30/04/2026
🌕 ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) 🌕
ယနေ့မှစ သွားလာသော ခရီးများ
ဘေးရန်ကင်းကွာ၍
စိတ်ချမ်းသာမှုများ ပြည့်ဝကာ
လိုရာဆန္ဒများ အားလုံး ပြည့်စုံကြပါစေ 🌸
#ကဆုန်လပြည့်နေ့ #ဗုဒ္ဓနေ့
It’s Time to Travel
Explore Northern Thailand with us
30/04/2026
🌕 ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့) 🌕
ယနေ့မှစ သွားလာသော ခရီးများ
ဘေးရန်ကင်းကွာ၍
စိတ်ချမ်းသာမှုများ ပြည့်ဝကာ
လိုရာဆန္ဒများ အားလုံး ပြည့်စုံကြပါစေ 🌸
#ကဆုန်လပြည့်နေ့ #ဗုဒ္ဓနေ့
ချင်းရိုင် ခရီးစဥ်မှာ လိုက်ပို့ပေးဖြစ်ခဲ့တဲ့
Choui Fong Tea Plantation 🌱
ခရီးသွား တော်တော်များများ ကြားမှာနာမည်ကြီးတဲ့ လက်ဖက်စိုက်ခင်းမို့
ဧည့်သည်တော်များအား သေချာအချိန်ပေးပြီး လည်ပတ်လေ့လာနိုင်ရန် ပို့ဆောင်ခဲ့ပါတယ် 🌱
ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်မြို့နားမှာ တည်ရှိပြီး တောင်တန်းပေါ်တစ်လျှောက် လက်ဖက်ပင်တွေ အစိမ်းရောင်တောက်တောက်နဲ့ စီတန်းထားတာကို မြင်ရတာက တကယ့်ကို စိတ်အပန်းဖြေစရာပါ။
ဒီနေရာကို ရောက်သွားတဲ့အခါ အရင်ဆုံး အမြင်အာရုံကို ဖမ်းစားနိုင်တာက တောင်တန်းအမြင့်အနိမ့်တွေကို လိုက်ပြီး လှပနေတဲ့ အစိမ်းရောင် လက်ဖက်စိုက်ခင်းကြီးပါပဲ။
ဒါကြောင့် Choui Fong Tea Plantation က တစ်ခါလောက်တော့ သွားကြည့်သင့်တဲ့နေရာတစ်ခုပါ။
သဘာဝအလှ၊ လေထုသန့်ရှင်းမှု၊ အရသာကောင်းတဲ့ လက်ဖက်တွေကို တစ်နေရာတည်းမှာ ခံစားနိုင်တာကြောင့် စိတ်အပန်းဖြေချင်တဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်။
Choui Fong မှာ လက်ဖက်အမျိုးမျိုး ထုတ်လုပ်ကြပြီး အထူးသဖြင့် Green Tea, Oolong Tea တို့က နာမည်ကြီးပါတယ်။ အဲ့ဒီမှာရှိတဲ့ café လေးမှာလည်း လက်ဖက်နဲ့ပတ်သက်တဲ့ အစားအစာတွေ၊ အချိုရည်တွေကို မှာယူနိုင်ပါသေးတယ်။
Green Tea Cake တို့ Matcha Latte တို့က
လူကြိုက်များတာမို့ ရောက်ဖြစ်ရင်
မှာစားကြည့်ပါ။
Chiang Mai ကနေ ကားငှားပြီး ချင်းရိုင်ဘက်ကို ကိုယ်ပိုင်စိတ်ကြိုက် ခရီးစဉ်ဖြင့် သွားလာနိုင်တာကြောင့် ပိုပြီး အဆင်ပြေပါတယ်။
လာလည်ဖို့ အစီစဥ်ရှိသူများ ခုကတည်းက Chiang Mai Dreams ရဲ့ car rental မှာ ကြိုတင် Booking တင်ထားနိုင်ပါပြီ။
☎️ +66 945155781
(Line/ Viber)
#ချင်းမိုင် #ချင်းရိုင်
17/04/2026
✨ Happy Myanmar New Year ✨
နှစ်သစ်အချိန်အခါ သမယမှစ၍ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ခရီးသွားလာမှုများလည်း အဆင်ပြေချောမွေ့ပါစေကြောင်း
Chiang Mai Dreams Car Rental မှ
ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🚗💙
Chiang Mai ကို လည်ပတ်မယ့် အချိန်တိုင်း
