My School International Education

My School International Education

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก My School International Education, โรงเรียน, 10/14, Star Avenue 7, Lampang-Chiang Mai Superhighway, Wat Ket Subdistrict, Mueang District, Chiang Mai.

26/06/2025

ENROLLMENT OPEN!

GED ဖြေပြီး နိုင်ငံတကာတက္ကသိုလ်တွေတက်ဖို့ အဆင့်သင့်ဖြစ်ပါပြီလား။
ချင်းမိုင်မြို့က "My School International Education" မှာ GED သင်တန်း အပတ်စဥ် (၂) ကို ဖွင့်လှစ်ပေး လိုက်ပါပြီရှင်

GED Batch 2 – Class Information (July Intake) 📚
My School Tutoring Center – Chiang Mai

We are excited to welcome our new GED Batch 2 students starting this July 2025! Here's everything you need to know:

✅ Start Date: July 8, 2025
✅ Subjects Offered:
• Mathematical Reasoning
• Reasoning Through Language Arts (RLA)
• Science
• Social Studies

✅ Class Schedule:
• Weekdays – Monday to Friday
• Time – 9:00 AM to 12:00 PM (Morning Session)
• Additional Support – Evening Zoom sessions for Q&A and mock tests (Optional)

✅ Class Mode:
• On-campus learning with experienced GED instructors
• Digital resources and regular assessments

11/03/2025

🎯ကျောင်းသားတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးမယ့် My School International Education ရဲ့ Special Tutoring Class များ!!!

My School ရဲ့ Special Tutoring Class ဆိုတာကတော့ ချင်းမိုင်မှာ တက်ရောက်သင်ကြားနေတဲ့ ကျောင်းသားတိုင်း International School မှာ အခက်တွေ့တဲ့ Subject တွေကို စနစ်တကျ နားလည်သဘောပေါက်အောင်ပြန်လည်သင်ကြားပေးမယ့် Tuition တစ်ခုဘဲဖြစ်ပါတယ်ရှင့်....

👩‍🏫👨‍🏫သင်ကြားပေးမယ့် Tutor များကလည်း Teaching Experiences တွေအပြည့်နဲ့ ကျောင်းသားတိုင်း စနစ်တကျသိရှိနားလည်အောင်သင်ကြားပေးမှာဖြစ်တဲ့အပြင်…

ကောင်းမွန်တဲ့ သင်ကြားမှုနည်းစနစ်တွေနဲ့….

✅စာပြန်ကူလုပ်ပေးမယ်။
✅တစ်နေရာထဲမှာ ဘာသာစုံ သင်ယူနိုင်မယ်။
✅အားနည်းတဲ့ ဘာသာရပ်တွေကို နှစ်ခါပြန်သင်ကြားပေးမယ်။
✅ကျောင်းစာမေးပွဲများအတွက် ကူညီပြင်ဆင်ပေးမယ်။

📚ဒါဆို ဘယ်အတန်းတွေ တက်လို့ရလဲ။

👉🏻KG ကနေစလို့ မူလတန်း၊ အလယ်တန်း၊ အထက်တန်းနဲ့ GCSE၊ IGCSE ကျောင်းသားများ တစ်နေရာထဲမှာ ဘာသာစုံတက်ရောက်နိုင်ပါတယ်။

🌟အထူး Special အနေနဲ့ကတော့ "ငါးဦးဝိုင်း" (သို့) "တစ်ဦးတည်းသီးသန့်ဝိုင်း"များကို စီစဉ်ပေးထားပြီး ဘာသာစုံ (သို့) မိမိအားနည်းတဲ့ ဘာသာများကို လိုအပ်ချက်အလိုက် Special Tutoring Class ယူနိုင်မှာပဲဖြစ်ပါတယ်။

🎯 Tutoring Class Timetable

✅ အတန်းချိန်များမှာ အပတ်စဥ် "အင်္ဂါနေ့မှ သောကြာနေ့" များတွင် ညနေ (၃) နာရီခွဲမှ (၅) နာရီခွဲထိဖြစ်ပါတယ်။

⭐ အသေးစိတ်ပိုမိုသိရှိလိူသူများအနေနဲ့ "My School International Education" ရဲ့ Page Messenger မှာ လာရောက်စုံစမ်းနိုင်ပါပြီ။

⭐ သင့်ကလေးရဲ့ အနာဂတ်အတွက် စိတ်ချရစေဖို့ ယခုပဲ ပညာရေးအတွက် အာမခံချက်အပြည့်ရှိတဲ့ "My School International Education" ကို ဆက်သွယ်လိုက်ပါ။

📍 ကျောင်းတည်နေရာ:
10/14, Star Avenue 7, Lampang-Chiang Mai Superhighway,
Wat Ket Subdistrict, Mueang District,
Chiang Mai, 50000

07/03/2025

ချင်းမိုင်ရောက် မိဘတွေအတွက် တွေးပူနေရတဲ့ အခြေခံအချက်တွေထဲမှာ သားသမီး အနာဂတ်ပညာရေးလည်း ပါပါတယ်

👉 တကယ်လို့ ဒီလို အခြေအနေကို ကြုံတွေ့နေရတဲ့ မေမေ၊ ဖေဖေတို့များ ရှိမယ်ဆိုရင် ကိုယ့်သားသမီး အနာဂတ်ပညာရေးအတွက် ✅ မရှိမဖြစ်လိုအပ်တဲ့ English ကို မေ့မနေဖို့ အကြံပေးချင်ပါတယ်ရှင် ...

