HayMan

HayMan

แชร์

knowledge and selling expert

01/05/2025

လူဆိုတာ မာနကြီးရင်လည်း
မအောင်မြင်တတ်သလို

မနာလိုစိတ် အရမ်းများရင်လည်း
အရောင် သိပ်မထွက်ပါဘူး ။

အ၀တ်တွေဘယ်လိုကောင်းကောင်း
ရတနာတွေ ဘယ်လောက်တန်တန်
စိတ်ဓါတ်မမှန်ရင် အဖိုးမတန်ပါဘူး ။

ပိုင်ဆိုင်တာများလို့လည်း
ပေးကမ်းမှုမရှိရင် လူ့အကားပါပဲ ။

ဘွဲ့အာဏာပါဝါ ဘယ်လိုရှိရှိ
ကိုယ်ကျင့်တရားမရှိရင် လူအပိုပါပဲ ။

အသက်ဘယ်လောက်ရှည်ရှည်
အမှန်သိတဲ့စိတ်မရှိရင် ဆင်းရဲသူပါပဲ ။

နေရတာချင်း မတူကြပေမယ့်
သေရမှာချင်းဟာ အတူတူပဲ.....

#လူငယ်တွေအောင်မြင်ဖို့
#ချစ်ခြင်းမေတ္တာဖြင့် #စာတို

08/04/2025

လူတယောက်က သူ့အမှားလုပ်ခဲ့တာနဲ့ ပတ်သတ်ပြီး
ပထမဆုံးအကြိမ် တောင်းပန်တယ်
သင့်ကို ကတိတခုပေးတယ်
သူကြောက်သွားတယ် သင်လဲ ယုံသွားတယ်

လူတယောက်က ဒုတိယတခါ အဲလို အမှားမျိုး
" မတော်တဆ" ထပ်လုပ်မိတယ်
သင်သိသွားတဲ့အခါ သူငိုတယ်
သင်စိတ်ဆိုးတယ်
ဒီတခါ ခွင့်မလွှတ်တော့ဘူးလို့ တွေးမိတယ်
ဒါပေမဲ့ သူတောင်းပန်တဲ့အခါ
သင်က ခွင့်လွှတ်လိုက်ပြန်တယ်

တတိယကြိမ်မြောက်
သူအမှားလုပ်မိတဲ့အခါ သူရဲရင့်လာတယ် ငါတောင်းပန်လိုက်ရင် ရတာပဲလို့ တွေးတယ်
သင်သိသွားတဲ့အခါ ဝတ်ကျေတန်းကျေ တောင်းပန်လိုက်တယ်
သင်က သံယောဇဉ်ကြောင့် ခွင့်လွှတ်ပေးလိုက်မိပြန်တယ်

နောက်တခါ နောက်တခါနဲ့
ခဏခဏ
သူ့အမှားတွေများလာတယ်
သူ့ကိုယ်သူလဲ အမှားလုပ်မိတယ်လို့ မသတ်မှတ်တော့ဘူး .
ဒါဟာ သူ့လွတ်လပ်ခွင့်လို့ ထင်လာတယ်

သင်ကချုပ်ကိုင်နေသူ
သင်ကရစ်တတ်သူလို့ ထင်လာတယ်
သင်သိပြီး စိတ်ဆိုးသွားလဲ သူမဖြုံတော့ဘူး
ဘာလို့လဲဆိုတော့
သင်ပြန်ခွင့်လွတ်မယ်ဆိုတာ
သူ သိနေပြီးသားကို

ဒီလိုပဲ
လောကမှာ တချို့လူတွေက
အဲဒီအမှားတွေကို နှစ်ခြိုက်လာကြပြီး အမှားတွေလုပ်ကြရင်းနဲ့
အမှန်တရားလို့ ထင်လာကြတယ်

သံယောဇဉ် နဲ့ ချစ်ခြင်းမေတ္တာကြောင့် ခွင့်လွှတ်နားလည်ပေးသူကို လက်ခုပ်ထဲကရေလို့ သဘောထားလာကြတယ်
သူက မီးဆိုရင် သင်က ပိုးဖလံပဲ

သင်ဘယ်လောက်ပဲ ပြုပြင်ဆုံးမဖေးမပေမဲ့
သူက ပူလောင်နေတဲ့သူဆိုတော့
သတိထားနိုင်မှာမဟုတ်ဘူး
သူ့အပူနဲ့သူ
သင်ပဲ ကြွေလွင့်ရလိမ့်မယ်

ပိုးဖလံလေးဟာ သေးငယ်ပေမဲ့ မီးကို မတိုးရင်
အသက်သေမှာ မဟုတ်ဘူး
အပူမီးနဲ့ တူသူတွေကို ဘယ်လောက်ချစ်ချစ်
အဝေးဆုံးကနေ ရှောင်ရှားရမှာ ကိုယ့်ဦးနှောဏ်ရဲ့ တာဝန်ပါ

ဦးနှောဏ်မရှိသူက အခေါက်ပေါင်းများစွာ အမှားလုပ်တယ်ဆိုရင် သူ့အမှားတိုင်းကို ခွင့်လွှတ်ပေးနေတဲ့သင်ဟာ ဘယ်လိုလူလဲ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ပါ

