Mudraminds The word Mudra comes from the Sanskrit language, meaning spiritual connections.

မုဒြာဆိုသည်မှာ Sanskrit ဘာသာစကားဖြစ်ပြီး စိတ်ဝိဉာဉ်ချိတ်ဆက်မှုလို့ အဓိပ္ပါယ်ရပါတယ်။အပြန်အလှန် လေးစားပြီး ပံ့ပိုးတတ်တဲ့ အသိုင်းဝန်းလေးတွေ ဖေါ်ဆောင်ဖို့ ရည်ရွယ်ထားတဲ့ video series များ၊ စာအုပ်များ နှင့် resources များကို စုစည်းတင်ပြပေးသွားမှာဖြစ်ပါတယ်။ MudraMinds aims to promote meaningful connections between actions, thoughts, and communication that are inclusive, respectful, and safe for oneself and others. This page will share content related to resource development, training programs, tech-related initiatives, trainings for people from vulnerable communities and other innovative projects to promote inclusion, equity, and respectful communities for everyone.

ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှုနေ့   (World Humanitarian Day) 🤍🌱---------------------------------------------------‎လူသာ...
19/08/2026

ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှုနေ့
(World Humanitarian Day) 🤍🌱

---------------------------------------------------

‎လူသားချင်းစာနာမှုဆိုတာ တခြားသူတွေရဲ့ ခံစားချက်ကို နားလည်ပေးခြင်း၊ ကရုဏာတရား ပွားများခြင်းနဲ့ ကိုယ်တတ်နိုင်တဲ့ အခန်းကဏ္ဍကနေ အနည်းအများ ပမာဏ မထားဘဲ ကူညီပေးခြင်းကနေ စတင်ပါတယ်။

‎ဒီနေ့ သြဂုတ်လ (၁၉) ရက်နေ့မှာ ကျရောက်တဲ့ World Humanitarian Day (ကမ္ဘာ့လူသားချင်းစာနာထောက်ထားမှုနေ့) မှာ Mudraminds မိသားစုက‌နေ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စေတနာ့ဝန်ထမ်းများနဲ့ ကူညီစောင့်ရှောက်သူများအားလုံးကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုလိုက်ပါတယ်။

"The highest form of knowledge is kindness." - Bill Bullard

‎(အသိဉာဏ်ပညာရဲ့ အမြင့်မားဆုံးသော ပုံသဏ္ဌာန်ဟာ ကြင်နာတတ်ခြင်းပဲ ဖြစ်ပါတယ်။)

‎အနာဂတ်ကမ္ဘာကြီး သာယာလှပဖို့ဆိုတာ ပညာရေးတစ်ခုတည်းနဲ့တင် မလုံလောက်ပါဘူး။ စာတော်ပြီး ထက်မြက်ရုံတင်မကဘဲ -

🤍‎တခြားသူတွေရဲ့ ခက်ခဲမှုကို စာနာပေးတတ်သူ၊

🤍‎ကူညီစရာရှိရင် အတ္တမပါဘဲ လက်ကမ်းပေးတတ်သူ၊

🤍‎နွေးထွေးတဲ့ စိတ်ထားနဲ့ မေတ္တာတရားကို မျှဝေပေးနိုင်သူ၊

‎စတဲ့"ကောင်းမွန်တဲ့ စိတ်ထားဖြူစင်သူလေးများ" ဖြစ်လာစေဖို့လည်း ပညာရေးနဲ့အတူ ပြုစုပျိုးထောင်ပေးဖို့ အရေးကြီးပါတယ်။

‎ကျောင်းသူ/ကျောင်းသားလေးတွေရဲ့ ရင်ထဲမှာ "ကရုဏာတရား" နဲ့ "အချင်းချင်း ရိုင်းပင်းကူညီလိုစိတ်" တွေကို မျိုးစေ့ချပေးခြင်းဖြင့် ပိုမိုနွေးထွေးတဲ့ အသိုင်းအဝိုင်းတစ်ခုကို အတူတကွ တည်ဆောက်ကြရ‌အောင်‌နော်။ 🤝✨

မေတ္တာဖြင့်

👥 အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့        (International Youth Day)--------------------------------------------လူငယ်ဘဝဆိုတာ...
12/08/2026

👥 အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့
(International Youth Day)

--------------------------------------------

လူငယ်ဘဝဆိုတာ မီးတောက်တစ်ခုလိုပဲ စူးစမ်းလိုစိတ်တွေ၊ ကြီးမားတဲ့ အိပ်မက်တွေနဲ့ အမြဲတမ်း တက်ကြွဆန်းသစ်နေတတ်ပါတယ်။ သူတို့ရဲ့ နေ့စဉ်တွေးခေါ်တဲ့ အတွေးအမြင်သစ်တွေ၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်ချင်တဲ့ သတ္တိတွေနဲ့ အမှားအမှန်ကို ရှာဖွေလိုတဲ့ စိတ်ဓာတ်တွေဟာ ကျွန်မတို့ လူမှုအသိုင်းအဝိုင်းကို ပိုမိုကောင်းမွန်တဲ့ လမ်းကြောင်းပေါ် ရောက်အောင် တွန်းပို့ပေးနေတဲ့ အဓိက စွမ်းအင်တွေပဲ ဖြစ်ပါတယ်။

ဩဂုတ်လ (၁၂) ရက်နေ့မှာ ကျရောက်တဲ့ "အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့" ဟာ ထိုကဲ့သို့ တောက်ပတဲ့ အလားအလာတွေ ရှိနေတဲ့ ကမ္ဘာ့လူငယ်ထုတစ်ရပ်လုံးကို အသိအမှတ်ပြု ဂုဏ်ပြုတဲ့ နေ့ထူးနေ့မြတ်တစ်နေ့ ဖြစ်ပါတယ်။ ဒီနေ့လေးမှာ ကျွန်မတို့ ပတ်ဝန်းကျင်က လူငယ်လေးတွေရဲ့ အသံကို ပိုပြီး နားထောင်ပေးဖို့နဲ့ သူတို့ရဲ့ ပင်ကိုယ်စွမ်းရည်တွေကို ပိုမို အသိအမှတ်ပြုပေးဖို့ အချိန်လေးတစ်ခု ဖန်တီးကြရအောင်နော်။

လူငယ်တစ်ယောက်ရဲ့ သင်ယူမှု ခရီးလမ်းဟာ စာသင်ခန်းထဲက ပညာရပ်တွေတင်မကဘဲ လက်တွေ့ဘဝရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်မယ့် မှန်ကန်တဲ့ စိတ်နေသဘောထားတွေ ပျိုးထောင်ပေးဖို့လည်း လိုအပ်ပါတယ်။ သူတို့ရဲ့ ပင်ကိုယ်ဖန်တီးနိုင်စွမ်းကို ယုံကြည်ပေးတာ၊ စိတ်ကူးသစ်တွေကို လွတ်လပ်စွာ ဖော်ထုတ်ခွင့်ပေးတာ စတဲ့ နေ့စဉ်ဘဝရဲ့ အပြုအမူ သေးသေးလေးတွေကနေတစ်ဆင့် သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနဲ့ တွေးခေါ်မြော်မြင်မှုကို ဝိုင်းဝန်းမြှင့်တင်ပေးနိုင်ပါတယ်။

ဒါဟာ အနာဂတ်မှာ ပိုမိုရှင်သန်ရလွယ်ကူပြီး အနှစ်သာရရှိတဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်လာဖို့ အစပျိုးပေးတာလည်း ဖြစ်ပါတယ်။

လူငယ်တွေရဲ့ ထိုးထွင်းသိမြင်မှုတွေကို နေရာပေးရင်း၊ နေ့စဉ်ဘဝရဲ့ သင်ယူမှုခရီးလမ်းမှာ သူတို့နဲ့အတူ ရင်းရင်းနှီးနှီး လမ်းပြပံ့ပိုးပေးကာ ပိုမိုတောက်ပတဲ့ မနက်ဖြန်တွေကို အတူတူ ဝိုင်းဝန်းစောင့်ရှောက်သွားကြပါမယ်နော်။

မေတ္တာဖြင့်
ဆရာမ

12/08/2026

👥 အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့
(International Youth Day)

--------------------------------------------

လူငယ်ဘဝဆိုတာ မီးတောက်တစ်ခုလိုပဲ စူးစမ်းလိုစိတ်တွေ၊ ကြီးမားတဲ့ အိပ်မက်တွေနဲ့ အမြဲတမ်း တက်ကြွဆန်းသစ်နေတတ်ပါတယ်။ သူတို့ရဲ့ နေ့စဉ်တွေးခေါ်တဲ့ အတွေးအမြင်သစ်တွေ၊ စိန်ခေါ်မှုတွေကို ရင်ဆိုင်ချင်တဲ့ သတ္တိတွေနဲ့ အမှားအမှန်ကို ရှာဖွေလိုတဲ့ စိတ်ဓာတ်တွေဟာ ကျွန်မတို့ လူမှုအသိုင်းအဝိုင်းကို ပိုမိုကောင်းမွန်တဲ့ လမ်းကြောင်းပေါ် ရောက်အောင် တွန်းပို့ပေးနေတဲ့ အဓိက စွမ်းအင်တွေပဲ ဖြစ်ပါတယ်။

ဩဂုတ်လ (၁၂) ရက်နေ့မှာ ကျရောက်တဲ့ "အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့" ဟာ ထိုကဲ့သို့ တောက်ပတဲ့ အလားအလာတွေ ရှိနေတဲ့ ကမ္ဘာ့လူငယ်ထုတစ်ရပ်လုံးကို အသိအမှတ်ပြု ဂုဏ်ပြုတဲ့ နေ့ထူးနေ့မြတ်တစ်နေ့ ဖြစ်ပါတယ်။ ဒီနေ့လေးမှာ ကျွန်မတို့ ပတ်ဝန်းကျင်က လူငယ်လေးတွေရဲ့ အသံကို ပိုပြီး နားထောင်ပေးဖို့နဲ့ သူတို့ရဲ့ ပင်ကိုယ်စွမ်းရည်တွေကို ပိုမို အသိအမှတ်ပြုပေးဖို့ အချိန်လေးတစ်ခု ဖန်တီးကြရအောင်နော်။