💯 English အခြေခံရှိထားပြီး လူငယ်တွေဟာ တခြားသော လူငယ်တွေထက် တက်လမ်းပိုများသလို Knowledge တွေလည်း များများပို Absorb လုပ်နိုင်မှာဖြစ်ပါတယ် ...

👉 ဒီအတွက် အရွေးချယ်သင့်ဆုံး Cambridge English ကို Starters Level အခြေခံမှစ ဖိဖိစီးစီး ထိထိရောက်ရောက် သင်ကြားပေးနေတဲ့ International School တစ်ခု "ချင်းမိုင်" မှာရှိနေပါပြီ ✅

☺️ ကျွန်မတို့ရဲ့ My School International ပဲ ဖြစ်ပါတယ်ရှင် ...

My School International မှာ
- Young Learners Program ရဲ့ Starters မှစလို့ အတန်းစုံအတွက် ထိထိရောက်ရောက် သင်ကြားပေးနေပါတယ်။
- English ကို လန့်စရာ၊ ကြောက်စရာ Subject တစ်ခုလို မခံစားရစေဘဲ ပေါ့ပေါ့ပါးပါးနဲ့ ပျော်ပျော်ရွှင်ရွှင် သင်ယူနိုင်ဖို့ ကူညီပေးထားပါတယ်။
- လက်ရှိကိုယ်ရောက်နေတဲ့ Level ထက် သိသိသာသာတိုးတက်တဲ့ Result ကို ရရှိနိုင်ဖို့လည်း အသေးစိတ် အနီးကပ် သင်ကြားပေးနေပါတယ်။
- ‌ဒါ့အပြင် ကျွန်မတို့ရဲ့ My School မှာ တက်ရောက်ခဲ့သူ Cambridge Young Learners ကျောင်းသားတိုင်းဟာ 💥 အရည်အချင်းရှိ Result ကောင်းကောင်းနဲ့ ဖြေဆိုအောင်မြင်လေ့ ရှိတာ ပုံမှန်ပါပဲရှင် ...

✅ တကယ်လို့ အိမ်ကYoung Learners လေးတွေအတွက် Cambridge English Preparation Class ကို Join ချင်တယ် ... ချင်းမိုင်မှာရောက်နေလို့ In Person Class ကိုလည်းတက်ချင်တယ် ... School Facilities အပြည့်နဲ့ ပညာသင်ကြားစေချင်တယ်ဆိုရင်တော့ My School ကို အခုပဲ လာရောက်စုံစမ်းလိုက်ပါရှင့် ...

ဘယ်ကျောင်းမှာ Join သင့်လဲ မသိသေးရင်တော့ My School International ကိုသာ လှမ်းခဲ့ပါနော်

📍 ကျောင်းတည်နေရာ:
10/14, Star Avenue 7, Lampang-Chiang Mai Superhighway,
Wat Ket Subdistrict, Mueang District,
Chiang Mai, 50000

04/03/2025

လူတိုင်းပါးစပ်ဖျား ရေပန်းစားတဲ့ GED မှာ Subjects ဘယ်နှစ်ခုပါသလဲ?

😁 ခုတလော GED တို့ IGCSE တို့ ခေတ်ထနေတာတော့ အားလုံးသိကြမယ်ထင်ပါတယ် ...

ဒီလိုနည်းနဲ့ GED ကိုတော့ သူများပြောလို့၊ Fb ပေါ် ခဏခဏတွေ့လို့ စသဖြင့် သိထားကြတယ်။ဒါပေမယ့် GED မှာ ဘယ်ဘာသာရပ်တွေ သင်ရတာလဲရော သိပြီးပြီလားရှင့် ?

GED မှာက
(1)Reasoning through Language Arts,
(2)Reasoning through Mathematics,
(3)Science,
(4)Social Studies ဘာသာရပ် (၄)မျိုး သင်ကြားရမှာ ဖြစ်ပါတယ်နော် ..

💯 ဒါဆို GED ကိုလည်း သိထားပြီ၊ GED မှာ ဘာဘာသာရပ်တွေ သင်လဲဆိုတာလည်း သိထားပြီးပြီ။👉 ဘယ်ကျောင်းမှာ Join သင့်လဲ မသိသေးရင်တော့ My School International ကိုသာ လှမ်းခဲ့ပါနော် ...

