Mobile Education Partnerships Institute

Mobile Education Partnerships Institute

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Mobile Education Partnerships Institute, การศึกษา, Bangkok.

19/02/2026

🎓 Prepare for Academic Success with Strong English Skills!
🌟 Language Preparation Classes Now Open for Enrollment 🌟လူကြီးများအတွက် တက္ကသိုလ်ဝင်ခွင့်အကြို ဘာသာစကားအခြေခံသင်တန်း

Are you looking for a structured English program to support academic success or build your child’s strong communication foundation? Our carefully designed courses help learners develop confidence, fluency, and essential academic skills step by step.

👩‍🎓 Adults: College Prep Elementary
(လူကြီးများအတွက် တက္ကသိုလ်ဝင်ခွင့်အကြို ဘာသာစကားအခြေခံသင်တန်း)
📌 Ideal for learners preparing for higher education or improving academic English.
✅ Build strong Academic Vocabulary
✅ Improve Discussion & Critical Thinking Skills
✅ Strengthen Reading Comprehension
✅ Develop Confidence for College Preparation
📖 တက္ကသိုလ်တက်ရောက်ရန် လိုအပ်သော အင်္ဂလိပ်ဘာသာစကား အခြေခံကျွမ်းကျင်မှုများကို စနစ်တကျ လေ့ကျင့်သင်ကြားပေးမည်။

🧒 Children: Fun Elementary
(ကလေးများအတွက် အခြေခံဘာသာစကားသင်တန်း)
📌 Perfect for young learners starting their English journey.
✅ Learn Phonics & Pronunciation Naturally
✅ Enjoy Vocabulary Learning through Fun Activities
✅ Practice Basic Speaking with Confidence
✅ Build Strong Communication Skills from Early Age

📚 Program Information
💰 Course Fee – 220,000 MMK (Level တစ်ခုစာ)
📅 Duration – 3 Months
🗓 Schedule – 3 Days per Week
💻 Learning Options – Online / In-Person

✨ Small class interaction for better learning
✨ Friendly and supportive teaching approach
✨ Step-by-step skill development
✨ Suitable for beginners and foundation learners

📣 Limited Seats Available – Early Enrollment Recommended!

📩 Register now via Messenger
09- 402365423
👉 Please send Student Name & Contact Phone Number

Photos from Mobile Education Partnerships Institute's post 17/02/2026

Online Teacher Training for Monastic school teachers
# Topic- Low Resource Classroom strategies: Teaching Paragraph with Graphic Organizers

တက်ကြွစွာ ပါဝင်ဆွေးနွေးပေးကြလို့ ကျေးဇူးတင်ပါတယ် 🙏🏼🙏🏼

16/02/2026

🌟 University Preparation Course Information Sharing Session 🌟
ဒီအစီအစဉ်မှာ သင်လေ့လာနိုင်တာတွေက —
✨ တက္ကသိုလ်ဘဝအတွက် လိုအပ်တဲ့ Study Skills
✨ Academic English ပြင်ဆင်နည်းများ
✨ ပြည်တွင်း / ပြည်ပ ပညာရေး လမ်းကြောင်း အကြံပေးမှု
✨ သင်တန်းအသေးစိတ်နှင့် အကျိုးကျေးဇူးများ
✨ Live Q&A Session

👩‍🎓 ဘယ်သူတွေ တက်သင့်လဲ?
✔ Grade 12 သို့မဟုတ် GED ပြီးကျောင်းသား/သူများ
✔ တက္ကသိုလ်တက်ရန် စီစဉ်နေသူများ
✔ ပြည်ပပညာသင်ယူလိုသူများ
✔ English & Academic Skills တိုးတက်လိုသူများ

🎟 ဝင်ကြေး – အခမဲ့
⚠ Seats Limited – အမြန်စာရင်းသွင်းပါ!

