The Life I'll Remember

The Life I'll Remember

แชร์

𝐋𝐢𝐯𝐢𝐧𝐠 𝐟𝐨𝐫 𝐭𝐡𝐞 𝐋𝐢𝐟𝐞 𝐈’𝐥𝐥 𝐀𝐥𝐰𝐚𝐲𝐬 𝐑𝐞𝐦𝐞𝐦𝐛𝐞𝐫

28/01/2026

Slice of Life ✨

24/01/2026

Wat Phra Chao Lanna ✨

Photos from The Life I'll Remember's post 07/07/2025

𝐅𝐢𝐧𝐝𝐢𝐧𝐠 𝐌𝐲 𝐑𝐨𝐨𝐭𝐬 𝐈𝐧 𝐓𝐚𝐧𝐚𝐡 𝐋𝐨𝐭 𝐓𝐞𝐦𝐩𝐥𝐞

ဒီဘုရားကျောင်းကိုရောက်ရောက်ချင်း ကျွန်တော်တော့ မြန်မာက မော်တင်စွန်းဘုရားနဲ့ ကျိုက္ခမီရေလယ်ဘုရားတို့ကို သွားပြေးမြင်မိတော့တာပါပဲ။ ပင်လယ်ရေအတက်အကျအပေါ်မူတည်ပြီး ဒီ Tanah Lot ဘုရားကျောင်းကိုသွားတဲ့လမ်းလေးက ပေါ်ချည်၊ မြုပ်ချည်ဖြစ်နေတတ်ပါတယ်တဲ့။ ဘုရားကျောင်းအပေါ်ထိကိုတော့ တက်လို့မရတာကြောင့် အောက်ခြေနားက ရေစင်ကန်လေးမှာ မျက်နှာသစ်၊ ဆုတောင်း၊ ကိုယ်လက်သန့်စင်တာ ဘာညာလုပ်ရုံမှတစ်ပါးတော့ တခြားထွေထွေထူးထူးမရှိနေပါဘူး။ ဒေသခံနတ်ဆရာတွေကိုတော့ ဘုရားကျောင်းအနီးနားတစ်ဝိုက်မှာ မြင်တွေ့ခဲ့ရပါတယ်။
ထူးထူးခြားခြားအ‌နေနဲ့ကတော့ ဘုရားကျောင်းပုရဝုဏ်ထဲမှာပဲကို ကမ်းပါးစွန်းတစ်လျှောက်တက်သွားလို့ရတဲ့လမ်းလေးတွေမှာ ပန်းခြံလိုလို၊ View Point လိုလို ဓာတ်ပုံရိုက်လို့ရတဲ့နေရာလေးတွေရှိတယ်ဗျ။ အဲ့ကနေမှ ဘုရားကျောင်းကို နေဝင်ဆည်းဆာနဲ့အတူ အပေါ်စီးကနေမြင်ရတဲ့မြင်ကွင်းက ကျွန်တော့်အတွက် တစ်သက်တာမေ့နိုင်မယ်မထင်ပါဘူး။
ဒီဘုရားကျောင်းကတော့ Canggu နဲ့မလှမ်းမကမ်းမှာရှိတာမို့ အဲ့ဘက်ကိုရောက်ဖြစ်ရင် မဖြစ်မနေသွားရောက်လည်ပတ်သင့်တဲ့နေရာတစ်ခုပါပဲ။ သွားတဲ့လမ်းတစ်လျှောက်မှာလဲ စပါးခင်းစိမ်းစိုစိုလေးတွေကို အစီအရီမြင်ရမှာမို့ ဘာလီကိုရောက်ရင် "Must-Visit List" ထဲထည့်ကိုထည့်ထားသင့်ပါတယ်နော်ဗျ။
မနက်ဖြန်ကျမှပဲ ဒီဘုရားကျောင်းနဲ့ဆက်စပ်ပြီး လူပြောများကြတဲ့ "The Myth & Curse of Tanah Lot" အကြောင်းကို ထပ်တင်ပေးမယ်နော်ဗျ။ အတော်လေးကိုမှ စိတ်ဝင်စားစရာကေုင်းတဲ့‌ဇာတ်လမ်းလေးပါပဲ။






Photos from The Life I'll Remember's post 29/06/2025

“နတ်ဘုရားတို့ပျော်စံရာ၊ ယဥ်ကျေးမှုတို့ပေါင်းစုံရာ ဘာလီမြေသို့အလည်တစ်ခေါက်”

ဒီနှစ်နွေရာသီမှာတော့ ကျွန်တော် တည်တံ့တစ်ယောက် ဘာလီကျွန်းကို (၁၂) ရက်ကြာ တစ်ယောက်တည်း “Solo Backpacking” ခရီးထွက်ခဲ့ပါတယ်။ ဒီခရီးစဥ်လေးက ဘဝမှာ ပထမဦးဆုံးထွက်ဖူးတဲ့ “Solo Trip” တစ်ခုဖြစ်တဲ့အပြင် ကျွန်တော်ကိုယ်တိုင်ကလဲ စွန့်စားခန်းဆန်ဆန်လေးသွားချင်တာကြောင့် လေယာဥ်လက်မှတ်နဲ့ လေဆိပ်မှာ “Hotel Booking” ပြဖို့ရာ “Hostel” ကိုနှစ်ရက်စာကြိုပြီးဘိုကင်ယူထားခဲ့တာကလွဲရင် ကျန်တာက ဘာလီရောက်မှပဲ ကိုယ့်ဟာနဲ့ကိုယ် လည်မယ့်နေရာ၊ တည်းမယ့်နေရာတွေကို လမ်းကြောင်းဆွဲပြီးသွားခဲ့ပါတယ်။
ကျွန်တော်ကတော့ တစ်ယောက်တည်းလဲဖြစ်တာရယ်၊ အဓိကရည်ရွယ်ချက်ကလဲ လည်ဖို့၊ ပတ်ဖို့၊ လေ့လာဖို့ရယ်ဖြစ်တာကြောင့် ကိုယ့်ဟာနဲ့ကိုယ်ပဲ စရောက်တဲ့နေ့ကတည်းက ဆိုင်ကယ်ငှားပြီးပဲလည်ပါတယ်။ ဒေသခံတွေစားတဲ့ “Local Warung” လေးတွေမှာပဲ စားပါတယ်။ တည်းခိုစရိတ်ကိုလဲ လျှော့ချချင်တာမို့ “Hostel” လေးတွေပဲ ရွေးပြီးတည်းဖြစ်ခဲ့တယ်ဗျ။
ကျွန်တော်ရဲ့ဘာလီ (၁၂) ရက်တာခရီးစဥ်မှာတော့ - Legian မှာတစ်ည၊ Canggu မှာတစ်ည၊ Ubud မှာ သုံးည၊ Amed မှာတစ်ည၊ Sanur မှာ တစ်ည၊ Kuta မှာ နှစ်ညနဲ့ ဘာလီကနေတစ်ဆင့်သွားလို့ရတဲ့ “Nusa Penida” မှာ သုံးညတိတိနေခဲ့ပြီး နေရာအသီးသီးကိုလည်ခဲ့ပါတယ်။
ဘာလီကိုလည်မယ်ဆိုရင် တစ်ခုသိထားရမှာက မြို့တစ်ခုနဲ့တစ်ခုက “Vibes” လေးတွေမတူကြဘူးဆိုတာပါပဲ။ “Night Life & Parties Enjoyers” လေးတွေဆိုရင်တော့ လေဆိပ်နဲ့အနီးဆုံးကတော့ဖြစ်တဲ့ Kuta ရယ်၊ Legian ရယ်၊ Semiyak ရယ်က အကြိုက်တွေ့စေမှာဖြစ်သလို Canggu ရဲ့ ခေတ်မှီဆန်းသစ်မှုနဲ့ သဘာဝဆန်ဆန်စပါးခင်းလေးတွေက မြို့ပြနဲ့ကျေးလတ်အနှစ်သာရလေးတွေကို တစ်နေရာတည်းမှာခံစားနိုင်စေပါတယ်။ ဒါကြောင့်လဲ Canggu လို့ပြောလိုက်ရင် "Backpackers” တွေနဲ့ “Digital Nomads” တွေ အနေများကြတဲ့ “Area” တစ်ခုလို့ဆိုနိုင်ပါတယ်။
ဒါ့အပြင် ဘာလီကျွန်းရဲ့ထူးခြားဆန်းပြားတဲ့ ယဥ်ကျေးမှုတွေ၊ ဒေသအစားအစာတွေ၊ ယောဂ၊ Healing အစရှိတဲ့အပိုင်းတွေကို စိတ်ဝင်စားတဲ့သူလေးတွေဆိုရင်တော့ ယဥ်ကျေးမှုနယ်မြေ Ubud ရှိသလို ဒီမြို့လေးက ဘာလီရဲ့ ထင်ကရလည်ပတ်စရာနေရာ တော်တော်များများနဲ့လဲ မလှမ်းမကမ်းမှာတည်ရှိနေတာမို့ အချိန်ယူပြီးလည်သင့်တဲ့နေရာတစ်ခုပါ။ ရေတံခွန်တွေလဲ အများကြီးရှိပါတယ်။ Amed ကတော့ ဘာလီကျွန်းသူ၊ ကျွန်းသားတွေရဲ့ အထွတ်အမြတ်ထားရာ ကျွန်းရဲ့အမြင့်ဆုံးမီးတောင်ကြီးဖြစ်တဲ့ “Mt. Agung” နဲ့အနီးဆုံးနေရာမှာရှိတဲ့မြို့လေးဖြစ်သလို သဲမည်းကမ်းခြေတွေနဲ့အတူ “Snorkeling” လုပ်ဖို့ရာအတွက် နာမည်ကြီးတဲ့နေရာတွေထဲက တစ်ခုပါ။
Sanur ဆိုတဲ့မြို့လေးကတော့ ဆိပ်ကမ်းမြို့လေးဖြစ်ပြီး ဘာလီရဲ့အနီးတစ်ဝိုက်က ကျွန်းတွေဖြစ်တဲ့ “Nusa Penida, Nusa Lembongan, Nusa Ceningan” အစရှိတဲ့ကျွန်းငယ်လေးတွေဆီကို သွားရောက်နိုင်မယ့် “Sanur Harbor” ရှိပါတယ်။ Uluwatu ဘက်ကတော့ “Surfers” တွေ၊ လှိုင်းစီးချင်သူတွေအတွက် ကမ်းခြေလှလှလေးတွေနဲ့ တကယ့်ကိုနိဗ္ဗာန်ဘုံလိုနေရာမျိုးပါပဲ။
ကဲ ဒါဆို ဘာလီကိုဘယ်လိုသွားမလဲ၊ လည်မလဲ၊ ကုန်ကျစရိတ် ဘယ်လောက်ရှိမလဲဆိုတဲ့ အပိုင်းလေးတွေကိုဆက်ပြီးသွားလိုက်ကြရအောင်ဗျ။

