08/04/2026
ရှေးသရောအခါ ဗာရာဏသီပြည်တွင် ဒဓိဝါဟနမင်း စိုးစံသည်။
တစ်နေ့သ၌ မင်းသည် မြစ်ထဲမျောပါလာသော ရွှေရောင်အဆင်းရှိသည့် သရက်သီးတစ်လုံးကို ရရှိသည်။ ထိုသရက်သီးကို သုံးဆောင်ကြည့်ရာ ချိုမြိန်၍ ထူးခြားကောင်းမွန်သော အနံ့အရသာနှင့်ပြည့်စုံသည်ကို သိရသည်။ ထို သရက်သီးကိုစားပြီး အစေ့ကို ဥယျာဥ်၌ နို့ရည်လောင်း၍ စိုက်ပျိုးစေသည်။ သုံးနှစ်ကြာသော ထို သရက်ပင်သည် အလွန်ချိုသည့် သရက်သီးကို သီးသည်။

ဒဓိဝါဟနမင်းသည် သရက်သီးများခါးသောအကြောင်းကို ဘုရားလောင်းပညာရှိအမတ်အား စူးစမ်းစေ လေသည်။
ပညာရှိအမတ်က- “တမာပင်၊ ခွေးတောက်ပင်တို့ကြောင့် သရက်သီး ခါးရပါ၏။” ဟု လျှောက်လေသည်။
ထိုနောက် ထိုအပင်တို့ကို အမြစ်နှင့်တကွ နုတ်စေပြီး မြေသြဇာသစ် မြေသြဇာကောင်းများ ကျွေးစေသည်။ နို့ရည်၊ သကာရည်၊ နံ့သာရည်တို့ဖြင့် သွန်းလောင်းစေသည်။ သို့ဖြစ် နောက်ထပ်၍ သရက်သီးများ သီးလာသောအခါ သရက်သီးတို့သည် မူလအတိုင်း ချိုမြိန်လာသည်။ ထူးကဲသော အနံ့အရသာနှင့် ပြည့်စုံလာလေသည်။
ထိုအခါ ပညာရှိတို့က
“အသက်မဲ့သောအရာပင်လျှင် မကောင်းသော အပေါင်းအဖော်နှင့် ပေါင်းသင်း၍ ပျက်စီးခဲ့ရသေးသည်။ အသက်ရှိသော သတ္တဝါတို့ကား မကောင်းသော အပေါင်းအဖော်နှင့် ပေါင်းဖော်သော် အဘယ်ဆိုဖွယ်ရာ ရှိမည်နည်း” ဟူ၍ ဆိုကြလေသည်။