"Karen Unicode Campaign" လက်မှတ်အရေအတွက်သည် (၁၀၁၁၂)ရရှိနေပြီးဖြစ်ပါသည်။ မိမိတို့၏လက်မှတ်သည် ကရင်အမျိုးသား တို့၏ သမိုင်းကိုမှတ်ကျောက်တင်နိုင်မည်ဆိုပါက သင်အနေနဲ့ ပါဝင်နိုင်ဖို့ဖိတ်ခေါ်လိုပါတယ်ခင်ဗျ.......
လက်မှတ်ထိုးရန်လင့်.. https://chng.it/LkRjFH8R4D
လက်မှတ်ထိုးရန်ဘာသာစကား(၅)မျိုးဖြင့်ပြသည့်ထားသည့် ဗီဒီယိုလင့်... https://www.facebook.com/share/p/165Dk44VRU/
https://www.facebook.com/share/r/1DWjAvNuSp/
ကရင်စာယူနီကုဒ်(Sgaw, East Pwo, West Pwo)ရယူရန်လင့် Keyboard & Font
Version 2 Kawthoolei Unicode Keyboard & Font
Andoid - https://bit.ly/KawthooleiKeyboard
iOS - https://apple.co/3CM2tKK
Version 1
• Website: http://karendictionary.org
• PC Version: https://www.karendictionary.org/.../KarenDictionary_beta...
• Mac Version: https://bit.ly/3ZOZF7q
• Android Version: https://bit.ly/4gGlooY
• iOS Version: https://apple.co/3ZJ4Sxe
Kawlun Kyunmee-2 Alumni Library Project
Kawlun Kyunmee-2 Alumni Library Project was initiated in the early 2019 and aimed to implement in th
11/09/2023
ကော့လုံကျွန်းမှီး ကျောင်းသားဟောင်းများအသင်းကို ၂၀၁၉ လောက်မှာ ဖွဲ့စည်းခဲ့ပါတယ်။ ဖွဲ့စည်းရခြင်းရဲ့ ရည်ရွယ်ချက်ကလဲ ကလေးသူငယ် မျိုးဆက်သစ်တွေ ပညာရေးအခွင့်အလမ်းများ မြင့်တင်မှုနဲ့ ဒေသပိုမိုဖွံ့ဖြိုးတိုးတက်မှုစတဲ့ရည်ရွယ်ချက်တွေနဲ့ ကျောင်းသားဟောင်းတွေက ဖွဲ့စည်းခဲ့ပါတယ်။
တကယ်တော့ ဤစာကြည့်တိုက်စီမံကိန်းဟာ (၃)နှစ်စီမံကိန်းဖြစ်ပါတယ်။ စာကြည့်တိုက်စီမံကိန်းဖြစ်မြောက်ဖို့ ရံပုံငွေတွေလိုက်ရှာဖို့ နည်းမျိုးစုံ ကျောင်းသားဟောင်းတွေက ကြိုးစားခဲ့ပါတယ်။ ပြည်တွင်း ရံပုံငွေအဖွဲ့နဲ့ ပြည်ပ (ထိုင်းနိုင်ငံ) ရံပုံငွေအဖွဲ့ဆိုကြီး ဖွဲ့စည်းခဲ့ပါတယ်။ ရံပုံငွေကို အဖွဲ့ဝင် (Membership Fee) နဲ့ အဖွဲ့ဝင်မဟုတ်တဲ့ သူတွေကနေတစ်ဆင့် စာကြည့်တိုက်ဖြစ်မြောက်ဖို့ တစ်ဖက်ကနေ လှူဒါန်းပေးသည့်စေ တနာရှင်တွေကနေတစ်ဆင့် စုဆောင်းခဲ့ကြပါတယ်။
ပညာရေးဖွံ့ဖြိုးဖို့အတွက် စာကြည့်တိုက်စီမံကိန်းဟာ ပထမဦးဆုံးပြုလုပ်သည့် စီမံကိန်းဖြစ်ပါတယ်။ မထင်မှတ်ပဲ ကိုဗစ်ကပ်ရောဂါနဲ့ နိုင်ငံတွင်း စစ်တပ်အာဏာသိမ်းမှုကြောင့် စီမံကိန်းကို ရပ်တန့်ခဲ့ရပါတယ်။
နိုင်ငံရေးတည်ငြိမ်ပြီးနောက်ပိုင်းမှာ ပြန်လည်အကောင်ထည်ဖော်ဖို့ ရည်မှန်းချက်ရှိပါတယ်လို့ ဝိုင်းဝန်းကူညီပေးကြသည့် ကျောင်းသားဟောင်းများနှင့် အလှူရှင်အသီးသီးကို အသိပေးအပ်ပါတယ်။
ယခုလက်ရှိ ဆရာတော်ဦးဝိသုဒ္ဓမှ ဦးဆောင်ပြီး ရေသန့်စက်လှူဒါန်းမည့် စီမံကိန်းကြီးသည်လဲ အများပြည်သူတွေအတွက် အကျိုးရှိမည်ဟု အလှူရှင်များအား အသိပေးအပ်ပါတယ်။
ရေသန့်စက်အတွက် ပါဝင်လှူဒါန်းဖို့ ဆန္ဒရှိပါကလဲ ပါဝင်လှူဒါန်းနိုင်ပါသည်ဟု ထပ်မံတိုက်တွန်းနှိုးဆော်အပ်ပါတယ်။
ကျောင်းသားဟောင်းများနှင့် မူလစာကြည့်တိုက်ဖြစ်မြောက်ရေးအလှူရှင်များ ဘဏ္ဍာငွေနှင့်ပတ်သက်၍ မရှင်းသည်ဖြစ်စေ သိရှိလိုသည့်မေးခွန်းတစ်စုံတစ်ရာရှိပါက ဒီ PAGE messenger ကနေတစ်ဆင့် တိုက်ရိုက်ဆက်သွယ်နိုင်ပါကြောင်း ထပ်မံ အသိပေးလိုပါတယ်။
အားလုံးကို လေးစားလျက်