"𝐅𝐥𝐢𝐠𝐡𝐭"
ကျွန်တော်ကတော့ မလေးရှားကနေတစ်ဆင့် သွားခဲ့တာကြောင့် ကွာလာလမ်ပူကနေ ဘာလီကို အသွားတစ်ကြောင်းစာအတွက် ဘတ် (၁၇၀၀) ဝန်းကျင်ပဲ ကျခဲ့ပါတယ်။ အပြန်အတွက်ကတော့ ဘန်ကောက်ကိုပြန်ရမှာမို့ အပြန်တစ်ကြောင်းစာတည်းကြီးပဲကို သီးသန့် ဘတ် (၃၃၀၀) လောက်ပေးခဲ့ရတယ်ဗျ။ ဘန်ကောက်ကနေ ဘာလီကိုအသွားအပြန်လေယာဥ်လက်မှတ်ကတော့ ဈေးအတက်အကျအပေါ်မူတည်ပြီး ဘတ် (၆၀၀၀) ကနေ (၇၅၀၀) ဝန်းကျင်ရှိတတ်ပါတယ်။ ဆိုတော့ကာ ကျွန်တော့်အတွက်တော့ ဒီခရီးစဥ်အတွက် လေယာဥ်လက်မှတ်ဖိုးတင်ပဲ ဘတ် (၅၀၀၀) ဝန်းကျင်လောက်ကုန်ကျခဲ့တယ်ဗျ။

"𝐒𝐈𝐌 𝐜𝐚𝐫𝐝𝐬 & 𝐈𝐧𝐭𝐞𝐫𝐧𝐞𝐭"
ကျွန်တော်ကတော့ ထိုင်းဆင်းကတ် (Dtac) ရှိတာမို့ အဲ့ကနေပဲ “Indonesia” အတွက်အဆင်ပြေမယ့် “Roaming Data Package” လေးပဲဝယ်ခဲ့ပါတယ်။ လိုင်းလဲအဆင်ပြေသလို ဈေးလေးလဲမဆိုးဘူးလို့ပြောရပါမယ်။ ဆယ်ရက်စာအတွက် (14GB) ကိုမှ (၅၄၉) ဘတ်ပဲပေးရပါတယ်။

"𝐂𝐮𝐫𝐫𝐞𝐧𝐜𝐲 𝐄𝐱𝐜𝐡𝐚𝐧𝐠𝐞"
ဘာလီရဲ့လူပြောများတဲ့ဂျင်းတွေထဲမှာ ငွေလဲတာက ထိပ်ဆုံးကနေပါဝင်ပါတယ်။ လေဆိပ်မှာ ဈေးတအားနှိမ်တာမို့ အဆင်ပြေရင် ကိုယ့်ဟာကိုယ်ပဲ ကိုယ်နေထိုင်ရာနိုင်ငံမှာ ငွေကြိုပြီးလဲလာတာ ပိုကောင်းပါတယ်။ မဖြစ်မနေ ဘာလီမှာပဲ ငွေလဲရမယ်ဆိုရင်တော့ “Central Kuta Money Exchange” ကတော့အဆင်ပြေတယ်လို့ပြောကြပါတယ်။ ပုံမှန်လဲ ဆိုင်တော်တော်များများက “Visa Card – Master Card” တွေနဲ့ငွေပေးချလို့ရတာကြောင့် အဲ့တာမျိုးလေး တစ်ကတ်လောက်ယူလာရင်တော့ ပိုကောင်းပါတယ်။

"𝐓𝐡𝐢𝐧𝐠𝐬 𝐭𝐨 𝐏𝐚𝐜𝐤"
ဘာလီကို လည်ဖို့စိတ်ကူးရှိတယ်ဆိုရင်တော့ ကားနဲ့ပဲလည်လည်၊ ဆိုင်ကယ်နဲ့ပဲလည်လည် မဖြစ်မနေယူရမယ့်အရာလေးတွေကတော့ - Sun Cream ရယ်၊ နေကာလက်အိတ်၊ နေကာမျက်မှန်တွေနဲ့ နေဒဏ်ကာနိုင်တဲ့ Jacket တစ်ထည်မဖြစ်မနေပါလာပါစေနော်။ မဟုတ်ရင်တော့ ဘာလီက‌လဲပြန်ရော တစ်ခါတည်း ချောကလက်မှိုတက် ညိုပြာညက်လေးဖြစ်နေပါလိမ့်မယ်နော်။

