01/02/2026
Dear Learners and Teachers,
You can join this telegram to keep in touch with me for your learning where you could have sharing about teaching and language websites, free resources: pdf files, YouTube channels,and so on..
I always warmly welcome you all to learn together with me as learning never ends and as I am not a professional, I always eager to learn from you all too.
Thank you for being with me along this learning journey. Hopefully, we could be a good help for someone who needs an educational support.
I also welcome to receive your advice through page chat box 💬 to hear your voice and be effectively engaged with you. You can ask what kind of books or learning area you want me to share.
Again, much thanks and wish you all the best in every aspects of your life with good intentions.
Happy Learning!
🤍🌿
01/02/2026
OPEN MOCCa for English Language Teacher online free course လေးတွေ စတက်လို့ရနေပါပြီ တီချယ်တို့ရေ 🌟🤍
https://openenglishcommunity.org/page/massive-open-online-courses-moocs
Teaching ပိုင်းမှာ လက်တွေ့အသုံးဝင်မယ့် courseတွေဖြစ်တာကြောင့်ရော U.S Department of State ကစီစဉ်ထားပေးတဲ့ courseတွေဖြစ်တာကြောင့် လေ့လာသင်ယူဖို့ တိုက်တွန်းပါရစေရှင်
🤍🌿
22/01/2026
👩🏫 ဆရာ/ဆရာမ တို့အတွက် ELTသင်ကြားရေးမှာ အထောက်အကူဖြစ်စေမယ့် စာအုပ်လေးတွေကို ရှာပြီး စုစည်းပေးထားပါတယ်။ နောက်ပိုင်းလည်း ရှာတွေ့ထားသမျှ YouTube channel, Podcast, ELT books and articles, Website လေးတွေ ကို Facebookမှာလည်း Notify လုပ်ပေးမှာဖြစ်ပေမယ့် ဆရာ/ဆရာမတို့ VPN အခက်အခဲရှိလာနိုင်တာကြောင့် keep in touch ဖြစ်အောင် TelegramမှာဘဲSharingလုပ်ပေးမှာမို့ အတူတူလေ့လာချင်တယ်ဆို follow and joinလုပ်ထားနိုင်ပါတယ်ရှင်
Telegram>> https://t.me/whattosayenglish
🤍🌿
18/01/2026
DELTA လေ့လာတဲ့အခါ ဖတ်သင့်တဲ့ reading listတွေနဲ့ handbook လေးကို free channelထဲမှာ တင်ပေးထားပါပြီ
Reading listမှာ ပါတဲ့ စာအုပ်တွေကိုလည်း ရသလောက်ရှာဖွေ တင်ပေးထားမှာမို့ ELTလေ့လာနေတဲ့သူတွေအတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်ရှင်
https://t.me/whattosayenglish
🤍🌿
17/01/2026
CELTA လေ့လာမယ့် ဆရာ/ဆရာမတို့အတွက်
Course book pdf fileလေးတွေကို telegram channelလေးထဲမှာ freeယူလို့ရပါပြီ
ဒီစာအုပ်လေးတွေထဲမှာ CELTA course တက်သူတိုင်း အကျိုးရှိစေမယ့်
📖Language Analysis,
🏫Classroom Management,
👩🏫Teaching skills and techniques တွေများစွာပါဝင်တာကြောင့် လေ့လာသင်ယူရာမှာ ပိုပြီးလွယ်ကူသွားစေမယ်လို့ မျှော်လင့်ပါတယ်
https://t.me/whattosayenglish
🤍🌿
11/01/2026
ကလေးလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်လာခြင်းတွေကို လေ့လာရင်း ဘာသာစကားသင်ကြားရာမှာ Grammarတွေ မှန်/မမှန် ပြုပြင်မယ့်အစား ကလေးတဦးချင်းဆီရဲ့ လေ့လာသင်ယူနိုင်စွမ်းကို သိထားရအောင်
Child Development Stages and Language Acquisitions တွေအကြောင်း စုဆောင်းမိသမျှလေး ကို Telegram Channel ထဲမှာ ဝေမျှထားပါတယ်ရှင်
https://t.me/whattosayenglish
🤍🌿
28/12/2025
TEFL & TESOL online training ပေးနေတဲ့ Bridge Education Group ရဲ့ Youtube Channel လေးကို ဆရာ/ဆရာမတို့ အတွက် CPD ပြုလုပ်ရာမှာ အထောက်အကူဖြစ်စေဖို့ လေ့လာလို့ရအောင် မျှဝေပေးလိုက်ပါတယ်။
ဒီChannel လေးမှာ teaching practice အတွက် အထောက်အကူဖြစ်စေမယ့် Teaching techniques, demonstration, body language, and gesturesတွေအပြင် လေ့လာစရာ အများကြီးSharing လုပ်ထားတာမို့ TKTဖြစ်စေ TESOLဖြစ်စေ လေ့လာနေတဲ့ ဆရာ/ဆရာမတို့ အတွက် ကဏ္ဍတခုကနေ အထောက်အပံ့ဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။
အားလုံး အဆင်ပြေကြပါစေရှင့်
🤍🌿
https://www.youtube.com/
09/12/2025
HEY!
