Career Pillars Hospitality

Career Pillars Hospitality Hospitality Trainer ၊ Career Consultant

☕ Beginner တွေ အတွက် Coffee☕‼️Hospitality Service သမားတွေ Coffee ဖျော်ရလား လို့ မေးရင် ဟိုတယ် အကြီးတွေကို Target ထားလျှေ...
09/06/2026

☕ Beginner တွေ အတွက် Coffee☕

‼️Hospitality Service သမားတွေ Coffee ဖျော်ရလား လို့ မေးရင် ဟိုတယ် အကြီးတွေကို Target ထားလျှောက်မယ် ဆို ဖျော်တတ်ရင် ပိုကောင်းပါတယ် လို့ ပြောချင်ပါတယ်။

သိထားသင့်တဲ့ အခြေခံ Coffee အမျိုးအစားတွေ ရော ဘယ်နှစ်မျိုးလောက်ရှိသင့်တယ် လို့ ထင်ပါသလဲ ❓

Barista များနှင့် ကော်ဖီကို နှစ်သက်သူတိုင်းအတွက် အခြေခံလေးတွေ သိထားတဲ့ အခါ Coffee တခွက် ပိုကောင်းဖို့ ဖန်တီးမှု စွမ်းရည်လေးတွေ တိုးတက်လာနိုင်ပါတယ် ။ သုံးတဲ့ နွားနို့ အရည်အသွေး မှ အစပြုပြီး Coffee Strength အလိုက် ကော်ဖီတစ်ခွက်ချင်းစီမှာ ကွဲပြားခြားနားတဲ့ အရသာတွေ ကိုပေးစွမ်းနိုင်ကြောင်းကို ...

ခုပုံ Visual Guide မှာ အောက်ပါအချက်များကို လေ့လာခြင်းဖြင့် သိရှိနိုင်ပါသည်။

✔️ လူကြိုက်များသော ကော်ဖီအမျိုးအစားများကို ရှင်းလင်းဖော်ပြထားခြင်း။
✔️ Coffee Strength နှင့် ထည့်ရမယ့် နို့ ပမာဏ။
✔️ Espresso ကော်ဖီများ၏ အခြေခံ ကွာခြားချက်များ။
✔️ ဒီလောက ကို စတင်ဝင်ရောက်မည့် သူများအတွက် အလွယ်တကူလေ့လာနိုင်စေရန် အပြင်...
✔️ အကောင်းဆုံး ကော်ဖီ ဝန်ဆောင်မှု အတွက် အကြံပြုချက်များ ပါဝင်ပါသည်။

ကော်ဖီဗဟုသုတများကို ကောင်းမွန်စွာ သိရှိခြင်းဖြင့်–

☕ Coffee ကောင်းတခွက်ကို ယုံကြည်စိတ်ချစွာ အကြံပြုနိုင်ခြင်း
☕ ဧည့်သည်၏ကြိုက်နှစ်သက်မှုများ ကို ပိုမိုသိရှိလာခြင်း
☕ အဖျော်ယမကာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများတိုးတက်လာခြင်း
☕ ဝန်ဆောင်မှုအရည်အသွေးကို ပိုမိုကောင်းမွန်စေခြင်း အစရှိသဖြင့် တိုးတက်လာနိုင်ပါသည်။
သင်သည် Barista ခရီးလမ်းကို စတင်သူတစ်ဦးဖြစ်စေ၊ ဟိုတယ်နှင့် ဝန်ဆောင်မှုဘာသာရပ်ကို လေ့လာနေသူဖြစ်စေ၊ ကော်ဖီကို ချစ်မြတ်နိုးသူတစ်ဦးဖြစ်စေ — ဒီ Visual Guide လေးက တဖက်တလမ်း မှ အထောက်အကူ ပြုလိမ့်မည်ဟု ယုံကြည်ပါသည်။

နိုင်ငံပြင်ပ နေရတဲ့ အခါ စိတ်ခံစားမှုတချို့ကြောင့် တခါတလေ Page တောင်ဖွင့် မကြည့်ဖြစ်တဲ့ အခိုက်အတန့်လေး တွေ ရှိပါတယ်။ Page...
06/06/2026