ဘဝမှာ အဲဒီလို လူမျိူးတွေနဲ့ သင်ပတ်သတ်နေခဲ့ရင် ဘာဆက်လုပ်ရမယ်ဆိုတာ
အခုပဲ အသိမှန်ရပြီး
ဆုံးဖြတ်ချက်တခုကို အပြတ်သားဆုံး ချမှတ်နိုင်ကြပါစေ။

ဒီလိုမှမဟုတ်ရင်တော့........။

#ချစ်ခြင်းမေတ္တာဖြင့် #စာတို

24/03/2025

စာလို တတ်ပြီး
လူလို မတတ်တဲ့ သူတွေကိုတွေ့တော့
စိတ်ကောင်းရှိမှ
လူကောင်းဖြစ်မယ် ဆိုတဲ့ စကားကို
ပိုပြီး လက်ခံ လာတယ် ။

အသက်တွေသာကြီးပြီး
စိတ်သဘောထားတွေ မကြီးနိုင်သေးတဲ့
လူတွေကို တွေ့တော့
အသက်ကြီးလို့သာ လူကြီးလိုခေါ်ပြီး
အသိ မရှိတော့ အလကားပဲလို့ မြင်လာတယ် ။

လူက ချမ်းသာနေပြီးတော့
စိတ်မချမ်းသာနိုင်တဲ့ လူတွေကိုတွေ့တော့
ဘယ်လို နေရနေရ ဘယ်လို စားရစားရ
လွတ်လပ် ပျော်ရွှင်ခြင်းကသာ
ဘဝတန်ဖိုးဆိုတာ လက်ခံလာတယ် ။

ပညာတတ်ပြီး အကျည်းတန်နေတဲ့ လူတွေကိုတွေ့တော့
စိတ်ကောင်းမရှိတဲ့ ပညာတတ်ခြင်းက
လောကကို ဒုက္ခပေးတတ်တယ်
ဆိုတဲ့ စကားလေးကို ပိုပြီးတော့ ယုံကြည်လာတယ် ။

ဂုဏ်ဓနရှိပြီး ရုပ်ရည်ချောတဲ့ သူတွေက
အခြောက်တိုက် ဘဝင်မြင့်နေပြီး
တစ်ဖက်သားကို လူရာမသွင်းချင်ကြတဲ့အခါ
ရိုးသားခြင်းနဲ့ ကိုယ်ချင်းစာတရားကဘဲ
လူရဲ့ တန်ဖိုးလို့ ကိုယ်မြင်လာတယ် ။

တစ်ထောင်ဖိုး ပေးလို့
တစ်ရာဖိုးလောက်တောင်
အကောင်းမမြင်ဘဲ
ကိုယ်ဘာလုပ်လုပ် ပတ်ဝန်းကျင်က
အပြစ်ပဲမြင်နေကြတဲ့အခါ
ကိုယ်မှန်တယ် ထင်ရင်
ဂရုမစိုက်ပဲ နေတတ်လာတယ် ။

စေတနာ မေတ္တာတွေက
ကိုယ်ပေးသလောက်မဆိုထားနဲ့
တစ်ခါတလေ တစက်လေးမှ
ပြန်မရတဲ့အခါ....
နောက်တခါ ပေးနိုင်ရင်ပေး
မပေးနိုင်ရင်လဲ ဥပေက္ခာပြုပြီးနေ
ဒါပေမယ့် မင်း မျော်လင့်ချက်တော့
သွားမထားမိစေနဲ့လို့
ကိုယ့်ကိုယ်ကို ဆုံးမတတ်လာတယ် ။

လူတစ်ချို့က လိုမှခေါ်တယ်
လူတစ်ချို့က လိုမှ သုံးတယ်
လူတချို့က အဆင်မပြေမှ ဆက်သွယ်တယ်
လူတချို့က ဒုက္ခရောက်မှ သတိရတယ်
လူတချို့က ဒဏ်ရာတွေ ပေးပြီး
လိုသလို သုံးပြီးရင် ပြန်ထွက်သွားကြတယ်

ဒါတွေဟာ ဘဝထဲမှာ ခေါက်ရိုးကျိုး
နေတဲ့အခါ လူတွေနဲ့ အရောဝင်ရမှာ
ကြောက်လာတယ်

လူတွေကို ယုံကြည်ရမှာ ကြောက်လာတယ်
လူတွေကို ထပ်ချစ်ရမှာ ကြောက်လာတယ်
လူတွေအများကြီးနဲ့
တဟီးဟီး တဟားဟား နေရဖို့ထက်
တစ်ယောက်ထဲပဲ အေးအေးဆေးဆေး
နေချင်လာတော့တယ်
နေတတ်အောင်လဲ ကြိုးစားတယ် ။

မိုးရွာရင်လဲ ရွာမယ်
နေပူချင်လဲ ပူမယ်
တခါတေလ ဘဝက
ရာသီဥတု ဆန်တယ်
ကိုယ်က နေတတ်မှ

ဒီနေ့က မလွယ်ကူဘူး
နောက်နေ့က ပိုပြီးခက်ခဲနိုင်တယ်
ဒီနေ့ထက် မနက်ဖြန်မှာ
ခံနိုင်ရည် ပိုပြီးရှိနေရမယ်

