Hi Hilary

Hi Hilary

แชร์

A human being

22/02/2026

FYI

🎓 Virtual Open House 2026 – Graduate Affairs, Faculty of Medicine, Chulalongkorn University (MDCU)

Join us on 4 March 2026
🕑 2:00–3:00 PM (English)
🕒 3:00–4:00 PM (Thai)
📍 Via Zoom, Zoom Meeting Details:
- Meeting Link : https://chula.zoom.us/j/6961849344?omn=92390041771
- Meeting ID: 696 184 9344

Explore our Clinical Sciences Program (New Curriculum 2026) and Medical Sciences Program.

✔ Scholarship information
✔ Admission pathway & curriculum highlights
✔ Interactive discussion & live Q&A with faculty and students

Discover your future in medicine and research with MDCU.
Register now!
https://shorturl.at/8z02U

18/02/2026

ထိုင်းနိုင်ငံရဲ့ နံပါတ် ၁ တက္ကသိုလ်ဖြစ်တဲ့ Chulalongkorn University က Master’s degree အတွက် scholarship 👇🏻

https://youtu.be/Z4xSeZb-Xac?si=XBSjOIu46QBQDT3r

ဒီ video လေးထဲမှာ အစ်မ “Su Lae Wint Yee” က
✨ application process
✨ tips for interview
✨ M.Sc. in Medical Sciences (English Program) စတဲ့အကြောင်းအရာတွေကို ပြောပြထားပါတယ်

Scholarship information
https://www.facebook.com/photo.php?fbid=1401850921739894&set=a.460356012556061&type=3

Follow me on Instagram please 🌱
https://www.instagram.com/hi_hilary_ig?igsh=MTB1cnJ3dnhjYmM2Mg==


12/02/2026

✨ Just 8 days remaining to submit your scholarship application. Take the next step toward your future today.

11/02/2026

အမျိုးသမီးလေးတွေသာ လျှောက်လို့ ရမယ့် Daughters Rising Scholarship အကြောင်း ဝေမျှပေးမယ် free online webinar ✨

ဒီနေ့ GLORY ရဲ့ follower လေးတွေအတွက်ယူဆောင်လာပေးတာကတော့ မြန်မာနဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ လူနည်းစု အမျိုးသမီးငယ်လေးတွေအတွက် သီးသန့်ရည်ရွယ်ပြီး
ထောက်ပံ့ပေးတဲ့ ပညာသင်ဆုအကြောင်းကို sharing လုပ်ပေးမယ့် webinar လေးပဲဖြစ်ပါတယ်ရှင်

ဒီ Webinar လေးကို အမျိုးသမီးကျောင်းသူလေးတွေ ၊ အထက်တန်းအောင်မြင်ပြီးသူတွေ ၊ စစ်ဘေးတိမ်းရှောင်နေရသူတွေ ၊ ခက်ခဲတဲ့ နောက်ခံ Background ကနေဆင်းသက်လာသူတွေလေးတွေအပြင် ပညာသင်ဆုကို စိတ်ဝင်စားတဲ့ဘယ်သူမဆိုတက်ရောက်လို့ရပါတယ် 🙆🏻‍♀️

Webinar လေးမှာ
❓ဘာမေဂျာတွေလျှောက်လို့ရမလဲ
❓Scholarship essays တွေဘယ်လိုရေးရမလဲ
❓Scholarship လျှောက်ရာမှာ လိုအပ်တဲ့ Introduction Video အကြောင်း
❓Interview အတွက် အရေးပါတဲ့ tips and tricks တွေအကြောင်းကို စုံလင်စွာ ပြောပြပေးသွားမဲ့ Webinar လေးတစ်ခုဖြစ်တာမို့ လက်လွှတ်မခံသင့်တဲ့အခွင့်အရေးတစ်ခုပဲဖြစ်ပါတယ်

ဒီ Webinar လေးကို Guest Speaker အနေနဲ့ လာရောက်ပေးမယ့်သူကတော့ “ Ma Nyein Thinzar Aung” ပဲဖြစ်ပါတယ်ရှင်
အစ်မဟာဆိုရင် လက်ရှိမှာ Daughters Rising Scholarship ကိုရရှိထားပြီး ထိုင်းနိုင်ငံရဲ့ Rangsit University မှာ International Relations and Development major နဲ့ ပညာသင်ယူနေတဲ့သူ ဖြစ်ပါတယ် …

