14/10/2021
กศน.เขตราษฎร์บูรณะ เปิดรับสมัครนักศึกษาใหม่ภาคเรียนที่ 2 ปีการศึกษา 2564 ตั้งแต่วันนี้ถึง 31 ตุลาคม 2564 สอบถามเพิ่มเติมได้ที่ 02-4281558
Migrant Training Center,
Capacity building, skill development and Vocational Trainings.
14/10/2021
กศน.เขตราษฎร์บูรณะ เปิดรับสมัครนักศึกษาใหม่ภาคเรียนที่ 2 ปีการศึกษา 2564 ตั้งแต่วันนี้ถึง 31 ตุลาคม 2564 สอบถามเพิ่มเติมได้ที่ 02-4281558
10/08/2021
လက်ရှိကိုင်ဆောင်ထားသောစာအုပ်သက်တမ်းကုန်
နေသူ(သို့မဟုတ်)သက်တမ်းကုန်ခါနီး အုပ်စုများအတွက်
✅30.9.2021 ရက်နေ့ ပန်းရောင်ကဒ်အုပ်စု
✅31.3 2022 ရက်နေ့ ပန်းရောင်ကဒ်အုပ်စု
✅31.3.2022 ရက်နေ့ ဘော်တော်(23)အုပ်စု
🟥အုပ်စု(1)စာအုပ်သက်တမ်းကုန်နေသူများ
လက်ရှိကိုင်ဆောင်ထားသော အလုပ်လုပ်ခွင့်
(ဝေါ့ပါမစ်)ပန်းရောင်ကဒ်(သို့မဟုတ်)ဘောာ်တော်(23)
စာရွက် အလုပ်လုပ်ခွင့် ဝေါ့ပါမစ် သက်တမ်းမကုန်ခင် ဝေါ့ပါမစ်(ဘော်တော်บต50)ကိုလျှောက်ထားရမည်
✅စာအုပ်လဲချင်း/ကျန်မာရေးစစ်ဆေးချင်း(သို့မဟုတ်)ကျန်မာရေး အာမခံဝယ်ယူချင်းတို့ကိုတော့ 1.8.2022ရက်နေ့အတွင်း အပြီးဆောင်ရွက်ရမည်
🟥အုပ်စု(2)စာအုပ်သက်တမ်းကျန်နေသူများ
အလုပ်လုပ်ခွင့်ဝေါ့ပါမစ် သက်တမ်းမကုန်ခင်
ဝေါ့ပါမစ်(ဘော်တော်บต50)ကို လျှောက်ထားရမည်
✅ဗီဇာတိုးချင်း/ကျန်မာရေးစစ်ဆေးချင်း(သို့မဟုတ်)
ကျန်မာရေး အာမခံဝယ်ယူချင်းတို့ကိုတော့ 1.8.2022 ရက်နေ့အတွင်းအပြီးဆောင်ရွက်ရမည်
✅(ဘော်တော်บต50)အုပ်စု အားလုံး
✅နေထိုင်ခွင့်ဗီဇာ 13.2.2023 ရက်နေ့ထိ
✅အလုပ်လုပ်ခွင့်(ဝေါ့ပါမစ်)13.2.2023 ရက်နေ့ထိ ရရှိမည် ...
#เเรงงานต่างด้าว #เอกสารเเรงงานต่างด้าว
03/08/2021
လက်တလောဖြစ်ပွားနေသည့် ကိုဗစ်ကူးစက်မှုရောဂါအခြေနေများကြောင့်
ထိုင်းနိုင်ငံခရိုင်များကို လော့ဒေါင်ပြုလုပ်ထားပါသဖြင့် နေရပ်ပြန်လိုသည့်
မြန်မာအလုပ်သမားများအနေဖြင့် တရားဝင်ကားလမ်းခရီးများဖွင့်လှစ်ထား
ခြင်းမရှိသေးပါ၊ နေရပ်ပြန်လိုသည့် မြန်မာအလုပ်သမားများအနေဖြင့် တရား
ဝင်နေရပ်ပြန်ခြင်းနှင့်ပတ်သက်ပြီး ဘန်ကောက်မြို့ရှိ မြန်မာအလုပ်သမားသံအရာရှိရုံးသို့ ကြိုတင်စုံစမ်းကြရန် အလုပ်သမားဟစ်တိုင်မှ အသိပေးအပ်ပါသည်။
အလုပ်သမားသံအရာရှိ (ဘန်ကောက်မြို့)
09 4884 5484 ၊
06 5220 6952
မဲဆောက်မြို့ 06 5220 6953
ချင်းမိုင်မြို့ 09 0959 2352
ရနောင်းမြို့ 06 5220 6953
Call Center Phone _ 020030015
24/06/2021
UN အသိုင်းအဝိုင်းစိတ်၀င်စားသူတွေအတွက်
🌍UNDP’s new Graduate Programme🌍
💁🏻♂️ UNDP က offer ပေးတဲ့ဒီ program ဟာ
ခေတ်ပညာတတ်လူငယ်တွေကို skills and experience တွေဖြည့်တင်းပေးပြီးတော့ career တစ်ခုကို kick-start လုပ်နိုင်ဖို့ပံပိုးသွားမှာဖြစ်ပါတယ်ခင်ဗျာ။
SGDs (Sustainable Development Goals) တွေကိုအသုံးပြုပြီး let’s built better futures !