လူငယ်တစ်ယောက်ရဲ့ သင်ယူမှု ခရီးလမ်းဟာ စာသင်ခန်းထဲက ပညာရပ်တွေတင်မကဘဲ လက်တွေ့ဘဝရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်မယ့် မှန်ကန်တဲ့ စိတ်နေသဘောထားတွေ ပျိုးထောင်ပေးဖို့လည်း လိုအပ်ပါတယ်။ သူတို့ရဲ့ ပင်ကိုယ်ဖန်တီးနိုင်စွမ်းကို ယုံကြည်ပေးတာ၊ စိတ်ကူးသစ်တွေကို လွတ်လပ်စွာ ဖော်ထုတ်ခွင့်ပေးတာ စတဲ့ နေ့စဉ်ဘဝရဲ့ အပြုအမူ သေးသေးလေးတွေကနေတစ်ဆင့် သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုနဲ့ တွေးခေါ်မြော်မြင်မှုကို ဝိုင်းဝန်းမြှင့်တင်ပေးနိုင်ပါတယ်။

ဒါဟာ အနာဂတ်မှာ ပိုမိုရှင်သန်ရလွယ်ကူပြီး အနှစ်သာရရှိတဲ့ လူ့အဖွဲ့အစည်းတစ်ခု ဖြစ်လာဖို့ အစပျိုးပေးတာလည်း ဖြစ်ပါတယ်။

လူငယ်တွေရဲ့ ထိုးထွင်းသိမြင်မှုတွေကို နေရာပေးရင်း၊ နေ့စဉ်ဘဝရဲ့ သင်ယူမှုခရီးလမ်းမှာ သူတို့နဲ့အတူ ရင်းရင်းနှီးနှီး လမ်းပြပံ့ပိုးပေးကာ ပိုမိုတောက်ပတဲ့ မနက်ဖြန်တွေကို အတူတူ ဝိုင်းဝန်းစောင့်ရှောက်သွားကြပါမယ်နော်။

မေတ္တာဖြင့်

အသက်အရွယ်တိုင်းရဲ့ ရင်ဘတ်ထဲ ဆောင်ထားမယ့် ကြည်လင်ကောင်းကင်ပြာ အသက်ရှင်ရတဲ့ ဘဝခရီးလမ်းမှာ ရာသီဥတုက အမြဲတမ်း သာယာမနေတတ်ပါဘူ...
07/08/2026

အသက်အရွယ်တိုင်းရဲ့ ရင်ဘတ်ထဲ ဆောင်ထားမယ့် ကြည်လင်ကောင်းကင်ပြာ

အသက်ရှင်ရတဲ့ ဘဝခရီးလမ်းမှာ ရာသီဥတုက အမြဲတမ်း သာယာမနေတတ်ပါဘူး။ တစ်ခါတရံ မုန်တိုင်းထန်မယ်၊ တစ်ခါတရံ မိုးအုံ့မယ်။ အဲဒီလို အချိန်မျိုးမှာ စိတ်သောကတွေကို ကိုယ်တိုင် ကုစားနိုင်ဖို့နဲ့ ရင်ထဲက အေးချမ်းမှုကို ရှာဖွေနိုင်ဖို့ဆိုရင် အဝတ်အစားနဲ့ အသုံးအဆောင်တွေအပြင်... နေ့စဉ်ဘဝမှာ အမြဲတမ်း အသင့်ထုတ်သုံးလို့ရမယ့် " စိတ်ကို ပြန်လည်တည်ငြိမ်စေမယ့် အလေ့အကျင့်ကောင်းလေးတွေ" ရင်ထဲမှာ ရှိနေဖို့ လိုအပ်ပါတယ်။

အဲဒီလို ဘဝတစ်လျှောက်လုံးအတွက် မရှိမဖြစ်လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ အလေ့အကျင့်ကောင်းတွေကို စနစ်တကျ လမ်းညွှန်ပေးထားတာကတော့ Clear Blue Sky (CBS) Workbook ပဲ ဖြစ်ပါတယ်။ ဒါဟာ စာသင်ခန်းထဲမှာတင် ပြီးဆုံးသွားမယ့် ကျောင်းစာအုပ်တစ်ခုတင် မဟုတ်ဘဲ၊ ကလေးငယ်ဘဝကနေ လူကြီးဘဝ ရောက်တဲ့အထိ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှု၊ ခံနိုင်ရည်ရှိမှုနဲ့ အခက်အခဲတွေကို ရင့်ကျက်စွာ ဖြေရှင်းနိုင်အောင် အဆင့်ဆင့် ပျိုးထောင်ပေးတဲ့ ဘဝတွက်တာ အဖော်မွန်လေးတစ်ခုပေါ့

ကလေးငယ်ဘဝကနေ ဆယ်ကျော်သက်အရွယ်အထိ သူတို့ရဲ့ အရွယ်အလိုက် ပြောင်းလဲလာတဲ့ စိတ်ကူးခံစားချက်တွေအပေါ် မူတည်ပြီး... ဒီ workbook လေးဟာ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတွေကို ရင်ထဲမှာ အမြစ်တွယ် ရှင်သန်လာအောင် ပျိုးထောင်ပေးရင်း သူတို့ရဲ့ ဘဝခရီးလမ်း တစ်ကွေ့ချင်းစီအလိုက် အခုလိုပဲ ရေရှည်အကာအကွယ်ပေးသွားမှာ ဖြစ်ပါတယ်။

အသက် ၆ နှစ်ကနေ ၉ နှစ်အရွယ်အထိ ကလေးတို့သဘာဝ စတင်ကြီးပြင်းလာတဲ့ အရွယ်တွေမှာတော့ မိမိရဲ့ ပျော်ရွှင်မှု၊ ဝမ်းနည်းမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို အလိုလို သိမြင်နားလည်လာဖို့ အင်မတန် အရေးကြီးပါတယ်။ CBS က ကလေးတွေကို တင်းကျပ်တဲ့ ဘောင်တွေထဲ မသွင်းဘဲ ပုံဆွဲခြင်း၊ ပဟေဠိညှိခြင်းနဲ့ ပုံပြင်လေးတွေကတစ်ဆင့် မိမိရဲ့ စိတ်ခံစားချက်ကို ကိုယ်တိုင် မှတ်မိစေပြီး၊ ရုတ်တရက် ဒေါသထွက်စရာ ကြုံလာရတဲ့အခါ လေကို ဝဝရှူသွင်း ရှူထုတ်တာ၊ ၅ မိနစ်စာ တရားမှတ်တာမျိုးနဲ့ စိတ်ကို ချက်ချင်း ပြန်လည်တည်ငြိမ်အောင် အခြေချတတ်တဲ့ လေ့ကျင့်ခန်းလေးတွေကို ကလေးတို့ရဲ့ အသိစိတ်ထဲမှာ ရိုးရှင်းစွာ ကိန်းအောင်းသွားစေဖို့ လမ်းစဖွင့်ပေးလိုက်တာဖြစ်ပြီး၊ ဒါဟာ သူတို့ ကြီးပြင်းလာမယ့် လမ်းခရီးအတွက် စိတ်ပိုင်းဆိုင်ရာ အုတ်မြစ်ကောင်းတစ်ခု ဖြစ်လာစေပါတယ်။

အသက် ၁၀ နှစ်ကနေ ၁၄ နှစ်ဝန်းကျင်အရွယ် စတင်ကြီးပြင်းလာလို့ စိန်ခေါ်မှုတွေ ရှိလာတဲ့အခါမှာတော့ ကိုယ့်ကိုယ်ကိုယ် သိမြင်မှုအပြင် အခြားသူတွေအပေါ် ခွဲခြားဆက်ဆံမှု ကင်းဝေးဖို့နဲ့ သူငယ်ချင်းအချင်းချင်း စာနာစိတ် (Empathy) ရှိဖို့ လိုအပ်လာပါတယ်။ CBS ထဲက စာနာခြင်း တံတားခင်းပေးတဲ့ သင်ခန်းစာတွေဟာ တစ်ဦးနဲ့တစ်ဦး စကားကို သေသေချာချာ နားထောင်ပေးတာ၊ ဝမ်းနည်းစိုးရိမ်နေတဲ့ သူငယ်ချင်းကို ရင်ဘတ်ချင်းနီးနီးနဲ့ ဘယ်လိုနှစ်သိမ့်ပေးရမလဲဆိုတဲ့ အလေ့အကျင့်ကောင်းတွေကို သင်ယူစေတဲ့အတွက် ပြင်ပလူမှုပတ်ဝန်းကျင်ထဲအထိ တစ်ဦးကိုတစ်ဦး လက်တွဲကူညီတတ်လာကြပါတယ်။ ဒါ့အပြင် အလုပ်တွေ၊ စာမေးပွဲတွေနဲ့ စိတ်ဖိစီးစရာတွေ ကြုံလာရတဲ့အခါ အရေးကြီးတာနဲ့ အလောတကြီး လုပ်ရမယ့်အလုပ်တွေကို အကွက်လေးကွက်နဲ့ ခွဲခြားတွေးခေါ်နည်း (4-Quadrant Matrix) ဟာ လူငယ်တွေအတွက် အလုပ်တွေကို ယောက်ယက်ခတ်မနေတော့ဘဲ စနစ်တကျနဲ့ တည်တည်ငြိမ်ငြိမ် ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ လမ်းညွှန်ချက် ဖြစ်လာပါတယ်။