📅 ရက်စွဲ – 22.2.2026
⏰ အချိန် – 7 pm to 8:30pm
📍 နေရာ – Zoom platform
📌 Register Here – https://forms.gle/Dd5t7ePmZn4FtPQy5

📞 ဆက်သွယ်ရန် – 09402365423
📩 Page Messenger မှလည်း ဆက်သွယ်နိုင်ပါသည်။
💡 သင့်အနာဂတ်တက္ကသိုလ်ဘဝကို ယုံကြည်မှုရှိစွာ စတင်နိုင်ဖို့ ဒီအခွင့်အရေးကို လက်မလွတ်ပါနဲ့!

Photos from Mobile Education Partnerships Institute's post 11/02/2026

မွန်ပြည်နယ်နှင့် ဝေါမြို့နယ်ရှိ ကျောင်းများသို့Learning Apps များ အသုံးပြုပုံ အား မိတ်ဆက်ရှင်းလင်းပေးခြင်း ခရီးစဉ်

11/02/2026

ELT training for Local GED Centre In Mawlamyine

10/02/2026

🪔🪔University Preparation Course – Applications Open 2026

🏆အထက်တန်း အောင်ပြီး /GEDပြီး ထိုင်းနိုင်ငံရှိ College/တက္ကသိုလ်တက်ရန် စိတ်ကူးရှိပါသလား?
University life အတွက် အဆင်သင့်ဖြစ်ဖို့ အကောင်းဆုံး ပြင်ဆင်မှုကို ရယူလိုက်ပါ။🧑‍🎓

📚 Program မှာ ပါဝင်မည့် အကြောင်းအရာများ
✅ Academic English
(Reading • Writing • Speaking • Listening)
✅ Study Skills & Time Management
✅ Research Skills
✅ Critical Thinking & Presentation Skills
✅ University Learning Systems Orientation
✅ Introduction to Education

⏳ Course Duration
📅 March – July (5 Months)

📌 သင်တန်း၅လ တက်ရောက်ပြီးပါက ချိတ်ဆက်ထားသော ထိုင်းနိုင်ငံရှိ MOU ထိုးထားသော တက္ကသိုလ်မှ ဖွင့်လှစ် သော အတန်းများ (August Intake) အတွက် တက်ရောက်နိုင်ရန် ချိတ်ဆက်စီစဉ်ပေးပါမည်။

🕜Timetable
Thu,Fri,Sat and Sun
9 to 12 am
6 to 9 pm

သင်တန်းကြေး ၆သိန်းကျပ် (၂ရစ်ခွဲသွင်းပေးနိုင်ပါသည်)

📍 Delivery Mode
💻 Online Class
🏫 In-person Class (Mawlamyine,Mandalay,Magway)

👩‍🎓 ဘယ်သူတွေ တက်သင့်လဲ?
✨ University တက်ရန် ပြင်ဆင်နေသူများ
✨ GED အောင်မြင်ပြီးသူများ/ Grade 12ပြီးသူများ
✨ Academic English ကို မြှင့်တင်လိုသူများ

📣 Enrollment Now Open!
Seats Limited ဖြစ်သောကြောင့် အမြန် စာရင်းသွင်းနိုင်ပါသည်။

📩 Page Messenger မှာ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

💡 Why Choose Our Program?

⭐တက္ကသိုလ်/ကောလိပ်များတက်ရောက်ရန် လိုအပ်သော Skill များကိုလေ့ကျင့်သင်ကြားပေးခြင်း
⭐သင်တန်းပြီးမြောက်ပါက ထိုင်းနိုင်ငံတက္ကသိုလ် International Program နှင့် ချိတ်ဆက်ပေးခြင်း
⭐International Experienced & Supportive Teachers
⭐ Modern Learning System
⭐ Student-Centered Teaching Method
⭐ University Life အတွက် အပြည့်အဝ ပြင်ဆင်ပေးနိုင်ခြင်း