✅Programme and Policy
✅Corporate Operations တွေကို focus လုပ်ထားတဲ့ Assignments အနေနဲ့ Bangladesh (Dhaka); Denmark (Copenhagen), Laos (Vientiane), Maldives (Male), Mongolia (Ulaan Baator), Papua New Guinea (Port Moresby), Samoa (Apia), Thailand (Bangkok), Timor-Leste (Dili), Turkey (Istanbul), United States (New York) စတဲ့နိုင်ငံတွေမှာ ရွေးချယ်ခံရတဲ့သူတွေ
အနေနဲ့သွားရောက်လုပ်ကိုင်ခွင့်ရမှာဘဲဖြစ်ပါတယ် 😱
🔥Benefits🔥တွေကတော့
- One Year professional entry-level contract
- A competitive salary
- Air ticket
- Paid annual leave
- Paid sick leave
- Health & Disability insurance
✍🏻လျှောက်ထားလိုသူများအနေနဲ့✍🏻
🔸UNDP နိုင်ငံ၀င်ဖြစ်ပြီး မြန်မာနိုင်ငံပါ၀င်တာမို့လျှောက်ထားနိုင်ပါတယ်
🔹Master’s degree in a relevant field (with not more than 1 year of relevant work experience acquired after this degree).
🔸Bachelor’s degree in a relevant field (with a minimum of 2 years of relevant work experience and not more than 3 years acquired after this degree).
🔹English Proficient ဖြစ်ရပါမယ်
🔸တချို့သော position တွေအတွက် French, Arabic or Spanish ရရင်ပိုကောင်းပါတယ်ခင်ဗျာ။
အောက်ပါလင့်ကနေ Account Create လုပ်ပြီး Online Application ဖြင့် ⚠️July 4 ရက်နေ့⚠️နောက်ဆုံးထားပြီးလျှောက်ထားနိုင်ပါတယ်
🌐https://undp.apply.cappats.com/Account/Login?ReturnUrl=%2fjobs%2fapply%2f13
အားလုံးဘဲ အရေးတော်ပုံကြီးပြီးဆုံးပြီးလိုရာပန်းတိုင်အမြန်ရောက်ကြပါစေဗျား 🙇🏻♂️
🌐https://www.undp.org/careers/types-opportunities/undp-graduate-programme
19/06/2021
NCCM ဆရာ/မများစွမ်းရည်မြှင့်တင်ရေးသင်တန်း (TOT)ကို သင်တန်းကာလ 4 ပတ် တစ်ပတ် 3 ရက် (သောကြာ စနေ တနင်္ဂနွေ) ပို့ချပေးသွားမည်ဖြစ်သည်။
ပထမနေ့အနေဖြင့် ဇွန်လ 18 ရက်နေ့ 2021 သင်တန်းကိုစတင်ခဲ့ပြီး ဆရာ/မနှင့် NCCM staff, volunteer များအားလုံး (17) ဦးတက်ရောက်ကြသည်
ပထမရက်နေ့မှာဆရာမ Ajahn Molly မှ
1. Active Learning,
