MedSphere Myanmar

MedSphere Myanmar

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก MedSphere Myanmar, เว็บไซต์เพื่อการศึกษา, 54, 2 Soi 1 Sannam Bin , Don Mueang, Bangkok.

I help Myanmar doctors navigate international medical careers by sharing practical pathways, supervising CVs and interviews, and providing personalized clinical career consultations.

13/05/2026

Free Webinar !!
Australia Medical CV တွေနဲ့ပါတ်သတ်ပြီး Australia ရဲ့ Health state အလိုက်သတ်မှတ်ချက်ကွာဟချက်အနည်းနဲ့အများရှိနေပြီး တကယ်တမ်းသေချာလေ့လာတဲ့အခါ Australia Medical CV တွေရဲ့ ထင်သလောက်မရိုးရှင်းတဲ့သဘောကို ကျနော့လေ့လာမိတဲ့အချက်အလက်တွေမျှဝေပေးသွားမှာဖြစ်ပါတယ် AMC 1 ဖြေဆိုပြီး အလုပ်လျှေက်နေတဲ့ ဆရာဝန်များနဲ့ အလုပ်ရသွားကြတဲ့ဆရာဝန်တွေရဲ့ Real experiences တွေကိုပေါင်းစပ်ပြီး မြန်မာဆရာဝန်များအတွက် Australia Medical CV Writing Art တစ်ခုမြင်တွေ့ရဖို့ရှိပါတယ် လာမယ့် 16th May 2026 | YGN time 2 pm မှာတွေ့ပါမယ်ဗျာ

With love
Dr. Naung Myat




11/05/2026

သူများအဆင်မပြေသေးရင် ဖေးမတာလိုလိုဘာလိုလို
ကလွယ်တယ် တကယ်အဆင်ပြေလာရင်ကျတော့
Congratulation မလုပ်နိုင်ကြတော့ဘူး

တစ်ယောက်ယောက်ကို
အခြေအနေကောင်းလား သားကြီး
မေးသာမေးတာ
မကောင်းတာ
အဆင်မပြေသေးတာပဲကြားလို့ကောင်းတယ်
ပြေနေရင် မကောင်းဘူး 😁

ကျနော့လာမေးရင်
အကုန်ကောင်းတယ် သားကြီးလို့ဖြေပေးတယ်
တကယ်ကိုကောင်းတာပါကွာ
ငါအရမ်းဆရာကျတော့
ဘယ်လိုတွေအဆင်ပြေနေမှန်းကိုမသိဘူးလို့

အရမ်းခင်တဲ့ Best fri
တွေဆိုရင်တော့
အဲလိုမဖြစ်လောက်ဘူး
ကျနော်လည်းမဖြစ်ဘူး
သိပ်မခင်ရင်တော့ဖြစ်တယ်
အဲကောင်တွေအဆင်မပြေသေးနဲ့ဦးတို့ဘာတို့

စိတ်ထားလှတာဘယ်သူ့တူမှန်းမသိဘူး 😁

With love
Dr.Naung Myat

#အရမ်းချစ်စရာစိတ်ထားလေးတစ်ခု
#ဆန်းကြယ်တဲ့စိတ်

10/05/2026


🧨🧨🧨 နိုင်ငံရေးနဲ့လမ်းပျောက်ကြသူတွေထဲမှာ ဆရာဝန်တွေအများကြီးပါတယ် လမ်းကြောင်းတွေ ကြားဖူးနားဝ ကောင်းမယ်ထင်တာလေးတွေလုပ် ၊ Exam တွေဖြေကြပြီး အဆင်ပြေသွားတဲ့လူတွေလည်းရှိသလို မပြေသေးတဲ့လူတွေလဲအများကြီးရှိတယ်

ပြည်ပကိုထွက်လာတဲ့ ဆရာဝန်တွေက
Passport ကုန်တော့မယ် ၊ အလုပ်ကမရသေးဘူး ၊ ပြန်လို့လည်းမလွယ်ဘူးဆိုတာတွေက ပြောရလွန်းလို့ သိပ်တောင်စကားလုပ်မပြောနေကြတော့ဘူး

ဒီနေရာမှာ ဂွကြတာက “ ဆရာဝန် “ ဖြစ်နေလို့ပဲ
ငါးကိုကုန်းပေါ်တင်ပေးလိုက်ပီး ဟစိဟစိ ဖြစ်နေတာ “ ဆရာဝန် “ လမ်းကြောင်းကလွဲပီး တခြားမမြင်ချင်ဘူး ( လူကမမြင်ချင်တာမဟုတ်ဘူး ဆရာဝန်ဘွဲ့ကြီးက ကွယ်နေတာ )

တစ်ယောက်က UK , ကောင်းတယ် OK ဆိုပီးကြုံး ၊ ရှိသမျှလေးတွေ ဘုရင်မကြီးပူဇော် ပြီးရင် Local med graduate တွေပဲ ဦးစားပေးမှာလိုလို , IMG တွေပဲ freeze တော့မှာလိုလိုနဲ့ တောပြောတောင်ပြောတွေလုပ်ရော

AMC ကောင်းတယ်ဆိုပြီးတွယ် , part 1 ပီးရုံနဲ့ အလုပ်ကမလွယ်ဘူး , AMC 2 ရောပီးရမှာဆိုပီးဖြစ် ,2 ဖြေဖို့ Visa ကကျတော့ မပေး

အဲတော့ ဆရာဝန်က ဆရာဝန်မှတစ်ပါး တခြား “ လိုင်း “ ကိုပြောင်းဖို့အရမ်းခက်တယ်
ခက်တယ်ဆိုတာက လမ်းကလည်းဖောက်ဖို့ အခြေအနေသိပ်မပေးဘူး

လမ်းအသစ်ကို ဖောက်လိုက်ဖို့ ပစ်ရမှာလည်း အဆီတဝင်းဝင်း ၊ ဖောက်တော့မယ့် လမ်းအသစ်ကလည်း မကျွမ်းနေတာများတယ် အကုန်လုံးအသစ်ကစရမှာ

ပြည်တွင်းပြည်ပ ချောင်ပိတ်မိနေတဲ့ ဆရာဝန်တွေအများကြီး

ပြည်တွင်းကလူတွေကလည်း ဘာလုပ်ရမှန်းမသိ တစ်ချို့က အပြင်လည်းထွက်မရ

OK ဒါကကျနော်နဲ့ စကားပြောကြတဲ့ ဆရာဝန်တွေဆီကနေ Data စုထားတာ ( ကျနော့ဆီတော်တော်များများ ဆက်သွယ်ကြတယ် Pathway တွေ Share ပေးနေလို့ ဘာလုပ်ရမလဲလာမေးကြတာ )

