12/06/2026
ထိတ်လန့်တုန်လှုပ်ဖွယ်ရာ လူ-*သ-*တ်မှု!
ဘန်ကောက် ရတ်ချပရရွတ် ရှိ နေအိမ်တွင် မြန်မာအမျိုးသမီးတစ်ဦး ခန္ဓာကိုယ်အစိတ်အပိုင်းများ ပိုင်းဖြတ်ခံရပြီး ပလတ်စတစ်သေတ္တာထဲ အလောင်းဖျောက်ထားသည်ကို တွေ့ရှိ၊
ဦးခေါင်းကိုမူ ယခုအထိ ရှာမတွေ့သေးဘဲ ရဲတပ်ဖွဲ့မှ သံသယရှိသူ မြန်မာစားဖိုမှူးတစ်ဦးအား ဝိုင်းဝန်းပိတ်ဆို့ လိုက်လံရှာဖွေနေ
၁၂ ဇွန် ၂၀၂၆
မေလ ၁၂ ရက် ယနေ့မနက်အစောပိုင်း ၃:၃၀ နာရီအချိန်ခန့်က ဘန်ကောက်မြို့၊ ရတ်ချထေဝီ (Ratchathewi) ခရိုင်၊ မတ်ကစန် (Makkasan) ရပ်ကွက်၊ ရတ်ချပရရွတ် လမ်းသွယ် ၁၄ (Soi Ratchaprarop 14) ရှိ နေအိမ်တစ်လုံးအတွင်း လူေ-သဆုံးမှု ဖြစ်ပွားကြောင်း ရေဒီယိုဗဟိုဌာနထံ သတင်းပေးပို့ချက် ရရှိခဲ့ပါတယ်။
သတင်းရရှိပြီးနောက် ဒင်ဒဲန်း (Din Daeng) နယ်မြေခံရဲစခန်းမှ စုံစမ်းစစ်ဆေးရေးအရာရှိများ၊ မှုခင်းဆရာဝန်များနှင့် ရဲတပ်ဖွဲ့၏ သက်သေခံအထောက်အထား စစ်ဆေးရေးဌာနတို့က အခင်းဖြစ်ပွားရာနေရာသို့ ချက်ချင်း သွားရောက်စစ်ဆေးခဲ့ရာ နေအိမ်အတွင်းရှိ ပလတ်စတစ်သေတ္တာကြီးတစ်ခုထဲတွင် ခန္ဓာကိုယ်အစိတ်အပိုင်းများ ပိုင်းဖြတ်ခံထားရသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို ထိတ်လန့်ဖွယ် တွေ့ရှိခဲ့ရသဖြင့် အဆိုပါနေရာအား ဝန်းရံပိတ်ဆို့ကာ သက်သေအထောက်အထားများကို အသေးစိတ် လိုက်လံစုဆောင်းခဲ့ကြပါတယ်။
ကနဦး စစ်ဆေးချက်များအရ ေ-သဆုံးသူမှာ အသက် ၃၄ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသူ (Ms. AYE AYE NWE) ဖြစ်ကြောင်း သိရှိရပါတယ်။
အဆိုပါ လူသတ်မှုတွင် တရားခံဟု အပြင်းအထန် သံသယရှိခြင်းခံရသူမှာ သေဆုံးသူ နှင့် အလွန်နီးစပ်သည့် ဆက်ဆံရေးရှိပြီး လက်ရှိတွင် စားဖိုမှူး (Chef) အဖြစ် လုပ်ကိုင်နေသည့် မြန်မာအမျိုးသားတစ်ဦးဖြစ်ကြောင်း သိရကာ ရဲတပ်ဖွဲ့က ၎င်းအား ဖမ်းဆီးစစ်ဆေးနိုင်ရန် ခြေရာခံ လိုက်လံရှာဖွေနေပါတယ်။
လတ်တလောတွင် ရဲတပ်ဖွဲ့သည် ေ*သဆုံးသူ၏ ရုပ်အလောင်းအား သေဆုံးရသည့် အကြောင်းရင်းကို အသေးစိတ် ရှာဖွေဖော်ထုတ်နိုင်ရန် (Ramathibodi Hospital) ဆေးရုံ ရှိ မှုခင်းဆေးပညာဌာန ပို့ဆောင်ကာ ခွဲစိတ်စစ်ဆေးမှုများ ပြုလုပ်နေပါတယ်
