Sterling Burma Business Academy

Sterling Burma Business Academy

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Sterling Burma Business Academy, การศึกษา, Bangkok.

24/08/2026

Customer တွေကနေ့တိုင်း Brand အမျိုးမျိုး၊ Product အမျိုးမျိုးနဲ့ ထိတွေ့နေရတဲ့အတွက်ကိုယ့် Brand ကို တစ်ခါမြင်ရုံနဲ့ မှတ်မိနေဖို့က မလွယ်ကူနိုင်ပါဘူး။

ဒါကြောင့် Customer တွေသင့် Brand ကိုမှတ်မိလာအောင် စနစ်တကျ တည်ဆောက်ဖို့လိုအပ်ပါတယ်။

တည်ဆောက်ရမဲ့ အချက်တွေကတော့…

1️⃣ Brand ရဲ့ထူးခြားချက်ကို ရှင်းရှင်းလင်းလင်း သတ်မှတ်ပါ။

Customer ကသင့် Brand ကိုဘာကြောင့် မှတ်မိသင့်တာလဲ ဆိုတာကို သေချာသတ်မှတ်ဖို့ လိုအပ်ပါတယ်။ ဈေးသင့်တယ်၊ Quality ကောင်းတယ် ဆိုတာတွေကပြိုင်ဘက် Brand တွေလည်း လုပ်ပေးနိုင်ပါတယ်။ ဒါကြောင့်ကိုယ့် Brand ရဲ့အဓိကအားသာချက်နဲ့ ထူးခြားတဲ့တန်ဖိုးကို ရှင်းရှင်းလင်းလင်း သတ်မှတ်ထားဖို့လိုပါတယ်။

👉 ဘယ် Customer အတွက်လဲ၊
👉 ဘာပြဿနာကို ဖြေရှင်းပေးတာလဲ၊
👉 ပြိုင်ဘက်တွေထက် ဘာကွာခြားလဲ၊

ဒီအချက်တွေ ရှင်းလင်းနေမှ Customer ရဲ့စိတ်ထဲမှာ ကိုယ့် Brand အတွက် နေရာတစ်ခု အရယူနိုင်မှာပါ။

2️⃣ Brand Identity ကိုတစ်သမတ်တည်း ထားပါ။

Brand ကိုမှတ်မိစေဖို့ဆိုရင် Customer တွေက Brand ရဲ့ ပုံစံကို ထပ်ခါထပ်ခါတွေ့ဖို့ လိုအပ်ပါမယ်။ Logo၊ အရောင်၊ Font၊ Design Style၊ စကားပြောပုံနဲ့ Content ပုံစံတွေကို တစ်သမတ်တည်း ထားရှိခြင်းက Customer တွေရဲ့ မှတ်ဉာဏ်ထဲမှာ Brand ကိုပိုမိုမှတ်မိ လာစေပါတယ်။

3️⃣ အရောင်း Content တွေပဲတင်မနေပါနဲ့။

Content တိုင်းမှာ Product ရောင်းဖို့ပဲ ကြိုးစားနေမယ်ဆိုရင် Customer တွေက Brand ကိုမြင်တိုင်း စျေးပဲရောင်းနေတာလို့ ထင်သွားကြနိုင်ပါတယ်။ အဲ့ဒီလိုမဖြစ်ရအောင်

📌 အသုံးဝင်တဲ့ Knowledge Content တွေ၊

📌 Customer တွေရဲ့ပြဿနာကို ဖြေရှင်းပေးနိုင်တဲ့အကြောင်းအရာတွေ၊

📌 အသုံးချလို့ရတဲ့ Tips များနဲ့

📌 Brand ရဲ့အတွေ့အကြုံနဲ့ တန်ဖိုးထားမှု တွေကိုလည်း Content အနေနဲ့ မျှဝေပေးပါ။

Customer အတွက်အသုံးဝင်တဲ့ Brand ဖြစ်လာတဲ့အခါ Brand ကိုမှတ်မိဖို့လည်း ပိုလွယ်လာစေပါတယ်။

4️⃣ Customer နဲ့ပုံမှန်ထိတွေ့ပါ။

Brand တစ်ခုကို တစ်လတစ်ခါပဲမြင်ရပြီး နောက်တစ်ခါ အချိန်အတော်ကြာ မတွေ့ရဘူးဆိုရင် Customer ကမေ့သွားနိုင်ပါတယ်။ ဒါကြောင့် Social Media Content၊ Email၊ Promotion စတာတွေကနေ Customer နဲ့ပုံမှန်ထိတွေ့မှု ရှိနေဖို့လိုပါတယ်။

5️⃣ Customer အတွေ့အကြုံကို မမေ့ပါနဲ့။

Brand ကိုမှတ်မိစေတာ Marketing တစ်ခုတည်း မဟုတ်ပါဘူး။ Customer က Brand နဲ့တွေ့ဆုံတဲ့အချိန်တိုင်း ရရှိတဲ့အတွေ့အကြုံက Brand ကို သူတို့မှတ်ဉာဏ်ထဲမှာ ပိုခိုင်မာစေပါတယ်။ Customer Service ကောင်းခြင်း၊ မေးမြန်းချက်တွေကို မြန်မြန်ပြန်ဖြေခြင်း၊ ဝယ်ယူရလွယ်ကူခြင်း၊ ဝယ်ယူပြီးနောက် ဝန်ဆောင်မှုကောင်းခြင်းတွေက “ဒီ Brand ကောင်းတယ်” ဆိုတဲ့ခံစားချက်ကို ဖြစ်စေနိုင်ပါတယ်။

6️⃣ Customer ကိုမှတ်မိစရာတစ်ခု အမြဲပေးပါ။

Brand တစ်ခုမှာ Customer တွေအလွယ်တကူမှတ်မိနိုင်တဲ့ Signature တစ်ခုရှိရင် ပိုကောင်းပါတယ်။ ဥပမာ

✨ ထူးခြားတဲ့ Brand Message

✨ မှတ်မိလွယ်တဲ့ Tagline

✨ ထူးခြားတဲ့ Content Style

✨ Customer Service ပုံစံ

✨ ထူးခြားတဲ့ Packaging Experience စတာတွေက Customer ရဲ့စိတ်ထဲမှာ Brand ကိုအခြား Brand တွေနဲ့ ခွဲခြားပြီး မှတ်မိစေနိုင်ပါတယ်။

နောက်ဆုံးအရေးကြီးဆုံးအချက်ကတော့ Customer က ကိုယ့် Brand ကိုသိတာ ဍတစ်ခုနဲ့ မလုံလောက်ပါဘူး။ သူတို့မှာ လိုအပ်ချက်တစ်ခု ပေါ်လာတဲ့အချိန်တိုင်း သတိရတဲ့ Brand ကကိုယ့် Brand ဖြစ်လာဖို့လိုပါတယ်။

ဒါကြောင့် Brand တစ်ခုကို Customer တွေမြင်ဖူးတယ် ဆိုတဲ့အဆင့်ကနေ - မှတ်မိတယ် - ယုံကြည်တယ် - လိုအပ်တဲ့အခါ ပထမဆုံးသတိရတယ် - ရွေးချယ်တယ် ဆိုတဲ့အဆင့်တွေအထိ စနစ်တကျတည်ဆောက်သွားနိုင်ဖို့က အရေးကြီးပါတယ်။ Customer တွေရဲ့စိတ်ထဲမှာ နေရာတစ်ခုရရှိသွားတဲ့ Brand ဟာ ပြိုင်ဘက်တွေများလာလေလေ ပိုပြီးတန်ဖိုးရှိလာလေလေပဲဖြစ်ပါတယ်။

••••••••••••••••••••••••••••••••••••••••••••••••••

သင်ဟာစီးပွါးရေးလောကထဲကို အခုမှစတင်ဝင်ရောက်မည့်သူလား။ ဒါမှမဟုတ်လက်ရှိစတင်ထားတဲ့ စီးပွါးရေးကို အဆများစွာတိုးတက်စေဖို့ ဆန္ဒရှိသူလား။

ဒါဆို Sterling Burma Business Academy ကသင့်စီးပွါးလမ်းကြောင်းကိုလမ်းပြပေးဖို့ အသင့်ရှိနေပါပြီ။

စီးပွါးရေးလုပ်ဆောင်ရာမှာ လက်တွေ့အသုံးဝင်တဲ့ Training Courses များကို မိမိနဲ့ကိုက်ညီရာရွေးချယ်တက်ရောက်နိုင်ဖို့ Sterling Burma Business Academy ကို အခုပဲ Private Chat Box က တဆင့် ဆက်သွယ်လိုက်ပါ။

✅ TikTok - https://www.tiktok.com/.academy?_r=1&_t=ZS-92B8p6IDWr4

23/08/2026

လုပ်ငန်းခွင်မှာ Team တစ်ခုရဲ့ စွမ်းဆောင်ရည်ကောင်းဖို့ဆိုတာ ကျွမ်းကျင်ဝန်ထမ်းတွေရှိရုံနဲ့ မလုံလောက်ပါဘူး။