ဆရာဝန်တွေလမ်းပျောက်ကြပုံကိုပြောပြတာပါ

❌❌❌ လမ်းကပျောက်လို့ရတယ် ဒါပေမယ့် ဒီအတိုင်းတော့ထိုင်နေလို့မရဘူး “ Do something “

1. ဘာ Exam မှမဖြေရသေးတဲ့ ဆရာဝန်တွေထားပါတော့
- Plab
- AMC
- NZREX ( New zealand )
- Mccqe , NAC ( Canada )
ဒီဟာတွေဖြေဖို့ စဥ်းစားနေတယ်ဆိုရင် အနည်းဆုံး ( ၂ ) နှစ် ပိုက်ဆံမဝင်လည်းရတယ်ဆိုမှဖြေပါ
ဘယ်လမ်းကြောင်းရွေးရွေး မြန်မာငွေ သိန်း ၃၀၀ ကနေ ၅၀၀ လောက်ထိကုန်နိုင်တယ် ( အတော်လေးလျှော့ပြောထားတာ 😀 )

လမ်းကြောင်းတွေမှာ အားနည်းချက်အားသာချက်တွေရှိတယ်ဆိုပေမယ့် “ သူမသာကိုယ်အသုဘ “ ပါပဲ Multifactor ပါ Clinical experiences ,other qualification , CV , CPD , QIPs တွေအပြင် “ ကံ “​နဲ့လည်းဆိုင်ပါသေးတယ်

ငွေရေးကြေးရေးကြည့်ရမယ်ဆိုရင် ဒီဟာတွေမဖြေဘဲ UK membership exam တွေဖြေထားတာက နည်းနည်း Safe ပိုဖြစ်တယ် အနည်းဆုံးတော့ နိုင်ငံကြီးတွေဆီသွားဖြေစရာမလိုဘူး အဲနိုင်ငံကြီးတွေရဲ့ နေစား စာရိတ် ၊ Visa fee ၊ transportation cost တွေမကုန်တော့ဘူး

အချိန်ကြာနိုင်ပေမယ့် ကိုယ်ကဒီကြားထဲမှာ ပြည်တွင်းမှာဆိုလည်း MO လုပ် ၊ GP ဖွင့်ရင်း ကြိုးစားလို့ရတယ် ဘယ်မှသွားစရာမလိုသေးလို့

တစ်ခုတော့ရှိတယ် Membership တစ်ခုပီးသွားလို့ ( full holder ) UK မှာ ဒီ Qualification တစ်ခုတည်းနဲ့ အလုပ်ရဖို့က သိပ်မလွယ်ဘူး (​ကျနော် MRCP အကြောင်းရေးထားတာလေးရှိပါတယ် တခြား membership တွေလည်း အတူတူလောက်ပဲ သူက Just qualification တစ်ခုပဲ တကယ်လက်တွေ့ကျွမ်းကျင်ကြောင်း လုပ်ငန်းအတွေ့အကြုံပြဖို့လိုတယ် )

Clinical experiences သေချာပြနိုင်မှရမယ် ခုနကပြောသလို အလုပ်ရဖို့ကတော့ Multifactor ပဲ ,

နောက်တစ်ခုက နိုင်ငံကြီးတွေဆီမရောက်သေးခင် , Maldives ,brueni တို့ဆိုရင် ကိုယ်ကလည်း CLinical experince များရင် ( ၄ နှစ်လောက်အနည်းဆုံးတောင်းကြတယ် ) အလုပ်ရနိုင်တယ် ရနိုင်တယ်လို့ပြောတာပါ ပုံမှန်ထက်တော့ Membership တွေပီးထားရင် Chance ပိုများတယ်

ဒီနိုင်ငံတွေကနေမှတဆင့် experiences တွေ ၊ CPD ၊ QIP တွေစု နောက်နိုင်ငံကြီးတွေကို ကူးလို့ရတယ်

ရှည်လျားနိုင်ပေမယ့် Safe ဖြစ်တဲ့လမ်းကြောင်းပဲ စဥ်းစားကြည့်မယ်ဆိုရင် Plab , AMC ဖြေဖို့ ပိုက်ဆံတွေအများကြီးရင်းပီး အလုပ်ရဖို့ ကြာနေမှာနဲ့စာရင် မဆိုးဘူးပြောလို့ရတယ်

တစ်ချိုက PLab ဖြေလိုက်ပြီး registration and license ရသွားပီးမှ membership တွေဖြေရင် အလုပ်ရဖို့ ပို chance များမယ်လို့တွေးကြတယ် ဒါကလုံးဝမဟုတ်ဘူး membership တွေပီးရင် လည်း registration ကရမှာပဲ Plab က qualification မဟုတ်ဘူး license အတွက်ဖြေရတဲ့ exam ပဲ

တခြား Exam တွေ AMC , NZREX တို့လည်းဒီအတိုင်းပဲ သူတို့နိုင်ငံမှာ ဆရာဝန်လိုင်စင်ရအောင် ဖြေရတာပဲ အဲနိုင်ငံကြီးတွေမှာလည်း သူတို့ Royal college တွေကိုယ်စီရှိကြတယ် RACP , RACGP , RCPSC စသည်ဖြင့် ရှိတယ် UK နဲ့မတူတာက အဲ membership တွေအကုန်ပီးသွားလဲ license တန်းမရဘူး ပြောခဲ့တဲ့ License exam တွေဖြေမှရမှာ ဒီနေရာမှာကတော့ UK ကကောင်းတယ် သိပ်မရှုပ်ဘူး

တကယ်လို့ ကိုယ်က မြန်မာပြည်မှ Specialist ဆိုရင် ဒီနိုင်ငံကြီးတွေမှာ တိုက်ရိုက် Specialist pathway တွေရှိတယ် ကိုယ့်ရထားတဲ့ Specialist ဘွဲ့ကို သူတိုက Verify လုပ်လို့လက်ခံရင် သူတို့ဆီမှာ Specialist အဖြစ်ခွင့်ပြုတာကိုပြောတာ

မကောင်းတာက မြန်မာပြည် Experiences ဆိုရင် သေချာပြနိုင်မှရမယ် ခက်တဲ့အထဲမှာပါတယ် သူတို့က UK ,Ireland , New zealand , canada , USA , Sigapore experience တွေကိုပဲကြိုက်တာမလို့

ဒါပေမယ့် Maldive , Brueini တို့မှာဆိုရင် Specialist တွေကိုကြိုက်ကြတယ် UK membership တွေပါလာရင်ပိုအဆင်ပြေတယ် ( ထက်ပီး ဒါပေမယ့် ဒီ Maldive , Brueni က Experience က ဟိုကောင်တွေအကြိုက်တော့မဟုတ်ဘူး , နောက်ပိုင်း နိုင်ငံကြီးတွေကူးချင်ရင် ပြောတာပါ ) ပြောခဲ့တဲ့ Multifactor ကိုပဲသတိပြန်ရပေးပါ ဒီ နိုင်ငံ Experience တွေကိုလုံးဝမကြိုက်တာမဟုတ်ဘူး ၊ တခြားကိုယ့်ဘက်ကလည်း CPD , QIP ၊ Clinical govenance တွေဖြည့်ထားရမှာပေါ့ ဒါမှ နိုင်ငံကြီးတွေဆီမှာ Specialist တစ်ယောက်အနေနဲ့ ဝင်လို့လွယ်မှာ