📍 ကျောင်းတည်နေရာ:
10/14, Star Avenue 7, Lampang-Chiang Mai Superhighway,
Wat Ket Subdistrict, Mueang District,
Chiang Mai, 50000

14/02/2025

🎯 ကျောင်းမှာသင်လိုက်သမျှ စာတွေ ပြန်ကူလုပ်ပေးမယ့် ကျူရှင်ကောင်းကောင်းရှာနေပါသလား။

ချင်းမိုင်မြို့က "My School International Education" ရဲ့ Special Tutoring Class များနဲ့ ယခုပဲချိတ်ဆက်လိုက်ပါခင်ဗျာ။

My School ရဲ့ Special Tutoring Class တွေဟာ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့က International School နဲ့ Bilingual School များမှာ တက်ရောက်နေတဲ့ ကျောင်းသား၊ကျောင်းသူတွေအတွက် စီစဥ်ပေးထားတာဖြစ်ပါတယ်။

My School က KG ကနေစလို့ မူလတန်း၊ အလယ်တန်း၊ အထက်တန်းနဲ့ GCSE၊ IGCSE ကျောင်းသားများအားလုံးအတွက် "ငါးဦးဝိုင်း" (သို့) "တစ်ဦးတည်းသီးသန့်ဝိုင်း"များကို စီစဥ်ပေးထားပါတယ်။ ဘာသာစုံ (သို့) မိမိအားနည်းတဲ့ ဘာသာများကို လိုအပ်ချက်အလိုက် Special Tutoring Class ယူနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာ။

My School ရဲ့ Special Tutoring Class တွေဟာ -

⭐ ကျူရှင်တွေတစ်ခုပြီးတစ်ခု ကူးစရာမလိုဘဲ တစ်နေရာထဲမှာ သင်ယူနိုင်မယ့်၊
⭐ ကျောင်းမှာ နားမလည်သမျှကို စနစ်တကျပြန်သင်ပေးမယ့်၊
⭐ စာမလိုက်နိုင်တဲ့၊ အားနည်းတဲ့ ဘာသာရပ်တွေကို နှစ်ခါပြန်သင်ကြားပေးမယ့်၊
⭐ အိမ်စာတွေ၊ Assignment တွေနဲ့ Project တွေလုပ်တဲ့နေရာမှာ ကူညီပေးမယ့်၊
⭐ အပတ်စဥ်၊ လစဥ်ကျင်းပတဲ့ ကျောင်းစာမေးပွဲများအတွက် ကူညီပြင်ဆင်ပေးမယ့် အထူးအတန်းချိန်များပဲဖြစ်ပါတယ်။

🎯 Tutoring Class Timetable

✅ အတန်းချိန်များမှာ အပတ်စဥ် "အင်္ဂါနေ့မှ သောကြာနေ့" များတွင် ညနေ (၃) နာရီခွဲမှ (၅) နာရီခွဲထိဖြစ်ပါတယ်။

⭐ အသေးစိတ်ပိုမိုသိရှိလိူသူများအနေနဲ့ "My School International Education" ရဲ့ Page Messenger မှာ လာရောက်စုံစမ်းနိုင်ပါပြီ။

⭐ သင့်ကလေးရဲ့ အနာဂတ်အတွက် စိတ်ချရစေဖို့ ယခုပဲ ပညာရေးအတွက် အာမခံချက်အပြည့်ရှိတဲ့ "My School International Education" ကို ဆက်သွယ်လိုက်ပါ။

📍 ကျောင်းတည်နေရာ:
10/14, Star Avenue 7, Lampang-Chiang Mai Superhighway,
Wat Ket Subdistrict, Mueang District,
Chiang Mai, 50000

01/02/2025

🎯 သားသား၊မီးမီးတို့ကို ငယ်ကတည်းက အင်္ဂလိပ်စာကောင်းစေချင်ပါသလား။ "My School" ရဲ့ Young Learners Program မှာ ယခုပဲ လာရောက်ကာ စာရင်းသွင်းနိုင်ပါပြီ။

ဘာသာစကားတစ်ခုကို သင်ယူတဲ့အခါ ဘာသာစကားကို ကြောက်မသွားဖို့ အရေးကြီးပါတယ်။ ဒါကြောင့် အင်္ဂလိပ်သင်တန်းဖြစ်ရင် ပြီးတာပဲဆိုပြီး မရွေးချယ်သင့်ပါဘူး။

🏵 ဖေဖေ၊မေမေတို့ သင်ရိုးရွေးချယ်မှု မမှားရစေဖို့ "My School International Education" က Young Learners Program ကို ဖေဖော်ဝါရီလမှာ စတင်ဖွင့်လှစ်ပေးသွားတော့မှာပါ။

Young Learners Program ဟာ Cambridge Assessment English မှ ကလေးငယ်များအတွက် ရည်ရွယ်ပြီး ဒီဇိုင်းထုတ်ထားသော နိုင်ငံတကာအင်္ဂလိပ်စာသင်ရိုးတစ်ခုဖြစ်ပါတယ်။ ဒီ Program ဟာ ကလေးတွေ အင်္ဂလိပ်စာကို ပျော်ရွှင်စွာ သင်ယူနိုင်စေဖို့ ရည်ရွယ်ပြီး သူတို့၏ ဘာသာစကားစွမ်းရည်ကို တဖြည်းဖြည်း မြှင့်တင်ပေးသွားတဲ့ Program ဖြစ်ပါတယ်။

ချင်းမိုင်မြို့က သားသား၊မီးမီးတို့ တက်ရောက်နိုင်မယ့် "My School International Education" ရဲ့ Young Learners Program မှာ အတန်းတစ်တန်းကို ကျောင်းသား၊ကျောင်းသူ (၁၀) ဦးမှ (၁၅) ဦးထိသာ လက်ခံသင်ကြားပေးသွားမှာဖြစ်ပါတယ်။ အသက် (၄) နှစ်ကနေ စတင်ကာ တက်ရောက်နိုင်မှာဖြစ်ပြီး Level Test များကိုလည်း စစ်ဆေးပေးသွားဦးမှာဖြစ်ပါတယ်။

