Yotsuba-四葉 ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Yotsuba-四葉, โรงเรียนสอนภาษา, The Trust Condo @ BTS Erawan, 92/855, 1904, Sukhumvit Road, Changwat Samut Prakan.

🚩Goals 💚 မင်းရည်မှန်းထားတဲ့ 🚩ပန်းတိုင် ကိုရောက်ဖို့ ➜✅ မင်းမှာ Knowledge( အသိပညာဗဟုသုတတွေ ) Experience ( အတွေ့အကြုံတွေ )...
20/06/2024

🚩Goals 💚 မင်းရည်မှန်းထားတဲ့ 🚩ပန်းတိုင် ကိုရောက်ဖို့ ➜

✅ မင်းမှာ Knowledge( အသိပညာဗဟုသုတတွေ ) Experience ( အတွေ့အကြုံတွေ ) နည်းနေမယ်ဆိုရင်၊ ကျွမ်းကျင်တဲ့သူဆီက Support
( အထောက်အပံ့တွေ ) ကိုရယူပြီး၊ မင်းရဲ့ပန်းတိုင်ဆီကို အရောက်သွားလိုက်ပါ.......

💢 Consultant Fees ( တိုင်ပင်ဆွေးနွေးခ ) ကိုနှမြှောလို့ ကိုယ့်လမ်းကိုယ်လျှောက်လို့လည်း ရပါတယ်....

💢ဒါပေမယ့် မင်းက Knowledge( အသိပညာဗဟုသုတ ) နဲ့ Experience( အတွေ့အကြုံ ) ကိုတည်ဆောက်ယူနေရချိန်မှာ........

🟢Consultant ရဲ့ Support နဲ့သွားတဲ့သူတွေက 🚩ပန်းတိုင်ကို ရောက်နှင့်နေလောက်ပါပြီ.......

✅ ဒါ့ကြောင့် ဘ၀မှာ ကိုယ့်ရဲ့ 🚩 Goals (ပန်းတိုင်) ကိုအရောက်လှမ်းနိုင်ဖို့၊ တတ်ကျွမ်းနားလည်သူနဲ့ တိုင်ပင်ပြီး အထောက်အပံ့ရယူတာဟာ မှန်ကန်တဲ့နည်းလမ်းဖြစ်ပါတယ်.......

🧡 Don't hesitate to talk to a consultant.

💚 The power of a consultant is very helpful in reaching the goal you want to achieve.

🍀 May





日本語教師はどんな仕事?ဂျပန်ဘာသာသင် ဆရာ၊ ဆရာမ ဆိုတာ ဘယ်လိုအလုပ်မျိုးလဲ ?日本語教師になるためには?ဂျပန်ဘာသာသင် ဆရာ၊ ဆရာမ ဖြစ်လာဖို့အတွက် ဘာတွေလိ...
19/06/2024

日本語教師はどんな仕事?
ဂျပန်ဘာသာသင် ဆရာ၊ ဆရာမ ဆိုတာ ဘယ်လိုအလုပ်မျိုးလဲ ?

日本語教師になるためには?
ဂျပန်ဘာသာသင် ဆရာ၊ ဆရာမ ဖြစ်လာဖို့အတွက် ဘာတွေလိုအပ်မှာလဲ?

“日本語を教える”というと、「日本語ネイティブであれば、誰でもできるのでは?」と思ってしまう方も少なくありません。
" ဂျပန်ဘာကို သင်ကြားပေးတယ် " လို့ဆိုလိုက်တာနဲ့၊ မွေးကတည်းက ဂျပန်လို ပြောလာတဲ့ ဘယ်သူပဲဖြစ်ဖြစ်လုပ်နိုင်တာပဲ..... လို့တွေးတဲ့သူတွေ မနည်းပါဘူး.....

しかし、日本語教師は専門性が非常に高い職業とされており、資格取得のためには一定期間しっかりと学習をする必要があります。
ဒါပေမယ့်၊ ဂျပန်ဘာသာသင် ဆရာ၊ ဆရာမဆိုတာ အထူးပြု ဘာသာရပ်တစ်ခုဖြစ်ပြီး၊ အဆင့်မြင့်တဲ့ လုပ်ငန်းနယ်ပယ်အဖြစ်သတ်မှတ်ခံထားရတာအပြင်၊ ဂျပန်ဘာသာသင်ဆရာ၊ ဆရာမ လက်မှတ်ရဖို့အတွက် အချိန်အတိုင်းအတာတစ်ခုအထိ သေသေချာချာကြိုးစားအားထုတ်ကျက်မှတ် လေ့လာနိုင်ဖို့လိုအပ်ပါတယ်......