ကော့လုံကျွန်းမှီး(၂)ကျောင်းသားဟောင်းများ ကိုယ်စား (Admin Team)
26/06/2023
[ မြန်မာ ဗားရှင်း]
သံလွင်အကယ်ဒမီ အနေဖြင့် GED ပညာသင်ဆု လျှောက်လွှာများကို ခေါ်ယူနေပါတယ်။
လျှောက်ထားမဲ့သူတွေအတွက်လိုအပ်ချက်များ
နိုင်ငံရေး၊ ငွေရေးကြေးရေး၊ လူမှုရေး စသည့် အကြောင်းအမျိုးမျိုးကြောင့် ပညာရေးလက်လှမ်းမမှီသူများ
အင်္ဂလိပ်စာအရည်အချင်း : Pre-intermediate or Intermediate
အတန်းပညာအရည်အချင်း: အထက်တန်းအဆင့်
အသက် : ၁၆နှစ်နှင့်အထက်
လျှောက်ထားရမယ့်ပုံစံ အဆင့်ဆင့်
လျှောက်လွာကို ( ၂၃ ရက် ဇွန်လ ၂၀၂၃ ) မှ ( ၁၀ ရက် ဇူလိုင်လ ၂၀၂၃) မြန်မာစံတော်ချိန် ည 12 နာရီ မတိုင်ခင်အထိလျှောက်ထားနိုင်မယ်ဖြစ်ပါတယ်ရှင်။
လျောက်ထားရမည့် link : https://docs.google.com/forms/d/e/1FAIpQLSdU_ZdBdmjKfQ4PYt8WmV8533sxw2IsPOJf3Arxcu0_JKEkAQ/viewform?usp=sf_link
လျှောက်ထားမဲ့သူတွေကို ရွေးချယ်ခံရမှု အဆင့် ၃ ဆင့်ပါဝင်မည်ဖြစ်ပါသည်။ ပထမအဆင့်အနေနဲ့ သတ်မှတ်ချိန်အတွင်း လျှောက်လွှာတင်ရမှာဖြစ်ပြီး အဲ့အဆင့်တွင် လျှောက်ထားသူများအနေနဲ့ အင်္ဂလိပ်စာကျွမ်းကျင်မှုအဆင့်ကို ဖြည့်စွက်ဖို့လိုအပ်မှာဖြစ်ပါတယ်။ (ဖြည့်စွက်တဲ့အခါမှာ ကျွမ်းကျင်မှုအထောက်အထား လိုအပ်မှာဖြစ်ပြီး British Council English Score Test Application ကို သုံးဖို့အကြံပြုပါတယ်။ တခြားသော အထောက်အထားပုံစံကိုလည်း လက်ခံပါတယ်။)
ဒုတိယအဆင့်အနေနဲ့ လျှောက်ထားသူများသည် အရည်အချင်း စီစစ်အကဲဖြတ် စာမေးပွဲကို အွန်လိုင်း ကနေ ဖြေဆိုရမှာဖြစ်ပါတယ်။ ဒီစာမေးပွဲမှာ Reasoning language art, science, Math and social studies တွေရဲ့ အခြေခံတွေကို ဖြေဆိုရမှာဖြစ်ပါတယ်။ ( ဒီစာမေးပွဲ က လျှောက်ထားသူများရဲ့ ရွေးချယ်ခံရခြင်း၊ မရခြင်းအပေါ် သက်ရောက်မှု အများကြီးမရှိပါ။ )
စိစစ်ရွေးချယ်ရေးအဖွဲ မှအင်တာဗျူးအတွက် ရွေးချယ်ခံရသူများကို email မှတစ်ဆင့် ဆက်သွယ်အကြောင်းကြားပေးသွားမှာဖြစ်ပါတယ်။ ( သို့ဖြစ်၍ လျှောက်ထားသူများအနေနဲ့ ဆက်သွယ်လို့ရမဲ့ email ကို ပဲ လျှောက်လွှာမှာ မှန်ကန်သေချာစွာ ဖြည့်ပေးဖို့လိုအပ်ပါတယ်။)
နောက်ဆုံးအဆင့် အနေနဲ့ အင်တာဗျူး အတွက်ရွေးချယ်ခံရသူများကို ဆက်သွယ်မှာဖြစ်ပြီး အင်တာဗျူးရွေးချယ်ခံသူများထဲမှာ ၁၀ယောက်ကို ပညာသင်ဆုပေးအပ်သွားမှာဖြစ်ပါတယ်။
ပရိုဂရမ် အသေးစိတ်အချက်အလက်တွေကို အောက်ပါ link မှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
https://drive.google.com/file/d/1W8mLcprcLk6HmL4-qNWn89sKF34XeyhX/view?usp=sharing
ပညာသင်ဆု ရရှိသူများ ရရှိမည့် အခွင့်အရေးများ
GED ဆရာ/ဆရာမများ
အင်တာနက် အတွက် ထောက်ပံငွေ ( လိုအပ်လျှင်)
Ready Tests လေးဘာသာအတွက် ကုန်ကျငွေ
GED Exam လေးဘာသာအတွက် ကုန်ကျငွေ
Test Center သို့သွားလျှင်ကုန်ကြမည့်ငွေ
Test Center ကုန်ကျငွေ
ပိုမိုစုံစမ်းလိုပါက [email protected] ကိုemail ပို့ဆက်သွယ်လို့ရပါတယ်။
30/03/2022
Congratulations to Chiang Mai University Students
The Graduation of Karen Students in Chiang Mai University This video is the graduation of Karen Students from Chiang Mai University. It tells us how the Karen generations struggle to access the education in internat...