2. တကယ်လို့ Plab , AMC တွေဖြေပီးသွားပီ , အလုပ်မရသေးတာမျိုးဆိုရင်
အလုပ်ရဖို့ကိုယ့်ဘက်ကတက်နိုင်တာမှန်သမျှသာလုပ်ပါ
- CV မှာ Clinical experiences တွေသချာပြပေးပါ ပေါ်လွင်အောင်ရေးပါ
- CV Strength ကောင်းအောင် Online course တွေ Join ပါ ( free တွေအများကြီး ရှိပါတယ် )
- Membership တွေဖြေပါ
- လုပ်သမျှ CPD တွေကို မှတ်တမ်းတင်ထားပါ ( CPD အကြောင်းရေးပေးထားပါတယ် )
- Networking တည်ဆောက်ပါ ( ဘာမှမဟုတ်ဘူး ကိုယ်လျှောက်တဲ့နေရာက အတွင်းသတင်း , Vacancy တွေသိအောင်စပ်စုပါ , လူတွေများများနဲ့ပေါင်းပါ , email ပို့သင့်တာပို့မေး , တစ်ချို့ဟာတွေဆိုရင် ph ဆက်တာပိုလွယ်ပါတယ်, )
- အရေးကြီးဆုံးကတော့ “ ဖြစ်နိုင်ချေ တစ်ရာခိုင်နှုန်းပဲ ရှိနေရင်တောင်ကြိုးစားရမှာ ကိုယ်တာဝန်ပါပဲ “ ဘာလို့လဲဆိုတော့ ကိုယ်က ဖြေပီးသွားပီ ပိုက်ဆံတွေကုန်ပီးသွားပီ အလုပ်ရနိုင်ချေကို အနီးစပ်ဆုံးသိနိုင်အောင် informationစု ပီး လျှောက်စရာရှိတာလျှောက် နေဖို့ပါပဲ

❌❌❌ Plab 1 & 2 ပီးထားတဲ့လူတွေက
- Australia မှာ AMC တစ်ခုပဲဖြေရုံနဲ့ Provisional registration ရမယ် , AMC 2 ဖြေစရာမလိုတော့ဘူး ၊ အလုပ်ရနိုင်ချေကတော့ ခဏခဏပြောခဲ့သလိုပါပဲ
- New zealand ဆိုရင် ဘာ Exam မှထပ်ဖြေစရာမလိုဘဲ Join လို့ရတဲ့ Exam registration pathway ဆိုတာရှိတယ် ( ဒါတွေက ပိုစ်သက်သက် အသေးစိတ်ရေးထားတာရှိပါတယ် )

3. ဆရာဝန်မလုပ်တော့ဘူးဆိုရင်တော့ Very good
ခေါင်းမရှုပ်တော့ဘူး အေးရာအေးကြောင်းပဲ 😁😁 ကြိုက်တာသာလုပ်တော့

ဒါကတော့ လမ်းပျောက်နေရင် တွေးစရာရအောင် Share ပေးတာပါဗျ နောက်လည်း ကျနော့ page ကနေ ဒီလိုမျိုး ဆောင်းပါးတွေ အမြဲရေးပေးနေမှာမို့ Follow လုပ်ထားလို့ရပါပီ

အားလုံးပဲ လမ်းတွေမြန်မြန်တွေ့ကြပါစေ
Dr.Naung Myat


#လမ်းပျောက်နေသောမြန်မာဆရာဝန်များ
#တွေးစရာလေးများ

10/05/2026

Joshua van နဲ့ Tatsuro Taira ပွဲရဲ့ သင်ခန်းစာကတော့ တစ်စုံတစ်ယောက်ကိုအဲလောက်ကြီးဖက်တွယ်နေရင် အရှုံးနဲ့ရင်ဆိုင်ရမှာပဲဆိုတာပါ

အားလုံးပဲအဲလောက်ကြီးမဖက်တွယ်ကြပါနဲ့လို့စ်

😁

09/05/2026

Ausi Medical Jobs တွေရှာတဲ့အခါ IMG တွေအဓိကခေါ်တဲ့ဆေးရုံတွေကို Target ထားပြီးလျှောက်တာကလည်း Trick တစ်ခုပါပဲ Sidney , Malborne မှာပဲလျှောက်နေတာက Ausi Experiences မရှိရင် လျှောက်စရာ Post တွေပေါပေမယ့်ကိုယ်အတွက်မဟုတ်နေပါဘူး

CV , Cover letter သေချာပြင်ပြီး ဒီလိုဆေးရုံတွေကို Focus လုပ်တာက အချိန်ကုန်လည်းသက်သာစေသလို တကယ်လည်းအလုပ်ဖြစ်ပါတယ်

ပိုကောင်းတာက အခုကျနော် Share ပေးမယ့်ဆေးရုံတွေက WBA Provider တွေလည်းဖြစ်ပါတယ် Offer ရရင် WBA လဲလျှောက်လို့လည်းရမှာပါ

1. Northern Territory (NT)
⁃ Royal Darwin Hospital
⁃ Palmerston Regional Hospital

2. Western Australia (WA)
⁃ St John of God Midland Hospital

3. South Australia (SA)
⁃ Lyell McEwin Hospital
⁃ Mount Gambier Hospital

4. New South Wales (NSW)
⁃ Gosford Hospital
⁃ Newcastle (John Hunter Hospital / Hunter New England LHD)
⁃ Taree (Manning Base Hospital)
⁃ South Western Sydney LHD: Campbelltown Hospital
⁃ Western Sydney LHD: Blacktown Hospital

5. Victoria
⁃ Monash Health
⁃ Mildura Base Public Hospital ( Non WBA )
⁃ Barwon Health ( Non WBA )
⁃ Northern Health ( Non WBA )

6. Queensland - QLD
⁃ Central Queensland HHS: Rockhampton
⁃ Darling Downs HHS: Toowoomba Hospital
⁃ Mackay HHS: Mackay Base Hospital
⁃ Sunshine Coast HHS: Sunshine Coast University Hospital
⁃ Townsville HHS: Townsville University Hospital

7. Tasmania (TAS)
⁃ Launceston General Hospital
⁃ North West Regional Hospital (Burnie)
⁃ Royal Hobart Hospital

Facebook , IG Ausi group ,Youtube တွေကနေရတဲ့ information တွေနဲ့ လက်ရှိ Ausi ရောက်မြန်မာဆရာဝန်တစ်ချို့ဆီက ရတဲ့ information တွေကို ပြန်စီထားတာဖြစ်ပါတယ်ဗျာ အမှားအယွင်းအနည်းနဲ့အများရှိနိုင်လို့ အဆင်ပြေမှသာ ယူသုံးပါနော်

With love
Dr.Naung Myat




09/05/2026

မြန်မာကားဖြစ်ဖြစ် နိုင်ငံခြားကားဖြစ်ဖြစ် သရဲခြောက်ရင် လူအများကြီးကြားထဲက တစ်ယောက်ထဲကွက်ခြောက်တာများတယ်