အပင်မြင့်ရင်လဲ လေတိုက် ခံရမှာဘဲ
အပင်နိမ့်ရင် တက်နင်း ခံရဦးမှာဘဲ
လောကဓံက ကွက်ကြားမိုး မဟုတ်ဘူး
ဘာပဲဖြစ်ဖြစ် ကိုယ်က သန်မာနေမှ ဖြစ်မယ် ။

#ချစ်ခြင်းမေတ္တာဖြင့် #စာတို

18/03/2025

လူငယ်တွေသင်ခန်းစာယူသင့်တဲ့ စာသားလေးပါ

လူတွေကို သင်ခန်းစာပေးနိုင်မယ့် စာသားလေး တွေကို မျှဝေပေးပါမယ်။ ဒီစာသားလေးတွေဟာ ဘဝအတွက် အတွေးအမြင်သစ်တွေ ပေးစွမ်းနိုင် ပြီး စိတ်ဓာတ်ခွန်အားဖြစ်စေမယ့် အကြောင်းအရာ တွေ ပါဝင်ပါတယ်။

# # # ၁။ **ဘဝဆိုတာ ခရီးတစ်ခုပါ**

ဘဝဆိုတာ ပန်းတိုင်ကို ရောက်ဖို့ မြန်မြန်ပြေးရ တဲ့ ပြိုင်ပွဲမဟုတ်ပါဘူး။ ခရီးတစ်လျှောက်မှာ တွေ့ကြုံရတဲ့ အတွေ့အကြုံတွေ၊ သင်ခန်းစာတွေ ကို ခံစားပြီး သင်ယူဖို့ပါ။ တစ်ခါတစ်ရံ လမ်းမှား တွေ ရောက်တတ်ပေမယ့်၊ ဒါဟာ ကိုယ့်ကို ပိုမို သန်မာလာအောင် ပြုလုပ်ပေးတဲ့ အခွင့်အရေးတစ် ခုပါပဲ။

# # # ၂။ **အခက်အခဲတွေက သင်ခန်းစာတွေ

ဘဝမှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို ရင်ဆိုင် ရတာဟာ သဘာဝပါပဲ။ ဒီအခက်အခဲတွေ ဟာ ကိုယ့်ကို ပိုမိုသန်မာလာအောင်၊ ဉာဏ်ရည် ထက်မြက်လာအောင် လေ့ကျင့်ပေးတဲ့ သင်ခန်းစာ တွေပါ။ အခက်အခဲတွေကို ရှောင်ပြေးမယ့်အစား ရင်ဆိုင်ပြီး သင်ယူပါ။

# # # ၃။ **ကိုယ့်ကိုယ်ကို ယုံကြည်ပါ** ဘယ်သူမှ ကိုယ့်ကို ကိုယ်တိုင်ထက် ပိုပြီး မ ယုံကြည်နိုင်ပါဘူး။ ကိုယ့်ရဲ့စွမ်းရည်ကို ယုံကြည် ပြီး ရည်မှန်းချက်တွေကို လိုက်စားပါ။ ကိုယ့် ကိုယ်ကို ယုံကြည်မှုဟာ အောင်မြင်မှုရဲ့ ပထမဆုံး သော့ချက်ပါ။

# # # ၄။ **ကျေးဇူးတင်တတ်ပါ** ဘဝမှာ ကျေးဇူးတင်စရာတွေ အများကြီးရှိပါတယ်။ ကျေးဇူးတင်တတ်တဲ့စိတ်ဟာ စိတ် ချမ်းသာမှုကို ဖြစ်စေပြီး ဘဝကို ပိုမိုလှပအောင် ပြောင်းလဲပေးနိုင်ပါတယ်။ ကျေးဇူးတင်တတ်တဲ့ သူဟာ ပျော်ရွှင်မှုကို ပိုမိုခံစားရပါတယ်။

# # # ၅။ **အတိတ်ကို လွှတ်ပစ်ပါ** အတိတ်က အမှားတွေ၊ နောင်တတွေကို ဆွဲကိုင် ထားတာဟာ ကိုယ့်ရဲ့အနာဂတ်ကို ဖျက်ဆီးနေ တာပါပဲ။ အတိတ်ကို သင်ခန်းစာအဖြစ် ယူပြီး၊ အနာဂတ်ကို အကောင်းမြင်စိတ်နဲ့ ရင်ဆိုင်ပါ။

# # # ၆။ **ပျော်ရွှင်မှုကို ရှာဖွေပါ** ပျော်ရွှင်မှုဟာ ပန်းတိုင်မဟုတ်ပါဘူး။ ခရီးလမ်းမှာ ရှာဖွေရမယ့် အရာတစ်ခုပါ။ ကိုယ့်ရဲ့နေ့စဉ်ဘဝ မှာ သေးငယ်တဲ့ပျော်ရွှင်မှုတွေကို ရှာဖွေပြီး ခံစား တတ်အောင် ကြိုးစားပါ။

# # # ၇။ **လူတွေကို ကူညီပါ** ဘဝဆိုတာ ကိုယ်တစ်ယောက်တည်း အောင်မြင် ဖို့ မဟုတ်ပါဘူး။ လူတွေကို ကူညီပြီး ဘဝကို ပိုမို တန်ဖိုးရှိအောင် နေထိုင်ပါ။ ကိုယ်ပေးလိုက်တဲ့ ကူညီမှုတွေဟာ ကိုယ့်ကို ပြန်လည်အကျိုးပြုလာ မှာပါ။

