Black Service SPY Agency

Black Service SPY Agency

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Black Service SPY Agency, ผู้ฝึกสอนส่วนตัว, Chiang Mai.

08/07/2024

္လိုင်းသိပ်မရတဲ့ဖက်ရောက်နေလို့ပါ active မဖြစ်လို့ တောင်းပန်ပါတယ်...

အရေးပေါ်လိုအပ်လာရင် ဖုန်းဆက်ပေးကြပါ....

02/03/2024

"သစ္စာရှိမှု့ ၊ ယုံကြည်မှု့"

ကြည့်လိုက်ရင်တော့ ဘာမှမဟုတ်တဲ့ စကားလေး ၂ခု… ဒါပေမယ့် အရမ်းအရေးပါ အရာရောက်တဲ့ စကားလုံး ၂လုံးပဲ….

ကျွန်တော်တို့အလုပ်အတွက် အရမ်းအရေးကြီး၊ အရေးပါအရာရောက်တဲ့ ဒီစကားလုံးဟာဆိုရင် Client တွေအတွက် အရမ်းအထောက်အကူပြုပါတယ်…..

အိမ်ထောင်ရေးဖောက်ပြန်မှု့တွေအတွက်ကိုလဲ ကျွန်တော်တို့အဖွဲ့မှ အကောင်းဆုံးဝန်ဆောင်မှု့တွေနဲ့ အစွမ်းကုန်ကြိုးစားဆောင်ရွက်ပေးနေပါပြီ….

အကိုတို့/အမတို့ရဲ့ နောက်ကွယ်မှာ ဖောက်ပြန်နေတဲ့ အိမ်ထောင်ဖက်ကို ကွာရှင်းဖို့အတွက်လိုအပ်တဲ့ သက်သေများကိုလဲ လိုက်လံစုဆောင်းပေးနေပြီးတော့ ကွာရှင်းဖို့လိုအပ်တဲ့အခါတို့ တစ်လင်တစ်မယားနဲ့ တရားစွဲဖို့လိုအပ်တဲ့အခါတို့ဆိုရင်လဲ ကျွန်တော်တို့အဖွဲ့ရဲ့ ရှေ့နေကိုလိုအပ်ခဲ့ရင်လဲလိုက်လံ​ဖြေရှင်း/ဆောင်ရွက်ပေးနေပါပြီဖြစ်ကြောင်းကို အသိပေးအကြောင်းကြားအပ်ပါသည်….
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^

မိမိတို့ အိမ်ထောင်ဖက်ရဲ့ ဖောက်ပြန်မှု့များကို ခိုင်မာတဲ့သက်သေပြနိုင်ဖို့အတွက် ကျွန်ုပ်တို့ကို အမြန်ဆုံးဆက်သွယ်လိုက်ပါ….










02/03/2024

ဒီနေ့ အမှု့တစ်ခုပြီးသွားတယ်….Client အမကြီးက ကျေးဇူးတင်ကြောင်းတွေ ထပ်ခါထပ်ခါပြောတယ် 🥳🥳🥳

👉🏼 သူ့ပတ်ဝန်းကျင် အနားကလူတွေကို အကူညီတောင်းပြီး လိုက်ခိုင်းတုန်းက အဲ့လူတွေက သူ့ပေါ်မှာ သစ္စာမရှိပဲ သူ့ယောက်ျားကို သွားသွားပြောပြီးတော့ ဟိုဖက်ကလဲ ပိုက်ဆံလေးယူ ဒီဖက်ကလဲ ပိုက်ဆံလေးယူနဲ့ ၂ဖက်ခွစားလို့ သူ့အတွက် ပိုက်ဆံကုန်ပြီး အရာမထင်ခဲ့ဘူး 😞

👉🏼 ခု ကျွန်တော်တို့အဖွဲ့ရဲ့ ဝန်ဆောင်မှု့ကြောင့် သူ့အခက်ခဲတွေ အဆင်ပြေချောမွေ့သွားရတယ့်အတွက် ကျွန်တော်တို့ Team ကို Client အမကြီးက ကျေးဇူးတွေတင်ကြောင်း ထပ်ခါတလဲလဲပြောဆိုနေခြင်းကို ကြားရတဲ့အတွက်ကြောင့်လဲ ကျွန်တော်တို့ရဲ့ အောင်မြင်မှု့ကို ကျွန်တော်တို့မြင်လိုက်ရလို့ ကျွန်တော်တို့လဲ ဝမ်းသာပီတိဖြစ်ရပါတယ် 🥰
“””””””””””””””””””””””””””””””””””””””””””””””””

ခုလိုချိန် အမှု့လိုက်ရတာ ကားပေါ်မှာလဲ ထိုင်နေရတာ မသက်သာဘူး.….