"𝐁𝐢𝐤𝐞 𝐑𝐞𝐧𝐭"
လည်ဖို့၊ ပတ်ဖို့အတွက်ကတော့ ကျွန်တော်တစ်ယောက်တည်းပဲဖြစ်တာရယ်၊ ပစ္စည်းပစ္စယဆိုလို့လဲ “40L Backpack” လေးတစ်လုံးနဲ့ “Tote Bag” လေးတစ်ခုပဲပါတာမို့ ဆိုင်ကယ်နဲ့ပဲ ပေါ့ပေါ့ပါးပါး ခြေဦးတည့်ရာကိုလည်ခဲ့ပါတယ်ဗျ။ ဆိုင်ကယ်ငှားခအနေနဲ့ကတော့ - တစ်ရက်စာအတွက် အင်ဒိုနီးရှားရူပီး ခုနှစ်သောင်း (IDR 70000) လောက်ပေးခဲ့ရပါတယ်။ ကျွန်တော်ကတော့ (၆) ရက်စာအတွက်ငှားခဲ့တာမို့ စုစုပေါင်း (IDR 420000) ကျခဲ့တယ်ဗျ။ ဒီနေရာမှာ မှာချင်တာလေးကတော့ - ရက်ကြာကြာ ငှားမယ်ဆို ဈေးဆစ်ကြည့်၊ ညှိကြည့်ပါ။ ပုံမန်အတိုင်းပဲဆိုရင်တော့ သူတို့က (IDR 80000 - 90000) လောက်ထိတောင်းပါလိမ့်မယ်။
ပြီးတော့ ဆိုင်ကယ်ငှားဖို့အတွက်ကို သူတို့က အာမခံအနေနဲ့ယူထားဖို့ ကိုယ့်ရဲ့မှတ်ပုံတင် (သို့) ဆိုင်ကယ်/ ကားလိုင်စင် (သို့) Passport တွေတောင်းတတ်ပါတယ်။ တတ်နိုင်ရင်တော့ “Passport” ကိုမပေးပါနဲ့လို့ မှာချင်ပါတယ်။ ကျွန်တော့်တုန်းကဆိုလဲ လိုင်စင်ဘာညာလဲမရှိ၊ မှတ်ပုံတင်ကလဲ မြန်မာမှာမို့ ပတ်စ်ပိုစ့်တစ်ခုကလွဲ ပေးစရာမရှိနေတော့ “Hotel Check-in” ဝင်ဖို့လိုတယ်ဆိုပြီး ဆိုင်ပိုင်ရှင်နဲ့ ညှိကြည့်ရာကနေ ကျောင်းသားကတ်လေးပဲ သူ့ဆီထားပေးခဲ့ရပါတယ်။
နောက်တစ်ခုအရေးကြီးတာက ဆိုင်ကယ်ငှားပြီဆို ကိုယ့်လက်ထဲရောက်ရောက်ချင်း ဆိုင်ကယ်ရဲ့ အခြေအနေကို ဓာတ်ပုံရော၊ ဗီဒီယိုရော ရိုက်ထားပါ။ မဟုတ်ရင်တော့ ဆိုင်ကယ်ပြန်အပ်တဲ့အချိန်မှ လူပြောများတဲ့ဘာလီဂျင်းမိပါလိမ့်မယ်နော်။ ဒီအချက်လေးကို မမေ့ပါနဲ့။
ကျွန်တော်ကတော့ ဆိုင်ကယ်ကို Kuta က “Nichols Rent Bike Kuta” ဆိုတဲ့ဆိုင်လေးကနေ ငှားခဲ့ပါတယ်။ သဘောလဲကောင်းသလို ဖော်လဲဖော်ရွေတာမို့ “Recommend” ပေးပါတယ်။ ဒါကတော့ သူတို့ဆိုင်ရဲ့ “Location” လေးပါ။
Map Link : https://maps.app.goo.gl/vw215QU598HC1FcQA

နောက်ဆုံးအနေနဲ့ကတော့ - ကိုယ်က Ubud တို့၊ Amed တို့ဘက်တွေကိုပါ လည်ဖို့အစီအစဥ်ရှိတယ်ဆိုရင် ဆိုင်ကယ်ကို အင်ဂျင်ပါဝါကောင်းတဲ့ဟာမျိုးကို ရွေးပြီးငှားပါနော်။ အလားတူစွာပဲ တစ်ယောက်တည်းမဟုတ်ဘဲ နှစ်ယောက်စီးမှာဆိုရင်လဲ အဲ့အတိုင်းပါပဲ။ ဘာလို့ဆို အဲ့ဘက်အပိုင်းလေးတွေက တောင်တက်၊ တောင်ဆင်းလမ်းတွေ၊ အကွေ့အကောက်တွေ အတော်များတာမို့ ဆိုင်ကယ်အင်ဂျင်ပါဝါမကောင်းရင်၊ မနိုင်ရင် အတော်လေးကိုမှ အန္တရာယ်များလို့ပါဗျ။

"𝐅𝐨𝐨𝐝 & 𝐄𝐱𝐩𝐞𝐧𝐬𝐞𝐬"
အစားအသောက်ကတော့ - ကိုယ်ကချွေတာချင်ရင် ဒေသခံတွေစားတဲ့ Local ထမင်းပုံစားဆိုင်လေးတွေမှာ စားပါ။ တစ်ခါစားမှာ ဟင်း (၃) မျိုးနဲ့ကို (IDR 20000 – 30000) လောက်ပဲရှိပါတယ်။ ဘာလီဟာ သုံးရင်သုံးလောက်ကုန်နိုင်တာမို့ ကိုယ့်ရဲ့ “Taste” အပေါ်မူတည်ပြီး ကုန်ကျမှုကကွဲပြားနိုင်ပါတယ်။ စားသောက်ဆိုင်ကြီးတွေမှာဆိုရင်တော့ အနည်းဆုံး တစ်နပ်စာအတွက် (IDR 50000 – 200000) လောက်အထိ ကိုယ့်ရဲ့ရွေးချယ်မှုအပေါ်မူတည်ပြီး ကုန်ကျနိုင်ပါတယ်။
“Try” ကြည့်စေချင်တဲ့ “Local Dish” လေးတွေကတော့ - Soto Ayam (ကြက်သားစွပ်ပြုတ်)၊ Mie Bakso Ayam (ကြက်သားလုံးခေါက်ဆွဲပြုတ်)၊ Sate Ayam (ကြက်ဆာတေး)၊ Mie Goreng (ခေါက်ဆွဲကြော်)၊ Nasi Goreng (ထမင်းကြော်) နဲ့ Nasi Campur (ထမင်းပုံစား) လေးတွေပါပဲ။ မြန်မာမှုပြုထားတဲ့အခေါ်အဝေါ်လေးတွေမို့ အနည်းငယ်လွဲမှားမှုရှိနိုင်ပါတယ်။

"𝐀𝐜𝐜𝐨𝐦𝐦𝐨𝐝𝐚𝐭𝐢𝐨𝐧"
ကျွန်တော်ကတော့ “Backpacker” လဲဖြစ်၊ တစ်ယောက်တည်းလဲဖြစ်တော့ ညအိပ်ဖို့ရာ ကျောတစ်ခင်းစာနေရာလေးလောက်ပဲရှိရင်ကို အဆင်ပြေတာမို့ “Hostel” လေးတွေပဲ လှည့်ပတ်ပြီးတည်းဖြစ်ခဲ့တယ်ဗျ။ ဒါပေမယ့်လဲ ဘာလီက နဂိုတည်းက “Tourism” ကိုအခြေပြုပြိးအသက်မွေးကြတဲ့ဒေသဖြစ်လို့လားမသိ။ ဒီက Hostel လေးတွေ တော်တော်များများက သန့်သန့်ပြန့်ပြန့်လေးနဲ့ နေလို့၊ ထိုင်လို့အဆင်ပြေကြပါတယ်။ တချို့ဆို ရေကူးကန်တွေ၊ Breakfast တွေပါပါကြပါသေးတယ်။ ပြီးတော့ တစ်ညမှလဲ (IDR 150000 – 200000) လောက်ပဲမို့ ဘတ်နဲ့ပြန်တွက်ကြည့်ရင် ထိုင်းဘတ် (၂၀၀) ဝန်းကျင်လောက်ပါပဲဗျ။
Canggu ဘက်လည်ဖြစ်ခဲ့ရင်တော့ “The Best Canggu Hostel” လေးမှာတည်းကြည့်ဖို့ “Recommend” ပေးပါတယ်။ သူက ရေကူးကန်လဲပါသလို ဝန်ထမ်းတွေရော၊ ပိုင်ရှင်ရောက တအားသဘောကောင်းကြတယ်ရယ်ဗျ။ Community Space လေးလဲထားပေးထားသေးသလို Kitchen နဲ့ Pool Tables တွေလဲရှိတော့ “Snooker” ဝါသနာပါသူ၊ ကိုဘ့်ဟာကိုယ်ဟင်းချက်စားချင်သူတွေအတွက်လဲ အတော်လေးကိုမှ အဆင်ပြေပါတယ်။ ဒါ့အပြင် သောက်ရေကိုပါ “Free Flow” ပေးထားပါသေးတယ်ဗျ။
Nusa Penida ဘက်ဆိုရင်တော့ “Hostel Bukit Sangcure” ကအတော်လေးအဆင်ပြေပါတယ်။ သူလဲ Kitchen ပါသလို ချက်ဖို့၊ ပြုတ်ဖို့လိုအပ်တဲ့ အိုးခွက်၊ ပန်းကန်အကုန် အစုံအလင်ချပေးထားသလို သောက်ရေလဲ အခမဲ့ပေးထားတာမို့ နေလို့၊ ထိုင်လို့အတော်အဆင်ပြေပါတယ်။ ဒီ “Hostel” ရဲ့ “Unique” ဖြစ်တဲ့အချက်ကတော့ - အရမ်းလှတဲ့ Sea View ကိုမှ ရာသီဥတုသာယာရင် ဘာလီက “Mt. Agung” ကိုပါ Hostel ကနေလှမ်းမြင်နေရတာပါ။ ပိုင်ရှင်အစ်မကလဲ အမြဲလိုလေသေးမရှိအောင် ကူညီပေးတော့ တည်းခဲ့သမျှထဲ အိမ်လို့ခံစားရတဲ့နေရာတွေထဲက တစ်ခုပါပဲဗျ။