တစ်ဖက်တွင်လည်း စုံစမ်းစစ်ဆေးရေးအရာရှိများက သက်သေအထောက်အထားများ ပိုမိုစုဆောင်းခြင်း၊ တရားခံဖြစ်သူ ထွက်ပြေးတိမ်းရှောင်နိုင်သည့် လမ်းကြောင်းများကို လိုက်လံပိတ်ဆို့ခြင်းနှင့် ဖြစ်ပွားရသည့် အကြောင်းရင်းမှန်ကို ဖော်ထုတ်ကာ ပြစ်မှုကျူးလွန်သူအား ဥပဒေအရ ပြတ်ပြတ်သားသား အရေးယူနိုင်ရန်အတွက် အရှိန်အဟုန်မြှင့် စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရပါတယ်။
သတင်း - ch 8
ဘာသာပြန် - Thai by Chanaye
#ထိုင်းသတင်း #မှုခင်းသတင်း #လူသတ်မှု #ရာဇပရရုပ် #ဘန်ကောက် #မြန်မာလုပ်သား #ထိုင်းစာလေ့လာမယ် #ฆ่าหั่นศพ #ราชปรารภ #ดินแดง #แรงงานพม่า #ข่าวอาชญากรรม
12/06/2026
ထိုင်းတစ်နိုင်ငံလုံး ဝမ်းနည်းပူဆွေးမှုဖြစ်စေသည့် တော်ဝင်နန်းတော် ထုတ်ပြန်ချက်!
သမီးတော်ကြီး ' ဖတ်ချရကိတိယာဖာ' သက်တော် ၄၇ နှစ်အရွယ်တွင် ဆေးရုံ၌ နတ်ရွာစံတော်မူပြီ
([ประกาศสำนักพระราชวัง สมเด็จพระเจ้าลูกเธอ เจ้าฟ้าพัชรกิติยาภาฯ สิ้นพระชนม์
])
၁၂ ဇွန် ၂၀၂၆
ထိုင်းတော်ဝင်နန်းတော်အဖွဲ့ရုံး၏ ထုတ်ပြန်ချက် -
သမီးတော်ကြီး "ဂျောက်ဖာ ဖတ်ချရကိတိယာဖာ နရိန်ထိရာသပ်ယဝတီ ကရွမ်လွမ် ရာချာသာရိဏီ သီရိဖတ် မဟာဝတ်ချရ ရာချာထိတာ" ( เจ้าฟ้าพัชรกิติยาภา นเรนทิราเทพยวดี กรมหลวงราชสาริณีสิริพัชร มหาวัชรราชธิดา) သည် နှလုံးရောဂါအခြေအနေကြောင့် သတိမေ့မြောကာ လဲကျတော်မူခဲ့သဖြင့်
လွန်ခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့ကတည်းက စတင်၍ ဘန်ကောက်မြို့ရှိ ထိုင်းကြက်ခြေနီအသင်း၊ စုလာလောင်ကွန်း ဆေးရုံကြီး (Chulalongkorn Hospital) တွင် တက်ရောက်ဆေးဝါးကုသမှု ခံယူခဲ့ရသည့်အခြေအနေကို တော်ဝင်နန်းတော်အဖွဲ့ရုံးမှ အစဉ်တစိုက် အစီရင်ခံ ထုတ်ပြန်ပေးခဲ့ပြီး ဖြစ်ပါတယ်။
ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက်နေ့မှစတင်၍ သမီးတော်ကြီး၏ အခြေအနေမှာ ပိုမိုဆိုးရွားလာခဲ့ပြီး အူမကြီးရောင်ရမ်းခြင်းမှတစ်ဆင့် ဝမ်းဗိုက်အတွင်း (ช่องท้อง) ပိုးဝင်ကူးစက်ခြင်း၊ သွေးဖိအား ကျဆင်းခြင်း၊ နှလုံးခုန်နှုန်းမမှန်ခြင်းနှင့် သွေးခဲစနစ် မူမမှန်ခြင်းတို့ ဖြစ်ပွားခဲ့ပါတယ်။
