Potato on the Couch

Potato on the Couch

แชร์

Learn with us & Grow like a POTATO 🥔

14/02/2026

Confusing English Words
“𝗔𝗳𝗳𝗲𝗰𝘁 𝘃𝘀 𝗘𝗳𝗳𝗲𝗰𝘁” 🌪️

ဒီအပတ်မှာတော့ အာလူးလေးတို့ အတွက် အမှတ်မှားနိုင်တဲ့ အင်္ဂလိပ်စကားလုံး ၂ လုံး ဖြစ်တဲ့ “𝗔𝗳𝗳𝗲𝗰𝘁” နဲ့ “𝗘𝗳𝗳𝗲𝗰𝘁” တို့ အကြောင်းကို သေသေချာချာ ရှင်းပြပေးသွားပါမယ်။

ပထမဦးစွာ 𝗔𝗳𝗳𝗲𝗰𝘁 ဆိုတဲ့ စကားလုံးက ပုံမှန်အားဖြင့် Verb အနေနဲ့ သုံးပြီး လုပ်ဆောင်ချက် (Action) ကို ရည်ညွှန်းပါတယ်။ 🧗🏻

Meaning -> to influence or change something
Example -> Lack of sleep can 𝗮𝗳𝗳𝗲𝗰𝘁 your mood.
(အိပ်ရေးပျက်ခြင်းက စိတ်ခံစားချက် အပေါ် သက်ရောက်နိုင်ပါတယ်)

𝗘𝗳𝗳𝗲𝗰𝘁 ကတော့ Noun အနေနဲ့ သုံးတဲ့ စကားလုံး ဖြစ်ပြီး အကျိုးရလဒ် (Result) ကို ရည်ညွှန်းပါတယ်။ 🪶

Meaning -> the outcome of a change
Example -> Lack of sleep has a bad 𝗲𝗳𝗳𝗲𝗰𝘁 on your mood.
(အိပ်ရေးပျက်ခြင်းက သင့်ရဲ့ စိတ်ခံစားချက် အပေါ်မှာ ဆိုးရွားတဲ့ သက်ရောက်မှု ရှိပါတယ်)

More examples : ✅
Stress can 𝗮𝗳𝗳𝗲𝗰𝘁 your health.
Stress has a negative 𝗲𝗳𝗳𝗲𝗰𝘁 on your health.
Social media may 𝗮𝗳𝗳𝗲𝗰𝘁 teenagers.
Social media has a strong 𝗲𝗳𝗳𝗲𝗰𝘁 on teenagers.

ဒါဆို အာလူးလေးတို့လည်း ကိုယ်တိုင် “𝗮𝗳𝗳𝗲𝗰𝘁” နဲ့ “𝗲𝗳𝗳𝗲𝗰𝘁” ကို သုံးပြီး ဥပမာလေးတွေ ဖွဲ့ကြည့်ကြည့်လို့ ရပြီထင်ပါတယ်နော်! 🚀

ဒီ ကွက်လပ်လေး ၂ ခုကိုလည်း ဖြည့်ကြည့်ကြည့်ပါဦးနော်…

1️⃣ Studying every day will ______ your English.
2️⃣ What is the ______ of listening to podcasts?

Learn with us & Grow like a POTATO! 🥔✨


08/02/2026

Potatoes တို့ထဲမှာ စာလေ့လာ ကျက်မှတ်နေရတဲ့သူတွေ၊ ဘာသာစကားတစ်ခုခုကိုလေ့လာနေရတဲ့သူတွေရှိကြလားနော် 🙄

ရှိတယ်ဆိုရင်တော့ ဒီတစ်ပတ် 𝗣𝗼𝘁𝗮𝘁𝗼𝗲𝘀 𝗔𝗿𝘁𝗶𝗰𝗹𝗲 လေးမှာ စာကို စနစ်တကျ ကျက်မှတ် လေ့လာနိုင်အောင် မျှဝေပေးသွားမယ့် “𝗣𝗼𝗺𝗼𝗱𝗼𝗿𝗼 𝗦𝘁𝘂𝗱𝘆 𝗧𝗲𝗰𝗵𝗻𝗶𝗾𝘂𝗲” လေးအကြောင်းကို ဖတ်ရှုပြီး လက်တွေ့အသုံးချကြည့်ကြရအောင်နော်။ ⏱️

