Saunggauk, Online Academy of the Burmese Harp

Saunggauk, Online Academy of the Burmese Harp Burmese harp music class based in Bangkok, Thailand

Traditional Roots, Modern Expressions.
18/06/2026

Traditional Roots, Modern Expressions.

04/06/2026

When a Friend Asked Me About
Happy Harpers ...😉

01/06/2026

💪 ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ဖို့အတွက်တော့ အားကစားလှုပ်ရှားမှုတွေလုပ်ရပြီး စိတ်ဓာတ်ကျန်းမာကြံ့ခိုင်ဖို့အတွက်တော့ ဂီတနဲ့စတင်လို့ရပါတယ်။ ✨


#၂၀၂၆မိုးရာသီစောင်းသင်တန်း
#အွန်လိုင်းစောင်းသင်တန်းကျောင်း #စောင်းကောက်

ဟက်ပီးဟာပါစ်ပရိုဂရမ်လေးကတော့ စောင်းကောက်သင်တန်းကျောင်းရဲ့ လူထုအကျိုးပြုအစီအစဉ်တစ်ရပ်ဖြစ်ပါတယ်။ ဂီတစခန်းတွေနဲ့ ယဉ်ကျေးမှု...
14/05/2026

ဟက်ပီးဟာပါစ်ပရိုဂရမ်လေးကတော့ စောင်းကောက်သင်တန်းကျောင်းရဲ့ လူထုအကျိုးပြုအစီအစဉ်တစ်ရပ်ဖြစ်ပါတယ်။ ဂီတစခန်းတွေနဲ့ ယဉ်ကျေးမှုဆိုင်ရာပညာရေးတွေကနေတဆင့် ဗမာ့စောင်းတူရိယာကို သင်ယူလေ့လာတဲ့ အသိုက်ဝန်းလေးတစ်ခုဖြစ်လာဖို့ ရည်ရွယ်ပါတယ်။

လက်ရှိမှာတော့ ကျွန်တော်တို့ရဲ့ မိတ်ဆွေသူငယ်ချင်းများထဲမှ စောင်းတူရိယာစိတ်ဝင်စားသူများကို ရွေးချယ်ပြီး ဒီဂီတခရီး‌စဉ်လေးမှာ ပါဝင်နိုင်အောင် စီစဉ်ထားပါတယ်။ နောက်ပိုင်းမှာတော့ လူများများပါဝင်နိုင်အောင် ဒီအစီအစဉ်လေးကို ချဲ့ထွင်ဖြန့်ကျက်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

မကြာမီ ဟက်ပီးဟာပါစ်ပရိုဂရမ်က စောင်းတီးခတ်သူများရဲ့ သင်ယူလေ့လာမှုအတွေ့အကြုံတွေ၊ ဖျော်ဖြေရေးတွေကို ပြန်လည်မျှဝေ‌တင်ဆက်ပေးသွားမှာမို့ ခရီးစဉ်လေးကို စောင့်မျှော်ကြည့်ရှုအားပေးကြပါဦးနော်။

ပရိုဂရမ်လေးက စိုက်ထူနိုင်ခဲ့တဲ့ မှတ်တိုင်များ ✨

• ဗမာ့ဂီတစခန်း (၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက် မှ ဒီဇင်ဘာလ ၁၈ ရက်အထိ)
https://www.facebook.com/share/v/1MTJVDNTE7/

• ကလေးများအတွက် ဂီတနှင့်ယဉ်ကျေးမှုစခန်း (၂၀၂၃ ခုနှစ်၊ မတ်လ)
https://youtube.com/shorts/4CXOAAbuZVI?si=R4McjOjRUXTsR-m8

• စိုးစံ၊ ပုဂ္ဂလိက‌အထက်တန်းကျောင်း၊ ဗမာ့စောင်းနှင့်ရိုးရာဂီတအလုပ်ရုံဆွေးနွေးပွဲ (၂၀၂၃ ခုနှစ်၊ ဩဂုတ်လ)
https://www.facebook.com/share/p/1NhdSqhou2/

• စောင်းတီးခတ်သူများနှင့် အင်းဝသို့ အပျော်ခရီးသွားခြင်း (၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ)
အပိုင်း (၁) | https://www.facebook.com/share/v/1BCaEDtYsv/
အပိုင်း (၂) | https://www.facebook.com/share/v/1EpgnXSRkA/
အပိုင်း (၃) | https://www.facebook.com/share/v/1Dw42dc1eX/

• Happy Harpies Maymyo မှ စောင်းတီးခတ်သူများရဲ့ သာယာ အခြေခံကြိုးသီချင်းဖျော်ဖြေမှု
https://www.facebook.com/share/v/1B3Y6uzZcQ/

• Happy Harpies Maymyo မှ စောင်းတီးခတ်သူများရဲ့ နန်းဘုံသီဟာဗွေ ယိုးဒယားသီချင်းဖျော်ဖြေမှု
https://www.facebook.com/share/v/1DxFnwbV8q/

________________________

Happy Harpers is a community outreach program of the Saung Gauk Academy. Through music camps and cultural education, we hope to build a warm and inspiring community for people who are interested in learning and appreciating the Burmese harp (Saung Gauk).