ယုံကြည်စိတ်ချရတဲ့ ကားအငှားဝန်ဆောင်မှုအတွက် Chiang Mai Dreams နဲ့အတူ ခရီးစဉ်တိုင်းကို ပိုပြီးလှပတဲ့ အမှတ်တရကောင်းတွေ ဖန်တီးလိုက်ပါ ✨
#မြန်မာနှစ်သစ်ကူး #နှစ်ဆန်းတစ်ရက်
ချင်းမိုင် မှာ ဒီနှစ် Songkran တော့
April 11 To April 15 အထိ Maya နားတစ်ဝိုက်
ဧည့်သည်တွေကို လိုက်ပို့တာ အကြောင်းပြပြီး
ကားဆရာတွေပါ ရေပက်ခံထွက်နေပါပြီ ဗျို့ 😁
အတူလျှောက်လည်မယ်ဆို လာ Join လို့ ရတယ်ဗျာ
Day 1 Songkran in Chiangmai
ဂျပန် အထိ သွားစရာမလိုပဲ
ဂျပန်ရောက်သွားသလို ခံစားရမဲ့ Hinoki Land 🇯🇵🌸
Northern Thailand ဘက်အလည်လာရင်း
ချင်းမိုင်ကနေတစ်ဆင့် သွားလည်သင့်တဲ့ နေရာလေး
လာလည်ရင် ဘယ်လို Outfits တွေ ဝတ်ပြီး
Photo/Video လှလှလေးတွေ ရိုက်ချင်လဲ ဆိုတာ
စဥ်းစားပြီးတော့ Chiang Mai Dreams မှာ
ကားအငှားအတွက် Booking လုပ်ထားလိုက်တော့ဗျာ
Chiangmai ~ Pai ~ MaeHongSon ခရီးစဉ်
လိုက်ပို့တုန်းက
ဧည့်သည်တော်များအား အနားယူရင်း
ကော်ဖီလေးသောက် ပုံလှလှလေးတွေ
ရိုက်ဖို့အတွက် Pai အနီးနားလေးက
Coffee We - The Witch’s House ဆိုတဲ့
ဆိုင်လေးမှာ ခရီးတစ်ထောက် နားစဉ်
ရိုက်ခဲ့တာလေးတွေ ပေါ့ဗျာ
ဒီလို အလှမျိုး ခုလိုပန်းတွေ ဝေနေအောင်
ပွင့်ချိန် သွားလည်ရင် အချိန်ကောင်းမို့
ချင်းမိုင်မှာ သင်္ကြန်လည်ရင်း
လိုက်ပို့ပေးစေချင်ရင်တော့ ခုကတည်းက Booking လုပ်ထားနိုင်ပါပြီ
Chiang Mai Dreams car rental services ကို ယုံကြည်စွာ လာရောက် ငှါးရမ်းကြတဲ့
ဧည့်သည်တော် အယောက်တိုင်းကိုလည်း
အထူးပင် ကျေးဇူးတင်ပါတယ် ခင်ဗျာ
#ချင်းမိုင် #ပိုင် #မယ်ဟောင်ဆောင်
#ကားအငှါး
23/03/2026
April, 2024 ကတည်းက စတင် တည်ထောင်ခဲ့တဲ့
Siam de Lanna Company ရဲ့ လုပ်ငန်းတစ်ခုဖြစ်တဲ့ Chiang Mai Dreams car rental services သည်
ယနေ့ထိတိုင် ကောင်းမွန်သော ဝန်ဆောင်မှုများ
နှင့်အတူ ကားအငှား ဝန်ဆောင်ခ နှုန်းထားများကို
အတတ်နိုင်ဆုံး လျော့ယူထားပေးပြီး စဥ်ဆက်မပြတ်
လုပ်ကိုင်ဆောင်ရွက်နေစဲပါ ခင်ဗျာ
သို့သော် လက်ရှိဖြစ်ပေါ်နေသော ဆီအခက်အခဲ
ပြဿနာများကြောင့် ယနေ့မှစ အသစ်လက်ခံမည့်
ကားအငှား ဝန်ဆောင်မှုများကိုတော့ဖြင့်
ပုံမှန်ယူနေကျနှုန်းထားထက် စျေးအနည်းငယ်
တက်မှ ရတော့မည်ဖြစ်ကြောင်း ငြိုးငယ်အားနာစွာဖြင့်
ကြေငြာပါရစေဗျာ 🙏
Confirmed ဖြစ်ပြီးသား ခရီးစဥ်များကိုတော့
ကျွန်တော်တို့ Chiang Mai Dreams Car Rentals ဘက်မှ တာဝန်ယူတာမို့ ပြောထားတဲ့ စျေးထက် ပိုတက်မှာတွေရော
ခရီးစဥ် အဆင်မပြေမှာတွေပါ စိတ်ပူ
နေတာတွေကို ရပ်ပြီး စိတ်ချစွာ လာလည်ဖို့
ပြောလိုပါတယ် ✍️