အဲတော့ ဟိုကောင်က သူ့သရဲခြောက်နေပါတယ်လိုပြောရင် ကျန်တဲ့ကောင်တွေကမယုံကြဘူး အဲဟာ အူယားဖို့ကောင်းတယ် ကျနော်တို့က သိနေတယ်လေ သရဲကပြုးပြုးကြီး ခြောက်နေတာ ဒါမယ့်ပြောရင် မယုံကြဘူး ခေါင်းတွေချည်းခေါက်ချင်တာ

ပြီးရင် သရဲက ဘယ်တော့မဆို သူလာရင် လင်းနေတဲ့မီးတွေ တဖျက်ဖျက်ဖြစ်ကုန်ရော ဘာအထားလဲမသိဘူး ပိုဆိုးရင် မီးတောင်ဖြတ်ပစ်လိုက်သေးတာ

နောက်ပြီးရှိသေးတယ် သရဲတွေက ပြောမယ့်စကားကို တစ်ခါတည်းပြီးအောင်မပြောဘူး ဝမ်းခေါင်းသံကြီးနဲ့ တစ်လုံးချင်းပြောနေတာ သူပြောတာနားထောင်နေရတာနဲ့ ဘဝကူးသွားနိုင်တယ်

ဥပမာ - မင်း ကို ငါ တတ် မယ် ဆိုတာမျိုး

နောက်ထပ်အဆိုးဆုံးဟာရှိသေးတယ် အလကားနေ သူတို့ပါးစပ်ထဲကနေ လျှောက်အန်ထုတ်တာ ရွံစရာကောင်းချက် ခြောက်တာရိုးရိုးခြောက်လေ အဲလိုကျ ညစ်ပတ်တာပေါ့ဗျာ

ပြီးတဲ့အခါ တစ်ခါတစ်လေ သူ့လည်းဘာမှမလုပ်ပဲနဲ့ကို တရပ်စပ်ပတ်ခြောက်နေတာ အကြောင်းအရင်းလေးဘာလေးလည်းမပြောဘူး

ကဲဒါကတော့ သရဲကားတွေကို သေချာလေ့လာခဲ့တဲ့လူတစ်ယောက်ပေါ့ဗျာ

သရဲကားမှမဟုတ်ပါဘူး တော်တော်များများဇတ်ကားတွေမှာ ခေါက်ရိုးကျိုးနေတဲ့ အပ်ကြောင်းထပ်နေတဲ့ အရာတွေ မရိုးနိုင်အောင်လုပ်ပြနေတာတွေရှိတယ်

တစ်နေ့မှာ အဲလိုအဟောင်းတွေကြားထဲက ဖောက်ထွက်တဲ့သူတွေက Hit ဖြစ်သွားတတ်တယ်

သရဲကဒီလိုပဲခြောက်ရမှာမဟုတ်ဘူးလေ သူ့မှာခြောက်နည်းတွေအများကြီးရှိနေမှာပဲ ကျနော်တို့ ဘောင်ခတ်ထားရင် အဟောင်းတွေပဲရမှာ ဖောက်ထွက်မှ အသစ်တွေဖြစ်လာမှာ ကဲပြောပြောဆိုဆိုနဲ့ လေးလေးနက်နက်ကြီးတွေလုပ်လိုက်ပြန်ပါပီ

With love Dr.Naung Myat


#အဟောင်းတွေကြားမှာမနေနဲ့
#အသစ်တွေလုပ်ပါ
#ဖောက်ထွက်ဖို့အချိန်တန်ပါပီ

08/05/2026

President Trump ရဲ့ US အမျိုးသားလုံခြုံရေးဘာညာသာရကာနဲ့ Jan 1 ရက်နေ့ကစအသက်ဝင်တဲ့ နိုင်ငံပေါင်း ၃၉ နိုင်ငံ Travel ban အစီအစဥ်ပဲဖြစ်ပါတယ်

Myanmar က Fully restricted countries တွေထဲမှာမှ အာဖဂန်နောက် No 2 နေရာမှာလာပါတယ်

အခု USCIS ( US citizenship and immigration service ) က

“ Applications associated with medical physicians will continue processing. “ ဆိုပြီး

formally ဘာမှတောင်ကြိုမပြောပဲ April ထဲမှာထုတ်ပြန်သွားတာ ကျနော်လည်းတရေးနိုးမှသိပါတယ် သိမှစပ်စုကြည့်ပြီး တွေ့တာလေးတွေ Share ပါတယ်နော်

သူကဘာဖြစ်လို့ ဒီလိုထလုပ်ရတာလည်းဆိုရင် Venezuelan family doctor ဆရာဝန်တစ်ယောက်က Taxas check point မှာ အထိန်းခံရတယ်တဲ့ သူ့ Visa / work permit တွေက Trump ထုတ်ထားတဲ့အမိန့်အရ freeze လုပ်ခံထားရတာမို့ပါ

New york time ပြောတဲ့ပုံစံအရ residency ပြီးထားတဲ့ foreign doctor 1000 လောက်လည်း ဒီလိုသာ Work permit မရရင် ဒုက္ခရောက်နိုင်တယ်လို့သိရတယ်

အဲလိုနဲ့ US medical association , US academy of family medicine တွေအပါအဝင် အဖွဲ့ ၂၀ လောက် Joint letter ပေးပြီး ဖိအားပေးကြတာ ဒီ Pressure ကြောင့် နောက်ဆုံးမှာ USCIS က Physician တွေနဲ့ပါတ်သတ်တဲ့ ကိစ္စဝိစ္စတွေ ဆက်လုပ်လို့ရပါတယ်ဆိုပြီး သူတို့ News တွေပြောပုံအရ တိတ်တိတ်လေး တစ်ကြောင်းထဲလာပြောသွားပါတယ်တဲ့

Pressure ပေးရတာလည်း US doctor shortage ကဆိုးဆိုးဝါးဝါးဖြစ်နေလို့ပါ ၄ ယောက်မှာ ၁ ယောက်က foreign doctor တစ်ယောက်ဖြစ်ပြီး Primary care area မှာ အလုပ်လုပ်နေတဲ့ ဆရာဝန်တွေရဲ့ 65 % က IMG တွေပါပဲတဲ့

ပိုဆိုးတာက နိုင်ငံထဲမှာရှိပြီးသား IMG တွေ ( Travel ban လုပ်ခံထားရတဲ့ ၃၉ နိုင်ငံထဲမှာပါနေရင် )Visa extension လုပ်မရရင် အလုပ်ဆက်လုပ်လို့မရတော့ဘူး

Health Professional Shortage Areas တွေမှာရှိတဲ့ J-1 waivers visa ကိုင်ထားတဲ့ ဆရာဝန်တွေက ပိုပြီး ထိခိုက်ရတယ်လို့ပြောတယ် ( Visa type တွေအကြောင်း သပ်သပ်ရေးပါဦးမယ် )

