𝑯2𝑨 𝑩𝒚 𝑺𝒉𝒂𝒓𝒊𝒏𝒈

𝑯2𝑨 𝑩𝒚 𝑺𝒉𝒂𝒓𝒊𝒏𝒈 အောင်မူတစ်ခုအတွက် အတွေးအခေါ်တစ်ခုလိုအပ်သည်
မနေ့က ငါထက်ဒီနေ့ငါက ပိုတော်နေရမည်

27/11/2025

အမှန်ပြောရင်ရွာပြင်ထွက်နေရတာ
ဘုရားရှင်လက်ထက်ထဲကပါပဲ🙏🙏🙏

( ဓမ္မစေတီဆရာတော် )ဘဒ္ဒန္တကောသလ္လ

#ဘုရား
#တရား

21/11/2025

ဆဠသင်္ဂါယနာတင်ပွဲ
အစအဆုံး vdလေးပါ

အမေး။ မဟာစည်ဆရာတော်ဘုရား
အဖြေ။ မင်းကွန်းဆရာတော်ဘုရား


01/11/2025

ဗျည်း (၃၃)လုံး ဘုရားရှိခိုး



#ဘုရား
#တရား
#သံဃာ

16/10/2025

လူကြမ်းကြီးအဖေ

သီချင်း



25/02/2025
08/01/2025

အစမသိတော့
လမ်းပျောက်မှာပဲ
လမ်းထလျှောက်မှ အစတွေမှာပေါ့

 #ချစ်ဦးညို စာအုပ်တွေ ဖတ်ပြီးရင် ရာဇဝင်ကို ချစ်လာတယ်။ #ဂျူး စာအုပ်တွေ ဖတ်ပြီးရင် အချစ်ထက် အရေးကြီးတဲ့အရာတွေကိုမြင်လာတယ်။...
24/10/2023

#ချစ်ဦးညို စာအုပ်တွေ ဖတ်ပြီးရင်
ရာဇဝင်ကို ချစ်လာတယ်။

#ဂျူး စာအုပ်တွေ ဖတ်ပြီးရင်
အချစ်ထက် အရေးကြီးတဲ့အရာတွေကိုမြင်လာတယ်။

#အောင်သင်း စာအုပ်တွေဖတ်ပြီးရင်
အဓိကနဲ့သာမညကို ခွဲခြားတတ်လာတယ်။

#ချစ်နိုင် (စိတ်ပညာ) စာအုပ်တွေ ဖတ်ပြီးရင်
လူ့သဘောမနောတွေကို နားလည်လာတယ်။

#တာရာမင်းဝေ စာအုပ်တွေဖတ်ပြီးရင်
ဘောင် အပြင်ကနေ တွေးတတ်လာတယ်။

#ခင်နှင်းယု စာအုပ်တွေဖတ်မိပြီးရင်
မိန်းကလေးတွေရဲ့တန်ဖိုးကို နားလည်လာတယ်။

#ဂျာနယ်ကျော်မမလေး စာအုပ်တွေဖတ်ပြီးရင်
ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်လာတယ်။

#ခင်ခင်ထူး စာအုပ်တွေဖတ်ပြီးရင်
လောကကြီးမှာ ပိုပြီးနေတတ်လာတယ်။

#မိုးမိုး(အင်းလျား)စာအုပ်တွေဖတ်ပြီးရင်
ပေါင်းသင်းဆက်ဆံရေး အရေးပါပုံ
သိလာတယ်။

#မစန္ဒာ စာအုပ်တွေ ဖတ်ပီးရင်
ဘဝကို အေးအေးချမ်းချမ်းပဲ
ဖြတ်သန်းချင်လာတယ်

ဘယ်စာအုပ်ပဲဖတ်ဖတ်ပါ
စိတ်အာဟာရအတွက်တော့ တစ်ခုခုရတာပါပဲ။

အသက်ကြီးလာတဲ့တစ်နေ့ကျရင်
ဒီထက်ပိုများတဲ့စာအုပ်တွေကြားထဲမှာသာ
တိတ်ဆိတ်စွာ အချိန်ကုန်ချင်တာ အိပ်မက်တစ်ခုပါ။

ဘာလို့လည်းဆိုတော့
စာအုပ်တွေဆိုတာစကားမပြောတတ်ပေမယ့်
အမြဲတမ်းသစ္စာရှိတဲ့ အကောင်းဆုံးသူငယ်ချင်းတွေပါပဲ။



ယူ၍ပြန်တင်သည်
#𝐇𝐭𝐨𝐨𝐇𝐭𝐨𝐨𝐀𝐮𝐧𝐠

11/10/2023

သိခြင်ရင် လေ့လာ
တတ်ခြင်ရင် လုပ်ဆောင်
တော်ခြင်ရင် လေ့ကျင့်
ကျွမ်းကျင်ခြင်ရင် ထပ်ခါထပ်ခါလုပ်။

#𝐇𝐭𝐨𝐨𝐇𝐭𝐨𝐨𝐀𝐮𝐧𝐠

အနေရိုးပြီး  အမြင်ကျယ်သည့်ဆရာတော်ပညာတတ်ပြီးမာန်မာန  မကြီးသည့်ဆရာတော်ပါချုပ်ဆရာတော်ရဲ့ အတွေးအခေါ်တွေထဲမှာအကြိုက်ဆုံးက "ပည...
24/09/2023

