Waiyan Htut Lecturer at Mae Fah Luang University
(1)

‎ကျတော်တို့က အီးစာသင်တဲ့အခါမယ် အီးစာကိုကိုင်ပြီး တဖက်ကို ပြန်ဖိနှိပ်လို့ရတယ်။ ဒါမျိုးဖိနှိပ်တာမျိုးက တဖက်သူရဲ့ ဖြစ်တည်မှ...
21/08/2026

‎ကျတော်တို့က အီးစာသင်တဲ့အခါမယ် အီးစာကိုကိုင်ပြီး တဖက်ကို ပြန်ဖိနှိပ်လို့ရတယ်။ ဒါမျိုးဖိနှိပ်တာမျိုးက တဖက်သူရဲ့ ဖြစ်တည်မှုအထိ သွားသက်ရောက်လေ့ ရှိတယ်။ အဲ့ထဲမှာ Myanmar English ထဲက လေယူလေသိမ်းကို မြန်မာ accent ငပိသံ ဆိုပြီး သတ်မှတ်လေ့ရှိတယ်။ ပြဿနာက accent ရှိခြင်းဟာ ပြဿနာလားပေါ့။

‎ဒါနဲ့ ငပိသံကို စမပြောခင် ကျတော်တို့ တော်တော်များများလေ အီးအသံနဲ့ ပတ်သက်ပြီး accent လေယူလေသိမ်းလား မှန်ကန်တဲ့ အသံထွက် pronunciation လား ကွဲရောကွဲကြလားဟင်။ ဘာလို့ဆိုတော့ အီးလိုပြောနေတုန်းမြန်မာ accent slip ဖြစ်တယ်ဆိုပြီး စနောက်ကြတဲ့ဟာသတွေမှာ တကယ်တမ်းက မြန်မာအသံယိမ်းတာကို ထုတ်ပြတာ မဟုတ်ဘဲ မြန်မာတချို့ မှားတတ်တဲ့ အသံထွက်"မှား"တာကိုပဲ ထောက်ပြကြတယ်။ (နှံ့စပ်ရင် လိုင်းပေါ်ရှာဖွေကြည့်ကြပါ)။ ဒါဟာ accent ကြောင့် မှားတာ မဟုတ်ဘဲ လေ့ကျင့်မှုလိုအပ်ချက်ကြောင့်သာ မှားတာပါ။ ‎ဒီနေရာမှာတချို့ miss ပြိုင်တဲ့သူတွေက မြန်မာသံပေါက်တာ ပြဿနာ မဟုတ်ဘဲ၊ အီးစာကို အလွတ်ကျက်ပြောတာ (အလွတ်ကျက်ပြောတော့ အဖိအဖော့ အတက်အကျ လုံးဝမမှန်ဘူး_ ဒါဟာ အသံထွကိ အမှားအောက်ကို ရောက်သွားတယ်)။ အဲ့ကြဘာဖြစ်လဲ စကားပြန်နဲ့ ဝင်ပြိုင်ပေါ့။ အာ့လဲ မဟုတ်ပြန်ဘူး။ ထားပါ။

အဲ့လိုနဲ့ ‎ခဗျားမြို့ထဲလျှောက်သွားတုန်း IS က ကလေးပိစိတွေ ပြောနေရင် ချော့မွတ်နေပြီး ကြားဖူးတဲ့ ဇာတ်ကားတွေထဲကလို ဖြစ်နေမယ်။ ဒါဟာ ခဗျားရင်းနှီးတဲ့ US accent နဲ့ ဆင်နေတာမို့။ ဆိုပေသည့် ခဗျားက ELT နဲ့ တီးမိခေါက်မိမယ်ဆို သူတို့ထဲက အသံထွက်အမှားတွေကို သတိထားမိနိုင်လိမ့်မယ်။
‎"လေယူလေသိမ်း accent မှန်သည့်တိုင်အောင် တလုံးချင်း အသံထွက်၊ အဖိအဖော့ stress ၊ အတက်အကျ intonation မှားနိုင်ပါသေးတယ်"

