Tea TAi KNOWLEDGE

30/12/2025
ထိုင်းနိုင်ငံတောင်ပိုင်း စံချိန်တင်ရေကြီးမှုကြောင့် အိမ်ထောင်စု ၁သိန်း ၃သောင်းခန့် ရေဘေးသင့်၊ ေ -သ ဆုံ-းသူ ၁၉ ဦးရှိလာနို...
26/11/2025

ထိုင်းနိုင်ငံတောင်ပိုင်း စံချိန်တင်ရေကြီးမှုကြောင့် အိမ်ထောင်စု ၁သိန်း ၃သောင်းခန့် ရေဘေးသင့်၊ ေ -သ ဆုံ-းသူ ၁၉ ဦးရှိလာ

နို၀င်ဘာ ၂၅၊ ၂၀၂၅

ထိုင်းနိုင်ငံတောင်ပိုင်းတွင် စံချိန်တင် ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်နေပြီး အိမ်ထောင်စု ၁၂၇,၀၀၀ ကျော် ရေဘေးသင့်နေကြောင်း ထိုင်းအစိုးရသတင်းထုတ်ပြန်ချက်များက ဖော်ပြထားသည်။ ထိုင်းတောင်ပိုင်းတွင် မုန်တိုင်းကြောင့် နှစ်ပေါင်း ၃၀၀ အတွင်း စံချိန်တင် ရေကြီးမှု ဖြစ်ပေါ်နေခြင်းဖြစ်ပြီး ရေမှာ ၈ ပေကျော် အထိ မြင့်တက်နေကြောင်း၊ လတ်တလော ထိုင်းတောင်းပိုင်းတစ်လျှောက်တွင် ရေကြီးမှုကြောင့် နောက်ဆက်တွဲ ဓာတ်လိုက်မှုနှင့် မတော်တဆမှုများကြောင့် ေ -သ ဆုံ- းသူ ၁၉ ဦးရှိလာကြောင်း၊ ဟတ်ရိုင်မြို့တွင် မိုးသည်းသည်းထန်ထန် ရွာသွားနေပြီး နှစ်ပေါင်း ၃၀၀ အတွင်း စံချိန်တင် မိုးရွာသွန်းမှု အများဆုံး ဖြစ်ကြောင်း ထိုင်းအစိုးရက သတင်းထုတ်ပြန်သည်။

ဟတ်ရိုင်မြို့မှာ မိုးရွာသွန်းမှုကြောင့် မြို့တစ်မြို့လုံး ရေမြုပ်နေပြီး ပြည်သူအများစုဟာ အိမ်ခေါင်မိုး၊ သစ်ပင်၊ ဓာတ်တိုင်ပေါ်များမှာ နေထိုင်ကာ ကယ်ဆယ်ရေးအလာကို စောင့်ဆိုင်းနေကြရသည်။ ထို့အပြင် ဟတ်ရိုင်စက်မှုဇုန်ရှိ စက်ရုံတွေမှာ မြန်မာအလုပ်သမား ရာပေါင်းများစွာရှိနေပြီး အဆိုပါ မြန်မာတွေလည်း ပိတ်မိနေတယ်လို့ သိရပါတယ်။ ထိုင်းအစိုးရအနေနဲ့ နိုဝင်ဘာ ၁၉ မှ ၂၃ ထိ တောင်ပိုင်းခရိုင် ၁၆ ခု၊ မြို့နယ်ခွဲ ၁၀၀ ကျော်၊ ကျေးရွာ ၆၃၇ မှ လူပေါင်း ၄၆၅,၀၀၀ ကျော်ကို ကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ထားသည်။

(Photo: Thai Local Media)
#ထိုင်းနိုင်ငံတောင်ပိုင်း #စံချိန်တင်ရေကြီး

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Tea TAiผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์