“𝗣𝗼𝗺𝗼𝗱𝗼𝗿𝗼 𝗦𝘁𝘂𝗱𝘆 𝗧𝗲𝗰𝗵𝗻𝗶𝗾𝘂𝗲” ကဆိုရင် လတ်တလော social media ပေါ်မှာ ကျောင်းသားတွေကြား အရမ်းကိုမှ ရေပန်းစားနေတဲ့ Study Technique တွေထဲက တစ်ခုဖြစ်တဲ့အတွက် Potatoes တို့နဲ့ရင်းနှီးနေပြီးသားဖြစ်မှာပါ။ နောက်ပြီး သူ့ရဲ့ steps လေးတွေကလည်း လွယ်ကူရိုးရှင်းလွန်းတဲ့အတွက် ကိုယ့်ရဲ့စာလေ့လာချိန်ကို effective ဖြစ်ဖြစ်နဲ့ သက်တောင့်သက်တာကုန်ဆုံးစေနိုင်မှာပါ။ 📖

Step - 1 ✌🏼
Set a timer for 25 minutes.
အရင်ဆုံး ၂၅ မိနစ် စာလုပ်ရပါမယ်။

Step - 2 ✌🏼
Take a short break.
၂၅ မိနစ် ပြည့်သွားရင် ၅ မိနစ် အနားယူပါ။ အနားယူတဲ့အခါ ဖုန်းမကြည့်ဘဲ လေကောင်းလေသန့်ရှူတာမျိုး၊ ရေထသောက်တာမျိုး၊ အညောင်းအညာဖြေခြင်းမျိုးလုပ်ပါ။

Step - 3 ✌🏼
Repeat 25 minutes work / 5minutes break cycle (Pomodoro) FOUR times.
အနားယူပြီးရင်တော့ ပြန်ပြီး ၂၅ မိနစ်စာပြန်လုပ်ပါ။ ပြီးရင် ၅ မိနစ်ပြန်နားပါ။ အဲ့
လိုမျိုး ၄ ကြိမ်တိတိလုပ်ပေးရပါမယ်။

Step - 4 ✌🏼
After Four Pomodoros, take a longer break (15 mins - 30 mins) to rest.
နောက်ဆုံးအဆင့်အနေနဲ့ Pomodoro လေးကြိမ် လုပ်ပြီးတဲ့နောက်မှာ ၁၅ - ၃၀ မိနစ် အနားယူပြီး ပြန်စလို့ရပါပြီ။

ဒါဆိုရင်တော့ “𝗣𝗼𝗺𝗼𝗱𝗼𝗿𝗼 𝗦𝘁𝘂𝗱𝘆 𝗧𝗲𝗰𝗵𝗻𝗶𝗾𝘂𝗲” အကြောင်းသေချာနားလည်သွားမယ်လို့ထင်ပါတယ်။ သူက လူတိုင်းလိုက်လုပ်နိုင်တဲ့ ပေါ့ပေါ့ပါးပါး technique တစ်ခုဖြစ်ပြီး ကြားထဲမှာ နားချိန်လည်းရတာမို့ study and leisure time ကို balance ဖြစ်စေမယ့် စာလုပ်နည်းလေးပဲဖြစ်ပါတယ်ရှင်။ ဒါဆို Potatoes တို့လည်း ဒီ Article လေးကိုဖတ်ပြီးနောက် စာလုပ်မယ့်အခါ Pomodoro Study Technique လေးကို လက်တွေ့အသုံးချကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်ရှင်။ 🥔💕

Photos from Potato on the Couch's post 26/01/2026

⛅️ Weather Fun Time! 🌈

မိုးလေဝသ နဲ့ သက်ဆိုင်တဲ့ Vocabulary လေးတွေကို ပျော်ပျော်ရွှင်ရွှင် လေ့လာကြစို့!