🌍About us
MEPI သည် ၂၀၁၇မှစ၍ ပညာရေးဖွံ့ဖြိုတိုးတက်မှုလုပ်ငန်းများကို မွန်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊မော်ကျွန်းမြို့နယ်နှင့် ဝေါမြို့နယ်ရှိ ကျောင်းပေါင်း၁၀၀ကျော်မှ ဆရာ ဆရာမများအား ဆရာအတတ်သင်ပညာရေးသင်တန်းများကို ဖွင့်လှစ်လာခဲ့သည်မှာ ၁၀နှစ်နီးပါးရှိခဲ့ပါပြီ။

Photos from Mobile Education Partnerships Institute's post 06/02/2026

ကျွန်မကို Teacher Training နဲ့ပတ်သတ်ပြီး အကြံဥာဏ်တောင်းတဲ့အခါမှာ လေ့လာဖို့ စာအုပ်တွေ ညွှန်းသလို သင်တန်းတွေကို တက်ဖို့ ညွှန်းပေးပါတယ်။

တိုတိုနဲ့လိုရင်း အကြံပြုရရင်ဖြင့် TCSF လို့ ခေါ်တဲ့ Teacher Competency Standard Framework ကို လေ့လာကြည့်ရင် သူ့ဆီမှာ ပါတဲ့ Domains က အချက်အလက်တွေကို ဆန်းစစ်ပြီး ကိုယ်ဘယ်နေရာမှာ လေ့လာပြီး တိုးတက်ဖို့လိုလဲဆိုတာ မြင်ပါလိမ့်မယ်။

TCSF ဘယ်ကရနိုင်သလဲဆိုရင် Google မှာ Myanmar Teacher Competency Standard Framework လို့ ရိုက်ထည့်လိုက်ရင် Download ရနိုင်ပါတယ်။
ဆရာ ဆရာမ ဖြစ်ချင်တဲ့သူ / လက်ရှိလုပ်နေတဲ့သူ အားလုံးအကျုံးဝင်ပါတယ်။

ပုံတွေကတော့ ELT ဆရာ-ဆရာမများအတွက် CELTA course မတက်ခင် ကြိုဖတ်သင့်သော စာအုပ်များ ဖြစ်ပါတယ်ရှင့်။

TKT core modules တွေတက်ပြီး/ လေ့လာပြီးရင် ထိုစာအုပ် ၅ အုပ်ကိုအဓိကထား ဖတ်ထားလို့ရပါပြီ။
TKT မပြီးသေးရင်တော့ TKT course အတွက် စာအုပ်များပါ လေ့လာရပါမယ်။

Photos from Mobile Education Partnerships Institute's post 29/01/2026

Child Safeguarding Workshop at Kalaw

29/01/2026

ဒီနေ့အတွက်က အလုပ်ထွက် ဒါမှမဟုတ် စာချုပ်ကုန်လို့ နားတာပဲဖြစ်ဖြစ် အလုပ်ကနေ Pro ကျကျ အလုပ်ထွက်ပုံလေး ရေးပြချင်ပါတယ်။

လုပ်ငန်းအဝင်ကနေ အထွက်ထိ Pro ဆန်နိုင်ဖို့ ရည်ရွယ်ပါတယ်။

Project ဝန်ထမ်းတင်မဟုတ်ပါဘူး။ သင်ကြားရေးဝန်ထမ်းများလည်း လုပ်ဆောင်ဖို့လိုပါတယ်။ ရာထူးအလိုက် submit လုပ်တဲ့ အချက်အလက် documents တွေ ကွဲပြားနိုင်ပါတယ်။

သင်ကြားရေးဝန်ထမ်းဆိုပါက - Lesson plan တွေ resources တွေနဲ့ သုံးခဲ့တဲ့ သင်ထောက်ကူပစ္စည်းများကို စာရင်းနဲ့ တကွ သို့မဟုတ် ဓာတ်ပုံများနဲ့ ပြုစုပေးပြီး submit လုပ်ပေးလို့ရပါတယ်။