その専門性の高さがゆえ、一度資格を取得した後は生涯にわたって資格を使って活躍ができます。また国内だけでなく、グローバルに活躍をするチャンスがあります。
မြင့်မားတဲ့ အထူးပြုဘာသာရပ်ဖြစ်တာကတစ်ကြောင်း၊ တစ်ကြိမ်တစ်ခါ ဆရာဖြစ်လက်မှတ်ကိုရထားမယ်ဆိုရင်၊ နောက်ပိုင်းဘ၀တစ်လျှောက်လုံးမှာ အသုံးချပြီးအလုပ်လုပ်နိုင်မှာဖြစ်ပါတယ်..... ဒါ့အပြင်(ဂျပန်) နိုင်ငံတွင်းမှာသမာက တစ်ကမ္ဘာလုံးမှာပါ လှုပ်ရှားလုပ်ကိုင်နိုင်မယ့် အခွင့်အရေးရှိပါတယ်.........

🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁

ဒါကဂျပန်ဆရာဖြစ်သင်တန်းကျောင်း တစ်ခုရဲ့ Website ကကြော်ငြာလေးကို သဘောကျလို့ ဘာသာပြန်ထားတာပဲဖြစ်ပါတယ်......

🌱ကျမတို့ မြန်မာပြည်မှာတော့ N4 အောင်ရင် N5 ကိုပြန်သင်ပေးနေနိုင်ရုံနဲ့ (先生)ဆင်းဆဲ (ဆရာ) ဆိုပြီးအခေါ်ခံရတာကို အကြိုက်တွေ့နေကြတာမြင်ရတာ အတော်ပဲစိတ်မသက်မသာ ဖြစ်ရတဲ့အခိုက်အတံ့တွေရှိခဲ့ပါတယ်.....

🌱 ကိုယ့်မှာ ဂျပန်စာသင် ဆရာ၊ ဆရာမတစ်ယောက်ရဲ့ အရည်အချင်း၊ တစ်ကယ်ရှိမရှိ၊ သင်ကြားနည်း မှန်၊မမှန်တောင် ဆက်မလေ့လာတော့ပဲ ရပ်တန့်နေတဲ့သူတွေမှ အများကြီးပါဘဲ......

🌱 ဘာလို့အဲလိုပြောရသလဲဆိုတော့၊ ဂျပန်ဘာသာသင် ဆရာ၊ ဆရာမ ဆိုတာ မွေးကတည်းက ဂျပန်လိုပြောလာတဲ့ Native Japan တွေတောင်မှ
ရုတ်တရက်ထပြီး ဂျပန်စာသင်ပေးလို့မရပါဘူး....

🌱 စကားလုံးတစ်လုံးရဲ့ အဓိပ္ပါယ် အတိမ်၊ အနက် ကိုကောင်းစွာသဘော ပေါက်ဖို့လိုအပ်သလို၊ သင်ကြားပုံနည်းစနစ်ကိုလည်း၊ ကောင်းကောင်း ကျွမ်းကျင်ဖို့ လိုအပ်ပါတယ်........

🌱 အခုလတ်တလော မြန်မာပြည်မှာ ဂျပန်လိုကောင်းကောင်းမပြောနိုင်တာကြောင့်ကတစ်ကြောင်း၊ အခြားသောအခြေခံအပြုအမူတွေ မကောင်းကြတာကတစ်ကြောင်း၊ စတဲ့အကြောင်းကြောင်းတွေကြောင့်နဲ့ ဂျပန်အလုပ်ခေါ်စာတွေ သိသိသာသာကျဆင်းသွားပါတယ်.....

🌱 အဲဒါအပြင်ကို Myanmar Oversea Employment Agency တစ်ခုခုကနေ တစ်ခေါက်တည်းမှာ လူ ၂၀၊ ၃၀ ခေါ်သွားတယ်.... ဒါပေမယ့် နောက်ထပ်လုံး၀ ထပ်မခေါ်တော့ဘူး..... ဘာလို့လဲ❓ ဆိုတဲ့.... ပြန်ကြားရတဲ့အချက်တွေကတော့ အများကြီးပဲ....

🌱 ဒါ့ကြောင့် မြန်မာပြည်က ဂျပန်ဘာသာသင် ဆရာ၊ ဆရာမ များ🥰

✅International Japanese Teacher လက်မှတ်ကို ဘယ်လိုရအောင်ယူရမလဲ❓
✅ဂျပန်ဆရာဖြစ်လက်မှတ် ရထားပြီးရင် အလုပ်ကိုဘယ်လိုရှာရမလဲ❓
✅ Myanmar Oversea Employment Agency တွေကရော၊ ဂျပန်ကနေ နောက်ထပ် အလုပ်ခေါ်စာတွေရဖို့၊ ဘယ်လိုအချက်အလက်တွေကို ဆောင်ရမလဲ၊ ရှောင်ရမလဲ❓

ဆိုတာတွေကို အသေးစိတ် သိချင်ပါတယ်ဆိုရင်တော့......

Midori JPL School ကိုဆက်သွယ်ပြီး၊ ဆွေးနွေးတိုင်ပင်လို့ရပါတယ်.....

ဆိုတဲ့အကြောင်းလေးအသိပေးပါရစေ....

🍀 May






Chance ဖြစ်ဖို့ Change လုပ်ဖို့တော့လိုပါတယ်......အခွင့်အလမ်း (Chance) ကို အခွင့်အလမ်းမှန်းသိဖို့လက်ရှိအတွေးအမြင်တွေကို အ...
29/05/2024

Chance ဖြစ်ဖို့ Change လုပ်ဖို့တော့လိုပါတယ်......