ဝန်ထမ်းတွေက ကိုယ့်အလုပ်ကို တာဝန်ယူပြီး စိတ်အားထက်သန်စွာ လုပ်ဆောင်ချင်လာဖို့ Motivation ကလည်း အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ဒါပေမယ့် Employee Motivation ဆိုတာလစာ ကောင်းကောင်းပေးလိုက်ရုံ၊ Bonus ပေးလိုက်ရုံနဲ့ ပြီးသွားတဲ့အရာတော့ မဟုတ်ပါဘူး။

ဒါဆိုတကယ် Motivation ကောင်းတဲ့ Team တစ်ခုရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေလဲဆိုတာ SBBA နဲ့အတူတူ လေ့လာကြည့်ကြရအောင်နော်။

1️⃣ ကိုယ့်အလုပ်ရဲ့ တန်ဖိုးကို နားလည်ခြင်း။

ဝန်ထမ်းတစ်ယောက်က အလုပ်ကို ဘာကြောင့်လုပ်နေရတာလဲဆိုတာကို ကိုယ်တိုင်နားလည်တဲ့အခါ အလုပ်အပေါ်မှာ ပိုမိုစိတ်ဝင်စားလာနိုင်ပါတယ်။ ကိုယ့်လုပ်ဆောင်ချက်က Team ရဲ့ ရည်မှန်းချက်နဲ့ ဘယ်လိုချိတ်ဆက်နေသလဲ၊ လုပ်ငန်းရလဒ်အပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိသလဲဆိုတာကို ရှင်းလင်းစွာသိထားဖို့လိုပါတယ်။ အလုပ်တစ်ခုရဲ့ ရည်ရွယ်ချက်ကို နားလည်လာတဲ့အခါ တာဝန်အရလုပ်တာကနေ အကျိုးရှိအောင်လုပ်ချင်တယ် ဆိုတဲ့အတွေးအခေါ်ဆီ ပြောင်းလာနိုင်ပါတယ်။

2️⃣ ကြိုးစားမှုကို အသိအမှတ်ပြုပေးခြင်း။

ဝန်ထမ်းတစ်ယောက်က အလုပ်ကောင်းကောင်းလုပ်တဲ့အခါ လစာတိုးပေးမှသာ အသိအမှတ်ပြုတာ မဟုတ်ပါဘူး။ ရိုးရှင်းတဲ့ ချိီးကျူးစကားလေး တစ်ခွန်းကတောင် Employee Motivation ကိုတိုးစေနိုင်ပါတယ်။ အထူးသဖြင့် ကိုယ့်ရဲ့ကြိုးစားမှုကို Management က မြင်တယ်၊ တန်ဖိုးထားတယ်ဆိုတဲ့ ခံစားချက်က ဝန်ထမ်းတွေအတွက် အလွန်အရေးကြီးပါတယ်။

3️⃣ ယုံကြည်မှုရှိတဲ့ လုပ်ငန်းခွင်။

ဝန်ထမ်းတွေက အမှားလုပ်မိတိုင်း အပြစ်တင်ခံရမယ်၊ ကိုယ့်အမြင်ကို ပြောလို့မရဘူးဆိုရင် ရေရှည်မှာ အလုပ်အပေါ် စိတ်အားထက်သန်မှု လျော့ကျလာနိုင်ပါတယ်။ အဲ့ဒီအစား

📌 ကိုယ်ပိုင်အမြင်ကို လွတ်လပ်စွာပြောနိုင်ခြင်း၊
📌 ပြဿနာရှိရင် ရိုးရိုးသားသားတင်ပြနိုင်ခြင်း၊
📌 အမှားကနေ သင်ယူခွင့်ရှိခြင်းနဲ့
📌 Team အတွင်း အပြန်အလှန်လေးစားမှုရှိခြင်း

စတဲ့ အခြေအနေတွေက ဝန်ထမ်းတွေအတွက် ပိုမိုကောင်းမွန်တဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ပါတယ်။

4️⃣ တိုးတက်နိုင်တဲ့ အခွင့်အလမ်းရှိခြင်း။

ဝန်ထမ်းတစ်ယောက်က “ဒီမှာအလုပ်လုပ်နေရင် ငါဘာတွေတိုးတက်လာမလဲ” ဆိုတာကို သိချင်ပါတယ်။ Training ပေးခြင်း၊ Skill အသစ်တွေ သင်ယူခွင့်ပေးခြင်း၊ တာဝန်အသစ်တွေကို စမ်းသပ်ခွင့်ပေးခြင်းနဲ့ Career Growth အတွက် လမ်းကြောင်းဖန်တီးပေးခြင်းတွေက Motivation ကိုတိုးစေနိုင်ပါတယ်။ Employee တစ်ယောက်ရဲ့ အနာဂတ်ကို အဖွဲ့အစည်းကလည်း စိတ်ဝင်စားပေးတယ်ဆိုတာ သိလာတဲ့အခါ အဖွဲ့အစည်းအပေါ် ယုံကြည်မှု ပိုမိုတိုးလာနိုင်ပါတယ်။

5️⃣ ရှင်းလင်းတဲ့ ရည်မှန်းချက်ရှိခြင်း။

ဝန်ထမ်းတွေအနေနဲ့ ဘယ်အလုပ်ကို ဘယ်အချိန်အတွင်း ဘယ်လောက်အထိ ပြီးမြောက်အောင်လုပ်ရမလဲ ဆိုတာ ရှင်းလင်းစွာသိထားဖို့လိုပါတယ်။ ရည်မှန်းချက်မရှင်းလင်းတဲ့ Team မှာဆိုရငိ

❌ ဘယ်အရာကို ဦးစားပေးရမလဲ မသိခြင်း၊
❌ ကိုယ့်ရဲ့စွမ်းဆောင်ရည် ကောင်း၊ မကောင်းမသိခြင်း၊
❌ အလုပ်တွေ ထပ်နေခြင်းနဲ့
❌ တာဝန်ယူမှု မရှင်းလင်းခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။

6️⃣ Manager ကောင်းတစ်ယောက်ရှိခြင်း။

Employee Motivation ကောင်းတဲ့ Team တွေရဲ့ နောက်ကွယ်မှာ Manager ရဲ့ Leadership Style ကလည်း အရေးကြီးပါတယ်။ Manager က အမြဲအမိန့်ပေးနေသူထက်

🤝 Team ကိုနားထောင်ပေးနိုင်သူ၊

💬 Feedback ကောင်းကောင်းပေးနိုင်သူ၊

🎯 ရည်မှန်းချက်ကို ရှင်းပြပေးနိုင်သူ၊

🌱 ဝန်ထမ်းတွေ တိုးတက်လာအောင် လမ်းညွှန်ပေးနိုင်သူ၊

👏 ကြိုးစားမှုကို အသိအမှတ်ပြုပေးနိုင်သူ ဖြစ်ဖို့လိုပါတယ်။

Employee Motivation ဆိုတာ Bonus တစ်ခု၊ လက်ဆောင်တစ်ခု၊ Promotion တစ်ခုနဲ့ပဲ ဖန်တီးလို့ရတဲ့အရာ မဟုတ်ပါဘူး။ လေးစားမှု + ယုံကြည်မှု + အသိအမှတ်ပြုမှု + တိုးတက်ခွင့် + ရှင်းလင်းတဲ့ရည်မှန်းချက် + ကောင်းမွန်တဲ့ Leadership ဒီအရာတွေ ပေါင်းစပ်လာတဲ့အခါ ဝန်ထမ်းတွေက အလုပ်ကို လစာရဖို့အတွက်ပဲ လုပ်တာမဟုတ်ပဲ Team ရဲ့ရည်မှန်းချက်ကို အတူတကွအောင်မြင်အောင် လုပ်ဆောင်ချင်တဲ့စိတ် ပိုမိုရှိလာနိုင်ပါတယ်။

Employee Motivation ကိုတိုးချင်ရင် ဝန်ထမ်းတွေကိုသာ ပြောင်းလဲဖို့မကြိုးစားပဲ Management နဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်ကိုပါ ပြန်လည်သုံးသပ်ဖို့လိုပါတယ်။

••••••••••••••••••••••••••••••••••••••••••••••••••

သင်ဟာစီးပွါးရေးလောကထဲကို အခုမှစတင်ဝင်ရောက်မည့်သူလား။ ဒါမှမဟုတ်လက်ရှိစတင်ထားတဲ့ စီးပွါးရေးကို အဆများစွာတိုးတက်စေဖို့ ဆန္ဒရှိသူလား။

ဒါဆို Sterling Burma Business Academy ကသင့်စီးပွါးလမ်းကြောင်းကိုလမ်းပြပေးဖို့ အသင့်ရှိနေပါပြီ။

စီးပွါးရေးလုပ်ဆောင်ရာမှာ လက်တွေ့အသုံးဝင်တဲ့ Training Courses များကို မိမိနဲ့ကိုက်ညီရာရွေးချယ်တက်ရောက်နိုင်ဖို့ Sterling Burma Business Academy ကို အခုပဲ Private Chat Box က တဆင့် ဆက်သွယ်လိုက်ပါ။

✅ TikTok - https://www.tiktok.com/.academy?_r=1&_t=ZS-92B8p6IDWr4

22/08/2026

🎯 လုပ်ငန်းတစ်ခုမှာ Quality ကောင်းဖို့ဆိုတာ Product ကောင်းတစ်ခုကို ထုတ်လုပ်နိုင်ရုံ၊ ဝန်ဆောင်မှုတစ်ခုကို အဆင်ပြေအောင်ပေးနိုင်ရုံနဲ့ မပြီးပါဘူး။