(၁၄) နှစ်ကြာ အဖွဲ့မှာ လုပ်ခဲ့တဲ့ အတွေ့အကြံုအရ handover documents တွေကို ကောင်းကောင်းမွန်မွန် ပြင်ဆင်ပြီး အပ်လေ့ရှိတဲ့ ဝန်ထမ်းများရှိသလို မအပ်ဘဲ ထွက်သွားတတ်တဲ့ ဝန်ထမ်းများနဲ့လည်းကြုံရပါတယ်။ ဆက်သွယ်ပြီးတောင်းဆိုရင်လည်း ငြိုငြင်ပြီး အဆက်အသွယ်ဖြတ်တောက်တတ်တဲ့ ဝန်ထမ်းများနဲ့လည်းကြုံရပါတယ်။

ဒါကြောင့် Handover Documents အရေးပါရတဲ့ အကြောင်းရင်းများကို ဝေငှပေးလိုက်ပါတယ်။

၁။ အလုပ်ဆက်လက်လုပ်ဆောင်နိုင်စေခြင်း
အလုပ်တာဝန်ပြောင်းလဲခြင်း သို့မဟုတ် အလုပ်ထွက်သွားတဲ့အခါ
handover documents ရှိရင် နောက်လာမယ့်သူက အလုပ်ကို အခက်အခဲမရှိ ဆက်လက်လုပ်နိုင် ပါတယ်။

၂။ အဖွဲ့အစည်းရဲ့ အတွေ့အကြုံနဲ့ သိထားတဲ့အရာတွေ မပျောက်ဆုံးအောင် ထိန်းသိမ်းနိုင်ခြင်း
လုပ်ထုံးလုပ်နည်းတွေ၊ ဆုံးဖြတ်ချက်တွေ၊ သင်ခန်းစာတွေကို စာရွက်စာတမ်းနဲ့ ထားရှိနိုင်လို့
လူပြောင်းသွားရင်တောင် အဖွဲ့အစည်းအတွက် သိမြင်မှုတွေ မဆုံးရှုံးပါဘူး။

၃။ အမှားအယွင်းနဲ့ အန္တရာယ် လျော့နည်းစေခြင်း
လုပ်ဆောင်ပြီးသားအလုပ်တွေ၊ မပြီးသေးတဲ့အလုပ်တွေ၊ deadline တွေကို တိတိကျကျ ဖော်ပြထားလို့
အလုပ်ထပ်လုပ်မိခြင်း၊ မေ့လျော့သွားခြင်းတွေကို ကာကွယ်နိုင်ပါတယ်။
(အထူးသဖြင့် ငွေကြေး၊ logistics၊ program အလုပ်တွေမှာ အရေးကြီးပါတယ်)

၄။ တာဝန်ယူမှုနဲ့ ပွင့်လင်းမြင်သာမှု ရှိစေခြင်း
ဘာကို လုပ်ပြီးပြီလဲ၊ ဘာကျန်သေးလဲ၊ ဘာကြောင့် ဒီလိုဆုံးဖြတ်ခဲ့လဲဆိုတာကို
ရှင်းလင်းပြထားလို့ management, audit, donor review တွေအတွက် အထောက်အကူဖြစ်ပါတယ်။

၅။ အချိန်နဲ့ အရင်းအမြစ် ချွေတာနိုင်ခြင်း
နောက်လာမယ့်သူက အစကနေ ပြန်မလေ့လာရတော့ဘဲ
အချိန်တိုအတွင်း အလုပ်ဝင်လုပ်နိုင်ပါတယ်။

၆။ ပရော်ဖက်ရှင်နယ် ဖြစ်ကြောင်း ပြသနိုင်ခြင်း
handover documents ကို စနစ်တကျ ပြုလုပ်ပေးခြင်းက
တာဝန်ခံမှုရှိပြီး အဖွဲ့အစည်းကို လေးစားတဲ့ ပရော်ဖက်ရှင်နယ်အလုပ်လုပ်ပုံကို ပြသပါတယ်။

