Dip IFR Class - ACCA

Dip IFR Class - ACCA

แชร์

DIp IFR Class

05/09/2025

Ethical Principles

➡️စာရင်းကိုင်တွေဟာ ဘဏ္ဍာရေးအချက်အလက်တွေကို တင်ပြတဲ့အခါ ကျင့်ဝတ်ဆိုင်ရာ မူဝါဒတွေ ကို လိုက်နာဖို့လည်း လိုအပ်ပါတယ်။

➡️ဒါမှသာ အချက်အလက်တွေဟာ မှန်ကန်မှုရှိပြီး ယုံကြည်စိတ်ချရမှာပါ။

➡️ACCA ရဲ့ Code of Ethics and Conduct မှာ ပါဝင်တဲ့ ကျင့်ဝတ်ဆိုင်ရာ မူဝါဒတွေကတော့

1️⃣Integrity (ရိုးသားဖြောင့်မတ်မှု)

2️⃣Objectivity (ပုဂ္ဂိုလ်ရေး မပါဝင်မှု)

3️⃣Professional Competence and Due Care (ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုနှင့် သင့်လျော်သော ဂရုစိုက်မှု)

4️⃣Confidentiality (လျှို့ဝှက်ထိန်းသိမ်းမှု)

5️⃣Professional Behaviour (ပညာရှင်ပီသသော အပြုအမူ)

ဒီအချက်တွေက Regulatory Framework ကို အဓိကဖွဲ့စည်းထားပြီး၊ ဘဏ္ဍာရေးရှင်းတမ်းတွေ ပြင်ဆင်တဲ့အခါ လိုက်နာရမယ့် ဘောင်တွေကို သတ်မှတ်ပေးထားပါတယ်။

Tr.May Thu





゚viralシfypシ゚

05/09/2025

🎉 I earned the emerging talent badge this week, recognizing me for creating engaging content that sparks an interest among my fans!

18/08/2025

သင်တန်းမှာ Foundation Level 1&2
(Bookkeeping and Accounts) ပြီးသွားရင်
Junior Accountant တစ်ဦးအနေနဲ့ အလုပ်စဝင်ဖို့
ဘာတွေပြင်ဆင်ထားဖို့ လိုလဲ ❓... မေးလေ့ရှိပါတယ်။

Junior Accountant အဖြစ် အလုပ်စဝင်တော့မယ်ဆိုရင် လက်တွေ့အလုပ်ခွင်မှာ အဆင်ပြေစေမဲ့ အချက်အလက်တချို့ကို မျှဝေးပေးလိုက်ပါတယ်။

စာရင်းကိုင်အခြေခံအားဖြင့် ဒါလေးတွေ မဖြစ်မနေ သိ၊မှတ်မိအောင် လုပ်ထားသင့်ပါတယ်။

✅Double Rules (Debit & Credit )
✅Ledger
✅Journal Entries
✅Trial Balance, Financial Statements
✅VAT, Tax, Payrollအခြေခံ(ဒါကတော့ optional)

Computer Software Skills
✅Excel (VLOOKUP, Pivot Table, Formulas)
✅Accounting Softwareတစ်ခုခု

နေ့စဉ်လုပ်ဆောင်ရမည့် အလုပ်တွေက ဒီtransactions တွေ ရှိနိုင်ပါတယ်။
✅ Cash Book
✅ Invoice & Receipt
✅ Bank Reconciliation
✅ Petty Cash
✅ Staff Salaries & Allowances တွက်ချက်ခြင်း

နောက်ထပ်ရှိသင့်တဲ့ Soft Skillsတွေက
✔ အချိန်စီမံခန့်ခွဲမှု
✔ အလုပ်ကို စေ့စပ်သေချာ၊အသေးစိတ်ကို ဂရုစိုက်ခြင်း
✔ အဖွဲ့နှင့်ပူးပေါင်းဆောင်ရွက်နိုင်မှု
✔ ပြဿနာဖြေရှင်းနိုင်စွမ်း
အခြေခံအားဖြင့် ဒါလေးတွေ ရှိသင့်ပါတယ်။