20/01/2022
အပိုင်း (၂)
ပညာသင်ဆု ဘယ်လိုလျှောက်ကြမလဲ ဆိုတာ ဆက်ပြောပြပါမယ်နော်…။
ပညာသင်ဆု အမျိုးအစား များစွာရှိပါတယ်။ အစိုးရမဟုတ်တဲ့ ပညာသင်ဆုကော်မ တီက ပညာသင်ကြားဖို့ ငွေကြေး ၁၀၀% ပေးသည့်အဖွဲ့ရှိသလို ၅၀% (သို့)လိုသလောက်ပေးသည့်အဖွဲ့များရှိပါသည်။ ဒါ့အပြင် အစိုးရကတိုက်ရိုက်ပေးသည့် ပညာသင်ဆု နှင့် တက္တသိုလ်က တိုက်ရိုက်ပေးသည့် ပညာသင်ဆုဟု၍ အသီးသီးရှိကြပါတယ်။ ဘယ်လိုပညာသင်ဆုပဲလျှောက်လျှောက် အောက်ပါ အချက်တွေကိုပြင်ဆင်ထားရပါမယ်။
ဒါနဲ့ အောက်ပါအဖွဲ့အစည်းတွေကနေ နိုင်ငံခြားပညာတော်သင်အတွက် ပညာသင်ဆုအ သစ်တွေလက်ခံနေပါတယ်။
Prospect Burma Scholarship (BA, MA) (၂၀၂၂ ဇန်န၀ါရီလကုန် လျှောက်လွှာပိတ်မည်။)
Child’s Dream Scholarship (BA only) (၂၀၂၂ ဖေဖော်၀ါရီလကုန် လျှောက်လွှာပိတ်မည်)
ကဲ ပထမပိုင်းက ပြောထားခဲ့သလိုပဲ အရည်အချင်းအရ နိုင်ငံခြားမှာ BA (Undergraduate) တက်မယ်ဆိုရင် အနည်းဆုံး (၁၀)တန်းအောင် (သို့) GED/IGCSE တစ်ခုခု (သို့) တက္ကသိုလ် ပထမနှစ် (သို့) ဒုတိယနှစ်ရှိထားရမယ်ပြောခဲ့ပြီးဖြစ်ပါတယ်။ ဒ့ါအပြင် TOEFL/IELTS လက်မှတ်တွေလဲရှိထားရပါမယ်။
လိုအပ်ချက်တွေပြည့်စုံပြီး ဆိုရင် ငွေကြေးတတ်နိုင်တဲ့ ကျောင်းသားတွေက သွားတန်း တက်ရုံပါပဲ။ သို့သော် ငွေကြေးအခက်အခဲရှိသူများအတွက် ဒီအပိုင်းမှာ ပညာသင်ဆု ဘယ်လိုလျှောက်ကြမလဲကို ဆက်လက်ပြောပြချင်ပါတယ်။
၁။ လိုအပ်ချက်များ
ပညာသင်ဆုလျှောက်မဲ့ကျောင်းသားတစ်ယောက်မှာ ပေးမဲ့ကော်မတီက တောင်း တဲ့လိုအပ်တဲ့ အောက်လက်မှတ် စာရွက်စာတမ်းများပေးအပ်နိုင်မှသာ ဆန်ကာ တင်အဆင့်ကို ဆက်လက်တက်လှမ်းနိုင်မှာပါ။ ယေဘုယျအားဖြင့် အောက်ပါအချက်တွေ မဖြစ်မနေ စုဆောင်းထားပါ။
(က) ထောက်ခံစာ (၂) စောင် (ပညာရေး တခု၊အလုပ်အကိုင်တခု)
English ဘာသာနဲ့သာဖြစ်ရပါမယ်။ ဘယ်သူတွေရှိမှာတောင်းရမလဲ? မိမိကို စာသင်ပေးဖူးတဲ့ ဆရာဆရာမ တွေဆီ နှင့် မိမိအလုပ်လုပ်ခဲ့ဖူးတဲ့ အလုပ်ရှင်တွေရှိမှာ (သို့) အလုပ်သင်ဆင်းဖူးတဲ့ ကျောင်း (သို့) လုပ်ငန်းခွင်က တာ၀န်ရှိသူတွေဆီမှာသာ တောင်းရမှာပါ။ မိမိနှင့်ဆွေမျိုးသား တော်စပ်သူတွေရှိကမရပါ။ ထောက်ခံစာက ပညာသင်ဆု မလျှောက်ခင် ၂လ ၃ လကြိုပြီး ပူပူနွေးနွေးလေး ရှိထားရင် ပိုပြီး အဆင်ပြေတယ်။ ၁နှစ်ကျော်ထားရင် အသစ်ပြန်ရေးခိုင်းထားသင့်ပါတယ်။ နောက်ပြီးထောက်ခံစာက စာ ၄-၅ကြောင်းဆိုရင်လည်းတိုလွန်းပါတယ်။ အနည်းဆုံး တမျက်နှာရှိထားသင့်တယ်။
(ခ) စာစီစာကုံး (၃) ပုဒ် English only