😤 ပူချက်က… ကားအောက်ဆင်းပြီး လွတ်လွတ်လပ်လပ်လေးနေမှပဲ အေးသွားတော့တယ်










01/03/2024

ဒီနေ့အတွက် အနားယူပါပြီ…

ဒီမနက်အစောကြီး ၅နာရီလောက် အိမ်ကနေထွက်ပြီး လိုက်စရာရှိတာတွေ လုပ်စရာရှိတာတွေ လုပ်ဖို့အတွက် ညက တစ်ညလုံးမအိပ်ပဲနဲ့ ပြင်ဆင်စရာရှိတာတွေပြင်ဆင်၊ ပတ်ဝန်းကျင်ကို လေ့လာစရာရှိတာတွေကို Map ကနေလေ့လာ၊ data information တွေစုစရာရှိတာစုပြီးတော့ မနက်ကျ ဘယ်လိုလုပ်မယ်၊ ဘယ်ကနေစလုပ်မယ်၊ ဘယ်အပေါက်ကနေ ဘယ်လိုဝင်မယ်ဆိုတာတွေကို စဉ်းစားပြီး ကိုယ့်အဖွဲ့ကကျန်တဲ့သူတွေနဲ့တိုင်ပင်ပြီးတော့ လုပ်သင့်တာကိုလုပ်ဖို့ ရွေးချယ်ဆုံးဖြတ်ကြနဲ့ တစ်ညလုံး မိုးလင်းသွားပြီး မနက် အစောကြီး မိုးမလင်းးခင် အိမ််ကနေထွက်ပြီး စောစောသွားလေ့လာရတယ်…..

ခုမှပြန်ရောက်ပြီး နားတော့မယ်…. အိပ်ပါပြီလို့… ကျန်တဲ့သူတွေကတော့ လိုက်စရာရှိတာတွေဆက်လိုက်ကြပေါ့ အလှည့်ကျ ဒီလိုပါပဲ….

🫵🏻 သင် တစ်ယောက်ထဲ မဟုတ်ဘူး အားငယ်မနေပါနဲ့ 🫵🏻

ခုပဲ ကျွန်ုပ်တို့ကို အမြန်ဆုံးဆက်သွယ်ပြီး ထိရောက်စွာ ကိုင်တွယ်ပြီး အဆုံးသတ်လိုက်ပါ




24/02/2024

🚨 P R I C E !!!!! 🚨
**************

"စျေးနှုန်း"
အရမ်းအရေးပါတဲ့ အသုံးအနှုန်းပဲ ဗျ…

ကျွန်တော်တို့ဆီမှာ အိမ်ထောင်ရေးဖောက်ပြန်မှု့ တော်တော်များများ အလုပ်လာအပ်ဖို့ စကားပြောဖြစ်ကြတဲ့အခါမှာ Client တိုင်းရဲ့ မပါမဖြစ်ကို ပါလာကြတဲ့ စကားတစ်ခွန်း…

အဲ့တော့ အလုပ်လာအပ်တဲ့ Client တိုင်းကို ကျွန်တော်ပြောချင်တာက 👇🏼👇🏼

👉🏼 စျေးပေါတာကိုရှာတာလား ???
👉🏼 အရည်သွေးကောင်းတာကိုရှာတာလား ???

သင်က စျေးပေါပေါပဲပဲပေးရင် အလုပ်လုပ်တဲ့သူကလဲ ပေါ့ပေါ့တန်တန်ပဲလုပ်ပြီး ပြီးပြီးရောလုပ်ပေးကြမှာပါပဲ !!!
သင်က အရည်သွေးကောင်းတာလိုချင်ရင်တော့ သူ့တန်ရာတန်ကြေးပေးရမှာပါပဲ !!!

