Vitamin Education Centre - 1 & 2

Vitamin Education Centre - 1 & 2

แชร์

Vitamin promises Educated Youths

18/08/2026

💜 ဒီနေ့ရဲ့ အခြေခံအင်္ဂလိပ်စကားလုံး ၅ လုံးကို အတူလေ့လာကြရအောင်။ ✨

ဒီ Video လေးမှာ နေ့စဉ် Conversation တွေမှာ အသုံးများတဲ့ Vocabulary ၅ လုံးကို အဓိပ္ပာယ်၊ ဥပမာတွေနဲ့အတူ လွယ်လွယ်ကူကူ လေ့လာနိုင်ပါတယ်။

ဘယ်စကားလုံးလေးက ကိုယ့်အတွက် အသစ်ဖြစ်လဲ? 💬

Video လေးကို ကြည့်ပြီးရင် Comment၊ Sticker (သို့) React လေးပေးခဲ့နော်။ 💜

#အခြေခံအင်္ဂလိပ်စကားပြော

Photos from Vitamin Education Centre - 1 & 2's post 14/08/2026

A2 (Elementary) ကနေ A2+ (Pre-Intermediate) ကို Speaking အဆင့်မြှင့်ချင်သူတွေအတွက် 💜

နေ့စဉ် Conversation မှာ တကယ်အသုံးဝင်တဲ့ A2 → A2+ Speaking Upgrade (10) ခုကို လေ့လာကြည့်ရအောင် 👇

1️⃣ “မသေချာသေးဘူး”

❌ A2: I don’t know yet.
✅ A2+: I’m not sure yet.

2️⃣ “စဉ်းစားပါရစေ”

❌ A2: Let me think.
✅ A2+: Let me think about it.

3️⃣ “အဲဒါ အဓိပ္ပာယ်ရှိတယ်”

❌ A2: I understand.
✅ A2+: That makes sense.

4️⃣ “ငါ့အတွက် အဆင်ပြေတယ်”

❌ A2: It’s OK for me.
✅ A2+: That works for me.

5️⃣ “ပြဿနာမရှိပါဘူး”

❌ A2: It’s OK.
✅ A2+: No worries.

6️⃣ “အခြေအနေအပေါ် မူတည်တယ်”

❌ A2: It can be different.
✅ A2+: It depends.

7️⃣ “အခုတော့ အားတယ်”

❌ A2: I have free time now.
✅ A2+: I’m free now.

8️⃣ “နောက်မှ ပြန်ပြောပေးမယ်”

❌ A2: I will tell you later.
✅ A2+: I’ll get back to you later.

9️⃣ “အဲဒါကို မစိုးရိမ်ပါနဲ့”

❌ A2: Don’t worry about it.
✅ A2+: No need to worry about it.

🔟 “မင်းဘာကိုဆိုလိုတာလဲ?”

❌ A2: What do you mean?
✅ A2+: What exactly do you mean?



💡 Speaking Tip

English Speaking ကို တိုးတက်အောင်လုပ်တာက Vocabulary အခက်ကြီးတွေကို အလွတ်ကျက်ဖို့ မလိုပါဘူး။

နေ့စဉ်သုံးတဲ့ ရိုးရိုးစာကြောင်းလေးတွေကို ပို Natural ဖြစ်တဲ့ Expression လေးတွေနဲ့ အစားထိုးသုံးတတ်လာဖို့ က ပိုအရေးကြီးပါတယ်။ 💜

👇 ဒီလို A2+ Speaking Expressions လေးတွေကို အကျိုးရှိတယ်လို့ထင်ရင် 💜 လေးပေးခဲ့ပါဦးနော်။

📌 နောက်မှ ပြန်လေ့ကျင့်နိုင်အောင် Post လေးကို Save လုပ်ထားဖို့လည်း မမေ့နဲ့နော်။

💜 A2+ Level ကို စနစ်တကျတက်ပြီး Speaking ကို ပိုကောင်းအောင် လေ့ကျင့်ချင်တယ်ဆိုရင်တော့ Vitamin Education Centre မှာ အတူတူတိုးတက်ဖို့ ဖိတ်ခေါ်ပါတယ်ရှင်။








13/08/2026

ဒီ Reel လေးကတော့ Vitamin ရဲ့ A2+ Pre-Intermediate Class မှာ လက်တွေ့သင်ကြားပေးနေတဲ့ပုံရိပ်လေး ဖြစ်ပါတယ်။ 🎥

🗣️ Speaking Practice
🎧 Listening Practice
💬 Group Discussion
📚 Vocabulary Building
✍️ Grammar Practice

ကျောင်းသားတွေကို ကိုယ်တိုင်ပါဝင်ပြီး လက်တွေ့အသုံးချနိုင်အောင် သင်ကြားပေးပါတယ်။ 💜

A2 ကနေ B1 ကို တက်ဖို့ stuck ဖြစ်နေသေးတယ်ဆိုရင်
ဒီ gap လေးကို ဖြည့်ပေးမယ့် A2+ Pre-Intermediate Weekend Class လေးကို ရွေးချယ်နိုင်ပါပြီနော်။ 🌉