အခွင့်အလမ်း (Chance) ကို အခွင့်အလမ်းမှန်းသိဖို့

လက်ရှိအတွေးအမြင်တွေကို အရင် Change(အပြောင်းအလဲ) လုပ်နိုင်မှ

" CHANCE " ကိုမြင်ရမှာ .......

🍀May




夢と冒険(ゆめとぼうけん)yu me to bou kenယုမဲ့ တို ဘိုးခင်း🧡💙အိမ်မက် နဲ့  စွန့်စားခန်း💙🧡➜➜➜ အိမ်မက်မက်ရတာလွယ်ပါတယ်....... တစ်ကယ်စွန့...
27/05/2024

夢と冒険(ゆめとぼうけん)

yu me to bou ken
ယုမဲ့ တို ဘိုးခင်း

🧡💙အိမ်မက် နဲ့ စွန့်စားခန်း💙🧡

➜➜➜ အိမ်မက်မက်ရတာလွယ်ပါတယ်....... တစ်ကယ်စွန့်စားခန်းဖွင့်ရတဲ့အချိန်မှာ အိမ်မက်မက်သလို လုပ်လို့မရပါဘူး....

🍀 May

本気で決心した人は静かです。(ほんきでけっしんしたひとはしずかです)hon ki de Kesshin shi ta hito wa shi zu ka desu.ဟွန်းခိ ဒဲ ခဲ့ရှင်း ရှိတ ဟိတို ၀ ရှိဇု...
27/05/2024

本気で決心した人は静かです。
(ほんきでけっしんしたひとはしずかです)

hon ki de Kesshin shi ta hito wa shi zu ka desu.
ဟွန်းခိ ဒဲ ခဲ့ရှင်း ရှိတ ဟိတို ၀ ရှိဇုခ ဒက်စ်

💙🧡စိတ်ရင်းနဲ့ဆုံးဖြတ်ချက်ချတဲ့သူတွေက၊ တိတ်ဆိတ်တယ်🧡💙

➜➜➜ စိတ်ရင်းမပါတဲ့သူတွေက၊ ဟောင်ဖွာဟောင်ဖွာလျှောက်ပြောနေတတ်ပြီး ၊ တစ်ကယ့်စိတ်ရင်းရှိတဲ့သူတွေက ဘာမှမပြောပဲတိတ်တဆိတ် နဲ့လုပ်စရာရှိတာတွေကိုလုပ်နေတတ်တယ်...... မြန်မာစကားပုံမှာဆိုရင်...... " မဟောင်တဲ့ခွေး၊ ကိုက်တတ်တယ် " ဆိုတာလိုမျိုးနဲ့ခပ်ဆင်ဆင်ပါဘဲ......

🍀 May

自分の力を信じろ(じぶんのちからをしんじろ)ji bun no chi ka ra wo shin ji ro / ဂျိဘွန်း နော့ ချိခရ ဝို ရှင်းဂျိရို...💙🧡 ကိုယ့်အရည်အချင်းကို၊ ...
27/05/2024

自分の力を信じろ(じぶんのちからをしんじろ)

ji bun no chi ka ra wo shin ji ro / ဂျိဘွန်း နော့ ချိခရ ဝို ရှင်းဂျိရို...

💙🧡 ကိုယ့်အရည်အချင်းကို၊ ယုံကြည်ပါ 🧡💙

➜➜➜ ကိုယ့်ရဲ့ လုပ်နိုင်စွမ်း၊ အင်အားကို ယုံကြည်စိတ်ချပြီး၊
လုပ်စရာရှိတာတွေကို လုပ်ပါ......

🔴 Midori JPL School 2024 အတွက်ခြေလှမ်းသစ်အနေနဲ့ စတင်ဖို့ကြိုးစားနေပါပြီ.....ဘယ်လိုပုံစံမျိုးနဲ့ ဘယ်လိုဝန်ဆောင်မှုတွေကိုပ...
25/05/2024

🔴 Midori JPL School 2024

အတွက်ခြေလှမ်းသစ်အနေနဲ့ စတင်ဖို့ကြိုးစားနေပါပြီ.....
ဘယ်လိုပုံစံမျိုးနဲ့ ဘယ်လိုဝန်ဆောင်မှုတွေကိုပေးမလဲဆိုတာကိုတော့
ဆက်လက်စောင့်ကြည့်ပေးကြပါလို့တောင်းဆိုပါတယ်......

🔴 ဝန်ဆောင်မှု အသစ်တွေနဲ့ 2024 ကိုတော့ များမကြာခင်ကြေငြာပေးသွားမှာဖြစ်လို့ Midori JPL School page ကို Like👍 and Follow ✌️လုပ်ထားဖို့ မမေ့ကြပါနဲ့နော်.....

🔴 ကျောင်းတည်ထောင်ခြင်း (၁၇) နှစ်ပြည့်အတွက် ထူးခြားတဲ့ Business Design လေးကိုတည်ဆောက်ထားပါတယ် .......