Customer တွေဘက်က မျှော်လင့်ထားတဲ့အရာကို မှန်မှန်ကန်ကန် ရရှိနိုင်ခြင်း၊ အမှားတွေကို လျှော့ချနိုင်ခြင်း၊ အလုပ်လုပ်ပုံတွေကို ပိုမိုထိရောက်အောင် ပြုပြင်နိုင်ခြင်းစတာတွေ အားလုံးက Quality Improvement (အရည်အသွေးမြှင့်တင်ခြင်း) နဲ့သက်ဆိုင်နေပါတယ်။

ဒါဆို Quality Improvement ဆိုတာ ဘာလဲ 🤔

အလွယ်ဆုံးပြောရရင် Quality Improvement ဆိုတာလက်ရှိလုပ်နေတဲ့ အလုပ်၊ Product ဒါမှမဟုတ် ဝန်ဆောင်မှုကို အရင်ကထက် ပိုကောင်းလာအောင် စနစ်တကျ ပြုပြင်တိုးတက်အောင်လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။

ဥပမာအားဖြင့် စားသောက်ဆိုင်တစ်ခုမှာ Customer တွေက စားကောင်းပေမဲ့ စောင့်ရတဲ့အချိန်က ကြာတယ်လို့ ပြောကြတယ်ဆိုပါစို့။ ဒီအခါမှာ ဝန်ထမ်းတွေကို အလုပ်မြန်မြန်လုပ်ပါလို့ ပြောရုံနဲ့ မပြီးပါဘူး။

👉 ဘယ်အဆင့်မှာ အချိန်အများဆုံးကြာနေလဲ❓

👉 Order လက်ခံတဲ့အပိုင်းမှာလား❓

👉 မီးဖိုချောင်မှာလား❓

👉 အစားအစာပို့ပေးတဲ့အပိုင်းမှာလား❓

ဆိုတာကို ရှာဖွေပြီး ပြဿနာဖြစ်ရတဲ့ အခြေခံအကြောင်းရင်းကို ပြုပြင်တာက Quality Improvement တစ်ခုပဲ ဖြစ်ပါတယ်။

ဒါ့အပြင် Quality Improvement ဆိုတာ Product ရဲ့အရည်အသွေးကိုပဲ မြှင့်တင်တာ မဟုတ်ပါဘူး။

📌အမှားဖြစ်ပြီးမှ ပြန်ပြင်တာထက် အမှားမဖြစ်စေဖို့အတွက် လုပ်ငန်းစဉ်ကို ပိုကောင်းအောင် ပြင်ဆင်ခြင်း။

📌 မလိုအပ်တဲ့အဆင့်တွေ၊ စောင့်ဆိုင်းချိန်တွေ၊ ထပ်ခါထပ်ခါလုပ်နေရတဲ့အလုပ်တွေကို လျှော့ချခြင်း။

📌 Customer တွေရဲ့လိုအပ်ချက်နဲ့ မျှော်လင့်ချက်တွေကို ပိုမိုကောင်းမွန်စွာ ဖြည့်ဆည်းပေးနိုင်အောင် ပြုပြင်ခြင်း။

📌 Customer ကို ပိုမိုမြန်ဆန်၊ တိကျပြီး အဆင်ပြေစွာ ဝန်ဆောင်မှုပေးနိုင်အောင် လုပ်ငန်းစဉ်ကို တိုးတက်အောင်လုပ်ခြင်း။

အစရှိတဲ့အရာတွေဟာလည်း Quality Improvement ပဲဖြစ်ပါတယ်။

Quality Improvement လုပ်တဲ့အခါ မိမိစိတ်အထင်နဲ့ ဆုံးဖြတ်တာထက် Data ကိုအသုံးပြုတာက ပိုကောင်းပါတယ်။ ဥပမာအားဖြင့် Customer Complaint များနေတဲ့အခါမှာ

✅ ဘယ်လို Complaint အမျိုးအစားက အများဆုံးလဲ၊

✅ ဘယ်အချိန်မှာ အများဆုံးဖြစ်လဲ၊

✅ ဘယ် Process မှာအမှား အများဆုံးဖြစ်လဲ

ဆိုတာတွေကို Data နဲ့ တိုက်စစ်ဆေးသင့်ပါတယ်။

ပြဿနာကို မှန်မှန်ကန်ကန်သိမှ မှန်ကန်တဲ့ ဖြေရှင်းနည်းကို ရွေးချယ်နိုင်မှာပါ။

🔄 Quality Improvement ဆိုတာ တစ်ကြိမ်လုပ်ပြီးတာနဲ့ ပြီးသွားတာမဟုတ်ပါဘူး။ နေ့စဉ်လုပ်ငန်းတွေထဲမှာ အလေ့အကျင့်ကို တဖြည်းဖြည်း တည်ဆောက်သွားတာ ဖြစ်ပါတယ်။ ဒါကြောင့် သေးငယ်တဲ့ Improvement လေးတွေကို ပုံမှန်ပြုလုပ်သွားရင် ရေရှည်မှာ ကြီးမားတဲ့ရလဒ်တွေ ရရှိလာနိုင်ပါတယ်။

ဒီလို အရည်အသွေးမြှင့်တင်တဲ့ အတွေးအခေါ်၊ ပြဿနာဖြေရှင်းနိုင်တဲ့ စွမ်းရည်နဲ့ လုပ်ငန်းစဉ်တိုးတက်အောင်လုပ်နိုင်တဲ့ ကျွမ်းကျင်မှုတွေဟာ ယနေ့ခေတ် Professional တစ်ယောက်အတွက် အရေးကြီးတဲ့ Business Skills တွေထဲက တစ်ခုဖြစ်လာနေပါတယ်။

••••••••••••••••••••••••••••••••••••••••••••••••••

သင်ဟာစီးပွါးရေးလောကထဲကို အခုမှစတင်ဝင်ရောက်မည့်သူလား။ ဒါမှမဟုတ်လက်ရှိစတင်ထားတဲ့ စီးပွါးရေးကို အဆများစွာတိုးတက်စေဖို့ ဆန္ဒရှိသူလား။

ဒါဆို Sterling Burma Business Academy ကသင့်စီးပွါးလမ်းကြောင်းကိုလမ်းပြပေးဖို့ အသင့်ရှိနေပါပြီ။

စီးပွါးရေးလုပ်ဆောင်ရာမှာ လက်တွေ့အသုံးဝင်တဲ့ Training Courses များကို မိမိနဲ့ကိုက်ညီရာရွေးချယ်တက်ရောက်နိုင်ဖို့ Sterling Burma Business Academy ကို အခုပဲ Private Chat Box က တဆင့် ဆက်သွယ်လိုက်ပါ။

✅ TikTok - https://www.tiktok.com/.academy?_r=1&_t=ZS-92B8p6IDWr4

21/08/2026

နေ့စဉ်လုပ်ငန်းတွေထဲမှာ မသိမသာဖြစ်နေတဲ့ Waste တွေက ဘာတွေလဲ 🗑️❓

တစ်ခါတလေမှာ ဝန်ထမ်းတွေက ပုံမှန်ထက် အလုပ်များနေတယ်၊ အချိန်ပိုလုပ်နေရတယ်၊ အလုပ်တွေမပြီးဘူးလို့ ခံစားနေရတာဟာ တကယ်တမ်းမှာတော့ အချိန်၊ လူအင်အားနဲ့ အရင်းအမြစ်တွေကို Customer အတွက် တန်ဖိုးမတိုးစေတဲ့ လုပ်ငန်းစဉ်တွေမှာ မသိမသာဖြုန်းတီးနေမိတာကြောင့် ဖြစ်နိုင်ပါတယ်။

Lean Six Sigma မှာဒီလိုမလိုအပ်ပဲ ဖြုန်းတီးနေတဲ့ လုပ်ဆောင်ချက်တွေကို Waste လို့ခေါ်ပါတယ်။

1️⃣ စောင့်ဆိုင်းနေရခြင်း (Waiting)

ရုံးလုပ်ငန်းမှာ အများဆုံးတွေ့ရတတ်တဲ့ Waste တစ်ခုက အချိန်စောင့်နေရခြင်း ဖြစ်ပါတယ်။

ဥပမာအားဖြင့်

📌 Approval ရဖို့စောင့်နေရခြင်း၊
📌 အခြားဌာနက Data ပို့ပေးဖို့ စောင့်နေရခြင်း၊
📌 Meeting စဖို့လူစုံအောင် စောင့်နေရခြင်းနဲ့
📌 System ပြဿနာကြောင့် အလုပ်ဆက်မလုပ်နိုင်ခြင်း

အဲ့ဒီလို စောင့်ဆိုင်းနေရတဲ့အချိန်တွေ စုပေါင်းလာတဲ့အခါ အလုပ်ပြီးချိန်ကို သိသိသာသာ ကြာမြင့်စေနိုင်ပါတယ်။

2️⃣ မလိုအပ်ပဲ အဆင့်များလုပ်နေရခြင်း (Overprocessing)

