Just YM Travel Vlogger
ED Visa in Thailand
Visa Extension
လည်ပတ်စရာ Attraction Ticketing Services 💕🔥💞

Trip ပြောတိုင်း “ပိုက်ဆံမရှိဘူးနော်” လို့ အရင်ဆုံးပြောပြီး…✈️ လေယာဉ်လက်မှတ်ဝယ်ပြီးသား🧳 ခရီးဆောင်အိတ်ထုပ်ပြီးသား📸 ဘယ်နေရာ...
17/08/2026

Trip ပြောတိုင်း “ပိုက်ဆံမရှိဘူးနော်” လို့ အရင်ဆုံးပြောပြီး…

✈️ လေယာဉ်လက်မှတ်ဝယ်ပြီးသား
🧳 ခရီးဆောင်အိတ်ထုပ်ပြီးသား
📸 ဘယ်နေရာမှာ ဓာတ်ပုံရိုက်မလဲပါ ရှာပြီးသား

နောက်ဆုံးကျ ကိုယ့်ထက်တောင် အရင်ရောက်နေတဲ့သူ ရှိတယ်မလား? 😂

သူငယ်ချင်းအဖွဲ့ထဲက ဒီလိုသူငယ်ချင်းမျိုးကို Comment မှာ Tag ခေါ်လိုက်ပါဦး။ “ငါမလိုက်ဘူး” ဆိုတာ ယုံလို့မရဆုံးလူပါနော် 🤭

Thailand 🇹🇭 နဲ့ Singapore 🇸🇬 က Theme Park, Aquarium, Dinner Cruise, Skywalk နဲ့ တခြား Attraction Tickets တွေကို JustYM မှာ အလွယ်တကူ ရှာဖွေ Booking ပြုလုပ်နိုင်ပါတယ်။

🌐 www.justym.me
💬 အသေးစိတ်ကို Page Messenger ကနေလည်း မေးမြန်းနိုင်ပါတယ်။

16/08/2026

🎂 မွေးနေ့မှာ Promotion ဘာမှ မလုပ်ပေးဘူးလားလို့ မေးနေကြတဲ့သူလေးတွေအတွက်…

Big Surprise လုပ်ပေးလိုက်ပြီနော် 😁🎁

ဒီနှစ်တော့ ကိုယ့်အတွက် Birthday Gift ယူမယ့်အစား ကျောင်းသား/သူတွေအတွက် Gift လေး ပြန်ပေးချင်လို့ ဒီ Special Promotion လေး လုပ်ထားပါတယ် 🧡

🎓 1-Year STAMP ED-ED Program

🔥 FIRST 3 STUDENTS ONLY
💰 Starting From ฿45,000

ဒါပေမယ့် ပထမ 3 ယောက် မမီလည်း စိတ်မပူနဲ့နော် 😆

🎁 August 16 မှာ အပ်တဲ့သူတွေအတွက်
฿2,000 JustYM Gift Coupon လက်ဆောင်ပေးမယ်။

🎟️ Gift Coupon ကို JustYM website မှာ ရောင်းတဲ့ Thailand Attraction & Activity Tickets တွေမှာ အသုံးပြုလို့ရပါတယ်။

⏰ August 16 တစ်ရက်တည်းနော်!

စိတ်ဝင်စားရင် Messenger မှာ
👉 “BIRTHDAY” လို့ ပို့လိုက်ပါ 💌

ဒီနှစ်မွေးနေ့မှာ ကိုယ်တိုင် Gift ရတာထက်
ကျောင်းသား/သူတွေ အကျိုးရှိအောင် Gift ပြန်ပေးရတာကို ပိုသဘောကျမိပါတယ် @🥹🧡

ဒီရက်ပိုင်း စာသိပ်မတင်ဖြစ်ဘူးနော် 😁မတွေ့တာ ကြာပြီခ 😆စာတွေကို မတင်ဖြစ်လောက်အောင် လာရောက်အားပေးကြတဲ့ Customer တစ်ဦးချင်းစီ...
14/08/2026

ဒီရက်ပိုင်း စာသိပ်မတင်ဖြစ်ဘူးနော် 😁
မတွေ့တာ ကြာပြီခ 😆

စာတွေကို မတင်ဖြစ်လောက်အောင် လာရောက်အားပေးကြတဲ့ Customer တစ်ဦးချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင့် 🙏🥰

