PRA Academic Center

PRA Academic Center

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก PRA Academic Center, ศูนย์วิจัยด้านการศึกษา, Bangkok.

24/05/2026

🏛️ IELTS Band 5.5 ဆိုတဲ့ "သံသရာ" ထဲက ဘယ်လိုရုန်းထွက်မလဲ?

အင်္ဂလိပ်စာလည်း အခြေခံရှိတယ်၊ သင်တန်းတွေလည်း တက်ဖူးတယ်၊ ဒါပေမဲ့ စာမေးပွဲဖြေလိုက်ရင် Band 5.5 ကနေ လုံးဝတက်မလာတော့ဘူး ဖြစ်နေလား?
ဒါဟာ သင် တစ်ယောက်တည်း ကြုံနေရတဲ့ ပြဿနာမဟုတ်ပါဘူး။ ၅.၅ ဆိုတာ အခြေခံ "ရ" ပေမဲ့ Academic အရ "မပိုင်" သေးတဲ့ အလယ်အလတ် ထောင်ချောက်တစ်ခုပါ။

ဒီထောင်ချောက်ကနေ လွတ်မြောက်ပြီး Band 6.5+ ထိ တက်လှမ်းနိုင်ဖို့ သိထားရမယ့် အချက် (၅) ချက် ရှိပါတယ်။

🚀 Band 5.5 မှာ ပိတ်မိနေရတဲ့ အကြောင်းရင်း (၅) ချက်

၁။ ရေဘူးပေါက်တာ မသိဘဲ ရေဖြည့်နေလို့ အမှားဟောင်းတွေကို မပြင်ဘဲ လေ့ကျင့်ခန်းအသစ်တွေပဲ ဆက်တိုက်လုပ်နေတာဟာ ရေဘူးပေါက်ထဲ ရေဖြည့်နေသလိုပါပဲ။ အမှတ်တက်ချင်ရင် ကိုယ်မှားနေကျ Grammar အသေးအဖွဲလေးတွေကို အရင်ဆုံး သတ်ရပါမယ်။

၂။ "စကားလုံးအလန်းတွေ" နောက်ကိုပဲ လိုက်နေလို့ အဓိပ္ပာယ် အတိအကျမသိဘဲ ခက်တာတွေ သုံးလိုက်တဲ့အခါ ဝါကျက သဘာဝမကျတော့ဘဲ အမှတ်လျော့တတ်ပါတယ်။ ရိုးရှင်းပေမဲ့ မှန်ကန်ပြီး သဘာဝကျတဲ့ Collocation တွေကသာ အမှတ်ကို မြှင့်တင်ပေးနိုင်တာပါ။

၃။ "မြန်မာလိုတွေး၊ အင်္ဂလိပ်လို ရေး" နေလို့ စိတ်ထဲကနေ မြန်မာလို အရင်စဉ်းစားပြီးမှ ဘာသာပြန်တာက Broken English ဖြစ်စေပါတယ်။ အင်္ဂလိပ်လို တိုက်ရိုက်တွေးနိုင်တဲ့ "English Brain" ဖြစ်လာအောင် Patterns တွေကို လေ့လာဖို့ လိုပါတယ်။

၄။ Logic (ကျိုးကြောင်းဆီလျော်မှု) အားနည်းလို့ IELTS က အင်္ဂလိပ်စာစစ်တာတင် မဟုတ်ဘဲ သင့်ရဲ့ တွေးခေါ်ပုံကိုပါ စစ်တာပါ။ PEEL Method (Point - Explanation - Example - Link) နဲ့ အချက်အလက်တွေကို
စနစ်တကျ မချိတ်ဆက်နိုင်ရင် ၅.၅ ထက် ပိုမရနိုင်ပါဘူး။

၅။ Active Learning မလုပ်လို့ အင်္ဂလိပ်ကားကြည့်ရုံ၊ သီချင်းနားထောင်ရုံနဲ့ အမှတ်မတက်ပါဘူး။ နားထောင်ပြီးရင် ပြန်ရေးကြည့်တာ၊ ဖတ်ပြီးရင် Keyword ထုတ်တာမျိုး "လက်ဖျားခြေဖျား" ပါမှသာ Skill က တကယ်တိုးတက်လာမှာပါ။

Band 5.5 မှာတင်နေတဲ့ အားနည်းချက်တွေကို အသေအချာ ရှာဖွေဖော်ထုတ်ပေးပြီး ထိရောက်တဲ့ Strategy တွေနဲ့ အမှတ်မြှင့်တင်ပေးမဲ့ PRA Academic Center ရဲ့ IELTS Class များ ရှိနေပါပြီ။

✅ အတွေ့အကြုံရှိ ဆရာ၊ ဆရာမများမှ အနီးကပ် လမ်းညွှန်ပေးခြင်း
✅ Marking Criteria အတိုင်း ထိထိရောက်ရောက် လေ့ကျင့်ပေးခြင်း
✅ အားနည်းတဲ့ Skill တစ်ခုချင်းစီအတွက် အဖြေရှာပေးခြင်း
အနာဂတ်တက္ကသိုလ် ပန်းတိုင်အတွက် ယုံကြည်မှုရှိရှိ ခြေလှမ်းစတင်ဖို့ PRA မှာ အတူတူ ပြင်ဆင်ကြစို့။ 🏛️🌟

📩 အသေးစိတ် စုံစမ်းရန်: 🌐 Messenger: PRA Academic Center 🌐 Telegram:

21/05/2026

Chula ရဲ့ IMC မေဂျာမှာ တက်ရောက်နေတဲ့ ကိုထက်စွမ်းရည်ရဲ့ Student Life အတွေ့အကြုံများ... 🎓✨

ဒီအင်တာဗျူးလေးကို ပြန်ကြည့်မိတော့မှပဲ အချိန်တွေ တရွေ့ရွေ့နဲ့ ကုန်လွန်သွားတာ မြန်လိုက်တာလို့ တွေးမိတယ်... ⏳
ကိုထက်စွမ်းရည် မျှဝေပေးခဲ့တဲ့
ကျောင်းသားဘဝ အတွေ့အကြုံတွေကတော့ အခုထိ တန်ဖိုးရှိနေတုန်းပဲ။
ဗီဒီယိုထဲမှာ ဘာတွေပြောထားလဲ အတူတူ ကြည့်လိုက်ရအောင်။

