HSu is in Hu’s �Learn, glow, and grow with Hu’s ��

26/03/2026

Better personal and emotional skills help to raise teachers' self-concept, quality of life, and professional performance, and this increases their subjective happiness (Falk et al., 2021; McCallum et al., 2017; Song, 2022).





"ဒီ page မှာ post မတင်တာကြာပြီပေမဲ့ AI ကို သုံးပြီး worksheets ဘယ်လိုပြင်မလဲဆိုတာ sharing လေးလုပ်လိုက်ပါတယ်” AI ကိုသုံးပ...
24/03/2026

"ဒီ page မှာ post မတင်တာကြာပြီပေမဲ့ AI ကို သုံးပြီး worksheets ဘယ်လိုပြင်မလဲဆိုတာ sharing လေးလုပ်လိုက်ပါတယ်”

AI ကိုသုံးပြီး Worksheets ပြင်တော့မယ်ဆိုရင် Prompt ဘယ်လိုပေးကြမလဲ??

​အခုခေတ်မှာ AI က ဆရာ၊ ဆရာမတို့အတွက် တကယ့်ကို အားကိုးရတဲ့ 'လက်ထောက်' တစ်ယောက် ဖြစ်လာပါပြီ။ Lesson Plan ဆွဲတာပဲဖြစ်ဖြစ်၊ Ideas အသစ်တွေ ရှာတာပဲဖြစ်ဖြစ် AI ကို စိတ်ကြိုက် ခိုင်းလို့ရနေပါပြီ။

​ဒါပေမဲ့... AI ဆီကနေ ကိုယ်လိုချင်တဲ့ Quality အမိဆုံး Output ရဖို့ဆိုရင် "Prompts" ပေးတတ်ဖို့က အသက်ပါပဲ! Prompt သေချာပေးနိုင်လေ အချိန်ကုန်သက်သာလေ၊ ကိုယ်တိုင်ပင်ပန်းတာ သက်သာလေမို့ တခြားအရေးကြီးတဲ့ သင်ကြားရေးပိုင်းမှာ ပိုပြီး အာရုံစိုက်နိုင်တာပေါ့။ ✨

​ဒီနေ့မှာတော့ Worksheet ပြင်တဲ့အခါ အသုံးဝင်ပြီး အရမ်းရိုးရှင်းတဲ့ နည်းလေးတစ်ခုကို မျှဝေပေးချင်ပါတယ်!

​💡 Who > What > Context > How > Output
​ဒီ Formula လေးအတိုင်းသာ ပေးကြည့်လိုက်ပါ-
​✅ Who: ကျောင်းသားရဲ့ Level ကို အတိအကျပြောပါ (e.g. "For A2 learners")
✅ What: ဘယ် Language Focus ကို သင်မှာလဲ? (e.g. "Prepositions" သို့မဟုတ် "Simple Past Tense")
✅ Context: ဘယ်လို Real-life အခြေအနေတွေနဲ့ ချိတ်ဆက်ချင်တာလဲ? (e.g. "Shopping" သို့မဟုတ် "Daily Routine")
✅ How: ဘယ်လိုပုံစံ Worksheet မျိုး လိုချင်တာလဲ? (e.g. "Matching items" သို့မဟုတ် "Fill in the blanks")
✅ Extra Details: ကိုယ်လိုချင်တဲ့ Format ကို တိတိကျကျ ထည့်ပြောပါ (e.g. "Include answer keys", "Add a fun layout idea")
​ဒီနည်းလမ်းလေးကို သုံးပြီး ဆရာ၊ ဆရာမတို့ရဲ့ အဖိုးတန်အချိန်တွေကို အထိရောက်ဆုံး အသုံးချနိုင်ကြပါစေရှင်! 💪
​နောက်ထပ်လည်း ဒီလိုမျိုး သင်ကြားရေးနဲ့ဆိုင်တဲ့ Tricks လေးတွေ ထပ် share ပေးဦးမှာမို့ Page လေးကို စောင့်ကြည့်ပေးကြပါဦးနော်။ 🌟





Happy Quizzing ဒီခေတ်ကာလကြီး စိုးရိမ်စိတ်ပူပန်သောက ရောက််ရတဲ့အကြောင်းတွေကို အထာကျကျ vocabs လေးနဲ့ မှတ်ထားချင်ရင်တော့ ဒါလ...
23/08/2025

