Richard Piano Class

Richard Piano Class ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Richard Piano Class, ชั้นเรียนและโรงเรียนสอนดนตรี, Bangkok.

🎶Professional online piano lessons for young beginners to advanced students.
🎶Building strong foundation, technique, and music theory with fun, structured learning.

23/07/2026

🎹 “Festive Dance”

We are so proud of our young student’s dedication, confidence, and hard work. Every lesson and every practice session brings another step forward, and it’s a joy to watch this musical journey unfold.

Keep shining and enjoy the music! 💛

If you enjoyed this performance, please leave some encouragement in the comments for our little pianist.

🎹 မိဘတွေရဲ့ ပံ့ပိုးမှုက Piano သင်ယူမှုမှာ ဘယ်လောက်အရေးကြီးလဲ....?“ကလေးကို Piano သင်တန်းအပ်ပြီးတာနဲ့ မိဘတွေရဲ့ တာဝန်ပြီးသ...
21/07/2026

🎹 မိဘတွေရဲ့ ပံ့ပိုးမှုက Piano သင်ယူမှုမှာ ဘယ်လောက်အရေးကြီးလဲ....?

“ကလေးကို Piano သင်တန်းအပ်ပြီးတာနဲ့ မိဘတွေရဲ့ တာဝန်ပြီးသွားပြီလား....?”

ယနေ့ခေတ်မှာ ကလေးငယ်တွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု (Brain Development)၊ အာရုံစူးစိုက်နိုင်စွမ်း (Concentration)၊ စိတ်ရှည်မှု (Patience) နဲ့ ဖန်တီးနိုင်စွမ်း (Creativity) တို့ကို မြှင့်တင်ပေးနိုင်တဲ့အတွက် Piano ကို ငယ်ရွယ်စဉ်ကတည်းက သင်ပေးလိုတဲ့ မိဘတွေ ပိုများလာတာကို ဝမ်းသာစွာ တွေ့ရပါတယ်။
ဒါပေမယ့် Piano သင်ယူရာမှာ အရေးကြီးဆုံးအချက်တွေကို မိဘတချို့ သတိမထားမိကြပါဘူး။ Piano သင်တန်းအပ်လိုက်ရုံနဲ့ ကလေးက အလိုအလျောက်တိုးတက်လာမှာ မဟုတ်ပါဘူး။ ကလေးရဲ့ တိုးတက်မှုဟာ ဆရာရဲ့ မှန်ကန်တဲ့သင်ကြားမှု + မိဘရဲ့ ပံ့ပိုးမှု + ကလေးရဲ့ ပုံမှန်လေ့ကျင့်မှု ဆိုတဲ့ အချက်သုံးချက် ပေါင်းစည်းမှသာ အကောင်းဆုံးရလဒ်ကို ရရှိနိုင်မှာဖြစ်ပါတယ်။

🌟၁။ Piano သင်ယူခြင်းက ရေတိုသင်တန်းတစ်ခု မဟုတ်ပါ

Piano ကို လအနည်းငယ်သင်ပြီး ကျွမ်းကျင်သွားနိုင်တဲ့ Skill တစ်ခုလို့ မမြင်သင့်ပါဘူး။

Piano တီးတဲ့အချိန်မှာ

* ဦးနှောက်ရဲ့ အစိတ်အပိုင်းများစွာ
* မျက်လုံးနဲ့ သင်္ကေတများကို ဖတ်ရှုနိုင်စွမ်း
* နားထောင်ခွဲခြားနိုင်စွမ်း
* လက်နှစ်ဖက်ရဲ့ Coordination
* Finger Control
* Rhythm နဲ့ Timing
* Muscle Memory

အားလုံးကို တစ်ပြိုင်နက် အသုံးပြုပြီး သင်ယူရပါတယ်။ ဒါကြောင့် Piano သင်ယူခြင်းဟာ အချိန်ပေးရတဲ့ (Journey) ခရီးစဉ်တစ်ခုဖြစ်ပြီး ကလေးအနေနဲ့သာမက မိဘတွေအနေနဲ့လည်း စိတ်ရှည်ပေးဖို့ အလွန်အရေးကြီးပါတယ်။

