13/09/2025
အားလုံးပဲ မင်္ဂလာပါရှင်။
ကျမတို့ Newton's first law of motion ကို ဆွေးနွေးခဲ့တုန်းက Friction ရဲ့အကြောင်းကို post တစ်ခုနဲ့ အသေးစိတ်ဆွေးနွေးမယ်လို့ ပြောခဲ့ပါတယ်ရှင်။
ဒါကြောင့် ဒီနေ့ ကျမတို့အတူတူ friction ရဲ့အကြောင်း လေ့လာကြည့်ကြရအောင်။
Friction
ကျမတို့ နေ့စဥ်လုပ်ဆောင်နေတဲ့ လုပ်ငန်းဆောင်တာတွေထဲမှာ friction သည် တစ်ထောင့်တစ်နေရာကနေ ပါဝင်နေပါတယ်။
📌ကျမတို့ လမ်းလျှောက်တဲ့အခါ ခြေဖဝါးနဲ့ ကြမ်းခင်းကြားမှာ friction ရှိပါတယ်။
📌ကားမောင်းတဲ့အခါမှာလည်း ကားတာယာနဲ့ လမ်းကြားမှာ friction ရှိပါတယ်။
📌ဖန်ခွက်ကို လက်နဲ့ကိုင်ထားတဲ့အချိန်မှာလဲ လက်နဲ့ ဖန်ခွက်ကြားမှာ friction ရှိပါတယ်။
ဒါဆိုရင် Friction ဆိုတာ ဘာကိုဆိုလိုတာလဲ???
Definition of Friction
A resistive force that acts when surfaces are in contact and there is relative motion between them.
မျက်နှာပြင်နှစ်ခုသည် ထိစပ်နေမယ်။
ပြီးရင် သူတို့နှစ်ခုက relative motion ( နှိုင်းရရွေ့လျားမှု) ရှိမယ်ဆိုရင် အဲ့မျက်နှာပြင် နှစ်ခုကြားမှာရှိတဲ့ ခုခံအား ( resistive force) ကို friction လို့ခေါ်တာပါ။
ရှင်းရှင်းလင်းလင်း နားလည်သွားအောင် ဥပမာလေးနဲ့ ရှင်းပြပါမယ်။
ကြမ်းခင်းပေါ်ချထားတဲ့ သေတ္တာကို ရွေ့သွားအောင် တွန်းလိုက်မယ်ဆိုရင် ကြမ်းခင်းနဲ့ သေတ္တာရဲ့ အောက်ခြေ မျက်နှာပြင်ကြားမှာ friction ရှိပါတယ်။
Friction သည် တစ်နည်းအားဖြင့် ခုခံအား (Resistive force) ဖြစ်တဲ့အတွက် သက်ရောက်တဲ့အားရဲ့ direction နဲ့ ဆန့်ကျင်ဘက်ကို ဦးတည်ပါတယ်။
ဒါဆိုရင် လေးတဲ့သေတ္တာနဲ့ ပေါ့တဲ့သေတ္တာ ဘယ်ဟာ ပိုတွန်းရ ခက်သလဲ????
လေးတဲ့သေတ္တာပိုတွန်းရခက်တာ အားလုံးသိကြမှာပါ။
ဒါကြောင့် Friction ကြောင့်ဖြစ်ပေါ်လာတဲ့ ခုခံအား frictional force သည် Normal force (Reaction of Weight) နဲ့ တိုက်ရိုက်အချိုးကျပါတယ်။
Weight ပိုများလေလေ friction များလေလေပါ့။
ဒါဆိုရင် friction က weight တစ်ခုထဲအပေါ်ပဲ မူတည်တာလား???
မဟုတ်ပါဘူး။
ထိစပ်နေတဲ့ အရာဝတ္ထုနှစ်ခုရဲ့ material အမျိုးအစားနဲ့ surface roughness (မျက်နှာပြင်ကြမ်းတမ်းမှု) အပေါ်လဲ မူတည်ပါတယ်။
ကြမ်းတမ်းတဲ့ မျက်နှာပြင်က ချောမွေ့တဲ့ မျက်နှာပြင်ထက် ပိုပြီး friction များပါတယ်။
ဒါကြောင့် material အမျိုးအစား၊surface roughness ( မျက်နှာပြင် ကြမ်းတမ်းမှု ) ပေါ် မူတည်ပြီး coefficient of friction တန်ဖိုးပြောင်းလဲပါတယ်။
Equation အနေနဲ့ကြည့်မယ်ဆိုရင်
Frictional force = coefficient of friction x Normal force
Equation ကို ကြည့်ခြင်းအားဖြင့် frictional force သည် coefficient of friction အပေါ်လဲ မူတည်သလို Normal force အပေါ် မူတည်ပြီးတော့လဲ ပြောင်းလဲပါတယ်။
ဒီလောက်ဆို friction အကြောင်း အကြမ်းဖျင်းနားလည်သွားပြီလို့ ယူဆပါတယ်။
( စာအရမ်းရှည်သွားပြီဖြစ်လို့ static friction, kinetic friction ကို နောက် post တစ်ခုနဲ့ ထပ်ရှင်းထားပါတယ်ရှင်။)