အလင်းသစ်ကမ္ဘာ ဘဝပန်းတိုင်

အလင်းသစ်ကမ္ဘာ ဘဝပန်းတိုင်

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก အလင်းသစ်ကမ္ဘာ ဘဝပန်းတိုင်, ครูสอนพิเศษ/ครู, Samut Sakhon Road Home 48/39/40, Bangkok.

28/11/2023
22/09/2023

အလကားလူ မဖြစ်စေနဲ့
***********************

ကိုယ့်မှာ အားနည်းချက်ရှိရင်
သူတစ်ပါး ပျော့ကွက်ကို ချမနင်းဘဲ
နေတတ်ရမယ် ။

ကိုယ့်မှာ ခံနိုင်ရည် မရှိရင်
သူတစ်ပါး နစ်နာစရာ စကားကို
ဆင်ခြင် ပြောဆိုတတ်ရမယ် ။

ကိုယ့်မှာ ဒုက္ခဆိုတာရှိရင်
သူတစ်ပါးဘဝ ပျက်စီးကြောင်းကို
ရှောင်ရှားတတ်ရမယ် ။

ကိုယ့်မှာ အရှက်ရှိရင်
သူတစ်ပါး ဂုဏ်သိက္ခာကို
ငဲ့ညှာတတ်ရမယ် ။

ကိုယ့်အပေါ် မပြုစေချင်တဲ့ အရာရှိရင်
သူတစ်ပါး မနှစ်သက်တာကို
မလုပ်မိအောင် စာနာတတ်ရမယ် ။

ကိုယ့်မှာ အပြစ်နဲ့မကင်းရင်
သူတစ်ပါး အမှားကို
လက်ညှိုးမထိုးမိအောင် နေတတ်ရမယ်။

ကိုယ့်မှာ ဝေဒနာရှိရင်
သူတစ်ပါး နာကျင်မှုကို
ခံစားပေးတတ်ရမယ် ။

ကိုယ့်ကို ကဲ့ရဲ့တာ မကြိုက်ရင်
သူတစ်ပါး မကောင်းကြောင်းကို
မပုတ်ခတ်မိအောင် သတိထားရမယ် ။

ကိုယ့်မှာ အမာရွတ်ရှိရင်
သူတစ်ပါး ဒဏ်ရာကို
နားလည်ပေးနိုင်ရမယ် ။

ဒါဟာ ကိုယ်ချင်းစာတရားပဲ။

ဘယ်လောက်ပဲ ချမ်းသာ ချမ်းသာ
ဘယ်လောက်ပဲ တော်တော်
ဘယ်လောက်ပဲ တတ်တတ်
ကိုယ်ချင်းစာတရားမရှိရင် အလကားပဲ....

22/09/2023

လူတိုင်းကို
သံသယနဲ့ မကြည့်ပါနဲ့
မေတ္တာ နဲ့ ယှဉ်ပြီးကြည့်ပါ

လူတိုင်းကို
အပြစ်ရှာပြီး မကြည့်ပါနဲ့
ကိုယ်ချင်းစာ တရားနဲ့ ကြည့်ပါ

လူတိုင်းကို
အနိုင်ယူ လိုစိတ်နဲ့ မကြည့်ပါနဲ့
မျှတခြင်း တရားနဲ့ ကြည့်ပါ

လူတိုင်းကို
မနာလိုမှုတွေနဲ့ မကြည့်ပါနဲ့
ဝမ်းမြောက် အတုယူခြင်းတွေနဲ့ ကြည့်ပါ

လူတိုင်းကို
အမုန်းတရား တွေနဲ့ မကြည့်ပါနဲ့
အပြုံးတရားတွေနဲ့ ကြည့်ပါ

လူတိုင်းကို
ရလိုမှုတွေနဲ့ မကြည့်ပါနဲ့
စွန့်လွှတ်ခြင်း . . .တွေနဲ့ ကြည့်ပါ

ဒါ့ကြောင့်မို့
မျက်လုံးဟာ နှစ်ဖက်ပါပါ တယ်

မျှမျှ တတ ကြည့်ပါ
မေတ္တာ နဲ့ ယှဉ်ပြီးကြည့်ပါ

မိမိကြည့်လိုက်တဲ့ အကြည့်တစ်ချက်က

အမြဲတမ်းဆေးဖက်ဝင်နေ
ပါလိမ့်မယ် . . .