☀️ Look at the pictures
☀️ Guess the weather
☀️ Check your answers

Vocabulary တွေကို လေ့လာမှတ်သားရာမှာ ပုံလေးတွေနဲ့ တွဲတွဲပြီး Visualization method နဲ့ လေ့လာတာက ပိုပြီး မှတ်မိလွယ်စေပါတယ်။ ဒါ့အပြင် သင်ယူမှုကိုလည်း ပိုပြီး ပျော်ရွှင်ဖွယ် ကောင်းစေပါတယ်။ ☂️

☁️ ဆရာ၊ ဆရာမ တွေ အတွက် အကြံပြုချက် အနေနဲ့ ကျောင်းသားတွေကို အောက်ပါ စာကြောင်းတွေ Example တည်ဆောက်ခိုင်း ပြောခိုင်းကြည့်ပါ။

🌦️ Today is sunny!
🌦️ I like rainy days!
🌦️ It’s scorching today!

ကျွန်မတို့ Potato on the Couch က ဖွင့်လှစ်ထားတဲ့ တစ်ဦးချင်း သီးသန့် အချိန်နဲ့ ရက်ကို ညှိနှိုင်းပေးတဲ့ အတန်းလေးတွေ တက်ပြီး ပျော်ရွှင်စွာ လေ့လာရင်း မိမိရဲ့ အင်္ဂလိပ်စာ စွမ်းရည် 4 Skills ကို မြှင့်တင်လိုက်ကြရအောင်နော်!

Learn with us & Grow like a POTATO 🥔

11/01/2026

Hello အာလူးတို့!
နှစ်သစ်ဖြစ်တဲ့ ၂၀၂၆ ကို အကောင်းဆုံး ကျော်ဖြတ်နေကြပြီလား?
စိတ်ရော ကိုယ်ရော ပျော်ရွှင်တဲ့ နှစ်သစ်ကူး အချိန်ကို ပိုင်ဆိုင်နေကြပြီလား? 🥶✌🏼

အင်္ဂလိပ်စာကို ရော ပုံမှန် လုပ်ဖြစ်နေရဲ့လား?
အင်္ဂလိပ်စာကို လေ့လာတဲ့ နေရာမှာ ကျောင်းသားတော်တော်များများ ထင်ကြတာက Grammar (သဒ္ဒါ) က အရေးအကြီးဆုံး ဖြစ်တယ်ဆိုတာပါ။ ဒါက မှန်လည်း မှန်သလို အပြည့်အစုံတော့ မမှန်တဲ့ အရာပါ။
တကယ်အရေးကြီးတာက အင်္ဂလိပ်စာကို သင်ဘယ်လို လေ့လာလဲ၊ ဘယ်လောက် မှတ်မိလဲ ဆိုတာပါ။

ဒီနေ့မှာတော့ အင်္ဂလိပ်စာလေ့လာနေသူတိုင်း သိထားသင့်တဲ့ အလေ့အထ (၃) မျိုး အကြောင်းကို ပြောပြသွားပါမယ်။ 🎒

✏️ 𝗨𝘀𝗲 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝗱𝗮𝗶𝗹𝘆 (𝗲𝘃𝗲𝗻 𝗳𝗼𝗿 𝟭𝟬 𝗺𝗶𝗻𝘂𝘁𝗲𝘀)

တစ်နေ့ကို အနည်းဆုံး ၁၀ မိနစ်လောက်ပဲ ဖြစ်စေ အင်္ဂလိပ်စာနဲ့ အထိအတွေ့လုပ်ပါ။ Facebook ပေါ်က Video လေးတွေ ကြည့်တာပဲဖြစ်စေ၊ အင်္ဂလိပ်သီချင်းတွေ နားထောင်တာပဲဖြစ်စေ၊ မအိပ်ခင် ဒိုင်ယာရီလေးကို အင်္ဂလိပ်လို ရေးကြည့်တာပဲဖြစ်စေ လုပ်ကြည့်ကြည့်ပါ။

✏️ 𝗠𝗮𝗸𝗲 𝗺𝗶𝘀𝘁𝗮𝗸𝗲𝘀 𝗼𝗻 𝗽𝘂𝗿𝗽𝗼𝘀𝗲

ဟုတ်ပါတယ်။ ရည်ရွက်ချက်ရှိရှိနဲ့ အမှားလုပ်ပါ။ အမှားတွေ ပြုလုပ်ခြင်းက သင်စဉ်ဆက်မပြတ်လေ့လာသင်ယူနေပါတယ် ဆိုတဲ့ သက်သေပါပဲ။ အကြောက်တရားတွေ ပျောက်ကွယ်ချိန်မှာ ကျွမ်းကျင်ခြင်းဆိုတဲ့အရာ ပေါ်ပေါက်လာမှာပါ။