အလုပ်တစ်ခုပြီးဖို့ မလိုအပ်တဲ့အဆင့်တွေ ထပ်ထည့်ထားတာမျိုးဟာလည်း Waste တစ်ခုပဲဖြစ်ပါတယ်။ ဥပမာ Report တစ်ခုကို ဝန်ထမ်းတစ်ယောက်က ပြုလုပ်ပြီး နောက်ထပ်လူနှစ်ယောက်က တူညီတဲ့ Data ကို ထပ်မံစစ်ဆေးတာ၊ တူညီတဲ့ Information ကိုပဲ File အမျိုးမျိုးထဲမှာ ထပ်ခါထပ်ခါ ထည့်သွင်းနေရတာမျိုးတွေကို ပြောခြင်းဖြစ်ပါတယ်။

3️⃣ အမှားတွေကြောင့် အလုပ်ပြန်လုပ်ရခြင်း (Defects)

အမှားတစ်ခုဖြစ်တိုင်း အလုပ်ကို ပြန်လုပ်ရတာက အချိန်နဲ့ လူအင်အားကို ထပ်မံအသုံးပြုရစေပါတယ်။

ဥပမာအားဖြင့်

📌 Data မှားထည့်ခြင်း၊
📌 Customer Information မှားယွင်းခြင်း၊
📌 Report မှားယွင်းခြင်းနဲ့
📌 စာရွက်စာတမ်း မပြည့်စုံခြင်း တို့ဖြစ်ပါတယ်။

အမှားဖြစ်ပြီးမှ ပြင်ဆင်နေရတာထက် အမှားဖြစ်ရတဲ့ အခြေခံအကြောင်းရင်းကို ရှာဖွေပြီး ကြိုတင်ကာကွယ်နိုင်ဖို့ ပိုအရေးကြီးပါတယ်။

4️⃣ မလိုအပ်ပဲ သွားလာနေရခြင်း (Motion)

ဝန်ထမ်းတစ်ယောက်က အလုပ်တစ်ခုလုပ်ဖို့အတွက် မလိုအပ်ပဲ ထပ်ခါထပ်ခါ သွားလာနေရတာမျိုးဟာလည်း Waste ဖြစ်နိုင်ပါတယ်။ ဥပမာ - စာရွက်စာတမ်းယူဖို့ အခြားအခန်းကို အကြိမ်ကြိမ်သွားရခြင်း၊ File တွေကို စနစ်တကျမထားလို့ ရှာဖွေရင်း အချိန်ကုန်ခြင်း စတာတွေဟာ တစ်ကြိမ်ချင်းကြည့်ရင် အချိန်နည်းနည်းပဲ ကုန်တာဖြစ်ပေမဲ့ နေ့တိုင်းဖြစ်နေမယ်ဆိုရင် စုစုပေါင်းအချိန်က အများကြီး ဖြစ်လာနိုင်ပါတယ်။

5️⃣ မလိုအပ်တဲ့ပစ္စည်း၊ Data တွေ ဍအများကြီး သိမ်းထားခြင်း (Inventory)

Waste ဆိုတာ ပစ္စည်းတွေနဲ့ပဲ ဆိုင်တာမဟုတ်ပါဘူး။ ရုံးမှာ

📁 မလိုအပ်တော့တဲ့ File တွေ၊
📊 အသုံးမပြုတော့တဲ့ Data တွေ၊
📄 မလိုအပ်တဲ့ စာရွက်စာတမ်းတွေနဲ့
📦 မလိုအပ်ပဲ စုဆောင်းထားတဲ့ ရုံးသုံးပစ္စည်း

စတာတွေ ရှိနိုင်ပါတယ်။ အဲ့ဒီအရာတွေများလာတာနဲ့အမျှ ရှာဖွေ၊ စီမံ၊ ထိန်းသိမ်းဖို့အတွက် အချိန်နဲ့ အရင်းအမြစ်တွေ ပိုလိုအပ်လာပါတယ်။

6️⃣ အလုပ်တွေကို ထပ်ခါထပ်ခါ ပြန်လုပ်နေရခြင်း (Rework)

တစ်ခါလုပ်ပြီးတဲ့အလုပ်ကို Information မပြည့်စုံတာ၊ လမ်းညွှန်ချက်မရှင်းလင်းတာ ဒါမှမဟုတ် အမှားဖြစ်တာကြောင့် ပြန်လုပ်ရတာလည်း နေ့စဉ်လုပ်ငန်းတွေမှာ မသိမသာ ဖြစ်နေတတ်ပါတယ်။ တစ်ခါတည်း မှန်မှန်ကန်ကန်လုပ်နိုင်တဲ့ Process တစ်ခုကို တည်ဆောက်ခြင်းက ဒီလို Waste ကိုလျှော့ချနိုင်ပါတယ်။

7️⃣ လူ့စွမ်းရည်ကို အပြည့်အဝ အသုံးမချနိုင်ခြင်း

ဝန်ထမ်းတစ်ယောက်မှာရှိတဲ့ Knowledge၊ Skill နဲ့ အကြံဉာဏ်တွေကို အသုံးမချနိုင်တာလည်း Waste တစ်ခု ဖြစ်နိုင်ပါတယ်။ ဥပမာ ဝန်ထမ်းတစ်ယောက်က Process ကိုပိုကောင်းအောင်လုပ်နိုင်မဲ့ အကြံကောင်းရှိပေမယ့် ပြောဆိုခွင့်မရတာ၊ တာဝန်နဲ့ Skill မကိုက်ညီတဲ့အလုပ်တွေကိုပဲ လုပ်နေရတာမျိုး ဖြစ်ပါတယ်။ လူအင်အားကို အသုံးပြုနေတယ်ဆိုရုံနဲ့ မလုံလောက်ပါဘူး။ သူတို့ရဲ့အရည်အချင်းနဲ့ အတွေးအခေါ်တွေကိုပါ ထိရောက်စွာ အသုံးချနိုင်ဖို့လိုပါတယ်။

ရုံးလုပ်ငန်းမှာဆိုရင် တစ်ခါတလေ အလုပ်လုပ်နေရင်းနဲ့ကို Waste ဖြစ်နေတတ်ပါတယ်။ အလုပ်တစ်ခုကို ပိုများများလုပ်ဖို့ထက် မလိုအပ်တဲ့အလုပ်တွေကို ဖယ်ရှားပြီး လိုအပ်တဲ့အလုပ်တွေကို ပိုထိရောက်အောင်လုပ်နိုင်ဖို့က Lean Six Sigma ရဲ့အဓိကအတွေးအခေါ်တစ်ခု ဖြစ်ပါတယ်။ တစ်ခါတလေ လုပ်ငန်းရဲ့ စွမ်းဆောင်ရည်ကို တိုးတက်စေဖို့ အလုပ်အသစ်တွေ ထပ်ထည့်ဖို့မလိုပဲ မလိုအပ်တဲ့အလုပ်တွေကို ဖယ်ရှားလိုက်ရုံနဲ့တင် သိသိ
သာသာ တိုးတက်ပြောင်းလဲလာနိုင်ပါတယ်။

••••••••••••••••••••••••••••••••••••••••••••••••••

သင်ဟာစီးပွါးရေးလောကထဲကို အခုမှစတင်ဝင်ရောက်မည့်သူလား။ ဒါမှမဟုတ်လက်ရှိစတင်ထားတဲ့ စီးပွါးရေးကို အဆများစွာတိုးတက်စေဖို့ ဆန္ဒရှိသူလား။

ဒါဆို Sterling Burma Business Academy ကသင့်စီးပွါးလမ်းကြောင်းကိုလမ်းပြပေးဖို့ အသင့်ရှိနေပါပြီ။

စီးပွါးရေးလုပ်ဆောင်ရာမှာ လက်တွေ့အသုံးဝင်တဲ့ Training Courses များကို မိမိနဲ့ကိုက်ညီရာရွေးချယ်တက်ရောက်နိုင်ဖို့ Sterling Burma Business Academy ကို အခုပဲ Private Chat Box က တဆင့် ဆက်သွယ်လိုက်ပါ။

✅ TikTok - https://www.tiktok.com/.academy?_r=1&_t=ZS-92B8p6IDWr4

19/08/2026

ယနေ့ခေတ်မှာ လုပ်ငန်းအသစ်တစ်ခု စတင်ဖို့ထက် ပြိုင်ဘက်တွေများပြားနေတဲ့ ဈေးကွက်ထဲမှာ ကိုယ့် Brand ကို Customer တွေမှတ်မိပြီး ရွေးချယ်လာအောင်လုပ်ဖို့က ပိုပြီးစိန်ခေါ်မှုရှိလာပါတယ် 🎯

တူညီတဲ့ ကုန်ပစ္စည်းတွေ၊ တူညီတဲ့ ဈေးနှုန်းတွေ၊ တူညီတဲ့ Promotion တွေများလာတဲ့အခါ Product ကောင်းကြောင်းကို ကြေငြာရုံနဲ့ Brand တစ်ခုထင်ရှားလာဖို့ မလွယ်ကူတော့ပါဘူး။

ဒါဆိုပြိုင်ဘက်တွေ အများကြီးကြားထဲမှာကိုယ့် Brand ကို Customer တွေသတိထားမိပြီး ရွေးချယ်လာအောင် ဘယ်လိုလုပ်မလဲ❓