2. Passive and Active Learning
3. Analysis of the Bloom's taxonomy
4. Why does "Active Learning" စသည့်ေခါင်းစဥ်များနှင့် ဆရာ/မများသိသင့်သိအပ်တဲ့အရာများကိုရှင်းပြသင်ကြားပေးခဲ့သည်။
09/05/2021
လီကွမ်ယု Singapore ကို ထူထောင်ပေးခဲ့တဲ့ အဓိက (၇-ချက်)
၁၉၅၉ ခုနှစ်မှာ သူ ၀န်ကြီးချုပ်ဖြစ်လာတဲ့အခါ စင်ကာပူဟာ ခြင်ပေါတဲ့ နွံတောကြီး အဆင့်ပဲ ရှိပါတယ်။
လူတွေဟာ လယ်တောအိမ်မှာ ၀က်တွေ၊ ကြက်တွေနဲ့ ဖြစ်သလို နေထိုင်နေတုန်းပဲ ရှိပါတယ်။ သဘာ၀သယံဇာတ မရှိတဲ့ တိုင်းပြည်၊ အခြေခံ အဆောက်အဦ ဘာမှ မတည်ဆောက်ရသေးတဲ့တိုင်းပြည်၊ ပညာရေး စနစ် အားမကောင်းတဲ့ တိုင်းပြည် ဖြစ်ပါတယ်။ မြို့တမြို့စာ နိုင်ငံလေး ဖြစ်လို့ တခြား ဖွံ့ဖြိုးဆဲ နိုင်ငံတွေ လမ်းကြောင်းကို လိုက်လို့ မဖြစ်၊ တခြား စက်မှုနိုင်ငံတွေကို အတုယူအောင်ကလည်း သူတို့လို စက်မှုကုန်ကြမ်းလည်း မရှိ၊ ပြည်တွင်း စျေးကွက်ကလည်း သေးငယ်။ စက်မှုလက်မှု ကျွမ်းကျင်မှုလည်းမရှိ။ ဘယ်က စကိုင်ရမယ်မှန်း မသိအောင် ခက်ခဲခဲ့ပါတယ်။
ဒါပေမယ့် ၀န်ကြီးချုပ် လီက ပြည်သူတွေဟာတိုင်းပြည်အတွက် အကောင်းဆုံး သယံဇာတတွေ ဆိုတာကို နားလည်ခဲ့တယ်။ အပြောင်းအလဲကို အားသန်နေကြတဲ့ ပြည်သူလူထုကို ယုံကြည်တယ်။
၁၉၆၁ ခုနှစ်မှာ စင်ကာပူ အစိုးရရဲ့ ရည်မှန်းချက်က လူတိုင်းအလုပ်အကိုင်ရရှိရေး ဖြစ်ပါတယ်။ ပညာလည်း ဟုတ်ဟုတ်ငြားငြား မရှိသေးလို့ အခြေခံကျကျက စက်ရုံအလုပ်ရုံတွေမှာ စျေးပေါတဲ့ အလုပ်သမားတွေ ဖြစ်ဖို့ပါပဲ။ ဒီကြားထဲမှာ မလေးရှားက စွန့်ပစ်လိုက်တဲ့ နိုင်ငံသစ်မှာ အင်္ဂလိပ်တွေကလည်း ရေတပ်စခန်းတွေကို ပိတ်ပစ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အကျိုးဆက်က စင်ကာပူ စီးပွားရေးမှာ လေးပုံတပုံလောက် ကျသွားခဲ့ပါတယ်။ ၁၉၆၅ လောက်ကျတော့မှ စင်ကာပူ စီးပွားရေး နလံထစပြုလာပါတယ်။
အဲဒီအချိန်လောက်မှာပဲ စင်ကာပူနဲ့ အပြိုင် မလေးရှားနဲ့ အင်ဒိုနီးရှားတို့ကလည်း စျေးပေါတဲ့လုပ်သားတွေနဲ့ ဆွဲဆောင်လာတယ်။ အဲဒီအချိန်က စင်ကာပူမှာ အမေရိကန်၊ ဂျပန်၊ ဥရောပကတို့က စက်ရုံ အလုပ်ရုံတွေ ရှိနေကြပါတယ်။ စျေးပေါတဲ့လုပ်သားတွေ အိမ်နီးချင်းတွေက အပြိုင်ဆွယ်လာတဲ့ အခါ စင်ကာပူက နောက်တဆင့်ကို တက်လှမ်းဖို့ ဆုံးဖြတ်လိုက်တယ်။