Preschool Teachers တွေအတွက် အားလပ်ချိန် Skill development လုပ်နိုင်ဖို့ လတ်တလော Collection လေးတွေ ပြန်ပြီး Sharing လုပ်ပေးပါရစေ။
ပြီးတော့လေ https://www.facebook.com/AbdeslamELTM ဒီ page လေး မင်မင် ခုတလော မျက်စိကျနေတာမို့ ထပ်ပြီး မျှဝေပေးလိုက်ပါတယ်။ မင်မင့်page မဟုတ်ပေမယ့် သူ့ကို Follow လုပ်ကတည်းက သူSharing လုပ်ပေးတဲ့ small steps and clearly present ပုံစံလေးနဲ့ ELT ပိုင်းကို လေ့လာလို့ရအောင် Createလုပ်ထားတာမို့ တကယ်လည်း အများကြီး အကျိုးရှိစေမယ်လို့ ယုံကြည်မိပါတယ်။
အောက်က Link လေးတွေကတော့ Preschool Teachers တွေ အတွက် Free website လေးတွေဖြစ်ပါတယ်။
ပထမဆုံးကတော့ အတွက် လေ့လာနေသူတွေ အသုံးပြုနိုင်မယ့် Hometessori က Free ပေးထားတဲ့ 402 pages Printable Curriculum လေးတွေကို ဒီ website မှာ လေ့လာလို့ရပါတယ်
https://hometessorihub.com/?srsltid=AfmBOorOYwabAZzuQ8bcETA6oi5M7i262-39K_nOn1GYGcg0UppBn7zL
ဒါ့အပြင် Facebook group တွေဖြစ်တဲ့
https://www.facebook.com/sandra.copping.50/
Montessori with Miss Sandra Facebook Group
https://www.facebook.com/share/g/16rTcNmYDi/?mibextid=wwXIfr
နဲ့ MindSprout page https://www.facebook.com/MindSproutPH တို့မှာလည်း လေ့လာလို့ရပါတယ်။
နောက်တခုကတော့ Early Childhood Australia က Free တက်ခွင့်ပေးထားတဲ့ ECE နဲ့ ပတ်သက်တဲ့ သင်တန်းလေးတွေကိုလည်း
https://learninghub.earlychildhoodaustralia.org.au/elearning-category/free-courses/
ဒီwebsiteလေးထဲက တဆင့်လေ့လာနိုင်ပါသေးတယ်။
နောက်ဆုံးတခုကတော့ Unicef Myanmar က မျှဝေပေးထားတဲ့ https://mm.learningpassport.org/ မှာ ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေး (ECCD) နဲ့ ပတ်သက်တဲ့ သင်တန်းလေး အပြင် ကလေးလေးတွေအတွက် Storytelling လုပ်နိုင်မယ့် ပုံပြင်လေးတွေကို တိုင်းရင်းသားလူမျိုးပေါင်းစုံအတွက် စုစည်းပေးထားပါသေးတယ်။