1️⃣ ကိုယ့် Brand ရဲ့ထူးခြားချက်ကို ရှင်းရှင်းလင်းလင်းဖော်ပြပါ။

Brand တစ်ခုဟာ လူသိများထင်ရှားဖို့အတွက် Product ကောင်းတာ ထုတ်ထားရုံတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။

👉 ဘာကို အထူးကောင်းမွန်စွာ ပေးနိုင်သလဲ၊

👉 ဘယ်လို Customer တွေအတွက် အထူးသင့်တော်သလဲ၊

👉 ပြိုင်ဘက် Brand တွေထက် ဘာကိုပိုကောင်းအောင် လုပ်ပေးနိုင်သလဲ ဆိုတာကို ရှင်းလင်းစွာ သတ်မှတ်ထားရပါမယ်။

2️⃣ ကိုယ့် Customer ကိုတိတိကျကျ သိအောင်လုပ်ပါ။

လူတိုင်းကိုကိုယ့် Customer ဖြစ်အောင်လုပ်ဖို့ ကြိုးစားမဲ့အစားကိုယ့် Brand ကိုတကယ်လိုအပ်တဲ့ Customer တွေကိုသာ ရှာဖွေသင့်ပါတယ်။ Customer ရဲ့ အသက်အရွယ်၊ လိုအပ်ချက်၊ စိတ်ဝင်စားမှု၊ ဝယ်ယူတဲ့အကြောင်းရင်းနဲ့ အခက်အခဲတွေကို နားလည်လာတဲ့အခါ သူတို့နဲ့ပိုမိုကိုက်ညီတဲ့ အကြောင်းအရာနဲ့ Marketing ကောင်းကောင်း ပြုလုပ်နိုင်လာမှာပါ။ Customer ကိုနားလည်လေလေ၊ Customer ရဲ့စိတ်ထဲမှာကိုယ့် Brand ကိုနေရာယူနိုင်လေလေပဲ ဖြစ်ပါတယ်။

3️⃣ Brand Message ကိုတစ်သမတ်တည်းထားပါ။

Brand ရဲ့ Page တစ်ခုမှာတစ်မျိုးပြောပြီး နောက်တစ်နေရာမှာ တစ်မျိုးပြောနေရင် Customer အတွက် Brand ရဲ့ပုံရိပ်က မရှင်းလင်းနိုင်တော့ပါဘူး။ ဒါကြောင့် Brand ရဲ့

📌 ပြောဆိုပုံ
📌 အသုံးပြုတဲ့စကားလုံး
📌 ပုံစံ
📌 အရောင်
📌 အကြောင်းအရာ
📌 Customer ကိုပေးချင်တဲ့ အဓိကတန်ဖိုး တွေကို တစ်သမတ်တည်း ထိန်းသိမ်းထားသင့်ပါတယ်။ ဒီလိုလုပ်ခြင်းအားဖြင့် Customer က Content တစ်ခုကို မြင်လိုက်တာနဲ့ “ဒါကဒီ Brand ပဲ” ဆိုပြီး မှတ်မိလာနိုင်ပါတယ်။

4️⃣ Product မရောင်းပဲ တန်ဖိုးကိုရောင်းပါ။

ပြိုင်ဘက်တွေနဲ့ ကွာခြားချင်ရင် Product ရဲ့ Features တွေကိုပဲ ထပ်ခါတလဲလဲ ပြောနေတာထက် Customer အတွက် ဘယ်လိုတန်ဖိုးဖန်တီးပေးနိုင်လဲ ဆိုတာကို ပြသဖို့လိုပါတယ်။

5️⃣ Customer အတွေ့အကြုံကို ထူးခြားအောင်လုပ်ပါ။

Brand တစ်ခုကို ထင်ရှားစေတာ Marketing တစ်ခုတည်းပဲ မဟုတ်ပါဘူး။ Customer က Brand နဲ့ စတင်ထိတွေ့တဲ့အချိန်ကနေ ဝယ်ယူပြီးတဲ့အချိန်အထိ ရရှိတဲ့အတွေ့အကြုံကလည်း Brand ရဲ့ပုံရိပ်ကို တည်ဆောက်ပေးပါတယ်။ ဝယ်ယူရလွယ်ကူခြင်း၊ ပြန်လည်ဖြေကြားပေးမှုကောင်းခြင်း၊ ဝယ်ယူပြီးနောက် ဝန်ဆောင်မှုကောင်းခြင်း စတာတွေက Customer ကို Brand နဲ့ရေရှည် ချိတ်ဆက်ထားစေနိုင်ပါတယ်။

6️⃣ ပြိုင်ဘက်ကို Copy မလုပ်ပဲ ကိုယ့်လမ်းကိုယ်ဖန်တီးပါ။

ပြိုင်ဘက် Brand တွေဘာလုပ်နေလဲဆိုတာ လေ့လာဖို့လိုအပ်တာ မှန်ပါတယ်။ ဒါပေမယ့် သူတို့လုပ်တာကို အတိအကျ လိုက်ကူးယူတာကတော့ကိုယ့် Brand ကို ထင်ရှားစေမှာမဟုတ်ပါဘူး။ ပြိုင်ဘက် Brand တွေဘာတွေကောင်းကောင်းလုပ်နေကြလဲဆိုတာ လေ့လာပြီး သူတို့မလုပ်သေးတာ ဘာရှိလဲ၊ Customer တွေရဲ့ မဖြေရှင်းရသေးတဲ့ လိုအပ်ချက်ကဘာလဲ ဆိုတာကိုရှာဖွေပြီးသာကိုယ့် Brand ရဲ့အားသာချက်အဖြစ် ဖန်တီးသင့်ပါတယ်။

ပြိုင်ဘက်များတဲ့ ဈေးကွက်ထဲမှာ Brand တစ်ခု ထင်ရှားဖို့ဆိုတာ Marketing ဘက်ဂျက်သုံးနိုင်တာ၊ Promotion အများဆုံးပေးနိုင်တာ တစ်ခုတည်းနဲ့ မဆုံးဖြတ်ပါဘူး။ ကိုယ့် Brand ကဘယ်သူတွေအတွက်လဲ၊ ဘာတန်ဖိုးပေးနိုင်လဲ၊ ဘာကြောင့်တခြား Brand တွေထက် ရွေးချယ်သင့်လဲ ဆိုတာကို Customer တွေရဲ့စိတ်ထဲမှာ ရှင်းလင်းစွာ နေရာယူနိုင်ဖို့က ပိုအရေးကြီးပါတယ်။

နောက်ဆုံးမှာ Customer တွေကလိုအပ်တာ ရှိတဲ့အခါကိုယ့် Brand ကိုပဲသတိရတဲ့အခါ ကိုယ့် Brand ဟာ ပြိုင်ဘက်တွေကြားထဲမှာ တကယ်ထင်ရှားလာပြီလို့ ဆိုနိုင်ပါတယ်။

••••••••••••••••••••••••••••••••••••••••••••••••••

သင်ဟာစီးပွါးရေးလောကထဲကို အခုမှစတင်ဝင်ရောက်မည့်သူလား။ ဒါမှမဟုတ်လက်ရှိစတင်ထားတဲ့ စီးပွါးရေးကို အဆများစွာတိုးတက်စေဖို့ ဆန္ဒရှိသူလား။

ဒါဆို Sterling Burma Business Academy ကသင့်စီးပွါးလမ်းကြောင်းကိုလမ်းပြပေးဖို့ အသင့်ရှိနေပါပြီ။

စီးပွါးရေးလုပ်ဆောင်ရာမှာ လက်တွေ့အသုံးဝင်တဲ့ Training Courses များကို မိမိနဲ့ကိုက်ညီရာရွေးချယ်တက်ရောက်နိုင်ဖို့ Sterling Burma Business Academy ကို အခုပဲ Private Chat Box က တဆင့် ဆက်သွယ်လိုက်ပါ။

✅ TikTok - https://www.tiktok.com/.academy?_r=1&_t=ZS-92B8p6IDWr4

17/08/2026

Management Level မှာရာထူးတစ်ခုရလာခြင်းဟာ Career တိုးတက်မှုရဲ့ အရေးကြီးတဲ့အဆင့် တစ်ခုပဲဖြစ်ပါတယ်။

Management Level ကိုရောက်လာတဲ့အခါ ကိုယ့်အလုပ်ကိုယ်လုပ်ရုံနဲ့ မပြီးတော့ပဲ ဝန်ထမ်းတွေကို ဦးဆောင်ရခြင်း၊ အလုပ်တွေကို စီမံရခြင်း၊ ဆုံးဖြတ်ချက်တွေချရခြင်း၊ ပြဿနာတွေကို ဖြေရှင်းရခြင်းဆိုတဲ့ တာဝန်တွေပိုများလာပါတယ်။

ဒီလိုအခြေအနေမှာ မသိမသာပြုလုပ်မိတဲ့ အမှားတွေက အဖွဲ့စွမ်းဆောင်ရည်နဲ့ လုပ်ငန်းရလဒ်တွေကိုပါ ထိခိုက်စေနိုင်ပါတယ်။ အဲ့ဒီအမှားတွေကတော့…