လုပ်အားကဲတဲ့ စက်ရုံ အလုပ်ရုံတွေကနေ အရင်းအနှီးကဲပြီး နည်းပညာအဆင့်မြင့်တဲ့ လုပ်ငန်းတွေ၊ တန်ဖိုးမြှင့် ၀န်ဆောင်မှုတွေ ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
၁၉၈၀ ပြည်လွန်နှစ်တွေ အရောက်မှာတော့ စင်ကာပူဟာ နိုင်ငံတကာစီးပွားရေးလောကမှာ ဖန်တီးသူ ဖြစ်လာတယ်။
နိုင်ငံတကာ ကုမ္ပဏီကြီးတွေဟာ ကျွမ်းကျင်လုပ်သားတွေရှိရာ၊ လာဘ်ပေး လာဘ်ယူကင်းရာ အလုပ်လုပ်ရတာ တွင်ကျယ်တဲ့ စင်ကာပူမှာ ဌာနချုပ်တွေ၊ သုတေသန ဌာနတွေကို ပြောင်းရွှေ့လာကြတယ်။
ဒါပေမယ့် စင်ကာပူက ဒီအဆင့်လောက်နဲ့ မရပ်ဘဲ နောက်တဆင့်ကို ရည်မှန်းပြန်ပါတယ်၊ ပညာအခြေခံတဲ့ စီးပွားရေး (Knowledge Economy) အဆင့်ကို တက်လှမ်းဖို့ ကြိုးစားပါတယ်။ ဒီနေ့ စင်ကာပူဟာ ကွန်ပြူတာ Hardware အဓိက တင်ပို့တဲ့ နိုင်ငံ၊ ကမ္ဘာက အားထားရတဲ့ ဇီ၀နည်းပညာရဲ့ ဗဟိုချက်ဖြစ်နေပါပြီ။့
၁၉၆၅ ခုနှစ်လောက်က စင်ကာပူရဲ့ တဦးချင်း ဂျီဒီပီဟာ ဒေါ်လာ ၅၀၀ ပဲ ရှိခဲ့ရာက ဒီနေ့ ၆၅၀၀၀ ဖြစ်လို့ အဆပေါင်း ၁၀၀ ကျော် တိုးတက်သွားပြီဖြစ်ပါတယ်။ စီးပွားရေး တိုးတက်မှုတခုတည်းကို တဖက်စောင်းနင်းလည်းမဟုတ်ပါဘူး။ ဘက်ပေါင်းစုံ ဖွံ့ဖြိုးရေးကို ထည့်သွင်းစဉ်းစားတွက်ချက်တဲ့ ကုလသမဂ္ဂ လူသားဖွံ့ဖြိုးရေး အညွန်းကိန်းမှာ စင်ကာပူဟာ ထိပ်ဆုံး ၁၀ နိုင်ငံ စာရင်းမှာ ပါ၀င်ပါတယ်၊ အာရှမှာ ဒီလို ထိပ်ဆုံးက ပါ၀င်တာ စင်ကာပူ တနိုင်ငံပဲ ရှိပါတယ်။ စင်ကာပူု ပညာရေးဟာလည်း တကမ္ဘာလုံးက လေးစားရတဲ့ အဆင့်မှာ ရှိပါတယ်။
စင်ကာပူ ကလေးတွေ သင်နေတဲ့ သင်္ချာသင်ရိုးကို ကယ်လီဖိုးနီးယား၊ တောင်အာဖရိက၊ နယ်သာလန်တို့က ကျောင်းသားတွေလည်း သင်နေကြတယ်။ စင်ကာပူမှာ ရှိတဲ့ နေရှင်နယ် ယူနီဗာစတီဟာ အာရှမှာ ထိပ်ဆုံးတက္ကသိုလ် ဖြစ်ပါတယ်။ စင်ကာပူ အမျိုးသားတက္ကသိုလ် လူထုရေးရာမူဝါဒ လီကွမ်ယုကျောင်းက အာရှ ထိပ်တန်းတွေးခေါ်ပညာရှင် ပါမောက္ခ Kishore Mahbubani ကစင်ကာပူ အောင်မြင်ရခြင်း အကြောင်း ၇ ချက်ရှိတယ်လို့ ဆိုတယ်။
အဲဒါတွေကတော့
(၁) စျေးကွက်စီးပွားရေး
(၂) သိပ္ပံနှင့် နည်းပညာ၊
(၃) လူတော်လူကောင်းကို နေရာပေးခြင်း
(၄) လက်တွေ့ကျခြင်း
(၅) ငြိမ်းချမ်းရေး ယဉ်ကျေးမှု၊
(၆) တရားဥပဒေ စိုးမိုးမှု
