After Workout meal
Jasmine rice -300 g
Beef tenderloin-300 g
Oyster mushrooms- 100 g
Cauliflower-50 g
Eggplant- 50 g
IFBB PRO League Certified Trainer
Supplements selling and knowledge sharing
Modern Bodybuilding Of MYANMAR (MBOM) မှ ဖွင့်လှစ်သင်ကြားခဲ့သော Advanced Sports Nutrition and Modern Training Technique Online Zoom (live) Class Batch-1 သင်တန်းမှ သင်တန်းသား (၅၃) ဦးရဲ့ သင်တန်း ပထမဦးဆုံးနေ့ Orientation တွင် ဘာ့ကြောင့်ဒီသင်တန်း တက်ဖြစ်ရလဲဆိုတဲ့ သင်တန်း သူ သင်တန်းသား တချို့ရဲ့ မျှော်လင့်ချက် နှင့် ပြောစကားများ၏ Part-1 ကို ဖော်ပြရင်း Batch-2 သင်တန်းကို
၈/၈/၂၀၂၆ မှာ ထပ်မံဖွင့်လှစ်မှာဖြစ်ပါသဖြင့် စာရင်းပေး ကြိုတင်အပ်နှံ နိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါရစေ ။
07/06/2026
နောက်ပိုင်း ဘာစက်ပဲပေးပေး ကျွန်တော် ကြားဝင် ကူညီဆောင်ရွက်မပေးတော့ပါ။
ဟိုနေ့က အလကားပေးလိုက်တဲ့ စက်တခုကို ဒီညီလေးကပြန်ရောင်းထားတဲ့ post ကို ပိုင်ရှင်ကသီပီး ကိုယိ့ကို လာပြောတယ် ၊ ဒီညီလေးပြန်ရောင်းတာ မရောင်းတာက ကိုယ်နဲ့မဆိုင်၊ ဆိုင်တာက ပိုင်ရှင်က ကိုယ့်ကိုယ် လာပြောတာပဲ ၊
“ ပြန်ရောင်းတာတော့ ငါတို့လဲရောင်းတတ်တယ်တဲ့၊ မရှိတဲ့ သူတကယ် အသုံးပြုဖို့ပေးတာ ၊ မင်းတို့မြန်မာ တွေက အဲ့လိုပဲလား” တဲ့ လူမျိုးရေးတွေပါလာတော့ကိုယ်ဘက်ကပဲ နားလည်မှုလွဲတာပါလို့တောင်းပန်လိုက်ရပါတယ်။ နောက်ဘာစက်ပဲ ပိုပို ကျွန်တော့်ကို မပေးပါနဲ့လို့ ကိုယ်တိုင်ပဲကြိုက်သလိုစီစဉ်ပါခင်ဗျာ့လို့တောင်းပန်ရင်း တခခ နဲ့ ပြောလိုက်ရပါတယ် ။ 😊😊
"What a spectacular event! 🌟
Huge congrats on the success of the IInzane bikini Bikini Show. It’s amazing to see how far the company has come. The stage, the vibe, the aesthetics everything was absolutely flawless. Plus, the bikini pro athlete models who walked the runway were incredibly stunning and brought such fierce energy to the stage! 🔥
Here’s to even bigger milestones ahead! 🥂👏 "
03/06/2026
Intense training, dialed-in nutrition, sports massage, and quality rest. The ultimate formula for growth.
tk_myopro
ကျန်းမာဝိတ်ကျဖို့ ဆီကြော်စာတွေရှောင်ပီး၂ရက်အကြာ သို့မဟုတ် လကုန်ဖို့ လ အစပဲရှိသေးသော အခါ။ 😂😂
Seated Chest Press Machine အလကားပေးမည်။
90% conditions good.
Cargo , အလုပ်သမား , သယ်ယူစရိတ် ကိုယ်တိုင်ချိတ်ဆက်လုပ်ပါ။ စက်အလကားပေးဖို့ Information ပေးရုံပါခင်ဗျာ။
Location - Muscle Factory BKK ; Sukhumvit 56 .