‎တဖက်မှာတော့ အဲ့တာတွေ အကုန်မှန်သည့်တိုင်အောင် မြန်မာစကားပြောသလိုမျိုးကြီးပဲ ခံစားနေရတယ်ဆိုရင် ဒါဟာ ခဗျားတို့ထင်လိုက်တာက ငပိသံပါနေတာပါပေါ့။ ကျတော့်အတွက်က ဒါက ဖြစ်တည်မှုတခု ဖြစ်ပြီး အဲ့ကနေ အမှားတစုံတရာမပါရင် ဒါက ပြဿနာ မရှိဘူးလို့ မြင်ပါတယ်။ ကျတော်လေ့လာကြည့်သလောက် မြန်မာလိုင်စင်ရ ဧည့်လမ်းညွှန်တော်တော်များများမှာ မြန်မာလေယူလေသိမ်း အပြည့်ရှိတာကို သတိထားမိပါတယ်။ (ဒါဟာ မြန်မာဖြစ်ချင်းရဲ့ ဂုဏ်ကိုတဖက်ကနေပြသနိုင်ပါတယ်)။ အကယ်၍ မြန်မာ accent ဝဲတဲ့ အင်္ဂလိပ်စကားပြောကို သိချင်ရင် Australia မဲဘုန်းမှာဖွင့်ထားတဲ့ ကကြီး restaurant ဆိုတဲ့ဆိုင်လေးက content သဘောကျလို့ ig link ရှိတယ်၊ ဝင်ကြည့်ကြည့်။

‎လူတွေမှာ ဘာလို့ မူရင်းလေယူလေသိမ်းကို ဖျောက်ဖျက်ချင်ရတာလဲဆိုတာကလဲ ရှိပါတယ်။ ဘာလို့ဆိုတော့ မူလပိုင်ရှင်တွေက ဖိနှိပ်တဲ့သူ ရှိလို့ပေါ့။ မြန်မာထဲမှာတော့ အချင်းချင်းလဲ ဖိနှိပ်နိုင်ပါတယ်။ ပညာတတ် ခေတ်သစ်ရပ်ဝန်းတချို့မှာတော့ အဖြူတွေမှာ ဒါမျိုးသိပ်မရှိတော့ဘဲ communication oriented mutual intelligibility ကို ပိုဦးစားပေးလာကြပါတယ်။ ဆိုပါစို့၊ မြ page ကဆရာ၊ ကိုပိ၊ ဆရာဂျက်တို့ မြန်မာစကားကို အဖြူလေယူလေသိမ်းနဲ့ ပြောသင်နေပေမဲ့ ကျတော်တို့ အသံမှန်ကန်မှုကိုပဲ နားထောင်ကြတယ်ဟုတ်။ (ဗမာဘာသာစကား လေယူလေသိမ်းအစစ်က ဘယ်နယ်ကလဲဆိုတာ တချက်လေ့လာကြည့်ပါ)။

‎ဒါပေမဲ့ မြန်မာတွေကမှ ဘာလို့ထူးပြီး အချင်းချင်းပြန်ဆော်နေကြလဲဆို ဖြစ်နိုင်တာက မြန်မာဟာ လွတ်လပ်ရေးအစထဲက English ကို ဒုတိယဘာသာစကားနဲ့ သုံးလို့ရနိုင်တဲ့နိုင်ငံ ဖြစ်လာနိုင်စွမ်းရှိခဲ့တယ်။ ဒါကြောင့် အီးဆိုတာ ပေါ့ပေါ့ပါးပါး စလုံးတွေလို မလေး ဖိလစ်ပိုင်တွေလို ဒုတိယစကားအနေနဲ့ ပြောနိုင်ရမှာ။ နေဝင်းရဲ့ ပြောင်းလဲမှုကြောင့် ကမောက်ကမဖြစ်ကုန်ပြီး ဟိုမကျ ဒီမကျဖြစ်သွားတယ်။ ပြင်ပလောကဗဟုသုတ ဖတ်တတ်ဖို့ အီးစာလိုပြီး ပြည်တွင်းရှင်သန်ရုံက မလိုတဲ့ပုံစံ ဖြစ်သွားတယ်။ ဒါကြောင့် အီးစာတတ်သူက အလိုလို ကြီးမြင့်တယ်ဆိုတာမျိုး ဖြစ်သွားတယ်။ ကိုယ့်ဖုန်းထဲက setting က မြန်မာလို ဖြစ်နေရင်ကို တဆင့်နိမ့်သွားသလို မြင်လာကြတဲ့အထိပဲဟုတ်။ အဲ့လို အီးကိုပဲ ဘာလာလာ အရာရာအားကိုးတော့ ကျွဲကူးရင်းရေပါသလို မြန်မာစကားလုံး (တရားဝင် register) ဖန်တီးမှုပါ ကျသွားတယ်။ ဒါကြောင့် ပြန်ဆက်ရရင် အီးလိုပြောသူမှန်သမျှဟာ ရုပ်ရှင်တွေ YT videos တွေထဲကလို ချောမွေ့နေမှ အီးသံပေါက်တယ်ဆိုတာကို ချွတ်ရခက်နေကြတာပဲ။