"My School International Education" ရဲ့ Young Learners Program ဟာ -

⭐ အင်္ဂလိပ်စာ ဘာသာစကားစွမ်းရည်လေးမျိုးလုံး (English 4 skills) ကို စနစ်တကျ သင်ယူနိုင်ဖို့၊

⭐ ကစားနည်းများ၊ သီချင်းများ၊ ပုံပြင်များနှင့် လှုပ်ရှားမှုများကို အသုံးပြုပြီး အင်္ဂလိပ်စာကို တက်တက်ကြွကြွသင်ယူနိုင်ဖို့နဲ့

⭐ နိုင်ငံတကာ အသိအမှတ်ပြု Cambridge စာမေးပွဲများကိုပါ ဝင်ရောက်ဖြေဆိုကာ အောင်မြင်မှုများရရှိနိုင်ဖို့ သင်ကြားပေးမယ့် Program တစ်ခုဖြစ်ပါတယ်။

🌼 သင့်ကလေးရဲ့ အနာဂတ်အတွက် စိတ်ချရစေဖို့ ယခုပဲ ပညာရေးအတွက် အာမခံချက်အပြည့်ရှိတဲ့ "My School International Education" နှင့်သာ ချိတ်ဆက်လိုက်ပါ။

📍 ကျောင်းတည်နေရာ:
10/14, Star Avenue 7, Lampang-Chiang Mai Superhighway,
Wat Ket Subdistrict, Mueang District,
Chiang Mai, 50000

29/01/2025

🌟 အထက်တန်းမပြီးဆုံးသေးလို့ ထွက်ပေါက်ပိတ်နေမိပြီးလား?

🌟ပညာရေးလမ်းကြောင်းကို ဘယ်လိုဖောက်ရမလဲ ဆိုတာကို စိုးရိမ်ပူပန်နေမိလား?

🌟ဘယ်တက္ကသိုလ်တွေမှာ ဆက်လက်တက်ရောက်ရမလဲ မသိဖြစ်နေမိလား?

အထက်ပါ မေးခွန်းတွေကို My School International Education က အသေးစိတ် ဖြေကြားပေးသွားမဲ့အပြင် ဒါနဲ့ပတ်သက်တဲ့ အစီအစဥ်တစ်ခုလည်းရှိပါတယ်။

အထက်တန်းမပြီးလို့ ထွက်ပေါက်ကိုရှာနေရင်တော့ GED လို့ခေါ်တဲ့ General Educational Development နှင့်ဖောက်ထွက်နိုင်ပါတယ်။ နိုင်ငံတကာ အသိအမှတ်ပြု အမေရိကန် အထက်တန်းပညာရေးအောင်လက်မှတ်ဖြစ်လို့ သက်ဆိုင်ရာနိုင်ငံတွေမှာ တက္ကသိုလ်ပညာရေးတွေကို တရား၀င် ဆက်လက် တက်ရောက်နိုင်ပါတယ်။

✅GED ကိုတက်ရောက်သင့်တဲ့သူတွေကတော့-

၁။ အစိုးရ အထက်တန်းကျောင်း ပညာရေး မပြီးဆုံးခဲ့သူများ၊
၂။ ပညာရေးကို အချိန်​ပြည့် ဆက်သင်ယူဖို့ ခက်ခဲနေသူများ၊
၃။ အထက်တန်းကျောင်းပညာရေးအတွက် အချိန်နှင့် ငွေကုန်ကြေးကျသက်သာအောင်လုပ်နိုင်လိုသူများ ရွေးချယ်သင့်ပါတယ်။

✅GED စာမေးပွဲမှာ ပါ၀င်တဲ့ဘာသာရပ်တွေက-

၁။ Reasoning through Language Arts - RLA
၂။ Mathematical Reasoning
၃။ Science
၄။ Social Studies တို့ပဲဖြစ်ပါတယ်။

🌟 GED နဲ့ပတ်သက်တာကို ပိုမိုသိရှိလိုပြီး ပညာရေးလမ်းကြောင်းကို ဘယ်လိုနည်းနဲ့ဖောက်ရမလဲဆိုရင်တော့ "My School International Education" မှ ဆရာမ ယုမွန်စိုးနှင့် ဆရာ သာထူး တို့မှ ကမကထ လုပ်ကာ လူတွေ့ Consultation အစီအစဥ်ကို အခမဲ့ လုပ်ပေးသွားမှာဖြစ်ပါတယ်။

✅ Consultation အစီအစဥ်အကျဥ်းချုပ်

နေ့ရက်-၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့ - စနေနေ့
နေရာ- My School International Education
အချိန်- ထိုင်းစံတော်ချိန် နံနက်(၁၀)နာရီ
အခမဲ့ လူကိုယ်တိုင်လာရောက်ပြီး Consultation ယူနိုင်ပါတယ်။

လူအကန့်အသတ်သာဖြစ်လို့ ကြိုတင်ကာ စာရင်းသွင်းနိုင်ဖို့ ကျောင်းရဲ့ "Page Messenger" (သို့) Comment မှာ စတင်ဆက်သွယ်နိုင်ပါပြီ။