ဆိုတော့ ဒီလိုသာဆက်ဖြစ်နေရင် US က Doctor shortage ပြဿနာကိုပိုပြီးခံရပါလိမ့်မယ် OECD နိုင်ငံတွေမှာရှိသမျှ IMG တွေရဲ့ 40 ရာခိုင်နှုန်းနီးပါးက US မှာဆိုတော့ သူတို့အလုပ်ဆက်လုပ်မရရင် IMG မှီခိုနေရတာဖြစ်တဲ့အတွက် တိုင်ပတ်မှာဖြစ်ပါတယ်

ခုနကပြောတဲ့ Medical အဖွဲ့ပေါင်းစုံကလည်း ဒါက US patients တွေပဲနစ်နာမှာဖြစ်တယ် health care လည်းလစ်သွားနိုင်တယ် စသည်ဖြင့် Pressure ပေးလိုက်တဲ့ဟာမှာ အခုလို စာတစ်ကြောင်းထွက်လာတာဖြစ်ပါတယ်

ဒါပေမယ့်သတိပြုရမှာက

⁃ အခုမြန်မာတွေ US သွားမယ်ဆိုရင် မရသေးပါဘူး
⁃ US မှာရောက်ပြီးသား ဆရာဝန်တွေရဲ့ Visa extension ,work authorization တွေကိုပဲ ဆက်ခွင့်ပြုမယ် ဆက်အလုပ်လုပ်ခွင့်ပေးမယ်ဆိုတဲ့ အဓိပ္ပယ်ပါ

ဒါတောင် အချိန်မရွေးမရတော့ဘူးဆိုပြီးပြန်လုပ်နိုင်ပါသေးတယ်တဲ့ စောင့်ကြည့်ရမယ်ပေါ့

သက်ဆိုင်ရာ သံရုံးနဲ့ US government , USCIS ကထပ်ပြောမယ့်ဟာတွေ ဆက်လက်စောင့်ကြည့်ဖို့လိုအပ်ပါသေးတယ် သူတို့ပြောတဲ့ဟာကသာအတည်ပါဗျာ ကျနော်ပြောတာတွေက News တွေဖတ်ပြီးပြန်ပြောပေးတာပါနော်

ဒါပါပဲဗျာ

With love
Dr.Naung Myat





07/05/2026

လူအများ ဆရာဝန်များအား ထင်နေကြပုံ 😁

05/05/2026

အပျော်ဆုံးအချိန်က ဘေးမှာ Coffee တစ်
ခွက်နဲ့ စာရေးနေရတဲ့အချိန်

မိုးလေးပါအုံ့ပေးလိုက် ကြည်နူးသွားရော

Beer သောက်ရင်းရေးရင် မပျော်ဘူး

တကယ်ကြီးနော် 🙏😁

05/05/2026

Research တစ်ခုမြန်မာပြည်မှာပဲ ဘယ်လိုစလုပ်မလဲ ?

BMJ ကဆောင်းပါးတစ်ပုဒ်ကို အခြေခံပြီး ပြန် Share ပေးပါမယ်နော် Research ကအရေးကြီးလားဆိုရင် Clinical ဘက်ပဲသွားမယ့်လူဆိုရင်တောင် အရေးကြီးပါတယ်လို့ပြောရမယ် နောက်ပိုင်းနိုင်ငံတကာအလုပ်တွေသွားလုပ်မယ် အလုပ်တွေလျှောက်မယ် , Specialty training တွေဝင်မယ် ဆိုရင် Research experience ရှိထားတာ အများကြီးတာသွားပါတယ်

2024 August လောက်မှာ Indian friend တစ်ယောက် NHS job application ၁၀ ခုတင်တာ Interview ၄ ခုရပါတယ် ဒါကျနော့ CV နဲ့ Job applicaiton webinar တွေမှာပြန်ပြောပြနေကြပါ

အလုပ်တွေကြပ်နေပါတယ်ဆိုတဲ့ အချိန်မှာရတာဗျာ စဥ်းစားကြည့်လို့ရပါတယ်

သူ့ CV တောင်းကြည့်တော့ တန်းဝင်တဲ့ Research နှစ်ခုလုပ်ထားတာတွေ့ရတယ် တစ်ခုက Publication ဖြစ်ထားတယ် နာမည်တော့မမှတ်မိတော့ Research ကနားလည်းမလည်တော့သူဘာတွေလုပ်ထားလဲလည်းသေချာမသိ

ဒါမယ့်ဒီနေရာမှာ သူမှာတစ်ခြား Qualification တွေလည်းရှိပြီးသားဖြစ်နေတာလည်းထည့်တွက်ရမှာပါ ဒီ Research ကြောင့် ဒီလောက် interview တွေရနေတာလို့မပြောပါဘူးနော် Multifcator ပါ

ဘယ်လိုပဲဖြစ်ဖြစ် Research က CV ကို Strong ဖြစ်စေတာကတော့ သေချာပါတယ် ကျနော်လည်းမလုပ်ဖူးပါဘူး Final part 1 ကဟာပဲရှိတယ် ဒါမယ့် နောက်လူတွေက လုပ်ထားသင့်တယ် အပြိုင်အဆိုင်များတဲ့ ခေတ်ထဲမှာ နိုင်ငံတကာ Clinical job တွေဘက်သွားမှာဆိုရင် Research တစ်ခုလောက်ကတော့ လုပ်သင့်တဲ့အရာပါ

ကျနော်တို့ရဲ့ အခက်အခဲက

1. ကျနော်တို့ပတ်ဝန်းကျင်မှာ Research လုပ်နေတဲ့လူ ( or ) Supervise လုပ်ပေးနိုင်တဲ့လူနည်းပါးတာ
2. Research ရဲ့ Basic terms တွေကအစ ဂြိုလ်သား Language တွေဖြစ်နေတာ မရင်းနှီးဘူး Clinical ပဲမဲလုပ်နေတာ PSM တုန်းကလည်း ရွှီးခဲတာများတော့ 😁 ( ကိုယ့်ဟာကိုယ်ပြောတာနော် 🙏 )
3. Research အရေးကြီးတယ်လို့ ဘယ်တုန်းကမှမထင််ခဲ့တာ

ဒီလိုမျိုးတွေဖြစ်တော့ ကျနော်တို့က Reaserch ဆိုရင် ဘယ်ကစရမှန်းမသိတော့ဘူး ဒီနေ့ကျနော်တို့ Research တစ်ခုဘယ်လိုလုပ်လို့ရမလဲ ပြောပြပါမယ်

1. Supervise လုပ်ပေးနိုင်တဲ့သူရှာရပါမယ်
Online ကရှာလို့ရတယ် Social media တွေမှာ Group တွေအများကြီးရှိတယ် Supervise လုပ်ပေးနိုင်တဲ့သူအပြင် အတူတူစိတ်ဝင်စားပြီးတွဲလုပ်မယ့်အဖေါ်တွေလည်းရှာလို့ရတယ် အရင်တုန်းကဆိုရင်တော့ မလွယ်ဘူးအခုတော့ Social media အားကိုးနဲ့ ရှာလို့ရပါတယ်