Handover Documents ထဲမှာ ပါဝင်သင့်တဲ့ အချက်များ

(က)ကိုယ်တာဝန်ယူထားတဲ့ အလုပ်များ အကျဉ်းချုပ်
လုပ်ပြီးသားအလုပ်များနှင့် မပြီးသေးသောအလုပ်များ

(ခ) Deadline နှင့် အရေးကြီးလုပ်ဆောင်ရမယ့်အချက်များ

(ဂ)အရေးကြီး ဆက်သွယ်ရမယ့် လူများ (contacts)

(ဃ)ငွေကြေး၊ ပစ္စည်း၊ စာရွက်စာတမ်းဆိုင်ရာ အချက်အလက်များ

(င) အခက်အခဲများနှင့် အကြံပြုချက်များ

အားလုံး အဆင်ပြေနိုင်ကြပါစေ ။

28/01/2026

Paid Volunteer opportunity :

English Language Assistant Teacher (1-Month Placement) 🌟
📍 Location: Kalaw
🗓 Duration: 1 Month ( March)

🎓 Preferred Qualifications:
👩‍🏫 Female teacher preferred
🗣 Minimum English proficiency at B1 level
📚 Teaching experience required

🛠 Key Skills:
💬 Good communication & interpersonal skills
🌍 Ability to work with students from diverse backgrounds
📝 Basic lesson planning & classroom support skills
🔄 Flexible, adaptable & positive attitude
🤝 Willingness to engage with local communities

🏠🍽 Accommodation & Meals:
✅ Accommodation and food provided

💰 Paid
✨ Stipend benefits based on qualifications & experience

🎁 Additional Benefits:
🤝 Networking opportunities
🏞 Sightseeing & trekking
🎉 Recreational activities with local people

📩 Contact:
📧 Email: [email protected]
📱 Phone / WhatsApp: +95 977 139 1929

22/01/2026

သင်တန်းပေးနေကြ ကျောင်းတွေက အများအားဖြင့် Large classroom တွေဖြစ်လို့ Seating Plan က အရေးကြီးကြောင်း ဆွေးနွေးဖြစ်ခဲ့တာလေး

Large classroom (ကျောင်းသားအရေအတွက်များသော အတန်းခန်း) တွင် Seating plan ကို စနစ်တကျ စီမံခြင်းဟာ သင်ကြားရေးအရည်အသွေး၊ အတန်းထိန်းချုပ်မှု (classroom management) နဲ့ ( Child participation) ကလေး ပါဝင်ဆောင်ရွက်မှုကို မြှင့်တင်ဖို့ အလွန်အရေးကြီးပါတယ်။

ထိုင်ခုံနေရာချထားမှုရဲ့ အရေးပါပုံ

၁။ အတန်းထိန်းချုပ်မှု ပိုမိုလွယ်ကူစေခြင်း�ထိုင်ခုံတွေကို စနစ်တကျ စီမံထားရင် ဆရာ/ဆရာမအနေဖြင့် အတန်းကို စောင့်ကြည့်ရလွယ်ကူစေ

၂။ ကျောင်းသားအားလုံး ပါဝင်နိုင်စေခြင်း�နောက်တန်းမှာ ထိုင်တဲ့ ကျောင်းသားတွေပါ သင်ခန်းစာကို ကြားနိုင်၊ မြင်နိုင်ပြီး ဆွေးနွေးမှုတွေမှာ ပါဝင်နိုင်ပါတယ်။

၃။ သင်ယူမှု ပုံစံ / level မတူညီမှုကို ကိုင်တွယ်နိုင်ခြင်း�သင်ယူမှု နောက်ကျသူ ဆရာနီးစပ်ရာမှာ စီစဉ်ထားနိုင်ပြီး အကူအညီ လိုအပ်သူတွေကို ပိုမိုထောက်ပံ့ပေးနိုင်ပါတယ်။