🌟 ၂။ သင်တန်းတက်တဲ့အချိန်ထက် အိမ်မှာရှိတဲ့အချိန်က ပိုများပါတယ်

တစ်ပတ်ကို Piano Class တက်ချိန်က တစ်နာရီ သို့မဟုတ် နှစ်နာရီခန့်သာ ရှိနိုင်ပါတယ်။ ဒါပေမယ့် ကျန်တဲ့အချိန်အများစုကို ကလေးက အိမ်မှာ မိဘတွေနဲ့အတူ ကုန်ဆုံးနေပါတယ်။
ဒါကြောင့် မိဘတွေအနေနဲ့

* လေ့ကျင့်ဖို့ သင့်တော်တဲ့ အချိန်တစ်ခု သတ်မှတ်ပေးပါ။
* နေ့စဉ် ၁၅ မိနစ်၊ ၂၀ မိနစ်ပဲဖြစ်ဖြစ် ပုံမှန်လေ့ကျင့်တဲ့အလေ့အကျင့် ဖန်တီးပေးပါ။
* တစ်ခါတည်း အချိန်ကြာကြာ လေ့ကျင့်ခိုင်းတာထက် အချိန်တိုတိုနဲ့ ပုံမှန်လေ့ကျင့်နိုင်အောင် ကူညီပေးပါ။
* ကလေးတီးနေတဲ့ သီချင်းကို စိတ်ဝင်စားစွာ နားထောင်ပေးပါ။
* သမီးလေး၊ သားလေး တီးနေရင် မေမေဖေဖေတွေက လိုက်ဆိုပေးတာ၊ လက်ခုပ်တီးပြီး အားပေးတာမျိုး ပြုလုပ်ပေးပါ။

ဒီလို Music နဲ့ပတ်သက်တဲ့ ပျော်ရွှင်စရာ Environment လေးတစ်ခုကို ဖန်တီးပေးနိုင်ရင် ကလေးဟာ Piano ကို “လုပ်ရမယ့်အလုပ်တစ်ခု” လို့ မမြင်တော့ဘဲ “ပျော်ရွှင်စရာ လှုပ်ရှားမှုတစ်ခု” အဖြစ် စတင်ခံစားလာမှာ ဖြစ်ပါတယ်။

🌟 ၃။ Motivation က Pressure ထက် ပိုအရေးကြီးပါတယ်

ကလေးတွေကို

“သွားတီးတော့”
“မတီးရင် ဆရာဆူမယ်”
“ဘာလို့ အခုထိမရသေးတာလဲ”
“သူများကလေးတွေကတော့ ရနေပြီ”

ဆိုတဲ့ ဖိအားတွေနဲ့ Piano ကို ရေရှည်သင်ယူစေဖို့ မဖြစ်နိုင်ပါဘူး။ Piano ကို ရေရှည်ဆက်သင်နိုင်တဲ့ ကလေးတွေဟာ တီးချင်စိတ်နဲ့ သင်ယူချင်စိတ်ရှိနေတဲ့ ကလေးတွေ ဖြစ်ကြပါတယ်။ အဲဒီတီးချင်စိတ်ကို ဖန်တီးပေးနိုင်တာက ဆရာတစ်ယောက်တည်း မဟုတ်ပါဘူး။ မိဘတွေရဲ့အားပေးမှု၊ ချီးကျူးပေးမှု ၊ စိတ်ရှည်စွာ နားထောင်ပေးမှု၊ ကြိုးစားမှုကို အသိအမှတ်ပြုပေးမှု တွေက အလွန်အရေးကြီးပါတယ်။ တစ်ခါတလေ “ဒီနေ့ မနေ့ကထက် ပိုကောင်းလာတယ်နော်.... ”“သေချာကြိုးစားထားတာ မြင်ရတယ်...... ”“သားလေး၊ သမီးလေးက တော်လိုက်တာ......” ဆိုတဲ့ စကားလေးတစ်ခွန်းကတောင် ကလေးတစ်ယောက်အတွက် ကြီးမားတဲ့ Motivation ဖြစ်နိုင်ပါတယ်။ ရလဒ်ကိုပဲ ချီးကျူးခြင်းထက် ကလေးရဲ့ ကြိုးစားမှု၊ စိတ်ရှည်မှုနဲ့ ပုံမှန်လေ့ကျင့်မှုကိုပါ ချီးကျူးပေးဖို့ လိုအပ်ပါတယ်။

🌟 ၄။ ဘာကြောင့် Piano သင်ပြီး ၁ နှစ်၊ ၂ နှစ်ကြာပေမယ့် ထင်သလောက် မတိုးတက်တာလဲ?