‎ဒါဆို မြန်မာမဟုတ်တဲ့ accent ရှိတဲ့သူတွေကရော စတန့်ထွင်တာလား ဆိုတာကြတော့လဲ မဟုတ်ပြန်ဘူး။ ခဗျားသာ အီးစကားကို ပထမဘာသာစကားအနေနဲ့မသုံးကြတဲ့ နိုင်ငံရောက်တာနဲ့ သူတို့လေယူလေသိမ်းတွေ ပြောပုံဆိုပုံတွေ ကူးလာမှာကြောက်တယ်ဟုတ်။ လေယူလေသိမ်းဆိုတာ အနည်းနဲ့အများတော့ ကူးပါတယ်။ ဒါကြောင့် ရေမြေခြားမှာ အနေစရလာတာနဲ့ ထိုသူတွေရဲ့ လေယူလေသိမ်းဟာ အနည်းနဲ့အများ ကူးပြောင်းလာမှာပါ။ ကျတော်တခါလေ အမေရိကန်အသံ slip ဖြစ်တတ်တယ်။ ဘာလို့ဆိုတော့ National Geographic နဲ့ကြီးပြင်းလာတာမလို့။ သို့ပေသည့် မြန်မာလေယူလေသိမ်းကို preserve လုပ်ထားတုန်းလို့ပဲ ခံယူတယ်။

‎ကျတော်တို့ အီးဆရာ၊မတွေအတွက်တော့ သပ်သပ်ထပ်ဆွေးနွေးရမယ့် ကိစ္စတခု ဖြစ်လာတယ်။ ELT စံစနစ်မှာ Cambridge IELTS နဲ့ပဲ ချိန်မယ်ဆိုရင်တောင် speaking မှာ ဘာလေယူလေသိမ်းမှ ထည့်မစဉ်းစားဘူး။ ဒါပေမဲ့ တခုတော့ ရှိတယ်။ 8.0 လောက်နဲ့ အထက်သမားတွေဟာ သူတို့ရဲ့ multimedia နဲ့ လေ့ကျင့်ချိန်၊ အထိအတွေ့က များလွန်းတာကြောင့် RP လို့ခေါ်တဲ့ received pronunciation ဗြိတိသျှပျော့ပျော့လေး (ဖတ်စာအုပ်တွေမှာ ပါနေကြအသံ) or pure American accent ပါနေတတ်တဲ့သူတွေ ရှိလိမ့်မယ်။ ဒါဟာ accent ကြောင့် အမှတ်ရတာ မဟုတ်ဘဲ accent ကို ထည့်မစဉ်းစားဘဲ ပြောပုံဆိုပုံနဲ့တင် အမှတ်ရနေတာ ဖြစ်ပါတယ်။ accent က လေ့ကျင့်ရင်း ကူးလာတာမျိုး။ တချို့ IELTS trainer တွေ မြန်မာသံဝဲတဲ့သူ၊ trainee ထဲက ဘျစ်တစ်ရှ် accent ရှိတတ်တဲ့သူ အမှတ်ထွေထူး မကွာတာတွေကို ကြည့်ရင် သိနိုင်ပါတယ်။ ဒါကြောင့် 8.5 ရတဲ့သူက အမေရိကန်အက်ဆန့်ကြီးနဲ့မို့ ကိုယ်က အက်ဆန့်ကိုပဲလေ့ကျင့်ရင်း စကားလုံးထဲက stressed syllables တောင် မမှန်ရင် အဲ့မှာ အမှတ်မကောင်းတာမျိုး ဖြစ်လာမှာပါပဲ။