ထိုင်းန်ိုင်ငံရဲ့ တက္ကသိုလ်တွေမှာတက်ရောက်ဖို့ တိုင်ပင်ချင်တယ်ဆိုရင်တော့

🌐 Facebook - PRA Academic Center Page Messenger
🌐 Telegram -

တို့မှာ လာရောက်စုံစမ်းနိုင်ပါတယ်👐

21/05/2026

"Asia လား? Europe လား? ကိုယ့်အတွက် အသင့်တော်ဆုံးက ဘယ်လဲ" 🎓

လူငယ်တစ်ယောက်ရဲ့ အနာဂတ်အတွက် လမ်းကြောင်းတစ်ခုကို ရွေးချယ်ရတာဟာ တကယ်တော့ စိတ်လှုပ်ရှားစရာကောင်းတဲ့ ခရီးစဉ်တစ်ခုကို စတင်တာပါပဲ။ ကိုယ့်ရဲ့ စိတ်ကူးအိမ်မက်တွေက အာရှတိုက်ရဲ့ တက်ကြွလှုပ်ရှားနေတဲ့ လေထုထဲမှာ ရှိနေမလား၊ ဒါမှမဟုတ် ဥရောပရဲ့ အနုပညာဆန်တဲ့ လမ်းမတွေပေါ်မှာ အသက်ဝင်လာမလားဆိုတာ ဒီအချက်လေးတွေနဲ့ အတူတူ စဉ်းစားကြည့်ရအောင်။

🌏 အာရှတိုက်ရဲ့ ထက်မြက်တဲ့ အလင်းတန်းများ (The Rising Power of Asia)

အာရှဟာ အခုဆိုရင် ကမ္ဘာ့ပညာရေးလောကရဲ့ ရှေ့တန်းမျက်နှာစာမှာ ခိုင်ခိုင်မာမာ နေရာယူထားပါပြီ။ ကိုယ့်အိမ်၊ ကိုယ့်မြေနဲ့လည်း သိပ်မဝေးသလို၊ ယဉ်ကျေးမှုချင်းလည်း နီးစပ်တာကြောင့် မိသားစုနဲ့ မခွဲရဘဲ နွေးထွေးတဲ့ "Home away from home" ခံစားချက်ကို အပြည့်အဝ ပေးနိုင်ပါတယ်။

World-Class Rankings: ကမ္ဘာ့အဆင့် (၈) နေရာမှာရှိတဲ့ NUS (Singapore) ကနေစလို့ အဆင့် (၁၁) မှာရှိတဲ့ University of Hong Kong အထိ ကမ္ဘာကျော်တက္ကသိုလ်တွေဟာ အာရှမှာ စုစည်းနေပါတယ်။ မလေးရှားက Universiti Malaya (UM) ဆိုရင်လည်း အဆင့် (၅၈) မှာ ရှိသလို၊ ထိုင်းနိုင်ငံရဲ့ ဂုဏ်ဆောင် Chulalongkorn University ကလည်း ဒေသတွင်းမှာတင်မက ကမ္ဘာ့အဆင့်မှာပါ ဂုဏ်ယူဝံ့ကြွားစွာ ရပ်တည်နေပါတယ်။

Part-time လုပ်ငန်းခွင်: စင်ကာပူနဲ့ မလေးရှားလို နိုင်ငံတွေမှာ ကျောင်းတက်ရင်း လုပ်ငန်းခွင်အတွေ့အကြုံ ယူနိုင်ဖို့ စနစ်တကျ လမ်းဖွင့်ပေးထားပါတယ်။ အထူးသဖြင့် မလေးရှားမှာဆိုရင် ကျောင်းပိတ်ရက်တွေမှာ တစ်ပတ် နာရီ ၂၀ အလုပ်လုပ်ခွင့်ရတာမျိုးက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးစေသလို အတွေ့အကြုံသစ်တွေကိုလည်း ရရှိစေမှာပါ။
Lifestyle: ခေတ်မီနည်းပညာတွေရဲ့ အဆင်ပြေမှု၊ အာရှရဲ့ အရသာရှိလှတဲ့ အစားအစာတွေနဲ့ ပျော်ပျော်ပါးပါး နေတတ်တဲ့ လူနေမှုပုံစံတွေက လူငယ်တွေအတွက် အံဝင်ခွင်ကျ ဖြစ်စေမှာပါ။

🇪🇺 ဥရောပရဲ့ ဆွဲဆောင်မှုရှိတဲ့ အခွင့်အလမ်းများ (The European Charm & Expertise)
ဥရောပဟာ ပညာရေးရဲ့ အရင်းအမြစ်တွေ စတင်ရာနေရာဖြစ်သလို၊ လူငယ်တွေအတွက် လွတ်လပ်စွာ တွေးခေါ်နိုင်စွမ်းနဲ့ ကိုယ်ပိုင်အရည်အချင်းကို အလေးပေးတဲ့ နယ်မြေတစ်ခုပါ။

🙌Vocational & Practical Learning: ဥရောပရဲ့ ထူးခြားချက်က စာအုပ်ထဲက စာတွေ့တင်မကဘဲ Vocational Training (သက်မွေးဝမ်းကျောင်း) နဲ့ Apprenticeship လို့ခေါ်တဲ့ လက်တွေ့အလုပ်သင်စနစ်တွေကို အရမ်းဦးစားပေးတာပါ။ ဂျာမနီ ဒါမှမဟုတ် ဖင်လန်လို နိုင်ငံမျိုးတွေမှာ လက်တွေ့နယ်ပယ်ထဲ တန်းဝင်နိုင်မယ့် အတတ်ပညာတွေကို အခြေခံကျကျ သင်ယူနိုင်ပါတယ်။

👐Part-time Opportunity: ဥရောပနိုင်ငံအတော်များများ (ဥပမာ- ဟန်ဂေရီ၊ ပိုလန်၊ အိုင်ယာလန်) မှာ နိုင်ငံတကာကျောင်းသားတွေအတွက် ကျောင်းတက်ရင်း အလုပ်လုပ်နိုင်မယ့် အခွင့်အလမ်းတွေကို စနစ်တကျ စီစဉ်ပေးထားပါတယ်။ ဒါက နေထိုင်စရိတ်ကို အထောက်အပံ့ဖြစ်စေရုံတင်မကဘဲ ဥရောပရဲ့ လုပ်ငန်းခွင်ယဉ်ကျေးမှုကိုပါ ထိတွေ့ခွင့်ရစေတာပါ။

😇Cross-Border Travel: ဥရောပမှာ ကျောင်းတက်ရခြင်းရဲ့ အကြီးမားဆုံး ဆုလာဘ်ကတော့ အားလပ်ရက်တွေမှာ တခြားဥရောပနိုင်ငံတွေကို ရထားလေးစီးပြီး လွယ်လွယ်ကူကူ ခရီးသွားနိုင်တာပါပဲ။ ဒါဟာ ကမ္ဘာကြီးကို ကြည့်တဲ့ ကိုယ့်ရဲ့အမြင်ကို ပိုပြီးကျယ်ပြန့်သွားစေမှာ အမှန်ပါပဲ။

💡 ဘယ်လမ်းကို ရွေးမလဲ?

