Celebrating my 1st year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉
Mona’s Creation
🎬 Love Movies? So Do We! 🎥
Join us for honest reviews, series breakdowns, and all things cinema.
Let’s explore the magic of storytelling together!
#MovieReview #CinemaLovers #FilmTalk
09/05/2025
I got 30 reactions and comments on one of my posts last week! Thanks everyone for your support! 🎉
09/05/2025
#ပြေလျော့ခြင်းအမှတ်စဉ် -၁၅ 💜
လူတစ်ယောက်က လူတစ်ယောက်ကို
ဘယ်အချိန်မှာဥပက္ခာပြုလို့ရသလဲတဲ့
နာကြည်းမှုတွေများလာတဲ့အခါ …..
လျစ်လျူရှုခံရတာတွေများလာတဲ့အခါ ….
တာဝန်မဲ့မှုတွေ ကြား နေသားကျလာတဲ့ အခါ …
လုံလောက်စွာ နာကျင်မှု အတိုင်းအတာတွေ
ပြည့်လာတဲ့ အခါ ….
အဲ့လူတစ်ယောက်ကို စွန့်ခွါဖို့ အသင့်ဖြစ်နေပါပြီ။
မိုးည ✍️
၈:၀၂ မိနစ်
၉.၅.၂၀၂၅ ( Friday)
လူတစ်ယောက်ကို စော၊က်မြင်ကပ်လာတိုင်း
ကိုယ့်စိတ်ကို ပြန်ထိန်းတယ်။
"ငါ အဲ့လို စိတ်ယုတ်မာ မမွေးသင့်ဘူး" ဆိုပြီး
ကိုယ့်ဘာသာ စိတ်ကောင်းလေးပြန်မွေးပေမယ့်
အဲ့ စော၊က်မြင်ကပ်စရာလူက ထပ်ပြီး ထပ်ပြီး
စော၊က်မြင်ကပ်စရာတွေ လုပ်နေတော့
နောက်တော့လည်း ဒီလူကို ငါက စော၊က်မြင် ကပ်ကို
ကပ်ရမှာပါလား ဆိုပြီးပဲ နှလုံးသွင်းလိုက်တော့တယ်။
အရာရာက စိတ်ရင်းအတိုင်း အကျိုးပေးပါတယ်
ပေးချင် ကျွေးချင်တဲ့ စိတ်ကြောင့် ပေးနိူင်ကျွေးနိူင်တဲ့ ဘဝကိုရကြတယ်
လှူချင် တန်းချင်တဲ့ စိတ်ကြောင့် လှူနိူင် တန်းနိူင်တဲ့ ဘဝကိုရကြတယ်
စိတ်ပူရင် ဘဝပါပူတယ် အမြဲပူလောင်နေတဲ့သူနား ဘယ်သူမှမနေချင်ပါဘူး
ဒါကြောင့် ကိုယ်ချစ်တဲ့သူတွေကို အပူတွေမပေးနဲ့ ကိုယ်တိုင်လဲအပူမရှာနဲ့
ရှင်သန်ရတဲ့ ဘဝတိုတိုလေးမှာ ချစ်တာကို သိအောင်ချစ်ပြ
သုံးစားမရတဲ့ မာနတွေကို နောင်တချိန်ကြမှ နောင်တနဲ့မလဲပါနဲ့
