Deversity - Myanmar

Deversity - Myanmar Where your confidence begins! Rise, lead, conquer the design world. Transform into a champion!

Design Engineering Course(14 Weeks | May 1st | 450,000 Kyats )[100% Free For UX & Web Design Students]Ai Workflow တွေ၊ T...
17/04/2026

Design Engineering Course
(14 Weeks | May 1st | 450,000 Kyats )
[100% Free For UX & Web Design Students]

Ai Workflow တွေ၊ Tool တွေ အပြိုင်အဆိုင် ထွက်နေတဲ့ အချိန်မှာ အရင်ပုံစံနည်းလမ်းဟောင်းတွေက သေချာပေါက် လုံလောက်မှုမရှိတော့ပါဘူး။

ဒါကြောင့် ဒီအတန်းမှာတော့ Digital Product တွေကို အခြေခံကနေစပြီး အတန်းပြီးဆုံးပါက ကိုယ်ပိုင် App တွေ၊ Website တွေ ရေးဆွဲသွားနိုင်တဲ့
အထိ သင်ကြားသွားမှာပါ။

အတန်းပြီးဆုံးသွားပါက ကိုယ်ရဲ့ Creative Workflow အတွက် သီးသန့် App တွေ၊ Website တွေ ရေးဆွဲနိုင်မှာဖြစ်သလို လုပ်ငန်းခွင်ဝင်ပါကလည်း
ဒီဇိုင်နာတစ်ယောက်အနေနဲ့ Production Ready Hi-Fi Prototype တွေ ကိုရေးဆွဲနိုင်မှာဖြစ်ပါတယ်။

သင်ကြားပေးမဲ့ သင်ရိုးတွေကတော့ -

Week 1 - Visual Design Principles & Psychology
Week 2 - Color Theory : Deep Dive
Week 3 - Typography : Deep Dive
Week 4 - UI Rules, Components & States
Week 5 - Layouts, Icons, Motion
Week 6 - UX Principles & Information Architecture
Week 7 - User Research Methods
Week 8 - Design Systems & Tokens
Week 9 - HTML Structure & CSS
Week 10 - JavaScript Essentials for UI
Week 11 - Dev Tools, Git & GitHub
Week 12 - Vibe Coding & AI-Assisted Development
Week 13 - Hosting, Domains & Going Live
Week 14 - Real-World App — Full Design-to-Ship Sprint

တို့ဘဲဖြစ်ပါတယ်။

နှစ်ဆန်းတစ်ရက်နေ့ Discount အနေနဲ့ နှစ်ဆန်းတစ်ရက်နေ့ အပ်သူအားလုံးကတော့ သင်တန်းကြေး ၃ သိန်းကျပ်နဲ့ အပ်နှံနိုင်ပါတယ်။

သင်ကြားပုံကတော့ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် Website ကနေသင်ကြားရမှာဖြစ်ပြီး သက်ဆိုင်ရာ လေ့ကျင့်ခန်းနဲ့ သိချင်တာတွေ မေးနိုင်ဖို့ အတွက် အပတ်စဉ် Zoom Meeting တစ်ပတ်တစ်ကြိမ် ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

သင်တန်းနဲ့ ပတ်သတ်တဲ့ အချက်တွေကို အသေးစိတ် သိရှိလိုပါက ကျွန်တော်တို့ Page Messenger မှ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။

16/04/2026

Beyond Paradigm : Ep 2

ဒီ အပိုင်းလေးကိုတော့ Creative တိုင်းကို ကြည့်စေချင်ပါတယ် 😊

14/04/2026

ပိတ်ရက်မှာ အလားအလာ ကောင်းတဲ့ နယ်ပယ်အသစ်လေးတွေ လေ့လာချင်တဲ့ သူတွေ အတွက်ပါ။

✨Project Luvion is officially live! 🚀အသေးစိတ် အချက်လက်တွေကို မကြာခင်မှာ ဆက်လက်မျှဝေပေးသွားပါမယ် ခင်ဗျ 😊
08/04/2026

✨Project Luvion is officially live! 🚀

အသေးစိတ် အချက်လက်တွေကို မကြာခင်မှာ ဆက်လက်မျှဝေပေးသွားပါမယ် ခင်ဗျ 😊

Access premium design resources and AI-powered learning tools.