အာရှ က သင့်ကို အရှိန်အဟုန်ပြင်းတဲ့ တိုးတက်မှုနဲ့ ခေတ်မီတဲ့ ဝန်းကျင်သစ်ကို ပေးစွမ်းနိုင်ပြီး၊ ဥရောပ ကတော့ သင့်ကို လွတ်လပ်စွာ တွေးခေါ်နိုင်စွမ်းနဲ့ လက်တွေ့ကျတဲ့ အတွေ့အကြုံတွေကို လက်ဆောင်ပေးပါလိမ့်မယ်။

ဘယ်နေရာကိုပဲ ရွေးချယ်ဖြစ်ပါစေ၊ အရေးကြီးဆုံးက "ကိုယ့်ရဲ့ စိတ်ကူးအိမ်မက်တွေကို လက်တွေ့ဖြစ်လာအောင် ခြေလှမ်းစတင်ဖို့" ပါပဲ။ အာရှဖြစ်ဖြစ်၊ ဥရောပဖြစ်ဖြစ် နှစ်ခုလုံးက သင့်ရဲ့ အောင်မြင်မှုအတွက်
တံခါးတွေကို အသင့်ဖွင့်ထားပါတယ်။

📩 Study Abroad အတွက် Guidance, Scholarship, University Application တွေကို စိတ်ဝင်စားတယ်ဆိုရင် Page ကို Follow လုပ်ထားဖို့ မမေ့နဲ့နော် ✨



သင့်ရဲ့ အိမ်မက်က ဘယ်အရပ်မှာ အမြစ်တွယ်မှာလဲ? အခုပဲ အတူတူ ပြင်ဆင်လိုက်ကြရအောင်။ ✨

19/05/2026

Chula ရဲ့ BALAC မေဂျာအပြင် နောက်ထပ် Major ကြီးတစ်ခုဖြစ်တဲ့ BCM မှာပါ Seat တစ်နေရာကို ထပ်မံဆွတ်ခူးလိုက်တဲ့ — Ms. Haythar Zin Lat 🇲🇲🏆🎓

ထိုင်းနိုင်ငံရဲ့ နံပါတ် (၁) Chulalongkorn University ရဲ့ Bachelor of Arts in Language and Culture (BALAC) မေဂျာဆိုတာ ပြိုင်ဆိုင်မှု ဘယ်လောက် ပြင်းထန်လဲ သိကြမှာပါ။

ညီမလေး ဟေသာဇင်လတ်ကတော့ PRA Academic Center မှာ GED (၄) ဘာသာလုံးကို အောင်မြင်အောင် တက်ရောက်ခဲ့ပြီးနောက်၊ Chula ရဲ့ BALAC မေဂျာမှာ အတားအဆီးတွေကို ဖြတ်ကျော်ပြီး "အစောဆုံး တက်ရောက်ခွင့်ရမဲ့မြန်မာကျောင်းသား/သူ တွေထဲကတစ်ဦး" အဖြစ် ထိုက်ထိုက်တန်တန်နဲ့ Seat တစ်နေရာကို ရရှိသွားခဲ့ပါပြီ! 🎓✨

ဒါတင်မကသေးဘဲ အခုဆိုရင် Chula ရဲ့ နာမည်ကြီး မေဂျာတစ်ခုဖြစ်တဲ့ Bachelor of Arts in Communication Management (BCM) မေဂျာကိုပါ ထပ်မံတက်ရောက်ခွင့် ရရှိသွားခဲ့ပြီး အောင်မြင်မှုတွေကို ထပ်ဆင့် သက်သေပြလိုက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီအိပ်မက်ကို လက်ဆုပ်လက်ကိုင် ပြနိုင်ခဲ့တာဟာ သူမရဲ့ မဆုတ်မနစ်တဲ့ ကြိုးစားမှုရယ်၊ PRA ရဲ့ စနစ်ကျတဲ့ Application Strategy ရယ်
ပေါင်းစပ်သွားခဲ့လို့ပါပဲ။

✨ How PRA Guided Her to Success:

Standout Profile: Admission Board ငြင်းမရမဲ့ Unique Portfolio ကို ပုံဖော်ပေးခြင်း။

Confidence & Tactics: Interview အခန်းထဲမှာ အပိုင်နိုင်ဆုံး ဖြေဆိုနိုင်ဖို့ Tactical Communication တွေကို အသေအချာ လေ့ကျင့်ပေးခြင်း။

အိမ်မက်တွေကို အကောင်အထည်ဖော်နိုင်ခဲ့ပြီမို့ ရှေ့ဆက်မဲ့ University Life မှာလည်း ဒီထက်မက တောက်ပပါစေကြောင်း PRA မိသားစုက ဆုတောင်းပေးလိုက်ပါတယ်ရှင်။ 🎓🚀

🌍 ENGLISH VERSION

The Ultimate Double Win: Ms. Haythar Zin Lat Conquers Chula’s BALAC and Secures Another Spot in the BCM Program! 🎓🥂🌟

Huge shoutout to Ms. Haythar Zin Lat for her official acceptance into Chulalongkorn University’s prestigious Bachelor of Arts in Language and Culture (BALAC) program! 🎓🥂

Securing a spot here is no joke—the competition is fierce and the standards are sky-high. After successfully completing all 4 GED subjects at PRA Academic Center, she took on the challenge, and when true dedication meets the right strategy, success is inevitable.

Adding to her incredible achievement, she has also officially secured her spot in the Bachelor of Arts in Communication Management (BCM) program, making it a spectacular double win! 🏆🎉

To help her stand out from the crowd, PRA worked behind the scenes to:
💎 Craft a highly compelling profile that caught the admission board's eye.
💎 Build the absolute confidence and communication tactics needed to ace the interview. Your hard work officially paid off! Welcome to Chula, Haythar Zin Lat! 🚀🌟

18/05/2026

ထိုင်းမှာ ကျောင်းပြီးရင် အလုပ်ချက်ချင်းရမှာလား?