BMJ ကလည်းအဲလိုပဲတိုက်တွန်းထားတယ် နီးစပ်ရာထဲမှာ Research လုပ်ဖူးတဲ့သူ ( Or) ကျွမ်းကျင်သူတွေရှိနိုင်လား ရှိရင် Approach လုပ်ပြီး စရမှာပဲ

2. လွယ်တာလေးတွေနဲ့စလို့ရတယ်
ပထမဆုံး Research terms တွေလေ့လာလို့ရတယ် စျေးကြီးတွေ course တွေမတက်ခင် Youtube ကိုအရင်ကြည့်ပါ

Research လုပ်တဲ့သူတွေမဖြစ်မနေသိရမယ့် R ဆိုတဲ့ Statistical software တစ်ခုရှိတယ် Data analysis လုပ်တဲ့နေရာ Graph တွေ Charts တွေဆွဲတဲ့နေရာမှာသုံးတယ် ဒါနဲ့ပါတ်သတ်ပြီး YouTube မှာအများကြိီး Free share ပေးနေတယ်

Cocrane မှာ Step by step - Systemic Review တစ်ခုဘယ်လိုလုပ်မလဲ PRISMA ဆိုတာဘာလဲ , PICO ကရော ဒီလိုဟာမျိုးတွေ သေချာရှင်းရှင်းလင်းလင်းရှင်းထားပေးထားလို့ အသုံးဝင်ပါတယ်တဲ့

စလုပ်တဲ့သူတွေ လုပ်သင့်တဲ့ Research type တွေက
⁃ Case study | စိတ်ဝင်စားစရာ Case တစ်ခု ရှားပါးရောဂါတစ်ခုကို လေ့လာတာ
⁃ Case series | အမျိုးစားတူ ရောဂါတွေကို ယှဥ်တွဲပြီးလေ့လာတာမျိုး
⁃ Systematic review | အကြောင်းအရာတစ်ခုတည်းအတွက်လေ့လာထားတဲ့ Published study တွေအများကြီးကို လိုက်ရှာဖတ်ပြီး ပြန် Review ပြန်လုပ်တာ

ပြောတာက Systematic review က Good starting point ပါတဲ့ ဘာလို့လဲဆိုတော့ academic writing , paper selecting , data analysis နဲ့ PRISMA ကိုသုံးပြီး ဘယ်လို Report လုပ်လဲဆိုတာတွေလေ့လာပြီးသားဖြစ်သွားလို့ပါ

နောက်ထပ်လုပ်မယ့် Research တွေအတွက် မြေခံရေခံကောင်းသွားတာပေ့ါ
PRISMA ဆိုတာက preferred reporting items for systematic reviews and meta-analyses ကိုပြောတာ Fromal report လုပ်တဲ့စနစ်တစ်ခု

အချိန်က ပေးနိုင်ရင်ပေးနိုင်သလောက်ကုန်နိုင်တယ် Clinical အလုပ်တစ်ခုနဲ့တွဲလုပ်ရင် Time management တော့လုပ်ဖို့လိုပါမယ်

Team နဲ့သွားမှာ သူက Literature ရှာ , ကိုယ်က data collect လုပ် နောက်တစ်ယောက်က တစ်ခုခုလုပ် Meeting တွေလည်းလုပ်ရဦးမှာ

သူ့ထက်ပိုပြီး Intensively လုပ်ရတဲ့ Funding လည်းအရမ်းကုန်တဲ့ Research တွေက
⁃ Laboratory projects | Scientifci experiements တွေ Samples analyaiss တွေပါမယ်
⁃ Novel projects | Research အသစ်လုပ်တာ Original , Brand new ဆိုတော့ အချိန်အရမ်းကုန် အကုန်အစကစလုပ်ရတာမျိုး
အဲလိုမျိုးတွေကကြတော့ အခုမှစလုပ်မှာမျိုးဆိုရင် တော်တော် စဥ်းစားရမယ် Research နဲ့ပါတ်သတ်တဲ့ Career ဘက်မသွားဘူးဆိုရင် အချိန်တွေအများကြီးပေးဆပ်ရပြီး လက်ရှိ clinical အလုပ်လည်းထိခိုက်နိုင်လို့ပါ

တစ်ခုတော့ရှိတယ် Research fellow အလုပ်တွေ clinical နဲ့တွဲလုပ်ရတဲ့အလုပ်တွေလုပ်ခွင့်ရရင် တော့ အဆင်ပြေတယ်ကိုယ်က အရင်ကလည်း Research တွေဘာတွေလုပ်ဖူးစရှိတယ်ဆိုရင်

⁃ Cohort အသေးလေးတွေလုပ်ကြည့်လို့ရတယ် သူက Exposure ကိုကြည့်ပြီးနောက်ပိုင်းဘာဆက်
ဖြစ်သွားလဲလေ့လာတဲ့ Study ဥပမာ - Abestos exposure ရှိတဲ့လူတွေနောက်ဘာရောဂါတွေရသွားလဲ ?

⁃ Case control ကကျတော့ Asbestosis ဖြစ်တဲ့သူတွေက အရင်က Asbestos exposure ရှိခဲ့တာလားပေါ့ သူကပြန်ကြည့်တာ Cohort ကနောက်ပိုင်းဇတ်လမ်းကိုကြည့်တာ

ဒီလိုဟာမျိုးလေးတွေလုပ်လို့ရပါတယ် ပြီးရင် နောက်ပိုင်းအရှိန်ရလာရင် Randomized control trial တွေမှာ involove လုပ်လို့ရသွားပြီ

3. Publication
ဒီဟာကတော့ မြန်မာဆရာဝန်တစ်ယောက် Share ပေးဖူးတဲ့ Research အတွေ့အကြုံနဲ့ ကျနော်ရှာထားတဲ့ဟာလေးတွေ နားလည်သလောက်ရေးပေးပါမယ်

Publication ဖြစ်ဖို့လိုတယ် ကိုယ်က Case report , cohort , systematic review တစ်ခုခုလုပ်ပြီးသွားပြီးဆိုရင် journal တစ်ခုခုမှာ Publish ဖြစ်စေချင်တယ်

အဲအခါကြည့်ရမှာက

⁃ Journal ရဲ့ Rank က Citation ဘယ််လောက်လုပ်ခံရလဲ ( Impact factor ) လိုမျိုး , ပြီးရင် Scorpus ကမိတ်ဆက်ထားတဲ့ Citescore ဆိုတဲ့ research တစ်ခုရဲ့ အရည်အသွေးတိုင်းတာတဲ့ metric တွေကြည့်ရပါမယ် တစ်ခြားတိုင်းတာတဲ့ဟာတွေလည်းရှိပါတယ် ဒါမယ့် ဒီ Terms တွေက ခဏခဏတွေ့ရလို့ ပြန် Share ပေးတာပါ