🔴 လက်တွဲလုပ်ဆောင်လိုသူ ဆရာ၊ ဆရာမ များကိုလည်းစုဆောင်လျှက်ရှိနေပါတယ်ရှင်.......

🔴 Midori JPL School ကနေ ထုံးစံအတိုင်း ရဲရဲဝံံ့ဝံ့ အာမခံပေးနိုင်တာကတော့၊

🟩 ကျောင်းသား/ကျောင်းသူ တစ်ယောက်ချင်းစီတိုင်းရဲ့ ကောင်းမွန်တဲ့ ဘ၀ပြောင်းလဲမှု၊ အနာဂါတ်အတွက် တာဝန်ယူပေးပါတယ်.....

🟩 အတူလက်တွဲ လုပ်ကိုင်လာမယ့် ဆရာ/ ဆရာမ များရဲ့အရည်အချင်း၊ အရည်အသွေး နဲ့ အနာဂါတ်ကို မြှင့်တင်ပေးမှာဖြစ်ပါတယ်......

🟧 ဒါ့ကြောင့် Midori JPL School နဲ့ လက်တွဲတဲ့ ကျောင်းသူ/ကျောင်းသားများ၊ ဆရာ/ဆရာမ များ မည်သူမဆိုရဲ့ လှပတဲ့အနာဂါတ်ကို ရောက်ရှိတက်လှမ်းနိုင်ဖို့ (( ♦️ရဲရဲဝံ့ဝံံအာမခံပေးနေပါတယ် ♦️)) ဆိုတဲ့အကြောင် ဦးစွာပဏာမ အနေနဲ့ အသိပေးထားချင်ပါတယ်.......

ကျေးဇူးတင်ပါတယ်
🍀 May





☑ Step 2: 学校選び  ကျောင်းရွေးချယ်မှု🌲🌳🌴🌲🌳🌴🌲🌳🌴🌲🌳🌴🌲🌳🌴🔴留学生が入学可能な日本の高等教育機関は、ပညာတော်သင်ကျောင်းသားများအတွက် ကျောင်းဝင်ခွင့်ရနိုင...
21/05/2024

☑ Step 2: 学校選び ကျောင်းရွေးချယ်မှု

🌲🌳🌴🌲🌳🌴🌲🌳🌴🌲🌳🌴🌲🌳🌴

🔴留学生が入学可能な日本の高等教育機関は、
ပညာတော်သင်ကျောင်းသားများအတွက် ကျောင်းဝင်ခွင့်ရနိုင်မယ့် ဂျပန်နိုင်ငံရဲ့ အဆင့်မြင့် ပညာရေးနယ်ပယ်များကတော့…..

①大学、တက္ကသိုလ်
②短期大学、ကောလိပ်
③専門学校、အသက်မွေးပညာသင်ကျောင်း
④高等専門学校、နည်းပညာကောလိပ်
⑤大学院、ဘွဲ့လွန်ဒီပလိုမာ

の5種類があります。ဆိုပြီး ၅ မျိုးရှိပါတယ်.....
ဘယ်ကျောင်းကိုပဲတက်တက် ဂျပန်လို 4 skills ကောင်းကောင်းကျွမ်းကျင်ရပါမယ်....... ဒါ့ကြောင့် ဂျပန်ကို ကျောင်းသွားတက်လိုသူများမှာ အရင်ဦးဆုံး ဂျပန်နိုင်ငံရှိ 🔴 ဂျပန်ဘာသာသင်တန်းကျောင်းမှာ တက်ရောက်ဖို့ လိုအပ်ပါတယ်......

💢🟥 မြန်မာပြည်မှာ N2/ N1 အောင်မြင်ထားပြီးသူများအတွက်ကတော့၊ ဂျပန်နိုင်ငံ အဆင့်မြင့်ပညာရေးနယ်ပယ်ကို တိုက်ရိုက်ဝင်ရောက်နိုင်ပါတယ်...... 🟥💢

🔴* 入学資格について、
ကျောင်းဝင်ခွင့်အရည်အချင်းသတ်မှတ်ချက်များနှင့်ပတ်သက်၍

1️⃣ ဂျပန်နိုင်ငံရှိ ဂျပန်ဘာသာ သင်တန်းကျောင်း ကျောင်းဝင်ခွင့်အရည်အချင်းသတ်မှတ်ချက်များ

🟩 ကျောင်းသား၏ ပညာအရည်အချင်း
▪️ အသက် ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရမည်။
▪️ အမိနိုင်ငံ၏ ပညာရေး ၁၂ တန်းအောင်မြင်ပြီးသူဖြစ်ရမည်။
( မြန်မာပြည်တွင် ၁၀ တန်းအောင်အထိ ၁၁ တန်းသာရှိ
သောကြောင့်၊ တက္ကသိုလ် ပထမနှစ် အောင်မြင်ပြီးသူကိုသာ
၁၂ တန်းအဖြစ် သတ်မှတ်ယူသည်။)
▪️ JLPT / NAT-Test _ N4, N3 အောင်မြင်ပြီးသူ...