✏️ 𝗖𝗼𝗻𝗻𝗲𝗰𝘁 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝘁𝗼 𝘆𝗼𝘂𝗿 𝗹𝗶𝗳𝗲

ကိုယ့်ဘဝရဲ့ အိပ်မက်တွေအကြောင်း၊ ပြသာနာတွေ အကြောင်း၊ စိတ်ဝင်စားမှုတွေ အကြောင်းကို ဘိုလိုမှုတ်ကြည့်ပါ။

အာလူးတို့ မှတ်ထားရမှာက အင်္ဂလိပ်ကို Perfect ဖြစ်နေစရာမလိုပါဘူး။ အင်္ဂလိပ်ကို ရဲရဲ ပြောဆိုနိုင်ဖို့ Confident ရှိဖို့ပဲ လိုပါတယ်။

ကဲ ဒါဆိုရင် အပေါ်မှာ ပြောပြပေးခဲ့တဲ့ အလေ့အထ (၃) မျိုးကို ဒီနေ့က စပြီး လိုက်လုပ်ကြည့်ကြဖို့ တိုက်တွန်းပါတယ်နော်။

နှစ်သစ်မှာ အတန်းသစ်တွေ တက်ပြီး ကိုယ့်ရဲ့ English စာ စွမ်းရည် မြှင့်တင်ဖို့ အားခဲထားတယ်ဆိုရင်လည်း General English 4 Skills အတွက်ပဲ ဖြစ်ဖြစ်၊ IELTS ပဲဖြစ်ဖြစ် One-On-One တစ်ဦးချင်း special care & individual focus အပြည့်နဲ့ သင်ကြားပေးနေတဲ့ ကျွန်မတို့ Potato on the Couch မှာ အတန်းလေးတွေကို လာရောက် အပ်နှံနိုင်ပါကြောင်း သတင်းစကားပါးအပ်ပါတယ်ရှင်။ 💕✨

Learn with us & grow like a POTATO. 🥔

31/12/2025

Potatoes တို့ အားလုံးပဲ Happy New Year ပါ 🎉✨️

ကုန်လွန်ခဲ့တဲ့ 2025 ခုနှစ်ဟာ အားလုံးအတွက် ​ဝမ်းသာစရာ၊ ဝမ်းနည်းစရာ၊ အားတက်စရာ၊ အား​လျော့စရာ၊ ​ကောင်း​သောအရာ၊ ဆိုး​သောအရာ စသဖြင့် အမျိုးမျိုး​သော ​ထွေရာ​လေးပါး အ​ကြောင်းအရာ​တွေနဲ့ သင်ခန်းစာယူချင်စရာ ပြန်လည်​တောင့်တစရာ အမှတ်တရမျိုး​တွေကို ယူ​ဆောင်လာ​ပေးခဲ့မယ်လို့ ယုံကြည်ပါတယ်။

မည်သို့ပင်ဆို​စေကာမူ ယခုလာမယ့် 2026 နှစ်သစ် အခါ သမယမှာ​တော့ Potatoes တို့ အားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတွေနဲ့ ပြည့်စုံကာ မိမိတို့ဆန္ဒရှိတဲ့ ဘဝ အိပ်မက်တွေ အားလုံးကို အခက်အခဲအတားအဆီးမရှိဘဲ အလွယ်တကူ အကောင်အထည်ဖော် ​ပေါက်​မြောက်နိုင်ပါစေကြောင်း Potatoes Team က ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 🥔✨

နှစ်သစ်မှာ ကျွန်​​တော်တို့ Potato On The Couch အ​နေနဲ့ classroom environment ကို ပိုမို​ကောင်းမွန်​အောင် ကြိုးစားသွားမယ့်အပြင် ​ကျောင်းသားများရဲ့ Targeted Achievements ​တွေကို ရရှိနိုင်​အောင် အ​ကောင်းဆုံး ကူညီကြိုးစား သင်ကြား​ပေးသွားမည့်အတွက် New Year Resolution အ​နေနဲ့ နှစ်သစ်မှာ အတန်းသစ်တွေတက်ပြီး ကိုယ့်ရဲ့ English စာ စွမ်းရည် မြှင့်တင်ဖို့ အားခဲထားတယ်ဆိုရင်​တော့ General English အတွက်ပဲ ဖြစ်ဖြစ်၊ IELTS ပဲဖြစ်ဖြစ် One-On-One တစ်ဦးချင်း special care & individual focus အပြည့်နဲ့ သင်ကြားပေးနေတဲ့ Potato on the Couch မှာ အတန်းလေးတွေကို လာရောက် အပ်နှံနိုင်ပါကြောင်းလည်း သတင်းစကားပါးအပ်ပါတယ်။