⁃ Peer review လုပ်မှာလား ၊ လုပ်ရင်ကောင်းတယ် တစ်ခြား Experts တွေက ကိုယ့် Research ကိုကြည့်ပြီး method တွေ Data တွေ feedback ပေးမယ် comment ပေးမယ် အဲဟာတွေကြေလည်မှ Publish ဖြစ်လာမယ့် Research မျိုးဖြစ််လို့ ပိုမိုက်တယ် Journal တွေကပြောထားမယ် ဒီ Research ကို တစ်ခြားလူတွေလည်းစစ်မယ် , Editor only ပဲမဟုတ်ဘူး Peers တွေလည်းကြည့်ပါမယ်ပေါ့

⁃ Index ဘယ် Data base မှာပါမှာလည်း Recognized database တစ်ခုခုဥပမာ PudMed , Scorpus , Web of science တို့မှာပါမှာလား New England Jounal ဆိုရင် Database တွေအများကြီးမှာတွေ့နိုင်တယ် သူက Top rank journal ဖြစ်နေလို့ နေရာတိုင်းမှာ ရှာလို့ရနေတယ်ဆိုတဲ့သဘော

⁃ Fees ပေးရမှာလားကြည့်ရမယ် ပေးရတိုင်း မကောင်းတာတော့မဟုတ်ဘူး Jouranl rank ကကောင်းတယ် , peer reviewd လုပ်မယ် ပြီးရင် Publisher တွေကလည်း recognized ဖြစ်ပြီးသား like BMJ , elsevier , Oxford စသည်ဖြင့် ဖြစ်နေမယ် ဆိုရင်တော့ Fees ပေးရလည်း Fake ဖြစ်ဖို့ Chance နည်းတယ် တစ်ချို့ Journal တွေက Fees တောင်းမယ် ပြီးရင် လွယ်လွယ်လည်း ကိုယ့် Resarch ကို Accept လုပ်တယ် publsih ဖြစ်ဖို့လည်း အာမခံပေးတယ်ဆိုရင်တော့ တကယ်လို့ publish ဖြစ်ရင်တောင် ပိုက်ဆံပေးလို့ရတဲ့ဟာမျိုးဖြစ်သွားမှာ impression မကောင်းဘူးပေါ့

ဒါလေးတွေကို Publish လုပ်ဖို့ Jounal တစ်ခုကိုမတင်ခင်မှာကြည့်ဖိုလို့တယ် အခုပြောတဲ့ဟာတွေကို Scopus sourses , Clarivate journal citation reports , SCLmago journal rank , NLM catalog လိုမျိုး Webpage တွေမှာသွား checkလို့ရတယ်

ဘယ် Journal ကတော့ Citation ဘယ်လောက် , Rank ဘယ်လောက်ဆိုတာမျိုးသိနိုင်တယ်

Beginner တွေအတွက်က အရမ်း Rank ကောင်းတဲ့ The lancert , NEJM လိုမျိုးတွေက Publish လုပ်ဖို့အရမ်းခက်မယ် အဲတော့ အသင့်အတင့်လေးတွေနဲ့စသင့်ပါတယ်တဲ့

ဥပမာ -
⁃ BMJ case report
⁃ BMJ Golbal healht
⁃ Emergency Medical Journal
⁃ BMC primary care
ကိုယ် research လုပ်တဲ့ Field ပေါ်မူတည်ပါသေးတယ် Surgery မှာဆို ကျနော်တို့စလုပ်သင့်တဲ့ Journal တွေကသပ်သပ်ရှိပါသေးတယ်

ဒီဟာကကျတော့ ကိုယ့် Supervisor နဲ့ ခုနကကျနော်ပြောသွားတဲ့ Journal တွေရဲ့ rank တွေ citation တွေကိုစစ်လို့ရတဲ့ Website တွေကိုဝင်ကြည့်တာအကောင်းဆုံးပါ

ဒါကတော့ မြန်မာပြည်မှာပဲနေပြီး Peer reviewed jounal တစ်ခုမှာ research publish ဖြစ်အောင်လုပ်ဖို့ လမ်းစရအောင် Share ပေးတာပါဗျ

Info အမှားတွေရှိခဲ့ရင် အများကြီးတောင်းပန်ပါတယ်နော် 🙏

With love
Dr.Naung Myat


်ခုဘယ်လိုစလုပ်မလဲ

03/05/2026

အသက်တွေကြီးလာတာနဲ့ တစ်ခုခုလေ့လာတဲ့အခါ ခရီးမတွင်တော့ဘူးဖြစ်နေတယ်ဆိုရင် ကျနော်သုံးတဲ့နည်းလမ်းတစ်ခု Share ပေးချင်ပါတယ်

အသက်ကဘယ်လောက်ဆိုကြီးတာလည်းတော့မပြောတတ်ဘူး တကယ်က ကျနော်ကဘယ်တော့မှ ကိုယ်ဟာကိုကြီးလာတယ်မထင်ဘူး အမြဲငယ်နေတာပဲ

အသက် ၃၅ နှစ်ရှိလာလည်း သူများတွေဆို ၂၀ ကျော်လောက်ပဲလို့ပြောကြတယ် စိတ်ချမ်းသာအောင်ပြောမှန်းသိပေမယ့် ဝမ်းသာပါတယ်

အသက်ကြီးတာထက် တစ်ခုခုအာရုံစိုက်ဖို့ ငယ်တုန်းကလိို မထက်သန်တော့မျိုးဖြစ်တတ်တယ် ကျနော်ဆိုအရင်ကတစ်ခုခုဆို အရူးလိုလုပ်တာ မဖြစ်မြောက်တာတစ်ခုပဲ လုပ်တာကတော့ ရူးနေရောပဲ

အဓိက Consistency ပေါ့ အမြဲလုပ်နေဖို့
အဲဟာက တစ်ချို့တွေမှာ ထိန်းရခက်နေတာမျိုးတွေရင်ဖွင့်ကြတယ် ဟ်ိုဟာလုပ်ရမလို ဒီဟာစရမလိုနဲ့ ဝုန်ကနဲစပြီး ပြန်ကျသွားရော

အဲလိုမျိုးတွေဖြစ်နေရင် ဒီနည်းလမ်းကိုသုံးကြည့်ပါ

30 minutes rule !