🗓 Sat & Sun
⏰ 6:00 – 7:30 PM
📆 Start – 16 August 2026
💻 Live Zoom Class
⌛ 8 Weeks

📩 “A2+” လို့ Message ပို့ပြီး Class Details မေးမြန်းနိုင်ပါတယ်ရှင်။ 💜

Photos from Vitamin Education Centre's post 13/08/2026

💜 Student Memory | Upper-Intermediate Batch 06/26

“ဆရာမတစ်ယောက်အနေနဲ့
ကိုယ့်တပည့်တွေ English နဲ့ပတ်သက်ရင် အရင်က မပြောရဲ၊ မလုပ်ရဲတဲ့အရာတွေကို အခု ယုံကြည်မှုရှိရှိ ပြောရဲ၊ လုပ်ရဲလာတာကို မြင်ရတဲ့အချိန်က ပိုပြီး ပီတိဖြစ်စရာကောင်းပါတယ်…” 🤍

Upper-Intermediate Batch ပြီးဆုံးချိန်မှာ သမီး Pyae Thawdar Win ရဲ့ Reflection ကို ဖတ်ရင်း ဝမ်းသာမိတဲ့အရာတစ်ခုကတော့—

“Confidence in speaking English” တိုးတက်လာတယ်ဆိုတဲ့ ပြောင်းလဲမှုလေးပါ။ 💜

Class မတက်ခင်က English ပြောတဲ့အခါ mistakes လုပ်မိမှာကြောက်ပြီး စိတ်ပူတတ်ခဲ့ပေမယ့် သင်တန်းပြီးတဲ့အချိန်မှာတော့ ကိုယ့်အတွေးတွေကို ပိုပြီး ယုံကြည်မှုရှိရှိ ဖော်ပြပြောဆိုနိုင်လာတယ် ဆိုတာကို လက်တွေ့မြင်ရလို့ အများကြီးအားရမိပါတယ်။

အထူးသဖြင့် Class ထဲမှာ အမြဲလုပ်ဖြစ်တဲ့ Random Q&A Sessions တွေကလည်း သူ့အတွက် Challenge တစ်ခုဖြစ်ခဲ့တယ်လို့ ပြောထားပါတယ်။

“ဆရာမက ဘာမေးမလဲ?” ဆိုပြီး အရင်က စိတ်လှုပ်ရှားခဲ့ပေမယ့်…

အဲ့ဒီ Challenge တွေကပဲ—

👉 ချက်ချင်းစဉ်းစားတတ်လာစေတယ်
👉 ပိုပြီး ယုံကြည်မှုရှိရှိ ပြောတတ်လာစေတယ်
👉 English ကို လက်တွေ့အသုံးချတတ်လာစေတယ်

လို့ Reflection ထဲမှာ ဖတ်ရတဲ့အတွက် ဆရာနဲ့ ဆရာမက အရမ်းကျေနပ်မိပါတယ်။ 💜

English သင်ယူတဲ့အခါ အမှားလုပ်မိမှာ မကြောက်တော့တာက Confidence ရဲ့အစပါ။

အခုလို တန်ဖိုးရှိတဲ့ Reflection လေးရေးပြီး မျှဝေပေးထားတာ ကျေးဇူးအများကြီးတင်ပါတယ် သမီးရေ… 🤍

ဒီ Feedback လေးကိုလည်း Sweet Memory လေးတစ်ခုအဖြစ် သိမ်းထားပါမယ်နော်။ 💜

Thank you for being a part of the Vitamin family. 💜

✍️ English ကို Confidence ရှိရှိ Next Level အထိ တက်ချင်ပြီး Comfort Zone ထဲကနေထွက်ကာ ကိုယ့်ကိုယ်ကို Challenge လုပ်ချင်တယ်ဆိုရင် — Vitamin Education Centre ရဲ့ Upper-Intermediate (B2) Class မှာ အတူတူကြိုးစားကြရအောင်။ 💜

Photos from Vitamin Education Centre - 1 & 2's post 07/08/2026

💜 A2 (Elementary) Final Exam Week

🎤 Speaking Test Day

ဒီနေ့ကတော့ A2 (Elementary) Class ရဲ့ Final Speaking Test Day လေးပါ။ ✨

A2 Level ကို အောင်မြင်စွာ ဖြတ်သန်းခဲ့ကြတဲ့ ကျောင်းသားလေးတွေနဲ့ အတူ ရိုက်ကူးထားတဲ့ အမှတ်တရပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ 📸💜

ကျောင်းသားတစ်ယောက်ချင်းစီရဲ့ Speaking Skills ကို စစ်ဆေးပေးပြီး အားသာချက်တွေကို အသိအမှတ်ပြုကာ နောက်ထပ်တိုးတက်နိုင်မယ့် အချက်တွေကို Feedback ပေးခဲ့ပါတယ်။ 🌱

A2 Level ပြီးဆုံးသွားပေမယ့် Learning Journey ကတော့ ဒီမှာ မရပ်သေးပါဘူး။

A2+ (Pre-Intermediate) Class မှာ ပြန်လည်ဆုံတွေ့ပြီး English Skills ကို နောက်တစ်ဆင့် အတူတူ ဆက်လက်မြှင့်တင်သွားကြရအောင်။ 🚀

Congratulations to all our A2 students! 👏
Thank you for your hard work and dedication.