🟩 ကျောင်းလခ ထောက်ပံ့ပေးမည့်သူ၏ ဘဏ္ဍာရေး အခြေအနေ
▪️ လုပ်ငန်းလုပ်ခွင့် (သို့မဟုတ်) လုပ်ငန်းလိုင်စင်
▪️ ၃ နှစ်စာ ဝင်ငွေ၊ ထွက်ငွေ စာရင်း
▪️ ဘဏ်အကောင့် လက်ကျန်ငွေစာရင်း
▪️ဘဏ်စာအုပ် (မိတ္တူ)


2️⃣ ဂျပန်နိုင်ငံရှိ ဂျပန်ဘာသာသင်တန်းကျောင်း ကျောင်းဝင်ခွင့်လက်ခံသည့်အချိန်များ

▪️ January (၁ လပိုင်း) , April ( ၄ လပိုင်း ), July ( ၇ လပိုင်း ), October ( ၁၀ လပိုင်း ),
▪️ ကျောင်းလက်ခံချိန် မတိုင်မှီ အနည်းဆုံး ၆ လစော၍ မိမိတက်လိုသည့်ကျောင်းသို့ ဆက်သွယ်ကာ ကျောင်းအပ်ခြင်း၊ အင်တာဗျူးဖြေဆိုခြင်းများ ပြုလုပ်ရန် လိုအပ်ပါသည်။


3️⃣ ဂျပန်နိုင်ငံရှိ ဂျပန်ဘာသာသင်တန်းကျောင်း ရွေးချယ်ရာတွင် သိထားသင့်သည့်အချက်များ

🔹 ဂျပန်နိုင်ငံတွင် မိမိဆက်လက်လေ့လာဆည်းပူးလိုသည့် ပညာရပ်နယ်ပယ်အား ချိတ်ဆက်ပေးနိုင်သည့်၊ ဂျပန်ဘာသာသင်တန်းကျောင်းကို ရွေးချယ်သင့်ပါသည်။

🔹 တိုကျိုမြို့ပေါ်မှာရှိလို့ ရွေးချယ်တယ် ဆိုတာထက်၊ မိမိ ဆက်လက်တက်ရောက်ပညာသင်ကြားလိုသည့် တက္ကသိုလ်၊ ကောလိပ်၊ နည်းပညာသင်ကျောင်း၊ အသက်မွေး ပညာသင်ကျောင်း တို့နှင့် ချိတ်ဆက်ပေးနိုင်သည့် ကျောင်းမျိုးကို ရွေးချယ်သင့်ပါသည်။

🔹 ကျောင်းသားတစ်ယောက်အတွက် အချိန်ပိုင်းအလုပ်ပေါများသည့် နေရာထက်၊ အသုံးစရိတ်သက်သာတဲ့ နေရာကသာ၊ ပညာသင်ကြားရာမှာ သက်တောင့်သက်သာဖြစ်စေပြီး၊ ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ ပိုမိုလွယ်ကူစေပါတယ်.....

🔹 ဘာကြောင့်လဲဆိုတော့ တက္ကသိုလ်၊ ကောလိပ်၊ နည်းပညာသင်ကျောင်း၊ အသက်မွေး ပညာသင်ကျောင်းတို့ကို ဆက်လက် တက်ရောက် လိုပါက ဂျပန်ဘာသာအရည်အချင်း N2/ N1/ EJU အောင်ဖို့လိုပါတယ်..... ဒါ့အပြင် အထက်ပါကျောင်းတွေကို တက်ရောက် တဲ့အခါမှာ နိုင်ငံခြားသားအချင်းချင်း အတူတူကျောင်းတက်ရသည်များလည်း ရှိသလို၊ ဂျပန်လူမျိုးများနှင့် အတူတူတက်ရောက်ရ သည်များလည်းရှိတတ်ပါတယ်.... ဒါ့ကြောင့် ဂျပန်ဘာသာအရည်အချင်းကောင်းဖို့လိုအပ်ပါတယ်.......

🔹 အချိန်ပိုင်းအလုပ်ပေါများတဲ့ နေရာမှာနေရင် ဂျပန်ဘာသာလေ့လာခြင်းထက်၊ ပိုက်ဆံရှာချင်စိတ်ကြောင့် ဒုက္ခရောက်ပြီး ဂျပန်ဘာသာ သင်တန်းကျောင်း ၂ နှစ်တက်ရောက်တာလေးနဲ့ပဲ ပြီးဆုံးသွားနိုင်ပါတယ်......