နိုင်ငံပြင်ပ နေရတဲ့ အခါ စိတ်ခံစားမှုတချို့ကြောင့် တခါတလေ Page တောင်ဖွင့် မကြည့်ဖြစ်တဲ့ အခိုက်အတန့်လေး တွေ ရှိပါတယ်။
Page တခုလုပ်တဲ့အခါ အမြဲတင်မှ engagement ရတာသိပေမယ့်လဲ သေချာမလိုက်နာနိုင်ပြန်ဘူး။
Knowleadge Sharing အပိုင်းလေးတွေတော့ တပတ် ကို Wednesday နဲ့ Saturday တွေမှာ တင်နိုင်ဖို့ ကိုယ့်ကိုကိုယ် သတိထား ပြီး ကြိုးစားတင်ပေးပါမယ်။ 🙏
Hospitality ပိုင်းဝန်ဆောင်မှုတွေဟာ သင်ယူတတ်မြောက်ထားတဲ့ အခါ လွယ်လွယ်ပြောရရင်တော့ ဘယ်နိုင်ငံရောက်ရောက် ထမင်းမငတ်ဘူးပေါ့။ ဒီထက်ပိုကောင်းအောင်ကြိုးစားမယ်ဆိုရင်တော့ ပုံမှန်လူတန်းစား ထက်ပိုတဲ့ နေရာလေးနေနိုင်မယ်ပေါ့လေ။ 🥰

📌ကဲ ဒီတခါတော့ 🍷 Wine Glass 🥂 လေးတွေ အကြောင်းပြောပါမယ်။

🍷Wine Glass တခွက်ဟာ ဝိုင်ထည့်ဖို့ သီးသန့် မဟုတ်ဘဲ ၊ Wine သောက်သုံးတဲ့ အခါ Wine မှာပါဝင်တဲ့ သွင်ပြင်လက္ခဏာ တွေကို ပိုမိုသိရှိခံစားနိုင်စေဖို့ အတွေ့အကြုံ၏ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။

🍷အများအားဖြင့် လူတွေက ဝိုင်တွေသောက်သုံးတဲ့ အခါ မတူညီသော ဖန်ခွက်များဖြင့် သုံးစွဲကြရမည်ဆိုတာကို သိကြပေမယ့်၊ Red Wine နဲ့ White Wine အမျိုးအစားအတွင်းမှာပဲ သောက်သုံးမယ့် စပျစ်သီး အမျိုးအစား အလိုက် အထူးဒီဇိုင်းလုပ်ထားသော ဖန်ခွက်များ ရှိနေကြောင်းကို သိသူအလွန်နည်းပါသည်။

ဥပမာအားဖြင့်...

Red Wine အတွက်
🍷 Bordeaux
🍷 Burgundy
🍷 Normal Red Wine အပြင်

White Wine တွင်လည်း
🥂 White Burgundy
🥂 Sauvignon Blanc
🥂 Normal White Wine

ဆိုပြီး ဖန်ခွက်တစ်လုံးချင်းစီကို ဝိုင်ရဲ့ အနံ့ (aroma)၊ အရသာ (taste)၊ ဝိုင် အပျစ် အကျဲ (body texture) နှင့် ဝိုင် သောက်သုံးတဲ့ အခါ ဝိုင်ရဲ့ အရသာကို ပိုမိုကောင်းမွန်စေရန် အထူးဒီဇိုင်းပြုလုပ်ထားခြင်းဖြစ်ပါသည်။ ဖန်ခွက်ရဲ့ လုံးဝန်းမှု အရွယ်အစား သို့မဟုတ် နှုတ်ခမ်း အဝ ပုံစံတွင် အနည်းငယ်သာ ကွာဟသွားခြင်းကပင် Wine တမျိုးချင်းစီ၏ အရသာနှင့် အတွေ့အကြုံကို လုံးဝကွာခြားသွားစေနိုင်ပါသည်။