(၇) ပညာရေးတို့ ဖြစ်ပါတယ်။
တကယ်က လီကွမ်ယုဟာ သူ ၀န်ကြီးချုပ် ဖြစ်လာတဲ့ အချိန်ကစလို့ စင်ကာပူမှာ ပညာရေးစနစ်ကို အားသွန်ခွန်စိုက် အားထုတ်ခဲ့ပါတယ်။
တိုင်းပြည် ဆင်းရဲတွင်းကနေ ကင်းလွတ်ဖို့ ဆိုရင် ပြည်သူတွေ ပညာတတ်မှ ဖြစ်မယ်လို့ သူက နားလည်ခဲ့တယ်။
“တိုင်းပြည်ရဲ့ ကံကြမ္မာဆိုတာ တိုင်းသူပြည်သားတွေရဲ့ အရည်အချင်းအပေါ် မူတည်တယ်။ လူတွေကို ဘယ်လို
ရွေးချယ်မလဲ၊ ဘယ်လိုလေ့ကျင့်မလဲ၊ ဘယ်လို စုဖွဲ့မလဲ၊ ဘယ်လို စီမံခန့်ခွဲမလဲဆိုတဲ့အပေါ်မှာ မတူတဲ့ ရလဒ်တွေ ပေါ်ထွက်လာတာပါပဲ” လို့ လီကွမ်ယု ပြောခဲ့ဖူးတယ်။ တိုင်းပြည်အနာဂတ်ကို တည်ဆောက်တဲ့အခါမှာ
ဖွံ့ဖြိုးရေး အခြေခံ အချက်သုံးချက်ဟာ အရေးကြီးတယ်လို့ လီကွမ်ယုက မြင်တယ်။
(၁) ကမ္ဘာကြီးနဲ့ အပြန်အလှန်ဆက်သွယ်၊
(၂) ပညာရေးကို မြှင့်တင် (အထူးသဖြင့် အင်္ဂလိပ်ဘာသာ)၊
(၃) သဟဇာတဖြစ်တဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်၊
ဒီအချက် သုံးချက်ပါပဲ။ လီကွမ်ယုဟာ စင်ကာပူကို အနှစ် ၃၀ အုပ်ချုပ်ခဲ့ပါတယ်။ ဒီမိုကရေစီ စံနှုန်းနဲ့ တိုင်းတာရင် အပြစ်ပြော စရာတွေ ရှိပေမယ့် ကင်းဘရစ်တက္ကသိုလ်က ဥပဒေပညာနဲ့ ဘွဲ့ရခဲ့တဲ့ လီကွမ်ယုကို “အကြင်နာရှိပြီး ဉာဏ်ရည်မြင့်တဲ့” အာဏာရှင်အဖြစ် နိုင်ငံရေး သိပ္ပံပညာရှင်တွေက သတ်မှတ်ကြပါတယ်။
သူ့ အစိုးရဟာ ပြည်သူတွေရဲ့ အကျိုးကို ဦးစားပေးတာ၊ တရားဥပဒေ စိုးမိုးရေးကို လေးစားတာတွေ၊ လာဘ်ပေးလာဘ်ယူ ကင်းတာတွေဟာ တခြား အာဏာရှင် နိုင်ငံတွေနဲ့ မိုးနဲ့ မြေလို ကွာခြားပါတယ်။
သမ္မတ နိုင်ငံတော်ကျမ်းမှာ ပလေတိုက“ ဖီလော်ဆိုဖာက တိုင်းပြည်ကို အုပ်ချုပ်၊ သတ္တိ ဗျတ္တိနဲ့ တိုက်ချင်ခိုက်ချင်စိတ် ရှိသူက စစ်တပ်ထဲကိုသွား၊
စည်းစိမ်ဥစ္စာနဲ့ လောဘ ကာမဂုဏ်မှာ ခုံမင်သူကတော့ ကုန်သည် လယ်လုပ် အလုပ်တွေနဲ့ စီးပွားရှာ” သင့်တယ်လို့ လမ်းညွန်ထားပါတယ်။
credit to ဘဝခွန်အား
မျှဝေသူ၏ အတွေး
ယှဉ်ပြိုင်တိုးတက်ခြင်းမှာ သင်ခန်းစာ
- မလေးရှား နဲ့ အပြိုင် စင်္ကာပူ ရဲ့ တိုးတက်မှု ဗျုဟာဆိုတာ
(မလေးရှားကို ကျရှုံးအောင်မလုပ်ပဲ စင်္ကာပူကို တိုးတက်အောင် ကြိုးပမ်းခဲ့၏)