"𝐏𝐥𝐚𝐜𝐞𝐬 𝐭𝐨 𝐕𝐢𝐬𝐢𝐭"
လည်ပတ်စရာနေရာများကတော့ “Kuta” အနီးအနားတစ်ဝိုက်မှာဆိုရင် -
(1) Kuta Beach
(2) Legian Beach
(3) Kuta Art Market
(4) Waterbom Bali
(5) Bali Bomb Memorial တို့ရှိပါမယ်။

“Canggu” မှာဆိုရင်တော့ -
(1) Canggu Beach
(2) Batu Bolong Beach
(3) Love Anchor Market လေးတွေနဲ့
(4) Beach Clubs & Bars တချို့ရှိပါတယ်။

“Ubud” ဘက်ကတော့ အနီးနားဝန်းကျင်ဆို
(1) Ubud Palace
(2) Ubud Art Market
(3) Sacred Monkey Forest Sanctuary
(4) Saraswati Temple
(5) Tegallalang Rice Terraces
(7) Campuhan Ridge Walk
(8) Goa Gajah
(9) Kanto Lampo Waterfall တို့ရှိသလို
(၄၅) မိနစ်ကနေ (၁) နာရီလောက်သွားရတဲ့နေရာလေးတွေဆိုရင်တော့ -
(1) Leke Leke Waterfall
(2) Banyumala Twins Waterfall
(3) Ulun Danu Beratan Temple
(4) Pura Tirta Empul
(5) Tukad Cepung Waterfall တို့ရှိပါတယ်။
ဒီနေရာလေးတွေထဲက အပေါ်ကသုံးခုကိုတော့ ဆိုင်ကယ်နဲ့တစ်ယောက်တည်းသွားမယ်ဆို အနည်းငယ်သတိထားပါ။ အတက်အဆင်းများသလို မိုးရွာနေရင် ဘီးချော်တတ်လို့ အန္တရာယ်များပါတယ်။ ကျွန်တော်သွားတုန်းကတောင် ကားတစ်စီးအရှိန်မထိန်းနိုင်ဘဲ နံရံကိုဝင်တိုက်မိတာ ကားအရှေ့ခန်းတစ်ခုလုံးကြေမွသွားတာကို မျက်မြင်တွေ့ခဲ့ရပါတယ်။
တခြားအလည်များတဲ့နေရာလေးတွေကတော့ ကျွန်တော် Amed ကိုသွားတုန်းက လမ်းတစ်လျှောက်ဝင်လည်ခဲ့တာဆိုရင် -
(1) Tirta Gangga
(2) Taman Ujung
(3) Lahangan Sweet
(4) Penataran Agung Lempuyang Temple
(5) Pura Lempuyang Madya တို့ရှိမယ်ရယ်ဗျ။
“Amed” ကတော့ ကမ်းခြေတွေ၊ “Mt. Agung View” ရှိတဲ့ကော်ဖီဆိုင်၊ စားသောက်ဆိုင်တွေနဲ့ “Snorkeling Spots” တွေကလွဲလို့ လည်စရာရယ်လို့ များများစားစားတော့မရှိပါဘူးဗျ။ နေလို့တော့ အတော်လေးကောင်းပါတယ်။

"𝐂𝐨𝐧𝐜𝐥𝐮𝐬𝐢𝐨𝐧"
ဆိုတော့ကာ အားလုံးကိုနိဂုံးချုပ်ရရင်တော့ ကျွန်တော့်ရဲ့ “Bali Solo Backpacking” ခရီးစဥ်လေးဟာ လေယာဥ်လက်မှတ်ခမပါဘဲ (၁၂) ရက်တာ နေထိုင်တည်းခိုစရိတ်၊ စားသောက်စရိတ်၊ ဝင်ကြေး၊ ဆိုင်ကယ်ငှားခ၊ Transportation Fees တွေအကုန်လုံးအပါမှာ USD 280 ဝန်းကျင်၊ ထိုင်းဘတ်နဲ့ဆို ဘတ် (၉၀၀၀) ဝန်းကျင်လောက်ပဲကျခဲ့ပါတယ်။ ဒါတောင် အစားအသောက်ကိုက အတော်လေးကောင်းကောင်းစားခဲ့တာရယ်၊ Nusa Penida မှာလဲ သုံးရက်လည်ခဲ့တာကြောင့် ဒီလောက်ကျခဲ့တာပါ။ ရက်လည်းတိုမယ်၊ တခြားဟာလေးတွေလဲ ကိုယ်ကချွေတာနိုင်မယ်ဆို ဒီထက်သက်သာနိုင်ပါတယ်။
အထက်ပါအကြောင်းအရာလေးတွေကတော့ ကျွန်တော်သွားရောက်လည်ပတ်ခဲ့စဥ်တုန်းက ကြုံတွေ့ခဲ့ရတဲ့ ကိုယ်ပိုင်အတွေ့အကြုံလေးတွေအပေါ်မူတည်ပြီး ရေးသားမျှဝေပေးထားတာဖြစ်တာကြောင့် တစ်ဦးနဲ့တစ်ဦးတော့ကွဲပြားမှုအနည်းငယ်ရှိနိုင်ပါတယ်နော်ဗျ။
မကြာခင်လဲ ဘာလီကနေ Nusa Penida ကိုဘယ်လိုသွားမလဲ၊ ဘယ်လောက်ကုန်နိုင်လဲဆိုတဲ့အကြောင်းအရာလေးကို ထပ်မံဝေမျှပေးသွားဖို့ရှိတာမို့ စောင့်မျှော်အားပေးကြဖို့ကိုလဲ မေတ္တာရပ်ခံချင်ပါတယ်ဗျ။ ဘာလီနဲ့ပတ်သက်ပြီး တခြားသိချင်တာ၊ မေးချင်တာလေးတွေရှိရင်လဲ “Comment Section” မှာဖြစ်စေ၊ “Chat Box” မှာဖြစ်စေ လာရောက်မေးမြန်းနိုင်ပါတယ်ဗျ။
ကဲ ဒါဆို ပုံလေးတွေကနေတစ်ဆင့် ကျွန်တော့်ရဲ့ တစ်ကိုယ်တော် ဘာလီခရီးစဥ်လေးကို အတူတူလိုက်ပါ ခံစား၊ စီးမျောပေးကြပါအုံးနော်ဗျ။


#ဘာလီ





Photos from Tarot Titan's post 25/06/2025

မင်္ဂလာပါ Energies တို့ရေ...