1️⃣ တာဝန်အားလုံးကို ကိုယ်တိုင်လုပ်ဖို့ ကြိုးစားခြင်း။

Management Level ကိုရောက်လာတဲ့အခါ ကိုယ်တိုင်လုပ်မှ ပိုကောင်းမယ်ဆိုတဲ့အတွေးနဲ့ တာဝန်တိုင်းကိုကိုယ်တိုင် ဝင်လုပ်နေတတ်ပါတယ်။ ဒါပေမယ့် ကိုယ့်ရဲ့ အဓိကတာဝန်က အရာအားလုံးကို ကိုယ်တိုင်လုပ်ဖို့မဟုတ်ပဲ ဝန်ထမ်းတွေကို ကောင်းကောင်းအလုပ်လုပ်နိုင်အောင် စီမံပေးဖို့သာ ဖြစ်ပါတယ်။ တာဝန်တွေကို သင့်တော်တဲ့ ဝန်ထမ်းတွေဆီမျှဝေပေးခြင်း၊ သူတို့ကို လိုအပ်တဲ့အတိုင်း လမ်းညွှန်ပေးခြင်းနဲ့ ယုံကြည်ပေးခြင်းတွေက Management Skill ရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတွေပဲ ဖြစ်ပါတယ်။

2️⃣ ဝန်ထမ်းတိုင်းကို တစ်ပုံစံတည်း စီမံခန့်ခွဲခြင်း။

ဝန်ထမ်းတစ်ယောက်နဲ့တစ်ယောက်ရဲ့ အတွေ့အကြုံ၊ ကျွမ်းကျင်မှု၊ အလုပ်လုပ်ပုံနဲ့ လှုံ့ဆော်ရတဲ့အရာတွေက မတူနိုင်ပါဘူး။ လူတိုင်းကို တစ်ပုံစံတည်း စီမံခန့်ခွဲဖို့ကြိုးစားမယ်ဆိုရင် တချို့ဝန်ထမ်းတွေအတွက် အလုပ်ဖြစ်ပေမဲ့ တချို့တွေအတွက်တော့ ထိရောက်မှုမရှိနိုင်ပါဘူး။ Management Level မှာရှိနေသူတစ်ယောက်ဟာ လူတိုင်းကို တူညီစွာဆက်ဆံရုံသာမက လူတစ်ဦးချင်းစီရဲ့ လိုအပ်ချက်ကို နားလည်ပြီး သင့်တော်တဲ့နည်းလမ်းနဲ့ ဦးဆောင်နိုင်သူ ဖြစ်ရပါမယ်။

3️⃣ Feedback မပေးခြင်း၊ ပြဿနာဖြစ်မှပဲ ပြောခြင်း။

ဝန်ထမ်းတစ်ယောက် အမှားလုပ်တဲ့အခါမှသာ ပြောဆိုတာ၊ Performance မကောင်းတဲ့အခါမှသာ Feedback ပေးတာမျိုးက Team တိုးတက်မှုကို နှောင့်နှေးစေနိုင်ပါတယ်။ ဝန်ထမ်းတွေအလုပ်လုပ်ရာမှာ ဘာကောင်းနေသလဲ၊ ဘာကိုပိုကောင်းအောင်လုပ်နိုင်သလဲ၊ ဘာတွေပြင်ဆင်သင့်သလဲဆိုတာကို ပုံမှန်ဆွေးနွေးပေးနိုင်မှ ဝန်ထမ်းတွေက ကိုယ့်ရဲ့အားသာချက်နဲ့ အားနည်းချက်တွေကို သိရှိပြီး တိုးတက်အောင် လုပ်ဆောင်လာနိုင်မှာပါ။

4️⃣ ဆုံးဖြတ်ချက်တိုင်းကို အလွန်အကျွံ ထိန်းချုပ်ခြင်း။

Management Level ရောက်တာနဲ့ အဖွဲ့ရဲ့အလုပ်အသေးစိတ်တိုင်းကို လိုက်ကြည့်နေရတာ မဟုတ်ပါဘူး။ ဝန်ထမ်းတစ်ယောက်ကို ဘယ်အချိန်မှာ ဘာလုပ်ရမယ် ဆိုတာကအစ အရာအားလုံးကို လိုက်ထိန်းချုပ်နေမယ်ဆိုရင် ဝန်ထမ်းတွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်း၊ တာဝန်ယူမှုနဲ့ ယုံကြည်မှုတွေကို လျော့ကျစေနိုင်ပါတယ်။
ကိုယ့်တာဝန်က အရာအားလုံးကို ထိန်းချုပ်ဖို့မဟုတ်ပဲ ရည်မှန်းချက်နဲ့ လမ်းညွှန်ချက်တွေကို ရှင်းလင်းစွာပေးပြီး အဖွဲ့ကိုကိုယ်တိုင် လုပ်ဆောင်ခွင့်ပေးဖို့ ဖြစ်ပါတယ်။

5️⃣ ရေရှည်အမြင်မရှိပဲ နေ့စဉ်ပြဿနာတွေကိုသာ ဖြေရှင်းနေခြင်း။

Management Level မှာနေ့စဉ်ပြဿနာတွေကို ဖြေရှင်းနိုင်တာက အရေးကြီးပါတယ်။ ဒါပေမယ့် နေ့စဉ်အလုပ်တွေနဲ့ ပြဿနာတွေနောက်ကိုပဲ လိုက်ဖြေရှင်းနေရင် ရေရှည်လုပ်ငန်းရည်မှန်းချက်တွေကို မျက်ခြေပြတ်သွားနိုင်ပါတယ်။

📌 လက်ရှိပြဿနာကို ဘယ်လိုဖြေရှင်းမလဲ၊

📌 နောက်တစ်ကြိမ် ဒီပြဿနာမဖြစ်အောင် ဘာလုပ်မလဲ၊

📌 Team ကိုဘယ်လို တိုးတက်အောင်လုပ်မလဲ၊

📌 လုပ်ငန်းရဲ့ ရေရှည်ရည်မှန်းချက်အတွက် ဘာတွေပြင်ဆင်ထားသင့်လဲ ဆိုတာတွေကိုပါ စဉ်းစားဖို့လိုအပ်ပါတယ်။

💡 Management ဆိုတာက ရာထူးတစ်ခုထက်ပိုပါတယ်။ Team ကို နားလည်ပေးနိုင်ခြင်း၊ တာဝန်ခွဲဝေပေးနိုင်ခြင်း၊ ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်ခြင်း၊ Feedback ပေးနိုင်ခြင်းနဲ့ လူတွေရဲ့ အရည်အချင်းတွေ တိုးတက်လာအောင် ဦးဆောင်ပေးနိုင်ခြင်းတွေက Management ရဲ့အဓိကအချက်တွေ ဖြစ်ပါတယ်။ ဒါကြောင့် Management Level ကို ရောက်လာပြီဆိုရင် ကိုယ့်ရဲ့ Management Skill တွေကိုလည်း အမြဲတမ်း တိုးတက်အောင် လုပ်ဆောင်သင့်ပါတယ်။

••••••••••••••••••••••••••••••••••••••••••••••••••

သင်ဟာစီးပွါးရေးလောကထဲကို အခုမှစတင်ဝင်ရောက်မည့်သူလား။ ဒါမှမဟုတ်လက်ရှိစတင်ထားတဲ့ စီးပွါးရေးကို အဆများစွာတိုးတက်စေဖို့ ဆန္ဒရှိသူလား။

ဒါဆို Sterling Burma Business Academy ကသင့်စီးပွါးလမ်းကြောင်းကိုလမ်းပြပေးဖို့ အသင့်ရှိနေပါပြီ။

စီးပွါးရေးလုပ်ဆောင်ရာမှာ လက်တွေ့အသုံးဝင်တဲ့ Training Courses များကို မိမိနဲ့ကိုက်ညီရာရွေးချယ်တက်ရောက်နိုင်ဖို့ Sterling Burma Business Academy ကို အခုပဲ Private Chat Box က တဆင့် ဆက်သွယ်လိုက်ပါ။

✅ TikTok - https://www.tiktok.com/.academy?_r=1&_t=ZS-92B8p6IDWr4

16/08/2026

Lean Six Sigma လို့ပြောလိုက်ရင် စက်ရုံ၊ကုန်ထုတ်လုပ်ရေးလုပ်ငန်းတွေနဲ့ပဲ ဆိုင်တယ်လို့ ထင်တတ်ကြပါတယ်။ တကယ်တော့ Lean Six Sigma ကို Office Work တွေမှာလည်း ထိရောက်စွာအသုံးချနိုင်ပါတယ်။

နေ့စဉ်ရုံးလုပ်ငန်းမှာ Email ပြန်တာ၊ Report ပြင်တာ၊ Meeting တက်တာ၊ Data ရှာတာ၊ Approval စောင့်တာ၊ စာရွက်စာတမ်းလုပ်တာ စတဲ့အလုပ်တွေကို နေ့တိုင်းလုပ်နေရပေမဲ့ရလဒ်က ထင်ထားသလောက် မကောင်းတာမျိုးကြုံရတတ်ပါတယ်။