✳️မသိတာ နားမလည်တာရှိရင် senior တွေကိုမေးမြန်းပါ။

ရှောင်သင့်တာတွေက
❌ မှားနိုင်သောစာရင်းများကို အတည်မပြုဘဲ မပို့ပါနှင့်
❌ အလုပ်ကိုအချိန်မီမပြီးမြောက်တာ
❌ အများနဲ့ မညှိနှိုင်းဘဲလုပ်ဆောင်တာ

လုပ်ငန်းခွင်မှာ အောင်မြင်ချင်ရင်တော့...
📚လုပ်ငန်းခွင်အတွေ့အကြုံများကို Note ရေးမှတ်ထားပါ။
📚Accounting Standards (IFRS, IAS,MAS) များကိုလေ့လာပါ။
📚Professional Courses (ACCA, CPA,.....) တက်ရောက်ပါလို့ .....အကြံပြုလိုက်ပါတယ်။

✅မူရင်းပိုစ့်ကို လွတ်လပ်စွာ မျှဝေနိုင်ပါတယ်။
❌စာသားများ ကူးယူဖော်ပြခွင့်မပြုပါ။

Tr. May Thu




18/08/2025

IAS 10 Events after the Reporting Period

IAS 10 ဆိုတာဘာလဲ...
IAS 10 က ဘဏ္ဍာရေးနှစ်ကုန်ဆုံးတဲ့နေ့ (reporting date) နဲ့ ဘဏ္ဍာရေးရှင်းတမ်း ထုတ်ပြန်ခွင့်ပြုတဲ့နေ့ (date the financial statements are authorized for issue) ကြားမှာ ဖြစ်ပေါ်လာတဲ့ အဖြစ်အပျက်တွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတာကို လမ်းညွှန်ပေးထားပါတယ်။

ဖြစ်ရပ်တွေကို အဓိကအားဖြင့် နှစ်မျိုးခွဲခြားထားပါတယ်။
1)Adjusting events
2)Non-adjusting events

၁။ Adjusting Events
Reporting date မှာ ရှိနေပြီး/ဖြစ်ပြီးသား အခြေအနေတွေကို ပိုပြီးတိကျအောင် သက်သေပြပေးတဲ့ ဖြစ်ရပ်တွေပါ။ ဒီလိုဖြစ်ရပ်တွေဖြစ်လာရင် ကုမ္ပဏီရဲ့ financial statements ထဲက Amount တွေကို (adjust) လုပ်ပေးရပါမယ်။

ဥပမာ....အနေနဲ့ ရှင်းပြရရင်
Reporting date (ဥပမာ- ၂၀၂၄ ဒီဇင်ဘာ ၃၁) မှာ ကုန်ပစ္စည်းလက်ကျန် (inventory) တစ်ခု ပျက်စီးနေတာကို မသိခဲ့ပေမယ့်၊ Financial statements ထုတ်ပြန်ခွင့်ပြုတဲ့နေ့ (ဥပမာ- ၂၀၂၅ မတ်လ ၁၅) မှာ အဲ့ဒီကုန်ပစ္စည်းကို ရောင်းချလိုက်တဲ့အခါ ပျက်စီးနေတဲ့အတွက် စျေးလျှော့ရောင်းခဲ့ရတယ်ဆိုပါစို့။ ဒီလိုဆိုရင် ၂၀၂၄ ဘဏ္ဍာရေးနှစ် အတွက် inventory တန်ဖိုးကို လျှော့ချပြီး ပြင်ဆင်ပေးရပါမယ်။ ဘာကြောင့်လဲဆိုတော့ ပျက်စီးနေတဲ့ အခြေအနေဟာ ၂၀၂၄ ခုနှစ်ထဲမှာတည်းက ဖြစ်နေတာကို ဒီနောက်ပိုင်းမှာ ပိုပြီးတိကျတဲ့ အချက်အလက်ရလို့ပါပဲ။