# # # ၈။ **အကောင်းမြင်စိတ်ထားပါ** အကောင်းမြင်စိတ်ဟာ ဘဝကို ပိုမိုလှပအောင် ပြောင်းလဲပေးနိုင်ပါတယ်။ အဆိုးတွေကို မြင် တတ်တဲ့စိတ်ထက်၊ အခွင့်အလမ်းတွေကို ရှာဖွေ တတ်တဲ့စိတ်ကို မွေးမြူပါ။

# # # ၉။ **အနာဂတ်ကို စိတ်ကူးပါ** အနာဂတ်ကို စိတ်ကူးပြီး ရည်မှန်းချက် တွေ ချမှတ်ပါ။ ကိုယ့်ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားပါ။ အနာဂတ်ကို ယုံကြည်မှုနဲ့ ဖန်တီးပါ။

# # # ၁၀။ **ကိုယ့်ကိုယ်ကို ချစ်ပါ** ဘယ်သူမှ ကိုယ့်ကို ကိုယ်တိုင်ထက် ပိုပြီး မချစ်နိုင် ပါဘူး။ ကိုယ့်ရဲ့အားသာချက်တွေ၊ အားနည်းချက် တွေကို လက်ခံပြီး ကိုယ့်ကိုယ်ကို ချစ်တတ်အောင် ကြိုးစားပါ။

ဒီစာသားလေးတွေဟာ ဘဝကို ပိုမိုကောင်းမွန် အောင် ပြောင်းလဲဖို့ အားပေးမယ့် သင်ခန်းစာ တွေပါ။ ကိုယ့်ရဲ့ဘဝမှာ ဒီအတွေးအမြင်တွေ ကို အသုံးချပြီး အောင်မြင်မှုတွေ ရရှိပါစေ။
#ချစ်ခြင်းမေတ္တာဖြင့်
#စာတို

17/03/2025

"ကိုယ့်ကိုယ်ကိုယ် မပျောက်ဆုံးပါစေနဲ့"

ချစ်ရတဲ့သူ ဆုံးရှုံးသွားတာလည်း
အချိန်တစ်ခုရောက်ရင် အဆင်ပြေသွားမှာပဲ။

သူငယ်ချင်း ဆုံးရှုံးသွားတာလည်း
အချိန်တစ်ခုရောက်တဲ့အခါ အဆင်ပြေသွားမှာပဲ။

လုပ်နေတဲ့ စီးပွားရေးတွေ ဆုံးရှုံးသွားလည်း
အချိန်တစ်ခုရောက်တဲ့အခါ အဆင်ပြေသွားမှာပဲ။

ဒါပေမဲ့...ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးသွားခဲ့ရင်တော့ ဘယ်လောက် အချိန်ကြာကြာ အဆင်ပြေလာတော့မှာ မဟုတ်လို့ ကိုယ့်ကိုယ်ကိုယ် မပျောက်ဆုံးအောင် ချစ်ပါ ၊ ဂရုစိုက်ပါ ၊ တန်ဖိုးထားကြပါ။ ။


#ချစ်ခြင်းမေတ္တာဖြင့်

15/03/2025

“ကိုယ်ပိုင်အိမ်”လေးရယ်🏡
“ကိုယ်တန်ဖိုးထားရတဲ့သူရယ်”
အသီးအနှံတွေကိုစိုက်ပျိုးရင်း
အေးအေးချမ်းချမ်းလေးနဲ့ နေသွားချင်တဲ့
“ဆန္ဒလေးတော့ရှိတယ်”☘
တကယ့် ဆန္ဒ အမှန်ပါ🥰🥰🥰

#ချစ်ခြင်းမေတ္တာဖြင့် #စာတို

14/03/2025

“ရောဂါရှိပြီး ငွေမရှိရင် ဆေးမရှိတာနဲ့အတူတူပါပဲ။”

အနာသိရင် ဆေးရှိတယ် ဆိုပေမယ့်
ငွေမရှိရင်တော့ ဆေးဝယ်လို့ မရပါဘူး။

ငွေကြေး အဆင်သင့်ရှိခြင်းဟာ
ဆေးဝါး အဆင်သင့်ရှိခြင်းပါပဲ။

သို့သော် -
ငွေပေးရင် ဆေးဝယ်လို့ရပေမယ့်
ကျန်းမာခြင်းရဖို့တော့မသေချာဘူး…။

ကျန်းမာရေးကို ငွေပေးပြီး ဝယ်လို့မရတဲ့အတွက်
ရောဂါကို ငွေပေးပြီးမဝယ်မိပါစေနဲ့။

ပြီးတော့ -
ကျန်းမာခြင်း အဆုံးရှုံးခံပြီး ငွေမရှာနဲ့…။
ငွေကြေး ပြည့်စုံလာတဲ့အချိန်ကျ
ကိုယ့်မှာ ရောဂါဘယတွေလည်း ပြည့်စုံလာလိမ့်မယ်။

အဲ့ဒီအခါ-
ရှာထားသမျှငွေတွေ ဆေးကုရင်း ကုန်သွားလိမ့်မယ်။
ဒါပေမယ့် ပြန်ကျန်းမာလာဖို့ကတော့ မသေချာဘူး။