ဒီအခြေအနေဟာ အကြောင်းရင်းတစ်ခုတည်းကြောင့် မဟုတ်ပါဘူး။

အများအားဖြင့်

* သင်ကြားနည်းစနစ် မသင့်တော်ခြင်း
* ကလေးရဲ့ အသက်နဲ့ အဆင့်အလိုက် သင့်တော်တဲ့ Lesson Plan မရှိခြင်း
* အိမ်မှာ ပုံမှန်မလေ့ကျင့်ခြင်း
* Practice Routine မရှိခြင်း
* မိဘရဲ့ ပူးပေါင်းပါဝင်မှု နည်းခြင်း
* ကလေးရဲ့ Motivation လျော့နည်းလာခြင်း တို့ကြောင့် ဖြစ်တတ်ပါတယ်။

Piano ဟာ Basic အဆင့်မှာ လွယ်ကူသလို ထင်ရပေမယ့် သီချင်းတစ်ပုဒ်ကို Rhythm မှန်အောင်၊ Timing ကောင်းအောင်၊ Emotion နဲ့ Expression ပါအောင် တီးနိုင်ဖို့ အချိန်၊ အတွေ့အကြုံနဲ့ လေ့ကျင့်မှုများစွာ လိုအပ်ပါတယ်။ အဲဒီအခက်အခဲတွေကို ဖြတ်ကျော်နေတဲ့အချိန်မှာ မိဘရဲ့ အားပေးမှုမရှိဘူး၊ အိမ်မှာ Practice မရှိဘူးဆိုရင် ကလေးဟာ “ငါ မတတ်ဘူး” “Piano က အရမ်းခက်တယ်” လို့ ထင်လာပြီး Piano ကို စတင်ငြီးငွေ့လာတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ ကလေးရဲ့ စိတ်ဝင်စားမှု ပျောက်ဆုံးသွားရင် ပြန်လည်တည်ဆောက်ဖို့ ပိုခက်ခဲလာနိုင်ပါတယ်။

🌟 ၅။ မိဘတွေအနေနဲ့ ဆရာက ဘာတွေ၊ ဘယ်လိုနည်းစနစ်နဲ့ သင်ပေးနေလဲဆိုတာ စိတ်ဝင်စားဖို့ လိုပါတယ်

ကလေးကို Piano သင်တန်းအပ်ပေးပြီးနောက် ဆရာက ဘာတွေသင်ပေးနေလဲ၊ ကလေးက ဘယ်အပိုင်းကို လေ့လာနေလဲ၊ ဘယ်လို Technique တွေကို လေ့ကျင့်နေလဲဆိုတာ မိဘတွေအနေနဲ့ အခြေခံအားဖြင့် သိရှိထားဖို့ လိုပါတယ်။

ဥပမာ

* ကလေးက Note Reading သင်နေတာလား
* Rhythm နဲ့ Timing လေ့ကျင့်နေတာလား
* Finger Technique နဲ့ Hand Position ကို ပြင်ဆင်နေတာလား
* Sight-reading လေ့ကျင့်နေတာလား
* သီချင်းတစ်ပုဒ်ကို အပိုင်းခွဲပြီး လေ့ကျင့်နေတာလား
* ဘယ်အပိုင်းတွေမှာ အခက်အခဲရှိနေလဲ
* အိမ်မှာ ဘယ်လို Practice လုပ်ပေးရမလဲ
ဆိုတာတွေကို စိတ်ဝင်စားစွာ မေးမြန်းသိရှိထားသင့်ပါတယ်။

ဒါဟာ ဆရာရဲ့ သင်ကြားမှုကို ဝင်ရောက်စွက်ဖက်ဖို့ ဒါမှမဟုတ် ကလေးကို မိဘကိုယ်တိုင် ဆရာတစ်ယောက်လို ပြန်သင်ပေးဖို့ မဟုတ်ပါဘူး။ အိမ်မှာ ဆရာညွှန်ကြားထားတဲ့ နည်းလမ်းနဲ့ ကိုက်ညီအောင် ကလေးကို ကူညီပေးနိုင်ဖို့ ဖြစ်ပါတယ်။ မိဘက သင်ကြားမှုကို စိတ်ဝင်စားပေးတဲ့အခါ ကလေးကလည်း “မေမေ၊ ဖေဖေက ငါသင်နေတဲ့အရာကို တန်ဖိုးထားတယ်” ဆိုတဲ့ ခံစားချက်ရရှိပြီး Piano သင်ယူမှုအပေါ် ပိုမိုတာဝန်ယူလာနိုင်ပါတယ်။