အပြိုင်တွေကို ကျရှုံးအောင်လုပ်ပြီး အောင်နိုင်လိုတဲ့ အောက်တန်းကျတဲ့ စိတ်ဓါတ်အစား မိမိအပြိုင်ထက်သာအောင် အစွမ်းကုန်ကြိုးစားခြင်းသာ စစ်မှန်သော ယှဉ်ပြိုင်တိုးတက်ခြင်းမည်၏
01/05/2021
အင်္ဂလိပ်နှင့်ထိုင်းစာသင်တန်းများဖွင့်ပါပြီ
ကိုဗစ်တတိယလိုင်းကာလမှာသင်တန်းဖွင့်ရန်အခက်အခဲများရှိနေပါသဖြင့် စဖန်းမိုင်သင်တန်းကျောင်းခဏပိတ်ထားပါသည်၊ သို့သော် ကျောင်းသား/သူများ အဆင်ပြေစေရန်အွန်လိုင်းမှတစ်ဆင့်အရည်အချင်းပြည့်ဆရာ/ဆရာမများအင်္ဂလိပ်နှင့်ထိုင်းစာများကိုသင်ကြားပို့ချပေးသွားမည်။
MTC Saphanmai ကျောင်းသား၊ ကျောင်းသူများနှင့်အတူ အင်္ဂလိပ်နှင့်ထိုင်းစာစိတ်ဝင်စားကြသူများအောက်ပါလင့် သို့ QR ကုတ်မှာ စာရင်းသွင်းပြီးသင်တန်းအတက်နိုင်ပြီဖြစ်ကြောင်း
အသေးစိတ်သိရှိလိုပါကစုံစမ်းနိုင်ပါသည်
Facebook: Mtc Saphammai
ဖုန်း 094-676-7269
https://l.facebook.com/l.php?u=https%3A%2F%2Fforms.gle%2F7Zt7o58eGDNohDkz8%3Ffbclid%3DIwAR3BBsL2y32hjaU2j4aD-OaEOkIb4sVNa8HMIoo8SdhjRKuStYa2PCucQj8&h=AT1fJ3MrAA2qa6oHZqbtgQGD3IlPQtn6J3YXSs8w6ywvafZjo--49SjjZqiHK7zaxUK_16K-PJ_hBkFrRJBw_LshVbL_g_f5_TdV49w_X17ZAPVxDPBoNiT6PNewO1c2l0vjk6gqFhW6yk4
01/05/2021
ဗဟိုဌာနမှ ခရိုင် 6 ခုကို အနီနက်နက်ရောင်နယ်မြေ၊ အထူးတင်းကျပ်ထိန်းချုပ်ဇုန်အဖြစ်တိုးမြှင့် (ศบค. ปรับ 6 จังหวัด เป็นพื้นที่สีแดงเข้ม ยกระดับเป็นพื้นที่ควบคุมสูงสุดและเข้มงวด)
- ဘန်ကောက် (กทม.)
- ချွန်ဘူရီ (ชลบุรี)
- ချင်းမိုင် (เชียงใหม่)
- နွန်ထဘူရီ (นนทบุรี)
- ပထုမ်ဌာနီ (ปทุมธานี)
- စမုတ်ပလာကာန် (สมุทรปราการ)
အထူးထိန်းချုပ် ဆိုင်အတွင်းစား-သောက်ခြင်း မပြုလုပ်ရ။ အိမ်သို့ပါဆယ်ဝယ်ရုံသာရမည်။ မလိုအပ်ဘဲ တခြားနယ်သို့ သွားလာခြင်းမပြုကြပါရန် နှိုးဆော်အပ်ပါသည်။ 1/5/2021 ရက်နေ့မှ စတင်ကျင့်သုံးမည်။ အထူးထိန်းချုပ်ဇုန်ကို 45 ခရိုင်သတ်မှတ်လိုက်ပြီး ထိန်းချုပ်နယ်မြေကို 26 ခရိုင်သတ်မှတ်လိုက်သည်။
คุมเข้ม!! ห้ามกิน-ดื่มในร้าน ซื้อกลับบ้านเท่านั้น และขอความร่วมมืองดออกนอกพื้นที่โดยไม่มีเหตุจำเป็น เริ่ม 1 พ.ค.นี้ ส่วนพื้นที่ควบคุมสูงสุดปรับเป็น 45 จังหวัด และพื้นที่ควบคุม 26 จังหวัด
| 08:00 - 17:00 |