ငွေရဖို့ပဲ ဂရုစိုက်ပြီး
ကိုယ့်ကျန်းမာရေးကို ဂရုမစိုက်ရင်
ကိုယ်ရှာသမျှ ငွေတွေဟာ
ဆေးရုံ၊ ဆေးခန်းတွေအတွက်ပဲ ဖြစ်သွားလိမ့်မယ်။

ကျန်းမာရေးချို့တဲ့ခြင်းဟာ
အကြီးမားဆုံး ငွေထွက်ပေါက်ကြီးပါ။

ချမ်းသာချင်လို့ ဝင်ငွေတွေရှာခဲ့ပေမယ့်
ရောဂါဖြစ်လို့ ဆင်းရဲသွားရတဲ့သူတွေလည်း ရှိပါတယ်။

ဒါ့ကြောင့် -
ကျန်းမာရေးကို အထူးဂရုစိုက်ပါ။

ကျန်းမာခြင်းဟာ လာဘ်တစ်ပါးလို့ ဘုရားဟောတယ်။
ကျန်းမာခြင်း မရှိတာနဲ့ လာဘ်မရှိတာပဲ။
ကျန်းမာခြင်း ဆုံးရှုံးသွားတာနဲ့
လာဘ်လာဘတွေ ဆုံးရှုံးသွားတာပဲ။

ကျန်းမာ ၊ ချမ်းသာကြပါစေလို့
ဆုတောင်းပေးလေ့ရှိကြတယ်။

ကျန်းမာ မှ ချမ်းသာမှာပါ။
မကျန်းမာရင် မချမ်းသာပါဘူး။

ကျန်းမာဖို့က ချမ်းသာဖို့ရဲ့ အရှေ့မှာ ရှိပါတယ်။

အားလုံး ကျန်းမာရေးကို အထူးဂရုစိုက်ပြီး
ကျန်းမာ ချမ်းသာတဲ့ ဘဝတွေ ရရှိကြပါစေ
#ချစ်ခြင်းမေတ္တာဖြင့် #စာတို

13/03/2025

အခြေအနေ 7 ခုနဲ့ ကြုံလာရင်
တိတ်တိတ်လေး နေပါ။🤫🤫

1 - ဇာတ်လမ်းအပြည့်အစုံကို မသိရင်
ဘာမှ ဝင်မပြောပဲ တိတ်တိတ်လေးနေပါ။

2 - စိတ်ခံစားချက်တွေ အရမ်းပြင်းထန်နေရင် ဘာမှမပြောပဲ တိတ်တိတ်လေးနေပါ။

3 - ဒေါသထွက်နေရင်
ဘာမှမပြောပဲ တိတ်တိတ်လေးနေပါ။

4 - သင့်စကားတွေက လူတယောက်ကို စော်ကားသလိုဖြစ်နေရင် ဘာမှ မပြောပဲ တိတ်တိတ်လေး နေပါ။

5 - သင့်စကားတွေက သူငယ်ချင်းဆက်ဆံရေးကို ဖျက်စီးစေနိုင်တယ်ဆိုရင် ဘာမှမပြောပဲ တိတ်တိတ်လေးနေပါ။

6 - အော်ဟစ်ပြီး စကားပြောမှ ရမယ်ဆိုရင် ဘာမှမပြောပဲ တိတ်တိတ်လေးနေပါ။

7 - သင့်ရဲ့ တိတ်ဆိတ်ခြင်းက ရင်းနှီးမှုတွေကို ကာကွယ်ပေးနိုင်တယ်ဆိုရင် တိတ်တိတ်လေးပဲ နေပါ။


#ချစ်ခြင်းမေတ္တာဖြင့် #စာတို
#ကျိုင်တုန်ဟောနန်း

12/03/2025

ဘဝ ဆိုတာ...
မဖြစ်နိုင်ခြင်း ဆိုတဲ့ နောက်ကွယ်မှာ
ဖြစ်အောင် လုပ်ချင်တဲ့
တံခါး ပေါက်လေး ရှိတယ်။

ဆုံးရှုံးခြင်း ရဲ့ နောက်ကွယ်မှာ
တဖန် အောင်မြင် ဖို့အတွက်
မျှော်လင့်ချက်တွေ ရှိတယ်။

နာကျင်ခြင်း ရဲ့ နောက်ကွယ် မှာ
မခံချင် စိတ်တွေ ရှိတယ်။

အနိမ်ခံ ဘဝ ရဲ့ နောက်ကွယ် မှာ
ခံပြင်းစိတ် နဲ့ ကြိုးစားချင်
စိတ်တွေ ရှိတယ်။

စွန့်လွှတ်မှု ရဲ့ နောက်ကွယ် မှာ
တမ်းတ ငိုကြွေး ခြင်းတွေ ရှိတယ်။

အစွန့်လွတ်ခံ ရခြင်းရဲ့ နောက်ကွယ် မှာ
အရာရာကို နားလည် သွားနိုင်တဲ့
ဘဝ သင်ခန်းစာတွေ ရှိတယ်။

ဘဝဆိုတာ
ကိုယ့်ဒူးကိုယ်ချွန် ရမယ်။
ကိုယ့်လမ်း ကိုယ်လျှောက် ရမယ်။
ကိုယ့်သမိုင်း ကိုယ် ရေးရမယ်။