Happy New Year Everyone! ✨️

25/12/2025

𝗠𝗲𝗿𝗿𝘆 𝗖𝗵𝗿𝗶𝘀𝘁𝗺𝗮𝘀 𝗳𝗿𝗼𝗺 𝗣𝗼𝘁𝗮𝘁𝗼 𝗼𝗻 𝘁𝗵𝗲 𝗖𝗼𝘂𝗰𝗵! 🎄

Tis’ the season to be jolly fa-la-la-la-la-la-la-la-la…

ဒီ ခရစ်စမတ်ကာလလေးဟာ ကျွန်မတို့ အားလုံးကို လုပ်စရာရှိတဲ့ အလုပ်တွေ၊ တာဝန် ဝတ္တရားတွေကနေ ခဏ အနားယူပြီး ကိုယ်ချစ်တဲ့ မိတ်ဆွေအပေါင်းအသင်းတွေ၊ ချစ်သူ၊ မိသားစုဝင်တွေနဲ့ အတူတူ မေတ္တာအပြည့်နဲ့ နွေးထွေးကြင်နာခြင်းတွေ အပြည့်နဲ့ ပျော်ပွဲရွှင်ပွဲတွေကို အတူတူ ဖြတ်သန်းဖို့ သတိပေးနေသလိုပါပဲ။

ကျွန်မတို့ ကျောင်းက အတန်းတွေ အားလုံးလည်း December 25 to 31 အထိ ပိတ်ပါတယ်။

အားလုံးကိုလည်း ဒီနှစ် ၂၀၂၅ ရဲ့ ခရစ်စမတ်မှာ ရယ်မောသံတွေ၊ ပျော်ရွှင်မှုတွေနဲ့ အမှတ်တရ အပြည့်နဲ့ ဖြတ်သန်းနိုင်ဖို့ ဆုမွန်ကောင်းတောင်းပေးချင်ပါတယ်။ ❄️

မကြာခင်မှာလည်း ပျော်ရွှင်စရာ ၂၀၂၆ နှစ်သစ်အခါကို အတူတူ ကြိုဆိုကြရအောင်။ 💕

May your days be filled with laughter, warm conversations, cozy moments, and memories that stay with you long after the holidays.

Cheers to a beautiful Christmas and a joyful New Year! 🥳

24/12/2025

အာလူးလေးတို့ရေ…
မကြာခင် ခရစ်စမတ်ပွဲတော်အချိန်လည်း ရောက်ရှိလာတော့မယ်နော်! 🎄

အာလူးလေးတို့အတွက် အခုလို အေးမြတဲ့ ဒီဇင်ဘာညချမ်းတွေနဲ့ ခရစ်စမတ်ကာလမှာ ခရစ်စမတ် အလှအပကို ခံစားရင်း အင်္ဂလိပ်စာကိုလည်း တစ်ဘက်က ပျော်ပျော်ရွှင်ရွှင် လေ့လာလို့ရအောင် challenge လေး တစ်ခုကို စီစဉ်ပေးထားပါတယ် 🥳

𝗖𝗵𝗿𝗶𝘀𝘁𝗺𝗮𝘀 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲 𝗶𝘀 𝗵𝗲𝗿𝗲!
❝ Let the Christmas vibes begin and let’s learn English together. ❞ 💚

အဲ့ဒါကတော့ အာလူးလေးတို့ အင်္ဂလိပ် စကားပြောစွမ်းရည် တိုးတက်လာစေဖို့ Speaking Practice Challenge လေးပဲ ဖြစ်ပါတယ်။

ပြောကျင့်ကြည့်ရမယ့် မေးခွန်းလေး အနေနဲ့ကတော့
🗣️ What makes you feel joyful during Christmas?
ခရစ်စမတ်အချိန်မှာ သင့်ကို ပျော်ရွှင်စေတဲ့ အရာက ဘာလဲ?