31/05/2026
လောကဓံကို အံတုရင်း ပညာရေးဖြင့် တည်ဆောက်ခဲ့သော ၈ နှစ်တာ ခရီးကြမ်း 🏆
ဒီပုံနှစ်ပုံကို ယှဉ်ကြည့်လိုက်တိုင်း လွန်ခဲ့တဲ့ ၂၀၁၈ ကနေ လက်ရှိ ၂၀၂၆ အထိ ၈ နှစ်တာကာလအတွင်း ကျွန်တော်တို့နှစ်ယောက် အတူတူဖြတ်သန်းခဲ့ရတဲ့ မျက်ရည်နဲ့ ချွေးတွေရောယှက်နေတဲ့ ခရီးကြမ်းကြီးကို ပြန်မြင်ယောင်လာမိတယ်၊ သူများတွေဘဝက သုညကနေ စခဲ့ကြပေမယ့် ကျွန်တော်တို့ဘဝကတော့ အောက်ခြေအနှုတ်လက္ခဏာကနေ စတင်ခဲ့ရတာပါ၊
မနက်မိုးလင်းတာနဲ့ ၂၀၀ ကျပ်တန် YBS လိုင်းကားလေးကို ကြိတ်ကြိတ်တိုးစီးပြီး အခြေခံဝန်ထမ်းနည်းပြဘဝနဲ့ အလုပ်ခွင်ကိုသွား၊ အိမ်ငှါးခ ရေ ဖိုး မီးဖိုး ပေးစရာတွေနဲ့ လကုန်ရက် လစာမထုတ်ခင်မှာပဲ ပိုက်ဆံပြတ်လပ်လို့ အကြွေးတွေဝိုင်းတဲ့ကြားက ဘဝကို အရှုံးမပေးဘဲ ရုန်းကန်ခဲ့ကြတယ်၊ မြို့ပြလောကကြီးရဲ့ လူသားချင်း ကြီးနိုင်ငယ်ညှင်း အထင်သေးမှုတွေကို သည်းခံပြီး ပင်ပင်ပန်းပန်း အိမ်ပြန်ရောက်တဲ့ ညတွေမှာတောင် နူးညံ့တဲ့ မွေ့ယာဆိုတာ အိမ်မက်မမက်ရဲဘဲ အေးစက်တဲ့ ကြမ်းပြင်ပေါ်မှာ ၁၅၀၀ ကျပ်တန် ပိုက်ဖျာလေးခင်း၊ ခေါင်းအုံးမရှိလို့ ခေါင်းအုံးစွပ်ထဲ အဝတ်အစားဟောင်းတွေ ထိုးထည့်ပြီး ခေါင်းအုံးလုပ်အိပ်ခဲ့ရတဲ့ ညတွေဆိုတာ ဘယ်တော့မှ မေ့နိုင်စရာမရှိပါဘူး၊ အဲ့ဒီလို ညတွေထဲမှာမှ မိုးသည်းတဲ့အခါ ခေါင်မိုးမလုံတဲ့ ရန်ကုန်တိုက်ခန်းလေးထဲမှာ မိုးရေတွေ အိမ်ထဲမစိုအောင် အိပ်ရာကလန့်နိုးပြီး အိုးတွေ၊ ခွက်တွေ၊ ဇလုံတွေ အပြေးအလွှား လိုက်ခံရင်း မိုးလင်းခဲ့ရတဲ့ ညတွေဟာလည်း ကျွန်တော်တို့ရဲ့ ခါးသီးလှတဲ့ အတိတ်မှတ်တိုင်တွေပါပဲ၊
ဒီလို ဆင်းရဲဒုက္ခတွေ၊ အနိမ့်အမြင့် အတက်အကျတွေ၊ ဝမ်းနည်းစရာ မျက်ရည်တွေနဲ့ အကြိမ်ကြိမ် ကျရှုံးမှုတွေကြားမှာ လောကဓံ ၈ ပါးကို အံတုရင်း ကျွန်တော်တို့နှစ်ယောက် လက်ကို တင်းတင်းကျပ်ကျပ် တွဲထားခဲ့ကြတယ်၊ ဒါပေမယ့် ကျွန်တော်တို့ဘဝ ဒီလောက်အထိ တိုးတက်ပြောင်းလဲလာခဲ့ရတာဟာ အလုပ်တွေကို ဇွတ်မှိတ်ပြီး လက်တွေ့ကြိုးစားရုန်းကန်နေရုံ သက်သက်နဲ့တော့ မဟုတ်ခဲ့ပါဘူး၊
တစ်နေ့တာ ဝမ်းရေးအတွက် ပင်ပန်းဆင်းရဲစွာ ရုန်းကန်နေရတဲ့ကြားကပဲ ဘဝကို အဆင့်အတန်းမြင့်တင်ပေးမယ့် စာတွေ့ပညာရေး (Education) ကိုပါ လုံးဝ လက်မလွှတ်ဘဲ တစ်ချိန်တည်းမှာ အတူတူ ကြိုးပမ်းဆည်းပူးနိုင်ခဲ့လို့သာ ဖြစ်ပါတယ်၊ လက်တွေ့ဘဝရဲ့ ခါးသီးတဲ့ ရုန်းကန်မှုတွေနဲ့ စာတွေ့ပညာရပ်တွေကို ခိုင်ခိုင်မာမာ ပေါင်းစပ်အသုံးချနိုင်ခဲ့တဲ့ အဲ့ဒီအချက်ကပဲ ကျွန်တော်တို့ဘဝကို အောက်ခြေကနေ ဆွဲတင်ပေးခဲ့တဲ့ အဓိက သော့ချက်ဖြစ်ခဲ့ပါတယ်၊ အခုတော့ အဲ့ဒီလို အတိတ်တွေကို ခွန်အားယူပြီး မဆုတ်မနစ် ကြိုးစားခဲ့ကြလို့ ဒုတိယပုံလေးထဲကလို ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ အောင်မြင်တောက်ပတဲ့ ဘဝတစ်ခုကို အတူတကွ တည်ဆောက်နိုင်ခဲ့ပြီမို့ ဒီခရီးစဉ်ဟာ ဘယ်လောက်ပဲ အနှုတ်လက္ခဏာပြနေပါစေ ပညာရေးကိုပါ လက်မလွှတ်ဘဲ အရှုံးမပေးဘဲ အတူတူကြိုးစားရင် တစ်နေ့မှာ မဖြစ်မနေ အောင်မြင်ရမယ်ဆိုတဲ့ အကောင်းဆုံး သက်သေတစ်ခုပဲ ဖြစ်ပါတယ်။
Education ကိုမမေ့နဲ့။
Education ကိုမမေ့နဲ့။
ကိုယ့်ရပ်တည်ချင်တဲ့ ရပ်ဝန်းရဲ့ သက်ဆိုင်ရာ Education ကိုလဲ မမေ့နဲ့ လက်တွေ့ကိုလဲ ပြစ်မထားပါနဲ့
လို့ သတိပေးရင်း ဤ ပိုစ့်ကို ရေးလိုက်ပါတယ်ခင်ဗျာ။
သင်တန်းမှာ စာမေးလိုက်တဲ့အခါ 🫡🫡
ที่ตั้ง
ติดต่อ โรงเรียนนี้
เบอร์โทรศัพท์
ที่อยู่
Sukhumvit 50
Bangkok
10260