နောက်ဆုံးတော့ ကျွန်တော့်ရဲ့တစ်လကျော်ကြာ “Backpacking Trip” ကနေပြန်ရောက်လာပါပြီ။ သတင်းကောင်းအနေနဲ့ကတော့ ကျွန်တော့်ရဲ့ “Solo Travelling Memories” လေးတွေကို သိမ်းဆည်းထားချင်တာက တစ်ကြောင်း၊ တစ်ဆက်တည်းမှာလဲ နောက်ပိုင်းခရီးတွေအများကြီးထွက်ဖို့ရှိနေတာကလဲ တစ်ပိုင်းပေမို့ “Travel Vlogs & Blogs” လေးတွေကို တသီးတသန့်လေးဖြစ်အောင် “The Life I’ll Remember” ဆိုတဲ့ “Page” အသစ်လေးထပ်ဖွင့်ထားပါတယ်ဗျ။
ဒါကြောင့် ခရီးသွားရတာကိုနှစ်သက်သဘောကျတဲ့ “Energies” တို့အနေနဲ့ ကျွန်တော့်ရဲ့ ဒီ “Travel Page” အသစ်လေးမှာ “Backpacking, Solo Travelling” နဲ့ “Travel Tips” လေးတွေကို များမကြာခင် သုတ၊ ရသစုံလင်စွာနဲ့တင်ဆက်မျှဝေသွားဖို့ရှိတာကြောင့် စိတ်ဝင်စားတယ်ဆိုရင် “Like & Follow” လုပ်ပေးထားဖို့ကိုလဲ မေတ္တာရပ်ခံတောင်းဆိုပါရစေဗျ Energies တို့ရေ။

Page Link: https://www.facebook.com/share/1AYLnLAWoU/

“Tarot Titan” ကိုလဲ မနက်ဖြန်ကစ ပုံမှန်အတိုင်းပြန်လည်ပတ်စေတော့မှာမို့ အသစ်အသစ်သော “Knowledge Sharing Content” တွေ၊ “Pick A Pile/ Card Reading” တွေနဲ့ “Activity” တွေနဲ့အတူပြန်လာခဲ့ပါပြီနော်ဗျ။
နောက်တစ်ခုအနေနဲ့ကတော့ “Personal Tarot Reading” လေးတွေလဲ အရင်လိုပြန်လက်ခံပေးနေပါပြီ။ သို့ပေမယ့် ဒီလကုန်လောက်ကျရင်တော့ “Package Structure, Rules & Regulations” လေးတွေနဲ့ “Reading Fees” လေးတွေ အပြောင်းအလဲရှိပါမယ်ဗျ။ အသေးစိတ်ကိုတော့ ထပ်မံကြေညာပေးပါ့မယ်နော်။
အားလုံးနဲ့ အခုလို ပြန်တွေ့ရတာဝမ်းသာမိပါတယ်ဗျ။

𝐓𝐚𝐫𝐨𝐭 𝐓𝐢𝐭𝐚𝐧 - 𝐃𝐢𝐯𝐢𝐧𝐞𝐥𝐲 𝐆𝐮𝐢𝐝𝐞𝐝 𝐁𝐲 𝐒𝐩𝐢𝐫𝐢𝐭𝐬!
𝐌𝐚𝐲 𝐒𝐩𝐢𝐫𝐢𝐭𝐬 𝐆𝐮𝐢𝐝𝐞 & 𝐁𝐥𝐞𝐬𝐬 𝐘𝐨𝐮 𝐀𝐥𝐥!

Connect with Tarot Titan: ☎️
Instagram : tarot.titan.ig
Telegram : https://t.me/tarottitan999
Viber : +66990917940
TikTok : tarot.titan.tt



Photos from The Life I'll Remember's post 21/04/2025

ကျွန်တော့်ရဲ့ "Jhon's Favors Page" လေးကို "The Life I'll Remember" လို့နာမည်‌လေးပြောင်းထားပါတယ်။ ပြောင်းရခြင်းရဲ့ရည်ရွယ်ချက်ကိုပြောပါဆိုရင်တော့ "Backpacking" နဲ့ "Solo Traveling" ပိုးဝင်သွားဝာာကြောင့်လို့ဆိုနိုင်ပါတယ်။
နောက်ပိုင်းတွေမှာလဲ "Travelling & Vlogging Career" ဘက်ကိုပြောင်းဖို့ကရှိနေတော့ တစ်ခါတည်းချောလဲရောထိုင်အ‌နေနဲ့ ကျွန်တော့်ရဲ့အရင် Personal Page လေးကို အခုလတ်တလောကျွန်တော်သဘောကျနေမိတဲ့သီချင်းလေးတစ်ပုဒ်အပေါ်အခြေခံပြီး နာမည်လေးပြောင်းလိုက်ရခြင်းပဲဖြစ်ပါတယ်။
အဲ့သီချင်းလေးက တခြားတော့မဟုတ်ဘူးဗျ။ Avicii ရဲ့ "The Nights" ဆိုတဲ့သီချင်းလေးပါပဲ။ အဲ့ထဲမှာမှ အဓိကကျတဲ့ဒီစာသားလေးနှစ်ကြောင်းက ကျွန်တော့်ရဲ့ဘဝအပေါ်အမြင်တွေ၊ ခံယူချက်တွေ၊ သဘောထားတွေကို အများကြီးပြောင်းလဲသွားစေခဲ့တယ်ရယ်။ အဲ့စာသားလေးနှစ်ကြောင်းကတော့ အောက်ပါအတိုင်းပါပဲဗျ။

"𝐎𝐧𝐞 𝐝𝐚𝐲, 𝐲𝐨𝐮'𝐥𝐥 𝐥𝐞𝐚𝐯𝐞 𝐭𝐡𝐢𝐬 𝐰𝐨𝐫𝐥𝐝 𝐛𝐞𝐡𝐢𝐧𝐝,
𝐒𝐨 𝐥𝐢𝐯𝐞 𝐚 𝐥𝐢𝐟𝐞 𝐲𝐨𝐮 𝐰𝐢𝐥𝐥 𝐫𝐞𝐦𝐞𝐦𝐛𝐞𝐫!"