🍷ဟိုတယ်နှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် ထိုသို့သော အသေးစိတ်အချက်များသည် ပရော်ဖက်ရှင်နယ်ဆန်မှုနှင့် ဧည့်သည်အတွေ့အကြုံကို ဂရုစိုက်ပေးထားခြင်းကို ပြသရာရောက်ပါသည်။ ဧည့်သည်တွေ အနေနဲ့ ကတော့ ဖန်ခွက်တွေရဲ့ အသေးစိတ် ကို သေချာ အပြည့်အဝ မသိနိုင်ကြပေမယ့်၊ ကိုယ့်ဆိုင်လာတဲ့ အခါ အခုလို သေချာဧည့်ခံ ကျွေးမွေးကြရင်တော့ဖြင့် ဆိုင်ရဲ့ ဧည့်သည်အပေါ် သေချာ ဂရုစိုက်မှု နဲ့ အလုပ်အ ပေါ် စေတနာထားမှုတို့ကို ပိုမို သတိထားမိနိုင်တဲ့ အတွက် တန်ဖိုးထား လေးစားကြမှာဖြစ်ပြီး မမေ့နိုင်သော အတွေ့အကြုံတစ်ခု ကိုပါထည့်ပေးလိုက်ခြင်းနဲ့ တူပါတယ်။

Hotel တွေရဲ့ 🏷️Door K**b Menu🏷️ နဲ့ Room Service  .... Waiter, Waitress လို့ပြောလိုက်ရင် ဆိုင်တွေ မှာ စားပွဲထိုး ရတဲ့ ပု...
16/05/2026

Hotel တွေရဲ့ 🏷️Door K**b Menu🏷️ နဲ့ Room Service ....

Waiter, Waitress လို့ပြောလိုက်ရင် ဆိုင်တွေ မှာ စားပွဲထိုး ရတဲ့ ပုံစံ လို့ပဲမြင်နေတုန်းလား ...

ဟိုတယ်တွေရဲ့ Room Service အခန်းကဏ္ဏ တွေမှာ Private Server တွေ အနေနဲ့လဲ A lote တွေ လျှောက်လို့ရပါတယ်နော်။

ဒီပို့စ်လေးမှာတော့ Room Service အကြောင်းလေးနည်းနည်းပြောပြပါမယ်။

Room Service မှာ Menu ကို သီးသန့် အနေနဲ့ ခွဲထုတ်ထားသလို အခန်းကို Breakfast မှာချင်တဲ့ ဧည့် သည်တွေ အတွက် စားပွဲပေါ််မှာ ပုံထဲ ကလို
🏷️Door K**b Menu🏷️လို့ ခေါ်တဲ့ ကဒ်လေး တခုထားထားပါတယ်။
ဧည့်သည်တွေ Breakfast စားမယ့် အချိန် စားမယ့် Food လေးတွေ အမှတ်ခြစ်ထားပေးပါတယ်။ အောက်ဆုံးမှာ ဒီ ကဒ်လေးတွေ ကို ဘယ်နှစ်နာရီ မှာ အခန်းလက်ကိုင်မှာ ချိတ်ထားပေးပါဆိုတာလေးပါ ထည့်ရေးထားပါတယ်။

သတ်မှတ်ထားတဲ့ အချိန်ရောက်ရင် Night Duty ကျတဲ့ သူက ဒီ 🏷️Door K**b Menu🏷️လေးတွေကို Floor တခုချင်းလိုက်စစ်ယူပြီး နောက်နေ့ မနက် Breakfast အတွက် ပြင်ဆင်စရာရှိတာလေးတွေ ပြင်ရပါတယ်။

Hospitality ပိုင်း ခေတ်စားနေတဲ့ ခုလို အချိန်မှာ A lote အတွက် တင်မဟုတ်ဘဲ ကိုယ်တိုင်သွားရောက် တည်းခို စားသုံးကြတဲ့ အခါ သူများထက်‌ ခြေတလှမ်း နောက်မကျနေ စေဖို့ ဒီလို လေးတွေသိထားဖို့လဲ လိုပါတယ်နော် 😊

Sharing Knowledge လေးတွေ အတွက် Page ကို FOLLOW လေးလုပ်ထားပေးပါနော်။

📌စဉ်းစားမိတာလေးတခု … 📌ကျွန်မတို့ Hospitality Life မှာ Bartending ကို‼️လုပ်ငန်းခွင် ဝင်နေရင်းမှ Theory ပိုင်း သေချာ ပြန်လ...
06/05/2026