ဒီလိုအခြေအနေမှာ Lean Six Sigma ရဲ့ဒီအတွေးအခေါ် တွေကိုအသုံးချနိုင်ပါတယ်။

1️⃣ အရင်ဆုံး လုပ်ငန်းစဉ်ကိုကြည့်ပါ။

အလုပ်တစ်ခုမပြီးတာနဲ့ ဝန်ထမ်းကိုအပြစ်တင်မဲ့အစား အလုပ်ပြီးမြောက်တဲ့အထိ ဘယ်လိုအဆင့်တွေနဲ့ လုပ်နေလဲဆိုတာကို အရင်ကြည့်သင့်ပါတယ်။ Customer တစ်ယောက်ရဲ့ တောင်းဆိုချက်ကို ဖြေရှင်းဖို့အတွက် Customer ကတဆင့် ဝန်ထမ်း - အဖွဲ့ခေါင်းဆောင် - မန်နေဂျာ - အခြားဌာန - ပြန်လည်အတည်ပြုခြင်း စသဖြင့် အဆင့်တွေအများကြီး ဖြတ်သန်းနေရရင် အချိန်ကြာနေရတဲ့ အကြောင်းရင်းဟာ ဝန်ထမ်းတစ်ယောက်ရဲ့ အလုပ်လုပ်နှုန်းကြောင့်မဟုတ်ပဲ လုပ်ငန်းစဉ်ကိုယ်တိုင်က ရှုပ်ထွေးနေတာဖြစ်နိုင်ပါတယ်။

2️⃣ အချိန်ကြာစေတဲ့အရာတွေကို ရှာပါ။

ရုံးလုပ်ငန်းမှာ မလိုအပ်ပဲကုန်နေတဲ့ အချိန်တွေအများကြီး ရှိနိုင်ပါတယ်။ ဥပမာ Approval စောင့်နေရခြင်း၊ တူညီတဲ့ Data ကိုအကြိမ်ကြိမ်ထည့်နေရခြင်း၊ မလိုအပ်တဲ့ Meeting များခြင်း၊ File ရှာဖို့ အချိန်အများကြီးကုန်ခြင်း၊ မလိုအပ်တဲ့ Report တွေ ပြုလုပ်နေရခြင်း၊ ဌာနတစ်ခုနဲ့တစ်ခုကြား Information ပေးပို့မှု နှောင့်နှေးခြင်း အစရှိတဲ့အရာတွေကို ရှာဖွေဖော်ထုတ်ပြီး လျှော့ချနိုင်ရင် အလုပ်ကို ပိုမိုမြန်ဆန်ပြီး ထိရောက်အောင် လုပ်နိုင်လာမှာဖြစ်ပါတယ်။

3️⃣ Office Work ထဲက Waste တွေကိုဖော်ထုတ်ပါ။

Lean ရဲ့အဓိကအယူအဆတစ်ခုက Customer အတွက် တန်ဖိုးမဖြစ်စေတဲ့ အလုပ်တွေကို လျှော့ချခြင်းဖြစ်ပါတယ်။ ဝန်ထမ်းတစ်ယောက်က Report တစ်ခုကို ပြုလုပ်ပြီး နောက်ထပ်ဌာနတစ်ခုက အဲဒီ Data ကိုပဲ ပြန်လည်ကူးယူပြီး နောက်ထပ် Report တစ်ခု ပြုလုပ်နေရတယ်ဆိုရင် အချိန်နဲ့လူအင်အားကို မလိုအပ်ပဲ အသုံးပြုနေရတာ ဖြစ်နိုင်ပါတယ်။ ဒီလို ထပ်တလဲလဲလုပ်နေရတဲ့အလုပ်တွေကို ဖော်ထုတ်ပြီး တစ်ကြိမ်ထည့်သွင်းထားတဲ့ Data ကို လိုအပ်တဲ့နေရာတွေမှာ ပြန်လည်အသုံးချနိုင်အောင် စနစ်တကျပြင်ဆင်ခြင်းက ရုံးလုပ်ငန်းစဉ်တွေကို မြန်ဆန်တိုးတက်စေပါတယ်။

4️⃣ ပြဿနာဖြစ်ရတဲ့ အခြေခံအကြောင်းရင်းကိုရှာပါ။

ရုံးမှာပြဿနာတစ်ခုဖြစ်တိုင်း ဘာကြောင့်ဒီပြဿနာက ထပ်ခါထပ်ခါ ဖြစ်နေရတာလဲဆိုတာကို ရှာဖွေဖို့လိုပါတယ်။ Report တွေ အမြဲမှားနေတယ်ဆိုရင်

👉 Data ရရှိတဲ့နေရာမှာ အမှားရှိလား၊

👉 ဖြည့်သွင်းရမယ့် Format မရှင်းလင်းဘူးလား၊

👉 လုပ်ငန်းစဉ်မှာ အဆင့်တစ်ခု လွတ်နေတာလား၊

👉 စစ်ဆေးပေးမယ့် စနစ်မရှိတာလား

ဆိုတာတွေကို ဆက်လက်စစ်ဆေးသင့်ပါတယ်။ Process ရဲ့အားနည်းချက်ကို ရှာဖွေခြင်းက ရေရှည်ပြဿနာဖြေရှင်းနိုင်ဖို့ ပိုအရေးပါ ပါတယ်။

5️⃣ ခန့်မှန်းပြီးမဆုံးဖြတ်ပဲ Data ကိုအသုံးပြုပါ။

“ဒီအလုပ်က အချိန်ကြာနိုင်တယ်” လို့ထင်တာထက်

“ပုံမှန်အားဖြင့် ဘယ်နှစ်ရက်ကြာလဲ”

“ဘယ်အဆင့်မှာ အချိန်အများဆုံးကုန်လဲ”

“တစ်လအတွင်း ဘယ်နှစ်ကြိမ် အမှားဖြစ်လဲ”

ဆိုတာတွေကို Data နဲ့တိုင်းတာကြည့်သင့်ပါတယ်။ Data ရှိလာတဲ့အခါ ဘယ်နေရာမှာ ပြဿနာအများဆုံးဖြစ်နေလဲဆိုတာ ပိုမိုရှင်းလင်းလာပြီး ဘယ်အရာကို အရင်ဆုံးပြင်သင့်လဲ ဆိုတာကိုလည်း ပိုကောင်းစွာ ဆုံးဖြတ်နိုင်ပါတယ်။

6️⃣ အလုပ်လုပ်ပုံကို တဖြည်းဖြည်း တိုးတက်အောင်လုပ်ပါ။

Lean Six Sigma ရဲ့အဓိကအတွေးအခေါ်က တစ်ကြိမ်တည်းနဲ့ အရာအားလုံးကို ပြောင်းလဲပစ်ဖို့မဟုတ်ပါဘူး။ နေ့စဉ်လုပ်ငန်းခွင်မှာ သေးငယ်တဲ့တိုးတက်မှုတွေကို အမြဲတမ်းပြုလုပ်သွားဖို့ ဖြစ်ပါတယ်။

📌 Meeting တစ်ခုကို ၁ နာရီကနေ ၃၀ မိနစ်အထိ လျှော့ချခြင်း၊

📌 ထပ်ခါထပ်ခါလုပ်နေရတဲ့ Excel အလုပ်ကို ပုံစံတစ်ခုနဲ့ စနစ်တကျလုပ်ခြင်း၊

📌 File တွေကို ရှာရလွယ်အောင် Folder စနစ်တကျထားခြင်းနဲ့

📌 Approval အတွက် မလိုအပ်တဲ့အဆင့်တွေကို ဖယ်ရှားခြင်း စတဲ့သေးငယ်တဲ့ ပြောင်းလဲမှုတွေက ရုံးရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို သိသိသာသာ တိုးတက်စေနိုင်ပါတယ်။

Lean Six Sigma ဆိုတာစက်ရုံတွေအတွက်ပဲ အသုံးဝင်တဲ့ နည်းလမ်းမဟုတ်ပါဘူး။ ရုံးမှာနေ့စဉ်လုပ်နေရတဲ့ Report, Email, Meeting, Data Entry, Approval, Customer Service နဲ့အခြားလုပ်ငန်းစဉ်တွေကို ပိုမိုထိရောက်အောင် ပြုလုပ်ဖို့လည်း အသုံးချနိုင်ပါတယ်။ ဒါကြောင့် Lean Six Sigma ကိုနားလည်ထားတဲ့ Professional တစ်ယောက်ဟာ ကိုယ့်အလုပ်ကိုပဲ ကောင်းကောင်းလုပ်နိုင်တာမဟုတ်ပဲ လုပ်ငန်းစဉ်တွေကို မြင်နိုင်၊ ပြဿနာရဲ့အကြောင်းရင်းကိုရှာနိုင်ပြီး အလုပ်လုပ်ပုံကို ပိုမိုထိရောက်အောင် တိုးတက်စေနိုင်ပါတယ်။

••••••••••••••••••••••••••••••••••••••••••••••••••

သင်ဟာစီးပွါးရေးလောကထဲကို အခုမှစတင်ဝင်ရောက်မည့်သူလား။ ဒါမှမဟုတ်လက်ရှိစတင်ထားတဲ့ စီးပွါးရေးကို အဆများစွာတိုးတက်စေဖို့ ဆန္ဒရှိသူလား။

ဒါဆို Sterling Burma Business Academy ကသင့်စီးပွါးလမ်းကြောင်းကိုလမ်းပြပေးဖို့ အသင့်ရှိနေပါပြီ။

စီးပွါးရေးလုပ်ဆောင်ရာမှာ လက်တွေ့အသုံးဝင်တဲ့ Training Courses များကို မိမိနဲ့ကိုက်ညီရာရွေးချယ်တက်ရောက်နိုင်ဖို့ Sterling Burma Business Academy ကို အခုပဲ Private Chat Box က တဆင့် ဆက်သွယ်လိုက်ပါ။