အသက် ၁၅ နှစ်အထက် လူငယ်ဘဝထဲ ရောက်လာတဲ့အခါမှာတော့ CBS ဟာ အနီးကပ်ဆုံး မိတ်ဆွေစစ်တစ်ခုအဖြစ် ဘဝရဲ့ အေးချမ်းသာယာမှု (Well-being) ကို ကဏ္ဍကြီး ၅ ခုနဲ့ ဘက်စုံကနေ အကဲဖြတ်တတ်လာစေပါတယ်။ မိမိရဲ့ ဖြစ်တည်မှုစစ်စစ်ကို ရိုးရိုးသားသား လက်ခံနိုင်ခြင်း၊ ဂျာနယ်စာအုပ် ရေးသားပြီး စိတ်ဖိစီးမှုကို ဖြေဖျောက်ခြင်းအပြင်... မိမိရဲ့ စိတ်ပိုင်းဆိုင်ရာက အဆင်ပြေနေပေမဲ့ ခန္ဓာကိုယ်ကျန်းမာရေးပိုင်းမှာ ပိုပြီး ဂရုစိုက်ဖို့ လိုအပ်နေပြီဆိုတာမျိုးကို ကိုယ့်ဘာသာ ဆန်းစစ်ပြီး မျှတအောင် ပြင်ဆင်လာနိုင်သလို၊ စိတ်လှုပ်ရှား ဒေါသထွက်စရာတွေနဲ့ ရုတ်တရက် ကြုံလာရတဲ့အခါမှာလည်း မိမိကိုယ်ကိုယ် ခွန်အားပြန်ပေးတဲ့ "ငါလုပ်နိုင်တယ်၊ ငါအရမ်းတော်တယ်" ဆိုတဲ့ အပြုသဘောဆောင်တဲ့ စကားလုံးလေးတွေနဲ့ စိတ်မုန်တိုင်းတွေကို ရင့်ကျက်စွာ ရပ်တန့်နိုင်စွမ်း ရှိလာကြပါတယ်။

ကျောင်းစာသင်ခန်းရဲ့ နံရံတွေကို ကျော်လွန်ပြီး၊ ကလေးတစ်ယောက်ရဲ့ ဘဝတစ်လျှောက်လုံးမှာ အမြဲတမ်း အသင့်ရှိနေမယ့် CBS Workbook လေးဟာ... လူငယ်တိုင်းရဲ့ ရင်ဘတ်ထဲမှာ ဘယ်လို မုန်တိုင်းတွေပဲ တိုက်ခတ်နေပါစေ ကိုယ်ပိုင်အသိစိတ်နဲ့ ပြန်လည် ငြိမ်းချမ်းစေမယ့်အပြင်၊ ကြည်လင်တောက်ပတဲ့ ကောင်းကင်ပြာကြီးတစ်ခုကို သူတို့ရဲ့ ဘဝခရီးလမ်းမှာ ကိုယ်တိုင် ပိုင်ပိုင်နိုင်နိုင် ဖန်တီးပုံဖော်သွားနိုင်ဖို့ အမြဲတမ်း အားဖြည့်ပေးနေမှာ သေချာပါတယ်။

ရေကန်တွေပေါ်က အစိမ်းရောင်အဖက်တွေနဲ့ ငါးတွေအစုလိုက်သေဆုံးခြင်းရဲ့ နောက်ကွယ်က တရားခံ   ရေကန်တွေနားလမ်းလျှောက်ရင်း  ရေမျက်န...
06/08/2026

ရေကန်တွေပေါ်က အစိမ်းရောင်အဖက်တွေနဲ့ ငါးတွေအစုလိုက်သေဆုံးခြင်းရဲ့ နောက်ကွယ်က တရားခံ



ရေကန်တွေနားလမ်းလျှောက်ရင်း ရေမျက်နှာပြင်အပေါ်မှာ စိမ်းစိမ်းညစ်ညစ် အညိုရောင်ဖက်တွေ သောင်တင်နေတာ ဒါမှမဟုတ် ငါးတွေအစုလိုက်အပြုံလိုက် သေနေတာမျိုးကို တွေ့ဖူးကြသလား။ အဲ့တာက သဘာဝပတ်ဝန်းကျင်ရဲ့ အလွန်အရေးကြီးတဲ့ အချက်ပြလက္ခဏာတစ်ခုဖြစ်ပါတယ်။ အခုလိုဖြစ်စဉ်တွေ ဘယ်ကနေစပြီး ဖြစ်လာတာလဲ။ ကျွန်မတို့အပေါ်ကော ဘယ်လိုအကျိုးသက်ရောက်မှုရှိလဲ ဆိုတာလေ့လာကြည့်ရအောင်။ ရေထုအာဟာရဓာတ်လွန်ကဲခြင်း ( Eutrophication) ဆိုတာ လွယ်လွယ်ပြောရရင်တော့ ရေထဲမှာ ဖောစဖောရက်စ် ( phosphorus ) နဲ့ နိုက်ထရိုဂျင် ( nitrogen) လိုအာဟာရဓာတ်တွေ အလွန်အမင်းများပြားလာတဲ့ ဖြစ်စဉ်ကို ခေါ်ပါတယ်။ ရေထုထဲ အာဟာရဓာတ်တွေ အရမ်းများပြားလာတဲ့အခါ ရေမှော်နဲ့ ရေအောက်အပင်တွေက အထိန်းအကွပ်မရှိတော့ဘဲ အလုအယက် ပေါက်ပွါးလာပြီး ရေထုထဲက ညီမျှနေပြီးသားဖြစ်တဲ့ သဘာဝမျှခြေကို ပျက်စီးစေပါတယ်။



ဒီဖြစ်စဉ်မှာဆိုရင်တော့ အဓိအားဖြင့် အဆင့်(၄) ဆင့်ရှိပါတယ်။ ပထမဆုံးအဆင့်မှာဆိုရင် စိုက်ပျိုးရေးသုံး ဓာတ်မြေဩဇာတွေ၊ တိရစ္တာန်စွန့်ပစ်ပစ္စည်းတွေနဲ့ မိလ္လာမြောင်းထဲက အာဟာရဓာတ်တွေက မိုးရေတွေနဲ့အတူ စီးဆင်းပြီး ရေထုထဲ ရောက်လာတတ်ပါတယ်။ အဲ့လိုအာဟာရဓာတ်တွေ အရမ်းများလာတဲ့အတွက် ရေမှော်ပင်တွေနဲ့ ရေညှိတွေက အရှိန်အဟုန်နဲ့ များပြားလာပြီး ရေမျက်နှာပြင်တစ်ခုလုံးကို အစိမ်းရောင်အဖက်တွေအဖြစ် ဖုံးလွှမ်းသွားပါတော့တယ်။ ရေမျက်နှာပြင်ပေါ်က အစိမ်းရောင်အဖက်တွေက နေရောင်ခြည်ကို ကာဆီးလိုက်တာကြောင့် ရေအောက်ထဲက အပင်လေးတွေက အလင်းမရတော့ဘဲ သေဆုံးကုန်ကြပါတယ်။ အဲ့ဒီနောက် သေဆုံးသွားတဲ့ အပင်တွေနဲ့ ရေမှော်တွေကို ဘတ်တီးရီးယားတွေက ဆွေးမြေ့အောင်လုပ်တဲ့အခါမှာ ရေထဲမှာရှိတဲ့ အောက်ဆီဂျင်တွေကို အကုန်သုံးစွဲလိုက်ပါတော့တယ်။ နောက်ဆုံးတော့ ရေထဲမှာ အောက်ဆီဂျင်လုံးဝမရှိတော့တဲ့အတွက် ငါးတွေနဲ့ ရေနေသတ္တဝါလေးတွေ အသက်ရှုကျပ်ပြီး သေဆုံးကုန်ကြကာ ဘာသက်ရှိမှ မရှင်သန်နိုင်တော့တဲ့ “ Dead Zone “ တွေဖြစ်ပေါ်လာရပါတော့တယ်။



ဒီပြဿနာတွေကို ပိုဆိုးသွားစေမဲ့ အချက်တွေ အများကြီးထဲကမှ အဓိက အားဖြင့် အကြောင်းရင်းနှစ်ခုကို ပြောပြချင်ပါတယ်။ အဲ့တာတွေကတော့ လူသားတွေကြောင့်နဲ့ ရာသီဥတုပြောင်းလဲမှုကြောင့်ပဲ ဖြစ်ပါတယ်။ ရေထုတွင်း အာဟာရဓာတ်လွန်ကဲတဲ့ဖြစ်စဉ် ( eutrophication) ဟာ သဘာဝအလျောက်ဖြစ်မယ်ဆိုရင် နှစ်သန်းချီပြီး ကြာနိုင်ပေမယ့် အခုခေတ်မှာတော့ လူသားတွေရဲ့ လုပ်ဆောင်ချက်တွေကြောင့် ဒီဖြစ်စဉ်က အဆမတန် မြန်ဆန်လာရတာ ဖြစ်ပါတယ်။ လူသားတွေရဲ့ စိုက်ပျိုးရေးက ထုတ်လုပ်တဲ့ မြေဩဇာတွေ မျောပါလာတာတွေ၊ စက်ရုံထွက် စွန့်ပစ်ရေတွေနဲ့ စနစ်တကျမသန့်စင်ရသေးတဲ့ မိလ္လာရေတွေ ရေထုထဲ တိုက်ရိုက်စီးဝင်သွားတာကြောင့် ဖြစ်ပါတယ်။ သတ္တုတူးဖော်ရေးလုပ်ငန်းတွေကြောင့် မြေဆီလွှာတွေ ပွင့်ထွက်တိုက်စားကာ ကျောက်လွှာတွေထဲမှာရှိတဲ့ ဖော့စဖရပ်( phosphorus ) ဓာတ်တွေ ရေအရင်းအမြစ်တွေထဲကို အများအပြား မျောပါစီးဝင်သွားတတ်ပါတယ်။ သတ္တုကျောက်ရိုင်းတွေကို သန့်စင်ပြီးထွက်လာတဲ့ ဓာတုစွန့်ပစ်ရေတွေကလည်း ရေထုတွင်း အာဟာရဓာတ်လွန်ကဲမှုကို ပိုမိုမြန်ဆန်ဆိုးရွားစေတဲ့ အကြောင်းပြချက်ထဲက တစ်ခုဖြစ်နေပြန်ပါတယ်။ ကမ္ဘာကြီး ပူနွေးလာတဲ့အတွက်လည်း ရေမှော်တွေက အလွန်အမြန်အဆန်ပေါက်ပွါးလာကြသလို၊ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေဆီလွှာထဲက ဓာတုဓာတ်တွေက ရေထဲကို ပိုပြီးမျောပါကုန်ကြပါတယ်။