ပထမအပုဒ်မှာများသောအားဖြင့် မိမိရဲ့ ရာဇ၀င်အကြောင်းရေးရပါမယ်။ မိမိရဲ့ပညာ ရေးသမိုင်း၊ မိသားစုစာ၀တ်နေရေးအခြေအနေ၊ မိမိလက်ရှိလမ်းကြောင်းကို ဘယ်လို ရောက်ရှိလာခဲ့လဲ စသည်ဖြင့်ပေ့ါ။ စာအလုံးရေ ကတော့ ၃၀၀ ကနေ ၅၀၀ ကြားဆိုလုံလောက်ပါပြီး။
ဒုတိယအပုဒ်မှာတော့ မိမိဘာကြောင့် လျှောက်ထားတဲ့ဘာသာရပ် ကိုတက်ချင်တာလဲ၊ ဘယ်လိုအချက်တွေကြောင့်လဲ၊ ဘယ်လို အကြောင်းပြမလဲပေ့ါ၊ သေချာတာကတော့ ကိုယ်လျှောက်မဲ့ ဘာသာရပ်နယ်ပယ်မှာလည်း အလုပ်အတွေ့အကြုံ အနည်းဆုံး ၁ နှစ် (သို့) ၆ လ ရှိထားရင်ပိုပြီး သက်သေခိုင်မာတာပေ့ါ။ တစ်ချို့ ကလည်း အလုပ်အတွေ့ကြုံ မရှိလဲ ရသွားတဲ့ ဥပမာတွေရှိပါတယ်။
တတိယအပုဒ်က မိမိလျှောက်ထားတဲ့ဘာသာရပ်နှင့်ဘွဲ့ရသွားရင် လူမှုအသိုင်းအ၀ိုင်းမှာ ဘယ်လိုအကျိုးပြန်ပြုမှာလဲ။ Future Plan ကိုမေးတာပါ။ ဒီအချက်ကအရေးကြီးပါတယ် ဘာကြောင့်လဲဆိုရင် မိမိက ဘွဲ့ရပြီး နိုင်ငံခြားတန်းထွက်မယ်ဆိုရင် သူတို့ဆက်ရွေးမှာမ ဟုတ်ပါ။ လူမှုအသိုင်းအ၀ိုင်းမှာ ဘာတွေပြန်လုပ်ပေးမလဲ မိမိရဲ့ ရည်ရွယ်ချက်ဘယ်လို အကောင်အထည်ပြန်ဖော်မလဲ စသည်ဖြင့်ပေ့ါ။
(ဂ) အောင်လက်မှတ်မိတ္တူများ
မိမိရဲ့ အထက်တန်း (သို့) တက္ကသိုလ်အောင်လက်မှတ်နှင့် အမှတ်စာရင်းများ English notray ပြန်ထားပြီးတဲ့ လက်မှတ်များကို Scan/copy ဖတ်ထားပါ။ တချို့အခြေအနေမှာ ကျောင်းက သတ်မှတ်ချိန်မှာ မထုတ်ပေးနိုင်တာရှိတဲ့အတွက် ကြိုဆက်သွယ်ပြီး တောင်းထားပါ။ ဆက်မရရင် ထိုကျောင်းကဆရာ ဆရာမ တစ်ဦးဦးဆီက ပြီးဆုံးကြောင်း ထောက်ခံစာ တောင်းထားပါ။ မြန်မာလိုဖြစ်နေပါက notary ပြန်ထားပါ။ TOEFL/IELTS လက်မှတ်များရှိထားပါက copy ထားပါ။
(ဃ) အခြားလိုအပ်သည့်စာရွက်စာတမ်းများ
-မိမိရဲ့ ကိုယ်ရေးအကျဥ် (CV/Resume) ပြင်ဆင်ထားပါ။
-Cover Letter လို့ခေါ်တဲ့ မိမိ ဒီပညာသင်ဆုကို ဘာကြောင့်လျှောက်ရလဲ ဘယ်တက္ကသိုလ်မှာ တက်မလို့ ဘာ ဘာသာရပ်နှင့်တက်မှာလဲ ဆိုတဲ့ မိတ်ဆက် စာတိုလေးပါ။
-မိမိတက်မဲ့တက္ကသိုလ်က လက်ခံစာရထားသူများလဲ လက်ခံစာပါ မိတ္တူကူးပါ
-ပတ်စပို့ မိတ္တူ (နိုင်ငံကူးလက်မှတ်)
-ပတ်စပို့ ဓာတ်ပုံ မိတ္တူ (မျက်နှာအလှပုံ)
-နိုင်ငံသားကဒ်မိတ္တူ (တချို့တောင်းတတ်လို့ပါ)
-အခြား မိမိဆုရရှိထားတဲ့ လက်မှတ်များ၊ အောင်မြင်ထားတဲ့ လက်မှတ်များ လို အပ်မယ်ထင်ရင်လဲ မိတ္တူဆွဲထားပါ။
(မှတ်ချက် မိမိအထက်ပါစာရွက်စာတမ်းများအား File name ကိုလည်း သက်ဆိုင်ရာ အကြောင်းအရာနှင့် မိမိနာမည် အပြည့်အစုံ အတူတကွသိမ်းဆည်းပါ။ ဥပမာ (Maung Maung_Matriculation_Certificate) ဒါ့အပြင် မှတ်ထားရမှာက အားလုံး English notary တွေပြန်ထားပါ။)
အထက်ပါအချက်များ ပြည့်စုံပါက သက်ဆိုင်ရာ ပညာသင်ဆု ကော်မတီသို့ အချိန်မ နှောင်းခင် မိမိတို့ရဲ့ အီးမေးလ်ကနေတဆင့် ဖိုင်တွေတွဲပြီး ပို့ပါ။ သူတို့က လက်ခံရ ရှိကြောင်း စာပြန်တတ်ပါတယ်။
