Kwee Xigg Vlog Your Welcome

မြန်မာဖိုက်တာ ဂျော့ရှုဝါဗန် UFC Flyweight ချန်ပီယံအသစ်ဖြစ်လာUFC မှာ ပထမဆုံးအကြိမ် ချန်ပီယံခါးပတ် စိန်ခေါ်ခွင့် ရခဲ့တဲ့ မ...
07/12/2025

မြန်မာဖိုက်တာ ဂျော့ရှုဝါဗန် UFC Flyweight ချန်ပီယံအသစ်ဖြစ်လာ

UFC မှာ ပထမဆုံးအကြိမ် ချန်ပီယံခါးပတ် စိန်ခေါ်ခွင့် ရခဲ့တဲ့ မြန်မာကိုယ်စားပြု ချင်းဖိုက်တာ ‌ဂျော့ရှုဝါဗန်က လက်ရှိ ချန်ပီယံ ပန်တိုဂျာကို အလဲထိုး TKO နဲ့ အနိုင်ရရှိသွားပါပြီ။

ပန်တိုဂျာဟာ ပွဲစအပြီး စက္ကန့်ပိုင်းအကြာမှာပဲ လက်တံ‌တောင်ဆစ်လွဲသွားခဲ့ပြီး ဒိုင်အနားပေးခံခဲ့ရတာပါ။ ။

‌‌ဂျော့ရှုဝါဗန် နဲ့ ပန်တိုဂျာတို့ဟာ UFC 323 ပြိုင်ပွဲ ရဲ့ ဒုတိယခေါင်ပွဲအစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့ကြတာပါ။

ချန်ပီယံ ခါးပတ် ၄ ကြိမ်တိုင်တိုင် ကာကွယ်လာပြီးတဲ့နောက် မြန်မာဖိုက်တာ ဂျော့ရှုဝါဗန် နဲ့ တွေ့တဲ့အချိန်မှာ ပန်တိုဂျာက သူ့ရဲ့ ချန်ပီယံခါးပတ် ကို လက်လွှတ်ခဲ့ရတာပါ။

ကမ္ဘာတဝန်းပရိသတ်တွေအခိုင်အမာရှိပြီး ထင်ရှားကျော်ကြားလှတဲ့ UFC သမိုင်းမှာ ပထမဆုံးအကြိမ် မြန်မာဖိုက်တာ တစ်ဦး ချန်ပီယံဖြစ်လာတာပါ။

UFC မှာ အရှေ့တောင်အာရှနိုင်ငံတွေအထဲမှာလည်း မြန်မာကိုယ်စားပြု ဖိုက်တာ ဂျော့ရှုဝါဗန်က ပထမဆုံး ချန်ပီယံ ဖြစ်လာတာပါ။

ချန်ပီယံဖြစ်လာတဲ့ ဂျော့ရှုဝါဗန်က ပွဲအပြီးအင်တာဗျူးမှာ သူ့ရဲ့ ချန်ပီယံခါးပတ် ကာကွယ်ဖို့ အသင့်ပဲ လို့ ပြောသွားပါတယ်။

11/09/2025

ที่อยู่

Chiang Mai
123456

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Kwee Xigg Vlogผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์