အဓိပ္ပါယ်လေးကတော့ရှင်းပါတယ်။ ကျွန်တော်တို့အားလုံးဟာ တစ်နေ့ကျရင် ဒီလောက၊ ဒီဘဝကြီးထဲကနေအသီးသီးထွက်ခွာသွားကြရမှာပါပဲ။ ဒါကြောင့်မို့ ကိုယ့်ရဲ့ဘဝကိုလဲ ကိုယ်ကိုယ်တိုင်အမြဲအမှတ်ရနေမယ့်ပုံစံမျိုးနဲ့ရှင်သန်နေထိုင်ပါတဲ့။
ဆိုတော့ ဒီသီချင်းလေးကို နားထောင်ရင်းကျွန်တော် ကိုယ့်ကိုယ်ကိုပြန်မေးမိတယ်။ "ငါ အမြဲအမှတ်ရနေမယ့်ဘဝဆိုတာ ဘယ်လိုပုံစံမျိုးဖြစ်လိမ့်မလဲပေါ့။
ဒီလိုနဲ့တွေးရင်း၊ တွေးရင်း အတွေးတွေနက်လာရင်း နောက်ဆုံးမှာတော့ ကျွန်တော်နားလည်သဘောပေါက်သွားတာက ဒီဘဝ၊ ဒီခန္ဓာမှာ တခြားသူတွေကိုမထိခိုက်မနစ်နာစေဘဲ မေတ္တာတရားတွေကိုဝေမျှရင်း ကမ္ဘာကြီးလဲကျန်းမာလာ‌အောင်၊ ကျွန်တော်တို့ရဲ့လူမှုအဝန်းအဝိုင်းလဲ ကောင်းမွန်တိုးတက်လာအောင်၊ တစ်ဆက်တည်းမှာပဲ ကိုယ်ကိုယ်တိုင်လဲ ရှင်သန်ရကျိုးနပ်အောင်၊ လူဖြစ်ရကျိုးနပ်အောင် ရှင်သန်နေထိုင်ဖြတ်‌ကျော်ရတာက ကျွန်တော့်အတွက်တော့ အမြဲအမှတ်ရနေစေမယ့်ဘဝတစ်ခုဆိုတာကို သိရှိနားလည်သွားခဲ့ပါတယ်။
ဒါကြောင့်မို့ပဲ ကျွန်တော်အမြဲအမှတ်ရနေမိမယ့်ဘဝရဲ့အခိုက်အတံ့တွေနဲ့ မှတ်ဉာဏ်တွေကို ဒီ Page လေးမှာတစ်စိတ်တစ်ဒေသအနေနဲ့မှတ်တမ်းတင်ရင်း ကိုယ့်အနေနဲ့လဲ "Community" အတွက်ကူညီဝေမျှပေးနိုင်တာလေးတွေကိုဝေမျှပေးဖို့ရာ "The Life I'll Remember" ဆိုပြီးပြောင်းလဲဖြစ်ခဲ့ပါတယ်ပေါ့။
ပြီးတော့ တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်ဆိုသလို ကျွန်တော်တို့ရဲ့ ဒီတိုတောင်းလှတဲ့ဘဝခရီးမှာ ကောင်းမွန်တဲ့အမှတ်တရတွေကိုပဲ ဦးစားပေးဖန်တီးဖို့ ကိုယ့်ကိုယ်ကိုလဲ အမြဲ "Remind" လုပ်တဲ့အနေနဲ့ရော ဒီနာမည်လေးနဲ့ ဒီ Page လေးကပြန်လည်မွေးဖွားလာခဲ့ပါတယ်။

ဘဝတစ်ခု၊ ချစ်ခြင်းမေတ္တာများများနဲ့...
အမှတ်တရတွေကို ထွေးပွေ့ရင်းနဲ့ပေါ့ဗျာ...