တကယ်တော့ ဘဝဆိုတာ
အားကိုးရှာဖို့ ရောက်လာတာ မှ
မဟုတ်တာပဲ

ကိုယ်ဖောက် ရမဲ့ လမ်း အတွက်
သင်ခန်းစာယူဖို့ ရောက်လာ ကြတာပါ

အဲဒီ တော့
ဘဝမှာ လဲကျသွားရင်
အားတင်းထား၊

ဘာလို့ လဲကျသွားလဲ ...
သင်ခန်းစာယူ၊

ရအောင် ပြန်မတ်တပ် ရပ်
အောင်မြင်ဖို့ အတွက် ဆက်လျှောက်၊
အဲဒါ ဘဝ ပါပဲ သူငယ်ချင်း


#ချစ်ခြင်းမေတ္တာဖြင့် #စာတို
#ကံကောင်းစာပေမှမေတ္တာဖြင့်မျှဝေသည်

11/03/2025

"ကိုယ့်လက်ထဲရှိမှ ကိုယ့်ပိုက်ဆံပါ"

▪️လူတော်တော်များများ ဘဝမှာ ကြုံရလေ့ရှိတဲ့အချက်ကတော့ ပိုက်ဆံချေးပြီး ပြန်မရခြင်းပဲ။ ပိုက်ဆံချေးတာ ဘယ်ကနေ စသလဲဆိုတော့ အားနာစိတ်ကနေ စတယ်။ တချို့က အတိုးကို မက်မောမိလို့ ချေးကြသူတွေလည်း ရှိမယ်။ ဒါပေမယ့်လည်း တော်တော်များများကတော့ အတိုးကို မက်လို့ဆိုတာထက် ခင်မင်ရင်းနှီးလွန်းနေလို့၊ ငြင်းရမှာ အားနာလို့ ချေးမိကြတာ များပါတယ်။

အဲဒီလိုအားနာပြီး ငွေချေးတတ်လွန်းသူတွေအတွက် စကားလေးတစ်ခုလောက် ပြောချင်တယ်။ "မိတ်ပျက်မှာဆိုးလို့ အားနာလို့ ငွေချေးမိရင် အခုထက် ဆိုးတဲ့အခြေအနေမျိုးနဲ့ မိတ်ပျက်သွားရလိမ့်မယ်"။ ဒီစကားလေးကို သေချာမှတ်ထားစေချင်တယ်.. ။ စေတနာရှိရင် ကိုယ်တတ်နိုင်တဲ့ပမာဏဆိုရင် ဒီတိုင်းပေးလိုက်။ ပြန်ရဖို့ မမျှော်လင့်ဘဲ ကူညီလိုက်။ အချေးအငှားအရှုပ်အရှင်းတွေတော့ မလုပ်စေချင်ဘူး။

▪️ငွေချေးမိရင်ဘယ်လိုဖြစ်လာမလဲဆိုတော့ ကိုယ်ပိုက်ဆံနဲ့ကိုယ် ပြန်ရ၊ မရ စိတ်ပူနေရမယ်။ ကိုယ်လိုတဲ့အချိန်မှာချက်ချင်းရချင်မှ ရမယ်။ ချေးလိုက်တုန်းကတော့ လွယ်လွယ်လေး ချေးလိုက်မိပေမယ့် ပြန်တောင်းတဲ့အခါကျတော့ မလွယ်တော့ဘူး။ ခခယယ ချော့ချော့မော့မော့ တောင်းနေရမယ်။ ကိုယ့်ငွေနဲ့ကိုယ် အောက်ကျရတယ်။ ဒါ ကြုံဖူးတဲ့သူတွေ သိပါလိမ့်မယ်။ ကိုယ့်ငွေနဲ့ကို ပြန်တောင်းဖို့ ဒေါသကိုထိန်းချုပ်ပြီး ဘယ်လောက်သည်းခံရတဲ့အကြောင်းကို ။

အဲဒီတော့ ကိုယ့်ငွေနဲ့ကိုယ်ကို အပူမဖြစ်ချင်ရင် ပိုက်ဆံချေးတော့မယ်ဆို သေချာစဉ်းစားပေါ့။ ကိုယ့်မှာလည်း ကိုယ့်အပူနဲ့ ကိုယ်ပဲလေ။ တကယ့်တကယ် အရေးတကြီး လိုအပ်လာချိန်တွေမှာဆို ကိုယ်ချေးထားတဲ့ငွေက ချက်ချင်းပြန်မရနိုင်ဘူး။ ထပ်ပြောချင်တယ်။ အရေးအကြောင်းကြုံလာပြီဟေ့ဆိုရင် ကိုယ့်လက်ထဲရှိမှ ကိုယ်ပိုက်ဆံပါ။

▪️ငွေချေးသူတော်တော်များများက ဘယ်လိုအချိုးတွေ လုပ်ကြသလဲဆိုရင်.. ငွေလာချေးတုန်းကတော့ ကိုယ်မှ ထုတ်မပေးရင် ဘယ်လိုမှ မဖြစ်လို့.. ဆိုတဲ့ပုံစံ၊ ကိုယ်မှ မကူညီရင် လမ်းဘေးရောက်တော့မယ့်ပုံစံနဲ့ ထိုင်ရှိခိုးမတတ် အပူကပ်ကြတယ်။ ကိုယ်က သနားလို့ ထုတ်ချေးလိုက်မိရင်တော့ ပြန်ရဖို့က မလွယ်တော့ဘူးသာ မှတ်ပေတော့။