17/03/2026

Ai နဲ့ ပတ်သတ်ပြီး သိထားသင့်တဲ့ အကြောင်းရာ တစ်ချို့ကို မျှဝေပေးလိုက်ပါတယ် 😊

ဒီနေ့အတွက် ကောက်နှုတ်ချက်လေးကတော့ ဒီဂျစ်တယ်‌ခေတ်ဦးမှာ လွှမ်းမိုးမှုရှိခဲ့တဲ့ Emigre မဂ္ဂဇင်းရဲ့တည်ထောင်သူ ဒီဇိုင်နာစုံတွ...
12/03/2026

ဒီနေ့အတွက် ကောက်နှုတ်ချက်လေးကတော့ ဒီဂျစ်တယ်‌ခေတ်ဦးမှာ လွှမ်းမိုးမှုရှိခဲ့တဲ့ Emigre မဂ္ဂဇင်းရဲ့တည်ထောင်သူ ဒီဇိုင်နာစုံတွဲ ရေးခဲ့တဲ့
ဆောင်းပါးလေးတစ်ခုက ကောက်နှုတ်ချက်လေးတစ်ခုပါ။

ဆောင်းပါးနာမည်ကတော့ "Ambition/Fear" လို့နာမည်ရပြီး ရိုးရာအလေ့အကျင့်တွေကနေ ဒီဂျစ်တယ်စနစ်ကို စတင်ပြောင်းလဲခဲ့တဲ့ လွန်ခဲ့တဲ့ နှစ် ၃၀ကျော်က ရေးသားခဲ့တာပါ။

ဒီနေ့ခေတ် Developer တွေ၊ Copywriter တွေ၊ ဒီဇိုင်နာတွေရဲ့ နေရာတွေကို Ai က နေရာယူနေသလိုမျိူးဘဲ အဲ့အချိန်ကာလမှာလည်း
စာလုံးစီသူတွေ၊ စာလုံးဒီဇိုင်းဖော်သူတွေ၊ အရောင်ခွဲသူတွေ၊ တည်းဖြတ်သူတွေ၊ လက်နိုပ်စက်တွေ နေရာကို ဒီဂျစ်တယ်စနစ်က အစားထိုးဝင်ရောက်လာတဲ့ အချိန်ကာလတစ်ခုလည်းဖြစ်ပါတယ်။

သမိုင်းတစ်ခုပြောင်းလဲတိုင်းမှာ လုပ်ဆောင်မှုတွေ ပိုမိုမြန်ဆန်လာသလို လူတစ်ယောက်ကနေမတူညီတဲ့ ကျွမ်းကျင်မှုတွေကို လုပ်လာနိုင်တာ ထုံးစံတစ်ခုပါဘဲ။

ဒီဆောင်းပါးထဲမှာတော့ တီထွင်မှုတွေက ပိုမိုမြန်ဆန်လာပေမဲ့ တီထွင်ဖန်တီးနိုင်စွမ်းပေါ်အခြေခံထားတဲ့ ဒီဇိုင်း ပညာရပ်တွေကတော့ ပျောက်ကွယ်သွားတာမဟုတ်ဘဲ
ပိုမိုလွတ်လပ်လာကြောင်းကို သုံးသပ်ရေးသားထားတဲ့ အကြောင်းရာတွေကတော့ ဒီနေ့ခေတ်ထိ ဖတ်သင့်တဲ့ ဆောင်းပါးတစ်ပုဒ်ထဲမှာ ထည့်သွင်းနိုင်ပါတယ်။

ဒါ့ကြောင်ဘဲ "နည်းပညာနဲ့ ရင်းနှီးမှု သေချာမရှိတာက ကျွန်တော် တို့ကို သူ့ရဲ့ အသုံးချနယ်ပယ် နဲ့ သူ့ရဲ့ သက်ရောက်မှု နှစ်ခုကြားမှာ ဇဝေဇဝါ ဖြစ်စေပါတယ်" ဆိုပြီး ရေးသားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် "Digital technology is a great big unknown, and after all, a mystery is the most stimulating force in unleashing the imagination" ဆိုပြီး နည်းပညာအသစ်တွေက ဖန်တီးနိုင်မှုကို လွတ်မြောက်ခွင့်ပေးတယ်ဆိုပြီး အဆုံးသတ်မှာ ရေးခဲ့တာကလည်း သဘောကျဖို့ကောင်းတဲ့အတွက် ဒီနေ့ ဆောင်းပါးကောက်နှုတ်ချက်လေး တစ်ခုအနေနဲ့ မျှဝေလိုက်ပါတယ်။