နောက်ထပ်ဥပမာအနေနဲ့ ကတော့ ....
Reporting date မှာ လုပ်ငန်းတစ်ခုက ဒေဝါလီခံတော့မယ်ဆိုတာ အတိအကျမသိရသေးပေမယ့်၊
Financial statements ထုတ်ပြန်ခွင့်ပြုတဲ့နေ့ မှာ အဲဒီလုပ်ငန်းက တရားဝင်ဒေဝါလီခံလိုက်ပြီဆိုရင်၊ ကုမ္ပဏီရဲ့(trade receivables) ထဲက အဲဒီလုပ်ငန်းရဲ့ ကြွေးမြီပမာဏကို bad debt အဖြစ်သတ်မှတ်ပြီး adjust လုပ်ပေးရပါမယ်။

Example
31 Dec 2023 (Reporting Date) တွင် Company ၏ Inventory တန်ဖိုး $10,000ရှိပါတယ်။
15 Jan 2024 တွင် မီးလောင်ပျက်စီးမှုကြောင့် $4,000 ဆုံးရှုံးသွားပါတယ်။
FS ထုတ်ပြန်ခွင့်ပြုတဲ့ date က 20 Jan 2024 ပါ။

✅Adjusting Event
(မီးလောင်မှုသည် 31 Dec 2023 တွင် Inventory ပျက်စီးနေကြောင်း သက်သေပြသည်)
Journal Entry

Dr. Loss on Inventory Damage $4,000
Cr. Inventory $4,000
_______________________________

၂။ Non-adjusting Events
ဒီအမျိုးအစားကတော့ reporting date ပြီးမှ အသစ်ဖြစ်ပေါ်လာတဲ့ အခြေအနေတွေပါ။ ဒါကြောင့် financial statements ထဲက amountတွေကို adjust လုပ်စရာမလိုပါဘူး။ ဒါပေမယ့် ဒီဖြစ်ရပ်တွေက အနာဂတ်မှာ ကုမ္ပဏီရဲ့ ဘဏ္ဍာရေးအခြေအနေကို သိသိသာသာ သက်ရောက်နိုင်တယ်ဆိုရင်၊ အဲဒီအကြောင်းအရာတွေကို (notes to the financial statements) အနေနဲ့ ဖော်ပြပေးရပါမယ်။
ဥပမာ:
Reporting date ပြီးတဲ့နောက်မှာ စက်ရုံတစ်ရုံ မီးလောင်သွားတယ်ဆိုပါစို့။ ဒီမီးလောင်မှုဟာ reporting date မှာ မဖြစ်သေးတဲ့ အခြေအနေတစ်ခုပါ။ ဒါကြောင့် စာရင်းတွေကို ပြင်စရာမလိုပေမယ့်၊ ဒီမီးလောင်မှုကြောင့် ကုမ္ပဏီရဲ့ အနာဂတ်ဝင်ငွေနဲ့ ပိုင်ဆိုင်မှုအပေါ် ထိခိုက်နိုင်တဲ့အတွက် notes ထဲမှာ ရှင်းပြဖော်ပြပေးရပါမယ်။

နောက်ထပ်ဥပမာအနေနဲ့ ကတော့....
Reporting date ပြီးတဲ့နောက်မှာ ကုမ္ပဏီက လုပ်ငန်းခွဲအသစ်တစ်ခုကို သိသိသာသာ ရင်းနှီးမြှုပ်နှံလိုက်တယ်ဆိုရင်၊ ဒီအချက်ကိုလည်း notes ထဲမှာ ဖော်ပြပေးရပါမယ်။

✅မူရင်းပိုစ့်ကိုလွတ်လပ်စွာ Share နိုင်ပါတယ်။

❌စာသားများကူးယူဖော်ပြခွင့်မပြုပါ။

Tr. May Thu





13/08/2025

IAS 37: Provisions, Contingent Liabilities & Contingent Assets

📌Key Objective
IAS 37 ensures proper recognition & measurement of provisions (uncertain liabilities), avoiding overstated profits by premature recognition.

IAS 37 မှာ အဓိက အချက်သုံးခုကို အသေးစိတ်လေ့လာရပါမယ်။
✅ Provisions
✅Contingent Liabilities
✅Contingent Assets

📌 1. Provisions
Provision ဆိုတာက uncertain timing or amount (အချိန်နဲ့ ပမာဏ မသေချာသေးတဲ့) ရှိတဲ့ liability (ပေးရန်တာဝန်) တစ်ခုပါ။

Example: Warranty costs, environmental cleanup.