Happy Quizzing
ဒီခေတ်ကာလကြီး စိုးရိမ်စိတ်ပူပန်သောက ရောက််ရတဲ့အကြောင်းတွေကို အထာကျကျ vocabs လေးနဲ့ မှတ်ထားချင်ရင်တော့ ဒါလေးကို တွဲဖြေကြည့်ပေးနော် 😁❤️ ပြီးရင်တော့ ဆရာမနဲ့အတူတူ စိတ်သောကရောက်ကြလို့ရပါပြီ 😝😆
HSu is in Hu’s

21/08/2025

Happy Quizzing
some paper ✅ or some papers ✅

11/08/2025

At the end Vs In the end

at the end နဲ့ in the end နှစ်ခုကို တူသလိုလို မတူသလိုလို ဝေဝါးနေရင် ဒီ post လေးကို ဆက်ဖတ်ပါ…

> at the end က > a point in time ကို ရည်ညွှန်းတာပါ… e.g I left at the end of the film.

> in the end က > after a lot of time or eventually
e.g I think that our side will win in the end/eventually.

ဒီလောက်ပါပဲနော်! Bye!!
Hsu is in Hu’s 😘

Soon!!!!! 🤗HSu is in Hu’s 😘
21/07/2025

Soon!!!!! 🤗
HSu is in Hu’s 😘

Slow Listening & shadowing practice အတွက် လေ့ကျင့်လို့ အဆင်ပြေပြီ slow English podcast တွေတင်ပေးတဲ့ you tube channel လေး...
17/07/2025

Slow Listening & shadowing practice အတွက် လေ့ကျင့်လို့ အဆင်ပြေပြီ slow English podcast တွေတင်ပေးတဲ့ you tube channel လေးတစ်ခုကို ပြောပြပေးချင်လို့ပါနော်…

နာမည်က ;
Speak English With Class ပါ…

topics တွေလည်း မျိုးစုံတာမို့ နားထောင်ရတာ တော်တော်အဆင်ပြေစေပါတယ်… ဒီ video လေးဆို A2 level အတွက် video လေးပါရှင်…
ဒီလောက်ပါပဲနော်! Bye!!
HSu is in Hu’s 😘

My Graduation Day – Slow English Story for Listening & Shadowing PracticeIn this episode of our new Slow English Podcast Series, Krystal shares a simple and ...

Active ~ Passive Passive form ကို ဘယ်လိုနေရာတွေမှာ သေချာမှန်ကန်စွာ အသုံးပြုကြမလဲ?? Active to Passive , Passive to Active...
08/07/2025

Active ~ Passive
Passive form ကို ဘယ်လိုနေရာတွေမှာ သေချာမှန်ကန်စွာ အသုံးပြုကြမလဲ??

Active to Passive , Passive to Active လို sentence တစ်ကြောင်းကို form ပြောင်းတာကတော့ အထက်တန်း or အလယ်တန်းကျောင်းသားဘဝ ကတည်းက grammar အချိန်တွေမှာ အဖန်တလဲလဲလေ့ကျင့်လာခဲ့ရတော့ကျွမ်းကျင်ပိုင်နိုင်နေပေမဲ့……..

Passive form ကိုဘယ်လိုနေရာမှာ မှန်ကန်စွာသုံးရမလဲဆိုတဲ့အခါမှာတော့ အခက်တွေ့တတ်ကြပါတယ်…( အာ့တာမို့ grammar သင်ယူတဲ့အခါ M,F,P ; meaning, form, pronunciation တစ်ခုခုလွတ်တာနဲ့ ဆားမပါတဲ့ဟင်းလိုပါပဲ 😁) ကိုယ်တိုင်လည်း ဆားမပါတဲ့ဟင်းကို စားလာခဲ့တဲ့သူမို့ အခုတော့အကြမ်းဖျင်းအချက်လေးတွေ ပြန် share ပေးပါမယ်နော်….

1. Transitive and intransitive verbs
intransitive verbs တွေကိုတော့ passive form သုံးလို့မရပါဘူး ❌

2. direct object and indirect object ပါတဲ့ စာကြောင်းတွေမှာတော့ ဘယ် object နဲ့ပဲဖြစ်ဖြစ် passive form သုံးလို့အဆင်ပြေပါတယ်
e.g They sent me the letter. >> I was sent the letter. Or The letter was sent to me.