အနည်းဆုံး ၃ ကြောင်း၊ ၄ ကြောင်းလောက်တော့ ပြောနိုင်အောင် ပြောကျင့်ကြည့်ပါနော် 😉

Learning English can be fun, cozy, and joyful just like Christmas! ⛄️❄️

ကျွန်မတို့ Potato on the Couch နဲ့ အတူတူ အင်္ဂလိပ်စာ လေ့လာကြရအောင်နော်…
Page မှာ ဖွင့်လှစ်ထားတဲ့ General English 4 Skills အတန်းပေါင်း များစွာနဲ့ IELTS class တွေကို အခုပဲ လာရောက် စုံစမ်းလိုက်တော့နော်…

Learn with us & Grow like a POTATO. 🥔

#2026

16/12/2025

⭐️ Student Review Post ⭐️

𝗣𝗼𝘁𝗮𝘁𝗼 𝗼𝗻 𝘁𝗵𝗲 𝗖𝗼𝘂𝗰𝗵 Page ရဲ့ Teacher တစ်ဦး ဖြစ်တဲ့ 𝗧𝗿.𝗔𝘂𝗱𝗿𝗲𝘆 နဲ့ လက်ရှိ One-On-One 𝗚𝗲𝗻𝗲𝗿𝗮𝗹 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝟰 𝗦𝗸𝗶𝗹𝗹𝘀 Class တက်ရောက်နေတဲ့ ညီမလေး မ 𝗦𝘂 𝗘𝗮𝗶𝗻𝗱𝗿𝗮 𝗞𝘆𝗮𝘄 ရဲ့ Honest Student Review လေးကို မျှဝေပေးလိုက်ပါတယ်ရှင့်။

𝗦𝘂 𝗘𝗮𝗶𝗻𝗱𝗿𝗮 𝗞𝘆𝗮𝘄 🥳

“I have been learning General English skills in the class with Teacher Audrey since July. But actually, I'm not available to take a class every week because of my duty time. I can only attend a few class times per week but now I notice myself that my speaking skill and listening skill have improved. Before, my English was really poor. If I am available to take the class every week, I believe I can improve more because I can understand each and every lesson easily. For me, I love the speaking practice time with teacher. I can get more knowledge and experience from her. Especially, I love to spend the time for my class with her because she is very patient and very understanding. She can explain the lessons very easily to me.”

လက်ရှိ ကျွန်မတ်ို့ 𝗣𝗼𝘁𝗮𝘁𝗼 𝗼𝗻 𝘁𝗵𝗲 𝗖𝗼𝘂𝗰𝗵 မှာ တက်ရောက်နိုင်တဲ့ အတန်းများအနေနဲ့ General English 4 Skills One-On-One Class (Beginner Level က စပြီး ကိုယ့်ရဲ့ Level အပေါ်မူတည်ပြီး တက်ရောက်နိုင်ပါတယ်)၊ IELTS Foundation, Preparation Class တွေ အပြင် General English 4 Skills နဲ့ IELTS ကို တွဲပြီး train ချင်သူများအတွက်လည်း Class တွေများစွာ ရှိတဲ့အတွက် လာရောက်စုံစမ်းနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။ Class တွေ အားလုံးရဲ့ အသေးစိတ် အကြောင်းအရာတွေကို အောက်ပါ Post မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင်။ ✨

*Duolingo Preparation အတွက် အတန်းသစ်တွေလည်း ရှိတာမို့ လာရောက်စုံစမ်းကြဖို့ အကြံပြုပါတယ်နော်။

https://www.facebook.com/share/p/1ByfEhPW94/?mibextid=wwXIfr

Learn with us & Grow like a POTATO 🥔

03/12/2025

Hey Potatoes!
Miss us? 🤓

၂ လ နီးပါးလောက် ကိစ္စလေး တစ်ခုကြောင့် Post တွေ မတင်ဖြစ်ခဲ့ပြီး အခု “𝗗𝗲𝗰𝗲𝗺𝗯𝗲𝗿 𝗦𝗽𝗲𝗶𝗰𝗮𝗹 𝗔𝗻𝗻𝗼𝘂𝗻𝗰𝗲𝗺𝗲𝗻𝘁” လေး တစ််ခုနဲ့ အတူ အားလုံးအရှေ့ကို ပြန်ရောက်လာပါပြီ။