P.S - အရင်ကပိုစ့်လေးတွေကိုတော့ အမှတ်တရအနေနဲ့မဖျက်ဘဲထားထားလိုက်ပါတယ်ဗျ။



Photos from The Life I'll Remember's post 01/07/2023

Hello, my favors တို့ရေ….
ဒီတစ်ခါမှာတော့ အခုနောက်ပိုင်း လူငယ်တွေတော်တော်များများစိတ်ဝင်စားလာကြတဲ့ ထိုင်းနိုင်ငံရဲ့ Top Universities တွေထဲကတစ်ခုဖြစ်တဲ့ Chiang Mai University (CMU) အကြောင်းကို ကျွန်တော့်အတွေ့အကြုံလေးတွေနဲ့ယှဥ်ပြီး ပြောပြပေးချင်ပါတယ်ဗျ။
ချင်းမိုင်တက္ကသိုလ်လို့လူသိများကြတဲ့ CMU ကို (1964) ခုနှစ် January လမှာစတင်တည်ထောင်ခဲ့တာဖြစ်ပြီး Northern Thailand ရဲ့ပထမဦးဆုံး Provincial University တစ်ခုဖြစ်ပါတယ်။ Public University ဖြစ်တာကြောင့် Ranking လဲမြင့်တဲ့အပြင် ထိုင်းနိုင်ငံရဲ့ တတိယမြောက် ထိပ်တန်းတက္ကသိုလ်တစ်ခုလဲဖြစ်ပါတယ်ဗျ။
CMU မှာသင်ယူနိုင်တဲ့ International Programs တွေကတော့ -
(1) Accountancy (ACC)
(2) Modern Management and Information Technology (MMIT)
(3) Software Engineering (SE)
(4) Food Science and Technology (FST)
(5) Integrated Design in Emerging Architecture (IDEA)
(6) Economics (ECON)
(7) Industrial Engineering and Logistics Management (IEL)
(8) Information System and Network Engineering (ISNE)
(9) Mechanical Engineering (ME)
(10) Humanities and Sustainability (HS)
(11) Thai as a Foreign Language (TFL)
(12) Nursing Science (NSC)
(13) Environmental Science (ES)
(14) Social Science and Sustainable Development (SSSD)
(15) Digital Innovation (DIN)
ဆိုပြီးလောလောဆယ်မှာ (15) ခုရှိပါတယ်။
Admission ကိုတော့ တစ်နှစ်ကို
(Round – 1, 2, 3) ဆိုပြီး Major အလိုက် တစ် Round စီ သီးသန့်ခွဲပြီး ခေါ်လေ့ရှိတယ်ဗျ။ Round (1) ကများသောအားဖြင့် November - January ထိခေါ်လေ့ရှိပြီး Round (2) ကတော့ February - March လောက်ထိသွားပါတယ်။ နောက်ဆုံးဖြစ်တဲ့ Round (3) ကတော့ April - May ဝန်းကျင်လောက်မှာစလေ့ရှိပါတယ်။ (It can be varied from each academic year.)
International Programs တွေအားလုံးက English လိုပဲသင်တာမို့ Academics ပိုင်းမှာ ဘာသာစကားအခက်အခဲကိစ္စနဲ့ပတ်သက်ပြီး စိတ်ပူစရာမလိုပါဘူး။ ဒါပေမယ့် ကျွန်တော့်အမြင်မှာတော့ တက်ရောက်မယ့်ကျောင်းသားတွေအနေနဲ့ နည်းပညာပိုင်းနဲ့ပတ်သက်ပြီး အခြေခံအနည်းငယ်ရှိရင် ပိုပြီးလွယ်ကူအဆင်ပြေမယ်ထင်ပါတယ်။ ဘာလို့ဆို Course Enrollment လုပ်ရတာကအစ Assignment တွေရေးရတာအဆုံး အားလုံးက သက်ဆိုင်ရာ Website တွေနဲ့ Platforms တွေမှာပဲလုပ်ရတာမို့ပါ။
__________
Admission 📜
ကျောင်းဝင်ခွင့်နဲ့ပတ်သက်ပြီးကတော့ Program အလိုက်လိုအပ်တဲ့ Requirement လေးတွေမတူပါဘူးဗျ။ အခြေခံအားဖြင့်လိုအပ်တာတွေကတော့ - တက္ကသိုလ်ပထမနှစ်အမှတ်စာရင်းနဲ့ အထက်တန်းပြီးဆုံးကြောင်းလက်မှတ် (သို့) GED Certificate & Transcript (At least score 145 on all subjects) နဲ့ IELTS/TOEFL/ Duolingo တို့ထဲကတစ်ခုခုရှိရင်ရပါတယ်။ English Proficiency Test မဖြေရသေးတဲ့သူလေးတွေအနေနဲ့လဲ ကျောင်းကစစ်တဲ့ CMU English Test ကိုပဲဝင်ဖြေပြီးဝင်ခွင့်လျှောက်လို့ရပါတယ်။ ကျွန်တော့်တုန်းကတော့ အဲ့တာတွေဖြေဖို့အချိန်မရတော့တာကြောင့် CMU English Test + GED နဲ့ပဲလျှောက်ခဲ့တာပါ။
Academic Requirement & Qualification အတွက် Detail ကိုတော့ ဒီလင့်မှာမေဂျာတစ်ခုချင်းစီအလိုက်ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ဗျ။
Admission Link - www1.reg.cmu.ac.th/reg-ipas/main/index.php?action=p
ဝင်ခွင့်လျှောက်ဖို့အတွက်ဆို Application Fees အတွက် ဘတ် 1200 (မြန်မာငွေတစ်သိန်းစွန်းစွန်း) ပေးရပါတယ်။ English Proficiency Test မဖြေထားရင်တော့ CMU English Test ဖြေဖို့ရာ Exam Fees ဘတ် 400 (မြန်မာငွေ 34000) ပါထပ်ပေးရပါတယ်ဗျ။ ဒါကြောင့် Admission အတွက်ဆို Total (မြန်မာငွေ 135000) လောက်ပါ။ (Rate 1 Baht = 85 Kyats)
___________
Entrance Exam & CMU English Test 📝
ဝင်ခွင့်စာမေးပွဲကတော့ - မေဂျာတစ်ခုနဲ့တစ်ခုမေးတာမတူညီကြပါဘူး။ ခက်လားဆိုရင်လဲတအားကြီးမခက်သလို အရမ်းလဲမလွယ်ကူနေတာကြောင့် သေချာလေးတော့ပြင်ဆင်မှ တော်ကာကျပါမယ်ဗျ။ ကျွန်တော်တို့ SSSD Program ဆိုရင်တော့ Entrance Exam မှာ များသောအားဖြင့် လက်ရှိကမ္ဘာတစ်ဝှန်းမှာဖြစ်ပျက်နေတဲ့ Issues တွေနဲ့ပတ်သက်ပြီး Essay (3) ပုဒ်လောက်ရေးခိုင်းလေ့ရှိပါတယ်။ ပြီးရင် Interview Session ရှိပါမယ်။ Interview ကတော့ ဆက်မိစပ်ရာမေးတာကြောင့် ဘာမေးမလဲဆိုတာကြိုတင်ခန့်မှန်းလို့မရပါဘူးဗျ။ တစ်ယောက်နဲ့တစ်ယောက်မေးတာလဲ မတူကြပါဘူး။ ဒါက Regular Track သမားတွေအတွက်ပါ။ Special Track ကသူတွေနဲ့တော့ တချို့ Process လေးတွေအနည်းငယ်ကွဲပြားပါလိမ့်မယ်။
____________
Tuition Fees (ကျောင်းလခ) 💵
CMU မှာတစ်နှစ်ကို Semester နှစ်ခုရှိပါတယ်။ Semester တစ်ခုကို လေးလစီကြာပါတယ်ဗျ။ Tuition Fees ကတော့ Semester တစ်ခုကို Major အလိုက် ဘတ် 35000 ကနေ 85000 ထိရှိပါတယ်။ အများစုကတော့ ဘတ် (40000-50000) ဝန်းကျင်တွေပါပဲ။ ပုံလေးလဲထည့်ပေးထားပါတယ်။
ဥပမာ - ကျွန်တော့်ရဲ့ Major ဖြစ်တဲ့ SSSD Program ဆိုရင် Semester တစ်ခုကို ဘတ် 40000 (မြန်မာငွေ 34 သိန်း/ Rate One Baht = 85 Kyats) ပါ။ Semester ကတစ်နှစ်မှာ နှစ်ခုရှိတာမို့ တစ်နှစ်စာကျောင်းစရိတ်ချည်းပဲဆိုရင် ဘတ် 80000 (68 သိန်း) ဝန်းကျင်ပါဗျ။
________________
Living Expenses (နေစရိတ်) 🏘️
နေစရိတ်ကတော့ - ကျောင်းဝန်းထဲကအဆောင် - Regular Dorms (Male Dormitory – 5,6,7/ Female Dormitory – 1,2,3,8) တွေမှာနေမယ်ဆိုရင် Semester တစ်ခုလုံးစာ (4 လစာ) လုံးကိုမှ ဘတ် 2400 (မြန်မာငွေ 2 သိန်း) ဝန်းကျင်ပါ။ ရေဖိုး၊ မီးဖိုး၊ Damage Deposit ရောအကုန်ပါပြီးသားပါဗျ။ Summer ဆိုရင်တော့ ထက်ဝက်နီးပါးလောက်သက်သာနိုင်ပါတယ်။
Services & Facilities တွေအနေနဲ့ကတော့ - ကုတင်၊ အိပ်ရာ၊ ဗီရို၊ စာကြည့်စားပွဲတို့ပါပါတယ်ဗျ။ တစ်ခန်းမှာ (2) ယောက်ကနေ (3) ယောက်အထိနေရပါတယ်။ တစ်ယောက်ကို အပေါ်ကပစ္စည်းတွေ တစ်ယောက်တစ်ခုစီရပါတယ်။ သုံးယောက်ခန်းမှာတော့ ကုတင်တစ်လုံးက နှစ်ထပ်ကုတင်ဖြစ်ပါလိမ့်မယ်။ တချို့အဆောင်တွေမှာတော့ တစ်ယောက်ခန်းလေးတွေရှိတယ်ဗျ။ ဒါပေမယ့်အရေအတွက်အတော်နည်းပါတယ်။ ရဖို့လဲခက်ပါတယ်။