📌 Measurement:

Provision အဖြစ် မှတ်တမ်းတင်ဖို့ဆိုရင် အောက်ပါအခြေအနေ (၃) ခုလုံး ပြည့်စုံရပါမယ်။

✔ Legal/Constructive Obligation (past event)
✔ Probable Outflow of resources
✔ Reliable Estimate

📌 Accounting Entries for Provisions
1. Initial Recognition
Dr. Expense (SOPL)
Cr. Provision (SOFP)

Example: A company estimates $10,000 in warranty costs:
Dr. Warranty Expense $10,000
Cr. Warranty Provision $10,000

📌2. Contingent Liabilities
Contingent Liability ဆိုတာက အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ အဖြစ်အပျက်တွေပေါ် မူတည်ပြီး ဖြစ်ပေါ်လာနိုင်ချေတဲ့ ပေးရန်တာဝန်တစ်ခုပါ။

✅Contingent Liability တွေကို Notes to the Financial Statements ထဲမှာပဲ ဖော်ပြရပါမယ်။

📌3. Contingent Assets
Contingent Asset ဆိုတာက အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ အဖြစ်အပျက်တွေကြောင့် ကုမ္ပဏီကို စီးပွားရေးအကျိုးအမြတ်တွေ ဝင်လာနိုင်ချေရှိတဲ့ ပိုင်ဆိုင်မှုတစ်ခုပါ။

ဒါပေမဲ့ certain မဖြစ်သေးတဲ့အတွက် Financial Statements ထဲမှာ asset အဖြစ် စာရင်းမသွင်းပါဘူး။

စာသားများကူးယူဖော်ပြshare များ ခွင့်မပြုပါ။
အသုံးဝင် အဆင်ပြေတယ်ဆိုရင်
ကျေးဇူးပြု၍ Like & Share လုပ်ပေးပါနော်။

ACCA
Like & Share if this helps .

12/08/2025

IFRS 15: Revenue from Contracts with Customers

IFRS 15 ရဲ့ အဓိက ရည်ရွယ်ချက်က ကုမ္ပဏီတစ်ခုအနေနဲ့ customer တစ်ယောက်ဆီကနေ ရရှိတဲ့ ၀င်ငွေကို ဘယ်အချိန်မှာ ဘယ်လိုမှတ်တမ်းတင်ရမလဲဆိုတာကို ရှင်းရှင်းလင်းလင်း သတ်မှတ်ပေးဖို့ပါပဲ။

IFRS 15 ကို မှတ်ရလွယ်အောင် အဆင့် ၅ ဆင့်
(5-Step Model) နဲ့ မှတ်ထားနိုင်ပါတယ်။

ဒီအဆင့် ၅ ဆင့်ကို ရသွားရင် Accounting Entry တွေကိုပါ လွယ်လွယ်ကူကူ ရေးသွင်းနိုင်မှာပါ။

📌5-Step Model for Revenue Recognition

1️⃣Step 1: Identify the Contract with a Customer
ပထမဆုံးအနေနဲ့ ကုမ္ပဏီနဲ့ customer ကြားမှာ တရားဝင် သဘောတူညီထားတဲ့ Contract တစ်ခု ရှိနေရပါမယ်။ ဒီ contract မှာ နှစ်ဖက်စလုံးရဲ့ တာဝန် (rights & obligations) တွေနဲ့ ရောင်းသူက ဘယ်ပစ္စည်း၊ ဘယ် service ကို ဘယ်လိုပေးရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြထားရပါမယ်။

2️⃣Step 2: Identify the Performance Obligations in the Contract
ဒီအဆင့်မှာ customer ကို ပေးရမယ့် သီးခြား goods and services တွေကို ခွဲခြားရပါမယ်။ ဥပမာ- ကုမ္ပဏီတစ်ခုက ဖုန်းရောင်းပြီး ဖုန်းတစ်လုံးကို အာမခံ (warranty) နဲ့အတူ ရောင်းတယ်ဆိုပါစို့။ ဒီမှာ ဖုန်းက ပထမဆုံး performance obligation ဖြစ်ပြီး၊ အာမခံက နောက်ထပ် performance obligation တစ်ခုဖြစ်နိုင်ပါတယ်။ ဒီလို ခွဲခြားရတာဟာ ၀င်ငွေကို ဘယ်လို ခွဲဝေမှတ်တမ်းတင်ရမယ်ဆိုတာကို ဆုံးဖြတ်ဖို့အတွက် အရေးကြီးပါတယ်။