Scholarship ရထားတဲ့သူဆီကနေ တကယ်ကို တန်ဖိုးရှိတဲ့ tips တွေကိုရပြီး ကိုယ်တိုင်လည်း Scholarship Achiever တစ်ယောက်ဖြစ်လာနိုင်တာမို့ Webinar လေးကို လာဖို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ရပါတယ် 🙇🏻‍♀️

Webinar details
📅 Date: 16 February 2026
⏰ Starting Time: 7:00 PM (MMT)
💻 Platform: Online (Zoom)

စိတ်ဝင်စားတယ်ဆိုရင် ဒီအောက်မှာပေးထားတဲ့ form link လေးမှာ စာရင်းပေးသွင်းလို့ရပါတယ် .. လူဦးရေကန့်သတ်ထားတာမို့ မြန်မြန်လေးစာရင်းသွင်းကြပါနော် 🙇🏻‍♀️

🔗https://forms.gle/FJE57LVAX26sKyjs6

အိပ်မက်တွေဆီကိုရောက်အောင် ဒီပညာသင်ဆုတံတားလေးကနေ ဖြတ်ကူးနိုင်ကြပါစေလို့ GLORY အဖွဲ့သားများမှ ဆုတောင်းပေးလိုက်ပါတယ်ရှင် 💙

Free Online Webinar: Daughters Rising Scholarship for Women ✨

GLORY is excited to share a special opportunity with our followers. We are hosting a free online webinar that provides detailed information about the Daughters Rising Scholarship, a program specially created to support young women from marginalized communities in Myanmar and Thailand.

This webinar is open to:
• Female students
• High school graduates
• Conflict-displaced and war-affected young women
• Individuals from challenging socio-economic backgrounds
• Anyone interested in scholarship opportunities 🙆🏻‍♀️

In this webinar, we will cover:
❓ Which majors and fields of study you can apply for
❓ How to write strong and effective scholarship essays
❓ Important information about the Introduction Video required for scholarship applications
❓ Essential interview tips and practical strategies

This session is a valuable opportunity for those who dream of pursuing higher education and need proper guidance and encouragement.

Our guest speaker, Ma Nyein Thinzar Aung, is a current Daughters Rising Scholarship recipient and is studying International Relations and Development at Rangsit University in Thailand. She will share real experiences, useful tips, and honest advice based on her own scholarship journey.

Learning directly from a scholarship recipient allows participants to gain authentic insights and build confidence to pursue their own scholarship goals.

Webinar Details

📅 Date: 16 February 2026
⏰ Time: 7:00 PM (MMT)
💻 Platform: Online (Zoom)

If you are interested, please register through the link below. Seats are limited, so early registration is highly encouraged 🙇🏻‍♀️

🔗 https://forms.gle/FJE57LVAX26sKyjs6

May this scholarship become a bridge that brings you closer to your dreams.
Warm wishes from the GLORY Team 💙

Content Writer - Hsu Yati Thin
Translator - Yu Zana Lin
Graphic Designer - Pyae Hmue Khin






10/02/2026

သင်က Daughters Rising Scholarship လျှောက်ဖို့ စိတ်ဝင်စားတဲ့သူဆိုရင် ဒီ video လေးကို အခုပဲ ကြည့်လိုက်တော့နော် 👇🏻

https://youtu.be/xtSKnY8_edA?si=6oi_epT42xhH3sZv

ဒီ video လေးထဲမှာ Daughters Rising Scholarship Winner (2025) ညီမလေး “Nyein Thinzar Aung” က
✨ application process
✨ essay ဘယ်လိုပြင်ရမလဲ
✨ tips for scholarship စတဲ့အကြောင်းအရာတွေကို ပြောပြထားပါတယ်

Daughters Rising Scholarship
https://m.facebook.com/story.php?story_fbid=1280524950769932&id=100064373181740

Follow me on Instagram please 🌱
https://www.instagram.com/hi_hilary_ig?igsh=MTB1cnJ3dnhjYmM2Mg==


24/01/2026

Applications are open 📣

Scholarship ရထားတဲ့ ညီမလေးနဲ့ interview video လေးကိုလည်း တင်ထားပါတယ်

https://m.facebook.com/story.php?story_fbid=122233566740272005&id=61558160174577

📣International Student Undergraduate Admission - Academic Year 2026 is open!
Discover academic excellence and global opportunities at Kasetsart University Sriracha Campus!
📅 Application Period:
Thai Program: November 1, 2025 – April 15, 2026
English/International Program: November 1, 2025 – May 31, 2026