📌စဉ်းစားမိတာလေးတခု …

📌ကျွန်မတို့ Hospitality Life မှာ Bartending ကို

‼️လုပ်ငန်းခွင် ဝင်နေရင်းမှ Theory ပိုင်း သေချာ ပြန်လေ့လာချင်သူတွေရှိကြလား❓

📌BAR ပိုင်းကို နည်းစနစ် တကျ ထိန်းသိမ်းဖို့။

📌Costing တွေ ပိုင်နိုင်စေဖို့။

📌Process ပိုင်းတွေ တိကျမှန်ကန်စွာ လုပ်နိုင်ဖို့။

📌Drink ပိုင်းကို Balance ညီညီ ဖျော်စပ်နိုင်ဖို့ လိုအပ်ချက်လေးတချို့ … ကို အတူတွေးခေါ် စဉ်းစားကြဖို့ 💪

📌စိတ်ဝင်စားသူတွေအတွက် ရက်တို စာတွေ့ သင့်လျှော်တဲ့ နှုန်းထားလေးတခု စီစဉ်မယ်ဆို စိတ်ဝင်စားကြလား မသိ 🥰

📌စိတ်ဝင်စားတယ်ဆို Messenger မှာ

📌အမည် နဲ့ Viber contact📌လေးသာ လာပေးထား …

📌Fees ကို Free တော့ မပေးပေမယ့် အားလုံးတတ်နိုင်တာလေး ကျွန်မ စဉ်းစား ထားပါတယ်။

📌တကယ်စိတ်ဝင်စားတယ်ဆိုသူတွေအတွက် …

📌Weekday 5 ရက်ကို ညပိုင်း တစ်ရက် 2 နာရီ နှုန်းနဲ့ ၅ ရက် စာကို …

📌မြန်မာကျပ်ငွေ 💵 ၁၅၀၀၀ တည်းနဲ့ ဆို စိတ်ဝင်စားကြမလား ❓❓❓

Hospitality life ရဲ့ စိတ်အဖိစီးဆုံးအချိန်ကို ပြောပါဆို Mystery Guest/ Shopper လာတဲ့ အချိန်ပါပဲ🙂Hotel ကြီးတွေမှာ တာဝန်ထမ်...
22/04/2026

Hospitality life ရဲ့ စိတ်အဖိစီးဆုံးအချိန်ကို ပြောပါဆို Mystery Guest/ Shopper လာတဲ့ အချိန်ပါပဲ🙂

Hotel ကြီးတွေမှာ တာဝန်ထမ်းဆောင်တဲ့ အခါ ဧည့်သည်အပေါ်ထားတဲ့ စံသတ်မှတ်ချက်တွေ ကို တိုင်းတာဖို့ Third Party အနေနဲ့ ကျွန်မတို့ ဆီ လာရောက်စစ်ဆေး တဲ့ ဧည့်သည်တွေ လို့ ပဲ ပြောရမယ်ထင်ပါတယ်။

ဒီလ လာမယ်‌‌ ဟေ့ဆို Every guests could be a Mystery Shopper ဆိုပြီး တချက်မကျန် ဖတ်ရမှတ်ရ ပေါ့လေ။

Mystery Shopper လာပြီးပြီ ကိုယ့် restaurant ဝင်သွားပြီ ဆိုလဲ Report မထွက်မချင်း ဘုရားတရားမြဲတယ် 😂 ရင်ခုန်စရာ ရက်လေးတွေပေါ့ 🙃

ကိုယ်တိုင်လဲ ခဏခဏ ကြုံဖူးတယ် 🥹 နောက် ကြုံရပါများလာတော့ မြင်လိုက်တာနဲ့ ကိုယ်မှန်းတာ ကွက်တိကျနေတတ်တယ် တို့ ဘာတို့ ဖြစ်လာတတ်တယ် 😁