3️⃣Step 3: Determine the Transaction Price
Transaction Price
ဆိုလိုတာက ကုမ္ပဏီအနေနဲ့ customer ကို goods or services တွေ ပေးပြီးတဲ့အခါမှာ ရရှိလာနိုင်တဲ့ ငွေပမာဏပါ။ ဒီငွေပမာဏကို ခန့်မှန်းရပါတယ်။ ဒါပေမဲ့ Customer က ပေးနိုင်ချေရှိတဲ့ ငွေပမာဏကိုသာ ထည့်တွက်ရပါမယ်။ ဥပမာ- customer က အချိန်မီမပေးလို့ penalty ဒဏ်ကြေးတွေနဲ့ discount တွေရှိရင် ဒါတွေကို ထည့်တွက်ရပါမယ်။

4️⃣Step 4: Allocate the Transaction Price to the Performance Obligations
ဒီအဆင့်မှာ Step 3 ကနေရလာတဲ့ Transaction Price ကို Step 2 မှာ ခွဲခြားထားတဲ့ Performance Obligations တွေဆီကို မျှတစွာ ခွဲဝေပေးရပါမယ်။ ဘယ်လိုခွဲဝေရမလဲဆိုတော့ Stand-alone Selling Prices ပေါ်မူတည်ပြီး ခွဲဝေရပါတယ်။ Stand-alone Selling Price ဆိုတာက အဲဒီ goods or service တစ်ခုချင်းစီကို သီးခြားစီရောင်းရင် ဘယ်လောက်ရမလဲဆိုတဲ့ ဈေးနှုန်းပေါ့။

5️⃣Step 5: Recognize Revenue when (or as) the Entity Satisfies a Performance Obligation
နောက်ဆုံးအဆင့်အနေနဲ့ Performance Obligation တစ်ခုကို ပြီးမြောက်တဲ့အခါမှာ ၀င်ငွေကို မှတ်တမ်းတင်ရပါမယ်။ Performance Obligation ကို ပြီးမြောက်တယ်ဆိုတာက goods or services တွေကို customer ကို လွှဲပြောင်းပေးပြီး control ကို လွှဲပြောင်းလိုက်တဲ့ အချိန်ကို ဆိုလိုတာပါ။
*️⃣Over time (အချိန်နဲ့အမျှ)
*️⃣At a point in time (တစ်ချိန်တည်း)
ဒီနှစ်မျိုးထဲက တစ်ခုခုဖြစ်နိုင်ပါတယ်။

Tr.May Thu




11/08/2025
11/08/2025

IAS 1 - Presentation of Financial Statements

📌 Objective of IAS 1
To provide guidelines for preparing general purpose financial statements to ensure:
✅ Comparability (with past periods & other entities)
✅ Fair Presentation (true & fair view)
✅ Compliance with IFRS
________________________________________

📌 Key Components of Financial Statements (IAS 1 Requirements)

1)Statement of Profit or Loss & OCI
2)Statement of Financial Position
3)Statement of Changes in Equity
4)Statement of Cash Flows
5)Notes to Financial Statements
________________________________________

📌 5 Key Principles of IAS 1

1️⃣ Fair Presentation
- Financial statements must comply with IFRS
- Substance over form (report economic reality, not just legal form).

2️⃣ Going Concern
- Assumes the business will continue operating (no liquidation plans).

3️⃣ Accrual Basis Accounting
- Records transactions when they occur (not when cash is received/paid).

4️⃣ Materiality & Aggregation
- Only significant items must be disclosed separately.
- Immaterial items can be grouped.

5️⃣ No Offsetting
- Assets ≠ Liabilities & Income ≠ Expenses(can not net off unless IFRS allows).