ဒီဖြစ်စဉ်က ကျွန်မတို့အပေါ်ကော ဘယ်လိုသက်ရောက်မှုတွေရှိလဲ။ အချို့ရေမှော်ပင်တွေက အဆိပ်အတောက်တွေကို ထုတ်လုပ်တတ်တာကြောင့် အဲ့ဒီရေတွေကို သောက်သုံးမိရင်ဖြစ်ဖြစ်၊ အဲ့ဒီရေထဲက ပင်လယ်စာတွေကို စားသုံးမိရင်ဖြစမဖြစ် အရေပြားယားယံတာ၊ အစာအဆိပ်သင့်တာကနေ အာရုံကြောနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြင်းထန်တဲ့ ပြဿနာတွေအထိ ဖြစ်ပွါးနိုင်ပါတယ်။ ရေထုညစ်ညမ်းမှုကြောင့် ရေပိုက်လိုင်းသန့်စင်ရေးစရိတ်တွေ ကိုပြီးကုန်ကျလာနိုင်သလို ငါးဖမ်းလုပ်ငန်း၊ ခရီးသွားလုပ်ငန်းနဲ့ ရေကန်နားက အိမ်ခြံမြေတန်ဖိုးတွေကိုပါ အကြီးအကျယ် ကျဆင်းစေနိုင်ပါတယ်။



မြန်မာနိုင်ငံမှာဆိုရင်လည်း ရန်ကုန်မြို့က ကန်တော်ကြီး၊ ရှမ်းပြည်နယ်က အင်းလေးကန်တို့ ၊ တောင်သမန်အင်းတို့မှာဆိုရင် ရေထုတွင်းအာဟာရဓာတ်လွန်ကဲတဲ့ဖြစ်စဉ်တွေကို တွေ့နိုင်ပါတယ်။ ဒါတွေကို ကာကွယ်တားဆီးလို့ရတဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။ လယ်ယာမြေတွေနဲ့ ရေထုကြားမှာ အပင်တွေ စိုက်ပျိုးပြီး အတားအဆီး လုပ်ပေးခြင်း၊ မြေဆီလွှာတိုက်စားမှုကို ကာကွယ်ပေးတဲ့ သီးနှံများ စိုက်ပျိုးခြင်းဖြင့် ဓာတ်မြေသြဇာမျောပါမှုကို လျှော့ချနိုင်ပါတယ်။ ဒါ့အပြင် မိလ္လာနဲ့ စက်ရုံထွက်ရေတွေကို ရေထုထဲ မလွှတ်ခင် နိုက်ထရိုဂျင်နဲ့ ဖော့စဖရပ်ဓာတ်တွေကို ဇီဝနည်းအရ သေချာဖယ်ရှား သန့်စင်ပေးရပါမယ်။ နောက်ဆုံးအနေနဲ့ကတော့ နိုက်ထရိုဂျင်နဲ့ ဖော့စဖရပ်ဓာတ်တွေကို သဘာဝအတိုင်းစုပ်ယူပေးတဲ့ ကမာတို့ ရေမှော်ပင်တွေကို မွေးမြူပေးပြီးလည်း ရေထုကိုပြန်ပြီး သန့်စင်ပေးနိုင်ပါတယ်။



နိဂုံးချုပ်ရရင်တော့ ရေထုတွင်းအာဟာရဓာတ်လွန်ကဲခြင်း (eutrophication) ဆိုတာ ကျွန်မတို့မြင်တွေ့နေရတဲ့ မျက်နှာပြင်ပေါ်က အစိမ်းရောင်ဖက်တွေတင်မကဘဲ ရေအောက်ဂေဟစနစ်တစ်ခုလုံးကို အသက်မဲ့သွားစေတဲ့အထိ ပြင်းထန်တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျွန်မတို့အနေနဲ့လည်း မိမိတို့ပတ်ဝန်းကျင်က ရေအရင်းအမြစ်တွေ ညစ်ညမ်းမှုကင်းဝေးပြီး ရေရှည်တည်တံ့ ကျန်းမာနေ​စေဖို့အတွက် အားလုံးအတူတူသတိပြုပြီး ဝိုင်းထိန်းသိမ်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ဝါဆိုလပြည့်နေ့မှ သတိရစရာ အလယ်အလတ်လမ်းစဉ်--------------------------------------------------------ဝါဆိုလပြည့်နေ့ဟာ ဗုဒ္ဓဘာ...
29/07/2026

ဝါဆိုလပြည့်နေ့မှ သတိရစရာ အလယ်အလတ်လမ်းစဉ်
--------------------------------------------------------

ဝါဆိုလပြည့်နေ့ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် အရေးကြီးတဲ့ နေ့ထူးနေ့မြတ်ကြီးတစ်နေ့ ဖြစ်ပါတယ်။

ဗုဒ္ဓဝင် သမိုင်းကြောင်းအရ ဝါဆိုလပြည့်နေ့မှာ -

✨ဂေါတမမြတ်စွာဘုရားလောင်း ပဋိသန္ဓေယူတော်မူခဲ့ခြင်း

✨ဘုရားလောင်း တောထွက်တော်မူခဲ့ခြင်း

✨ဘုရားရှင်က ပဉ္စဝဂ္ဂီငါးဦးအား တရားဦးဖြစ်တဲ့ “ဓမ္မစက္ကပဝတ္တနသုတ်” ကို စတင်ဟောကြားတော်မူခဲ့ခြင်း

✨အရှင်ကောဏ္ဍည ရဟန်းပြုလာပြီး သံဃာရတနာ စတင်ပေါ်ပေါက်ခဲ့ခြင်း

စတဲ့ ထူးခြားအရေးပါတဲ့ ဖြစ်ရပ်များစွာနဲ့ ဆက်စပ်နေပါတယ်။

မြတ်စွာဘုရားရှင် ပွင့်တော်မူပြီးနောက် ဝါဆိုလပြည့်နေ့မှာ တရားဦးဖြစ်တဲ့ 'ဓမ္မစက္ကပဝတ္တနသုတ်' ကို စတင်ဟောကြားတော်မူခဲ့လို့ 'ဓမ္မရတနာ' စတင်ပေါ်ပေါက်ခဲ့သလို၊ အဲဒီတရားတော်ကို နာယူပြီး အရှင်ကောဏ္ဍည ရဟန်းဖြစ်လာခဲ့တာမို့ 'သံဃာရတနာ' လည်း စတင်ပေါ်ပေါက်ခဲ့တာပါ။

ဒါကြောင့် ဝါဆိုလပြည့်နေ့ဟာ ဓမ္မရတနာနဲ့ သံဃာရတနာ နှစ်ပါးစလုံးရဲ့ စတင်မွေးဖွားပေါ်ပေါက်ခဲ့တဲ့နေ့ ဖြစ်သလို၊ အဲဒီနေ့ကစပြီး ဗုဒ္ဓ၊ ဓမ္မ၊ သံဃာဆိုတဲ့ 'ရတနာသုံးပါးစလုံး ပြည့်ပြည့်စုံစုံ စုံညီစွာ' လောကထဲ ရောက်ရှိတည်တံ့ခဲ့တဲ့ အင်မတန် မင်္ဂလာရှိတဲ့ နေ့ထူးနေ့မြတ်ကြီး ဖြစ်ပါတယ်။

ဒါ့အပြင် ဝါဆိုလပြည့်နေ့ဟာ မြတ်စွာဘုရားရှင် တရားဦး စတင်ဟောကြားခဲ့သည့်နေ့ ဖြစ်သောကြောင့် 'ဓမ္မစကြာအခါတော်နေ့' အဖြစ် မြတ်နိုးစွာ သတ်မှတ်ကျင်းပကြသလို၊ ရဟန်းသံဃာတော်များ စတင်ဝါဆိုဝါကပ်သည့် အခါသမယလည်း ဖြစ်ပါတယ်။

ဒီနေ့မှာ ဗုဒ္ဓဘာသာဝင်တွေဟာ ကျောင်းကန်ဘုရားများသို့ သွားရောက်ခြင်း၊ ဥပုသ်သီလ စောင့်ထိန်းခြင်း၊ ဝါဆိုသင်္ကန်းနဲ့ ဝါဆိုပန်းများ ကပ်လှူခြင်း၊ ဓမ္မစကြာတရားတော်ကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်း စတဲ့ ကောင်းမှုကုသိုလ်များကို ပြုလုပ်လေ့ရှိကြပါတယ်။

---

ဝါဆိုလပြည့်နေ့မှာ ဟောကြားတော်မူခဲ့တဲ့ ဓမ္မစကြာတရားတော်ထဲမှာ မြတ်စွာဘုရားရှင်က အစွန်းနှစ်ဖက်ကို ရှောင်ကြဉ်ပြီး မဇ္ဈိမပဋိပဒါ—အလယ်အလတ်လမ်းစဉ် ကို လျှောက်လှမ်းဖို့ လမ်းညွှန်တော်မူခဲ့ပါတယ်။

မဇ္ဈိမပဋိပဒါရဲ့ မူလအဓိပ္ပာယ်ဟာ အရိယမဂ္ဂင်ရှစ်ပါးကို ကျင့်သုံးပြီး ငြိမ်းချမ်းမှုနဲ့ လွတ်မြောက်မှုဆီ လျှောက်လှမ်းတဲ့ လမ်းစဉ် ဖြစ်ပါတယ်။

ဒီသင်ခန်းစာကို ကျွန်မတို့ရဲ့ နေ့စဉ်ဘဝနဲ့ ကလေးတွေကို ပြုစုပျိုးထောင်တဲ့နေရာမှာလည်း ပြန်လည်ဆင်ခြင်အသုံးချနိုင်ပါတယ်။

ကလေးတွေကို ထိန်းကျောင်းရာမှာ—

❌ ကြောက်ရွံ့စေတဲ့အထိ တင်းကြပ်ဖိနှိပ်တာမျိုးလည်း မဟုတ်ဘဲ...