ဆောင်းပါးအပြည့်စုံကိုတော့ Comment မှာ Link လေးမျှဝေထားပေးပါတယ်။

ပြောင်းလဲလာတဲ့ နည်းပညာနဲ့ လုပ်ကိုင်ပုံတွေ အတွက် သမရိုးကျသင်ကြားမှုပုံစံတွေက လုံလောက်မှု မရှိတော့ဘူးလို့ ကျွန်တော်တို့ ယု...
18/01/2026

ပြောင်းလဲလာတဲ့ နည်းပညာနဲ့ လုပ်ကိုင်ပုံတွေ အတွက် သမရိုးကျသင်ကြားမှုပုံစံတွေက လုံလောက်မှု မရှိတော့ဘူးလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။

ဒါ့အပြင် မတူညီတဲ့ ပတ်ဝန်းကျင်နဲ့ အသုံးပြုမှု ပုံစံတွေအလိုက် လေ့လာသူ တစ်ယောက်ချင်းစီအလိုက် လိုအပ်ချက်နဲ့ Road Map တွေက မတူညီကြပါဘူး။

ဒါကြောင့် အချက်လက်စီးဆင်းမှု ပိုပြီးမြန်ဆန်ပြီး ပိုမိုထိရောက်တဲ့ မျှဝေမှုပုံစံတွေ အတွက် Project Luvion ကို စတင်လိုက်ပါတယ်။

ဒီ အစီစဉ်လေးကတော့ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စတင်မှာဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ LUVION Community ကို ဝင်ရောက်လိုသူတွေအနေနဲ့တော့ ကျွန်တောတို့ Page Messenger ကနေ တစ်ဆင့် စာရင်းပေးသွင်းနိုင်ပါတယ်ခင်ဗျာ။

Evolution Of Graphic Design History [  Batch 2  | 25th Jan 2026  |  5 Weeks  |  150,000 ]ဒီနေ့ Ai ခေတ်မှာ ဒီဇိုင်နာတွေ အ...
14/01/2026

Evolution Of Graphic Design History
[ Batch 2 | 25th Jan 2026 | 5 Weeks | 150,000 ]

ဒီနေ့ Ai ခေတ်မှာ ဒီဇိုင်နာတွေ အတွက် အဓိကလိုအပ်လာမဲ့ အရာတွေ ဖြစ်တဲ့

- ဒီဇိုင်းတွေကို ယုံကြည်ချက်ရှိရှိ ဆုံးဖြတ်ချက် ချက်နိုင်ဖို့ ၊

- ပြောင်းလဲလာမဲ့ ခေတ်ရေစီးကြောင်းတွေကို ပိုမိုနားလည်လာစေဖို့ နဲ့

- Art Direction ပိုင်းမှာ ပိုမိုအားကောင်းလာစေဖို့တို့ အတွက်
ဒီနှစ် မှာပြန်လည်စတင် ဖွင့်လှစ်သွားမဲ့ ပထမဆုံး အတန်း တစ်ခုအနေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

ဒီအတန်းလေးမှာတော့ ဒီဇိုင်းတွေ စဉ်းစား ရေးဆွဲတဲ့ နေရာမှာဘဲဖြစ်ဖြစ်၊ Inspiration တွေ ရှာတဲ့အခါမှာဘဲဖြစ်ဖြစ်၊ ဒီဇိုင်းနဲ့ပတ်သတ်တဲ့ အယူအဆတွေကို ပြန်ပြီးရှင်းပြတဲ့ အခါမှာဘဲဖြစ်ဖြစ် ယုံကြည်ချက်ရှိရှိနဲ့ ရေးဆွဲရှင်းပြနိုင်အောင် ခေတ်အလိုက်ပြောင်းလဲလာတဲ့ ဒီဇိုင်းသဘောတရားနဲ့ ဟန်ပန်တွေကို လေ့လာနိုင်မှာပါ။