💻 Apply Now: https://admissions.src.ku.ac.th/Inter/

โครงการรับสมัครนิสิตต่างชาติระดับปริญญาตรี ปีการศึกษา 2569 เปิดรับสมัครแล้ว!
โอกาสดีสำหรับนักเรียนต่างชาติ ที่อยากร่วมเป็นส่วนหนึ่งของมหาวิทยาลัยเกษตรศาสตร์ วิทยาเขตศรีราชา และสัมผัสประสบการณ์การเรียนรู้ระดับนานาชาติ
📅 ระยะเวลารับสมัคร:
หลักสูตรภาษาไทย: 1 พฤศจิกายน 2568 – 15 เมษายน 2569
หลักสูตรภาษาอังกฤษ: 1 พฤศจิกายน 2568 – 31 พฤษภาคม 2569

17/01/2026

Hello 👋

ထိုင်းနိုင်ငံမှာ Logistics Management လေ့လာဖို့ စိတ်ဝင်စားတဲ့သူတွေအတွက် Kasetsart University မှာ တက်ရောက်နေတဲ့ ညီမလေး “Myat Thazin Khine” နဲ့ interview ကို YouTube မှာ တင်ထားပါတယ် 🫶🏻

https://youtu.be/JHBKe8yAYKo?si=2G92Om9amHx8F4uJ

Video ထဲမှာဆိုရင်
✨ application process
✨ portfolio ဘယ်လိုပြင်ရမလဲ
✨ tips for scholarship
✨ Bachelor of Business Administration in Logistics Management major
✨ Kasetsart University (Sriracha Campus) စတဲ့အကြောင်းအရာတွေ ပါဝင်ပါတယ်

Follow me on Instagram please 🌱
https://www.instagram.com/hi_hilary_ig?igsh=MTB1cnJ3dnhjYmM2Mg==




12/01/2026

✨ What a great way to start the new semester! ✨

Hilary က စာကိုပြေပြစ်အောင် မရေးတတ်တဲ့သူ၊ စာရေးရတာ ပျင်းတဲ့သူဆိုပေမယ့် ဒီ certificate လေးနဲ့ပတ်သက်ပြီးတော့ နည်းနည်းရေးချင်လာလို့ ရေးလိုက်ပါတယ် (အချိန်ရမှ ဖတ်ပါ 🤍)

ဒီ certificate အကြောင်းကို Hilary စသိတာက 2nd Year 2nd Semester ရဲ့ Genetic Engineering Class Orientation တုန်းကပေါ့
အဲ့နေ့က ဆရာက ကိုယ်တွေရဲ့ senior batch မှာ ဒီ certificate ရတဲ့သူအကြောင်းပြောပြတော့ အမှန်အတိုင်းပြောရရင် လိုချင်သွားတာပေါ့နော် (ကြိုးစားမှရမယ်ဆိုတဲ့အသိလည်းဝင်တာပေါ့လေ)
တစ်ခုရှိတာက ဒီ certificate ကို ရဖို့ဆိုတာက အတန်း ၁ တန်းထဲမှာ အမှတ်ကောင်းနေရုံနဲ့မရပြန်ဘူး
2nd Year 2nd Semester မှာ သင်ရတဲ့ Genetic Engineering အတန်းနဲ့ 3rd Year 1st Semester မှာတက်ရတဲ့ Bioinformatics အတန်း ၂တန်းလုံးမှာ 90% ကျော်မှရမယ့် certificate ဆိုတော့ အများကြီးလည်းမမှန်းထားပါဘူး (ကိုယ့်ဘက်က အကောင်းဆုံးကြိုးစားမယ်​လို့ပဲတွေးထားတာ)

2nd Year ရဲ့ Grade တွေထွက်လာတော့ Genetic Engineering အတန်းမှာ A ရတယ် (တစ်တောင်တော့ကျော်နိုင်ပြီပေါ့) ဒါပေမယ့် အဲ့အချိန်မှာလည်း မရေမရာပါပဲ
ဘာလို့လဲဆိုတော့ Hilary တို့ကျောင်းက final exam ပြီးရင် အမှတ်မထွက်ဘူးလေ၊ grade ပဲထွက်တာ (Grade A က အနည်းဆုံး အမှတ် 80/100 ရရင် ရတယ်)