ထိုင်းမှာ ကျောင်းတက်ဖို့ ပြင်နေတဲ့သူတွေပဲဖြစ်ဖြစ်၊ ရောက်နှင့်နေတဲ့သူတွေပဲဖြစ်ဖြစ် အမြဲတမ်း တွေးပူနေမိတာက "ဘွဲ့ရရင်ရော အလုပ်ရပါ့မလား" ဆိုတဲ့ အချက်ပါ။ တကယ်တော့ ထိုင်းနိုင်ငံရဲ့ အလုပ်အကိုင်ဈေးကွက်က ကိုယ်တက်တဲ့ကျောင်းနဲ့ ကိုယ်ယူထားတဲ့ ဘာသာရပ်အပေါ်မှာ အများကြီး မူတည်နေတာပါ။

တကယ်လို့ ကိုယ်က Chulalongkorn တို့၊ Mahidol တို့လိုမျိုး နာမည်ကြီး အစိုးရတက္ကသိုလ် တွေမှာ တက်ခွင့်ရထားတယ်ဆိုရင်တော့ အလုပ်ရဖို့ လမ်းစက တော်တော်လေး ပွင့်သွားပြီလို့ ပြောလို့ရပါတယ်။ ဘာလို့လဲဆိုဟတော့ ဒီလိုကျောင်းကြီးတွေက ထိုင်းနိုင်ငံရဲ့ ထိပ်တန်းကုမ္ပဏီကြီးတွေနဲ့ ခိုင်မာတဲ့ Connection ရှိတာကြောင့် ကျောင်းတက်နေစဉ်မှာတင် နာမည်ကြီးလုပ်ငန်းစုတွေမှာ Internship (အလုပ်သင်) ဆင်းခွင့် ပိုရတတ်လို့ပါ။ အဲဒီမှာတင် ကိုယ့်ရဲ့ အရည်အချင်းကို သေသေချာချာပြနိုင်ခဲ့ရင် ကျောင်းပြီးတာနဲ့ တစ်ခါတည်း အလုပ်ခန့်အပ်ခံရဖို့ (Return Offer) ရနိုင်ခြေက တခြားကျောင်းတွေထက် အများကြီး ပိုသာပါတယ်။

ဒါပေမဲ့ စိတ်မကောင်းစရာ အမှန်တရားတစ်ခုကတော့ မီဒီယာ ပိုင်းသမားတွေအတွက်ပါ။ မီဒီယာ သမားတွေကတော့ တခြားနယ်ပယ်တွေထက် အလုပ်ရှာရတာ ပိုပြီး ရုန်းကန်ရတတ်ပါတယ်။ ဒါက ကိုယ်ညံ့လို့မဟုတ်ဘဲ ထိုင်းနိုင်ငံရဲ့ တည်ဆဲ ဥပဒေ တွေကြောင့်ပါ။ မီဒီယာလောကမှာ နိုင်ငံခြားသားတွေကို အလုပ်ခန့်ဖို့ထက် ပြည်တွင်းက လူတွေကိုပဲ ဦးစားပေးရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေ၊ ဥပဒေကြောင်းအရ တင်းကျပ်မှုတွေကြောင့် မီဒီယာ သမားတွေအတွက်တော့ အလုပ်အကိုင် အခွင့်အလမ်းက အကန့်အသတ် ရှိနေတတ်ပါတယ်။

ဒါကြောင့် ထိုင်းမှာ အခြေချဖို့ စဉ်းစားရင်တော့ ကိုယ်တက်မယ့် ကျောင်းရဲ့ ဂုဏ်သတင်းက ဘယ်လောက်ရှိလဲ၊ ကိုယ်ယူထားတဲ့ ဘာသာရပ်က ဥပဒေအရ ဘယ်လောက်ထိ လမ်းပွင့်လဲဆိုတာကို သေသေချာချာ ချင့်ချိန်ပြီးမှ
တက်စေချင်ပါတယ်ဗျာ။

✨ အနာဂတ်တက္ကသိုလ်ပန်းတိုင်အတွက် PRA နဲ့အတူ အကောင်းဆုံးပြင်ဆင်စို့ ✨

နိုင်ငံတကာပညာရေးလမ်းကြောင်းပေါ်မှာ ယုံကြည်မှုအပြည့်နဲ့
လျှောက်လှမ်းနိုင်ဖို့ PRA Academic Center မှာ အောက်ပါသင်တန်းတွေကို တက်ရောက်နိုင်ပါပြီ။

🎓 Entrance Exams:
GED | SAT | IELTS
🗣️ Language Skills:
Thai Language | Chinese Language 🧪 University Prep Classes: Calculus | Chemistry | Biology

ထိုင်းနိုင်ငံက ကျောင်းအကြောင်းတွေနဲ့
နိုင်ငံတကာပညာရေးအကြောင်းတွေကို အသေးစိတ် စုံစမ်းချင်တယ်ဆိုရင်တော့ PRA Academic Center ကို အခုပဲ ဆက်သွယ်လိုက်ပါ! 🏛️🌟

📩 Contact Us:
🌐 Messenger: PRA Academic Center
🌐 Telegram:

13/05/2026

✨ အနာဂတ်တက္ကသိုလ်ပန်းတိုင်အတွက် PRA နဲ့အတူ အကောင်းဆုံးပြင်ဆင်စို့ ✨

နိုင်ငံတကာပညာရေးလမ်းကြောင်းပေါ်မှာ ယုံကြည်မှုအပြည့်နဲ့ လျှောက်လှမ်းနိုင်ဖို့ PRA Academic Center မှာ အောက်ပါသင်တန်းများကို တက်ရောက်နိုင်ပါပြီ။

👨‍🏫 ဘာကြောင့် PRA ကို ရွေးချယ်သင့်သလဲ?

နိုင်ငံတကာပညာရေးလောကတွင် အတွေ့အကြုံရင့်ကျက်သော ဆရာ၊ ဆရာမများကိုယ်တိုင် စနစ်တကျ လမ်းညွှန်သင်ကြားပေးမှာဖြစ်လို့ ဘာသာရပ်တိုင်းမှာ ထူးချွန်ထက်မြက်စေရပါမယ်။

🎓 Entrance Exams

GED

Flexibility is Key: ကိုယ့်အခြေအနေပေါ်မူတည်ပြီး Group Class ပဲတက်မလား၊ ပိုပြီးထိရောက်တဲ့ One-on-One Class ပဲယူမလား စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။
Your Time, Your Rules: သင်တန်းအချိန်တွေကို ဆရာ၊ ဆရာမတွေနဲ့ အဆင်ပြေအောင် ညှိနှိုင်းတက်ရောက်နိုင်သလို ဈေးနှုန်းကလည်း လူတိုင်းအတွက် သင့်တင့်မျှတစေရပါမယ်။

SAT

Expert Instructors: SAT Score ကောင်းကောင်းပိုင်ဆိုင်ထားပြီး နိုင်ငံတကာအတွေ့အကြုံရှိတဲ့ ဆရာ၊ ဆရာမတွေကိုယ်တိုင် Strategy အမိမိနဲ့ သင်ကြားပေးမှာပါ။
Class Options: Group Class ရော One-on-One ရော တက်ရောက်နိုင်လို့ ကိုယ့်ရဲ့ အားနည်းချက်တွေကို အနီးကပ် ပြင်ဆင်နိုင်မှာဖြစ်ပါတယ်။

IELTS

Focused Learning: IELTS အတွက်ဆိုရင် By One Class တွေကို ပိုပြီး ထိထိမိမိ သင်ကြားပေးတာမို့ ကိုယ်လိုချင်တဲ့ Band Score ကို အရောက်လှမ်းနိုင်ဖို့ အာမခံပါတယ်။