ဒါ့အပြင် မတူညီတဲ့ ဖန်တီးတည်ထွင်မှုတွေ၊ နိုင်ငံရေး အခြေနေတွေ၊ လူနေမှုပတ်ဝန်းကျင်တွေ နဲ့ ယဉ်ကျေးမှု၊ စီးပွားရေး အစရှိတဲ့ အခြေနေတွေ ကြောင့် ပြောင်းလဲလာတဲ့ တန်ဖိုးနဲ့ သဘောတရားတွေကိုပါ ယှဉ်တွဲလေ့လာနိုင်မှာ ဖြစ်တာကြောင့် အမြဲမပြတ်ပြောင်းလဲနေတဲ့ ကာလတွေမှာ ဒီဇိုင်းနဲ့ပတ်သတ်လို ဘယ်လို အကြောင်းရာတွေကို ဦးစားပေးလေ့လာသင့်တယ်ဆိုတာကိုပါ ချင့်ချိန် စဉ်းစားလာနိုင်မှာဖြစ်သလို Design ဆိုတဲ့ စာလုံးရဲ့ အဓိပ္ပါယ်ကို ပါ ပိုမိုသဘောပေါက်လာမှာဖြစ်ပါတယ်။

ကျွန်တော်တို့ ရဲ့ ဒီအတန်းကတော့ ၅ ပါတ်စာ သင်ရိုး ပေါ်မှာ အခြေခံထားပြီး

Week 1 မှာတော့ ဒီဇိုင်းရယ်လို့ မဖြစ်လာခင်မှာ အသုံးပြုကြတဲ့ အမြင်ပိုင်းဆိုင်ရာ ဆက်သွယ်မှုပုံစံတွေကို လေ့လာနိုင်မှာပါ။

Week 2 မှာတော့ ဒီနေ့ခေတ် ဒီဇိုင်းသဘောတရားတွေကို ရုပ်လုံးပေါ်စေမဲ့ တီထွင်မှုတွေနဲ့ လှုပ်ရှားမှုတွေ အကြောင်းကို လေ့လာနိုင်မှာပါ။

Week 3 မှာတော့ အစောပိုင်း Modernism ကာလ ဖြစ်ပေါ်လာပုံတွေ၊ လှုပ်ရှားမှုတွေ၊ ဦးဆောင်သူတွေနဲ့ ခေတ်အလိုက် ဟန်ပန် သဘောတရားတွေကို လေ့လာနိုင်မှာပါ။

Week 4 မှာတော့ Modernism နှောင်းပိုင်းကာလတွေ၊ ပြောင်းလဲစမ်းသစ်လာတဲ့ Design သဘောတရားတွေ မတူညီတဲ့ ဒေသအလိုက်ပြောင်းလဲလာပုံတွေကို လေ့လာနိုင်မှာပါ။

Week 5 မှာတော့ ဒီဇိုင်းလောကမှာ သိထားသင့်တဲ့ ဒီဇိုင်နာတွေ နဲ့ သူတို့ရဲ့ အယူအဆတွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။

သင်တန်းကြေးကတော့ ၁ သိန်းခွဲဖြစ်ပြီး သင်တန်းကြာချိန်ကတော့ ၅ ပတ်ဖြစ်ပါတယ်။

သင်ကြားပုံကတော့ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် Website ကနေသင်ကြားရမှာဖြစ်ပြီး သက်ဆိုင်ရာ လေ့ကျင့်ခန်းနဲ့ သိချင်တာတွေ မေးနိုင်ဖို့ အတွက် အပတ်စဉ် Zoom Meeting တစ်ပတ်တစ်ကြိမ် ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

သင်တန်းနဲ့ ပတ်သတ်တဲ့ အချက်တွေကို အသေးစိတ် သိရှိလိုပါက ကျွန်တော်တို့ Page Messenger မှ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။

3D Visualization For Designers : Ai Powered Workflow[ Batch - 1 | Start 20th January 2026 |  2.5 months  ]ရှယ်ကြမ်းတဲ့ B...
11/01/2026

3D Visualization For Designers : Ai Powered Workflow
[ Batch - 1 | Start 20th January 2026 | 2.5 months ]

ရှယ်ကြမ်းတဲ့ Brand Mascot တွေ၊ Art Toy တွေ၊ Visualization တွေကို Ai Powered Process တွေတွဲသုံးပြီး အမြန်ဆုံးဖန်တီးချင်ပါသလား ?