🔹 ဂျပန်စကားလည်း ကောင်းကောင်းမပြောတတ်၊ ပညာရေးလည်းမပြီးဆုံး၊ ပိုက်ဆံလည်း လိုသလောက်ရှာမရပဲ၊ ဘ၀က လမ်းခုလတ်မှာတင် ဂျပန်ပြန်ဆိုတဲ့ ဂုဏ်ပုဒ် တစ်ခုတည်းနဲ့ ပြီးဆုံးသွားနိုင်ပါတယ်...... ဒီ့ထက်ဆိုးဝါးတာက အချိန်ပိုင်းအလုပ်တွေ အလွန်အကျွံလုပ်တဲ့အတွက် ကျန်းမာရေးမကောင်းဖြစ်တာတို့၊ လ၀က သတ်မှတ်ချက်ကျော်လွန်လို့ ပြစ်ဒါဏ်ကျပြီး နောက်နောင် ဂျပန်နိုင်ငံကို ထပ်မလာနိုင်တော့တဲ့ မှတ်ချက်ဆိုးတွေဝင်သွားတာတို့ဆိုရင်၊ ပိုက်ဆံနဲ့လဲလှယ်လိုက်ရတဲ့ ဘ၀ရဲ့ အဖိုးတန် အနာဂါတ် များ ပဲဖြစ်ပါတယ်....

🍀May





20/05/2024

😋အဆဲခံလေး နည်းနည်းလောက်ရေးပါမယ်....😋

😁 မြန်မာလူမျိုးတွေ ငယ်ငယ်ကြီးကြီး တွေ့သမျှသင်တန်းတွေကို၊
ဘာလို့လိုက်တက်သလဲမသိဘူးနော်ဆိုပြီး.... ကျမ ခဏခဏတွေးဖူးပါတယ်.....

😁 တစ်ကယ်တော့ အကျင့်ပါနေတာပါ..... သင်တန်းတက်မှလူရာဝင်တယ်.... ငါတော့ဘာသင်တန်းတက်ထားပြီးပြီး၊ ညာသင်တန်းတက်ထားပြီးပြီလို့ ပါးစပ်မှာတင်ပြောနိုင်ချင်တာတစ်ခုတည်းအတွက် .......

💰 ပိုက်ဆံ နဲ့ ⏳ အချိန်ကို အကုန်ခံပြီး ကိုယ့်အတွက်အသုံးမဝင်၊ အသုံးချဖို့ မလိုအပ်သေးတဲ့ သင်တန်းတွေကိုဘာလို့တက်ကြသလဲ❓
ဆိုတာ ကျမတော့ တစ်ကယ်နားမလည်ဘူး ........

🛑ပညာရပ်တစ်ခုကို ကိုယ့်ဘာသာကိုယ်လေ့လာလို့မရဘူးလား ❓
ဆိုတော့..... အခုလို IT ခောတ်မှာ စိတ်ကြိုက်လေ့လာလို့ရပါတယ်......

🛑အပျော်တမ်းအနေနဲ့ဆိုရင် Google, You Tube ကနေစိတ်ကြိုက်လေ့လာလို့ရပါတယ်.....

🛑ပညာရပ်နယ်ပယ်တစ်ခုခုမှာ သေသေချာချာ အခြေချရပ်တည်မယ် ဆိုရင်တော့ Professional ကျကျ ရပ်တည်နိုင်ဖို့အတွက် Certificate တွေလည်း လိုအပ်လာမှာဖြစ်လို့၊ ကျိန်သေပေါက် သင်တန်းတက်၊ စာမေးပွဲ (သို့) လိုအပ်တဲ့စစ်ဆေးခံမှု တစ်ခုခုကိုယူပြီး၊ အဲဒီနယ်ပယ်မှာ အချေချနိုင်ဖို့၊ တစ်ဆင့်ချင်းစီကြိုးစားရမှာဖြစ်ပါတယ်....

💢ဥပမာ .....

✅ ကိုယ်က IT နဲ့ပတ်သက်တဲ့ ပညာရှင်ဖြစ်ချင်တယ်ဆိုရင်.....
အရင်ဆုံး IT နယ်ပယ်အကြောင်းသိအောာင်၊ IT ဆိုတာဘာလဲ❓
IT ပညာရှင် ဘယ်နှစ်မျိုးလောက်ရှိလဲ❓ ကိုယ်ကရော ဘယ်လို IT ပညာရှင်မျိုး ဖြစ်ချင်တာလဲ❓ဘယ်လို IT ပညာရှင်တွေက လစာကောင်းကောင်းရလဲ❓ စသည်ဖြင့် ပိုပြိး အသေးစိတ်ကျကျ ကြိုလေ့လာပြီးမှ၊ ငါဘယ်နေရာ နယ်ပယ်မှာ ဘယ်အဆင့်အထိရောက်အောင် အခြေချမယ်အခြေချမယ် ⭕️ ဆိုတာသိမှ..... ဘယ်လိုသင်တန်းကျောင်းကို ရွေးချယ်ရမလဲ ဆိုတာက ⭕️ ဒုတိယအဆင့်ဖြစ်ပါတယ်......

ဒါကပညာရပ်နယ်ပယ်တစ်ခုကို ဥပမာပြောပြတာပါ.......