❌ ကလေးလိုချင်တာမှန်သမျှ လွှတ်ထားပြီး စည်းဘောင်မရှိ အလိုလိုက်တာမျိုးလည်း မဟုတ်ဘဲ...

✅ ကလေးရဲ့ခံစားချက်နဲ့ အသံကို နားထောင်ပေးရင်း လိုအပ်တဲ့ စည်းဘောင်ကို ခိုင်ခိုင်မာမာ ထားပေးတာ...

✅ အမှားလုပ်တဲ့အခါ အရှက်မပေးဘဲ တာဝန်ယူတတ်အောင် သင်ပေးတာ...

✅ ကြင်နာမှုနဲ့ ခိုင်မာမှုနှစ်ခုလုံး ပါဝင်တဲ့ နည်းလမ်းနဲ့ လမ်းညွှန်ပေးတာမျိုး ဖြစ်သင့်ပါတယ်။

ချစ်ခြင်းမေတ္တာရှိတာနဲ့ စည်းကမ်းမရှိတာ မတူပါဘူး။

စည်းကမ်းရှိတာနဲ့လည်း ကြောက်အောင် ဖိနှိပ်ရတာ မတူပါဘူး။

ကလေးတွေကို ကြင်နာနွေးထွေးစွာ ဆက်ဆံပေးရင်း သူတို့ရဲ့ လုံခြုံမှုနဲ့ ဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ စည်းဘောင်တွေကို ရှင်းရှင်းလင်းလင်း ထားပေးနိုင်ဖို့ လိုပါတယ်။

ဝါဆိုလပြည့်နေ့မှာ ဓမ္မစကြာတရားတော်ရဲ့ အနှစ်သာရကို ပြန်လည်ဆင်ခြင်ရင်း...

ကျွန်မတို့ရဲ့ ကိုယ်ပိုင်ဘဝ၊ မိသားစုဘဝနဲ့ ကလေးတွေကို လမ်းညွှန်သွန်သင်တဲ့နေရာတွေမှာလည်း အစွန်းမရောက်ဘဲ အသိပညာ၊ မေတ္တာနဲ့ သတိရှိရှိ နေထိုင်ကျင့်သုံးနိုင်ကြပါစေ။

ယနေ့ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့ တွင် ကျရောက်တဲ့ ဝါဆိုလပြည့်—ဓမ္မစကြာအခါတော်နေ့မှာ အားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နဲ့ ပြည့်စုံပြီး ကောင်းမှုကုသိုလ်များ တိုးပွားနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 🙏

"ရပ်ကွက်ထဲက ကလေးတစ်ယောက် မဟုတ်ဘူး၊ အနာဂတ်ကို ပုံဖော်မယ့် နိုင်ငံသားကောင်းလေးပါ"  အနာဂတ်ကို ပုံဖော်မည့် ခေါင်းဆောင်ငယ်လေး...
28/07/2026

"ရပ်ကွက်ထဲက ကလေးတစ်ယောက် မဟုတ်ဘူး၊ အနာဂတ်ကို ပုံဖော်မယ့် နိုင်ငံသားကောင်းလေးပါ"


အနာဂတ်ကို ပုံဖော်မည့် ခေါင်းဆောင်ငယ်လေးများ - လူမှုအဖွဲ့အစည်းနှင့် ချိတ်ဆက်နိုင်စွမ်းရှိသော ကလေးတစ်ယောက်ကို မည်သို့မွေးထုတ်မည်နည်း။


မိဘတိုင်းရဲ့ ရည်မှန်းချက်မှာ သားသမီးများကို ပညာတတ်များဖြစ်လာစေရန်သာမက၊ လူမှုအသိုင်းအဝိုင်းတွင် ရပ်တည်နိုင်စွမ်းရှိသော၊ တာဝန်သိတတ်သော သူများဖြစ်လာစေရန်လည်း ဖြစ်ပါသည်။ သို့သော်လည်း ဆယ်ကျော်သက်အရွယ် ကလေးများအတွက် လူမှုအဖွဲ့အစည်း (Society) သည် ရှုပ်ထွေးနိုင်ပါသည်။ သူတို့သည် ကိုယ်ပိုင်ကမ္ဘာလေးမှထွက်ပြီး ပိုမိုကြီးမားသော လောကကြီးထဲသို့ ဝင်ရောက်လာချိန်တွင် မိဘများအနေဖြင့် လမ်းပြပေးနိုင်မည့် စိတ်ပညာအခြေခံ အချက် (၅) ချက်ကို အောက်ပါအတိုင်း အသေးစိတ် လေ့လာနိုင်ပါသည်။

၁။ Social Responsibility (လူမှုရေး တာဝန်ယူမှု)
ကလေးတွေကို ကိုယ့်ကိုယ်ကိုယ်သာမက ကိုယ့်ပတ်ဝန်းကျင်ကိုပါ တာဝန်ယူတတ်သူ ဖြစ်အောင် ပျိုးထောင်ပါ။ သူတို့ လုပ်ရပ်တစ်ခုဟာ အခြားသူတွေအပေါ် ဘယ်လို သက်ရောက်မှုရှိမလဲဆိုတဲ့ 'Cause and Effect' (အကြောင်းအကျိုး) တွေးခေါ်ပုံကို မေးခွန်းထုတ်ပေးပါ။
အိမ်တွင်း၌ပင် ကိုယ့်ပစ္စည်းကိုယ်သိမ်းခြင်း၊ အများသုံးပစ္စည်းများကို ဂရုစိုက်ခြင်းတို့သည် လူမှုရေးတာဝန်ယူမှု၏ အစပျိုးခြင်းပင်ဖြစ်သည်။ ကလေးကို "ဒီလုပ်ရပ်ကြောင့် တစ်ဖက်လူ ဘယ်လိုခံစားရမလဲ" ဟု မေးခွန်းထုတ်ပေးပါ။

၂။ Global Citizenship (ကမ္ဘာ့နိုင်ငံသားစိတ်)
ကိုယ်နေထိုင်ရာ ဒေသတစ်ခုတည်းကိုပဲ မကြည့်ဘဲ ကမ္ဘာကြီးတစ်ခုလုံးကို ချိတ်ဆက်တွေးခေါ်နိုင်အောင် ကူညီပါ။ သတင်းတွေကို အတူဖတ်ခြင်း၊ ကွဲပြားခြားနားတဲ့ လူမျိုးနဲ့ ယဉ်ကျေးမှုတွေကို လေ့လာခိုင်းခြင်းက သူတို့ကို 'Open-minded' ဖြစ်စေပါတယ်။
ကမ္ဘာ့ဖြစ်ရပ်များ၊ ရာသီဥတုပြောင်းလဲမှုများ၊ သို့မဟုတ် အခြားနိုင်ငံများ၏ ယဉ်ကျေးမှုများကို အတူတကွ ဆွေးနွေးပါ။ ကွဲပြားခြင်းသည် ပဋိပက္ခမဟုတ်ဘဲ အလှတရားဖြစ်ကြောင်း ရှင်းပြပေးပါ။

၃။ Community Engagement (အများအကျိုးဆောင်ခြင်း)
လူမှုအဖွဲ့အစည်းမှာ ပါဝင်လုပ်ဆောင်ခြင်းဟာ တန်ဖိုးတစ်ခုပါ။ အိမ်နီးချင်းကို ကူညီတာ၊ ပတ်ဝန်းကျင် သန့်ရှင်းရေးမှာ ပါဝင်တာဟာ သေးငယ်ပေမယ့် သူတို့ရဲ့ 'Self-Worth' ကို မြှင့်တင်ပေးတဲ့ အကောင်းဆုံး လေ့ကျင့်ခန်းပါ။
စနေ၊ တနင်္ဂနွေလို အားလပ်ရက်မျိုးတွင် ရပ်ကွက်တွင်း အလှူအတန်း၊ သန့်ရှင်းရေးလုပ်ငန်း သို့မဟုတ် ပရဟိတလုပ်ငန်းငယ်လေးများတွင် ကလေးကို အတူတကွ ခေါ်ဆောင်သွားပါ။ "အများအတွက် လုပ်ပေးခြင်း" သည် ကိုယ့်ကိုယ်ကို တန်ဖိုးရှိသူဟု ခံစားရစေပါသည်။

၄။ Critical Perspective (ဝေဖန်ပိုင်းခြားနိုင်စွမ်း)
လူမှုအဖွဲ့အစည်းမှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို သူတို့ဘာသာ ဘယ်လို ဖြေရှင်းမလဲဆိုတာကို အဖြေပေးမယ့်အစား "မင်းသာဆိုရင် ဘယ်လိုလုပ်မလဲ?" လို့ မေးခွန်းထုတ်ပေးပါ။ ဒါဟာ ခေါင်းဆောင်မှုရဲ့ အစပဲ ဖြစ်ပါတယ်။
သတင်းတစ်ခု သို့မဟုတ် ပြဿနာတစ်ခုကို မြင်လိုက်သည့်အခါ ကလေးကို အဖြေမပေးလိုက်ပါနှင့်။ အချက်အလက်များ ရှာဖွေစေခြင်း၊ အကောင်းအဆိုးကို ချိန်ဆစေခြင်းဖြင့် သူတို့၏ ဝေဖန်ပိုင်းခြားနိုင်စွမ်း (Analytical Skills) ကို မြှင့်တင်ပါ။