3. Action ကို ပိုဦးစားပေးဖော်ပြချင်တဲ့အခါ
e.g The bridge was destroyed by the storm. (destruction ဖြစ်စဉ်က focus)

4. Object ကို ပိုဦးစားပေးချင်တဲ့အခါ
e.g United were beaten by Arsenal or United was beaten by Arsenal. (မန်ယူ ရှုံးတာက ပိုဦးစားပေးပါ)

5. Subject ကို မသိတဲ့အခါ, အရေးမကြီးတဲ့အခါမျိုး e.g My bike has been stolen.

6. Reporting verbs တွေ say, believe, understand & know etc…
e.g Anna is said to live in Bangkok.

တခြား idiomatic way, have/get, needs doing တွေကိုတော့ ထပ်သိချင်သေးရင်တော့ dm လိုက်ပါနော် …
ဒီလောက်ပါပဲနော်! Bye!!
HSu is in Hu’s 😘

He is Salik ❤️12 languages ကိုပြောနိုင်တဲ့ တကယ်ကိုထူးချွန်တဲ့ကောင်လေးပါ...Salikရဲ့ဘဝအခြေအနေ??? ဘာသာစကားတွေဘာကြောင့်လေ့လာ...
05/07/2025

He is Salik ❤️
12 languages ကိုပြောနိုင်တဲ့ တကယ်ကိုထူးချွန်တဲ့ကောင်လေးပါ...
Salikရဲ့ဘဝအခြေအနေ??? ဘာသာစကားတွေဘာကြောင့်လေ့လာခဲ့တာလဲ?? ဘယ်လိုလေ့လာခဲ့သလဲ?? ဘယ်လို popular ဖြစ်လာသလဲ? ဆိုတာတွေကို ဒီ video ကိုကြည့်ရင် တွေ့မှာပါ... ဒါပေမဲ့ video အဆုံးက ပိုစိတ်ချမ်းသာဖို့ကောင်းပါတယ်... အဆုံးမှာ proper education ကိုသင်ယူခွင့်ရသွားရှာပါတယ်...
စီးပွားဖြစ် camera ရှေ့လည်းမရောက်လာဘူး... stageပေါ်လည်း မရောက်လာဘူး.. ပညာသင်ခွင့်ရသွားတာပါ...
**အသက်မပြည့်အရွယ်မရောက်သေးတဲ့ ကလေးတွေကို နည်းမှန်လမ်းမှန်မြေတောင်မမြှောက်ပေးနိုင်တောင် ကိုယ်ကျိုးအတွက် အသုံးချနေတာတွေကို မမြင်ချင်တော့တာပါ…

ဒီလောက်ပါပဲနော်! Bye!!
HSu is in Hu’s 😘
video > cmt

Are teachers sleep deprived?Definitely YES!!!!!!! 💯 💯 💯 စာသင်ကြားရတဲ့အလုပ်ဆိုတာကလည်း pressure များလွန်းတဲ့ အလုပ်တစ်ခုထဲမ...
04/07/2025

Are teachers sleep deprived?

Definitely YES!!!!!!! 💯 💯 💯

စာသင်ကြားရတဲ့အလုပ်ဆိုတာကလည်း pressure များလွန်းတဲ့ အလုပ်တစ်ခုထဲမှာ အပါအဝင်မို့ ဆရာ ဆရာမတွေကလည်း အိပ်စက်ခြင်းနဲ့ပတ်သတ်တဲ့ ပြသနာတွေကို အနည်းနဲ့အများရင်ဆိုင်ကြရသူတွေများပါတယ်… 40% ~ 50% သော ဆရာ ဆရာမ တွေက ဒီပြသနာမျိုးကို ကြုံဖူးကြတဲ့အပြင် အချို့ အချို့တွေမှာ insomnia ကို အပြင်းအထန်ခံစားခဲ့ရတဲ့ သူတွေပါရှိပါတယ်… (ကိုယ်တိုင်လည်း ဖြစ်ပါတယ်😁)
အာ့တာကြောင့် ဒီ post ကနေကိုယ်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာကို အသိပေးချင်တာပါ…

high stress level, work schedule, students performance ကို အရမ်းအာရုံစိုက်ရတဲ့အခါ
Sleep pattern ပုံမှန်မရှိတော့တဲ့အခါမျိုး anxiety မြှင့်လာတာတွေကတော့ insomnia ဖြစ်ရတဲ့ အကြောင်းရင်းအခြေခံတွေပါပဲ…