အဲ့တော့ သင်တို့ကို ကျွန်ုပ်တို့ တောင်းတဲ့ ဝန်ဆောင်ခများသည် သင်တို့အတွက် တန်ရာတန်ကြေးပေးရခြင်းသာဖြစ်ပေလိမ့်မည်….

👉🏼 Client များရဲ့ Privacy information များကို ကျွန်ုပ်တို့က အလုပ်လုပ်လို့ ပြီးမြောက်သွားတာနဲ့ စာရွက်စာတန်းဖြစ်ပါက တစ်ခါတည်း မီးရှို့ဖျက်စီးပြစ်ပြီး Digital informations (ဖုန်းထဲမှ အချက်လက်များ၊ လိုင်းပေါ်မှအချက်လက်များနှင့် အခြားသော စာရွက်စာတန်းမဟုတ်သည့် နည်းပညာအကူညီဖြင့်အသုံးပြုရသော အချက်လက်များစွာကို ဆိုလိုသည်) များတို့ကိုလဲ တစ်ခါတည်း Delete (ဖျက်စီး၊ ဖျောက်ဖျက်) လုပ်ပစ်ပါသည် 💯

❌ Client များရဲ့ ကိုယ်ရေးကိုယ်တာအချက်လက်များ ကျွန်ုပ်တို့ဆီမှ လုံးဝမပေါက်ကြားစေဖို့ အာမခံချက်အပြည့်ဝပေးပါသည် 💯

💢 Client များ၏ အရှက်နှင့် သိက္ခာကို ထိခိုက်စေမည့် ကိစ္စမျိုး လုံးဝမဖြစ်ပေါ်စေရန်အတွက် အထူးဦးစားပေး ဆောင်ရွက်ပေးနေခြင်းဖြစ်ပါသည် 💯

☝🏼 ထို့ကြောင့် စျေးပေါတာကို ရှာနေရင် ကျွန်ုပ်တို့နှင့် မဆက်သွယ်ပါနှင့်…. ကျွန်ုပ်တို့ဆီမှာ အရည်သွေးမကောင်းသော စျေးပေါခြင်းအလုပ်ကိုင်များ မရှိပါ 🤝🏼









19/02/2024

ကျွန်တော်တို့ကို လိုင်းပေါ်ကမို့ မယုံကြည်ဘူးဆိုရင်လဲ လူကိုယ်တိုင် အိမ်တိုင်ရာရောက် လာရောက်ဆွေးနွေးနိုင်ပါတယ်နော်…

ကျွန်တော်တို့ရဲ့ ပုံတွေ အလုပ်လုပ်ထားတဲ့ဓါတ်ပုံတွေ မတင်ရခြင်းကတော့ ကျွန်တော်တို့ရဲ့ လုံခြုံရေးနဲ့ privacy အတွက်ရယ် client privacy အတွက်ကြောင့် လူဓါတ်ပုံတွေ မတင်ရခြင်းဖြစ်ပါတယ်….

အဲ့တာကြောင့် မျက်နှာချင်းဆိုင် ကိုယ်တိုင်လာရောက်ဆွေးနွေးလို့ရပါတယ်…

လာရောက်ဆွေးနွေးချင်တယ်ဆိုရင်တော့ Appointment လေးကြိုချိန်းပြီး ရက်ချိန်းလေး ကြိုပြီးအချိန်ချိန်းပေးပါနော် …..

18/02/2024

ဪ အတော် အံ့ဩဖို့ကောင်းလိုက်ကြတာ…

ကိုယ်တိုင်ရွေးချယ်ပြီး ချစ်လို့/ကြိုက်လို့ ယူပြီးသွားမှကွာ နောက်တစ်ယောက်နဲ့ နောက်ကွယ်မှာဖောက်ပြန်နေတယ်ဆိုတော့ $ရမ်း သိက္ခာမဲ့ကြတာပဲကွာ…..

