Akari's online English tuition

Akari's online English tuition

แชร์

Let's learn English together!

28/02/2026

နွေရာသီကျောင်းပိတ်ရက်၃လမှာ သားသားမီးမီးတို့အိမ်ထဲကအိမ်ပြင်ထွက်စရာမလိုဘဲ English Grammar skills တွေတိုးတက်စေဖို့ basic grammar online class လေးရှိပါမယ်ရှင့်။

ဒီအတန်းလေးမှာEnglish grammar အခြေခံလေးတွေကိုပိုင်နိုင်ဖို့ fun activities တွေ gamesတွေလည်းဆော့ရင်းသင်ကြားရမှာဖြစ်ပါတယ်။

Group classလေးရှိသလို one on one classလေးတွေလည်းတက်ရောက်နိုင်ပါတယ်။ Group classလေးကိုတော့တစ်တန်းကိုလူ5ယောက်ဘဲလက်ခံပါမယ်ရှင်။

ကျောင်းပိတ်ရက်လေးကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းရင်းEnglish skills လေးတွေလည်းတိုးတက်ချင်
ရင်လာရောက်စုံစမ်းနိုင်ပါတယ်ရှင်။

22/02/2026

Do you know how to use A, An, and The correctly? 🤔

02/02/2025

📚 Boost Your Vocabulary!

5 Ways to Say “Happy”

✅ Joyful– She felt joyful on her birthday. 🎂

✅ Cheerful – He always has a cheerful smile😊

✅ Excited– I’m so excited for the weekend! 🎉

✅ Delighted– She was delighted with her gift🎁

✅ Thrilled– We were thrilled to hear the good news! 🎊

Summer English 4 skills classလေးတက်ရောက်လိုပါကဒီအောက်ကlinkလေးမှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်⬇️

https://www.facebook.com/61562210092990/posts/122126162720407003/?app=fbl

Photos from Akari's online English tuition 's post 31/01/2025

📢 New English Classes – Limited Spots! 🎉

🚀 နွေရာသီကျောင်းပိတ်ရက်လည်းရောက်တော့မှာဆိုတော့ သားသားမီးမီးတို့အိမ်မှာနေရင်းနဲ့English 4 skills အခြေခံတိုးတက်စေဖို့အတွက် Trနဲ့ English to English လေ့လာရမယ့် Summer English Classes လေးတွေနဲ့မိတ်ဆက်ပေးပါရစေရှင်📝✨

📚 What’s included?
✅ Fun & engaging lessons
✅ Phonics, vocabulary, and grammar
✅ Speaking, listening, and reading practice

📚 တက်ရောက်နိုင်သောအတန်းများ
✅ Family and Friends Level 1
👩‍🏫 Small class size – Only 5 students per class!
💻 Online class – Learn from home!
📅Duration: [20.2.2025] to [30.5.2025]
⏰ Class Time: [2:00-3:30 pm]

✅ Family and Friends Level 2
👩‍🏫 Small class size – Only 5 students per class!
💻 Online class – Learn from home!
📅Duration: [18.2.2025] to [28.5.2025]
⏰ Class Time: [2:00-3:30 pm]

✅Level 2မှစပြီးတက်ရောက်လိုသောသားသားမီးမီးများ Placement testလေးအရင်ဖြေရပါမယ်ရှင်။

✅အခြေခံမှစပြီးတက်ချင်ရင်တော့Level 1မှစ၍တက်ရောက်နိုင်ပါတယ်။

📩Page messenger မှတစ်ဆင့်သင်တန်းလေးအတွက်စာရင်းပေးနိုင်ပါပြီ။


29/01/2025

📢 English is confusing! 😂

❌"I am boring."(Oh no! People don’t like you?😱)

✅"I am bored."(Okay, now that makes sense! 😆)

“-ed” adjectives(bored, excited, tired)-Describe feelings

“-ing” adjectives (boring, exciting, tiring)-Describe things or people that cause the feeling

English can be tricky! Have you ever made this mistake? 🤔


28/01/2025

Do you ever get confused between ‘much’ and ‘many’? Let’s clear it up!