🗣️ Language Skills

Thai Language|Chinese Language

Tailored for You: ထိုင်းနဲ့ တရုတ် ဘာသာစကားတွေကို အခြေခံကစလို့ ကျွမ်းကျင်တဲ့အထိ သင်ယူနိုင်ပါတယ်။ အတန်းဖော်တွေနဲ့ တက်ချင်ရင် Group Class၊ သီးသန့် အသေးစိတ်သင်ချင်ရင် One-on-One Class ဆိုပြီး မိမိအဆင်ပြေရာကို ရွေးချယ်နိုင်ပါတယ်။

🧪 University Foundation Classes

Calculus | Chemistry | Biology

One-on-One Intensity: Uni Foundation အတန်းတွေကို One-on-One ထိထိမိမိ သင်ယူထားခြင်းအားဖြင့် တက္ကသိုလ်ရောက်လို့ First Year တက်တဲ့အခါ သူများထက် တစ်လှမ်းသာပြီး အေးအေးဆေးဆေး ဖြတ်သန်းနိုင်မှာပါ။
PRA မှာ သင်တန်းတက်ရောက်သူတိုင်းအတွက် သင်ခန်းစာတွေအပြင် ပညာရေးအခွင့်အလမ်းသစ်တွေနဲ့ တခြားသော Support တွေကိုပါ စဉ်ဆက်မပြတ် လုပ်ဆောင်ပေးနေတာမို့ သင့်ရဲ့အနာဂတ်အတွက် စိတ်ချလိုက်ပါ။🏛️🌟

📩 Contact Us:
🌐 Messenger: PRA Academic Center
🌐 Telegram:

10/05/2026

စက္ကူပေါ်က မျဉ်းကြောင်းတွေကနေ... အနာဂတ်ကို ပုံဖော်လိုက်တဲ့ Chula INDA Final Project Day 🏛️✨

Architecture ဆိုတာ စိတ်ကူးတွေကို လက်တွေ့ဘဝထဲ အသက်သွင်းရတဲ့ အနုပညာတစ်ခုပါ။ 🎨

ဒီနေ့မှာတော့ ထိုင်းနိုင်ငံရဲ့ ထိပ်တန်း ဗိသုကာပညာရပ် နယ်ပယ်မှာ ခိုင်ခိုင်မာမာ ရပ်တည်နေတဲ့ Chulalongkorn University ရဲ့ INDA Final Project Day ဆီကို PRA ကနေ ခေါ်ဆောင်သွားပေးချင်ပါတယ်။

ရင်သပ်ရှုမောစရာကောင်းတဲ့ ဒီဇိုင်းတွေ၊ Concept တစ်ခုချင်းစီရဲ့ နောက်ကွယ်က ထူးခြားတဲ့ Story တွေနဲ့ ကျောင်းသားတွေရဲ့ တီထွင်ဖန်တီးနိုင်စွမ်းတွေကို ဒီ Video ထဲမှာ အပြည့်အဝ ခံစားရမှာပါ။ 💡
အရည်အသွေးမြင့်မားတဲ့ သင်ကြားမှုတွေရှိတဲ့ Chula မှာ သင့်ရဲ့ ဖန်တီးနိုင်စွမ်းတွေကို ကမ္ဘာကသိအောင် ပြသဖို့ အဆင်သင့်ပဲလား?

✨ Architecture ကျောင်းသားတစ်ယောက် ဖြစ်ချင်တယ်ဆိုရင်
အနာဂတ်အတွက် လိုအပ်တဲ့ လမ်းညွန်မှု တွေနဲ့ အကြံဉာဏ်တွေကို PRA မှာ အခုပဲ လာရောက်စုံစမ်းလိုက်ပါ။

Contact Us: 🌐 Messenger: PRA Academic Center 🌐 Telegram:
အိပ်မက်တွေက... ဒီမှာစတာနော်။ ✨

09/05/2026

GED ပြီးရင် တက္ကသိုလ်မတက်ခင်အထိ အချိန်ကို အကျိုးရှိရှိ ဘယ်လိုအသုံးချမလဲ?

GED ဖြေပြီးတာနဲ့ ကိုယ့်ရဲ့ Dream University တက်ဖို့ တခြား Requirement တွေ ပြင်ဆင်နေတဲ့အချိန်မှာ Online ကို အကျိုးရှိရှိ အသုံးပြုပြီး ဘဝအတွက် အကျိုးရှိမယ့် အတွေ့အကြုံတွေ ကြိုတင်ရှာဖွေထားလို့ ရပါတယ်။

တက္ကသိုလ်မတက်ခင် အချိန်အတောအတွင်းမှာ အဖွဲ့အစည်းတစ်ခုထဲမှာ Teamwork နဲ့ ဘယ်လို အလုပ်လုပ်ရမလဲဆိုတာကို လက်တွေ့လေ့လာထားတာက မင်းအတွက် အကောင်းဆုံး ပြင်ဆင်မှုတစ်ခု ဖြစ်မှာပါ။ လုပ်ငန်းခွင်ထဲမှာ တခြားသူတွေနဲ့ ပူးပေါင်းဆောင်ရွက်တတ်တဲ့ အလေ့အကျင့်က နောက်ပိုင်း ကျောင်းတက်တဲ့အခါ Group Project တွေမှာရော၊ Career လမ်းကြောင်းမှာရော မင်းကို တခြားသူတွေထက် ပိုပြီး ရင့်ကျက်ရဲဝံ့စေမှာပါ။ 👣💫

ဒီအချိန်မှာ Online ကနေတစ်ဆင့် စတင်နိုင်တဲ့ Career လမ်းကြောင်း (၃) ခုကတော့ -

၁။ Creative & Media လောကရဲ့ နောက်ကွယ်က လူငယ်တစ်ယောက် 🎥

မင်းမှာ Editing Skill ဒါမှမဟုတ် စာရေးရတာ ဝါသနာပါရင် Video Editor သို့မဟုတ် Content Writer အဖြစ် စတင်ကြည့်ပါ။ အဖွဲ့အစည်းတစ်ခုထဲမှာ အလုပ်လုပ်ရတဲ့အတွက် ကိုယ့်ရဲ့ Idea တွေကို တခြားသူတွေနဲ့ ဘယ်လိုညှိနှိုင်းရမလဲ၊ အများနဲ့ ဘယ်လိုအပေးအယူလုပ်ရမလဲဆိုတဲ့ Teamwork Skill ကို လက်တွေ့ကျကျ လေ့လာခွင့်ရမှာပါ။