ကဲ ပညာသင်ဆုလျှောက်ထားလိုက်ပြီးဆိုပါတော့ မိမိရဲ့ လျှောက်လွှာကို ပညာ သင်ဆု ကော်မတီက စိတ်၀င်စားရင် သတ်မှတ်ကာလ မှာ အင်တာဗျူး ဖို့ စာပြန်တတ်လို့ မိမိတို့ အီးမေးလ်ကို ပုံမှန်စစ်ဖို့မမေ့ပါနဲ့။ အင်တာဗျူးပါရင် ပြင်ဆင်ထားသင့်ထားက မိမိ တင်ထားတဲ့ ရေးထားတဲ့ အချက်တွေထဲက သူတို့ ထပ်သိချင်တဲ့အချက်အလ က်တွေမေးတာများတယ်။ ဆိုတော့ သူတို့ဆီတင်ထားတဲ့ အချက်အလက်နဲ့ ကိုယ် အင်တာဗျူးမှာ ဖြေတဲ့အချက်အလက် ကွာဟနေရင် အခြေနေမဟန်ပါ။ ဒါကြောင့် ပြန်ပြီး မေးနိုင်တဲ့မေးခွန်းတွေကိုလေ့ကျင့်ထားပါ။
ဒီကြားထဲ မိမိက တက်မဲ့ တက္ကသိုလ်ကို ၀င်ခွင့်ရအောင်လုပ်ထားပါ။ ၀င်ခွင့်ရထားတိုင်းလဲ စိတ်မချရသေးပေမယ့် မရထားတဲ့ သူထက်စာရင်တော့ပိုမျှော်လင့်ချက်ကောင်းပါတယ်။
ပညာသင်ဆု အင်တာဗျူး မှာ ရှောင်ရန် ဆောင်ရန်များ ကို ဆက်လက်ရေးသားပေးပါမယ်။
18/01/2022
Self Study လုပ်သည့်လူငယ်များအတွက် အသင့်တော်ဆုံးသော Websites များ။
18/01/2022
FYI
---English in the comments---
BEAM Foundation မှ မြန်မာနိုင်ငံအတွင်းနှင့် နယ်စပ်ဒေသများရှိ ပညာရေးလိုအပ်မူရှိသောကျောင်းသားလူငယ်များအတွက် GED အွန်လိုင်း အစီအစဉ်အသစ်တစ်ခုအား စတင်ဖွင့်လှစ်ခဲ့ပါသည်။ ဤ GED online program ဖွင့်ရ ခြင်း၏ အဓိကရည်ရွယ်ချက်မှာ COVID-19ကပ်ရောဂါ နှင့် လက်ရှိမငြိမ်မသက်မှုများအပေါ်အခြေခံ၍ ဖြစ်ပေါ်လာသော ပညာရေးဆိုင်ရာအခွင့်အလမ်းများ ဆိုင်းငံ့မှုများကြောင့် ဤကျောင်းသူကျောင်းသားများ ဆက်လက်ပညာသင်ကြားနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ထားခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ ကျောင်းသာများထံမှ စိတ်ဝင်စားမှုများစွာရရှိခဲ့ပြီး GED online program အတွက် လျှောက်ထားသူ ၃၄၀ ဦး ရှိခဲ့သည်။
ပထမဆုံးအပတ်စဥ်ကို၂၀၂၁ ၊ အောက်တိုဘာ ၂၇ ရက်နေ့တွင် ကျောင်းသား ၂၂၃ ဦးနှင့် စတင်နိုင်ခဲ့ပါသည်။ လက်ရှိ GED program တွင် semester ၃ ခု ရှိပြီး ယခုလက်ရှိတွင် semester 1သို့ ရောက်ရှိနေပြီဖြစ်သည်။ ပထမအပတ်စဥ်ကျောင်းသား/သူများသည် ဒီဇင်ဘာ ၂၀၂၂ တွင် ဤ program ကိုပြီးမြောက်အောင်မြင်ကြမည်ဖြစ်ပါသည်။
လက်ရှိတွင် ပထမဆုံးအပတ်စဥ်ကိုသာ ဆက်လက်ပြီးမြောက်ရန် ရည်ရွယ်ထားသောကြောင့် ကျောင်းသားသစ်ခေါ်ဆိုရန် မရှိသေးပါ။ လက်ရှိ GED program ပြီးခါနီးမှသာ ကျောင်းသားသစ်ခေါ်ယူမှု သတင်းအချက်အလက်များကို မျှ၀ေပေးသွားပါမည်။
14/01/2022
အလင်းတန်းပညာရေးမှာ GED နှင့် English 4 Skills သင်တန်းများ တက်ရောက်နိုင်ပါတယ်။