‎တော်တော်များများလက်ခံတာက accent ဆိုတာ typeface font လိုပဲ။ unique ဖြစ်တယ်၊ တချိန်ထဲမှာ commonly intelligible ဖြစ်ပြန်တယ်။ အီးလိုရေးထားတဲ့ ရုံးစာတစောင်ကို ဖတ်ကြည့်တာနဲ့ ဂျပန်နိုင်ငံကလား၊ တရုတ်ကလား၊ ထိုင်းကလား မြန်မာကလား ခွဲလို့ရနေတာ official font တွေကြောင့်ပဲလေ၊ အထဲကစာသားကို ကြည့်ခွဲတာမှ မဟုတ်တာ။ အထဲကစာက မှန်တယ် စနစ်ကျတယ်ဆို ရပြီပေါ့။

‎ဒါကြောင့် ငပိသံဟာ ထွက်နေမှာပဲ။ ဒါကိုနားထောင်ရင်ပဲ ဒီကဆိုတာမျိုး ဖြစ်တည်မှုတခုကို ပြနိုင်တယ်ပေါ့။ UN မှာ အီးကို မြန်မာသံဝဲသလို ပြောလာတာ မြန်မာနိုင်ငံကမှန်း အပြည့်အဝ ပုံဖော်ပေးနိုင်မှာပေါ့။ US သံပေါက်နေရင်လဲ ဒီလူက အဲ့မှာကြီးလာ‎တာမျိုး ထင်ရင်လဲ ထင်ခံရမှာပေါ့။ ဒါပေမဲ့ မြန်မာကအသံမို့ မြန်မာအချင်းချင်း နှိမ်လိုက်မယ်ဆိုတာမျိုးက ယနေ့ အနောက်တိုင်းအဖြူစာ ဆာတက်ပေတက်တွေ ပြောနေကြတဲ့ decolonisation, anti-imperialism စတာတွေနဲ့ တလမ်းစီ ဖြစ်နေပါလိမ့်မယ်။ တခြား မြန်မာနဲ့တန်းတူ ဖိလစ်ပိုင်၊ စလုံး တို့မှာ လေယူလေသိမ်းကို အဲ့လို ကိုယ့်အချင်းချင်း ပြန်ဖိနှိပ်ကြလားတော့ မပြောတတ်။ ဒါကို လူဖြူတွေကတော့ ပေါ်ပေါ်ထင်ထင် လုပ်ချင်မှ လုပ်လိမ့်မယ်၊ ကိုယ့်အချင်းချင်းကတော့ တိုးတိုးတမျိုး ကျယ်ကျယ်တမျိုး ဆော်ကြတာပဲ။ ပြည်တွင်း ဂွမ်မာဆရာတွေဆိုလဲ prescribed database ဖြစ်တဲ့ ဖတ်စာအုပ်၊ သဒ္ဒါစာအုပ်နဲ့ မတူတာနဲ့ ပိတ်ငြင်းတော့တာ။ သူတို့ကြတော့ စံစနစ်သတ်မှတ်ချက်အောက်က ဘာအရည်အချင်းမှ မရှိဘဲ စံစနစ်စံစနစ် တတွင်တွင် ပါးစပ်ကမချတမ်းပြောတာ- တအုပ်စု။

‎အင်္ဂလိပ်ဘာသာစကားမှာ စံစနစ်တခုထဲ အလုပ်လုပ်တာ မဟုတ်ဘူး။ pragmatic, academic, business, lingua franca, Englishes စတဲ့ဟာတွေ ခြုံငုံ ဆက်ယှက်ပြီး အီးစာက ယှဉ်သန်နေတာ။ ယူတို့အားကျပါတယ်ဆိုတဲ့ နိုင်ဂံခြားက အဖြူဆရာတွေကိုယ်တိုင် C2 အထိကိုမှ near native ပဲ၊ native အဆင့်ဆိုတာ တကယ့်မြေပြင်မှာ off-radar မလို့ CEFR ထဲ မပါပါဘူးဆိုပြီး စကားကြောင်း ခင်းထားကြပြီးသား။ C2 Cambridge certificate ရရင်တောင် အဲ့အထဲမှာ "နေးတစ်စပီခါ ဖြစ်ပါပြီ" ဆိုတာ တလုံးမှ မပါဘူး။