အဲ့ဒါကတော့ General English 4 Skills ကို improve လုပ်ချင်ကြတဲ့ ကျောင်းသားကျောင်းသူတွေအတွက် Flexible One-On-One Class/ Compact Group Class အသစ်လေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ⛄️

တစ်ဦးချင်းသီးသန့် Teacher နဲ့ guidance ယူပြီး အချိန်နဲ့ရက်ကို အဆင်ပြေသလို ညှိနှိုင်းပြီးသင်ချင်တဲ့သူတွေ၊ တစ်ယောက်တည်း မတက်ချင်ဘဲ သူငယ်ချင်းနှစ်ယောက် သုံးယောက်လောက်နဲ့ အတူတူ class join ချင်တဲ့သူများအတွက်လည်း အများဆုံး ကျောင်းသား ၅ ယောက်အထိ လက်ခံတဲ့ compact group class လေးတွေ စီစဉ်ပေးမှာ ဖြစ်တဲ့အတွက် အားလုံး အဆင်ပြေစေရမယ်နော်။

တက်ရောက်န်ိုင်မယ့် Level တွေအနေနဲ့ကတော့

✅ ကိုယ်က အင်္ဂလိပ်စာကို တစ်ခါမှ အခြေခံမရှိ ဘာစကားလုံးမှလည်း မသိဘဲ အခုမှ သုညက စလုံးရေ စ ပြီး လေ့လာမယ့် သူတွေအတွက် အဆင်ပြေစေမယ့် Beginner Class

✅ အခြေခံတော့ ရှိထားတယ်၊ ဒါပေမယ့် Grammar Pattern တွေ သေချာမသိဘူး၊ Tense တွေ သေချာမသုံးတတ်ဘူး…Vocabulary တွေလည်း မပိုင်ဘူးဆိုတဲ့ သူတွေအတွက် Elementary Class

✅ Grammar တွေလည်း သိတော့သိတယ် ဝေဝါးဝါးလေး၊ Vocabulary တွေလည်း သိတော့သိတယ် ကလေးတောင် သိတဲ့ဟာလေးတွေ၊ အဲ့လိုမျိုး အခြေခံလည်း မဟုတ် အလယ်အလတ်လည်း မဟုတ် ကြားညပ်နေပြီး အဲ့ဒါတွေကို တိုးတက်အောင် train ချင်သူများအတွက် Pre-Intermediate Class

✅ အင်္ဂလိပ်စာပိုင်တဲ့ ဆရာကြီးတော့ ဆရာကြီးဘဲ၊ ဒါပေမယ့် ဆရာ့ဆရာကြီးတော့ မဟုတ်သေးလို့ ပိုပြီး Complex Grammatical Usage တွေ Advanced Vocabulary တွေ ကျွမ်းကျင်အောင် လေ့ကျင့်ချင်သူများ အတွက် Intermediate Class

အထက််ပါ အတန်းတွေ အားလုံးဟာ 4 Skills ကို သင်ကြားပေးမှာ ဖြစ်ပြီး Teacher ရဲ့ တစ်ဦးချင်းလိုအပ်ချက်အပေါ်မူတည်ပြီး စီစဉ်ပေးတဲ့ customized lesson plan နဲ့ သင်ချင်ဖြစ်ဖြစ်၊ Coursebooks သင်ရိုးတွေနဲ့ သင်ချင်ဖြစ်ဖြစ် ကိုယ်အဆင်ပြေတာကို ဆွေးနွေးတိုင်ပင်ပြီး ညှိနှိုင်းနိုင်ပါတယ်။ ✨

အသေးစိတ်တွေကိုတော့ Page Messenger မှာ အားမနာတမ်းလာမေးနိုင်ပြီး December Special အနေနဲ့ ဒီလထဲမှာ အတန်းလာအပ်တဲ့ ပထမဆုံး ၅ ယောက်ကို class fees discount လေးတွေ ပေးဦးမှာ ဖြစ်ပါတယ်နော်။ 🎒