ထိုင်ခုံကန့်သတ်ထားလို့ မြန်မြန်ဆန်ဆန်စာရင်းသွင်းထားလိုက်ပါတော့နော်။

📍 ကျောင်းတည်နေရာ:
10/14, Star Avenue 7, Lampang-Chiang Mai Superhighway,
Wat Ket Subdistrict, Mueang District,
Chiang Mai, 50000

26/01/2025

📌 GED နဲ့ ပတ်သက်ပြီး သင် ဘာတွေ သိထားပါသလဲ။

📌 ကိုယ်တက်ချင်တဲ့ ကျောင်းက GED ကို လက်ခံလား၊ လက်မခံဘူးလားဆိုတာကိုရော ဘယ်လိုစစ်မလဲ။

GED ဆိုတာကို ကြားဖူးနားဝပဲရှိတယ်၊ သေသေချာချာမသိသေးဘူးဆိုသူများအတွက် My School International Education က အသေးစိတ်မျှဝေပေးပါရစေ။

GED ရဲ့ အရှည်က General Educational Development ဖြစ်ပါတယ်။ GED ဟာ အထက်တန်းပညာရေးပြီးမြောက်ခြင်းအောင်လက်မှတ်နဲ့ညီမျှတဲ့ အသိအမှတ်ပြုလက်မှတ်တစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် GED ဟာ အထက်တန်းကျောင်းကို မပြီးဆုံးခဲ့သူတွေ ဒါမှမဟုတ် ပညာရေးကို အချိန်ပြည့်ဆက်လက်သင်ယူနိုင်ခြင်း မရှိသူတွေအတွက် ရွေးချယ်နိုင်တဲ့ လမ်းကြောင်းတစ်ခုဖြစ်ပါတယ်။

GED ကို ၁၉၄၂ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စုမှာ စတင်တည်ထောင်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း စစ်မှုထမ်းတွေကို အထက်တန်းပညာရေးနဲ့ညီမျှတဲ့ အရည်အချင်းတစ်ခုပေးဖို့ ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ ဒီနေ့မှာတော့ GED ကို နိုင်ငံတကာမှာ အသိအမှတ်ပြုလက်မှတ်တစ်ခုအဖြစ် လက်ခံထားကြပါတယ်။

🌟 GED စာမေးပွဲမှာ ဘာသာရပ်လေးခုပါဝင်ပါတယ်။

၁။ Reasoning through Language Arts - RLA
၂။ Mathematical Reasoning
၃။ Science
၄။ Social Studies

🌟 GED ဖြေပြီးသွားရင် ဘာတွေ ဆက်လုပ်လို့ရလဲ။

GED ရပြီးသူတွေဟာ ကောလိပ်တွေ၊ တက္ကသိုလ်တွေမှာ ဆက်လက်ပညာသင်ယူနိုင်ပါတယ်။ GED အောင်မြင်ထားပြီး နာမည်ကြီး တက္ကသိုလ်တွေမှာ ဆက်လက်ပညာသင်ယူခွင့်ရကြသူတွေများစွာရှိပါတယ်။ GED လက်မှတ်ဟာ အထက်တန်းပညာရေးနဲ့ညီမျှတဲ့အတွက် အလုပ်အကိုင်ရှာဖွေရာမှာလည်း အထောက်အကူဖြစ်စေပါတယ်။

GED ဟာ ပညာရေးနဲ့ပတ်သက်ပြီး နောက်ကျကျန်နေခဲ့ရသူများအတွက် ဒုတိယအခွင့်အရေးတစ်ခုဖြစ်ပါတယ်။ GED ဖြေဆိုဖို့ အသက်အရွယ်ကန့်သတ်ချက်မရှိဘဲ ပညာရေးလမ်းကြောင်းကို ပြန်လည်စတင်ဖို့ ရွေးချယ်စရာတစ်ခုဖြစ်ပါတယ်။

🌟 GED ကို ဘယ်တက္ကသိုလ်တွေက လက်ခံပြီး ဘယ်တက္ကသိုလ်တွေက လက်မခံဘူးလဲ။

မိမိတက်ရောက်ချင်တဲ့ တက္ကသိုလ်က GED အောင်လက်မှတ်ကို လက်ခံသလား၊ လက်မခံဘူးလားဆိုတာကို စစ်ဆေးနိုင်ဖို့ GED Official Website က စီစဥ်ပေးထားတဲ့ Link လေးတစ်ခုကိုပါ မျှဝေပေးလိုပါတယ်။

Link - https://www.ged.com/en/university-acceptance/

အထက်မှာပေးထားတဲ့ Link ကိုနှိပ်ပြီး မိမိတက်ချင်တဲ့ တက္ကသိုလ်ရဲ့အမည်ကို ရှာဖွေနိုင်ပါတယ်။ ရှာလို့ တွေ့ရှိမယ်ဆိုရင် မိမိတက်ချင်တဲ့ တက္ကသိုလ်က GED အောင်လက်မှတ်ကို လက်ခံကာ ဝင်ခွင့်ပေးပါတယ်။ အကယ်၍ ရှာလို့မတွေ့ဘူးဆိုရင်လည်း တက္ကသိုလ်ကို Email ကနေ ဆက်သွယ်ပြီး GED အောင်လက်မှတ်နဲ့ ဝင်ခွင့်လျှောက်လို့ရ၊မရကို စုံစမ်းနိုင်တယ်လို့ GED Offical Website က ညွှန်းဆိုထားပါတယ်။