ပုံအသစ်လေးတွေလည်း တင်ပေးပါဦးမယ်ရှင့် 🧡
JustYM ဆိုတာ ဘာတွေ Service ပေးနေလဲဆိုတာ စိတ်ဝင်စားကြတဲ့ Customer အသစ်လေးတွေအတွက်လည်း ယုံကြည်မှုလေး ရစေချင်လို့ပါရှင့်။

“ကိုယ့် Visa နဲ့ ဘယ် Passport Type ရမလဲ?” 🤔

Passport Renewal လုပ်တဲ့အခါ ဒီအချက်လေးက တော်တော်များများ သိပြီးကြသလို မသိသေးတဲ့သူတွေလည်း အများကြီးရှိပါသေးတယ်ရှင့်။

မြန်မာနိုင်ငံမှာ Passport Type မျိုးစုံရှိပါတယ် — PV, PE, PJ, PB, PT စသဖြင့်ပေါ့ရှင့်။

မြန်မာနိုင်ငံပြင်ပမှာ Passport သက်တမ်းတိုးမယ်ဆိုရင်တော့ မိမိရဲ့ လက်ရှိနေထိုင်မှုအခြေအနေ၊ Visa / Status နဲ့ သက်ဆိုင်ပြီး လုပ်ဆောင်မယ့်နိုင်ငံရဲ့ သတ်မှတ်ချက်တွေအပေါ်လည်း မူတည်ပါတယ်ရှင့်။

ထိုင်းနိုင်ငံမှာတော့ အကြမ်းဖျင်းအားဖြင့် 👇

🎓 ကျောင်းတက်နေသူ ဆိုရင်
Student status နဲ့ သက်ဆိုင်တဲ့ PE ဖြစ်နိုင်ပါတယ်ရှင့်။

💼 အလုပ်လုပ်ကိုင်နေသူ ဆိုရင်
PJ ဖြစ်နိုင်ပါတယ်။
PJ ဆိုရင် အခွန်ကိစ္စတွေလည်း ဆက်စပ်လာနိုင်တာမို့ ကိုယ့်အခြေအနေအလိုက် သေချာစစ်ဆေးဖို့ လိုပါတယ်ရှင့် 🙏

👨‍👩‍👧 Guardian / Retirement / Dependent စတဲ့ မှီခိုနေထိုင်မှုအခြေအနေရှိသူတွေဆိုရင်
PT ဖြစ်နိုင်ပါတယ်ရှင့်။

📌 PV Passport ကို လိုချင်တယ်ဆိုရင်တော့
လက်ရှိနေထိုင်မှုအခြေအနေအရ ထိုင်းနိုင်ငံမှာ ဘယ် Passport Type နဲ့ လျှောက်ထားနိုင်မလဲဆိုတာ အရင်စစ်ဆေးဖို့ လိုပါတယ်ရှင့်။

နောက်တစ်ခုက အသက် ၁၈ နှစ်အောက် ဆိုရင်လည်း Visa တစ်ခုတည်းနဲ့ ဆုံးဖြတ်လို့မရဘဲ အသက်၊ နေထိုင်မှုအခြေအနေ၊ သက်ဆိုင်ရာ သတ်မှတ်ချက်တွေအပေါ် မူတည်ပါတယ်ရှင့် 🙏🌝

ကဲ… ဒါဆို ကိုယ့်ရဲ့ Visa / Status နဲ့ ဘယ်လို Passport Type ရနိုင်မလဲဆိုတာ အကြမ်းဖျင်းလေးတော့ သိသွားပြီလို့ မျှော်လင့်ပါတယ်ရှင့် 🙏

Passport Renewal ကို နေ့ချင်းပြီး ဆောင်ရွက်လိုတာဖြစ်စေ၊
ကိုယ့်ရဲ့ လက်ရှိ Visa နဲ့ ဘယ် Passport Type လျှောက်ရမလဲ သိချင်တာဖြစ်စေ —

