဟာ ကမ္ဘာ့ရှေးအကျဆုံးသော လူမျိုးထဲမှာ ပါဝင်ပါတယ်။ သမိုင်းတစ်လျှောက်မှာလည်း အမျိုးမျိုးဖိနိပ်ခံရပြီး တိုင်းပြည်ပျောက်ဆုံးသွားတဲ့ အထိ ဆုံးရူံးခဲ့ကြပါတယ်။ ဒါပေမဲ့ ဂျူးလူမျိုးကို ကမ္ဘာမှာ ဉာဏ်ပညာ အကောင်းဆုံး လူမျိုးလို့ သတ်မှတ်ကြပါတယ်။
၂၀၁၅ ခုနှစ် ကမ္ဘာတခွင်မှာ ဂျူးလူမျိုး လူဦးရေ ၁၄.၂ သန်းရှိပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၀.၂ ရာခိုင်နှုန်းရှိတဲ့ ဂျူးလူမျိုးဟာ...
၂၀ ရာစုအတွင်း နိူဘယ်ဆုရှင်များရဲ့ ငါးပုံတစ်ပုံ၊ အမေရိကန်နိုင်ငံ ဩဇာအရှိဆုံးသူများ စာရင်းထဲက ၅၀ ရာခိုင်နှုန်း၊ အမေရိကန်နာမည်အကြီးဆုံးသော ပါမောက္ခတွေထဲမှာ ၃၀ ရာခိုင်နှုန်း၊ အမေရိကန် စာပေ၊ တေးဂီတ၊ ပြဇတ်လောက မှာ ၆၀ ရာခိုင်နှုန်း၊ ကမ္ဘာ့အချမ်းသာဆုံး လုပ်ငန်းရှင်များ စာရင်းထဲမှာ ၅၀ ရာခိုင်နှုန်း၊ Forbes စာရင်းအရ ကမ္ဘာ့အချမ်းသာဆုံးသော ပုဂ္ဂိုလ် ၄၀ ထဲမှာ ဂျူးလူမျိုးက ၁၈ ဦး တို့ဟာ ဂျူးလူမျိုးဖြစ်ကြသလို၊ သမိုင်းမှာ အလွန်ကျော်ကြားကြတဲ့ အိုင်စတိုင်း၊ ကားလ်မတ်စ်၊ တာအိုဝင် စသည်တို့ဟာ ဂျူးလူမျိုးဖြစ်ကြပါတယ်။ သုတေသနအရ ဒိလိုအောင်မြင်ရတဲ့ အကြောင်းရင်း အားလုံး ထဲမှာ ဂျူးလူမျိုးတို့ရဲ့ မိသားစုနီတိနဲ့ ကလေးပြုစုပျိူးထောင်တဲ့နည်းလမ်းများဟာ အဓိကကျတယ်လို့ဆိုပါတယ်။ သူတို့ဘာတွေကို တန်ဖိုးထားလို့ ကလေးများကို ဘယ်လိုသင်ကြားပျိုးထောင်ကြပါသလဲ။
၁။ ကိုယ့်ကိုကို ရပ်တည် အားကိုးစေခြင်း ကောင်းမွန်တဲ့ ကလေးပညာရေးဟာ တိုးတက်မူ အားလုံး၊ ကောင်းကျိုးအားလုံးရဲ့ အခြေခံဖြစ်တယ်လို့ ဂျူးတို့က ယုံကြည်ပါတယ်။ ကလေးတွေရဲ့ လွတ်လပ်တဲ့ တွေးခေါ်မူနဲ့ ကိုယ့်ကိုကို ရပ်တည်နိုင်မူ မိမိကိုယ်ကို အားကိုးတတ်မှုကို အလေးထား ပျိုးထောင်ပါတယ်။
ကလေးကို အချစ်လွန်ကဲတာမျိုး၊ ပိုးမွေးသလို မွေးတာမျိုးကို လုံးဝဆန့်ကျင်တယ်။ သူတို့စကားပုံတစ်က ဒီလိုဆိုပါတယ်။
၅ နှစ်ကလေးဟာ သင့်ရဲ့ အရှင်သခင်၊ ၁၀ နှစ်ကလေးဟာ သင့်ရဲ့ကျွန်၊ ၁၅ နှစ် ကလေးက အဖေနဲ့ တန်းတူဖြစ်သွားပြီတဲ့။ ဆိုလိုတာက ၅ နှစ်ကလေးဆိုရင် အတတ်နိုင်ဆုံးချစ်မယ်။ ပျိုးထောင်မယ်။ ၁၀ နှစ်ကျရင် သူနိုင်တဲ့ဝန်ကို ထမ်းခိုင်းမယ်။ မိဘများက သူနိုင်သမျှ အချိန်ရရင်ရသလို ခိုင်းရမယ်။ ၁၅ နှစ်ကျရင် ကိုယ်ပိုင်ဆုံးဖြတ်တတ်စေရမယ်။
၂။ စာအုပ်ချစ်တဲ့ ဓလေ့
ကလေးများ သိတတ်ခါစ အရွယ်မှာပဲ ဂျူးမိသားစုများဟာ ပျားရည်တစ်စက် တို့ထားနဲ့ ကျမ်းစာအုပ်ကို ကလေးအား နမ်းရှုံ့စေပါတယ်။