ယခု မျှဝေပေးခဲ့တဲ့ အကြောင်းအရာတွေက GED ဖြေလိုတဲ့ ကျောင်းသား၊ ကျောင်းသူများအတွက် အကျိုးများလိမ့်မယ်လို့ ယူဆပါတယ်။

🌼 GED သင်တန်းများကို ချင်းမိုင်မြို့က "My School International Education" မှာလည်း ဖွင့်လှစ်ပေးထားပါတယ်။ အနာဂတ်အတွက် စိတ်ချရစေဖို့ ယခုပဲ ပညာရေးအတွက် အာမခံချက်အပြည့်ရှိတဲ့ "My School International Education" နှင့်သာ ချိတ်ဆက်လိုက်ပါ။

📍 ကျောင်းတည်နေရာ:
10/14, Star Avenue 7, Lampang-Chiang Mai Superhighway,
Wat Ket Subdistrict, Mueang District,
Chiang Mai, 50000

15/01/2025

မင်္ဂလာပါ
ဒီနေ့မျှဝေပေးသွားမှာကတော့ GED Test ဖြေဆိုမည့်ကျောင်းသားများအတွက် Science ဘာသာရပ်မှာ မျှော်မှန်းထားသလို အမှတ်ကောင်းရအောင် ဘယ်လိုပြင်ဆင်ထားသင့်လဲ ဆိုတာကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်။
1. Question format & Content Areas - ပထမဆုံးအနေနဲ့ ပြင်ဆင်သင့်တာကတော့
ဘာသာရပ်ဆိုင်ရာ မေးခွန်းပုံစံကို နားလည်သဘောပေါက်ဖို့လိုအပ်ပါတယ်။
❇️ Life Science
❇️ Physical Science နှင့်
❇️ Space Science ဆိုင်ရာ မေးခွန်းများပါဝင်ပြီး Biology, Chemistry , Physics နှင့် Environmental Science ဆိုင်ရာ သဘောတရားတို့ကိုပါ ခြုံငုံနားလည်ဖို့လိုအပ်ပါတယ်။
Multiple Choice, drag-and-drop question and short-answer questions များ ပါဝင်ပါတယ်။

2. Key Topics- Science နယ်ပယ်အလိုက် အဓိကမဖြစ်မနေသိရမည့် အချက်များကို အဓိကထား လေ့လာပါ။
(ဥပမာအားဖြင့် Life Science မှာဆိုလျှင် cells, genetics, evolution, ecosystems, human body အပါအဝင် Biology Knowledge စသည်ဖြင့်)

3. Reading and Interpretation Skills- Science Test တွေက Interpreting textတွေ၊ Graphs နှင့် သိပ္ပံနည်းကျ အချက်အလက်တွေပါဝင်တာကြောင့် မိမိရဲ့ Reading Skill, Interpreting Skill တို့ကို ပိုမိုအားကောင်းအောင် ပြင်ဆင်ထားသင့်ပါတယ်။

4. Concepts- အချက်အလက်တွေကို အလွန်ကျက်မှတ်တာထက် သဘောတရားတို့ကိုချိတ်ဆက်သွားခြင်းက အထောက်အကူပြုပါလိမ့်မယ်။

5. Study Materials- Science ဘာသာရပ်ဆိုင်ရာ Topic အားလုံးကို ခြုံငုံမိစေဖို့နဲ့လေ့ကျင့်နိုင်ဖို့ study guide တစ်ယောက် ရှာဖွေပါ။
Khan Academy, Coursera နှင့် YouTube ကဲ့သို့သော Online Learning Platforms တွေမှာ free လေ့လာလေ့ကျင့်လို့ရပါတယ်။

6. Key Scientific Principles and Formulas
အခြေခံကျတဲ့ formula တွေနှင့် principles တွေကို နားလည်ထားခြင်းဖြင့် အဖြေမှန်တွေကို အချိန်တိုအတွင်း ရရှိနိုင်တာမို့ မဖြစ်မနေ သိထားသင့်ပါတယ်။

7. Study Notes and Concept Maps- သက်ဆိုင်ရာ ခေါင်းစဉ်တစ်ခုချင်းစီအတွက်ရှင်းလင်း၊ တိကျတဲ့ information နှင့်အတူ notes ထုတ် မှတ်သားပါ။ Concept maps တွေအနေနဲ့ပြင်ဆင်ထားခြင်းအားဖြင့်လဲ ဘာသာရပ်သဘောတရားအခြေခံကို အလွယ်တကူ မှတ်မိစေနိုင်ပါတယ်။

8. Timing- Test ဖြေတဲ့အခါ ကြုံတွေ့လာနိုင်တဲ့ stress တွေကြိုတင်ပြင်ဆင်ထားတဲ့အနေနဲ့ မေးခွန်းတွေကိုလေ့ကျင့်စဉ်ကတည်းကအချိန်မှတ်လေ့ကျင့်ပါ။ ဘယ်အပိုင်းတွေကပိုခက်ခဲသလဲ ဆိုတာ သတိထားမိစေပြီး ကြိုတင်ပြင်ဆင်ချိန်ပါ ရရှိစေပါတယ်။