“ English Speaking “
ကျနော်တစ်ရက်ကို နာရီဝက် AI နဲ့ english speaking လေ့ကျင့်တယ် ထမင်းစားပြီး မနက် ၉ နာရီလောက် လမ်းလည်းလျှောက်ပြီးသားရတာပေါ့ ဒီနေရာမှာ Air pod ကအသုံးတည့်တယ် နားထောင်ရတာ ပိုပြီးအာရုံရတယ် အလုပ်ကိစ္စပြောရင်လည်း အခုနောက်ပိုင်း Air pod မတပ်ရသေးရင်ပြောမတတ်တော့ဘူး Air pod ကြောငြာမဟုတ်ပါဘူး တကယ်ပြောတာ အာရုံပိုရတယ်

“ Reading Books “
နောက် နာရီဝက် အပြင်စာတွေဖတ်တယ် တွတ်ပီတွေဝယ်ထားတာအများကြီးပဲ 😁 ကျနော်သမိုင်းစိတ်ဝင်စားလို့ သမိုင်း ၊ နိုင်ငံရေးနဲ့ပါတ်သတ်ဲ့စာအုပ်တွေလည်းဖတ်တယ် စာဖတ်တာကဖုန်းသုံးတာလိုမဟုတ်ဘူး စိတ်ငြိမ်တယ် ဖုန်းသုံးရင် လူကသာငြိမ်နေလိမ့်မယ် လက်က Scroll လုပ်ပြီး အကြောင်းအရာတစ်ခုပြီးတစ်ခု အာရုံတွေဖြန့်ကျက်နေရတာ ကျနော်အမှန်တိုင်းပြောရရင် မကြိုက်ဘူး ဒါတောင် အရင်က ကိုယ့် Profile လူသိဖို့လိုတယ်ဆိုပြီး မထော်မနန်းတွေလျှောက်ရေးပြီး Personal account နဲ့တင်သေးတယ် အခုတော့ Account Disable ဖြစ်သွားပြီ နားအေးရော

ဖုန်းပွတ်တာက ဦးနှောက်အနားပေးတာမဟုတ်ပဲ ခေါင်းထဲကို အမှိုက်တွေလိုလိုလားလားထည့်နေတာနဲ့တူတယ် တစ်ဖတ်
ကတွေးရင် ဖတ်လို့ကောင်းတဲ့ ပညာရတဲ့ content တွေလည်းရှိတာပဲပေါ့ ဒါမယ့်ဒါတွေကနည်းပါတယ် ပြီးရင် ပျင်းစရာလည်းကောင်းတယ်

တကယ်ပြောတာ များသောအားဖြင့် Facebook AI ကလည်းကိုယ်ကြည့်ချင်တာများများပြပေးတာ Tiktot ဆိုပိုတောင်ဆိုးသေး တစ်ခါလောက်နည်းနည်းကြည့်မိတာနဲ့မပြီးတော့ဘူး

အဲတော့ ဖုန်းပွတ်တဲ့ကိစ္စကို တက်နိုင်သမျှ စည်းကမ်းနဲ့ထိန်းရတယ် တကယ်သုံးမိရင် ဘာမှသာမဟုတ်တာ ဖြုတ်ဆိုတစ်နာရီလောက်ကုန်သွားတာ ဘာမှန်းကိုမသိလိုက်ရဘူး ပွဲတွေဘာတွေဖြစ်နေရင် ပိုဆိုး

အခုနောက်ပိုင်း account အသစ်ကလည်း Fris ကတစ်ရာတောင်မပြည့်တော့ အေးရောကြည့်စရာလည်းမရှိဘူး Page လည်း Content တင်စရာရှိဝင်တင် Message တွေအရေးကြီးရင်ဖြေဒါပဲ

ဖုန်းပွတ်တာက ကျနော့အတွက်လျှော့ကိုလျှော့ရမယ့်ကိစ္စ ဘာလို့ဆို Computer က တစ်ရက် 8 နာရီအနည်းဆုံးပဲ ဖုန်းပါကြည့်ရင်သွားပြီး မျက်မှန်က ပုလင်းဖင်ဖြစ်လာတော့မှာ

“ Work-out “
တစ်ရက်နာရီဝက် လေ့ကျင့်ခန်းလုပ်တယ် နာရီဝက်ပဲ အဲထက်ပိုရင် ငရဲကြီးမှာဆိုးလို့ လုပ်လည်းမလုပ်နိုင်ဘူး မောတယ်လေ ကျနော်က Gym လည်းမသွားချင်ဘူး Gym သွားဖို့ပြင်နေတာနဲ့ ပျင်းသွားပြီးမရောက်လို့

အိမ်မှာပဲ ဒိုက်ထိုးတယ် , အလွတ်ခုန်တယ် , ဗိုက်ရိုက်တယ် Plank ထောက်တယ် ပြီးရင် YouTube ကကြည့်ဖူးသမျှတွေလျှောက်လုပ်တယ်

အဲလိုကိုယ်လက်လှုပ်ရှားပြီးရင် အရမ်းနေလို့ကောင်းတယ် Beer သောက်မယ့်နေဆိုပိုတောင်လုပ်သေးတယ် သောက်ကောင်းအောင်လို့ မယုံရင် လုပ်ကြည့်ပါ Beers သောက်မယ့်နေ့မှာ လေ့ကျင့်ခန်းလုပ်ထားရင် အရမ်းသောက်လို့ကောင်းတာ 👍

“ Family time “
နာရီဝက် အမြဲတမ်းလိုလို ကျနော့သားနဲ့လမ်းလျှောက်ဖြစ်တယ် ညနေတွေပေါ့ အလုပ်အရမ်းရှုပ်နေရင်တောင် ဖြစ်
အောင်လျှောက်ဖြစ်တယ် ကိုယ်လက်လှုပ်ရှားထက် သူနဲ့အချိန်ပေးပြီးစကားပြောတာပေ့ါ ကျနော်သိထားတဲ့အကြောင်းအရာတွေသူစိတ်ဝင်စားအောင် English လိုပြောတယ်

မီးကျိုးမောင်းပျက်တွေပြောပေမယ်ကြာလာတော့ သားအဖနှစ်ယောက်လုံး ဘိုလိုကဟုတ်တုတ်တုတ်ပဲ ပြီးရင် သူ့အတွေးအခေါ်တွေလည်းကောင်းလာတာပေါ့ ဟစ်တလာဆိုတာဘယ်သူ , ကမ္ဘာစစ်ဆိုတာဘာကြီးစသည်ဖြင့်ပေါ့ ကြီးကြီးကျယ်ကျယ်တွေလျှောက်ပြောတတ်လာတော့ပေါ့ဗျာ

ဒီလိုလေးတွေပါပဲဗျာ ကျနော်တို့ Work life balance မျှအောင်လုပ်ဖို့ခက်ခဲနေတဲ့ကာလကြီးမှာ 30 minutes rule ကိုသုံးကြည့်ပါလို့ ပြောချင်ပါတယ်ဗျာ

တစ်ရက်နည်းနည်းနဲ့ တကယ်တန်ဖိုးရှိပါတယ်
တစ်ခုခုလေ့လာတဲ့အခါမှာလည်း 30 minutes ကစပြီး တစ်ရက် တစ်နာရီ နှစ်နာရီတိုးသွားပြီးလုပ်သွားလို့ရပါတယ်
Time management ပါပဲ

မအားဘူးရှုပ်နေလို့ဆိုပြီး မလေ့လာဖြစ်တဲ့အကြောင်းအရာတွေဘယ်လောက်တောင်များနေပြီလဲဆိုတာ ဆန်းစစ်ဖိုလိုလာပါပြီနော်

ကဲအားလုံးပဲ အဆင်ပြေကြပါစေဗျာ

With love
Dr.Naung Myat



is the key

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่


54, 2 Soi 1 Sannam Bin , Don Mueang
Bangkok
10210