3rd Year ရောက်တော့ Bioinformatics သင်ရတယ် (ကျောင်းက computer ခန်းမှာ တစ်ခါမှမကြားဖူး/မမြင်ဖူးတဲ့ program တွေနဲ့ ပညာတွေရ 🤩)
အမှန်အတိုင်းပြောရရင် Hilary အတွက် 3rd Year 1st Semester က တော်တော်ပင်ပန်းတာ (အလုပ်တစ်ဖက် ကျောင်းတစ်ဖက်နဲ့ တိုင်ပတ်နေတဲ့အပြင် ကိုယ်တိုင်ကလည်း အပျင်းကြီးတဲ့သူ ၊ အချိန်ဆွဲတတ်တဲ့သူ၊ အပင်ပန်းမခံနိုင်တဲ့သူဆိုတော့ပိုဆိုးပေါ့ 🫣)
Final Exam ရဲ့ lab အပိုင်းမှာ တလွဲတွေလုပ်လာတည်းက ဒီ certificate ရချင်တဲ့အိပ်မက်က ဝေဝါးလာတော့တာပဲ
Lecture အပိုင်းဖြေတော့လည်း “အားစိုက်ထုတ်မယ်ဟဲ့” ဆိုပြီး အမှားလုပ်လာပြန်တယ် 🙃 (ကံကောင်းချင်တော့ 37/40 နဲ့ အမှတ်အများဆုံးရတယ်)
သူငယ်ချင်းတွေကတော့ အားပေးပါတယ် certificate ရနိုင်တယ်ပေါ့
ကိုယ့်ကိုကိုယ်တော့ ဇဝေဇဝါပါပဲ၊ မရလည်း Lecture အပိုင်းမှာ အမှတ်များတာနဲ့ ဖြေသိမ့်လိုက်မယ်ပေါ့
နောက်ဆုံး Grade ထွက်လာတော့လည်း ဆရာက certificate အကြောင်းမပြောတော့ ကိုယ်မရဘူးပေါ့ အဲ့လိုပဲထင်လိုက်တာ

ဒီနေ့ ကျောင်းကအပြန် ခဏအိပ်ပြီးတော့ နိုးလာတဲ့အချိန်မှာ ဆရာ့ဆီကစာတွေ တွေ့တော့မှ “ငါလုပ်နိုင်ခဲ့ပြီ” ဆိုပြီး ဝမ်းသာရတော့တယ် 😭
ဝမ်းသာရတာတောင် အဆင့်ဆင့်နော်
ပထမဆုံးဝင်ထားတဲ့စာက Bioinformatics မှာ အမှတ်အများဆုံးနဲ့အောင်တယ်တဲ့ ပျော်တာပေါ့ (တစ်ချိန်တည်းမှာပဲ ငါဘယ်လောက်တောင် Genetic Engineering မှာ အမှားတွေလုပ်ခဲ့လို့ certificate မရတာလဲမသိဘူးဆိုပြီး တွေးနေတာ 🥹)
ကိုယ်နိုးတဲ့အချိန် (ပထမ message ပို့ပြီး မိနစ် ၃၀အကြာ)မှာ Line app ကနေ ပို့လာတဲ့ message ကကျတော့ Biochemistry Unit ရဲ့ Head က certificate ကို approve လုပ်လိုက်ပါတယ်တဲ့ ပြီးတော့မှ email ကြီး ရောက်လာတာ

ကဲ စာလည်းရှည်နေပြီ 🥹 Hilary အတွက် ပျော်စရာလေးမို့လို့ ဒီမှာလာရေးတာပါ 💕
ဘဝမှာ စိတ်ညစ်စရာတွေကြုံခဲ့ရလည်း အရှုံးမပေးခဲ့ဘဲ “နင်လားဟဲ့ လောကဓံ” ဆိုပြီး မာကျောခဲ့တဲ့ ကိုယ့်ကိုကိုယ်လည်း ကျေးဇူးတင်ပါတယ်လို့ …

08/01/2026

Hello 👋

ထိုင်းနိုင်ငံမှာ Biomedical Engineering လေ့လာဖို့ စိတ်ဝင်စားတဲ့သူတွေအတွက် King Mongkut’s Institute of Technology Ladkrabang (KMITL) မှာ တက်ရောက်နေတဲ့ ညီမလေး “Pyae Phyoe Thiri Zaw” နဲ့ interview ကို YouTube မှာ တင်ထားပါတယ် 🫶🏻

https://youtu.be/xd8WB5yLVtw?si=9_L9DtsMBSeWNr1Z

Video ထဲမှာဆိုရင်
✨ application process
✨ tips for scholarship
✨ KMITL English Test
✨ Biomedical Engineering major
✨ Career opportunities စတဲ့အကြောင်းအရာတွေ ပါဝင်ပါတယ်

Follow me on Instagram please 🌱
https://www.instagram.com/hi_hilary_ig?igsh=MTB1cnJ3dnhjYmM2Mg==




ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่


Bangkok