21/10/2025

⭐️ Student Review Post ⭐️

𝗣𝗼𝘁𝗮𝘁𝗼 𝗼𝗻 𝘁𝗵𝗲 𝗖𝗼𝘂𝗰𝗵 Page ရဲ့ Teacher တစ်ဦး ဖြစ်တဲ့ 𝗧𝗿.𝗔𝘂𝗱𝗿𝗲𝘆 နဲ့ 𝗢𝗻𝗲-𝗢𝗻-𝗢𝗻𝗲 𝗚𝗲𝗻𝗲𝗿𝗮𝗹 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝟰 𝗦𝗸𝗶𝗹𝗹𝘀 Class တက်ရောက်ခဲ့တဲ့ ညီမလေး မ 𝗡𝗮𝘄 𝗣𝗲𝗮𝗿𝗹 𝗦𝗮𝘆 ရဲ့ Honest Student Review လေးကို မျှဝေပေးလိုက်ပါတယ်ရှင့်။ 💁🏻‍♀️

𝗡𝗮𝘄 𝗣𝗲𝗮𝗿𝗹 𝗦𝗮𝘆 🗣️

“𝗧𝗿.𝗔𝘂𝗱𝗿𝗲𝘆 နဲ့ 𝗢𝗻𝗲-𝗢𝗻-𝗢𝗻𝗲 𝗚𝗲𝗻𝗲𝗿𝗮𝗹 𝗘𝗻𝗴𝗹𝗶𝘀𝗵 𝟰 𝗦𝗸𝗶𝗹𝗹𝘀 Class ယူခဲ့တာပါ။ Teacher Audrey က စိတ်ရှည်ပြီး မသိတဲ့ စကားလုံးနဲ့ အကြောင်းအရာတွေကိုလဲ သေချာ ရှင်းပြပေးပါတယ်။ Teacher နဲ့ အတူတူလုပ်ရတာ ထဲမှာ Reading‌ လုပ်ရတာ အကြိုက်ဆုံးပါ။ တယောက် တပိုဒ် ဖတ်ပြီး တယောက် တပိုဒ် ဘာသာပြန်‌၊ မသိတဲ့ Vocab တွေနဲ့ အသံထွက်တွေကိုလဲ သေချာရှင်းပြပြီး ပြင်ပေးပါတယ်။ သင်ခန်းစာတွေတင် မဟုတ်ဘဲ အပြင်က အကြောင်းရာကို သင်ပြ ပြောပြပေးတယ်။ ကိုယ့် အတွေးမြင်ကကော ဘယ်လိုဆိုတာကို နှိုင်းယှဉ်ပြီး ပြောပြခိုင်းတာတွေက သူငယ်ချင်းအချင်းချင်း စာလေ့ကျင့်နေကြသလို စိတ်ခံစားချက်ရပါတယ်။ Podcast တွေ, Listening တွေ အတူတူ နားထောင်ပေးတယ် လေ့ကျင့်ပေးတယ်။ Teacher နဲ့ သင်ရတာ အကုန် ပြည့်စုံပါတယ်။ Listening, Reading, Speaking, Writing အကုန် သင်ယူခဲ့ရပါတယ်။ 🥰”

****

✅ လက်ရှိ ကျွန်မတ်ို့ 𝗣𝗼𝘁𝗮𝘁𝗼 𝗼𝗻 𝘁𝗵𝗲 𝗖𝗼𝘂𝗰𝗵 မှာ တက်ရောက်နိုင်တဲ့ အတန်းများအနေနဲ့ General English 4 Skills One-On-One Class (Beginner Level က စပြီး ကိုယ့်ရဲ့ Level အပေါ်မူတည်ပြီး တက်ရောက်နိုင်ပါတယ်)၊ IELTS Foundation, Preparation Class တွေ အပြင် General English 4 Skills နဲ့ IELTS ကို တွဲပြီး train ချင်သူများအတွက်လည်း Class တွေများစွာ ရှိတဲ့အတွက် လာရောက်စုံစမ်းနိုင်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။ Class တွေ အားလုံးရဲ့ အသေးစိတ် အကြောင်းအရာတွေကို အောက်ပါ Post မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်ရှင်။ ✨

https://www.facebook.com/share/p/1ByfEhPW94/?mibextid=wwXIfr

Learn with us & Grow like a POTATO 🥔

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่


Bangkok