၂။ ကိုယ်ဖြတ်သန်းခဲ့တဲ့ လမ်းကို ပြန်လမ်းပြပေးမဲ့သူ 🎓

ကိုယ်တိုင်လည်း GED ဖြေခဲ့ဖူးသူမို့လို့၊ ကျောင်းသားသစ်တွေကို Teaching Assistant (TA) ဒါမှမဟုတ် Counselor တစ်ယောက်အဖြစ် ကူညီပေးလို့ ရပါတယ်။ ဆရာ/မတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူတူ ပူးပေါင်းလုပ်ဆောင်ရတဲ့အတွက် လုပ်ငန်းခွင်ရဲ့ စည်းစနစ်တွေနဲ့ အဖွဲ့အစည်းတစ်ခုရဲ့ လည်ပတ်ပုံကို ကျောင်းမတက်ခင်ကတည်းက ရင်းနှီးသွားပါလိမ့်မယ်။

၃။ Marketing & Business ပိုင်းမှာ ခြေလှမ်းသစ်စမဲ့သူ🤝

Digital Marketing နဲ့ Customer Service ပိုင်းတွေက Online ကို အသုံးချပြီး လုပ်လို့ရတဲ့ အလုပ်တွေပါ။ လူပေါင်းစုံနဲ့ ထိတွေ့ဆက်ဆံရပြီး Team Project တွေမှာ ပါဝင်ရတာကြောင့် "တစ်ယောက်တည်း လုပ်တာထက် အဖွဲ့နဲ့ လုပ်တာက ပိုခရီးရောက်တယ်" ဆိုတဲ့ အတွေ့အကြုံကောင်းတွေကို ရရှိစေမှာပါ။

💡 စိတ်ထဲမှတ်ထားပေးဖို့က... အစပိုင်းမှာ "ငါ တကယ်လုပ်နိုင်ပါ့မလား" ဆိုတဲ့ ကြောက်စိတ်ရှိတာ သဘာဝပါ။ အတွေ့အကြုံမရှိသေးရင် Internship လေးတွေကနေ စကြည့်ဖို့ အကြံပေးချင်ပါတယ်။ လစာထက် အဖိုးတန်တာက ကိုယ်ရလိုက်မယ့် Teamwork အတွေ့အကြုံနဲ့ Connection တွေပါ။

GED လက်မှတ်ဆိုတာ လမ်းဆုံးမဟုတ်ပါဘူး၊ "အသစ်စတင်ခြင်း" ရဲ့ သင်္ကေတတစ်ခုပါ။ ကိုယ့်ရဲ့ ဝါသနာကို ယုံကြည်ပြီး တစ်လှမ်းချင်းစီ စလှမ်းကြည့်ဖို့ပဲ လိုပါတယ်။ 👣💗

GED, SAT နဲ့ တခြားသင်တန်းတွေအကြောင်း စုံစမ်းချင်တယ်ဆိုရင်တော့ -

တစ်ယောက်တည်း လမ်းပျောက်ပြီး ဘာဆက်လုပ်ရမလဲ ဝေခွဲမရဖြစ်နေစရာ မလိုတော့ဘူးနော်။ သင့်ရဲ့ အနာဂတ်အတွက် အကောင်းဆုံး လမ်းကြောင်းတွေကို PRA နဲ့အတူတူ တိုင်ပင်ဆွေးနွေးပြီး အဖြေရှာကြည့်လို့ရပါတယ်။ အခုပဲ လှမ်းမေးလိုက်တော့နော်! ✨

🌐 Facebook: PRA Academic Center Page Messenger
🌐 Telegram:

မင်းရဲ့ အိမ်မက်တွေဆီ လှမ်းမယ့်ခြေလှမ်းတိုင်းမှာ PRA က အနီးကပ် ရှိနေပါတယ်။💙✨

Photos from PRA Academic Center's post 07/05/2026

𝙀𝙭𝙥𝙚𝙧𝙩 တစ်ယောက်ရဲ့ လမ်းညွှန်မှုက 𝙎𝘼𝙏 အမှတ်ကို ဘယ်လိုပြောင်းလဲပစ်နိုင်သလဲဆိုတာ သိချင်ရင်တော့... 🚀!

SAT ဆိုတာ စာအုပ်ကြီးအတိုင်း အတင်းကျက်နေရုံနဲ့ အမှတ်တက်ဖို့ မလွယ်ပါဘူး။ အချိန်တိုအတွင်းမှာ အမှတ်များများရဖို့ဆိုရင် "ဘယ်လိုစဉ်းစားရမလဲ" ဆိုတဲ့ Logic နဲ့ နည်းမှန်လမ်းမှန်ရှိဖို့က ပိုအရေးကြီးပါတယ်။ အခုမှ စတင်ပြင်ဆင်မယ့်သူပဲဖြစ်ဖြစ်၊ အမှတ်တက်မလာလို့ စိတ်ညစ်နေတဲ့သူပဲဖြစ်ဖြစ် PRA ရဲ့ ဒီ Class က သင့်အတွက် အကောင်းဆုံး Guide ဖြစ်မှာပါ။

✨ 𝙒𝙝𝙮 𝙅𝙤𝙞𝙣 𝙊𝙪𝙧 𝙂𝙧𝙤𝙪𝙥 𝘾𝙡𝙖𝙨𝙨?

တစ်ယောက်တည်း စာကျက်ရတာ ပျင်းစရာကောင်းသလို တစ်ခါတလေ စိတ်ဓာတ်ကျတတ်ပါတယ်။ ကျွန်တော်တို့ရဲ့ Group Class မှာတော့ ကိုယ့်လိုပဲ ရည်မှန်းချက်တူတဲ့ သူငယ်ချင်းတွေနဲ့အတူ Competitive ဖြစ်ဖြစ်၊ တက်တက်ကြွကြွနဲ့ လေ့လာနိုင်မှာပါ။ အချင်းချင်း Discussion လုပ်ရင်း၊ အောင်မြင်တဲ့သူတွေဆီကနေ နည်းလမ်းကောင်းတွေကို တိုက်ရိုက်ရယူပြီး SAT ကို အတူတူ ကြိုးစား ကြရအောင်။

✨ 𝐖𝐡𝐨 𝐚𝐫𝐞 𝐭𝐡𝐞 𝐓𝐫𝐚𝐢𝐧𝐞𝐫𝐬?