🎓GED 2nd Batch ကို သြဂုတ်လ ၂၀၂၂ မှာစတင်လက်ခံမှာဖြစ်ပါတယ်။
🎓English Four Skills ကိုတော့ ဖေဖော်ဝါရီလ အစ ၂၀၂၂ မှာ သင်တန်းသားစတင်လက်ခံမှာဖြစ်ပါတယ်။
ဒါကြောင့် အထက်ပါသင်တန်းတွေကိုတက်လိုသူများ အား မျှဝေအကြောင်းကြားနိုင်ပါတယ်။
Study at Alintan Education!
We offer GED and English 4 Skills courses.
🎓 2nd Batch of GED will open by August, 2022
🎓 English 4 Skills class will accept the applicants by the start of February 2022.
Contact us for more info.
02/12/2021
ထိုင်း၊USA၊UK၊Canada အပြင်အခြားနိုင်ငံများသို့ ကျောင်းသွားတက်ရောက်ရန်စီစဉ်ထားသောကျောင်းသား/သူများ ပြင်ဆင်သိရှိထားရန်လိုအပ်တဲ့ IGCSE နှင့် GED စာမေးပွဲများအကြောင်းမျှဝေပေးလိုက်ပါတယ်...
🟥IGCSE
IGCSE ကတော့ International General Certificate of Secondary Educationရဲ့အတိုကောက်ပဲဖြစ်ပြီး IGCSE ကိုစတင်စီစဉ်ရေးဆွဲခဲ့တဲ့အဖွဲ့အစည်းကတော့ University of Cambridge International Examinations ဖြစ်ပါတယ်။
👉Exam Centre
မြန်မာနိုင်ငံမှာ IGCSE ဖြေဆိုရာမှာ Pearson Edexcel နဲ့ Cambridge International Education (CIE) ဆိုပြီး exam centre (၂)ခုရှိပါတယ်။ မိမိဖြေဆိုသော exam centre ပေါ်မူတည်ပြီး question format နဲ့ သင်ကြားရမယ့်ဘာသာရပ်တွေကွာခြားသွားနိုင်ပါတယ်။
Pearson Edexcel ရဲ့ IGCSE စာမေးပွဲကို exam centreတော်တော်များများမှာဖြေဆိုလို့ရပါတယ်။ CIEရဲ့ IGCSE စာမေးပွဲကိုတော့ ရန်ကုန်ရှိBritish Council နှင့်အခြား Approved Exam centreတွေမှာဖြေဆိုလို့ရပါတယ်။ ဘယ် exam centreမှာပဲဖြေဖြေနိုင်ငံတိုင်းက IGCSEဆိုတာနဲ့လက်ခံပါတယ်။
👉”O”Level နှင့် “A” Level
IGCSE မှာ "O"level (Ordinary Level) နဲ့ "A"Level (Advanced Level) ဆိုပြီးရှိပါတယ်။ "O"level (Secondary 3+4)ကိုတော့ အခြေခံရှိပြီးတဲ့ကျောင်းသားဆိုရင် (၁)နှစ်၊ အခြေခံကစပြီးလေ့လာမယ်ဆိုရင် (၂)နှစ်လောက်ကြာမြင့်မှာဖြစ်ပြီး Grade-11နှင့်ညီမျှပါတယ်။ “O” level ပြီးထားတဲ့ကျောင်းသားတွေဟာ University ကိုတန်းတက်လို့မရပါဘူး။ တစ်ချို့ကျောင်းသားတွေကတော့ “O” Levelကိုပဲဖြေဆိုပြီး မိမိတက်ရောက်လိုသော University၏ Foundation Programကိုတက်ရောက်ကာ Bachelor Degree Programကိုဆက်လက်တက်ရောက်ကြပါတယ်။
A” Levelကိုတော့ AS-Level နဲ့ A-Level ဆိုပြီး ထပ်ပြီး (၂)နှစ်လောက်လေ့လာရပါတယ်။ “A” Level ပြီးတယ်ဆိုရင်တော့ University ကိုတန်းတက်လို့ရပါတယ်။