Much and Many ကို English grammar မှာဆိုရင်တော့ quantifiers လို့ခေါ်ပါတယ်။ အရေအတွက်၊ပမာဏတွေကိုဖော်ပြချင်တဲ့အခါသုံးပါတယ်။

Many က countable nouns (ရေတွက်၍ရသောNouns )တွေအတွက်အသုံးပြုပါတယ်။
- Example: "I have many books."
- Example: "There are many students in the class."

Much ကတော့uncountable nouns(ရေတွက်၍မရသောNouns)တွေအတွက်အသုံးပြုပါတယ်။
- Example: "I don’t have much time."
- Example: "There isn’t much water in the glass."

Quick Quiz!
Which one should you use?
1.I don’t have ______ friends. (much/many)
2.There’s ______ sugar in my tea. (much/many)
Leave your answers in the comments below 😉

28/01/2025

Look at this confident 6-year-old sharing her daily routine in English!Such an impressive effort for someone so young🕒💕

26/01/2025

Hello
ဒီနေ့postလေးမှာတော့ Superlative degree of adjectives လေးအကြောင်းကိုဆက်ပြီးshareပေးချင်ပါတယ်။
Noun နှစ်ခုထက်ပိုပြီးနှိုင်းယှဉ်တဲ့အခါ Superlative ကိုသုံးပေးရပါတယ်။ Superlative degree မှာအရေးကြီးတာတစ်ခုက”the”ထည့်ပေးရပါမယ်။
🌟 How to form it?

1. Short adjectives (1 syllable adjectives တွေဆိုရင် -estပေါင်းပေးရပါတယ်)
•Tall → the tallest
•Short→the shortest
(2 syllables/ ending in-y——> remove -y and add -iest)
•Happy → the happiest

2. Long adjectives (2 or more syllables, not ending in -y ဆိုရင်တော့ adjective အရှေ့မှာ most or least ထည့်ပေးရပါတယ်
•Beautiful → the most beautiful
•Interesting →the least interesting

🔑 Examples
•John is the tallest in the class.
•This is the most delicious cake I’ve ever tasted.
•She is the kindest person I know.

ဒီလောက်ဆိုရင်တော့Superlative degree of adjectives လေးအကြောင်းသိသွားမယ်ထင်ပါတယ်။

✅One on one or group zoom class လေးတွေလည်းpage messenger မှတစ်ဆင့်စုံစမ်းနိုင်ပါတယ်ရှင်။
✅Bangkok မြို့တွင်းမှာဆိုရင်တော့ in person classလေးတွေပါစုံစမ်းနိုင်ပါတယ်ရှင်။

31/12/2024

🎉 Happy New Year 2025!
Wishing you all a year full of learning, growth, and success. Thank you for your support! 🌟

24/12/2024

Hello 👋
ဒီနေ့postလေးမှာတော့ Degrees of adjectives လေးတွေအကြောင်းကိုဆက်ပြီးsharing လုပ်ချင်ပါတယ်။
Adjectives လေးတွေမှာ
1. Positive
2.Comparative
3.Superlative ဆိုပြီးdegree သုံးမျိုးရှိပါတယ်။

1.Positive degree

Positive degree လေးကတော့ရိုးရှင်းပါတယ်။ သူကsimple form of an adjective ဖြစ်ပါတယ်။ Nounတစ်ခုရဲ့ quality ကိုဖော်ပြတဲ့အခါမှာဒီ positive degree ကိုအသုံးပြုပြီးဖော်ပြနိုင်ပါတယ်။

🌟 Examples for Practice
-My dog is cute. 🐶
-The cake tastes sweet. 🎂
-This park is quiet. 🌳

2. Comparative degree

Nounနှစ်ခုကိုနှိုင်းယှဉ်ပြီးပြောချင်တဲ့အခါ comparative degree ကိုအသုံးပြုနိုင်ပါတယ်။

🛠 How to Form It?