9. Reviewing- မိမိရဲ့ အားနည်းချက်ကို ရှာဖွေပြင်ဆင်ပါ။ မေးခွန်းတွေဖြေတဲ့အခါ ဘာကြောင့်မှားရသလဲဆိုတဲ့ အချက်ကို concept နှင့်အတူ ရှာဖွေပါ။

10. Stay Relaxed and Confident- Science ဘာသာရပ်အနေနဲ့ လေ့လာစရာနယ်ပယ်များတာမို့ စိန်ခေါ်မှုအနေနဲ့လဲ များနေပါလိမ့်မယ်။ ဒါပေမဲ့ မစိုးရိမ်ဘဲ မိမိရဲ့ကြိုတင်ပြင်ဆင်မှုအပေါ် ယုံကြည်မှုရှိပြီး အကောင်းဆုံးကျော်ဖြတ်ပါ။

ကြိုတင်ပြင်ဆင်မှုနှင့် မိမိကိုယ်ကိုယုံကြည်မှုတို့ပေါင်းစပ်ပြီး အောင်မြင်မှုပန်းတိုင်ကို အရောက်လှမ်းလိုက်ပါ။
Alintan Education အလင်းတန်းပညာရေး




15/01/2025

🎉 Congratulations to our GED Program Coordinator, Sayar Thar Htoo, on successfully completing his Master’s Degree in Education Administration and Leadership (EAL)! 🎓👏 Your dedication and hard work inspire us all. Well done!
🌟

15/01/2025

📌 ဖွံ့ဖြိုးမှုမြင့်တဲ့ နိုင်ငံက ကလေးတွေလိုမျိုး အောင်မြင်မှုရအောင် ဘယ်လို လုပ်ကြမလဲ။

အခြေခံအားဖြင့် ပြောရမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံက ကလေးတွေရဲ့ ဉာဏ်ရည်နဲ့ လုပ်ကိုင်နိုင်စွမ်းနဲ့ ဖွံ့ဖြိုးမှုမြင့်တဲ့နိုင်ငံက ကလေးတွေရဲ့ ဉာဏ်ရည်နဲ့ လုပ်ကိုင်နိုင်စွမ်းအကြားမှာ ကွာဟချက်ကြီးကြီးမားမားမရှိပါဘူး။ အခြားနိုင်ငံက ကလေးတွေ လုပ်နိုင်တာကို ကျွန်တော်တို့နိုင်ငံက ကလေးတွေလည်းလုပ်နိုင်ပါတယ်။

ဒါပေမယ့် အရွယ်ရောက်လာတဲ့ အချိန်မှာ ဘာကြောင့် အခြားနိုင်ငံက ကလေးတွေက လုပ်ငန်းခွင်မှာ အောင်မြင်နေချိန်၊ ကျောင်းကောင်းကောင်းတွေကို တက်ရောက်နေချိန်မှာ ​ကျွန်တော်တို့နိုင်ငံက ကလေးတွေက နောက်ကောက်ကျနေခဲ့တယ်လို့ ထင်ပါသလဲ။

✅ အဖြေကတော့ ငယ်ရွယ်စဥ်မှာ ပြုစုပျိုးထောင်ပုံမတူသလို ဘေးကနေ ထောက်ပံ့ပေးမယ့် အရင်းအမြစ်လည်းရှားပါးလို့ဖြစ်ပါတယ်။

ဖွံ့ဖြိုးမှုမြင့်တဲ့ နိုင်ငံတွေမှာ ကလေးတွေကို "နင်တို့က ကလေးပဲရှိသေးတယ်၊ ကလေးက ကလေးလိုနေ၊ လူကြီးအလုပ်တွေ ဝင်မစပ်စုနဲ့၊ ဝင်မပါနဲ့" လို့ မပြောကြပါဘူး။ လုပ်ကိုင်လိုစိတ်ရှိတဲ့ ကလေးတွေကို လုပ်ကိုင်နိုင်ဖို့ (သို့) လေ့လာနိုင်ဖို့ အခွင့်အလမ်းတွေပေးကြပါတယ်။