🌟နိဂုံးချုပ်အနေနဲ့ပြောရရင် Piano ဟာ လူတိုင်း သင်ယူနိုင်တဲ့ Skill တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် သင်ယူဖို့ထက် ရေရှည်တည်တံ့အောင် ဆက်လက်လေ့လာနိုင်ဖို့က ပိုခက်ခဲပါတယ်။ ကလေးရဲ့ Piano Journey ကို အောင်မြင်စေချင်ရင် သင်တန်းအပ်ပေးလိုက်ရုံနဲ့ မပြီးသေးပါဘူး။ ဆရာက ဘာတွေသင်ပေးနေလဲဆိုတာ စိတ်ဝင်စားပေးဖို့၊ အိမ်မှာ ဆရာညွှန်ကြားထားတဲ့နည်းလမ်းနဲ့ လေ့ကျင့်နိုင်အောင် ပံ့ပိုးပေးဖို့နဲ့ ကလေးရဲ့ ကြိုးစားမှုကို စိတ်ရှည်စွာ အားပေးဖို့ လိုအပ်ပါတယ်။

ဆရာရဲ့ မှန်ကန်တဲ့ လမ်းညွှန်မှု + မိဘရဲ့ နွေးထွေးပြီး သိရှိနားလည်တဲ့ ပံ့ပိုးမှု + ကလေးရဲ့ ပုံမှန်လေ့ကျင့်မှု

ဒီသုံးခု ပေါင်းစည်းတဲ့အခါမှာသာ ကလေးဟာ Piano ကို တကယ်ချစ်မြတ်နိုးလာပြီး တစ်ချိန်က “Piano သင်ခဲ့ဖူးတယ်” ဆိုတဲ့ အမှတ်တရတစ်ခုအဖြစ်သာ မကျန်တော့ဘဲ တစ်သက်တာ အသုံးဝင်မယ့် Skill တစ်ခုအဖြစ် ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။

07/07/2026

🎹 Theme from the Overture 🎶

A cheerful melody and another beautiful step forward in the piano journey.

So happy to see the confidence, focus, and musical expression growing with every performance. 👏

Keep playing and keep shining! 🎹

03/07/2026

A graceful performance of “A Time of Meditation” 🎹

This piece beautifully reflects calmness, focus, and inner peace. Through gentle melodies and thoughtful expression, the music creates a quiet moment to pause, breathe, and feel.

Proud to see such steady progress, patience, and musical growth in this performance.

30/06/2026

A peaceful and graceful performance of “Mariage d’amour” by our student. 🎹🌙

Every note carries a soft emotion, and this student is learning to play not only with the fingers, but also with feeling and musical expression.

So proud of this beautiful progress.

27/06/2026

Beautiful progress from our student in Japan.

Playing “Bake Me a Pie”
A short and lovely melody played with care and confidence.

Keep shining! ✨

25/06/2026

🎹 Arioso 🎶

So proud of our 5-year-old pianist! 💙
Her progress has been amazing. She has developed much stronger note sight-reading skills and can now follow the rhythm and timing with growing confidence. Every lesson, she becomes more independent and musical.

Great job! Keep practicing and enjoy the beautiful journey of music. 🌟

20/06/2026

Every melody tells a story, and today it’s Love Story by Indila.

Performed on the piano with passion and emotion by our talented student. We hope this beautiful melody touches your heart as much as it touched ours.

If you enjoyed this performance, don’t forget to like, share, and follow Richard Piano Class for more student performances and musical journeys. 🎹🎶

14/06/2026

🎹❤️ JESUS LOVE ME ❤️🎹

Happy Children’s Day!

Today, we’re happy to share a beautiful piano performance of “Jesus Loves Me” by one of our young students.

May this simple song remind every child that they are deeply loved by Jesus and always precious in His sight.

“Let the little children come to me…” — Mark 10:14

Happy Children’s Day! May God bless every child with love, joy, and a bright future. 💝


07/06/2026

A gentle love story told through music. 🌙✨
Our student performs “Love Theme” by Catherine Rollin, bringing out the beauty of a soft melody, warm expression, and a delicate singing tone.
A peaceful piece that reminds us: sometimes, love is found in the smallest moments. 🎹🤍

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Richard Piano Classผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ โรงเรียนนี้

ส่งข้อความของคุณถึง Richard Piano Class:

ทางลัด

แชร์