ကိုယ်ချစ်လို့/ကြိုက်လို့ယူပြီးသွားပြီ ကိုယ်ယူထားတဲ့ သူအပေါ် သစ္စာလေးတော့ရှိကြပေါ့… သစ္စာမရှိပဲ ဘာလို့ ကိုယ့်စိတ်ကြိုက်ရွေးချယ်ပြီး ယူနေသေးတာလဲ…

ကိုယ့် စိတ်ကြိုက် ရွေးချယ်ပြီး ချစ်လှပါချည်ရဲ့ ကြိုက်လှပါချည်ရဲ့ဆိုပြီး ယူနေသေးလဲ…. ယူပြီးသွားရင်တော့ ကိုယ့်အိမ်ထောင်ဖက် အပေါ် သစ္စာလေးတော့ရှိပေါ့ကွာ ဟုတ်လား…

အဲ့လို သစ္စာမရှိပဲ စိတ်ကစားတတ်တယ်ဆိုရင် ဘာလို့ ယူနေသေး/အိမ်ထောင်ပြုနေသေးလဲ…. နောက်ဆုံးကွာ ပိုက်ဆံမရှိလို့ မချမ်းသာ / မပြည့်စုံရင်တောင် သစ္စာရှိပြီး မဖောက်ပြန်တဲ့သူတစ်ယောက်ဖြစ်အောင်နေတတ်တဲ့ စိတ်ထားလေးတော့ ချမ်းသာအောင်နေပေါ့ကွာ…. သိက္ခာရှိအောင်နေပေါ့….

ခုကြည့်စမ်း ဘယ်လောက်တောင် သိက္ခာမရှိလိုက်သလဲ… ချစ်လို့/ကြိုက်လို့ ယူပြီးခါကြမှ
ကိုယ့်အိမ်ထောင်ဖက်အပေါ် သစ္စာမရှိပဲ ဖောက်ပြန်တယ်ဆိုတာကြီးက တော်တော်အရှက်မရှိပဲ အောက်တန်းကျတဲ့လုပ်ရပ်ကြီးကွာ….

ကိုယ့်အိမ်ထောင်ဖက်က သစ္စာရှိပြီးတော့ ကိုယ်ကသစ္စာမဲ့နေတာကြီးက တော်တော်အဆင့်မရှိပဲ အောက်တန်းကျတဲ့ လူတစ်ယောက်ဖြစ်သွားပြီ….
ကိုယ့်အိမ်ထောင်ဖက်က ဘာတွေချို့ယွင်းနေလို့လဲ ဘာတွေလိုအပ်နေလို့လဲ အဲ့လိုချို့ယွင်းတာတွေ လိုအပ်တာတွေရှိနေရင်တောင်မှ ကိုယ့်အိမ်ထောင်ဖက်နဲ့ ညှိနှိုင်းပြီး အကောင်းဆုံးဖြစ်အောင်နေကြရမှာလေ….

ခုတော့ လူကြားမကောင်း သူကြားမကောင်း အရှက်သိက္ခာမရှိပဲ အောက်တန်းကျတဲ့လုပ်ရပ်ကိုလုပ်နေကြတာတွေ မိန်းမပဲဖြစ်ဖြစ် ယောက်ျားပဲဖြစ်ဖြစ် မလုပ်သင့်ကြဘူးကွာ…

ငါတို့ကတော့ ငါတို့ဆီလာကြတဲ့ အမှု့အပ်တဲ့သူအတွက် အကောင်းဆုံးဝန်ဆောင်မှု့ပေးမှာပဲ..
အရှက်မရှိ သိက္ခာမရှိတဲ့ဟာတွေတော့ $ရှက်တွေဗြမ်းဗြမ်းကွဲကုန်မှာ ကိုယ့်ပတ်ဝန်းကျင် အသိုင်းဝိုင်းမှာကော အလုပ်ထဲမှာကော ကိုယ်မိသားစုနဲ့ သူငယ်ချင်းတွေကြားထဲမှာကော မျက်နှာပြစရာနေရာတောင်ရှိမျာမဟုတ်တော့ဘူးဆိုတာ အသိတရားလေးရကြပါ…

ကျွန်တော်တို့ကတော့ အမှု့လာအပ်တဲ့သူတွေရဲ့ အချက်လက်တွေကို အဲ့မှု့ပြီးတာနဲ့ အကုန်မီးရှို့ဖျက်ဆီးပစ်ပြီး ဘာမှချန်ထားမှာမဟုတ်ပါဘူး…

15/02/2024

ဒီရက်ပိုင်း အိမ်ထောင်ရေးဖောက်ပြန်မှု့ အမှု့လေးတစ်ခုလိုက်နေတဲ့အတွက်ကြောင့် လိုင်းပေါ်တက်လိုက်ပျောက်လိုက် ခနဖြစ်နေလို့ စာပို့ထားရင် သည်းခံပြီး စောင့်ပေးကြပါ ခင်ဗျ