တော်ဝင်ဆေးဘက်ဆိုင်ရာ ပါရဂူအဖွဲ့ကြီးမှ မိမိတို့၏ စွမ်းဆောင်နိုင်ရည် အစွမ်းကုန်ဖြင့် အနီးကပ် ကြပ်မတ်ကုသပေးခဲ့သော်လည်း သမီးတော်ကြီး၏ အခြေအနေမှာ တဖြည်းဖြည်း တိုးတက်ပြောင်းလဲမှုမရှိဘဲ ပိုမိုဆိုးရွားလာခဲ့ပါတယ်။
နောက်ဆုံးတွင် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက် (ကြာသပတေးနေ့) ညနေ ၁၉:၄၈ နာရီအချိန်တွင် သမီးတော်ကြီးသည် စုလာလောင်ကွန်း ဆေးရုံကြီး၌ ငြိမ်းချမ်းစွာဖြင့် နတ်ရွာစံ (ကွယ်လွန်) တော်မူခဲ့ပြီ ဖြစ်ပြီး
စံတော်မူချိန်တွင် သက်တော် ၄၇ နှစ် ရှိပြီ ဖြစ်ပါတယ်။
ထိုင်းဘုရင်မင်းမြတ် မဟာဝဇီရာလင်္ကရဏ (Rama X) မှ သမီးတော်ကြီး၏ တော်ဝင်ရုပ်ကလာပ်တော်အား တော်ဝင်နန်းတွင်း ရိုးရာဓလေ့ထုံးတမ်းစဉ်လာနှင့်အညီ အမြင့်ဆုံးသော တော်ဝင်ဂုဏ်ပြုမှုများဖြင့် တော်ဝင်မဟာနန်းတော် (The Grand Palace) အတွင်းရှိ "ဖီမန်ရတ်တယာ" တော်ဝင်ခန်းမဆောင် (พระที่นั่งพิมานรัตยา) တွင် ပင့်ဆောင်ပူဇော်ထားရှိရန်အတွက် တော်ဝင်နန်းတော်အဖွဲ့ရုံးသို့ အမိန့်တော် ချမှတ်ညွှန်ကြားထားရှိကြောင်း ကြေညာအပ်ပါတယ်။
သတင်း อีจัน
ဘာသာပြန် Thai by Chanaye
#ထိုင်းသတင်း #တော်ဝင်နန်းတော်သတင်း #သမီးတော်ကြီး #ဂျောက်ဖာဖတ်ချရကိတိယာဖာ #နတ်ရွာစံခြင်း #ထိုင်းနိုင်ငံ #ထိုင်းစာလေ့လာမယ် #สำนักพระราชวัง #เจ้าฟ้าพัชรกิติยาภา #สิ้นพระชนม์ #ทรงพระเจริญ
08/06/2026
⚽ လာအို နိုင်ငံ ကတော့ ၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ် ၁၀၄ ပွဲစလုံး အခမဲ့ တိုက်ရိုက်ကြည့်ရှုခွင့် ရရှိသွားပြီ၊ ထိုင်းနိုင်ငံကတော့ ယခုအထိ မရေရာသေး
၈ ဇွန် ၂၀၂၆
နိုင်ငံတကာသတင်းဌာနများ၏ ဖော်ပြချက်အရ လာအိုနိုင်ငံ၏ အကြီးဆုံး ဆက်သွယ်ရေးအော်ပရေတာကြီးတစ်ခုဖြစ်သည့် "စတားတယ်လီကွန်း" (Star Telecom - Unitel) သည် အားကစားဝါသနာရှင်များအတွက် သတင်းကောင်းတစ်ခုအဖြစ် "၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ (FIFA World Cup 2026)" ၏ တိုက်ရိုက်ထုတ်လွှင့်ပြသခွင့် (Copyright) ကို အောင်မြင်စွာ အရယူနိုင်ခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်
။