________________________________________

📌 Notes to Financial Statements (Key Disclosures)

✔ Accounting Policies (e.g., Depreciation method)
✔ Breakdown of Major Items (e.g., Inventory, PPE)
✔ Contingent Liabilities (if material)
✔ Related-Party Transactions

Tr. May Thu





05/08/2025

ACCA- Financial Reporting (FR)အတွက်

✅Exam Tips 💯💯💯

1)
🍀 IFRS/IAS Standards ကို အလွတ်ကျက်တာထက် Concept နားလည်အောင် လေ့လာပါ။

🍀Conceptual Understandingကို အဓိကထားပါ။ Standard တစ်ခုချင်းစီရဲ့ Definition, Objective, Recognition, Measurement, Disclosureတွေကို ရှင်းရှင်းလင်းလင်း နားလည်အောင် မှတ်မိအောင် လုပ်ထားပါ။

🍀မေးခွန်းတွေကို Standard နဲ့ချိန်ပြီး ဖြေဆိုနိုင်ဖို့လိုပါတယ်။

ဆက်ရန်....

Tr May Thu
5.8.2025

01/08/2025

ACCA & LCCI (Oct /2025)
On Campus တန်းခွဲသစ်များ
💢(1. October. 2025) စမည်။💢

✅ACCA + LCCI Foundation Level 1 & 2
✅ACCA Foundation Level 3
✅ACCA Part 1
_____________________________

အတန်းသစ်များအတွက်
ခုံနေရာယူ ကျောင်းအပ်လက်ခံပါပြီ။
-----------------------------------

⏰သင်တန်းချိန်⏰
~~~~~~~~~~~~~~
💢 ACCA + LCCI Foundation (Level 1 & 2) 💢
Mon, Tue, Thurs & Fri: 10:00-1:00pm
သင်တန်းကာလ - 2 လ
သင်တန်းနေရာ- On Campus
သင်တန်းစမည့်နေ့ .. 1. 10. 2025
____________________________
💢 ACCA Foundation (RQF-Level 3) 💢
Mon to Fri: 8:30-12:30pm
သင်တန်းကာလ - 2 လ
သင်တန်းနေရာ- On Campus
သင်တန်းစမည့်နေ့ .. 1. 10. 2025
_____________________________
💢 ACCA Part 1 💢
🔰Financial Accounting (F3)🔰
Mon, Tues & Fri : 8:00- 10:00pm
Wed : 8:00-12:00pm
သင်တန်းကာလ - 2လ
သင်တန်းနေရာ- On Campus
သင်တန်းစမည့်နေ့ .. 1. 10. 2025
_____________________________

သင်တန်းကြေး :💰💰💰💰💰
ACCA + LCCI Foundation Level 2 - 259000
ACCA Foundation Level 3 - 459000
ACCA Part 1 - 300000 per subject

📌သင်တန်းကြေးတွင်.....
✅ Text Books နှင့် Note စာရွက်များ
အပြီးအစီး ဖြစ်ပါတယ်။
✅သင်ရိုးအပြည့်အစုံနှင့်UK exam အတွက်
Exam kit အပါအဝင် ပြီးပြည့်စုံစွာ လေ့ကျင့်သင်ကြားပေးပါသည်။

📣📣📣📣📣📣📣📣📣📣📣
အသေးစိတ် အချက်အလက်များသိရှိလိုပါက
Page cb (သို့) သင်တန်းဖုန်း 095109922သို့
စုံစမ်းမေးမြန်းနိုင်ပါတယ်။

လိပ်စာကတော့ ☎️☎️☎️☎️☎️☎️
အမှတ် ၃၄၊ ၄ လွှာ၊ အင်းစိန်လမ်းမ၊
လှည်းတန်းမှတ်တိုင်အနီး
ကမာရွတ်မြို့နယ်၊ ရန်ကုန်။
Ph : 095109922,095112425

29/07/2025

စာရင်းကိုင်ပညာ ????....
Beginner အခြေခံအဆင့်ပါ

15/05/2025

အတန်းလေးတွေ ပုံမှန်ဖွင့်ပါတယ်နော်။

cb or 095109922, 095112425

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Bangkok