၄။ ကျောင်းသားအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်း�Group work၊ pair work လို အလုပ်တွေ လုပ်ရလွယ်ကူအောင် Seating plan ကို ပြင်ဆင်နိုင်ပါတယ်။

Large Classroom အတွက် အသုံးများသော Seating Plan မျိုးစုံ
၁။ Row and Column (အစီအစဉ်လိုက် ထိုင်ခုံစနစ်)
* ကျောင်းသားအရေအတွက်များတဲ့ အတန်းတွေမှာ အသုံးများ

၂။ Pair Seating (နှစ်ဦးတစ်တွဲ ထိုင်ခုံစနစ်)
* စကားပြောလေ့ကျင့်မှု၊ မေး–ဖြေ လှုပ်ရှားမှုတွေအတွက် ကောင်းမွန်
* ကျောင်းသားတွေ အချင်းချင်း ကူညီနိုင်စေတယ်

၃။ Group Seating (အုပ်စုလိုက် ထိုင်ခုံစနစ်)
* Discussion, project work, problem-solving အတွက် သင့်တော်
* CCA (Child-Centered Approach) ကို အထောက်အကူပြု

၄။ U-shape / Semi-circle (U ပုံသဏ္ဌာန် ထိုင်ခုံစနစ်)
* ဆွေးနွေးမှုများတဲ့ သင်ခန်းစာအတွက် ကောင်း
* Large classroom မှာ နေရာအကန့်အသတ်ရှိရင် အသုံးပြုခက်နိုင်

Large Classroom Seating Plan စီမံရာတွင် သတိပြုရမည့် အချက်များ
* အမြင်၊ အသံ ကြားနိုင်မှုကို စဉ်းစားရန်
* လမ်းကြောင်း (walkway) ထားပြီး ဆရာ/ဆရာမ သွားလာနိုင်ရန်
* ကျောင်းသားအရေအတွက်နဲ့ အခန်းအရွယ်အစားကို ကိုက်ညီစေရန်
* အမြဲတမ်း မတူညီတဲ့ Seating plan မျိုးစုံကို ပြောင်းလဲ အသုံးပြုရန်

နိဂုံးချုပ်
Large classroom မှာ Seating plan ကို စနစ်တကျ စီမံနိုင်ရင် အတန်းထိန်းချုပ်မှု ပိုမိုကောင်းမွန်လာပြီး ကျောင်းသားတွေ ပါဝင်ဆောင်ရွက်မှု၊ သင်ယူမှု အရည်အသွေးတွေပါ တိုးတက်လာပါတယ်။ ထိုင်ခုံစီမံနေရာချမှုက သင်ကြားရေးနည်းလမ်းနဲ့ ကိုက်ညီရမယ်ဆိုတာကို အရေးကြီးဆုံး သတိထားရပါမယ်။

Reference- Classroom Management Strategies

Photos from Mobile Education Partnerships Institute's post 30/09/2025

Inclusive Education Workshop at Taunggyi

အားလုံး/ လူတိုင်း အကျုံဝင်ပညာရေး အလေ့အကျင့်တွေကို ဖော်ဆောင်ရာမှာ အရေးကြီးတဲ့ Framework တွေထဲမှ အရေးပါတဲ့

# UDL- Universal Design for Learning

- 3 core principles ဖြစ်တဲ့ Engage/ Represent and Express အကြောင်းတွေနဲ့ လက်တွေ့အသုံးချလို့ရတဲ့ သင်ကြားနည်းများ နဲ့ သင်ထောက်ကူများအကြောင်း ဖလှယ်ဆွေးနွေးခဲ့ကြပါတယ်။

ဖိတ်ကြားပေးတဲ့ ဆရာမ ဆည်းဆာကို ကျေးဇူးတင်ပါတယ်။

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

เว็บไซต์

ที่อยู่


Bangkok