ဒါဆိုရင်တော့ ဒီအတန်းက သင့်အတွက်ဖြစ်မှာပါ။

- ဒီအတန်းက ၁၀၀ ဖိုး ၅ ပုဒ် ပေကြောင် Ai Slo‌p တွေ သင်ပေးမှာမဟုတ်ဘဲ Blender လို 3D Software တွေကို လက်ရှိ Ai Process တွေနဲ့ ပေါင်းစပ်ပြီး Production Ready Quality ရအောင် အမြန်ဆုံး ဘယ်လိုဖန်တီးရမလဲဆိုတဲ့ အကြောင်းရာတွေကို အခြေခံကနေစပြီး စနစ်တကျ သင်ကြားပေးမှာပါ။

- သင်ကြားပေးမဲ့ အကြောင်းရာတွေကတော့ Modeling, Topology, UV mapping, Shading, Texturing, Lighting, Rendering ကနေ Post Production တစ်ဆင့်ချင်းဆီကို Ai Powered Process တွေနဲ့ ပေါင်းစပ်ပြီး အခြေခံကနေ စနစ်တကျသင်ယူနိုင်မှာဖြစ်ပါတယ်။

- Art Toy နဲ့ 3d Printing ပိုင်း စိတ်ဝင်စားတဲ့သူတွေကိုလည်း 3d Printing နဲ့ ဆိုင်တဲ့ Slicing လုပ်တဲ့ပုံစံတွေ၊ Material Selection နဲ့ Environment Setup လုပ်တဲ့ပုံစံတွေစတဲ့ Knowledge Sharing Section တွေလည်း ပါဝင်မှာဖြစ်တာကြောင့် ဆွဲထားတဲ့ 3D Model တွေကို ပြင်ပ ကမ္ဘာထိပါ ခေါ်ဆောင်လာနိုင်မှာပါ။

- အသုံးပြု သင်ကြားပေးမဲ့ ဆော့ဝဲလ် ကတော့ Blender ရဲ့ နောက်ဆုံး LTS Version ဖြစ်တဲ့ Blender 4.5 LTS Version ကို အသုံးပြုပြီး သင်ကြားပေးသွားမှာပါ။

- သင်ကြားပေးမဲ့ ပုံစံကတော့ အပတ်စဉ် သင်ခန်းစာတွေကို ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် Website မှာ ကိုယ်ပိုင် Account တွေကနေတစ်ဆင့် လေ့လာနိုင်မှာဖြစ်ပြီး သိချင်တာတွေ မေးမြန်းနိုင်ဖို့ကိုလည်း အပတ်စဉ် Zoom Call တွေကနေတစ်ဆင့်သင်ကြားပေးသွားမှာဖြစ်ပါတယ်။

- သင်တန်းကာလ ကတော့ ၂လခွဲ ဖြစ်ပြီး သင်တန်းကြေးကတော့ ၃သိန်း ကျပ် ဖြစ်ပါတယ်။

- Deversity က 3D Visualization For Designers သင်ရိုဟောင်းတတ်ဖူးသူတွေတော့ 50% Discount ရရှိမှာပါ။

- သင်တန်းကြေး အခက်ခဲရှိသူတွေအနေနဲ့ တစ်ဝက်စီခွဲသွင်းနိုင်ပါတယ်ခင်ဗျာ။

- သင်တန်းနဲ့ ပတ်သတ်တဲ့ အချက်တွေကို ကျွန်တော်တို့ Page Messenger မှ မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျ။

Chiang Mai Design Week 2026 မှာ ထိုင်ဝမ်မှ ဝင်ရောက်ပြသခဲ့တဲ့ "Taiwan Beats: Music Scene" ပြခန်းမှ Music Artwork, Poster ...
11/12/2025

Chiang Mai Design Week 2026 မှာ ထိုင်ဝမ်မှ ဝင်ရောက်ပြသခဲ့တဲ့ "Taiwan Beats: Music Scene" ပြခန်းမှ Music Artwork, Poster Design နှင့် Packaging Design တစ်ချို့ကို မျှဝေပေးလိုက်ပါတယ်။