🔴 ဂျပန်ဘာသာနဲ့ ပတ်သတ်တဲ့ နယ်ပယ်လည်းဒီလိုပါဘဲ.....
အရင်ဆုံး ကိုယ်ဘာဖြစ်ချင်လဲဆိုတာသိဖို့၊ ဂျပန်ဘာသာရပ်တတ်ကျွမ်းရင် ဘယ်လိုအခွင့်အလမ်းရှိပြီး⭕️ ဘာတွေလုပ်လို့ရသလဲ⭕️ ဘယ်လောက်အတိုင်းအတာအထိ တိုးတက်သွားနိုင်လဲ⭕️ ရနိုင်မယ့် လစာငွေကြေး ကရော ဘယ်လောက်အထိရနိုင်မလဲ ⭕️ ဒါတွေကို အရင်လေ့လာပြီးမှ ကိုယ်ဖြစ်ချင်တာတွေလုပ်ပေးနိုင်မယ့်၊ လမ်းပြခေါ်ဆောင်သွားပေးနိုင်မယ့်၊ ⭕️ ဂျပန်ဘာသာသင်တန်းကျောင်းကို ရှာဖွေပြီး ကျောင်းတက်တာကမှ ✅ မှန်ကန်တဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်လို့မြင်ပါတယ်.......

✅ Step by Step 📈 လုပ်သွားတဲ့သူတွေက အောင်မြင်မှုလမ်းကြောင်းကို အချိန်တိုတို ငွေကြေးကုန်ကျမှု သက်သက်သာသာနဲ့ ရောက်ပါတယ်.....

သူများယောင်တိုင်း၊ လိုက်ယောင်ရင်တော့ အမောင်..... တောင်မှန်းမသိ၊ မြောက်မှန်းမသိ ဘယ်သွားလို့သွားရမှန်းမသိ၊ ဘယ်နေရာရောက်နေလို့ရောက်နေမှန်းမသိ ဖြစ်နေပါလိမ့်မယ်......

ချစ်ခြင်းများစွာဖြင့်၊ ဤစာကိုရေး၍အဆဲခံပါသည် 😁😁😁

🍀May

🔴日本へ留学したい!と思ったら…🔴ဂျပန်မှာ ကျောင်းသွားတက်မယ်လို့ စဉ်းစားထားရင်🌱🌿🪴🌱🌿🪴🌱🌿🪴🌱🌿🪴🌱🌿🪴☑ Step 1: 情報収集・プランニングStep - 1   အချက်အလက်မျာ...
20/05/2024

🔴日本へ留学したい!と思ったら…
🔴ဂျပန်မှာ ကျောင်းသွားတက်မယ်လို့ စဉ်းစားထားရင်
🌱🌿🪴🌱🌿🪴🌱🌿🪴🌱🌿🪴🌱🌿🪴

☑ Step 1: 情報収集・プランニング
Step - 1 အချက်အလက်များကိုစုဆောင်းပါ၊ plan ဆွဲပါ။

まずは自分の目標をはっきりさせ、自分の能力とも相談しながらプランをたてましょう。
まずはしっかりと、正確な最新の情報を集め、色々な選択肢を知ることが大切です。

အရင်ဦးဆုံး မိမိရဲ့ဦးတည်ချက်ပန်းတိုင်းကို သေသေချာချာသိဖို့လိုပါတယ်......

မိမိရဲ့ အရည်အချင်းနဲ့ကိုက်ညီမယ့်အရာတွေကို ဆွေးနွေးတိုင်ပင်ပြီး plan ကိုရေးဆွဲသင့်ပါတယ်...

အရင်ဆုံး သေချာမှန်ကန်တဲ့ နောက်ဆုံး update အဖြစ်ဆုံးသတင်းတွေ၊အချက်အလက်တွေကိုစုဆောင်းသင့်ပါတယ်....

ရွေးချယ်စရာ အခွင့်အလမ်းတွေအမျိုးမျိုးရှိတယ်ဆိုတာ သိဖို့ကအရေးအကြီးဆုံးပဲဖြစ်ပါတယ်......

* なぜ? ဘာကြောင့်
* 将来の目標はなん ですか? အနာဂါတ် ရည်မှန်းချက်ကဘာလဲ ?
* なぜ留学をしますか? ဘာကြောင့် ပညာသင်သွားချင်ရတာလဲ ?

* どこで? ဘယ်နေရာမှာ
* 日本のどの教育機関で学びますか? ဂျပန်ရဲ့ ဘယ်လိုပညာရေးနယ်ပယ်မှာ သင်ယူလေ့လာမှာလဲ ?

* なにを? ဘာကို
* なんの専門分野を学びますか? ဘယ်ဘာသာရပ်နယ်ပယ်ကို လေ့လာသင်ယူမှာလဲ ?

* いつ? ဘယ်တော့လဲ
* いつから、どの くらいの期間留学しますか? ဘယ်အချိန်ကနေစပြီး၊ ဘယ်လောက်ကြာတဲ့အထိပညာသင်မှာလဲ ?

* いくら? ဘယ်လောက်လဲ
* 学費や生活費はどれくらいかかりますか?奨学金は? ကျောင်းစရိတ် နဲ့ နေထိုင်စရိတ် ဘယ်လောက်ကုန်ကျမှာလဲ ?
* ပညာသင်စရိတ်ထောက်ပံ့ကြေး ကရော ?