ဆိုလိုရင်းကတော့ စာအုပ်ဟာ အလွန်ချိုမြိန်ကြောင်း၊ နှစ်သက်စရာ အလွန်ကောင်းကြောင်း သိစေတဲ့ သဘောပါ။ ဂျူးမိသာစုတိုင်းလိုလို စာအုပ်စင်ထားရှိပြီး စာအုပ်စင်များကို ခေါင်းအုံးဘက်မှာ ထားရပါတယ်။ စာအုပ်ဆိုတာ ချစ်ရုံတင်နဲ့ မပြီးဘဲ လေးစားရတဲ့ သဘောပါရှိပါတယ်။ သူတို့ကိုသူတို့လည်း စာအုပ်ချစ်တဲ့ လူမျိုးလို့ တင်စားကြတယ်။ သုတေသန စာတမ်းအရ အသက် ၁၄ နှစ်အထက် ဂျူးကလေးများဟာ တစ်လအနည်းဆုံး စာအုပ်တစ်အုပ် ဖတ်ပြီးတယ်လို့ဆိုပါတယ်။
၃။ ဉာဏ်ပညာကို အလေးထားတတ်အောင် ပျိုးထောင်ပေးခြင်း။
ဂျူးမိသားစုထဲမှာ ကလေးများနည်းနည်း အသိရှိလာပြီဆိုရင် မိခင်ဖြစ်သူက ဒီလိုမေးမြန်းလေ့ရှိတယ်။ တကယ်လို့ သားရဲ့ အိမ်က မီးလောင်သွားတယ်၊ ပစ္စည်းတွေလည်း ဘာမှမကျန်အောင် အလုခံရတယ်။ သား ဘာကိုယူပြီးထွက်ပြေးမလဲတဲ့၊ ကလေးက ရွှေတို့၊ ငွေတို့ ဖြေဆိုရင် မိခင်က ပြန်စဉ်းစားအုံး၊ အဲဒီပစ္စည်းဟာ အရောင်မရှိဘူး၊ အနံ့အရသာလည်း မရှိဘူးလို့ ပြန်ပြောလေ့ရှိပါတယ်။ သားက ဉာဏ်ပညာလို့ ဖြေဆိုနိုင်တဲ့ အထိ မိခင်က တစ်ဖြည်းဖြည်း လမ်းကြောင်းပေးပါတယ်။ ကျနော်တို့ ဆီက ပညာရွှေအိုး လူမခိုးနဲ့ ခပ်ဆင်ဆင်တူပါတယ်။ ဒါပေမဲ့ ကျနော်တို့က ကလေးတွေ သူ့ဘာသာသူသိစေတာမျိုးမဟုတ်ပဲ မိဘနဲ့ ဆရာများက တိုက်ရိုက် ပြောပြတာများနေပါတယ်။
၄။ စာအုပ်အများကြီးကို ဝန်တင်ထားတဲ့လား မဖြစ်ပါစေနဲ့
စာတအားဖတ်တော့ ဒီစကားပုံ ပေါ်ပေါက်လာတယ်လို့ ယူဆရပါတယ်။ ကလေးများကို ငယ်ငယ်ကတဲက စာဖတ်‌အောင် သွန်သင်ပေးကြတယ်။ ပြီးရင် စဉ်းစားတတ်အောင် ပျိုးအောင်ပေးကြပါတယ်။ သူတို့ အယူအဆအရ ဖတ်မှတ်လေ့လာခြင်းဟာ အတုခိုးခြင်းတစ်မျိုးသာဖြစ်ပြီး စဉ်းစားတွေးခေါ်တတ်ခြင်း၊ ကိုယ်ပိုင်အမြင်ရှိခြင်းနဲ့ အသစ်ဖန်တီးတတ်ခြင်းသည်သာ အဓိကကျတယ်လို့ ယူဆပါတယ်။ ဗဟုသုတကြွယ်ဝပြီး ဘာမှမလုပ်တတ်တဲ့သူကို စာအုပ်ကို ဝန်တင်ထားတြ့ လားလို့ စကားပုံနဲ့ ခိုင်းနှိုင်းထားပါတယ်။
၅။ တွေးခေါ်ခြင်းဆိုတာ သံသယနဲ့ အဖြေတို့ ပူးပေါင်းပြီးဖြစ်ပေါ်လာတာပါ။
ဒါလည်းသူတို့ရဲ့ နာမည်ကြီးစကားပုံပါ။ မိဘစကား၊ ဆရာစကားအပါအဝင် ဘယ်သူပြောတာပဲဖြစ်ဖြစ် သံသယ အရင်ဝင်ခိုင်းပါတယ်။ သံသယတင်မှပြ အဖြေမှန်ထွက်တဲ့ သဘောပါ ကျနော်တို့ဆီက ပြောတဲ့အတိုင်း နာခံမှ လိမ္မာမယ်ဆိုတဲ့ အယူအဆနဲ့ ကွဲလွဲပါတယ်။

ကိုးကားချက် - ဗီဒီယို-
#ကလေးပျိုးထောင်နည်း

09/11/2025

TAKE YOUR TIME

It’s good to take time to eat, because the time for a meal can be a very happytime. Take time to enjoy your breakfast, lunch, and dinner. Enjoy your meal.Stop the thinking and be there fully, body and mind.

Crd:

ที่อยู่

Mae Hong Son
58000

เบอร์โทรศัพท์

+66927300085

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Love your stroyผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์