21/05/2026
🟥 အင်္ဂလိပ်လို ပြောချင်ပေမဲ့ ပြောမထွက်ဘူးဖြစ်နေပါသလား။ ပြောတော့ပြောထွက်တယ် ဒါပေမဲ့ Broken English တွေဖြစ်နေပါသလား။ ဝါကျတစ်ကြောင်းကို စနစ်တကျ မတည်ဆောက်တာ၊ အရေးကြီးတဲ့ Grammar Patterns တွေကိုလည်း ရှင်းရှင်းလင်းလင်းနားမလည်တာမျိုး ဖြစ်နေပါသလား။
👨🏫 ဒါဆိုရင် လာမယ့် (၄.၆.၂၀၂၆) မှာ စတင်မယ့် Grammar & Speaking Foundation အတန်း ရှိပါတယ်ခင်ဗျ။ ဒီသင်တန်းမှာ သင်ပေးသွားတဲ့ သင်ခန်းစာတွေကို သေချာတစိုက်မတ်မတ် လိုက်ပြီး လေ့လာလေ့ကျင့်မယ်ဆိုရင်၊ ကိုယ့်ရဲ့ English Skills က သိသိသာသာ တိုးတက်လာပါလိမ့်မယ်။
👨🏫 ဒီသင်တန်းမှာ ဆရာကိုယ်တိုင် ZOOM နဲ့ Face-to-face သင်ကြား လေ့ကျင့်ပေးမှာဖြစ်ပါတယ်။ သင်ပြီးသား သင်ခန်းစာတွေကိုလည်း အချိန်အခါမရွေးပြန်ပြီး Review လုပ်နိုင်အောင် Recordings တွေအားလုံး ပြန်ပေးသွားမှာ ဖြစ်ပါတယ်။
👨🏫 ဒီသင်တန်းမှာ (Cambridge) Essential Grammar in Use ဆိုတဲ့ စာအုပ်ထဲက မသိမဖြစ် သိထားရမယ့် သင်ခန်းစာ ၆၀ ဝန်းကျင်အပြင်၊ (Oxford) Speak Now စာအုပ်ထဲက အခြေခံ Speaking & Listening သင်ခန်းစာ ၂၄ ခန်း၊ စုစုပေါင်း သင်ခန်းစာ ၉၀ ခန့်ပါဝင်မှာဖြစ်ပါတယ်။
✅ သင်တန်းအသေးစိတ်
🟩 နေ့ရက်။ ကြာသပတေး၊ သောကြာ၊ စနေ
🟩 အချိန်။ ည ၇း၁၅ – ၈း၃၀
🟩 ကာလ။ ၂ လ ခွဲ (၄.၆.၂၀၂၆ – ၂၀.၈.၂၀၂၆)
🟩 သင်တန်းကြေး။ ၂၀၀၀၀၀ ကျပ်
==========================
👨🏫 Grammar အခြေခံရတယ်၊ နေ့စဥ်သုံး အင်္ဂလိပ်စကားပြောအပိုင်းကို အဓိက လေ့လာချင်ပါတယ်ဆိုတဲ့ သူတွေအတွက် Everyday English Conversations သင်တန်း ရှိမှာ ဖြစ်ပါတယ်။
👨🏫 ဒီသင်တန်းမှာတော့ နေ့စဥ် ကြုံတွေ့ရမယ့် အခြေအနေအမျိုးမျိုးမှာ အသုံးတည့်မယ့် အင်္ဂလိပ်စကားပြောအပိုင်းကို အဓိက သင်ပေးမှာ ဖြစ်ပါတယ်။
👨🏫 သင်တန်းမှာ ဒီအကြောင်းအရာတွေ (Small Talk, Daily Life, Shopping, At a Restaurant, Health, Hotel, At a Bank, Buying a Car, Renting an Apartment, Travel, Employment, etc.) ပါဝင်မှာ ဖြစ်ပါတယ်။
✅ သင်တန်းအသေးစိတ်
🟩 နေ့ရက်။ ကြာသပတေး၊ သောကြာ၊ စနေ
🟩 အချိန်။ ည ၈း၄၅ - ၁၀း၁၅
🟩 ကာလ။ ၂ လ (၄.၆.၂၀၂၆ - ၄.၈.၂၀၂၆)
🟩 သင်တန်းကြေး။ ၁၅၀၀၀၀ ကျပ်
==========================
👨🏫 သင်တန်းကို တက်ရောက်ဖို့ စိတ်ဝင်စားတယ်ဆိုရင် (နာမည်၊ ပညာအရည်အချင်း၊ လိပ်စာ၊ ဖုန်းနံပါတ်ဖြင့်) Messenger မှာ စာရင်းပေးနိုင်ပါတယ်ခင်ဗျ။
📌 အထူးအစီအစဥ် 🎁🎁🎁
👨🏫 ပထမဦးဆုံး အပ်နှံတဲ့ ကျောင်းသား အယောက် ၂၀ ကို၊ Speaking, Listening, & Vocabulary အပိုင်းမှာ အလျင်အမြန် တိုးတက်လာစေဖို့ အများကြီး အထောက်အကူဖြစ်စေမယ့်၊ ၆၀၀၀၀ ကျပ်တန် (Learn English with Movies_The Croods) ဆိုတဲ့ Pre-recorded English Course တစ်ခု လက်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။
👨🏫 ဆရာ့သင်တန်းတွေမှာတော့ မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်က ကျောင်းသားတွေအပြင်၊ ထိုင်း၊ စင်္ကာပူ၊ မလေးရှား၊ ယူအက်စ်၊ အင်္ဂလန်၊ စတဲ့ နိုင်ငံတွေကနေ တက်ရောက်ကြတဲ့ ကျောင်းသားတွေလည်း ရှိပါတယ်ခင်ဗျ။