စိတ်နဲ့တန်တဲ့ ဘဝကိုရကြပါစေ🙏🍀
Credit to Original Writier ✍️
လူတိုင်းကတော့ သူတို့ကို
တစ်ခုခုလုပ်ပေးတာ၊ လိုက်လျောပေးတာ၊
ကူညီပေးတာ၊ အခွင့်အရေးပေးတာကို
ကြိုက်ကြသူတွေချည်းပါပဲ။
ဒါပေမဲ့ ပေးပါများလာတဲ့အခါ
အဲ့ဒါက သူတို့ရပိုင်ခွင့်လို့ထင်လာတယ်။
လုပ်ပေးနေတာက သူတို့ရပိုင်ခွင့်လို့ထင်လာတဲ့အခါ လုပ်ပေးရမှာက မင်းတာဝန်ဖြစ်လာတယ်။
မလုပ်ပေးနိုင်တဲ့အခါ မင်းက တာဝန်မကျေတော့ဘူး။ သူတို့အတွက် မိတ်ဆွေကောင်းမဟုတ်တော့ဘူး။
အရင်က မင်းလုပ်ပေးခဲ့သမျှဟာ
မင်းမလုပ်ပေးနိုင်တဲ့နောက် အလကားဖြစ်သွားပြီ။
အဲ့ဒီအခါ အရင်လို
စေတနာသန့်သန့်နဲ့လုပ်ပေးတာမျိုးထက်
သူတို့ကြည်ဖြူအောင်၊ သူတို့နဲ့တည့်အောင်၊
အဆင်ပြေအောင်၊ သူတို့စိတ်ကျေနပ်အောင်၊
မမုန်းအောင်ကြိုးစားရတဲ့မင်းအတွက်လည်း
ဝန်ထုပ်ဝန်ပိုးဖြစ်လာမယ်။ မနိုင်ဝန်ဖြစ်လာမယ်။
မလုပ်ပေးနိုင်တဲ့အခါ အရင်ကကောင်းခဲ့တဲ့
မင်းတို့ဆက်ဆံရေးတွေ အဆုံးသတ်မယ်။
အရာအားလုံးဟာ မင်းအားနာတာကနေ စခဲ့တာပါ။
ဒါကြောင့် ဘဝမှာ မလိုအပ်ဘဲ ဘယ်သူ့ကိုမှ
အားမနာမိပါစနေဲ့။
တစ်နေ့မင်းပဲ စိတ်ပင်ပန်းရလိမ့်မယ်။
ကျွန်တော် ခင်ဗျားကို လက်လျှော့လိုက်ပြီမို့ ...
နေပျော်သလိုသာ နေပါ
စကားတွေ အများကြီးမပြောတော့ဘူး
မျှော်လင့်ချက်တွေ အများကြီး မထားတော့ဘူး
စကားတွေ အများကြီးပြောရင်
ရန်တွေ ဖြစ်ရတယ်
ဖြစ်ချင်စိတ်နဲ့ မျှော်လင့်ချက်တွေထားလို့
ဖြစ်မလာခဲ့ရင် ကိုယ်ပဲ ရင်မောရတယ်
ပြီးတော့ ...
မမျှော်တော့ဘူးသိလား
ဘာလို့လဲဆိုတဲ့ မေးခွန်းတွေ မမေးတော့ဘူး
ဘယ်တော့လဲဆိုတဲ့အချိန်တွေ မစောင့်တော့ဘူး
မျှော်နေရင်း မောသွားတဲ့
လူတစ်ယောက်လို့ပဲထားပါ
ပြီးတော့ ... ကျွန်တော်က
အတွေးသိပ်များပြီး
ပွစိပွစိလုပ်တတ်တဲ့
လူတစ်ယောက်လို့ပဲ ထားပါ ...
နေပျော်သလို နေလို့ရပါပြီ
ပြီးတော့ ...