၅။ Ethical Integrity (ကျင့်ဝတ်သိက္ခာ)
တရားမျှတမှုဆိုတာ ဘာလဲ? အခွင့်အရေးနဲ့ တာဝန်ကို ဘယ်လို မျှတအောင် ထားမလဲ? ဒီလို အခြေခံ ကျင့်ဝတ်တွေကို သူတို့ရဲ့နေ့စဉ် ဘဝအတွေ့အကြုံတွေနဲ့ ချိတ်ဆက် သင်ပေးပါ။
မျှတခြင်း (Fairness) ကို အိမ်ထဲကစတင်ပါ။ အိမ်တွင်းစည်းကမ်းများ၊ ညီအစ်ကိုမောင်နှမကြား ဆက်ဆံရေးများတွင် အားပေးအားမြှောက်ပြုခြင်းနှင့် အမှားကို ဝန်ခံခြင်းဖြင့် ကျင့်ဝတ်သိက္ခာကို ပုံဖော်ပေးပါ။


ဒီလို ဗဟုသုတတွေနဲ့ လက်တွေ့ကျတဲ့ အတွေ့အကြုံတွေကို Colourful Children (Level-4) စာအုပ်ရဲ့ အခန်း (၃) မှာ စနစ်တကျ ပြုစုပေးထားပါတယ်။ စာအုပ်ထဲမှာပါတဲ့ Case Studies များ၊ အပြန်အလှန် ဆွေးနွေးနိုင်မည့် လေ့ကျင့်ခန်းများဟာ ကလေးကို လူမှုအဖွဲ့အစည်းရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ရဲရဲဝံ့ဝံ့ ရပ်တည်တတ်အောင် အကောင်းဆုံး ကူညီပေးပါလိမ့်မယ်။ မိဘများအနေဖြင့် ကလေးနှင့်အတူ စာအုပ်ပါအချက်များကို နေ့စဉ် လေ့ကျင့်ပေးခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုကို လျင်မြန်စွာ ပိုမိုကောင်းမွန်လာစေမည် ဖြစ်ပါသည်။

သင့်ရင်သွေးလေးတွေကို အနာဂတ်အတွက် တာဝန်သိတဲ့ ခေါင်းဆောင်ငယ်လေးတွေ ဖြစ်လာဖို့ "Colourful Children (Level-4)" စာအုပ်ကို MudraMinds နှင့် SaYa Foundation Page များမှတစ်ဆင့် အခုပဲ ဆက်သွယ်မှာယူနိုင်ပါပြီ။
📞 Hotline: +959 782859905

ပုရွက်ဆိတ်တွေ အိမ်ထဲအများကြီး ရောက်လာရင် တကယ်ပဲ မိုးရွာတော့မှာလား။ ကျွန်မတို့ငယ်ငယ်ကဆိုရင် လူကြီးတွေက ပုရွက်ဆိတ်တွေ အိမ်...
21/07/2026

ပုရွက်ဆိတ်တွေ အိမ်ထဲအများကြီး ရောက်လာရင် တကယ်ပဲ မိုးရွာတော့မှာလား။

ကျွန်မတို့ငယ်ငယ်ကဆိုရင် လူကြီးတွေက ပုရွက်ဆိတ်တွေ အိမ်ထဲအများကြီးရောက်လာပြီဆိုရင် မိုးရွာတော့မယ်လို့ ပြောကြမယ်ထင်ပါတယ်။ ဘာဖြစ်လို့အဲ့လိုပြောကြတာလဲ။ အဲ့လိုဖြစ်မယ်ဆိုတာကို လူကြီးတွေက ဘယ်လိုသိလဲလို့ တွေးမိကြလိမ့်မယ်လည်း ထင်ပါတယ်။ တကယ်တော့ အဲ့လိုမျိုး ရာသီဥတုနဲ့ ပတ်ဝန်းကျင်အခြေအနေကို ခန့်မှန်းဖို့အတွက် စောင့်ကြည့်လို့ရတဲ့ အကောင်လေးတွေ ကျွန်မတို့ ပတ်ဝန်းကျင်မှာ အများကြီးရှိပါတယ်။ ကျွန်မတို့က သူတို့ကို ဂေဟစနစ်ကျန်းမာရေး ကောင်း မကောင်း ညွှန်ပြတဲ့ သက်ရှိမျိုးစိတ်တွေ (indicator species) လို့ခေါ်ပါတယ်။ သူတို့ဟာ သဘာဝတရားကြီးရဲ့ စုံထောက်တွေလိုမျိုးပဲ။ ပတ်ဝန်းကျင်မှာတစ်ခုခုပြောင်းလဲသွားတာဖြစ်ဖြစ်၊ ပြဿနာတစ်ခုခုဖြစ်လာတာဖြစ်ဖြစ် လူတွေရဲ့မျက်စိနဲ့ မမြင်ရသေးခင် သူတို့တည်ရှိနေသေးလား၊ ပျောက်ကွယ်သွားပြီလား၊ အရေအတွက်ဘယ်လောက်ရှိသေးလဲပေါ်ကို ကြည့်ပြီး ဂေဟစနစ်ကျန်းမာရေး၊ ညစ်ညမ်းမှုအဆင့် နဲ့ ရာသီဥတုပြောင်းလဲမှုရဲ့ သက်ရောက်ချက်တွေကို သိပ္ပံပညာရှင်တွေနဲ့ ဇီဝဗေဒပညာရှင်တွေက ကြိုပြီးခန့်မှန်းကြပါတယ်။

ဒါဆိုရင် ဘယ်လိုမျိုးစိတ်တွေကို စောင့်ကြည့်လေ့ရှိကြလဲ။ ဘယ်အချက်တွေကိုကြည့်ပြီး စောင့်ကြည့်မယ်လို့ ဆုံးဖြတ်ကြတာလဲ။ ပထမဆုံးအနေနဲ့ ရေရဲ့ pH အပြောင်းအလဲတွေ၊ အပူချိန် ဒါမှမဟုတ် ဓာတုညစ်ညမ်းမှုတွေ ဖြစ်လာပြီဆိုရင် အစောဆုံး ထိခိုက်တုံ့ပြန်တတ်ကြတဲ့ မျိုးစိတ်တွေကို စောင့်ကြည့်တတ်ကြပါတယ်။ အဲ့လိုမျိုးစိတ်တွေကို ပတ်ဝန်းကျင်ဒဏ်ခံနိုင်ရည် အလွန်နည်းတဲ့ မျိုးစိတ်တွေလို့ သတ်မှတ်ပါတယ်။
> ဥပမာအားဖြင့် ဖားနဲ့ ရေပုတ်သင်လိုမျိုး ကုန်းနေရေနေသတ္တဝါတွေရဲ့ အရေပြားက ပါးလွှာပြီး စိမ့်ဝင်လွယ်တာကြောင့် ပိုးသတ်ဆေးနဲ့ အဆိပ်သင့်သတ္တုတွေရှိရင် အလွယ်တကူ ထိခိုက်ခံစားရတတ်ပါတယ်။ ဒါ့အပြင် ပိုးပျံကောင် (mayfly)၊ ပိုးတောင်မာတစ်မျိုး (stoneflies) တို့လို ရေအင်းဆက်တွေက ညစ်ညမ်းမှုကို လုံးဝမခံနိုင်ကြပါဘူး။ အဲ့တာအပြင် ထရောက်တ် (trout) ငါးတွေနဲ့ ဆယ်လ်မွန်င်းတွေက အောက်ဆီဂျင်ပြည့်ဝပြီး သန့်ရှင်းနေတဲ့ ရေကိုပဲလိုအပ်တာဖြစ်ပါတယ်။ အဲ့တာကြောင့်မို့ ရေထဲမှာဖြစ်ဖြစ် ရေနားပတ်ဝန်းကျင်မှာဖြစ်ဖြစ် သူတို့တွေရဲ့အရေအတွက်နည်းလာပြီဆိုရင် ဒါဟာရေထုညစ်ညမ်းမှု ဒါမှမဟုတ် ရေအပူချိန်ပြောင်းလဲမှု ရှိလာပြီဆိုပြီး ခန့်မှန်းလို့ရပါတယ်။

နောက်ထပ်တစ်ခုကတော့ တစ်နေရာတည်းမှာပဲ အခြေကျ နေထိုင်တတ်တဲ့ မျိုးစိတ်တွေကို ရွေးချယ်ခြင်းအားဖြင့်လည်း ပတ်ဝန်းကျင် ဘယ်နေရာက ပျက်စီးနေလဲ ဆိုတာကို အတိအကျ ထောက်ပြပေးနိုင်ပါတယ်။
> ဥပမာဆိုရင် သစ်ပင်တွေ၊ ကျောက်တုံးတွေပေါ်မှာ အတည်တကျကပ်နေတတ်တဲ့ လိုင်ကင် (Lichen) တွေမှာ အမြစ်နဲ့ အရေပြားအပေါ်ယံလွှာမရှိတာကြောင့် လေထဲမှာရှိတာမှန်သမျှ အကုန်စုပ်ယူတတ်ကြပါတယ်။ အဲ့တာကြောင့် သူတို့ဟာ ဆာလဖာဒိုင်အောက်ဆိုဒ် (sulfur dioxide) နဲ့ နိုက်ထရိုဂျင်ညစ်ညမ်းမှုတွေကနေ အလွန်အမင်း ထိခိုက်လွယ်ကြပါတယ်။



ဒါ့အပြင် ဒေသတစ်ခုမှာ အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ပြီး အရေအတွက်လည်းများ သက်တမ်းလည်းတိုတတ်တဲ့ မျိုးစိတ်တွေကို ရွေးခြယ်ကြပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ အချိန်ခဏလေးအတွင်း ရလဒ်တွေကို အမြန်သိရအောင်လို့ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်မှာ ပုရွက်ဆိတ်တွေရှိနေတာက ကျန်းမာပြီးတည်ငြိမ်တဲ့ ပတ်ဝန်းကျင်ကို ပြသနေတာဖြစ်တဲ့အပြင် သူတို့က မြေဆီလွှာကို သဘာဝအတိုင်း လေအဝင်အထွက်ကောင်းအောင်လုပ်ပေးပြီး မြေအောက်ရေအတက်အကျနဲ့ စိုထိုင်းဆပြောင်းလဲမှု (ဥပမာ- မိုးရွာတော့မယ့်အခြေအနေ) မျိုးကိုလည်း အာရုံခံစနစ်နဲ့ ချက်ချင်း တုံ့ပြန်တတ်ကြလို့ လူကြီးတွေ ပြောတာ သိပ္ပံနည်းကျ မှန်ကန်နေတာ ဖြစ်ပါတယ်။