IGCSE စာမေးပွဲအားဖြေဆိုရန် အသက်အရွယ်ကန့်သတ်ထားခြင်းမရှိသော်လည်း အသက် ၁၄နှစ်မှ ၁၆နှစ်အရွယ်ကျောင်းသား/သူများဖြေဆိုရန်သင့်လျှော်ပါတယ်။
ထိုင်းနိုင်ငံရှိတက္ကသိုလ်တွေကတော့ IGCSEပြီးထား/မထားကြည့်တဲ့တက္ကသိုလ်တွေရှိသလို တစ်ချို့တက္ကသိုလ်တွေကတော့ ဆယ်တန်းအောင်ကျောင်းသားတွေဆိုရင် Foundation အရင်တက်ခိုင်းတာမျိုးတွေရှိပါတယ်။ ဒါကြောင့်မလို့ IGCSE မပြင်ဆင်ခင် အရင်ဆုံးမိမိရွေးချယ်တက်ရောက်မယ့်တက္ကသိုလ်ရဲ့ Requirements တွေကိုသေချာသိအောင်လုပ်ထားဖို့အရေးကြီးပါတယ်။
🟥GED
GEDဆိုတာကတော့ General Educational Development ကိုအတိုကောက်ခေါ်ထားတာပဲဖြစ်ပါတယ်။ USA နှင့် Canada နိုင်ငံများမှအထက်တန်းအောင်လက်မှတ်ဖြစ်ပြီး သူတို့နိုင်ငံတွေမှာတော့ အထက်တန်းအောင်လက်မှတ် Diploma မရသေးတဲ့ကျောင်းသားတွေဖြေဆိုကြလေ့ရှိပါတယ်။
GEDလက်မှတ်ဟာ Grade-12ပညာအရည်အချင်းနဲ့ညီမျှမှုရှိတာကြောင့် GED ဖြေဆိုအောင်မြင်ထားတဲ့ကျောင်းသားတွေဟာ နိုင်ငံခြား(အမေရိကန်၊ ကန်နေဒါ၊ထိုင်း၊ယူအေအီး၊နယူးဇီလန်၊အစရှိသည့်နိုင်ငံများ)တက္ကသိုလ်များကို ဝင်ခွင့်လျှောက်ထားနိုင်မှာဖြစ်ပါတယ်။
👉GED စာမေးပွဲမှာစစ်ဆေးမယ့်နယ်ပယ် (၄)ခုကတော့
- Mathematical Reasoning
- Reasoning Through Language Arts
- Science
- Social Studies တို့ပဲဖြစ်ပါတယ်။
👉GED စာမေးပွဲကြာချိန်
GED စာမေးပွဲကြာချိန်စုစုပေါင်းကတော့ (၇)နာရီခန့်ကြာမြင့်မှာဖြစ်ပါတယ်။
- Mathematical Reasoning: (150) မိနစ်
- Reasoning Through Language Arts: (115) မိနစ်
- Science: (90) မိနစ်
- Social Studies: (70) မိနစ်
👉GED စာမေးပွဲရဲ့ရမှတ်
- အမှတ် 200 (အမှတ်ပြည့်)
- အမှတ် 170မှ 200ကြား (တက္ကသိုလ်တက်ရန်အဆင်သင့်ဖြစ်ပြီး Creditများပါရရှိနိုင်)
- အမှတ် 165နှင့်အထက် (တက္ကသိုလ်တက်ရန်အဆင်သင့်ဖြစ်)
- အမှတ် ၁၄၅နှင့်အထက် (အောင်မှတ်)
GEDစာမေးပွဲအမှတ်များအား စာမေးပွဲဖြေဆိုပြီး (၂၄)နာရီခန့်အကြာတွင် ထွက်လေ့ရှိပါတယ်။ ဖြေဆိုသူများအနေဖြင့် GED စာမေးပွဲအား (၂)ကြိမ်ပြန်လည်ဖြေဆိုခွင့်ရှိပြီး (၃)ကြိမ်မြောက်ပြန်လည်ဖြေဆိုလိုပါက (၂)လခန့်အရင်စောင့်ဆိုင်းပေးရမှာပဲဖြစ်ပါတယ်။
စာမေးပွဲကြေးမှာတော့ တစ်ဘာသာ $75 ကျသင့်မှာဖြစ်တာကြောင့် စုစုပေါင်း $300 ခန့်ကုန်ကျမှာဖြစ်ပါတယ်။
———————————————————————
👉IGCSE/GED ဖြေဆိုအောင်မြင်ထားသော ကျောင်းသား/သူများအနေဖြင့် Assumption University of Thailand တွင် Bachelor Degree Program တက်ရောက်ရန်စိတ်ဝင်စားပါက Programများအကြောင်းအသေးစိတ်အား အောက်တွင်ပေးထားသောလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါတယ်....