ခင်ဗျား ပျော်မယ်လို့ထင်တာကိုပဲ လုပ်ပါ
ကျွန်တော် ... ပင်ပန်းနေပြီမို့
ကျွန်တော် ... လက်လျှော့လိုက်ပါပြီ ။
Credit
နေသားကျသွားသောမိန်းမများ
မိန်းမတယောက် နေသားကျသွားတဲ့ အချိန်မှာ အပြုအမူ နှစ်မျိုး ရှိပါတယ်
ပထမအချက်က
သူချစ်တဲ့ယောက်ျား တယောက်အပေါ် လုံးဝ ဥပေက္ခာပြုပြီး အပြီးတိုင် လမ်းခွဲလိုက်ခြင်းပါဘဲ
နောက်တချက်ကတော့ အကြောင်းကြောင်းကြောင့် အနားနေပေမဲ့ အပြောအဆို အပြုအမူ လုပ်ရပ်တိုင်းကို လိုက်ခံစားခြင်း မရှိတော့တာပါဘဲ
မိန်းမတယောက်ရဲ့
ချစ်တတ်တဲ့ စိတ် ခွင့်လွှတ်နားလည်စိတ် ပေးဆပ်ချင်တဲ့စိတ် သစ္စာရှိတတ်တဲ့စိတ်တွေဟာ ယောက်ျားများထက် ပိုပြီးအစွန်းကျပါတယ် အဲ့လိုမိန်းမမျိုး ပြတ်တောက်သွားတဲ့ အခါမှာလည်း ပိုပြီး မာကျောတတ်ကြပါတယ်
မိန်းမတယောက်ဟာ
အတူရှိနေချိန်မှာ မိမိနဲ့ပတ်သက်သူရဲ့ အဆိုးအားလုံးကို ရင်ဆိုင်ကူညီဖြေရှင်းပေးနိုင်တဲ့ စိတ်စွမ်းအင် သတ္တိတွေရှိတတ်ကြပါတယ်
အကြောင်းတခုခုကြောင့်
လိုအပ်ချိန်တိုင်း အမြဲအဆင်သင့် ရှိနေတတ်ကြပါသေးတယ်
မတောင်းဆိုဘဲ
အလိုက်တသိ ဘယ်နေရာမှာ ဘာတွေလိုအပ်လဲ ဆိုတာကို ပံ့ပိုးပေးရင်း ပျော်ရွှင်တတ်ကြပါ သေးတယ်
အဲ့လိုမိန်းမမျိုး
ပြောင်းလဲသွားပြီဆို ပိုမိုမာကျောတတ်ကြပါတယ် ဒါဟာ ပေးဆပ်မှုလွန်ခြင်းနဲ့ထပ်တူ ရှိနေတဲ့ မသိစိတ်တခုရဲ့ နာကျဉ်းခြင်းပါဘဲ
ပြောင်းလဲသွားချိန်ကျမှ မိန်းမတယောက်တန်ဘိုးကို သိလာတယ် အခြားမိန်းမတွေနဲ့ နှိုင်းယှဉ်ကြည့်မှ မြင်လာတယ်ဆိုတာ တန်ဘိုးအမှန်ကိုသိလာတာ မဟုတ်ပါဘူး မိမိတန်ဘိုးကို သိတဲ့သူဆိုတာ အစကတည်းက တန်ဘိုးထားတတ်ကြမှာပါ
ဒါကြောင့်
အစစအရာရာ ပေးဆပ်ပြီး ချစ်တတ်တဲ့ မိန်းမတယောက်ကို သူလိုအပ်နေချိန်မှာ မေတ္တာပြန်ပေးပါ ဂရုစိုက်ပေးပါ အသိအမှတ်ပြုပေးပါ
သာယာမှုနောက်လိုက်ရင်း
ဖောက်ပြန်ခြင်းကို မကျူးလွန်မိပါစေနဲ့
အဲ့လိုမိန်းမဆီကနေ
အရင်လို ကြင်နာမှုတွေကို ပြန်လည်တမ်းတမျှော်လင့်နေပေမဲ့ မပေးနိုင်တော့တာ ယုံကြည်မှု မရှိတော့တာဟာ မိန်းမတယောက်ရဲ့ အပြစ်မဟုတ်တော့ပါဘူး
သူဘာကြောင့် ပြောင်းလဲသွားတာလဲ
သူ့ဘက်က တုံပြန်မှုတွေ ဘာကြောင့် အေးစက်သွားပါသလဲ
သူဘာလို့ နေသားကျသွားလဲ ဆိုတာဟာ
သူချစ်တဲ့ ယောက်ျားကဘဲ သူ့စိတ်ကို နေသားကျအောင် ပြုလုပ်ပေးလိုက်တာပါ
Credit :
21/01/2025
I've received 100 reactions to my posts in the past 30 days. Thanks for your support. 🙏🤗🎉
25/12/2024
I've just reached 300 followers! Thank you for continuing support. I could never have made it without each one of you. 🙏🤗🎉
25/12/2024
Merry Christmas to you all 🎁
#
ที่ตั้ง
ประเภท
เว็บไซต์
ที่อยู่
Bangkok
10510