💜 See you in A2+ (Pre-Intermediate)!

Photos from Vitamin Education Centre - 1 & 2's post 07/08/2026

🎧 B2 Level အထိ ရောက်လာပေမယ့် Native Speakers တွေ မြန်မြန်ပြောရင် နားမလည်သေးဘူး ဖြစ်နေလား? 👀

English Level မြှင့်ချင်ရင် Listening က အရေးကြီးဆုံး Skill တစ်ခုပါ။ ပိုနားလည်လေ၊ ပိုပြီး သဘာဝကျကျ ပြန်ပြောနိုင်လေပါပဲ။

ဒါကြောင့် B2 (Upper-Intermediate) Level ကနေ C1 Level ကို တက်ချင်သူတွေအတွက် နားထောင်သင့်တဲ့ Top 5 English Podcasts ကို စုစည်းပေးလိုက်ပါတယ်။ 🎧

📌 1. BBC – 6 Minute English
⏱️ ၆ မိနစ်အတွင်း Daily Vocabulary နဲ့ Current Topics တွေကို လေ့လာနိုင်ပါတယ်။

📌 2. Luke’s English Podcast
🇬🇧 British Accent, Idioms နဲ့ Natural Spoken English ကို ပေါ့ပေါ့ပါးပါး လေ့လာနိုင်ပါတယ်။

📌 3. Culips Everyday English
💬 Real-life Conversations တွေကို နားလည်ရလွယ်အောင် ရှင်းပြပေးထားတာကြောင့် Listening Skill တိုးတက်ဖို့ အရမ်းအသုံးဝင်ပါတယ်။

📌 4. All Ears English
🇺🇸 American English ကို ယုံကြည်မှုရှိရှိ အသုံးပြောနိုင်အောင် လေ့ကျင့်ပေးပါတယ်။

📌 5. TED Talks Daily
🎓 Technology, Education, Psychology စတဲ့ Topic တွေကနေ Advanced Vocabulary နဲ့ Critical Thinking ကို တိုးတက်စေပါတယ်။

🎧 Podcast Link တွေကိုတော့ Vitamin Education Centre Telegram Channel မှာ စုစည်းတင်ပေးထားပါတယ်နော်။ 💜

📲 Join our Telegram Channel:
Vitamin Education Centre Telegram Channel⁠

💜 ဒီ ၅ ခုထဲမှာ ဘယ် Podcast ကို အရင်ဆုံး စမ်းနားထောင်မလဲ? ဒါမှမဟုတ် နားထောင်နေပြီးသား Podcast ရှိရင် Comment မှာ မျှဝေပေးခဲ့ပါဦး။ 👇

📌 နောက်မှ ပြန်ရှာရလွယ်အောင် ဒီ Post ကို Save ထားဖို့လည်း မမေ့နဲ့နော်!

06/08/2026

Elementary အတန်းလေးက စလိုက်တဲ့ ဒီအဖွဲ့လေး တက်ညီလက်ညီနဲ့ အခုဆို Intermediate တောင်
သူတို့လေးတွေ စတက်ကြတော့မယ် ….

ပထမဆုံးခြေလှမ်းလေးကနေ စလာလိုက်တာ ခုဆိုရင် လမ်းတဝက်တောင် ရောက်လာကြပြီဆိုရမယ် … အမြဲတမ်း active ဖြစ်ဖြစ်နဲ့ ခုချိန်ထိ B1 Level အထိ အတူတူလိုက်ပါလာတဲ့ တပည့်လေးတွေကို လည်း ဂုဏ်ယူသလို ခဏတဖြုတ်နားနေကြတဲ့ တပည့်တွေနဲ့လည်းပြန် တွေ့ကြမယ်နော် 💜👏👏


06/08/2026

သိထားသင့်တဲ့ အခြေခံအင်္ဂလိပ်စကားလုံးလေး (၅) လုံး နေ့တိုင်း လေ့လာကြမယ်နော် ✨💜

လေ့လာပြီးရင်
Sticker or React လေးရေးခဲ့နော် ✨

#အခြေခံအင်္ဂလိပ်စကားပြော

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Room No. 509, 5th Floor, Gamone Pwint Center ( San Yeik Nyein), In Sein Road, Heldan
Bangkok