Regular Dorms တွေက တကယ်တမ်းပြောရရင် စရိတ်စက သက်သာပေမယ့် ထိုင်းကျောင်းသားတွေအတွက်ရည်ရွယ်ထားတာမို့ ထိုင်းတွေများပါမယ်ဗျ။ ဒါကြောင့် Reservation လုပ်တဲ့အခါ သူတို့နဲ့ဝင်လုနိုင်မှအဆင်ပြေပါလိမ့်မယ်။ အကယ်၍ Reservation လုပ်တဲ့အခါမှာ အခန်းမရခဲ့ရင်လဲ Faculty ကို Request လုပ်လို့ရတယ်လို့တော့ ကြားမိပါတယ်။
ကျွန်တော့်တုန်းကတော့ Male Dormitory – 7 မှာနေခဲ့တာပါ။ အခန်းဖော်ကလဲ ထိုင်းပါ။ Honest Review ပေးရရင်တော့ ကျွန်တော့်အတွက်အတော်လေးအဆင်ပြေပါတယ်။ အစကတော့ အများနည်းတူ လူမျိုးရေးခွဲခြားထားတာတွေ ဘာတွေကိုစိတ်ပူမိခဲ့ပေမယ့် တကယ်တမ်းကျ အတော်လေးဖော်ရွေကြပါတယ်။ ဒါပေမယ့် Communication ပိုင်းမှာ Language Barrier တော့ရှိမယ်ဗျ။ အများစုက English လိုသိပ်နားမလည်ကြပါဘူး။
တခြားအဆောင်တွေကတော့ တစ်လကို အနည်းဆုံး ဘတ် (2500-3000) လောက်ကုန်ကျပါမယ်ဗျ။ Utilities Fees can be varied according to the dormitories!
International Dormitory တွေကလဲ ကျောင်းဝန်းအပြင်ဘက်မှာဖြစ်တဲ့အပြင် နည်းနည်းလဲလှမ်းတာကြောင့် တခါတလေ သွားရလာရတာ အခက်အခဲလေးနည်းနည်းရှိပါတယ်။ Shuttle Bus တွေတော့ရှိပေမယ့် ကျွန်တော့်အမြင်အရတော့ တအားကြီး Convenient ဖြစ်မနေပါဘူး။
Detail ကို ဒီ Website မှာလေ့လာနိုင်ပါတယ်။
Accommodation Link - https://udo.oop.cmu.ac.th/en
__________
စားစရိတ် 🍴
စားသောက်စရိတ်ကတော့ အများစုကတစ်နပ်စာကိုအနည်းဆုံး (35) ဘတ်ကနေ အများဆုံး ဘတ် (60) လောက်ထိသွားတယ်ဗျ။ တစ်လကို ဘတ် 5000 (မြန်မာငွေ 4 သိန်းကျော်ဝန်းကျင်) လောက်ဆို အဆင်ပြေပါတယ်။ ချွေတာနိုင်ရင်တော့ အနည်းဆုံး ဘတ် (4000) လောက်ဆိုလောက်ပါတယ်။ ဒါပေမယ့် အသုံးစရိတ်ဆိုတာ လူအပေါ်ပဲမူတည်တာမို့ အတိအကျတော့တွက်ပြလို့မရပါဘူးဗျ။
စစချင်းလတွေကတော့ အကုန်အကျများတတ်ပါတယ်။ တစ်ကိုယ်ရေ တစ်ကာယလိုအပ်တဲ့ဟာတွေအများကြီးပဲမို့ ငွေကို ပိုပိုလိုလိုထည့်လာဖို့ Recommend ချင်ပါတယ်။ Based on my experience! ပါ.....
__________________
Campus Facilities 🏫
Campus Facilities တွေအနေနဲ့ကတော့ - ကျောင်းဝန်းကြီးကအတော်ကျယ်တာမို့ သွားရလွယ်ရလွယ်ကူအောင် ကျောင်းထဲမှာ CMU Shuttle Bus တွေပြေးဆွဲပေးပါတယ်။ CMU Mobile Application နဲ့ Shuttle Bus တွေရဲ့ Track တွေကိုရှာဖို့၊ Location ကိုကြည့်လို့ရပါတယ်။ အဲ့ App က QR Scanner နဲ့ပဲ တစ်ခါတစ်လေ Class Attendance ကောက်တာနဲ့ Library ထဲကိုဝင်တာကအစ Event တွေ၊ Survey တွေအတွက် Form ဖြည့်တာအဆုံး တော်တော်များများလုပ်ရပါတယ်။
အားကစားဝါသနာပါသူတွေအတွက်တော့ Tennis၊ Basketball, Volleyball, Badminton စတဲ့ Courts တွေနဲ့ Main Gymnasium တစ်ခုလဲရှိပါတယ်။ Archery Club လဲရှိသေးတယ်ဗျ။ CMU Main Stadium ကတော့ လက်ရှိမှာ ပြုပြင်မွမ်းမံတာတွေလုပ်နေလို့ ခဏပိတ်ထားပါတယ်ဗျ။ ရေကူးကန်လဲကျောင်းဝန်းထဲမှာရှိပါတယ်။ CMU ကျောင်းသားတွေအားလုံး ကျောင်းသားကတ်ပြရုံနဲ့ Member ကြေးပေးစရာမလိုဘဲ Free ရေသွားကူးလို့ရပါတယ်။
Canteen နဲ့ Food Center တွေကတော့အများကြီးရှိတယ်ဗျ။ CMU Food Center ကတော့ Common ဖြစ်ပါတယ်ဗျ။ ဒါပေမယ့် တခြားနေရာတွေထက်တော့ အနည်းငယ်ဈေးကြီးပါတယ်။ များသောအားဖြင့် (5) ဘတ်၊ (10) ဘတ်လောက်တော့ကွာတယ်ဗျ။ ကျွန်တော်တို့ Faculty ရဲ့ Social Science Canteen ကတော့ Budget Canteen အဖြစ် Vlog တွေထဲနာမည်ကြီးပါတယ်။ However, there’s no great difference between them! In addition, CMU Night Market လဲရှိပါသေးတယ်နော်ဗျ....
ကျောင်းဝန်းထဲမှာပဲ လိုအပ်တာတွေဝယ်လို့ရအောင် Cooperative Store တစ်ခုလဲထားပေးထားတယ်ဗျ။ ဈေးလဲအပြင်မှာနဲ့အတူတူပါပဲ။ အတော်လေးလဲစုံပါတယ်။ Uniform/ Pins & Buckles/ Shoes/ Belt/ Seal အစရှိတဲ့ Accessories တွေကိုအဲ့မှာအကုန်ဝယ်လို့ရပါတယ်။
Library တွေကတော့ Faculty တိုင်းမှာ သက်ဆိုင်ရာ Library တစ်ခုစီရှိသလို Main Library ကြီးလဲရှိပါတယ်ဗျ။ Main Library မှာတော့ Study Spaces တွေလဲ တော်တော်များများရှိသလို Floor အလိုက် Quiet Zone/ Activity Zone ဆိုပြီးခွဲခြားထားတာလေးတွေရှိပါတယ်။ English Conversation Clubs တွေနဲ့ တခြားသော Event တွေကိုလဲ Main Library မှာအများဆုံးလုပ်ပေးလေ့ရှိတယ်ဗျ။
နောက်ဆုံးတစ်ခုကတော့ အားလုံးလဲသိကြမယ်ထင်တဲ့ CMU ရဲ့ Signature - Angkaew Reservoir ပါ။ အနောက်ဘက်မှာလဲ Doi Suthep တောင်တန်းကြီးရှိတာမို့ တော်တော်လေးကို သဘာဝနဲ့နီးစပ်တဲ့ခံစားချက်မျိုးကို ရနိုင်တာ CMU ရဲ့အားသာချက်ပါပဲ။ မနက်ဘက်ဆို လမ်းလျှောက်တဲ့သူတွေ၊ အပြေးသမားတွေ၊ အားကစားလုပ်သူတွေနဲ့စည်ကားနေတတ်ပြီး ညနေဘက်မှာတော့ ကျောင်းသားအများစု Angkaew မှာအပန်းလာဖြေကြလေ့ရှိပါတယ်။ It’s kinda like Inya Lake! ပါ.....
စိန်ပန်းနီနီတွေကိုလဲ Campus အတွင်းမှာ ဟိုတစ်စု ဒီတစ်စုတွေ့ရပါလိမ့်အုံးမယ်။
___________
Other Tips 🗒️
Thailand မှာ Student Visa နဲ့ အလုပ်လုပ်လို့မရပါဘူးဗျ။ တရားဥပဒေအရ ကန့်သတ်ထားပါတယ်။ ဒါပေမယ့် ကျောင်းသားတွေအနေနဲ့ Freelance Job လေးတွေတော့ ကိုယ့်ဟာနဲ့ကိုယ်လုပ်လို့ရတယ်ဗျ။
ပြီးတော့ ကျောင်းသားတိုင်း Health Insurance ကိုမဖြစ်မနေဝယ်ရပါတယ်။ ကိုယ့်နိုင်ငံကနေတစ်ခါတည်းဝယ်လာလို့ရသလို ကျောင်းကလဲ မဝယ်ရသေးတဲ့သူတွေအတွက် စီစဥ်ပေးပါတယ်။ တစ်နှစ်ကို မြန်မာငွေ (6) သိန်းကနေ (8) သိန်းကြားလောက်ကုန်ပါမယ်ဗျ။
Visa လျှောက်ဖို့အတွက်ကကျ (USD 80) ကုန်ပါမယ်။ Flight Ticket ကတော့ Schedule နဲ့ ရက်အနီးအဝေးအပေါ်မူတည်ပြီး (3) သိန်းခွဲဝန်းကျင်ကနေ (6) သိန်း၊ (7) သိန်းလောက်ထိသွားတတ်ပါတယ်။
လေဆိပ်က Immigration မှာရစ်လားဆိုရင် Student Visa နဲ့ဆို အဲ့လောက်ကြီးမရစ်ပါဘူးဗျ။ ကျွန်တော့်တုန်းက ဘာလာလုပ်တာလောက်ပဲမေးပြီး တုံးထုပေးလိုက်တာပါပဲ။ အရမ်းကြီးစိုးရိမ်စရာမရှိပါဘူး။
ဒီလောက်ဆိုရင်တော့ အားလုံးလဲ CMU နဲ့ပတ်သက်ပြီး အမေးများကြတာလေးတွေကို သေချာလေး သိရှိနားလည်သဘောပေါက်သွားလိမ့်မယ်လို့ထင်ပါတယ်ဗျ။ Expenses တွေပါတွက်ပြထားတာမို့ Budget လဲချိန်လို့ရသွားမယ်ထင်ပါတယ်။
____________
အချိန်ပေးဖတ်ရှုပေးတဲ့အတွက်လဲ ကျေးဇူးအများကြီးတင်ပါတယ်ဗျ....
တခြားသိချင်တာလေးတွေရှိရင်လဲ Chatbox မှာလာမေးနိုင်ပါတယ်။ CMU Website မှာလဲတခြားသောအကြောင်းအရာလေးတွေကို Research လုပ်နိုင်ပါတယ်။
CMU Website Link - https://www.cmu.ac.th/en
ကဲ ဒါဆိုရင်တော့ CMU ရဲ့အလှတရားတွေကို ကျွန်တော်နဲ့အတူ ပုံလေးတွေမှာတစ်ခုချင်းစီလိုက်ကြည့်ကြရအောင်ဗျ.....
Note that expenses might be different for each individuals!



ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Chiang Mai?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่


Chiang Mai