အကြောင်းမျိုးစုံပြမယ်။ အချိန်ကို မရမကဆွဲမယ်။ ပြန်ဆပ်ဖို့ကို စိတ်ကူးမရှိကြတော့ဘူး။ တစ်ချို့ဆို ကိုယ်က တောင်းရင် ကိုယ့်ပိုက်ဆံကိုယ် ပြန်တောင်းတာတောင် သူတို့က အထက်စီးက "မရှိလို့မပေးတာပေါ့‌အေ၊ ရှိရင် ပေးမှာပေါ့"ဆိုတာမျိုး။ လာချေးတုန်းက ပုံစံနဲ့များ တခြားစီ။

▪️နောက်တစ်ခု ခံရခက်တာ ရှိသေးတယ်။ ကိုယ်အကြွေးသွားတောင်းရင် မရှိသေးလို့ပါ ပြောတဲ့သူက လိုင်းပေါ်မှာကျ ဘယ်ကို သွားထားတာ၊ ဘာဝယ်ထားတာ၊ သုံးပြ ဖြုန်းပြ ကြွယ်ပြပြီး တင်နေကြတဲ့လူတွေဆိုတာ တကယ်ရှိတယ်နော်။ တစ်ခါတလေကျရင် အရွဲ့တိုက်ပြီးများ လုပ်နေသလားတောင် မှတ်ရလောက်အောင်ပဲ။ ဝမရှိပဲ ဝိလုပ်ချင်ကြတာမျိုး။

အဲလိုလူတွေကျ မဖြစ်စလောက်ငွေကြေးကို နာမည် ဂုဏ်သိက္ခာနဲ့ လဲရဲတာလို့ပဲ ပြောရမယ်။ ကိုယ်က သူများပိုက်ဆံချေးထားပြီးပြီပဲ၊ ကိုယ့်ဆီမှာ ရှိရင် အဲဒါကို အရင်ပြန်ဆပ်ရမယ်လေ။ ကျန်တာနောက်မှ သုံးပေါ့။ ကိုယ်က ပိုက်ဆံလည်း ချေးထားရသေး၊ သူတို့အရွဲ့တိုက်ပြီး တင်နေတာတွေကိုလည်း ကြည့်နေရတာ ဒေါသထွက်စရာပါပဲ။

📌 ပိုက်ဆံချေးမိရင် အကုသိုလ်တွေပဲ တိုးရတယ်။ စိတ်ကြည်လင်ရတယ်ဆိုတာ ရှားတယ်။ ပိုက်ဆံ‌ချေးခြင်းရဲ့ဆိုးကျိုးတွေ အများကြီးထဲက အချက်၂ ချက်လောက် ပြောပြရရင်.. ၁။ "အကြည်ဓာတ်ပျက်၊ ၂။ "မိတ်ပျက်"လို့ အတိုချုပ် မှတ်ထားနိုင်တယ်။

▪️၁။ ကိုယ့်ရဲ့စိတ်အကြည်ဓာတ်ပျက်တယ်

အမှန်တော့ ငွေချေးလိုက်ရင်ကို အဲဒီငွေရဲ့ Power တို့၊ Energy တို့က လျော့သွားတယ်။ ငွေချေးပေးလိုက်တဲ့သူက အမျိုးမျိုးသော အတွေးတွေနဲ့ စိတ်မချမ်းသာဖြစ်ရတယ်။ ငါ့ငွေပြန်ရပါ့မလား၊ ပြန်မရရင် ဘယ်လိုလုပ်ပါ့မယ်ဆိုတာမျိုး.. ။ ပူပန်ရတဲ့အတွေးတွေရှိလာတဲ့အခါ ကိုယ့်ရဲ့ နေ့စဥ်လုပ်ငန်းဆောင်တာတွေမှာ ထိခိုက်လာတယ်။ စိတ်က ပူပန်နေရတော့ အကြည်ဓာတ်ပျောက်လာတယ် အဲဒီလို စိတ်အကြည်ဓာတ်မရှိတဲ့အခါ လုပ်ရကိုင်ရတာတွေမှာလည်း အဆင်မပြေဖြစ်လာတော့တယ်။ ကိုယ့်ငွေချေးပြီး ကိုယ့်မှာ စိတ်အနှောင့်အယှက်ဖြစ်ရတာက အတော်လေးလည်း မခံချင်စရာပါ။

▪️၂။ မိတ်ပျက်ရတယ်

တစ်ရက် အမျိုးသမီးနှစ်ယောက်အော်ကြီးဟစ်ကျယ် ပြောနေသံကြားတယ်။ ဘာပြောနေတာလဲဆိုတော့ အကြွေးတောင်းနေတာ။ အကြွေးတောင်းတာကိုမှ တောင်းရတဲ့လူရဲ့အသံက ပိုထွက်နေရတယ်။ "နင်ယူသွားတော့ ဒီမျက်နှာ ဒီအချိုးလား၊ နင်သူများပိုက်ဆံယူပြီးရင် ပြန်ပေးရမယ်ဆိုတာ မသိဘူးလား"တဲ့ ။

