22/09/2026
ဂျပန်အလည်ဗီဇာ (Tourist Visa) ကိုယ်တိုင်သွားလျှောက်မယ်ဆိုဘာတွေလိုမလဲ✈️🌸
မကြာခင်မှာ ဂျပန်ကို အလည်သွားဖို့ စီစဉ်နေတဲ့ သူငယ်ချင်းတွေ ရှိလား?
- Perfect Travel
👀 ဂျပန်အလည်ဗီဇာ (Short-Term Tourist Visa) လျှောက်တော့မယ်ဆိုရင် သံရုံးကို တိုက်ရိုက်သွားရောက်ရန်မလိုတော့ဘဲ VFS Global (Japan Visa Application Centre - JVAC) ကနေတဆင့် ပြောင်းလဲလျှောက်ထားရပြီဖြစ်ကြောင်း သတင်းကောင်းပါးပါရစေ 📢
ဗီဇာလျှောက်ဖို့အတွက် ဘာတွေ ကြိုတင်ပြင်ဆင်ထားရမလဲဆိုတာကို အောက်မှာ အသေးစိတ် လေ့လာကြည့်လိုက်ပါ
📂 မဖြစ်မနေ ပြင်ဆင်ရမယ့် စာရွက်စာတမ်းများ
ပတ်စ်ပို့ (Passport) - အနည်းဆုံး သက်တမ်း (၆) လ ကျန်ရှိရမယ့်အပြင် ဗီဇာကပ်ရန် ဗလာစာမျက်နှာ အနည်းဆုံး (၂) မျက်နှာ ပါရှိရပါမယ်။
ဗီဇာလျှောက်လွှာ (Application Form) -အချက်အလက်များကို အပြည့်အစုံ ဖြည့်စွက်ပြီး လျှောက်ထားသူကိုယ်တိုင် မူရင်းလက်မှတ် ရေးထိုးထားရပါမယ်။
ဓာတ်ပုံ - 4.5 cm x 4.5 cm (သို့) 4.5 cm x 3.5 cm အရွယ်အစားရှိတဲ့ နောက်ခံအဖြူ ဓာတ်ပုံ (၁) ပုံ (လွန်ခဲ့သော ၆ လအတွင်း ရိုက်ကူးထားသောပုံ ဖြစ်ရပါမယ်)။
လေယာဉ်လက်မှတ် (Flight Booking) - အသွား/အပြန် လေယာဉ်လက်မှတ် Booking (ခရီးသည်အမည်၊ လေကြောင်းလိုင်း၊ ထွက်ခွာမည့် အချိန်နှင့် ရောက်ရှိမည့်အချိန်များ အတိအကျ ပါဝင်ရပါမယ်)။
ရီးစဉ်အသေးစိတ် (Schedule in Japan) - ဂျပန်မှာ နေထိုင်မယ့်ရက်အလိုက် သွားရောက်မယ့်နေရာ၊ လုပ်ဆောင်မယ့်အရာ၊ တည်းခိုမယ့် ဟိုတယ်အမည်နဲ့ ဆက်သွယ်ရန်အချက်အလက်တွေကို သေချာရေးဆွဲထားရပါမယ်။
ဘဏ်စာအုပ် (Bank Book) - ခရီးစဉ်အတွက် ကုန်ကျစရိတ်ကို ကာမိစေမယ့် လုံလောက်တဲ့ ငွေကြေးပမာဏနဲ့ ငွေဝင်ငွေထွက် (Bank Statement) အသေးစိတ်ကို ပြသနိုင်ရပါမယ် (စစ်ဆေးရန်အတွက် မူရင်းနှင့် မိတ္တူ လိုအပ်ပါတယ်)။
အလုပ်အကိုင် အထောက်အထား (Employment Certificate) - လက်ရှိအလုပ်လုပ်နေသူဖြစ်ပါက ရာထူး၊ အလုပ်စတင်ဝင်ရောက်တဲ့ရက်နဲ့ လစာတို့ကို ဖော်ပြထားတဲ့ ရုံးစာ လိုအပ်ပါတယ်။ (ကျောင်းသားဖြစ်ပါက ကျောင်းထောက်ခံစာ၊ ကိုယ်ပိုင်လုပ်ငန်းဖြစ်ပါက လုပ်ငန်းလိုင်စင်/ကုမ္ပဏီမှတ်ပုံတင် လိုအပ်ပါတယ်)။
အိမ်ထောင်စုစာရင်း (လိုအပ်ပါက) - မိသားစုလိုက်သွားမည်ဆိုပါက တော်စပ်ပုံကို ပြသနိုင်ရန် အိမ်ထောင်စုစာရင်း မိတ္တူနဲ့ ဘာသာပြန် လိုအပ်ပါတယ်။
💡 အထူး သတိပြုရန် အချက်များ
စာရွက်စာတမ်း မိတ္တူများအားလုံးကို A4 Size စက္ကူဖြင့်သာ ကူးယူရမည်ဖြစ်ပြီး Stapler (စက္ကူညှပ်) များ၊ ကလစ်များ ဖြုတ်ထားရပါမယ်။
စာရွက်စာတမ်းအားလုံးသည် ဗီဇာမလျှောက်မီ ၃ လအတွင်း ထုတ်ပေးထားသော စာရွက်စာတမ်းများသာ ဖြစ်ရပါမယ်။
မြန်မာလိုရေးထားတဲ့ စာရွက်စာတမ်းတွေကို အင်္ဂလိပ် (သို့) ဂျပန်ဘာသာသို့ ပြန်ဆိုထားဖို့ လိုအပ်ပါတယ်။
🏢 ဘယ်မှာ သွားလျှောက်ရမလဲ
ဗီဇာလျှောက်လွှာတွေကို ကန်သာယာစင်တာ (Kan Thar Yar Centre) မှာ ဖွင့်လှစ်ထားတဲ့ VFS Global (Japan Visa Application Centre) မှာ Website မှတစ်ဆင့် ကြိုတင် Appointment ယူပြီး သွားရောက်လျှောက်ထားနိုင်ပါတယ်။
⏰ ရုံးချိန် - တနင်္လာ မှ သောကြာ (မနက် ၈:၃၀ မှ ညနေ ၅:၃၀ အထိ)
💵 ကုန်ကျစရိတ် - ဗီဇာကြေးအပြင် VFS ဝန်ဆောင်ခ (၃၀,၀၀၀ ကျပ်) ကို ငွေသား (Cash) ဖြင့် ပေးဆောင်ရပါမယ်။
✨ ဂျပန်ကို သွားလည်ဖို့ စီစဉ်နေတဲ့ သူငယ်ချင်းတွေကို ဒီ Post လေး Mention ခေါ်ပြီး Share ပေးသွားဖို့ မမေ့နဲ့နော်! ✈️
ဗီဇာလျှောက်တာနဲ့ ပတ်သက်ပြီး မရှင်းလင်းတာရှိရင်လည်း Comment မှာ မေးမြန်းခဲ့လို့ ရပါတယ်။
🌈 ခရီးသွားနဲ့ဗီဇာအတွက်ဆို Perfect ရှိပါတယ် ။ ပို့စ်လေးသဘောကြတယ်ဆိုရင် Like & Share လုပ်ပေးလို့ရပါတယ်။
#ဂျပန် #ဗီဇာ