JustYM မှာ လာရောက်မေးမြန်းကြည့်လို့ရပါတယ်ရှင့် 🧡

ကိုယ့်အခြေအနေလေး ပြောပြပေးလိုက်ရင် ဘယ် Passport Type နဲ့ လျှောက်ရနိုင်မလဲ အကြမ်းဖျင်း စစ်ဆေးပေးပါတယ်ရှင့် 😊

📩 JustYM Messenger မှာ လာမေးလို့ရပါတယ်ရှင့်။

ဘဏ်အကြောင်း လေး ပြောပြချင်လို့ပါ 😁အမျိုးမျိုးအထွေအထွေပါပဲ 🥹 တစ်ကုန်တိုက်ထဲမှာတင် အပေါ်ဆုံးထပ်မှာ Visa ပေးတဲ့ Immigration...
10/08/2026

ဘဏ်အကြောင်း လေး ပြောပြချင်လို့ပါ 😁

အမျိုးမျိုးအထွေအထွေပါပဲ 🥹

တစ်ကုန်တိုက်ထဲမှာတင် အပေါ်ဆုံးထပ်မှာ Visa ပေးတဲ့ Immigration ရုံးကြီး ရှိနေပါတယ်

Update visa ဖြစ်သွားလို့ ဘဏ်သွား update လုပ်တာ ဘဏ်ဝန်ထမ်းက ထိုင်းimmigration က တရားဝင်ထုပေးတဲ့ visa ကို မသိလို့ ၊ can not can not ဆိုပီးပဲ လွှတ်ခဲ့ရတဲ့သူရယ် ၊ ကျောင်းလိပ်စာ ကို အိမ်နံပါတ်လိုမျိုး ဘာရေးရမှန်း မသိလို့ ဖြည့်မပေးတတ်တဲ့ ဘဏ်ဝန်ထမ်းရယ် ၊ ဓါတ်ပုံတွေ ရိုက်ပီး၊ deposit ငွေ သွင်းပီးတာမှ လိပ်စာ နံပါတ် မသိလို့ ဆိုပီး cancel ချလိုက်တဲ့ ဘဏ်ရယ်

တစ်နေ့တစ်မျိုး မရိုးနေပါဘူး

ပြောပြချင်တဲ့ အရာလေးက ဘဏ်သွားဖွင့်ပီဆိုရင် စာရွက်စာတမ်း အစုံအလင်ကိုမှ မိမိရဲ့ သက်ဆိုင်ရာ သ်ရမယ့် လိပ်စာတွေ သိသွားရပါမယ် ။ ဥပမာ ED Visa ဆိုရင် ကျောင်းရဲ့ လိပ်စာ အပြည့်အစုံ ၊ TM30 ၊ thai driving license or residence certificate for open bank account၊ student recommendation letter to open bank account/ SIM card certificate/ student card / passport ဒါတွေ အစုံယူသွားရမယ်

ဘဏ်တစ်ဘဏ်ဖွင့်ရဖို့ ၊ ကိုယ်လိုချင်တဲ့ account / service လုပ်လို့ရဖို့က ဘဏ် manager အပေါ် အများကြီး မူတည်ပါတယ်

ကိုယ်သွားတဲ့ ဘဏ် က ဖွင့်မပေးလို့ဆိုပီး ဝန်ထမ်းက policy ပြောင်းလို့ဆိုပီး ဖွင့်မရတော့ဘူးဆိုပီး ၊ စိတ်ဓါတ်မကျဖို့ပါ

အခုအချိန်မှာ ထိုင်းနိုင်ငံမှာ ဘဏ်အသစ်ဖွင့်ရဖို့က ရွှေထက်တောင် တန်ဖိုးရှိပါတယ် ( ဘဏ်အကောင့် လိုအပ်နေတဲ့သူအတွက်) ၊ ခက်ခဲ စီစစ်မှု များစွာရှိနေတာမို့ မိမိစိတ်ရှည်ပေးရပါမယ်

အားလုံး အဆင်ပြေ ချောမွေ့စာ ဘဏ်ဖွင့်နိုင်ကြပါစေ😁☺️🙏

အသက် ၅၀ နှင့်အထက်ဆိုရင် ထိုင်းနိုင်ငံမှာ လျှောက်ထားလို့ရနိုင်တဲ့ visa အမျိုးအစား တစ်ခုက တော့ RETIREMENT VISA ပဲ ဖြစ်ပါတယ...
07/08/2026