Bonus အနေနဲ့ သိထားပြီးသားဖြစ်မယ့် www.alison.com မှာလည်း Search box လေးမှာ ECCD/ECCE or Montessori နဲ့ ပတ်သက်တဲ့ Key words လေးတွေနဲ့ ရှာကြည့်ရင် လေ့လာစရာ အများကြီးရှိနေတာကြောင့် ဆရာ/ဆရာမတို့ ဖေဖေမေမေတို့ရဲ့ အားလပ်ချိန်လေးမှာ ကလေးနဲ့ ပတ်သက်တဲ့ ပညာရေး၊ ဖွံ့ဖြိုးတိုးတက်ဖို့ ပြုစုပျိုးထောင်နည်းတွေကို အပြင်သွားစရာမလိုဘဲ အိမ်မှာတင် လေ့လာလို့ရနေပါပြီနော်။
📷 Google image
🤍🌿
03/12/2025
https://www.facebook.com/share/1Jng68XNoQ/?mibextid=wwXIfr
ကလေးငယ်တွေရဲ့ ဘဝအစ အကောင်းဆုံးဖြစ်ဖို့ ပံ့ပိုးပေးချင်ပါသလား?🌱
ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေး (ECCD) အွန်လိုင်းသင်တန်းကို ယူနီဆက်မြန်မာရဲ့ ဒစ်ဂျစ်တယ်သင်ယူမှု ပလပ်ဖောင်း (Learning Passport Myanmar) မှာ စတင်လေ့လာနိုင်ပါပြီ။
ECCD ကို အခုမှစပြီး လေ့လာလိုသူ လူငယ်များ၊ မိဘများ၊ ပြုစုစောင့်ရှောက်သူများ၊ မူကြိုဆရာ/ဆရာမများအတွက် လုံးဝအခမဲ့ဖြစ်ပါတယ်။
သင်ရိုးညွှန်းတမ်းတွင် အပိုင်း (၄) ပိုင်း၊ မိနစ် (၂၅-၃၀) စာ သင်ခန်းစာငယ် (၂၄) ခု ပါဝင်ပြီး ကလေးတွေရဲ့ ရှေးဦးအရွယ် ဘက်စုံဖွံ့ဖြိုးမှုအတွက် လက်တွေ့ကျတဲ့ နည်းလမ်းတွေကို ကိုယ်အချိန်ပေးနိုင်မှုအပေါ် မူတည်ပြီး လေ့လာနိုင်မှာပါ။
ဒီသင်တန်းတွေဟာ အခမဲ့ဖြစ်ပြီး အင်တာနက်လိုင်းမကောင်းလည်း အဆင်ပြေပါတယ်။ ဒေါင်းလုဒ်ဆွဲထားရင် အင်တာနက်မလိုဘဲ (offline) လေ့လာနိုင်သလို၊ မသန်စွမ်းသူများအတွက်လည်း အသံဖိုင်တွေနဲ့ သင်ကြားနိုင်အောင် စီစဉ်ပေးထားပါတယ်။
အပိုင်းတစ်ခုပြီးတိုင်း အသိအမှတ်ပြုလက်မှတ် ရရှိမှာဖြစ်ပြီး၊ အားလုံးပြီးဆုံးရင် သင်တန်းပြီးမြောက်ကြောင်းလက်မှတ် (certificate of completion) ကို ရရှိမှာပါ။
ECCD ခရီးစဉ်ကို စတင်ဖို့ အဆင်သင့်ဖြစ်ပြီလား? ✨
👉 mm.learningpassport.org မှာ စာရင်းပေးသွင်းလိုက်ပါ
ဒါမှမဟုတ် Learning Passport Myanmar အက်ပ်ကို ဒေါင်းလုဒ်လုပ်ပြီး လေ့လာလိုက်ပါ။
ကလေးသူငယ်ဖွံ့ဖြိုးမှု ပြုစုပျိုးထောင်ရေး (ECCD) အွန်လိုင်းသင်တန်း စာရင်းပေးသွင်းရန် >> https://mm.learningpassport.org/ #/course/1712/item/27169
Learning Passport အကြောင်းလေ့လာရန် >> https://www.facebook.com/share/p/1K1HZ5haya/