Math ပိုင်းမှာတော့ SAT Score 1500 (Math 800 Full Mark) ရထားတဲ့ အတွေ့အကြုံရှိဆရာကိုယ်တိုင်က Logic ကျကျ တွက်နည်းတွေနဲ့ Shortcut Tricks တွေကို (၄) လတာအတွင်း အသေးစိတ် သင်ကြား ပေးသွားမှာပါ။ Math ကို အလွတ်မကျက်ဘဲ အမှတ်အပြည့်ရအောင် ဘယ်လို တွေးခေါ်တွက်ချက်မလဲဆိုတာ သေချာပေါက် သိသွားစေရမှာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ အမှတ်တက်ဖို့ အခက်ဆုံးဖြစ်တဲ့ English (Evidence - Based Reading & Writing) ကိုတော့ ထိုင်းနိုင်ငံက Experienced Native-level Trainer ကိုယ်တိုင် သင်ကြားပေးမှာပါ။ International Standard အတိုင်း Strategy တွေကို သိသွားမှာမို့ Reading ပုစ္ဆာတွေက အရင်လို ခေါင်းမခဲတော့ဘဲ ပေါ့ပေါ့ပါးပါးနဲ့ (၂) လတာအတွင်း Mastery ရအောင် လေ့ကျင့်သွားမှာပါ။

📅 𝗖𝗹𝗮𝘀𝘀 𝗦𝗰𝗵𝗲𝗱𝘂𝗹𝗲𝘀 (𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗧𝗶𝗺𝗲)

🔢 SAT Math (Duration: 4 Months)
Thursday, Saturday, Sunday | 8:30 PM - 9:30 PM
Starting from May 21, 2026.

📖 SAT EBRW (Duration: 2 Months)
Saturday | 6:00 PM - 7:30 PM
Starting from May 23,2026.

💰 𝗦𝗽𝗲𝗰𝗶𝗮𝗹 𝗙𝗲𝗲𝘀 & 𝗘𝗮𝗿𝗹𝘆 𝗕𝗶𝗿𝗱 𝗢𝗳𝗳𝗲𝗿

ပုံမှန်သင်တန်းကြေး ၆ သိန်းကျပ် ဖြစ်သော်လည်း၊ PRA ရဲ့ အခုပထမဆုံးဖွင့်လှစ်မယ့် Batch ဖြစ်တာကြောင့် Early Bird Discount အနေနဲ့ ၄ သိန်းကျပ် (အပြီးအစီး) တည်းနဲ့ အပ်နှံနိုင်မှာဖြစ်ပါတယ်။

(လစဉ်ကြေး ထပ်ပေးစရာ လုံးဝမလိုဘဲ တစ်ကြိမ်တည်းနဲ့ သင်တန်းပြီးဆုံးတဲ့အထိ တက်ရောက်နိုင်မှာပါ!) အမှတ်ကောင်းကောင်းရဖို့ အခုကတည်းက အခွင့်အရေးကို လက်မလွှတ်ဘဲ အမိအရ ဖမ်းဆုပ်ထားလိုက်တော့နော်!

🚀 𝗖𝗼𝗻𝘁𝗮𝗰𝘁 𝗨𝘀 𝘁𝗼 𝗥𝗲𝗴𝗶𝘀𝘁𝗲𝗿
🌐 Facebook – PRA Academic Center Page Messenger 🌐 Telegram –

(သင်တန်းသားအရေအတွက် ကန့်သတ်ထားလို့ မြန်မြန်လေး Join ဖို့ လိုမယ်နော်! 😉)

05/05/2026

ဒီအချက်ကိုသာ သိခဲ့ရင် SAT ဖြေဖို့ လက်တွန့်နေမှာ မဟုတ်တော့ဘူး! 🤔💡

နိုင်ငံတကာတက္ကသိုလ်တွေမှာ ပညာသင်ဆု (Scholarship) တွေနဲ့ တက်ရောက်ဖို့ ပြင်ဆင်နေပြီဆိုရင် SATအကြောင်းကို အရင်ဆုံး သိထားဖို့ လိုပါတယ်။

📙 SAT ဆိုတာ ဘာလဲ?

SAT (Scholastic Assessment Test) ဆိုတာ ကျောင်းသားတစ်ယောက်ရဲ့ Academic စွမ်းရည်ကို တိုင်းတာတဲ့ နိုင်ငံတကာအဆင့်မီ စာမေးပွဲတစ်ခုပါ။ အခုဆိုရင် စက္ကူနဲ့ဖြေရတဲ့စနစ် မဟုတ်တော့ဘဲ ကွန်ပျူတာနဲ့ဖြေဆိုရတဲ့ Digital SAT (dSAT)စနစ်နဲ့ ပိုမိုလွယ်ကူမြန်ဆန်လာပါပြီ။

⏱️ စာမေးပွဲမှာ ဘာတွေဖြေရမလဲ?

စုစုပေါင်းဖြေဆိုချိန် ၂ နာရီနဲ့ ၁၄ မိနစ် အတွင်း အပိုင်း (၂) ပိုင်းကို ဖြေဆိုရမှာပါ -

Reading and Writing (၆၄ မိနစ်): အင်္ဂလိပ်စာပိုင်းဆိုင်ရာ Vocabulary, Grammar နဲ့ စာဖတ်စွမ်းရည်တွေကို မေးခွန်း (၅၄) ခုနဲ့ စစ်ဆေးပါတယ်။

Mathematics (၇၀ မိနစ်): သင်္ချာမေးခွန်း (၄၄) ခု ဖြေဆိုရမှာဖြစ်ပြီး Calculator ကို တစ်ပိုင်းလုံးမှာ အသုံးပြုခွင့်ရှိတာကြောင့် တွက်ချက်ရတာ ပိုပြီးအဆင်ပြေစေပါတယ်။

💯 Scoring ပိုင်းကရော?

SAT ရဲ့ Score ဟာ ၄၀၀ ကနေ ၁၆၀၀ အထိ ရှိပါတယ်။
English (R&W) - ၈၀၀ မှတ်
Mathematics - ၈၀၀ မှတ်

အမှတ်ကောင်းကောင်း ရရှိထားတာဟာတက္ကသိုလ်ဝင်ခွင့်နဲ့ ပညာသင်ဆု လျှောက်ထားရာမှာ အကြီးမားဆုံး အားသာချက်တစ်ခု ဖြစ်လာမှာပါ။

🏛️ SAT ကို ဘာကြောင့် ဖြေသင့်တာလဲ?

အမေရိကန်အပါအဝင် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်တွေရဲ့ ဝင်ခွင့်အတွက် SAT က အဓိက လိုအပ်ချက် ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ အရည်အချင်းကို နိုင်ငံတကာ စံနှုန်းတွေနဲ့ တိုင်းတာနိုင်သလို၊ ပညာသင်ဆု အခွင့်အလမ်းတွေကိုလည်း ပိုမိုရရှိနိုင်မှာပါ။

✨ PRA Academic Center အနေနဲ့ ကျောင်းသား/သူတွေရဲ့ အောင်မြင်မှုတွေကို အမြဲတမ်း ဂုဏ်ယူစွာနဲ့ ပံ့ပိုးပေးနေပါတယ်။ကိုယ့်ရဲ့ အိမ်မက်တက္ကသိုလ်တွေဆီ လှမ်းတက်ဖို့ အခုပဲ SAT ကို PRA နဲ့ အတူ အကောင်းဆုံး ပြင်ဆင်လိုက်ရအောင်။

02/05/2026

✨ အိပ်မက်တွေကို "ရင်းနှီးမြှုပ်နှံ" ဖို့ ဘာကြောင့် Ranking မြင့်တဲ့ကျောင်းတွေကို ရွေးချယ်သင့်တာလဲ?