နည်းပညာ အပြောင်းလဲတွေများတဲ့ကာလမှာ အတွေးခေါ်ပိုင်းဆိုင်ရာ အသိအမြင်တွေက ကျွန်တော်တို့ကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနို...
02/10/2025

နည်းပညာ အပြောင်းလဲတွေများတဲ့ကာလမှာ အတွေးခေါ်ပိုင်းဆိုင်ရာ အသိအမြင်တွေက ကျွန်တော်တို့ကို မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ အထောက်ကူပေးနိုင်မှာပါ။

ဒါကြောင့် ဒီနေ့တော့ ယနေ့ခေတ် Information Design ( ID ) နဲ့ Information Architecture ( IA ) နဲ့ ပတ်သတ်ပြီး ဦးဆောင်ခဲ့တဲ့ ဂန္ထဝင်ဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့ Ladislav Sutnar ရဲ့ အတွေးခေါ် တစ်ချို့ကို ပြန်လည်မျှဝေပေးသွားမှာပါ။

Ladislav Sutnar ကို အမေရိကန် ဖုန်းနံပါတ်တွေရဲ့ နယ်မြေကုဒ်တွေမှာ တွန့်ကွင်းအဖွင့်အပိတ် "()" အသုံးပြုခဲ့တာတွေနဲ့ပတ်သတ်လို့ လူသိများသလို သူ့စာအုပ်တွေကလည်း Lars Müller လို ဒီဇိုင်းပုံနိုပ်တိုက်တွေ၊ Kickstarter မှာ Campaign တွေလုပ်ပြီး ပြန်လည်ရိုက်နိုပ်တာတွေ နဲ့ လေလံပွဲတွေထိ နေရာယူနိုင်လောက်အောင် ထူးခြားခဲ့ပါတယ်။

ဒီနေ့မျှဝေပေးသွားမှာတော့ Ladislav Sutnar ရဲ့ ၁၉၆၁ က ပုံနိုပ်ထုတ်ဝေခဲ့တဲ့ Visual Design In Action ဆိုတဲ့ စာအုပ်ထဲ အကြောင်းရာတစ်ချို့ဘဲဖြစ်ပါတယ်။

ဒီနေ့ခေတ် Ai နည်းပညာလိုဘဲ အဲ့နေ့ အချိန်ကလည်း ပုံနိုပ်လုပ်ငန်းတွေ၊ ဆက်သွယ်ရေးလုပ်ငန်းတွေနဲ့ နည်းပညာ လုပ်ငန်းတွေက တစ်ဟုန်တိုး တိုးတတ်နေတဲ့ ကာလတစ်ခုဖြစ်ပါတယ်။

ဒါကြောင့် သူ့အနေနဲ့ Visual Flow လို့ ခေါ်တဲ့ ဒီဇိုင်းတစ်ခုရဲ့ အမြင်ပိုင်းဆိုင်ရာ စီးမျောမှုတွေနဲ့ Typography လို့ခေါ်တဲ့ စာလုံးပုံစံစီစဉ်ရေးသားနည်းတွေကို ခေတ်နဲ့အညီ ပြောင်းလဲဖို့ အတွက် ဦးဆောင် လှုံ့ဆော်ခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

ပြောင်းလဲနေတဲ့ ခေတ်အလိုက် အမြင်ပိုင်းဆိုင်ရာ ဆက်သွယ်မှုပုံစံတွေ ပိုမိုမြန်ဆန်လာဖို့ လိုအပ်လာတာကို " 'faster, faster'; produce faster, distribute faster, communicate faster" ဆိုပြီးရေးသားခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ လူသိများတဲ့ ဆောင်ပုဒ်တစ်ခုဖြစ်သလို နည်းပညာပြောင်းလဲမှုပေါ်မူတည်ပြီး ဆက်သွယ်မှုပုံစံပြောင်းလဲဖို့ လိုတာကို မီးမောင်းထိုးပြခဲ့တဲ့ ရေးသားမှုတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

ที่อยู่

Mueang District
Chiang Mai
50300

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00
เสาร์ 09:00 - 17:00
อาทิตย์ 09:00 - 21:00

เบอร์โทรศัพท์

+959795579128

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Deversity - Myanmarผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ โรงเรียนนี้

ส่งข้อความของคุณถึง Deversity - Myanmar:

ทางลัด

แชร์