‎အဲ့တော့ မသိသေးရင် သိအောင်ပြောပြတာက "ငပိသံ" မကလို့ ဘိန်းမုန့်သံဖြစ်ဖြစ် ကောက်ညှင်းကျည်ထုပ် အသံဖြစ်ဖြစ်၊ ထန်းညက်အသံဖြစ်ဖြစ်၊ ဘာမှမဖြစ်ဘူး။ ဌာန်ကရိုဏ်းကျတယ်၊ အဖိအဖော့ အတက်ကျ လိုသလို အဓိပ္ပါယ်ရှိသလို ပြောနိုင်ရင်ရပြီ။ ပြင်သစ်သမ္မတတောင် ဘာသာအပြန်လွန်ပြီး ဩစတြေးလျ ဝက ကို "your delicious wife" ဆိုပြီး စင်ပေါ် မှားပြောမိသေးတယ်။ ရှာကြည့်။

အဲ့တော့ စိတ်နည်းနည်းလျှော့ကြ၊ ကွကို RP မကလို့၊ အာဖရိကန်-အမေရိကန် accent ပဲရှိရှိ ပြဿနာမရှိဘူး။ ကိုယ့်နိုင်ငံသားအချင်းချင်း အပေါ်စီးကနေ စာဖတ်နိုင်တယ် (စာဖတ်ချင်ယောင် ဆောင်နိုင်တယ်) အထင်နဲ့ သူ့ဘာသာနေနေသူတွေကို ဖိနှိပ်ချင်တာ လျှော့ကြ။

ဆရာဖြိုးဝေထွန်း တီချယ်သူသူနဲ့ ကျတော်တို့လုပ်ခဲ့တဲ့စာတမ်းထွက်ပါပြီ။ ကျတော့်နာမည်က last name H ကြောင့် ထိပ်ဆုံးဆိုပေမဲ့ ၃ ...
18/08/2026

ဆရာဖြိုးဝေထွန်း တီချယ်သူသူနဲ့ ကျတော်တို့လုပ်ခဲ့တဲ့စာတမ်းထွက်ပါပြီ။ ကျတော့်နာမည်က last name H ကြောင့် ထိပ်ဆုံးဆိုပေမဲ့ ၃ ယောက်လုံးက first authorship share ပါ။

https://doi.org/10.1108/AIIE-06-2025-0125

03/08/2026

Mingling icebraking အတွက် visual aid site လေးပါ- အခမဲ့ပါ. စိတ်ဝင်စားရင် comment မှာ မန့်ပေးပါ။ link ချပေးပါမယ်။

01/08/2026

Rate my PPTX according to the CEFR 😎

Grade 12 English app က ၂ လပြည့်ပြီးတဲ့အချိန်မှာတော့ အသုံးပြုသူ ၁၀၀ ကျော်သွားပါပြီ။သုံးတဲ့သူတွေ ဆက်ပြီးတော့လဲ တက်နေတုန်းပ...
28/07/2026

Grade 12 English app က ၂ လပြည့်ပြီးတဲ့အချိန်မှာတော့ အသုံးပြုသူ ၁၀၀ ကျော်သွားပါပြီ။
သုံးတဲ့သူတွေ ဆက်ပြီးတော့လဲ တက်နေတုန်းပါပဲ။ မေးခွန်းနမူနာထုတ်ချင်လား၊ လေ့ကျင့်ခန်း လေ့ကျင့်ချင်လား၊ vocab ကျက်ချင်လား၊ unseen passage ဖတ်ချင်လား၊ essay letter မေးခွန်းအသစ်ဖတ်ချင်လား၊ dialogue အသစ်တွေ လိုချင်လား၊ တနေရာထဲမှာ မေးခွန်း ၃ နာရီစာ စိတ်ကြိုက်ထုတ်လို့ရတဲ့ website ပါ။

https://grade12-english.web.app

၁၂ တန်း အင်္ဂလိပ်စာအတွက် ဖုန်းထဲမှာ ရှယ်ဖြုတ် လေ့ကျင့်ကြသူများဇူလိုင် ၁ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ အသုံးပြုသူ ၉၆ ယောက် ရှိလာ...
23/07/2026

၁၂ တန်း အင်္ဂလိပ်စာအတွက် ဖုန်းထဲမှာ ရှယ်ဖြုတ် လေ့ကျင့်ကြသူများ
ဇူလိုင် ၁ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ အသုံးပြုသူ ၉၆ ယောက် ရှိလာပါပြီ။ 💀
မေးခွန်းနမူနာကို ထုတ်ဒေါင်းတာ ၂၄၅ စောင် ရှိပါတယ်။ 🔥
exercise တခုကို ပြီးအောင်လေ့ကျင့်ဖြစ်တဲ့ အကြိမ်ရေက ၃၂၂ ကြီမ် ရှိပါတယ်။😉
initial letter ကို အများဆုံး လေ့ကျင့်ကြပြီး ၁၄၄ ကြိမ် ရှိပါတယ်။🧐
MCQ ကတော့ ၆၂ ကြိမ်ပါ။🫵
စကားလုံးကျက်တဲ့ Leitner ကိုတော့ ၃၃ ကြိမ် လေ့ကျင့်ထားကြပါတယ်။😇

