Kaung Hein

Kaung Hein

แชร์

Computer Training

26/01/2026

ဝင်ငွေကောင်းလာရင် ...ဒါတွေလုပ်ပါ။

၁)အဝတ်အစားတွေ အများကြီးဝယ်မယ့် အစား နဲနဲနဲ့ quality ကောင်းတာ ဝယ်ပါ။

၂) သရေစာတွေ၊ စည်
သွပ်ဘူးတွေစားမယ့် အစား ကျန်းမာရေး နဲ့ ညီညွတ်ပြီး အာဟာရပြည့် အစားအစာတွေ စားပါ။

၃) အချိန်ပိုထွက်အောင် အချိန်ပိုင်း အိမ်အကူဌားပါ၊ မြက်ရိတ်တာ၊ အိမ်သန့်ရှင်းရေးလုပ်တာ၊ ပန်းကန်ကို ဆေးစက် နဲ့ဆေးတာ၊ အဝတ်လျှော်စက် နဲ့ လျှော်တာ၊ အခြောက်ခံတာတွေက အချိန်ကုန်သက်သာစေပါတယ်။

၄) မွေ့ယာကောင်းကောင်းဝယ်အိပ်ပါ၊ memory foam ပါပြီး ကိုယ်အပူချိန်ထိန်းညှိပေးတဲ့ သက်တောင့်သက်သာရှိစေပြီး sleep positions ကို support ပေးတဲ့ Mattress မျိုးဝယ်အိပ်ပါ၊ အိပ်ရေးဝဝ အိပ်ရပြီး တညလုံး မနိုးပဲ အိပ်ရတာ ခွန်အားပြည့်လန်းဆန်းပြီး အလုပ်လုပ်ရတာ စိတ်ကြည်လင်ပေါ့ပါးပြီး idea အသစ်တွေ စဉ်းစားနိုင်ပြီး focus အားကောင်းစေပါတယ်။

၅) အသစ်အဆန်း ပစ္စည်းတွေဝယ်တာထက် အတွေ့အကြုံတွေကို invest လုပ်ပါ၊ ခရီးသွားတာ၊ road trips ထွက်တာ၊ skills အသစ်တွေ သင်ယူတာ၊ ဓာတ်ပုံရိုက်သင်တာ၊ ဟင်းချက်သင်တာ၊ ဘာသာစကားသင်ယူတာ၊ music festivals၊ concerts တွေတက်တာ၊ တရားထိုင်
တာ၊ Yoga ကျင့်တာ၊ body, mind, and soul... reset ဖြစ်စေမယ့် retreats တွေလုပ်တာ၊ သူတပါးကို ကူညီတဲ့ Volunteering တွေလုပ်တာ၊ မိမိရဲ့ အကြောက်တရားတွေကို challenging ဖြစ်စေမယ့် activities တွေလုပ်ပါ။

၆)ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး အကြံပေးနိင်မယ့် financial advisor ဌားပြီး ဝင်ငွေတိုးအောင် next level ရောက်အောင်လုပ်ပါ။

၇)မိမိကိုယ်ကို တန်ဖိုးထားတတ်တဲ့ တိုးတက်ချင်တဲ့ အမြဲကြိုးစားတဲ့ high-value ဖြစ်တဲ့သူတွေ နဲ့ပေါင်းပါ။

"Power of Money"
When you have no money, People say "Who are you?"
When you have money, people start saying "How are you?"

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่


Thai
Bangkok