1️⃣Short adjectives ( 1 syllable adjectives) တွေမှာဆိုရင် adjective ကို erထည့်ပြီး နောက်ကthanလေးကပ်ပေးရုံပါဘဲ

Example:
-My house is smaller than yours.
-This car is faster than that one.

ဒါပေမဲ့Consonant +vowel+consonant(CVC) letters တွေနဲ့ဆုံးတဲ့adjectives တွေဆိုရင်နောက်ဆုံးကletterလေးကို2ခါပြန်ရေးပြီးမှerထည့်ရပါတယ်။

Big. ➡️Bigger
Thin➡️Thinner
Hot.➡️Hotter

2️⃣”y”နဲ့ဆုံးတဲ့adjectiveတွေဆိုရင်”y”ကိုဖြုတ်ပြီး”ier”ထည့်ပါတယ်။

Example:
-She is happier now than last year.
-Today feels busier than yesterday.

3️⃣For longer adjectives (2+ syllables)တွေဆိုရင်ရှေ့ကmoreလေးထည့်ပေးရပါတယ်။

Example:
-This movie is more interesting than the last one.
-He is more careful than his brother.

4️⃣Irregular adjectives တွေကတော့ ruleသီးသန့်မရှိတဲ့အတွက်ကိုယ်တိုင်မှတ်ထားမှရပါမယ်။

Example:
Good ➡️Better
Bad ➡️ Worse
Far ➡️Farther/Further
ဒီလောက်ဆိုရင်တော့ positive degree နဲ့ comparative degree လေးအကြောင်းသိသွားမယ်လို့ထင်ပါတယ်။
Superlative degree အကြောင်းကိုတော့နောက်ထပ်postလေးနဲ့shareပေးပါဦးမယ်ရှင်🥰

📌One on one or group zoom class လေးတွေစုံစမ်းလိုပါကpage messenger မှတစ်ဆင့်စုံစမ်းနိုင်ပါတယ်။
📌Bangkok မြို့တွင်းမှာဆိုရင်တော့ in person classလေးတွေပါစုံစမ်းနိုင်ပါတယ်ရှင့်။

20/12/2024

Hello 👋

မနေ့ကpostလေးမှာadjectives လေးတွေအကြောင်းပြောပြပြီးပြီဆိုတော့ဒီနေ့adjective order လေးတွေအကြောင်းပြောပြချင်ပါတယ်။

Can we use more than one adjective in a sentence?

Yes!

Sentence တစ်ကြောင်းမှာadjective တစ်လုံးထက်ပိုပြီးအသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့သူ့ရဲ့orderအတိုင်းထည့်သုံးဖို့တော့လိုပါတယ်။

Nounတစ်ခုကိုဖော်ပြတဲ့အခါမှာadjective တစ်ခုထက်ပိုသုံးပြီးဖော်ပြချင်ရင် “OSASCOMP” ဒီorderလေးအတိုင်းအစဉ်လိုက်သုံးပေးရပါမယ်

1️⃣ O – Opinion (beautiful, delicious, boring)
2️⃣ S – Size (big, small, tall)
3️⃣ A – Age (new, old, young)
4️⃣ S – Shape (round, square, long)
5️⃣ C – Color (red, blue, green)
6️⃣ O – Origin (Thai, American, French)
7️⃣ M – Material (wooden, plastic, silk)
8️⃣ P – Purpose (running, swimming, writing)

Example sentences :
-She has long black hair.
-He has a big red car.
-She bought a cute little red leather handbag.
-I bought a beautiful big old round red Chinese wooden dining table.

ဒီနေ့lesson လေးကတော့ဒီလောက်ပါဘဲ နောက်postလေးမှာ Degrees of adjectives လေးတွေအကြောင်းတင်ပေးသွားပါမယ်။

📌One on one or group zoom class လေးတွေစုံစမ်းလိုပါကpage messenger မှတစ်ဆင့်စုံစမ်းနိုင်ပါတယ်။
📌Bangkok မြို့တွင်းမှာဆိုရင်တော့ in person classလေးတွေပါစုံစမ်းနိုင်ပါတယ်ရှင့်။

Have a great weekend!

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่


Bangkok