At the moment, we are inviting a small group of friends and community members who are passionate about the Saung Gauk to join us on this musical journey. As the program grows, we hope to expand it sustainably so that more people can take part in the future.

In the coming months, Happy Harpers will begin sharing the learning experiences, performances, and activities of our Saung players. We warmly invite you to follow and support our journey.

Program Milestones ✨

• Burmese Music Camp (October 23 – December 18, 2021)
https://www.facebook.com/share/v/1MTJVDNTE7/

• Music and Cultural Camp for Children (March 2023)
https://youtube.com/shorts/4CXOAAbuZVI?si=R4McjOjRUXTsR-m8

• Burmese Harp and Traditional Music Workshop at Soe San Private High School (August 2023)
https://www.facebook.com/share/p/1NhdSqhou2/

• Trip to Innwa with Saung players (October 2023)
Part 1 | https://www.facebook.com/share/v/1BCaEDtYsv/
Part 2 | https://www.facebook.com/share/v/1EpgnXSRkA/
Part 3 | https://www.facebook.com/share/v/1Dw42dc1eX/

• “Tharyar” Basic Kyo Song Performance by Happy Harpies Maymyo Saung players
https://www.facebook.com/share/v/1B3Y6uzZcQ/

• “Nan Bon Thiha Bwe” Yodaya Song Performance by Happy Harpies Maymyo Saung players
https://www.facebook.com/share/v/1DxFnwbV8q/

#ဟက်ပီးဟာပါစ် #ဘန်ကောက် #ဗမာ့စောင်း #စောင်း #စောင်းကောက် #စောင်းကောက်သင်တန်းကျောင်း

ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ ဒေါင်းနဲ့ယုန်တို့ ဗောဓိပင်ကို ရေသွန်းလောင်းကြပါတယ်။ 🌳Peaceful Kasone Full Moon Day (Vesak Day). ...
30/04/2026

ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ ဒေါင်းနဲ့ယုန်တို့ ဗောဓိပင်ကို ရေသွန်းလောင်းကြပါတယ်။ 🌳

Peaceful Kasone Full Moon Day (Vesak Day). ✨

#ကဆုန်လပြည့် #ဗုဒ္ဓနေ့ #ဒေါင်းနဲ့ယုန် #စောင်းကောက်

ဒေါင်းနဲ့ယုန်လည်း join မယ်လေ ... 😁
26/04/2026

ဒေါင်းနဲ့ယုန်လည်း join မယ်လေ ... 😁

တခါက တူရိယာတစ်ခုရဲ့ အသံကို ကြားလိုက်ရတယ်။ ဘာတူရိယာမှန်းတော့ မသိခဲ့ပါဘူး။ ဒါပေမယ့် အဲဒီအသံက ရင်ထဲကို တိုက်ရိုက်ဝင်သွားတယ်...
19/04/2026

တခါက တူရိယာတစ်ခုရဲ့ အသံကို ကြားလိုက်ရတယ်။ ဘာတူရိယာမှန်းတော့ မသိခဲ့ပါဘူး။ ဒါပေမယ့် အဲဒီအသံက ရင်ထဲကို တိုက်ရိုက်ဝင်သွားတယ်။
နောက်မှ သိလိုက်ရတာ — အဲဒါ စောင်းကောက်တဲ့။
နှစ်ထောင်ချီ မြန်မာ့မြေပေါ်မှာ အမြစ်တွယ်နေတဲ့ တူရိယာ။ လူတွေရဲ့ နှလုံးသားထဲ ရာစုနှစ်များစွာ သယ်ဆောင်လာခဲ့တဲ့ အသံ။
အဲဒီနေ့ကတည်းက သင်ယူဖို့ ဆုံးဖြတ်လိုက်တယ်။
ဗမာ့ယဉ်ကျေးမှုကို ပိုပြီးနီးနီးကပ်ကပ် ခံစားကြည့်ချင်တယ်ဆိုရင် — စောင်းကောက်က သင်္ကေတတစ်ခုထက် ပိုတဲ့ ခံစားချက်တစ်ခုဖြစ်ပါတယ်။ 🌿
ဒီစာဖတ်နေတဲ့သူလည်း အဲဒီခံစားချက်ကို ရှာနေပါသလား? ✨ စောင်းကောက်အွန်လိုင်းဗမာ့စောင်းသင်တန်းကျောင်းနဲ့အတူ သင့်ခရီးကို စတင်လိုက်ပါ။
__________________

I heard a sound once. I didn't even know what instrument it was. But my heart recognized it before my mind did.
Later I found out — it was the Saung Gauk. Thousands of years old, rooted right here in Myanmar. A sound people have carried in their hearts for centuries.
That was the day I decided to learn. If you have ever wanted to feel closer to Burmese culture — the Saung Gauk is more than a symbol. It is a feeling. 🌿
Are you looking for that feeling too? ✨ Start your journey with Saunggauk Online Academy.