ကိုယ့်မှာ ဒီလိုပြသနာတွေကြုံနေရပြီဆိုရင် ဒီလိုနည်းလမ်းလေးတွေကို စမ်းကြည့်ပါနော်…
> Self-care ကိုပိုဂရုစိုက်ပေးပါ…
(Sleep hygiene ကို သတိထားပေးပါ… alcohol & caffeine ကို ခဏမသုံးတာကတော့ အကောင်းဆုံးပါ… coffee မသောက်ရ မနေနိုင်ဘူးဆိုရင်လည်း အိပ်ခါနီးသောက်တာမျိုးကိုရှောင်ပေးပါ..
stress တွေကို ဖြေဖျောက်ပေးပါ… exercise လုပ်ပေးတာမျိုး တခြားကိုယ့်ကိုသက်တောင့်သက်သာဖြစ်စေမဲ့ နည်းလမ်းတွေနဲ့ အနားယူပါ… အလုပ်နဲ့ personal ခြားမှာ boundaries ချထားပါ)
> အခြေအနေဆိုးရွားရင် health care တွေနဲ့ ပြသပြီးကုသမှုခံယူပါ
> ကိုယ့်ရဲ့ senior leaders တွေနဲ့လည်း တိုင်ပင်ပြီး ရင်ဖွင့်ပြောပြပေးသင့်ပါတယ်ရှင်…

***စကားချပ် ဆရာ ဆရာမ တွေရဲ့ အိမ်သူသက်ထားသက်ဆိုင်သူများကတော့ ပိုပြီးဂရုစိုက်နားလည်ပေးပါ 😝😝
ဒီလောက်ပါပဲနော်! Bye!!
HSu is in Hu’s 😘

reference
>> cmt

Tense တွေကို အမြဲတမ်း မှတ်မိကျွမ်းကျင်ချင်ရင် ဆက်ဖတ်ပေးပါနော်…Grammar နဲ့စထိတွေ့ရတဲ့အချိန် ငယ်ငယ်ကတည်းက V1 V2 present te...
01/07/2025

Tense တွေကို အမြဲတမ်း မှတ်မိကျွမ်းကျင်ချင်ရင် ဆက်ဖတ်ပေးပါနော်…

Grammar နဲ့စထိတွေ့ရတဲ့အချိန် ငယ်ငယ်ကတည်းက V1 V2 present tense past tense တွေကစလို့ ကျက်မှတ်လာရတာ အတန်းတွေသာ ကြီးလာတယ် ရသလိုလို မရသလိုသလို ဖြစ်နေတယ်ဆိုတာ ဘာကြောင့်လို့ထင်ပါသလဲ??

ကြည့်လိုက်တုန်းနားလည်နေပြီ ရသွားပြီးတော့မှနောက်ခဏနေကျ မှတ်မိသလိုလို မမှတ်မိတော့သလိုလို ဖြစ်ဖြစ်နေတာတွေက ဘာကြောင့်မှ မဟုတ်ပါဘူး Tense မို့လို့ပါပဲ… နောက်တစ်ခုက form base ကိုပဲ အသားပေး သင်ယူလာခဲ့ရတာကြောင့်လည်း ဖြစ်နိုင်ပါတယ်…အာ့တာမို့ အသုံးများတဲ့ tenses တွေ daily conversation မှာ အမြဲထည့်သုံးနေရတဲ့ tenses တွေဆိုရင်တော့ meaning base ကိုအခြေခံပြီးလေ့ကျင့်ရသလိုဖြစ်နေတော့ အမြဲမှတ်မိ နေတာမျိုးပါ…

Hu’s ကနေ ကိုယ်တိုင်လေ့ကျင့်ခဲ့တဲ့ tips လေးတွေ မျှဝေပေးလိုက်ပါမယ်နော်
1. မေ့သွားတိုင်းပြန်ကြည့်ပါတယ်
2. conversation တွေနဲ့ ခဏ ခဏလေ့ကျင့်ပါတယ်
3. meaning to form, form to meaning ဖင်တစ်ပြန် ခေါင်းတစ်ပြန်လေ့ကျင့်ပါတယ် 😆
4. authentic situation တွေနဲ့ များများတွေး များများပြော များများလေ့ကျင့်ပါတယ်

ဒီလိုတွေ လေ့ကျင့်ပြီးသွားတာတောင်မှ မေ့နေသေးရင် ရောနေသေးရင်လည်း နံပါတ် တစ်ကနေ ပြန်စလုပ်ပါ 🤣
ဒီလောက်ပါပဲနော်! Bye!!
HSu is in Hu’s 😘

ที่อยู่

Bangkok
10160

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ HSu is in Hu’sผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์

ประเภท