ဒါပေမယ့် လည်းလေ ကျွန်မ တို့ အလုပ်တွေ က စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ တွေ ကြံ့ခိုင်လာအောင် လုပ်ပေးတယ်။ တောင့်တော့ ခံနိုင်ရတာပေါ့လေ။ ဆေးခဏ ခဏ စစ်ရလို့ ကျန်းမာရေး လဲ ပူစရာမလို ဘူး။ အစားအသောက်ပိုင်းနဲ့ ပြောရင်လဲ တော်‌ရုံတော့ ယှဥ်ပြောလို့ ရတယ်။ ကိုယ့် မှာ ဝမ်းစာပြည့်ရင် အလုပ်လည်း မရှားဘူး။
ခြုံပြောရရင် တော့ ability တွေ တက်တယ်။ ကိုယ်ရေ စစ်တယ်ပေါ့။ 😁

အဲဒါကြောင့် ကျွန်မ သင်တဲ့ အခါ အရေးကြီးတဲ့ ဒီအပိုင်းလေးကို သေချာနားလည်ဖို့ ကြိုးစားပေးပါတယ်...

သင်္ကြန်ကာလရဲ့  အားလပ်ချိန်လေး တချို့ ကို ကိုယ်တတ်တဲ့ ပညာရပ် လေးမျှဝေပေးလိုက်ရတဲ့ အတွက် ကျေနပ် ပေမယ့် အချိန်လေး နည်းသွား...
21/04/2026

သင်္ကြန်ကာလရဲ့ အားလပ်ချိန်လေး တချို့ ကို ကိုယ်တတ်တဲ့ ပညာရပ် လေးမျှဝေပေးလိုက်ရတဲ့ အတွက် ကျေနပ် ပေမယ့် အချိန်လေး နည်းသွားတာကြောင့် နားလည်ပါ့ မလားဆိုပြီး စိတ်တော့ပူမိတယ်။

တဖက်မှာလဲ ကျွန်မ ဘက်က အချိန်မရွေး ပြန်ကြည့်လို့ ရစေဖို့ နားလည်လွယ်နိုင်စေမယ့် Video File လေးတွေ ဖန်တီးပြီး ပေးလိုက်နိုင်တဲ့ အတွက် အဆင်ပြေ ကြလိမ့်မယ် ယုံကြည်မိပြန်ပါတယ်။

Career ကောင်းလေးတွေ ရွေးချယ်လျှောက်လှမ်း နိုင်ကြပါစေရှင် 🙏

ဒီ Page မှာ ကျွန်မ တတ်တဲ့ ပညာလေးတခု နဲ့ Career ပြောင်းချင်ကြတဲ့ လူငယ်တွေ ကို ရည်ရွယ်ပြီး 📍F&B Service ပညာဒါန📍အဖြစ် သင်္က...
12/04/2026

ဒီ Page မှာ ကျွန်မ တတ်တဲ့ ပညာလေးတခု နဲ့ Career ပြောင်းချင်ကြတဲ့ လူငယ်တွေ ကို ရည်ရွယ်ပြီး
📍F&B Service ပညာဒါန📍အဖြစ် သင်္ကြန်ပိတ်ရက်မှာ သင်ဖို့ စဉ်းစားတာပါ။
📍အတန်းပညာတခုတတ်ခဲ့ပေမယ့် ခုချိန်မှာ ဘာလုပ်ရမယ်မှန်းမသိသူတွေအတွက် ရည်ရွယ်ပါတယ်။
📍Online သင်ရခြင်းရည်ရွယ်ချက်ကတော့ တခုတည်းပါ။ အဝေးတနေရာမှာ လမ်းပျောက်နေတဲ့ လူငယ်တွေကိုပါ ဒါလေး တခု ရသွားစေချင်ရုံပါ။
📍Free မလုပ်တာတန်ဖိုး မထားမှာစိုးလို့ပါ။ ခုချိန်မှာ လူတိုင်း ပေးနိုင်တဲ့ အသက်သာဆုံးနှုန်းထားတခုသတ်မှတ်လိုက်တာပါ။
📍ဒါကိုမှ မတက်နိုင်ဘူးဆိုသူတွေရှိခဲ့ရင် ကျွန်မဆီသာ တိုက်ရိုက်လာပြောပါ။
📍အခြေခံပညာ အထက်တန်း အဆင့်ပညာရေးရှိသူ မည်သူမဆို တက်ရောက်နိုင်ပါတယ်။

ที่อยู่

Padet
Chiang Mai
50100

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Career Pillars Hospitalityผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์

ประเภท