April မှာ လာလည်ကြမည့် မိတ်ဆွေများအနေဖြင့်လည်း Car Rental Booking လေးတွေ ပြည့်လုနီးနီး ဖြစ်နေပြီမို့ အချိန်မှီတုန်းလေး Confirmed လုပ်ပေးကြဖို့ ပြောကြားရင်း ချင်းမိုင်မြေမှ ကြိုဆိုလိုက်ပါတယ် ခင်ဗျာ 🤝
ကြိုက်သလောက် စားပြီး
ကျသလောက် ရှင်းစရာ မလိုတဲ့
အဝစား မြန်မာထမင်းဟင်း ဘူဖေး 😍
ချင်းမိုင်မှာ မြန်မာထမင်းဟင်း ဘူဖေး စားဖို့
ဆိုင်ရှာနေရင်တော့ ဒီဆိုင်လေးနဲ့
မိတ်ဆက်ပေးပါရစေ
အပတ်စဥ် စနေနေ့ တစ်ရက်တည်းသာ
ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
ဒီအပါတ်မှာတော့ အဓိက ဟင်းလျာအနေနဲ့ ကြက်သားဆီပြန်၊ ဝက်အချိုချက်၊ အမဲနှပ်အာလူး၊ ပုဇွန်ဆီပြန်၊ ငါးဆုပ်ချက်၊ ငါးခူကြော်နှပ်တို့ ပါဝင်ပြီး
အရံဟင်းလျာ အနေနဲ့ ကလေးတွေလည်း
စားလို့အဆင်ပြေအောင် ပဲပင်ပေါက်နဲ့ ပဲပြားကြော်၊
ပြောင်းဖူးကြော် တို့အပြင် မြင်းခွါရွက်သုပ်လေးလည်း ပါဝင်ပါတယ်ရှင်
မြန်မာစာ ဘူဖေးဆိုတဲ့အတိုင်း မပါမဖြစ် ငပိရည်၊
တို့စရာအစုံအလင် ပါရှိမှာ ဖြစ်သလို
အရည်သောက်အနေနဲ့ ရှယ်သီးစုံ
ပဲကုလားဟင်း ချပေးထားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် ထမင်းစားပြီး အချိုတည်းလို့ ရအောင်
နွေစာ မုန့်လက်ဆောင်း ချိုချိုအေးအေးလေးနဲ့
ဖရဲသီးလေးပါ ထားပေးထားမှာနော် 🥰
နောက်အပါတ်အတွက် ဘူဖေးမှာ ပါဝင်မဲ့ ဟင်းပွဲ အပြောင်းအလဲ လေးတွေလည်း ကြိုပြီး တင်ပေးသွားမှာမို့ Stay Tuned နော် မိတ်ဆွေတို့ 🤩
အပတ်စဥ် စနေတစ်ရက်တည်းသာ ရောင်းချသွားမဲ့
မြန်မာထမင်းဟင်း ဘူဖေး စားရင်း ကျသလောက်ရှင်းစရာ မလိုဘူးလို့ ဘာကြောင့်ပြောရသလဲဆိုရင်
ဆိုင်လေးက Nong Pa Khrang မှာရှိတဲ့
Mango Tree Resort ထဲက Restaurant ထဲမှာမို့ Swimming Pool မှာ ရေပါ Free ကူးခွင့်
ပေးထားမှာမို့ပါ 🤩
Myanmar Buffet Price 📌
Adult: 250 THB per person
Child: 150 THB per person
(under 5 years)
အချိန်အားဖြင့် မနက် 10:30/ 11 ဝန်းကျင်မှ စပြီး ညနေ ၃နာရီထိ လာရောက် သုံးဆောင်နိုင်ပါပြီရှင်
ကျောင်းပိတ်ရက်၊ အလုပ်နားရက်လေးမို့
နွေမှာ စိတ်အေးလူလူနဲ့ မိသားစုနဲ့အတူ summer staycation လုပ်ရင်း လာမယ်ဆိုလည်း resort က
ဒီ March အတွက် 40% တိတိ promotion ရှိလို့ အရမ်းကို အချိန်ကောင်းလေးပါနော် 🌿🌱
Location: https://maps.app.goo.gl/MFswvQjZJGAimiCe8?g_st=ic
For Your Reservation: +66 937766872 📌
#အဝစား #မြန်မာစာဘူဖေး
#ချင်းမိုင်
Ba Rak Thai ခရီးစဉ်
ဧည့်သည်တော်များအား လိုက်ပို့ရင်း
ရိုက်ကူးထားသော Chiangmai Dreams Car Rental မှ short video လေးကို ကြည့်ပြီး သွားရောက်လည်ပတ်လိုပါက အချိန်မရွေး ဆက်သွယ်နိုင်ပါတယ် ခင်ဗျာ
☎️ 0945155781
Facebook Official Page:
https://m.facebook.com/profile.php?id=100083943851680...