တက္ကသိုလ်တစ်ခုကို ရွေးချယ်တယ်ဆိုတာ လေးနှစ်တာ အချိန်ကို ပေးဆပ်လိုက်တာထက် ပိုပါတယ်။ ဒါဟာ ကိုယ့်ဘဝရဲ့ ကျန်ရှိနေတဲ့ နှစ်ပေါင်းများစွာအတွက် အခြေခံအုတ်မြစ်ကို ခိုင်ခိုင်မာမာ ချလိုက်တာပါ။ Ranking မြင့်တဲ့ကျောင်းတွေဆီကို လှမ်းတက်ဖို့ ကြိုးစားတဲ့အခါ လမ်းတစ်လျှောက်မှာ ပင်ပန်းနိုင်ပေမယ့် ရရှိလာမယ့် ရလဒ်ကတော့ ဘဝအတွက် အမြတ်စွန်းဆုံး ပါပဲ။

💡 "ဖြစ်သလို" ဆိုတဲ့ အလွယ်လမ်းကို သတိထားပါ
တစ်ချို့က ပြောကြတယ်... "ဘာဖြစ်ဖြစ် ဘွဲ့ရရင် ပြီးတာပဲ၊ အလွယ်လမ်းက သွားလည်း ရောက်တာပဲ" တဲ့။ တကယ်တော့ အလွယ်လမ်းဆိုတာ ခဏတာ သက်သာရရုံကလွဲရင် ကိုယ့်ရဲ့ အစွမ်းအစတွေကို သံချေးတက်စေတဲ့ ထောင်ချောက်တစ်ခုဆိုတာ သူတို့ မသိကြဘူး။ အရည်အသွေးထက် အဆင်ပြေမှုကိုပဲ ရှေ့တန်းတင်ခိုင်းနေတဲ့ စကားတွေကို နားယောင်ပြီး ကိုယ့်ရဲ့ အလားအလာတွေကို သတ်မပစ်လိုက်ပါနဲ့။ အလွယ်လမ်းကိုပဲ ညွှန်ပြနေသူတွေဟာ ကိုယ့်ကို တောင်ထိပ်က မြင်ကွင်းမျိုး ဘယ်တော့မှ မမြင်စေချင်တဲ့သူတွေပဲ ဖြစ်ပါလိမ့်မယ်။

🔥 Ranking မြင့်တဲ့ ကျောင်းတစ်ခုမှာ ကိုယ်ရလိုက်တာဟာ ဘွဲ့လက်မှတ်တစ်ခုတည်း မဟုတ်ပါဘူး။ ကိုယ့်ဘေးနားမှာ ကိုယ့်ထက်တော်တဲ့သူတွေ၊ အိပ်မက်ကြီးကြီးမက်တဲ့သူတွေနဲ့ ဝန်းရံနေတာကို မြင်ရတဲ့အခါ "ငါလည်း ပိုတော်ရမယ်" ဆိုတဲ့ မာန်တစ်ခုကို ရင်ထဲမှာ အလိုလို ကိန်းအောင်းလာစေပါတယ်။ အဲဒီဝန်းကျင်ကပေးတဲ့ တွန်းအားဟာ ကိုယ့်ကိုယ်ကိုယ် ပြန်တွေ့အောင် ရှာဖွေပေးတဲ့ အကောင်းဆုံးသော လမ်းပြမြေပုံပါပဲ။

🌍 ကမ္ဘာ့အဆင့်မီ ပညာရှင်တွေနဲ့ ဆုံတွေ့ခွင့်ရတဲ့အခါ၊ ကိုယ့်ရဲ့ စဉ်းစားတွေးခေါ်မှုတွေက အရင်ကထက် ပိုပြီး ကျယ်ပြန့်လာတဲ့အခါမှာ "ဒီအတွက် ငါပင်ပန်းခဲ့ရကျိုး နပ်ပါတယ်" ဆိုတဲ့ ကျေနပ်မှုကို ကိုယ်တိုင် ခံစားရပါလိမ့်မယ်။ အဲဒီမှာ ရရှိမယ့် အောင်မြင်မှုကမှ တကယ့် "အောင်မြင်မှုအစစ်" လို့ ခေါ်တာပါ။

🎯 ကိုယ့်ရဲ့ အနာဂတ် "ပုံရိပ်" ကို အားနာပါ
အလွယ်လမ်းကိုပဲ ညွှန်ပြနေတဲ့ ပတ်ဝန်းကျင်ရဲ့ ဆူညံသံတွေကို ခဏလောက် ပိတ်ထားလိုက်ပါ။ ကိုယ့်ဘဝရဲ့ တန်ဖိုးကို "ဖြစ်သလို" ဆိုတဲ့ စကားလုံးတွေကြားမှာ အပျောက်မခံပါနဲ့။ အိပ်မက်ဆိုတာ သေးသေးလေးမက်ဖို့မဟုတ်ဘဲ ကိုယ်တိုင်တောင် မယုံကြည်နိုင်လောက်အောင် အောင်မြင်ဖို့အတွက်ပဲ ဖြစ်ရမယ်။

ဒီနေ့ ကိုယ်အပင်ပန်းခံပြီး ရွေးချယ်လိုက်တဲ့ အဆင့်မြင့်ကျောင်းဆိုတာ နောင်တစ်ချိန်မှာ ကိုယ့်ကို ဂုဏ်အရှိဆုံး ပြုံးနိုင်အောင် ဖန်တီးပေးမယ့် လက်ဆောင်တစ်ခုပါ။ အနာဂတ်မှာ ဖြစ်လာမယ့် ကိုယ့်ရဲ့ ပုံရိပ်ကို အားနာတယ်ဆိုရင်တော့... အခုကတည်းက အကောင်းဆုံးကိုပဲ ရဲရဲဝံ့ဝံ့ လှမ်းကိုင်လိုက်ပါ။

"အောင်မြင်မှုဆိုတာ ကံကောင်းလို့ ရလာတာမဟုတ်ဘဲ၊ ခက်ခဲတဲ့ လမ်းကိုမှ ရွေးချယ်ခဲ့တဲ့ ကိုယ့်ရဲ့ သတ္တိက ပေးတဲ့ ရလဒ်ဖြစ်ပါတယ်။"

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Bangkok
10140

เวลาทำการ

จันทร์ 10:00 - 17:00
อังคาร 10:00 - 17:00
พุธ 10:00 - 17:00
พฤหัสบดี 10:00 - 17:00
ศุกร์ 10:00 - 17:00