ဒါကြောင့် ၂၅၀၀၀ နဲ့ ရေရေလည်လည်တန်အောင် အသုံးချကြတဲ့ ဆရာ/မ ကျောင်းသားများအတွက် essay letter မှာ အဖြေနမူနာကို မထည့်ပေးဘဲ ဘာတွေထည့်သုံးရမလဲဆိုတဲ့ vocab, grammar, tenses တွေ ကို mock test answer key မှာ အောက်ကလို ထည့်ပေးထားပါပြီ။

အစမ်းသုံးမယ်ဆိုရင်တော့ အောက်က link မှာ ဝင်သုံးပါ။👇👇

https://grade12-english.web.app/

ဝယ်မယ်ဆို cb မှာ လာဝယ်လို့ ရပါပြီ။

HR: မနက်ဆို အလုပ်ခနခန နောက်ကျတယ်နော်Me: ကွက်ကွက်နဲ့တူတဲ့ကြောင်က ဆိုင်ကယ်ပေါ် တက်တက် အိပ်နေတာနဲ့ကြောင့်ပါ 😭
21/07/2026

HR: မနက်ဆို အလုပ်ခနခန နောက်ကျတယ်နော်
Me: ကွက်ကွက်နဲ့တူတဲ့ကြောင်က ဆိုင်ကယ်ပေါ် တက်တက် အိပ်နေတာနဲ့ကြောင့်ပါ 😭

Whiteboard markers မေ့ခဲ့တာနဲ့ Miro cross-device နဲ့ စာသင်ဖြစ်ပါတယ်။အထဲကစာကြောင်းတွေကတော့ တပည့်တွေပဲ ရေးထားတာပါ၊ ကျတော်တ...
15/07/2026

Whiteboard markers မေ့ခဲ့တာနဲ့ Miro cross-device နဲ့ စာသင်ဖြစ်ပါတယ်။
အထဲကစာကြောင်းတွေကတော့ တပည့်တွေပဲ ရေးထားတာပါ၊ ကျတော်တိုက်တွန်းထားတာ မဟုတ်ရပါ။ 😀😁😎😎😎

သူများတွေ အိပ်မက်ထဲ ဆယ်တန်းပြန်ဖြေရတယ်ဆိုတဲ့ ခြောက်ခြားမှုကြီးကို အခုထိမခံစားဖူးဘူး။ ဒါပေမဲ့ တနေ့ညကတော့ အဲ့လိုခံစားဖူးပြ...
13/07/2026

သူများတွေ အိပ်မက်ထဲ ဆယ်တန်းပြန်ဖြေရတယ်ဆိုတဲ့ ခြောက်ခြားမှုကြီးကို အခုထိမခံစားဖူးဘူး။ ဒါပေမဲ့ တနေ့ညကတော့ အဲ့လိုခံစားဖူးပြီ။

အိပ်မက်ထဲမှာ KMUTT က ဌာနကနေ Zoom meeting ခေါ်ပြီး နင်တက်ခဲ့တဲ့အထဲ credit ၃ ခုက အကျုံးမဝင်ဘူး၊ နင့်ဘာသာနင် ထည့်ထားတာဆိုပြီး ကော်မတီတဖွဲ့လုံးရော စူပါဗိုက်ဆာကပါ လှမ်းဆူတာတဲ့။ အဲ့တော့ ဘွဲ့ကပေးပြီးပြီဆို အဲ့ ၃ ခုစာကို အခုချက်ချင်း ပြန်လာတက်ပါဆိုပြီး အိပ်မက်မက်တာ 😭😭😭😭

တကယ်က မဟာတန်းအတွကိလိုမယ့် credit ထက် ၃ ခုတောင်ပိုတက်ခဲ့တာ 😭

ที่อยู่

Chiang Rai
57100

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Waiyan Htutผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ โรงเรียนนี้

ส่งข้อความของคุณถึง Waiyan Htut:

ทางลัด

แชร์