အနေရိုးပြီး အမြင်ကျယ်သည့်ဆရာတော်
ပညာတတ်ပြီး
မာန်မာန မကြီးသည့်ဆရာတော်

ပါချုပ်ဆရာတော်ရဲ့
အတွေးအခေါ်တွေထဲမှာအကြိုက်ဆုံးက

"ပညာရေး လမ်းဆုံးတာလောက်
ဘဝမှာ နစ်နာတာ မရှိဘူး"

ဆိုတဲ့ အတွေးအခေါ်

နောက်ပြီး

ဆရာတော်ရဲ့ အဓိကအရည်အချင်းက

ကျမ်းညှိပြတဲ့နေရာမှာ လူတွေငေးမောကြည့်
ရတဲ့အထိ ညှိပြနိုင်တဲ့ အရည်အချင်းဆို မှားမယ် မထင်။

ဘုရားကို ယုံတယ်ဆိုတာ
တန်ခိုးစွမ်းအားကို ယုံတာ မဟုတ်ဘူး၊

ဘုရားရဲ့ အသိဉာဏ်ကို သာယုံတာ ဖြစ်တယ်ဆိုတာကို
ထပ်ခါတလဲလဲ ရှင်းပြပြီး တန်ခိုးစွမ်းအားတွေကို

ယုံကြည်တဲ့စနစ်ကို ရိုက်ချိုးပေးခဲ့တဲ့နေရာမှာ
ဆရာတော်က အအောင်မြင်ဆုံး လို့ကို ဆိုလို့ ရတယ်။

မယုံရင် လောကသားတို့အတွက်
မြတ်ဗုဒ္ဓ၏ ကြိုးပမ်းချက်များ ဖတ်ကြည့်။

သင်္ဘောသားတစ်ယောက်ကဆို

ပါချုပ်ဆရာတော်ရဲ့ တရားတွေကိုနာကြားဖြစ်ပြီးမှ
"တပည့်တော်ရဲ့ ဘဝမှာ ဘုရားပွင့်တာဘုရား"ဟု

ဆရာတော်ကို အားရဝမ်းသာလျှောက်ထားသတဲ့။

သူ့ဘဝမှာ အခုမှ ဘုရားဆိုတာဘယ်လိုပုဂ္ဂိုလ်မျိူး၊
တရားဆိုတာ ဘယ်လောက်တန်ဖိုးရှိတာ၊
သံဃာဆိုတာ ဘယ်အရာဆိုတာကို

ရှင်းရှင်းလင်းလင်းကြီး သိရတဲ့အတွက် ဒီလို ဥဒါန်းစကားကို
မြွက်ကြားခဲ့ဟန်တူတယ်။

အဲ့ဒီလိုမျိုး လူတွေရဲ့ရင်ထဲမှာ
ခံစားရတယ်ဆိုတာကလည်းခန္ဓာကိုယ် ပင်ပန်းမှုကို လုံးဝ
ဂရုမစိုက်ပဲ လူတွေရဲ့နေ့စဥ်ဘဝထဲကို

ဘုရားဟော ပါဠိတော်ကြီးတွေ ရောက်အောင်
တရားစစ် တရားမှန်ကို ကိုယ်လိုရာဆွဲမပြောပဲ

ဘုရားဟောနဲ့အညီ ချပြတော်မူခဲ့လို့ဆိုတာကလည်း
လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေတာပဲလေ။

တကယ်က အဲ့ဒီဒါယကာကြီးကိုတင်မကဘူး၊

ဆရာတော်က သူ့တရားကို
နာကြားလိုက်ရသူတွေရဲ့ ရင်ထဲမှာအသိဉာဏ်ဆိုတဲ့
ဘုရားတွေကို ပွင့်စေသူ။

အနေအထိုင် ရိုးရိုးရှင်းရှင်းဖြင့်
သာသနာတော်ကြီးကို အလှဆင်သူ။

ဘုရားဟော ပါဠိတော်စာအုပ်ကြီးတွေနဲ့
လောကကြီးကို ဆန်တက်နေသူ။

ပူလောင်မှုတွေ ပေါတဲ့ ဒီနိုင်ငံမှာ

အားလုံးရဲ့ရင်ကို အေးမြစေတဲ့ တရားရေစင်ကို ထိရောက်စွာ
ပက်ဖျန်းနိုင်သူကြီးသာ ဖြစ်ပါတယ်။

နောက်နှစ်ပေါင်းများစွာ ကြာအောင်

ကျန်းကျန်းမာမာနဲ့ တပည့်တော်တို့. သာသနာ့ကျက်သရေကို ဆက်လက်ထွန်းပြောင်တော်မူနိုင်ပါစေဟု

လှိုက်လှဲစွာ ဆုတောင်းပါ၏ဘုရား .....



ที่อยู่

133/5
Chon Buri

เบอร์โทรศัพท์

+66628868273

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ 𝑯2𝑨 𝑩𝒚 𝑺𝒉𝒂𝒓𝒊𝒏𝒈ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ โรงเรียนนี้

ส่งข้อความของคุณถึง 𝑯2𝑨 𝑩𝒚 𝑺𝒉𝒂𝒓𝒊𝒏𝒈:

ทางลัด

แชร์