https://www.facebook.com/1073671229393516/posts/4386109821482957/?d=n
အသေးစိတ်စုံစမ်းမေးမြန်းလိုပါက
☎️Phone: 09420220648, 09955179190
Address: Unit 105B, Level 1, Myanmar Plaza, Kabaraye Pagoda Road, Bahan Township, Yangon
🌐Website: https://www.aumitmyanmar.com
📱Viber Community: https://invite.viber.com/...
📱Telegram Group: https://t.me/aumitmyanmaruniversity
Dear all,
Application for Minmahaw Higher Education Program( MHEP) is now open. Please see the information below for more information.
*Application link and sample test
https://drive.google.com/drive/folders/1SirXuf4zczUXuG7voh54bGnfMVvx_SUs?usp=sharing
*Please, submit your application at [email protected] only. Do not submit your application at our page.
*Application Deadline – February-28-2021
*NOTE
Due to current situation, we have made some changes the recruitment process. All applicants must submit the application before the deadline. We will not allow student to take the test if they do not submit their application on time.
*Testing Place
-Mae Sot
-Mae La Refugee camp
-Umpiem Refugee camp
-Noe Poe Refugee camp
-Mae Hong Son camp 1
*We will announce the testing date and time soon or later*
Program Summary
Minmahaw Higher Education Program (MHEP) is a one-year intensive study and boarding program, which prepares students to take the US General Education Development (GED) exam, to obtain an international high school equivalency certificate, which allows them to apply to universities with English language Bachelor programs. The MHEP coursework, taught by professional foreign and Burmese teachers, focuses on providing the necessary skills to study at international universities. Students who show the necessary academic skills but are not able to get a government accreditation from their informal border schools, and therefore not able to apply to university, are our main priority.
*Please, if you need more information contact to these numbers and mail.
0635244431
0629313916
[email protected]
02/12/2021
အမေရိကန်သမ္မတဟောင်း အိုဘားမား Foundation နဲ့ New York မြို့ရှိ Columbia တက်က္ကသိုလ် တို့ ပူးတွဲ စီစဉ်ကျင်းပသည့် The Obama Foundation Scholar အတွက် လျှောက်လို့ရပါပြီ။ အရင်အပတ်စဉ်များတွင် မြန်မာလူမျိုး ၃ ရောက်လောက်လဲ ရွေးချယ်ခံဖူးတယ်လို့သိရပါတယ်။
အရည်အချင်းသတ်မှတ်ချက်အကျဉ်းချုပ်
-အသက် ၂၅ ကနေ ၄၅ ဖြစ်ရမည်။
-မိမိလူမှုအသိုင်းအဝိုင်း တိုးတက်ကောင်းမွန်ဖို့ အပြောင်းအလဲဖော်ဆောင်ပေးနိုင်တဲ့သူများဖြစ်ရမည်။
-အိဂလိပ်စာကို ပြေပြစ်စွာပြောဆိုနိုင်ရမည်။ မိခင်ဘာသာစကား မဟုတ်ပါက IELTS အနည်းဆုံး 7.0 Band နဲ့ ၎င်းနဲ့ ညီမျှသော TOEFL ရှိရမည်။
အကျိုးခံစားခွင့်များ
-New York မှာနေစဉ် လစဉ်ထောက်ပံ့ကြေး
-Columbia တက္ကသိုလ်ဝန်းအတွင်းရှိ အခန်းများတွင်နေထိုင်ခွင့်ရမည်။
-Columbia တက္ကသိုသ်ရှိ ဘာသာရပ်များလေ့လာဖို့ကျူရှင်ခများ
-New York မှာနေတဲ့အတောအတွင်း အခြေခံ ကျန်းမာရေး၊ သွားအပါအဝင် အသက်အာမခံများ
-အသွားအပြန် လေယာဉ်လက်မှတ်ခ
နောက်ဆုံးလျှောက်မည့်ရက် ဒီဇင်ဘာ ၂၂
လျှောက်လွှာ: https://cwp.embark.com/login/apply?target=2022
ထပ်မံသိရှိလိုပါက : https://worldprojects.columbia.edu/application-information
Subscribe | https://t.me/ThangDeihTuang
คลิกที่นี่เพื่อเป็นสมาชิก?
ที่ตั้ง
ประเภท
ติดต่อ โรงเรียนนี้
เว็บไซต์
ที่อยู่
Kuaykaew
Chiang Mai
เวลาทำการ
| จันทร์ | 09:00 - 17:00 |
| อังคาร | 09:00 - 17:00 |
| พุธ | 09:00 - 17:00 |
| พฤหัสบดี | 09:00 - 17:00 |
| ศุกร์ | 09:00 - 17:00 |