✅ TikTok - https://www.tiktok.com/.academy?_r=1&_t=ZS-92B8p6IDWr4

15/08/2026

လုပ်ငန်းတစ်ခုမှာ ရောင်းအားကျလာတဲ့အခါ အလွယ်ကူဆုံးဖြေရှင်းနည်းအဖြစ် Discount ပေးတဲ့နည်းလမ်းကို လုပ်ဆောင်တတ်ကြပါတယ်။

ဒါပေမယ့် ရောင်းအားကျတိုင်း ဈေးလျှော့ရောင်းနေမယ်ဆိုရင် လုပ်ငန်းအတွက် ရေရှည်ကောင်းမွန်တဲ့နည်းလမ်း မဟုတ်တော့ပါဘူး။ ဈေးလျှော့ရောင်းတာများလာရင် အမြတ်အစွန်းလျော့နည်းလာနိုင်သလို၊ Customer တွေကလည်း ပုံမှန်ဈေးနဲ့မဝယ်တော့ပဲ Discount ရှိမှ ဝယ်တဲ့အလေ့အကျင့် ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် ဒီနေ့မှာ SBBA ကနေ Customer တွေကို Discount မပေးပဲကိုယ့် Product ကိုဝယ်ချင်လာအောင် ဘယ်လိုလုပ်မလဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ် 😇

1️⃣ Customer ရဲလိုအပ်ချက်ကို အရင်နားလည်ပါ။

Customer ကိုစျေးရောင်းရဖို့အတွက် Product အကြောင်းကိုပဲ ပြောနေမယ့်အစား Customer ရဲ့ လိုအပ်ချက်နဲ့ပြဿနာကို အရင်နားလည်ဖို့လိုပါတယ်။ Customer ကဘာလိုချင်တာလဲ၊ ဘာပြဿနာကို ဖြေရှင်းချင်တာလဲ၊ ဘာကြောင့် ဒီ Product ကိုရှာနေတာလဲ အစရှိတဲ့ အချက်တွေကို သိရှိနိုင်ရင် Customer ရဲ့လိုအပ်ချက်နဲ့ ကိုယ့် Product ရဲ့တန်ဖိုးကို တိုက်ရိုက်ချိတ်ဆက်ပြီး ပြောပြနိုင်မှာဖြစ်ပါတယ်။

2️⃣ Product ရဲ့အကျိုးကျေးဇူးကို ထိရောက်စွာဖော်ပြပါ။

Customer က Product တစ်ခုကိုဝယ်တဲ့အခါ Product ကိုဝယ်တာထက် အဲဒီ့ Product ကပေးနိုင်မဲ့ အကျိုးကျေးဇူးကို ဝယ်တာဖြစ်ပါတယ်။ ဒါကြောင့် Product ကိုရောင်းချတဲ့အခါ

👉 Customer အတွက် ဘာအကျိုးရှိမလဲ၊
👉 ဘယ်လိုအချိန်ကုန်သက်သာစေမလဲ၊
👉 ဘယ်လိုပြဿနာကို ဖြေရှင်းပေးနိုင်မလဲ၊
👉 ဘာကြောင့် တခြား Product တွေထက် ဒါကိုရွေးချယ်သင့်တာလဲ ဆိုတာတွေကို ရှင်းပြပေးပါ။ ဈေးကိုလျှော့ရောင်းတာထက် Customer ဘက်ကရရှိမဲ့အကျိုးကျေးဇူးကို ပိုမိုရှင်းလင်းအောင် ပြောပြနိုင်ခြင်းက ပိုအရေးကြီးပါတယ်။

3️⃣ Customer ယုံကြည်မှုကို တည်ဆောက်ပါ။

Customer တစ်ယောက်က Product ကိုမဝယ်ခင်မှာ ယုံကြည်ရတဲ့ Brand ဟုတ်၊မဟုတ်ဆိုတာကို စဉ်းစားတတ်ပါတယ်။ ဒါကြောင့် Customer Review တွေ၊ အရင်ဝယ်ယူဖူးသူတွေရဲ့ အတွေ့အကြုံတွေ၊ အသုံးပြုပြီးရရှိတဲ့ရလဒ်တွေကို သင့်တော်သလို ပြသပေးနိုင်ရပါမယ်။ အဲ့ဒီအရာတွေက Customer အသစ်တွေရဲ့ ယုံကြည်မှုကို တည်ဆောက်ပေးနိုင်ပါတယ်။

4️⃣ Customer Experience ကိုပိုကောင်းအောင်လုပ်ပါ။

ရောင်းအားတက်ဖို့ Product ကောင်းရုံနဲ့ မလုံလောက်ပါဘူး။ Customer က Page ကိုစတင်တွေ့ရှိတဲ့အချိန်ကနေစပြီး မေးမြန်းတဲ့အချိန်၊ ဝယ်ယူတဲ့အချိန်၊ ဝယ်ယူပြီးတဲ့နောက်ပိုင်းအထိ ရရှိတဲ့အတွေ့အကြုံအားလုံးက အရေးကြီးပါတယ်။

📌 Customer ကမေးမြန်းတဲ့အခါ မြန်မြန်ဆန်ဆန် ပြန်လည်ဖြေကြားပေးခြင်း၊

📌 အချက်အလက်တွေကို ရှင်းလင်းစွာပေးခြင်း၊

📌 ဝယ်ယူရလွယ်ကူအောင် စီစဉ်ပေးခြင်းနဲ့

📌 ရောင်းချပြီးနောက် ဝန်ဆောင်မှုပေးခြင်း

စတာတွေက Customer ကိုပိုမိုစိတ်ကျေနပ်စေပြီး နောက်တစ်ကြိမ်ပြန်လာဖို့ အခွင့်အလမ်းကို တိုးစေပါတယ်။

5️⃣ Discount အစားအကျိုးရလဒ်ပိုပေးပါ။

ဈေးနှုန်းကို လျှော့ပေးတာတစ်ခုတည်း လုပ်မဲ့အစား Customer ရရှိမဲ့အကျိုးကျေးဇူးကို ပိုတိုးပေးတဲ့နည်းလမ်းကို အသုံးပြုသင့်ပါတယ်။

🎁 အပိုဝန်ဆောင်မှု၊
🎁 အခမဲ့ ဆွေးနွေးတိုင်ပင်ခွင့်၊
🎁 အပိုပစ္စည်း / အပိုဝန်ဆောင်မှု၊
🎁 အသုံးပြုနည်းလမ်းညွှန်နဲ့
🎁 ဝယ်ယူပြီးနောက် ဆက်လက်ကူညီပေးခြင်း စတာတွေ လက်ဆောင်အနေနဲ့ထည့်ပေးနိုင်ပါတယ်။

ဒီလိုလုပ်ခြင်းအားဖြင့် Product ရဲတန်ဖိုးကို မလျှော့ပဲ Customer ရရှိတဲ့တန်ဖိုးကို ပိုမိုမြှင့်တင်ပေးနိုင်ပါတယ်။

Customer ကကိုယ့် Product ရဲ့တန်ဖိုးကို နားလည်လာတဲ့အခါ ဈေးနှုန်းတစ်ခုတည်းနဲ့ ယှဉ်ပြိုင်စရာမလိုတော့ပါဘူး။ Discount ကရောင်းအားကို ခဏတာမြှင့်တင်ပေးနိုင်ပေမယ့်၊ တန်ဖိုးကတော့ Customer ကို ရေရှည်ဆွဲဆောင်ထားနိုင်ပါတယ်။ ဒါကြောင့် ရောင်းအားတက်ချင်တဲ့ Business တစ်ခုအနေနဲ့ ဈေးလျှော့ပေးဖို့မစဉ်းစားခင် Customer ကိုပိုတန်ဖိုးရှိတဲ့အတွေ့အကြုံနဲ့ အကျိုးကျေးဇူးတွေ ဘယ်လိုပေးနိုင်မလဲဆိုတာကို အရင်စဉ်းစားသင့်ပါတယ်။

••••••••••••••••••••••••••••••••••••••••••••••••••

သင်ဟာစီးပွါးရေးလောကထဲကို အခုမှစတင်ဝင်ရောက်မည့်သူလား။ ဒါမှမဟုတ်လက်ရှိစတင်ထားတဲ့ စီးပွါးရေးကို အဆများစွာတိုးတက်စေဖို့ ဆန္ဒရှိသူလား။

ဒါဆို Sterling Burma Business Academy ကသင့်စီးပွါးလမ်းကြောင်းကိုလမ်းပြပေးဖို့ အသင့်ရှိနေပါပြီ။

စီးပွါးရေးလုပ်ဆောင်ရာမှာ လက်တွေ့အသုံးဝင်တဲ့ Training Courses များကို မိမိနဲ့ကိုက်ညီရာရွေးချယ်တက်ရောက်နိုင်ဖို့ Sterling Burma Business Academy ကို အခုပဲ Private Chat Box က တဆင့် ဆက်သွယ်လိုက်ပါ။

✅ TikTok - https://www.tiktok.com/.academy?_r=1&_t=ZS-92B8p6IDWr4

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

เว็บไซต์

ที่อยู่


Bangkok