နောက်ဆုံးတစ်ခုကတော့ ပတ်ဝန်းကျင်အပြောင်းအလဲတွေဖြစ်လာပြီဆိုရင် သူတို့ရဲ့ အရေအတွက် ရုတ်တရက် ထိုးကျသွားတာတို့၊ ခန္ဓာကိုယ် ပုံပျက်သွားတာတို့ ဖြစ်တတ်တဲ့ မျိုးစိတ်တွေကိုလည်း စောင့်ကြည့်တတ်ကြပါတယ်။
> ဥပမာဆိုရင် သမုဒ္ဒရာရဲ့ကျန်းမာရေး ကောင်း မကောင်းကို သိချင်ရင်တော့ သန္တာကျောက်တန်းကြီးတွေကို ကြည့်လို့ရပါတယ်။ သန္တာကျောက်တန်းကြီးတွေ ဖြူဖွေးလာတဲ့ဖြစ်စဉ် (bleaching) ကလဲ သမုဒ္ဒရာရေအပူချိန် မြင့်တက်လာခြင်းနဲ့ ရေထုထဲ အက်ဆစ်တွေပိုများလာခြင်းရဲ့ အဓိကသတိပေးချက်တစ်ခုဖြစ်ပါတယ်။



လူနာတစ်ယောက်ကို ရောဂါသတ်မှတ်ရင် လက္ခဏာတစ်ခုတည်းကိုပဲစမ်းသပ်ပြီး သတ်မှတ်လို့မရသလို ဂေဟစနစ်တစ်ခုလုံးရဲ့ကျန်းမာရေးကိုလည်း သတ္တဝါတစ်ခုထဲကိုကြည့်ပြီး ဆုံးဖြတ်လို့မရပါဘူး။ အဲ့တာကြောင့်လည်း သိပ္ပံပညာရှင်တွေဟာ ပတ်ဝန်းကျင်ကျန်းမာရေးအခြေအနေကို ပိုပြီးသိရဖို့အတွက် မျိုးစိတ်တွေအများကြီးကို ပေါင်းစပ်ပြီး စောင့်ကြည့်လေ့ရှိကြပါတယ်။

#ဗဟုသုတ #ဂေဟစနစ် #သဘာဝပတ်ဝန်းကျင်

ပန်းပွင့်လေးတစ်ပွင့်က ပေးတဲ့ ကောင်းကင်ပြာ မေမေတစ်ယောက်က သူမရဲ့ အိမ်က ဧည့်ခန်းလေးထဲမှာ သမီးလေးရဲ့ ပြောင်းလဲလာတဲ့ အပြုအမူလ...
20/07/2026

ပန်းပွင့်လေးတစ်ပွင့်က ပေးတဲ့ ကောင်းကင်ပြာ

မေမေတစ်ယောက်က သူမရဲ့ အိမ်က ဧည့်ခန်းလေးထဲမှာ သမီးလေးရဲ့ ပြောင်းလဲလာတဲ့ အပြုအမူလေးတစ်ခုကို မမျှော်လင့်ဘဲ သတိထားမိပြီး ရင်ထဲမှာ လှိုက်လှိုက်လှဲလှဲ ကြည်နူးနေခဲ့ရပါတယ်။ အရင်ကဆိုရင် အိမ်မှာ ကစားစရာ အရုပ်လေး ပျက်သွားတာမျိုးဖြစ်ဖြစ်၊ မိမိအလိုမကျတာမျိုးဖြစ်ဖြစ် ကြုံလာရတဲ့အခါ သမီးလေးက ကလေးတို့သဘာဝအတိုင်း ရင်ထဲက ခံစားချက်ကို ချက်ချင်း အရှိန်အဟုန်နဲ့ ဖော်ပြတတ်တာမို့ မိဘတစ်ယောက်အနေနဲ့လည်း ဘေးကနေ ရင်တဖိုဖိုနဲ့ လိုက်ကြည့်ပေးခဲ့ရတဲ့ နေ့ရက်တွေ ရှိခဲ့တာပေါ့။

ဒါပေမဲ့ ဒီနေ့ညနေမှာတော့ မြင်တွေ့ရတဲ့ မြင်ကွင်းက ထူးထူးခြားခြား လှပလို့နေပါတယ်။ စိတ်တိုစရာ ကြုံနေရတဲ့ အခိုက်အတန့်မှာ သမီးလေးက စိတ်လှုပ်ရှားမှုကို အော်ဟစ်တုံ့ပြန်မယ့်အစား မျက်လုံးလေးမှိတ်ပြီး စိတ်ကို အေးအေးဆေးဆေး တည်ငြိမ်အောင် အရင်ဆုံး အချိန်ယူနေတယ်။ ပြီးမှ စိတ်ကူးထဲမှာ တကယ့် ပန်းပွင့်လေးတစ်ပွင့်ကို လက်ထဲကိုင်ပြီး ပန်းရနံ့လေးကို သင်းပျံ့စွာ ခံစားနေသလိုမျိုး မျက်လုံးလေးမှိတ်ကာ လေကို ဖြည်းဖြည်းချင်း ဝဝရှူသွင်းတယ်...၊ ပြီးတော့မှ ရှေ့က ဖယောင်းတိုင်မီးလေးကို ငြှိမ်းလိုက်သလိုမျိုး နှုတ်ခမ်းလေးစူပြီး လေကို ပြန်မှုတ်ထုတ်နေတဲ့ သမီးလေးရဲ့ ပုံစံကို မေမေက အံ့ဩဝမ်းသာစွာနဲ့ ငေးကြည့်နေမိပါတော့တယ်။

ဒီအသက်ရှူနည်းလေးကတော့ ကျောင်းမှာ သင်ယူခဲ့ရတဲ့ Clear Blue Sky (CBS) Workbook ထဲက "ဖယောင်းတိုင်နဲ့ ပန်းပွင့်" (Candle and Flower) ဆိုတဲ့ လေ့ကျင့်ခန်းလေး ဖြစ်ပါတယ်။ အိမ်မှာ ဘေးကနေ မိဘက တကူးတက သတိပေးစရာမလိုဘဲ ကလေးက ကိုယ့်ဘာသာ စိတ်လှုပ်ရှားလာတဲ့အခါ ဒါလေးကို သတိရပြီး ရင်ထဲက ခံစားချက်တွေကို ငြိမ်းချမ်းစွာ ကျော်ဖြတ်ဖို့ ကိုယ်တိုင် ရွေးချယ်လိုက်တာမျိုးပါ။ ဒီလို ကြည်နူးစရာ အပြောင်းအလဲလေးကို မြင်လိုက်ရတဲ့ အခိုက်အတန့်ဟာ မိဘတစ်ယောက်အနေနဲ့ တကယ့်ကို ရင်ထဲအေးသွားရတဲ့ နေ့ရက်လေးတစ်ခုပါပဲ။

စိတ်ပညာနဲ့ ဦးနှောက်အာရုံကြော လေ့လာချက်တွေအရလည်း ကလေးတွေ စိတ်တိုဒေါသထွက်တဲ့အခါ ခံစားချက်ကို ထိန်းချုပ်တဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းက ပိုပြီး မြန်မြန်ဆန်ဆန် လှုံ့ဆော်တတ်တာမို့... သူတို့ရဲ့ ရင်ထဲမှာ စိတ်လှုပ်ရှားမှုလှိုင်းတွေက လူကြီးတွေထက် ပိုပြီး အရှိန်အဟုန်ပြင်းပြင်းနဲ့ တက်လာတတ်ကြပါတယ်။ အဲဒီလိုအချိန်မှာ ဆူပူကြိမ်းမောင်းတာထက် ကလေးကိုယ်တိုင် အာရုံပြောင်းပြီး စိတ်ကို အေးချမ်းအောင် လုပ်နိုင်တဲ့ လမ်းကြောင်းတစ်ခု ရှိနေဖို့က အင်မတန် အရေးကြီးပါတယ်။

ဒါကြောင့်လည်း CBS Workbook ထဲက လက်တွေ့ကျတဲ့ နည်းလမ်းလေးတွေဟာ ကလေးတွေရဲ့ နေ့စဉ်အပြုအမူလေးတွေထဲမှာ အမှန်တကယ် အသုံးဝင်လာတာ ဖြစ်ပါတယ်။ ဒီလိုမျိုး စာအုပ်ထဲက စိတ်ကူးပုံဖော်နည်းလေးတွေကို အသုံးပြုပြီး မိမိကိုယ်ကိုယ် ပြန်လည်တည်ငြိမ်အောင် လုပ်တတ်လာတဲ့ အလေ့အကျင့်ကောင်းတွေကို တခြားသော သားသားမီးမီးတို့ဆီမှာလည်း အများကြီး မြင်တွေ့လာရပါတယ်။ အရင်ကဆိုရင် တစ်ခုခု အဆင်မပြေတာနဲ့ ရင်ထဲက အရှိန်အတိုင်း ချက်ချင်း တုံ့ပြန်တတ်တဲ့ ကလေးတွေက အခုဆို စိတ်တိုစရာ ကြုံရတဲ့အခါ မိနစ် ၂၀ လောက် တိတ်တိတ်ဆိတ်ဆိတ် သီးသန့် အချိန်ယူတာမျိုး၊ ဒါမှမဟုတ် စိတ်ဆိုးလို့ တင်းကျပ်သွားတဲ့ လက်သီးလေးတွေကို ဖြည်းဖြည်းချင်း ဖြေလျှော့ပြီး ကိုယ့်ဘာသာ ပြန်ပြီး စိတ်အေးအောင် ဖြေလျှော့တတ်လာတာမျိုးပါ။ တချို့ သားသားမီးမီးတွေကျတော့လည်း မိမိရဲ့ လေးလံနေတဲ့ ခံစားချက်တွေကို စက္ကူပေါ်မှာ ပုံလေးတွေ ဆွဲကြည့်တာမျိုး၊ ဒါမှမဟုတ် ခံစားချက်တွေကို ဂျာနယ်စာအုပ်ထဲ ချရေးပြီး မိမိရဲ့ စိတ်ကို ပြန်လည်အေးချမ်းအောင် ကိုယ်တိုင် ပျိုးထောင်လာကြပါတယ်။