🍀May



#留学生




Midori JPL School
Midori Japanese Lessons
Yotsuba-四葉

🔴ဂျပန်နိုင်ငံမှာ ကျောင်းသွားတက်လိုသူများအတွက်🔴https://www.studyinjapan.go.jp/ja/သေသေချာချာ လေ့လာထားသင့်တဲ့ Website တစ်ခု...
16/05/2024

🔴ဂျပန်နိုင်ငံမှာ ကျောင်းသွားတက်လိုသူများအတွက်🔴

https://www.studyinjapan.go.jp/ja/

သေသေချာချာ လေ့လာထားသင့်တဲ့ Website တစ်ခု့ဖြစ်ပါတယ်......

🍀May





Skill Labour Test in Myanmar 特定技能試験_ミャンマー🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🔴【対象試験】Target Test အောက်ပါစာမေးပွဲများကို မြန်မာပြည်အတွက်စစ်ဆေး...
15/05/2024

Skill Labour Test in Myanmar
特定技能試験_ミャンマー
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿

🔴【対象試験】Target Test
အောက်ပါစာမေးပွဲများကို မြန်မာပြည်အတွက်စစ်ဆေးပေးမှာဖြစ်ပါတယ်.......

✅1️⃣JFT-Basic、
ဂျပန်ဖောင်ဒေးရှင်းမှ ကြီးမှုးကျင်းပသော ဂျပန်ဘာသာအရည်အချင်းစစ် စာမေးပွဲ (အခြေခံအဆင့်)

✅2️⃣介護技能評価試験(かいごぎのうひょうかしけん)、
သူနာပြုအကူ အရည်အချင်းစစ် စာမေးပွဲ

✅3️⃣介護日本語評価試験(かいごにほんごひょうかしけん)、
သူနာပြုအကူဆိုင်ရာ ဂျပန်ဘာသာအရည်အချင်းစစ် စာမေးပွဲ

✅4️⃣農業技能測定試験1号(のうぎょうぎのうそくていしけん1ごう)、
စိုက်ပျိုးရေးဆိုင်ရာ အတတ်ပညာအသိပညာအရည်အချင်းတိုင်းတာခြင်း စာမေးပွဲ ( အမှတ်-၁ )

✅5️⃣外食業特定技能測定試験(がいしょくぎょうとくていぎのうそくていしけん)、စားသောက်ဆိုင်လုပ်ငန်းဆိုင်ရာ အတတ်ပညာအသိပညာအရည်အချင်းတိုင်းတာခြင်း စာမေးပွဲ

✅6️⃣建設分野特定技能評価試験(けんせつぶんやとくていぎのうひょうかしけん)、ဆောက်လုပ်ရေးလုပ်ငန်းဆိုင်ရာ အတတ်ပညာအသိပညာ အရည်အချင်းတိုင်းတာခြင်း စာမေးပွဲ

✅7️⃣宿泊分野特定技能1号評価試験(しゅくはくぶんやとくていぎのう1ごうひょうかしけん)、ဟိုတယ်လုပ်ငန်းဆိုင်ရာ အတတ်ပညာအသိပညာ အရည်အချင်းတိုင်းတာခြင်း စာမေးပွဲ ( အမှတ်-၁ )

🔴ミャンマーにおける予約受付開始日は、
မြန်မာနိုင်ငံအတွက် လျှောက်လွှာလက်ခံစတင်ဖွင့်လှစ်မည့် နေ့၊ရက်၊အချိန် ကတော့

✅2024年6月28日午後3時30分頃(ミャンマー時間)です。
၂၀၂၄ ခုနှစ် ၆ လပိုင်း ၂၈ ရက်၊ ညနေပိုင်း ၃ နာရီခွဲ (မြန်မာစံတော်ချိန်) ဖြစ်ပါတယ်.....

🔴JFT-Basicの対象期間:2024年7月3日-2024年8月8日
JFT-Basic စာမေးပွဲစစ်ဆေးမည့်သတ်မှတ်ကာလ :
၂၀၂၄ ခုနှစ် ၇ လပိုင်း ၃ ရက် → ၂၀၂၄ ခုနှစ် ၈ လပိုင်း ၈ ရက်

🔴技能試験の対象期間:2024年7月3日-2024年8月20日
အရည်အချင်းစစ်စာမေးပွဲစစ်ဆေးမည့်သတ်မှတ်ကာလ:
၂၀၂၄ ခုနှစ် ၇ လပိုင်း ၃ ရက် → ၂၀၂၄ ခုနှစ် ၈ လပိုင်း ၂၀ ရက်






🍀May

お知らせ TOP お知らせ 各国のお知らせ ミャンマー ミャンマーでの予約開始のお知らせ ミャンマーでの予約開始のお知らせ 2024年05月15日 ミャンマー 【対象試験】 JFT-Basic、介護技能評価試験、介護日本語評価試験、農業技能...

ที่อยู่

The Trust Condo @ BTS Erawan, 92/855, 1904, Sukhumvit Road
Changwat Samut Prakan
10270

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Yotsuba-四葉ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์