#စောင်း #ဗမာ့စောင်း #စောင်းသင်တန်း #ဗမာ့ယဉ်ကျေးမှု #ဗမာ့ဂီတ #ဂီတခရီး #စောင်းကောက်သင်တန်းကျောင်း

17/04/2026

မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့၊ မင်္ဂလာနှစ်သစ်အခါသမယမှစ၍ အေးတဲ့သင်္ကြန်ရေ ကြောင့် ဘေးဘယာအပေါင်း ဝေးကွာကြပါစေကြောင်း ဆုတောင်းလျက် မြို့မဦးရင်လေးရဲ့ မြူမှောင်ဝေကင်းသီချင်းနဲ့ နှစ်သစ်ကိုကြိုဆိုလိုက်ပါတယ် ... 🌿✨

မြူမှောင်ဝေကင်း | မြို့မဦးရင်လေး
________________

On the first day of the New Year, Myanmar Year 1388, may the cool Thingyan water wash away all misfortunes and keep troubles away.
With this wish, we welcome the New Year with “Myu Hmaung Way Kinn” by Myoma U Yin Lay ... 🌿✨

Myu Hmaung Way Kinn — Myoma U Yin Lay

#မြူမှောင်ဝေကင်း #မြို့မဦးရင်လေး #နှစ်ဆန်းတစ်ရက်နေ့ #မင်္ဂလာ #အေးတဲ့ရေ #သင်္ကြန်ရေ #သင်္ကြန်သီချင်း #သင်္ကြန်
#စောင်း #‌ခြောက်လုံးပတ် #နှဲ #စောင်းကောက်

16/04/2026

သင်္ကြန်အတက်နေ့ရဲ့ ညနေခင်းလေးကို အလင်္ကာကျော်စွာမြို့မငြိမ်းရဲ့ ရွှေမန်းမာလာသီချင်းလေးနဲ့ နှုတ်ဆက်လိုက်ပါတယ် ... 🍂

ရွှေမန်းမာလာ | အလင်္ကာကျော်စွာမြို့မငြိမ်း
____________________

Let’s bid farewell to this Thingyan Atat evening
with “Shwe Mann Marlar” by Myoma Nyein… 🍂

Shwe Mann Marlar — Myoma Nyein

#ရွှေမန်းမာလာ #မြို့မငြိမ်း #သင်္ကြန်အတက်နေ့ #ရေသဘင်ပွဲတော် #သင်္ကြန်သီချင်း #သင်္ကြန် #စောင်း #ခြောက်လုံးပတ် #နှဲ #စောင်းကောက်

15/04/2026

ဘာလိုလိုနဲ့ မနက်ဖြန်ဆို အတက်နေ့ရောက်ပြီနော် 💦
တစ်ဦးနဲ့တစ်ဦး ရေပက်ဖြန်းကာ ချစ်ခြင်းမေတ္တာတွေဖလှယ်ကြဖို့၊ မြန်မာ့ရိုးရာသင်္ကြန်ရဲ့ ချစ်စရာကောင်းတဲ့ ဂီတအကတွေနားဆင်ခံစားဖို့၊ စတုဒိသာတွေစားပြီး ပျော်ရွှင်ပီတိဖြစ်ကြဖို့ တစ်ရက်ပဲကျန်ပါတော့တယ်‌ ... ✨

ရွှင်လန်းချမ်းမြေ့ပါစေချင် |
ကိုခင်မောင်သန်း (တေးချစ်သူ)
ရက်မြတ်သင်္ကြန်၊ ဖိုးညိုမြ | အလင်္ကာကျော်စွာမြို့မငြိမ်း
________________

Before we know it, tomorrow is already Atat Day! 💦 There’s just one day left to splash water and share love with one another, to enjoy the charming music and dances of the traditional Thingyan festival, and to savor satudithar meals together with joy and delight ... ✨

Shwin Lan Chan Myae Bar Zay Gyin |
Ko Khin Kaung Than (Tay Chit Thu)
Yak Myat Thingyan, Pho Nyo Mya |
Alingar Kyaw Zwar Myoma Nyein

#မြန်မာ့ရိုးရာအတာသင်္ကြန် #ရေသဘင်ပွဲတော် #နှစ်သစ်ကူး #ချစ်ခြင်းမေတ္တာ #ဂီတ #အက #စတုဒီသာ #သင်္ကြန်သီချင်း #သင်္ကြန် #စောင်း #ခြောက်လုံးပတ် #နှဲ #စောင်းကောက်

ที่อยู่

Plum Condo Park Rangsit
Khlong Luang
12120

เบอร์โทรศัพท์

+959979829248

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Saunggauk, Online Academy of the Burmese Harpผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ โรงเรียนนี้

ส่งข้อความของคุณถึง Saunggauk, Online Academy of the Burmese Harp:

ทางลัด

แชร์

ประเภท