ကျွန်တော်တို့ ဖန်တီးခဲ့တဲ့ Clear Blue Sky (CBS) Workbook လေးဟာ စာသင်ခန်းရဲ့ နံရံတွေကို ကျော်လွန်ပြီး ကလေးတွေရဲ့ နေ့စဉ်ဘဝမှာ အမြဲတမ်း အဆင်သင့်ရှိနေမယ့် စိတ်ပိုင်းဆိုင်ရာ အဖော်မွန်လေးတစ်ခုအဖြစ် တည်ရှိနေတာ ဖြစ်ပါတယ်။

မိဘတစ်ယောက်အတွက်တော့ ဘေးကနေ စိတ်ပူပြီး အမြဲ စိုးရိမ်တကြီး စောင့်ကြည့်နေရမယ့်အစား ကလေးကိုယ်တိုင်က အခက်အခဲတွေကို တည်ငြိမ်စွာ ကျော်ဖြတ်တတ်လာတာကို မြင်ရခြင်းက အကြီးမားဆုံး သက်ပြင်းချခွင့်ပါပဲ။ နေ့စဉ်ဘဝရဲ့ ဒီလို ရိုးရှင်းတဲ့ အလေ့အကျင့်လေးတွေကနေတစ်ဆင့် နောင်တစ်ချိန် လူကြီးဘဝ ရောက်လို့ ဘယ်လို စိတ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ပဲ ရင်ဆိုင်ရပါစေ... သူတို့ရဲ့ စိတ်ကူးအိပ်မက်ထဲမှာ အမြဲတမ်း တည်ငြိမ်ရင့်ကျက်ပြီး ကြည်လင်တောက်ပတဲ့ ကောင်းကင်ပြာကြီးတစ်ခုကို ကိုယ်တိုင် ပိုင်ပိုင်နိုင်နိုင် ပုံဖော်သွားနိုင်တော့မှာ ဖြစ်ပါတယ်။

#ကလေးဖွံ့ဖြိုးမှု #မိဘနှင့်ရင်သွေး

"သူတစ်ပါးကို နားလည်နိုင်စွမ်း (Empathy) – ကလေးတို့ရဲ့ ကမ္ဘာကို ကျယ်ပြန့်စေမယ့် ဉာဏ်ရည်"  " 'သားသမီးက မိဘကိုလည်း နားမလည်ပ...
15/07/2026

"သူတစ်ပါးကို နားလည်နိုင်စွမ်း (Empathy) – ကလေးတို့ရဲ့ ကမ္ဘာကို ကျယ်ပြန့်စေမယ့် ဉာဏ်ရည်"

" 'သားသမီးက မိဘကိုလည်း နားမလည်ပေးဘူး' လို့ ခံစားဖူးပါသလား? တကယ်တော့ တခြားသူကို နားလည်ပေးနိုင်တဲ့ စိတ် (Empathy) ဆိုတာ မွေးရာပါထက် လေ့ကျင့်ပေးလို့ရတဲ့ လူမှုဆက်ဆံရေး ဉာဏ်ရည် (EQ) တစ်ခုပါပဲ။"

ဆယ်ကျော်သက်အရွယ်မှာ သူငယ်ချင်းအပေါင်းအသင်းတွေ၊ ပတ်ဝန်းကျင်နဲ့ အဆင်ပြေပြေ ရပ်တည်နိုင်ဖို့က ကိုယ့်ကိုယ်ကို သိရုံနဲ့တင် မလုံလောက်ပါဘူး။ "သူတစ်ပါးကို နားလည်ခြင်း" ကဏ္ဍမှာ မိဘတွေက ကလေးကို ဒီအချက် (၅) ချက်နဲ့ လမ်းညွှန်ပေးနိုင်ပါတယ်။

၁။ စာနာစိတ်ဖြင့် နားထောင်ခြင်း (Active Listening):
ဆက်သွယ်ပြောဆိုခြင်းဟာ စကားပြောတတ်ရုံတင် မဟုတ်ပါဘူး။ တစ်ဖက်လူရဲ့ စကားလုံးတွေနောက်ကွယ်က ခံစားချက်ကိုပါ မြင်အောင်ကြည့်တတ်ဖို့ပါ။ "သား/သမီး သူငယ်ချင်းနေရာမှာသာဆိုရင် ဘယ်လို ခံစားရမလဲ" ဆိုတဲ့ မေးခွန်းက သူတို့ကို သူတစ်ပါးရဲ့ ရှုထောင့်ကနေ စတင်ကြည့်မြင်တတ်စေပါတယ်။
၂။ ရှုထောင့်အမျိုးမျိုးမှ ကြည့်မြင်ခြင်း (Understanding Perspectives):
လူတစ်ယောက်ချင်းစီမှာ မတူညီတဲ့ နောက်ခံသမိုင်းနဲ့ အမြင်တွေ ရှိကြပါတယ်။ "မှန်ကန်ခြင်း" ဆိုတာ ရှုထောင့်အမျိုးမျိုးကနေ ကြည့်ရင် ကွဲပြားနိုင်တယ်ဆိုတာကို ကလေးတွေ နားလည်သွားတဲ့အခါ သူတို့ဟာ အစွန်းမရောက်ဘဲ ပိုမိုရင့်ကျက်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်လာပါတယ်။
၃။ သူငယ်ချင်းများနှင့် ကျန်းမာသော ဆက်ဆံရေး (Healthy Peer Relationships):
အပေါင်းအသင်းကြားမှာ အလိုက်သင့်နေတတ်ဖို့ထက် "နားလည်မှုရှိရှိ" အတူယှဉ်တွဲနေထိုင်တတ်ဖို့က ပိုအရေးကြီးပါတယ်။ သူငယ်ချင်းတွေနဲ့ ပဋိပက္ခဖြစ်တဲ့အခါ အနိုင်ရဖို့ထက် "နားလည်မှု (Understanding)" ရဖို့ကို ဦးစားပေးတတ်တဲ့ အလေ့အကျင့်က ခိုင်မြဲတဲ့ လူမှုဆက်ဆံရေးကို တည်ဆောက်ပေးပါတယ်။
၄။ နားလည်မှုရှိရှိ ဆက်သွယ်ပြောဆိုခြင်း (Effective Communication):
ကိုယ့်ရဲ့ လိုလားချက်ကို တစ်ဖက်လူ စိတ်မခုစေဘဲ ရှင်းလင်းစွာ ပြောဆိုတတ်ခြင်း (Assertive Communication) ဟာ အရေးကြီးပါတယ်။ လေသံ၊ မျက်နှာအမူအရာနဲ့ ကိုယ်အမူအရာတွေက စကားလုံးတွေထက် ပိုပြီး အဓိပ္ပာယ်သက်ရောက်ကြောင်း ကလေးကို သင်ကြားပေးထားခြင်းက သူတို့ကို ဆက်ဆံရေးနယ်ပယ်မှာ ကျွမ်းကျင်သူ ဖြစ်စေပါတယ်။
၅။ မေတ္တာပြုခြင်းနှင့် ကူညီတတ်ခြင်း (Compassion & Altruism):
အကူအညီလိုအပ်နေသူတွေကို စာနာတတ်ပြီး တတ်နိုင်သလောက် ကူညီခြင်းဟာ ကလေးရဲ့ စိတ်နှလုံးကို နူးညံ့စေပါတယ်။ စာအုပ်ထဲက ဆိုရိုးစကားအတိုင်း "အခြားသူရဲ့ ပျော်ရွှင်မှုဟာ ကိုယ့်ရဲ့ ပျော်ရွှင်မှု၊ အခြားသူရဲ့ ဆင်းရဲဒုက္ခဟာ ကိုယ့်ရဲ့ ဆင်းရဲဒုက္ခ" လို့ တွေးတတ်လာတာနဲ့အမျှ ကလေးဟာ အများက ချစ်ခင်ရတဲ့သူ ဖြစ်လာပါလိမ့်မယ်။

ဒီလူမှုဆက်ဆံရေး အခြေခံကောင်းတွေကို Colourful Children (Level-4) စာအုပ်ရဲ့ အခန်း (၂) မှာ စနစ်တကျ လမ်းညွှန်ပေးထားပါတယ်။ အထူးသဖြင့် အခန်း (၂) အဖွင့်မှာပါတဲ့ "Bhisma, Shanti Parva" ရဲ့ အလေးအနက်ထားစရာ ဆိုရိုးစကားနဲ့အတူ ကလေးတွေအနေနဲ့ တခြားသူတွေကို ဘယ်လို နားလည်ရမလဲ၊ သူငယ်ချင်းတွေနဲ့ ဘယ်လို အဆင်ပြေအောင် နေထိုင်ရမလဲဆိုတဲ့ လက်တွေ့ လေ့ကျင့်ခန်းတွေ ပါဝင်ပါတယ်။ စာအုပ်ထဲက Case Studies တွေက ကလေးကို ပတ်ဝန်းကျင်နဲ့ ချိတ်ဆက်ပေးမယ့် အကောင်းဆုံး တံတားတစ်ခု ဖြစ်လာပါလိမ့်မယ်။

ရင်သွေးလေးတွေ ပတ်ဝန်းကျင်မှာ အချစ်ခံရပြီး လူမှုဆက်ဆံရေး ထူးချွန်သူတွေ ဖြစ်လာဖို့ "Colourful Children (Level-4)" စာအုပ်ကို MudraMinds နှင့် SaYa Foundation Page များမှတစ်ဆင့် အခုပဲ ဆက်သွယ်မှာယူနိုင်ပါပြီ။
📞 Hotline: +959 782859905, +959 762927896

ที่อยู่

Chiang Mai
50230

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Mudramindsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์