15/02/2024
15/02/2024

🚨 ပေါ်လစီပြောင်းလဲခြင်း အသိပေးအကြောင်းကြားချင်း 🚨

10/02/2024

အိမ်ထောင်ရေးဖောက်ပြန်မှု့

အိမ်ထောင်ရေးဖောက်ပြန်မှု့အတွက် အလုပ်အပ်သူနဲ့ အလုပ်လက်ခံသူ ၂ဦး ၂ဖက် အဆင်ပြေစေရန်အတွက် အလုပ်အပ်သူ အရှက်၊ သိက္ခာအတွက် အလုပ်အပ်တဲ့သူရဲ့ အချက်လက်မပေါက်ကြားစေဖို့ ရည်ရွယ်ကာ စာချုပ်ပါ အချက်လက်များကို သေချာစွာ စီမံရေးဆွဲနေပါပြီ….

အလုပ်အပ်ချင်သူတွေထဲမှာ ရန်ကုန်မြို့အပြင် အခြားမြို့များသို့လဲ လိုက်လံဆောင်ရွက်ပေးရန်အတွက် တောင်းဆိူမှု့များရှိလာတာကြောင့် ကျွန်တော်တို့အဖွဲ့ ညှိနှိုင်းပြီးတော့ အခြားမြို့များသို့ လိုက်လံဆောင်ရွက်နိုင်အောင် ကြိုးစားပေးပါ့မယ် ခင်ဗျ….

အချို့ကလဲ oversea အထိလိုက်လံ သက်သေစုဆောင်းပေးနိုင်ရန်တောင်းဆိုထားတာတွေလဲရှိလာတော့ ကျွန်တော်တို့ လုပ်ငန်းကို အမြန်ဆုံးတိုးချဲ့နိုင်ရန်အတွက် ကြိုးစားဆောင်ရွက်နေပါတယ် ခင်ဗျ…

ယခုလက်ရှိမှာတော့ အထူးအနေနဲ့ကတော့ ရန်ကုန်မြို့အပြင် အခြားမြို့များသို့လိုက်လံ စုံစမ်းထောက်လှမ်းပေးရန် တောင်းဆိုလာပါက အလုပ်အပ်သူမှ လမ်းစရိတ်၊ နေရေးထိုင်ရေး၊ စားရေး စီစဉ်ပေးလျှင် လိုက်လံအကျိုးဆောင်ပေးမည်ဟု ဆုံးဖြတ်ချက်ချထားပါသည်….

ကျွန်တော်တို့အဖွဲ့လေး ဖြစ်မြောက်လာအောင် ဝိုင်းဝန်းတောင်းဆိုလာတာတွေကြောင့် ယခု အောင်အောင်မြင်မြင် ထူထောင်နိုင်ခဲ့ပြီဖြစ်ပါသည်…

ဒီ့ထက်မက ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ဖို့ကိုလဲကျွန်တော်တို့အဖွဲ့မှ အမြန်ဆုံးတိုးချဲ့နိုင်ရန်ကြိုးစားဆောင်ရွက်ပေးသွားပါမည်ဖြစ်ကြောင်းသတင်းကောင်းပါးလိုက်ပါရစေ…

09/02/2024

ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်လေး အောင်မြင်စွာ အကောင်ထည်ဖော်နိုင်တဲ့အတွက် အရမ်းဂုဏ်ယူဝမ်းမြောက်ပါတယ်….

ခုကျွန်တော်တို့ရဲ့ ဝန်ဆောင်မှု့လေးတွေက ရန်ကုန်မြို့အတွင်းသာ ဝန်ဆောင်မှု့ရရှိနိုင်သေးတဲ့အတွက် အခြားမြို့များမှာပါ ဝန်ဆောင်မှု့ပေးနိုင်ရန် တိုးချဲ့ဖို့ အစွမ်းကုန်ကြိုးစားပေးသွားပါမယ်လို့ သတင်းကောင်းပါးအပ်ပါတယ် ခင်ဗျ…

အလုပ်အပ်ကျတဲ့ အလုပ်ရှင်များအားလုံးကိုလဲ ကျေးဇူးအထူးတင်ရှိပါသည် 😍😍

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Chiang Mai?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Chiang Mai