22/09/2023

ဘဝမှာ နေတတ်တဲ့သူက ကျေနပ်စရာကောင်းတယ်တဲ့ ဟုတ်ပါတယ်
ဘာကိုမှမတွေး၊ဘယ်သူ့ကိုမှဂရုမစိုက်ပဲ နေတတ်ရင် လောကကြီးမှာ
ပျော်စရာသိပ်ကောင်းပါတယ်။

ပျော်စရာတွေ အများကြီးရှိပေမယ့်
ငိုစရာတွေလည်း ပေါတဲ့လောကကြီးမှာ ဘာကိုမှ ဂရုမစိုက်ရင် ဘာမှမခံစားရတော့ဘူးလေ။

ချီးမွမ်းနေပြီလား ကျေးဇူးတင်လိုက်ပါ ။ဝေဖန်ကဲ့ရဲ့ခံနေရပြီလား
ကျေးဇူးတင်လိုက်ပါ ဘာကြောင့်လဲဆိုတော့ လောကမှာ လူတိုင်းက ချီးမွမ်း(၇)ရက်၊ကဲ့ရဲ့(၇)ရက်ကို မကျော်ဖြတ်ရတဲ့သူရယ်လို့မရှိလို့ပါပဲ။

သူပြုံးနေပြီလား ?ပြုံးပြလိုက်ပါ
သူပြုံးမပြနိူင်ဘူးလား?ကိုယ်ကပဲစပြုံးပြလိုက်ပါ။အပြုံးဆိုတာ အမုန်းကိုတောင်ပြေစေပါတယ်။

ကျရှုံးနေပြီးလား ကျေနပ်လိုက်ပါ
အရှုံးဆိုတာ အောင်မြင်မှုရဲ့လှေကားထစ်ပါပဲ။အဆင်မပြေဘူးလား သတိရလိုက်ပါ ကိုယ်အဆင်ပြေနေချိန်ဘယ်သူတွေအနားမှာရှိပြီး အဆင်မပြေတော့တဲ့အချိန်ဘယ်သူတွေကျန်ခဲ့မလဲဆိုတာကိုပေါ့။

ကိုယ့်သမိုင်းကိုယ်ရေးကြတာချင်းအတူတူ ကိုယ်မကောင်းကြောင်းပြောလည်း ဒေါသမဖြစ်နဲ့ ကိုယ်ကလွဲပြီး ကိုယ်အကြောင်းကောင်းကောင်းသိတဲ့သူ မရှိဘူးဆိုတာ နားထောင်ပေးတဲ့သူ၊ယုံတဲ့သူက ဦးနှောက်မဲ့နေလို့ပဲဖြစ်မှာပါ။

ကိုယ့်သိက္ခာကိုယ်လုံရင် ဘယ်သူတွေ အပုတ်ချပြီးကိုယ့်ကို ချနင်းကြပါစေဂရုစိုက်မနေပါနဲ့ အချိန်တန်ရင် ပုတ်တဲ့အသီးကသူ့အလိုလိုကြွေကျပါတယ်။

ဘဝမှာလေ ဘာကိုမှ ရေရေရာရာမလုပ်ဖြစ်ရင်တောင်မှ သေချာတာတစ်ခုက ကိုယ့်အရိပ်ကိုယ့်နောက်လိုက်တယ်ဆိုတာပါပဲ ဒါကြောင့် ကိုယ်စိုက်တဲ့အသီးက ချိုသည်၊ခါးသည်၊ချဉ်သည်ဆိုတာ ကိုယ့်အပေါ်မှာပဲမူတည်ပါတယ်။

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่


Samut Sakhon Road Home 48/39/40
Bangkok
74000