ကျွန်တော်တို့အားလုံး ရင်းနှီးကြတဲ့ စကားပုံတစ်ခုရှိပါတယ်။ "လက်ဖက်ကောင်းစားချင်ရင် ပလောင်တောင်တက်နှေးရတယ်" လို့ ဆိုပါတယ်။ ကောင်းမွန်တဲ့ အရာတွေကို ရရှိနိုင်ဖို့အတွက် အချိန်ပေးရမယ်၊ စိတ်ရှည်သည်းခံရမယ်၊ ရင်းနှီးမြှုပ်နှံထားရမယ်လို့ ဆိုလိုတာပါ။ အခု ရေတွင်းတူးပြီး၊ အခု ရေကြည်သောက်ချင်လို့တော့ မရနိုင်ပါဘူး။ ဒါဟာ မြန်မာနိုင်ငံက မိဘတွေနဲ့ ဖွံ့ဖြိုးမှုမြင့်တဲ့ နိုင်ငံက မိဘတွေအကြားမှာ အဓိက ကွာခြားတဲ့အချက်ပါ။ သားငယ်၊ သမီးငယ်တွေရဲ့ လုပ်ကိုင်နိုင်စွမ်းနဲ့ သင်ယူနိုင်စွမ်းကို ယုံကြည်ပေးဖို့လိုပါတယ်။ ဆုတွေ၊ ဒိုင်းတွေ၊ ပိုက်ဆံတွေနဲ့ အောင်မြင်မှုတွေ ချက်ချင်းရောက်မလာသေးနိုင်ရင်တောင် သားငယ်၊ သမီးငယ်တွေကို အကောင်းဆုံးလေ့လာသင်ယူခွင့်တွေပေးဖို့လိုပါတယ်။ မိမိမှာ ထောက်ပံ့ပေးနိုင်တဲ့ အရည်အချင်းမျိုးရှိနေပေမယ့် အိမ်က သားလေးက (သို့) အိမ်က သမီးလေးက ကလေးပဲရှိသေးတယ်ဆိုပြီး မပိတ်ပင်ထားသင့်ပါဘူး။

ဒီနေရာမှာ ဖွံ့ဖြိုးမှုမြင့်တဲ့ နိုင်ငံအချို့က မိဘတွေဟာ သူတို့သားသမီးတွေကို ငယ်ကတည်းက ဘာတွေသင်ယူခွင့်ပေးနေလဲဆိုတာကိုပါ ထပ်စူးစမ်းကြည့်ဖို့လိုပါတယ်။ အများစု သင်ကြားပေးကြတာကတော့ စီးပွားရေးနဲ့ပတ်သက်တဲ့ အခြေခံ အတွေးအမြင်တွေနဲ့ သားသား၊မီးမီးတွေရဲ့ ဝါသနာပါရာ လမ်းကြောင်းတွေဖြစ်ပါတယ်။

🌟 ကျွန်တော်တို့ကလေးတွေအတွက်ရော အဲ့လိုသင်ယူလို့ရတဲ့ အခွင့်အလမ်းတွေမရှိဘူးလားမေးရင်​တော့ "ရှာတတ်ရင် ရှိပါတယ်" လို့ ဖြေချင်ပါတယ်။ စီးပွားရေးနဲ့ပတ်သက်တဲ့ အခြေခံ အတွေးအမြင်တွေကို လေ့လာနိုင်ဖို့ မြန်မာနိုင်ငံမှာ Business Consultant & Corporate Trainer အဖြစ် ဆောင်ရွက်နေတဲ့ ဆရာကောင်းငြိမ်းစိုး (Kudos to You)က ပို့ချပေးနေတဲ့ "Young CEO ( kidsMBA - UK) Program" ရှိပါတယ်။

"Young CEO ( kidsMBA - UK) Program" ဟာ အသက် ၁၁ နှစ်က ၁၈ နှစ်ကြား ကျောင်းတက်နေဆဲ ဆယ်ကျော်သက်လူငယ်များအတွက် အင်္ဂလန်နိုင်ငံ abe - Education UK က ရေးဆွဲပေးထားတဲ့ Program တစ်ခုဖြစ်ပါတယ်။

သူများတွေနောက်မှာ နောက်ကောက်ကျပြီး မကျန်ခဲ့ချင်ဘူး။ နိုင်ငံတကာစီးပွားရေးအမြင်တွေကို ငယ်ကတည်းက အခြေခိုင်အောင် လေ့လာချင်တယ် (သို့) လေ့လာစေချင်တယ်ဆိုရင် ရွေးချယ်သင့်တဲ့ Program တစ်ခုလည်းဖြစ်ပါတယ်။

❄ ချင်းမိုင်မြို့က "My School International Education" နှင့် မြန်မာနိုင်ငံမှာ Business Consultant & Corporate Trainer အဖြစ် ဆောင်ရွက်နေတဲ့ ဆရာကောင်းငြိမ်းစိုး (Kudos to You) တို့ ချိတ်ဆက်လက်တွဲပြီး အင်္ဂလန်နိုင်ငံ abe - Education UK က ရေးဆွဲပေးထားတဲ့ Young CEO ( kidsMBA - UK) Program ကို 2025 ခုနှစ်မှာ ပို့ချပေးသွားဖို့ရှိပါတယ်။

🌼 သင့်ကလေးရဲ့ အနာဂတ်အတွက် စိတ်ချရစေဖို့ ဒီ Program မှာ စာရင်းသွင်းလွှာ တင်လိုတယ်ဆိုရင်တော့ ယခုပဲ ပညာရေးအတွက် အာမခံချက်အပြည့်ရှိတဲ့ "My School International Education" ရဲ့ Messenger ကို လာခဲ့လိုက်ပါ။

📍 ကျောင်းတည်နေရာ:
10/14, Star Avenue 7, Lampang-Chiang Mai Superhighway,
Wat Ket Subdistrict, Mueang District,
Chiang Mai, 50000

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Chiang Mai?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

ทีมทำอาหาร

เสื้อผ้า

เว็บไซต์

ที่อยู่


10/14, Star Avenue 7, Lampang-Chiang Mai Superhighway, Wat Ket Subdistrict, Mueang District
Chiang Mai