ဤသဘောတူညီချက်အရ လာအိုပြည်သူပြည်သားများသည် ကမ္ဘာ့ဖလားဘောလုံးပွဲစဉ်ပေါင်း ၁၀၄ ပွဲစလုံး ကို မိမိတို့၏ လက်ကိုင်ဖုန်း သို့မဟုတ် ရုပ်မြင်သံကြားများမှတစ်ဆင့် "LaoTV" ပလက်ဖောင်းတွင် ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် အခမဲ့ (Free) တိုက်ရိုက်ကြည့်ရှုခွင့် ရရှိကြတော့မှာ ဖြစ်ပါတယ်။
ဤကဲ့သို့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို အောင်မြင်စွာ စာချုပ်ချုပ်ဆိုနိုင်ခဲ့ခြင်းကြောင့် လာအိုနိုင်ငံသည် အရှေ့တောင်အာရှ (အာဆီယံ) ဒေသတွင်း၌ ကမ္ဘာ့ဖလားတိုက်ရိုက်ပြသခွင့် ရရှိသွားသည့် ၈ နိုင်ငံမြောက် နိင်ငံ ဖြစ်လာခဲ့ပါတယ်။
ယခင်က ပြသခွင့်ရရှိထားပြီးဖြစ်သည့် အာဆီယံအဖွဲ့ဝင် ၇ နိုင်ငံမှာ -
၁။ ကမ္ဘောဒီးယား
၂။ ဗီယက်နမ်
၃။ ဖိလစ်ပိုင်
၄။ စင်ကာပူ
၅။ အင်ဒိုနီးရှား
၆။ မလေးရှား
၇။ တီမောလက်စ်တေ တို့ ဖြစ်ကြပါတယ်။
၈။ 9 ရက်ရက်နေ့မှာ မြန်မာ ပါလာပါပြီ
🔍
တစ်ဖက်တွင်မူ ထိုင်းနိုင်ငံသည် ကမ္ဘာ့ဖလားပြိုင်ပွဲကြီး စတင်ရန် ရက်ပိုင်းသာ လိုတော့သော်လည်း တိုက်ရိုက်ထုတ်လွှင့်ပြသခွင့် ရရှိရေးအတွက် မည်သည့်အရိပ်အယောင်မျှ ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။
အကြောင်းရင်းမှာ ထိုင်းနိုင်ငံရှိ ပုဂ္ဂလိကကုမ္ပဏီများနှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) တို့အကြား ပြသခွင့်မူပိုင်ခွင့်ကြေး အကျေအလည် ညှိနှိုင်းရရှိခြင်း မရှိသေးသောကြောင့် ဖြစ်ပါတယ်။
လတ်တလောတွင် အဆိုပါပြသခွင့်တန်ဖိုးမှာ ဘတ်ငွေ ၁.၃ ဘီလီယံ (ဘတ်သန်းပေါင်း ၁,၃၀၀ ခန့်) အထိ မြင့်မားလျက်ရှိကြောင်း သိရပါတယ်။
ကျန်ရှိတော့သည့် နောက်ထပ် ၃ ရက်အကြာတွင် ကမ္ဘာ့ဖလားဖွင့်ပွဲနှင့် ပထမဆုံးအဖွင့်ပွဲစဉ် စတင်တော့မည်ဖြစ်ရာ၊ ထိုင်းဘောလုံးဝါသနာရှင်များနှင့် ပြည်သူများအနေဖြင့် ကမ္ဘာ့ဖလားပွဲကြီးကို တရားဝင် ကြည့်ရှုခွင့် ရရှိမရရှိဆိုသည်ကို တစ်နိုင်ငံလုံးက ရင်တမမဖြင့် စောင့်ကြည့်နေကြရပါတယ်။
(သတင်းအရင်းအမြစ်: อีจันลั่นสนาม)
ဘာသာပြန် - Thai by Chanaye
05/06/2026
ကျွန်တော့ ရဲ့ ထိုင်းမြန်မာ ဘာသာပြန် သီချင်းများကို Thai Vibes MM page အသစ်မှာ သီးသန့်တင်ပေးတော့မှာဖြစ်ပါတယ် ခင်ဗျာ
https://www.facebook.com/profile.php?id=61590205243095&mibextid=ZbWKwL