အသက် ၅၀ နှင့်အထက်ဆိုရင် ထိုင်းနိုင်ငံမှာ လျှောက်ထားလို့ရနိုင်တဲ့ visa အမျိုးအစား တစ်ခုက တော့ RETIREMENT VISA ပဲ ဖြစ်ပါတယ်👵👴

JustYM ကို ယုံကြည်စွာ ရွေးချယ်ပေးတဲ့ Customer အား ကျေးဇူးအထူးတင်ရှိပါတယ်💙

Document Preparation မှ Immigration Process အထိ JustYM က အတူကူညီပေးပါတယ် ☺️

နယ်တုံး မြို့တုံး နဲ့တကွ ဘဏ်ပိုင်းဆိုင်ရာ သိချင်တယ်ဆိုရင် တော့ ဒီပို့စ်လေးကို သွားရောက်ဖတ်ကြည့်စေချင်တယ်👇
https://www.facebook.com/share/p/1ap4vhWDfA/?mibextid=wwXIfr

Your Journey, Our Commitment. 🧡
📩 Message JustYM for a free consultation

#

04/08/2026

လူက အိမ်ပြန်ရောက်ပေမယ့် Hotel Review လေး ရိုက်ထားတာလေးတွေ ကျန်သေးတော့ တင်ခွင့်ပြုပါခ🙏

Khao Yai ဘက်သွားတုန်းက တည်းခဲ့တာလေးတဲ့ Hotel လေးကို Video လေးနဲ့တကွ တင်ပေးလိုက်ပါတယ်ရှင်

02/08/2026

Honest Review Hotel on the way of my trip located at Lom Sak

ခရီးသွားတိုင်း တည်းခဲ့တဲ့ Hotel လေးတွေကို အခုလို Room Tour အနေနဲ့ မျှဝေပေးနေတာက အဲ့ဒီနေရာကို ရောက်တဲ့အခါ အားလုံးအတွက် အသုံးဝင်တဲ့ ရွေးချယ်မှုလေး ဖြစ်စေချင်လို့ပါ။ ✨

ကိုယ်တိုင်တည်းပြီး အဆင်ပြေတယ်လို့ ခံစားရတဲ့ နေရာလေးတွေကိုပဲ မျှဝေပေးတာဖြစ်လို့၊ နောက်ခရီးစဉ်အတွက် အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ 🤍

30/07/2026

ဘန်ကောက်ရောက်တုန်း မယ်တော့ဆီမှာ ဝင်ရောက်ကန်တော့ခဲ့ပါတယ်

အားလုံးလဲ ဒီ video လေးကို ကြည့်ပီး အဓိဌာန် များ အောင်မြင်ကြပါစေ🙏

ယနေ့ မြတ်စွာဘုရားရှင်၏ ဓမ္မစကြာတရားဦး ဟောကြားတော်မူရာ🙏 ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ 🙏 မှာသတ္တဝါ အားလုံး စိတ်နှစ်ဖြာ ကျ...
29/07/2026

ယနေ့ မြတ်စွာဘုရားရှင်၏ ဓမ္မစကြာတရားဦး ဟောကြားတော်မူရာ
🙏 ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ 🙏 မှာ

သတ္တဝါ အားလုံး
စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ၊
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေ၊
ကောင်းမှုကုသိုလ်များ ပွားများနိုင်ကြပါစေ၊
လိုအင်ဆန္ဒများလည်း ကောင်းမွန်စွာ ပြည့်ဝကြပါစေလို့
Just YM မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 🙏

ဝါဆိုလပြည့်နေ့မှစ၍
မိသားစုတိုင်း အေးချမ်းသာယာပြီး
ကောင်းခြင်းမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံကြပါစေ။ 🤍

— Just YM | Just Your Moments
ယနေ့ သွားခဲ့တဲ့ Wat Maneewong วัดมณีวงศ์ ဘုရားပုံကို ဖူးမြော် စေလိုငှါ တင်ပေးလိုက်ပါတယ် 🙏🙏🌕🌝

ที่อยู่

Chiang Mai

เบอร์โทรศัพท์

+66946034046

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Just YMผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ โรงเรียนนี้

ส่งข้อความของคุณถึง Just YM:

ทางลัด

แชร์