အဲဒီလိုတွေ ဒေါသတကြီးတောင်းနေရတာ၊ ဒါပေမယ့် ပိုက်ဆံယူထားတဲ့သူကကျ အေးဆေးပဲ။ မသိရင် ဘေးနားက သူ့ကို မဟုတ်ဘဲ လာစွပ်စွဲနေသလားတောင် ထင်ရတယ်။ အဲဒီလို အသိတရားမရှိသူတွေအတွက် ဘာအကြောင်းကြောင့်မှကို ချေးဖို့ မလိုတာ။ ချေးပေးတဲ့ အမျိုးသမီးမှာ သူ့ပိုက်ဆံလည်း ပြန်မရတဲ့အပြင် အများအမြင်မှာလည်း အရှက်ရတာပဲ အဖတ်တင်တယ်။ ဒီလူ နှစ်ယောက်ဟာလည်း အရင်ကလို ပြန်လည်ခင်မင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး။

▪️စကားပုံတောင် ရှိတယ်မဟုတ်လား..။ "ကြွေးယူပြုံးပြုံး၊တောင်းတော့မုန်း"ဆိုတာ။ အဲဒါ တကယ့်အမှန်တရား..။ ယူတုန်းက မျက်နှာက တစ်မျိုး၊ အကြွေးပြန်တောင်းခါကြတော့ မျက်နှာကတစ်မျိုး။ စကားပုံထဲကအတိုင်းပဲ ကိုယ့်ပိုက်ဆံကိုယ် ပြန်တောင်းတာတောင် အမုန်းခံရတာမျိုး။

📌 ဒါ့ကြောင့် အပေါ်မှာပြောခဲ့သလို ကိုယ်ကတော့ မိတ်ပျက်မှာဆိုးလို့ ချေးလိုက်ရင်..၊ အဲဒီထက်ဆိုးတဲ့ အခြေအနေနဲ့ မိတ်ပျက်ရတတ်တယ်။ ဒီတော့ ပိုက်ဆံလာချေးရင် "No" လို့ ပြောရဲတဲ့ သတ္တိကို မွေးထားစေချင်တယ်။ "No" ပြောလိုက်လို့ ကိုယ်ကိုယ်တိုင်ရော၊ တစ်ဖက်လူရော စိတ်ကသိကအောင့်ဖြစ်ရတာက ခဏပဲ။ ချေးလိုက်ခါမှ တစ်ယောက်ကို တစ်ယောက် မခေါ်နိုင်မပြောနိုင်ဖြစ်ကုန်ကြတာတွေ ဒုနဲ့ဒေးပါ။

အားနာလို့ လုပ်ပေးလိုက်တာကနေ အကျိုးဆက်တွေက ကိုယ့်စိတ်ကို အဆင်မပြေဖြစ်စေရတာမျိုး မဖြစ်စေချင်ဘူး။ စေတနာရှိရင် ပေးလိုက်ပါ။ ချေးတာမျိုးတော့ မလုပ်ပါနဲ့။ ငွေချေးတော့မယ်လို့ စဉ်းစားမိရင်.."ကိုယ့်လက်ထဲရှိမှ ကိုယ့်ပိုက်ဆံ" ဆိုတာလေးကို အမြဲသတိရဆင်ခြင်မိပါစေ.. ။

#ချစ်ခြင်းမေတ္တာဖြင့် #စာတို #မူရင်းရေးသားသူအားလေးစားခြင်းဖြင့်

10/03/2025

ခက်ခဲကျပ်တည်းတဲ့အချိန်တွေမှာ
ရှေ့ကို နည်းနည်းချင်းပဲ သွားတဲ့။

လုပ်စရာရှိတာကို နည်းနည်းချင်း လုပ်။
အနာဂတ်အကြောင်း တွေးမပူနဲ့၊
မနက်ဖြန် ဘာတွေဖြစ်ကုန်မလဲ
တွေးမကြောက်နဲ့တဲ့။

ပန်းကန်တွေ ဆေး။

အမှိုက်တွေ လှည်းကျင်း။

စာရေးစရာရှိတာ ချရေး။

ချက်စရာရှိတာ ချက်။

ဒီလောက် လုပ်နိုင်ရင် ဒါ ရှေ့ကို ဆက်သွားနေတာပဲတဲ့။ တစ်လှမ်းချင်းပေါ့။

ခက်ခဲတဲ့အချိန်မှာ တစ်လှမ်း လှမ်းပြီးရင် ရပ်လိုက်။
နည်းနည်း အနားယူ။

ငါ ရှေ့ကို ဆက်သွားနေနိုင်သားပဲလို့
ကိုယ့်ကိုယ်ကိုယ် ချီးမွမ်း။
နောက်တစ်လှမ်း လှမ်း။
နောက်တစ်ခါ အနားယူ။

နည်းနည်းချင်းပဲ ဆက်လုပ်နိုင်လေလေ
စိတ်ရောကိုယ်ပါ ပိုနေလို့ကောင်းလာလေလေ
ဖြစ်သွားလိမ့်မယ်။

အနာဂတ်ကို တွေးပူပြီး လက်လျှော့ချင်နေတဲ့စိတ်တွေ လျော့ပါးလာလိမ့်မယ်တဲ့။

#ချစ်ခြင်းမေတ္တာဖြင့် #စာတို

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Pride Banomyong
Bangkok
10260