#ချင်းမိုင် #ချင်းရိုင် #ကားအငှါးဝန်ဆောင်မှု
မုံကူဝေရ _ Mon Kuwera လို့ သိကြတဲ့
မဟာရာဇာ တော်ဝေသုဝဏ္ဏ ဥယျာဉ် 🦋🌿🌳
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် မယ်အွန်မြို့နယ်
အတွင်းမှာ တည်ရှိတဲ့ ဥယျာဉ်ကြီးပဲဖြစ်ပါတယ်။
တော်ဝေသုဝဏ္ဏ (Thao Wessuwan / Kubera) ကို အဓိကထား ကိုးကွယ်တဲ့ ဘာသာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အထင်ကရနေရာတစ်ခု
ဆိုလည်း မမှားပါဘူး။
🏔️ “မုံကူဝေရ” ဆိုတဲ့ အမည်ရဲ့ အဓိပ္ပါယ်က
- မုံ (Mon / ม่อน) ဆိုတဲ့ တောင်ကုန်း၊ တောင်မြင့် ကို ဆိုလိုပြီး၊
- ကူဝေရ (Kuwera) ဆိုတဲ့ တော်ဝေသုဝဏ္ဏရဲ့အမည်ပဲ ဖြစ်ပါတယ်။
မကောင်းမှုများမှ ကာကွယ်ပေးရန်၊
စည်းစိမ်ဥစ္စာ၊ အလုပ်အကိုင်၊ စီးပွားရေး
အောင်မြင်စေရန်၊စိတ်နှလုံးအေးချမ်းစေရန်
စသည်ဖြင့် ဆုတောင်းများပြည့်စေသည်ဟု
ယုံကြည်ကာ
တော်ဝေသုဝဏ္ဏကို မဟာရာဇာ အဖြစ် ဂုဏ်ပြု၍ ကိုးကွယ်ပူဇော်နိုင်သော ဥယျာဉ်ပုံစံ ဘာသာရေးနေရာ အဖြစ် ဖန်တီးထားခဲ့ခြင်း ဖြစ်ပါတယ်။
🌿 မုံကူဝေရ ဆိုတဲ့ နေရာလေးကိုရောက်ရင်
တော်ဝေသုဝဏ္ဏ ရုပ်တုကြီးတွေ၊
သဘာဝအလှတရားနဲ့ ပြည့်စုံနေတဲ့ ဥယျာဉ်ရဲ့ အလှတရားတွေမြင်တွေ့နိုင်မှာမို့ စိတ်အေးချမ်းပြီး ဘာသာရေးလေ့လာခြင်းနှင့်အတူ ခရီးသွားလည်ပတ်နိုင်မှာပဲ ဖြစ်ပါတယ်။
ခရီးသည်များအား လိုက်ပို့ရင်း ရိုက်ကူးထားသော Chiangmai Dreams Car Rental မှ short video လေးကို ကြည့်ပြီး သွားရောက်လည်ပတ်လိုပါက အချိန်မရွေး ဆက်သွယ်နိုင်ပါတယ် ခင်ဗျာ
☎️ 0945155781
Facebook Official Page:
https://m.facebook.com/profile.php?id=100083943851680...
#ချင်းမိုင် #ချင်းရိုင် #ကားအငှါးဝန်ဆောင်မှု