Learning A Good Life

Learning A Good Life

แชร์

🌏Embark on a journey through knowledge and discovery at Learning a Good Life! 🚀📚

27/03/2026

စိတ်ချမ်းချမ်းသာသာနဲ့ ဘဝကို
ဖြတ်သန်းချင်တယ်ဆိုတာ လူတိုင်းတောင့်တတဲ့ အစစ်အမှန် ချမ်းသာခြင်းပါ။

ဗုဒ္ဓအဆုံးအမတွေနဲ့အညီ စိတ်အေးချမ်းစေမယ့် "နှလုံးသွင်းနည်း ၅ သွယ်" ကို အကြံပြုပါရစေ။

၁။ ပစ္စုပ္ပန် တည့်တည့်မှာ နေပါ
စိတ်ဆင်းရဲရခြင်းရဲ့ အဓိကတရားခံဟာ အတိတ်ကို နောင်တရတာ နဲ့ အနာဂတ်ကို စိုးရိမ်တာ ပါပဲ။

လွန်ခဲ့တာတွေကို ပြန်ပြင်လို့ မရတော့သလို၊
မရောက်သေးတာတွေကိုလည်း ကြိုပူစရာ
မလိုပါဘူး။

လက်ရှိလုပ်နေတဲ့ အလုပ်၊ လက်ရှိရောက်နေတဲ့ နေရာမှာပဲ စိတ်ကိုထားပါ။
အခု... ငါအသက်ရှူနေတယ်၊ အခု... ငါအလုပ်လုပ်နေတယ် လို့ သိနေတာဟာ စိတ်အေးချမ်းမှုရဲ့ အစပါပဲ။

၂။ လွှတ်ချခြင်း အတတ်ပညာကို ကျင့်သုံးပါ
လောကမှာ ကိုယ်မထိန်းချုပ်နိုင်တဲ့အရာတွေ အများကြီးရှိပါတယ်။

သူတစ်ပါးရဲ့ အပြောအဆို၊ ရာသီဥတု၊ ကံကြမ္မာ အလှည့်အပြောင်း... ဒါတွေကို လိုက်ပြင်နေရင် စိတ်ပန်းရုံပဲရှိပါမယ်။

သူ့သဘော သူဆောင်တာပဲ လို့ နှလုံးသွင်းပြီး ကိုယ်နဲ့မဆိုင်တာတွေကို လွှတ်ချလိုက်ပါ။ စိတ်ထဲမှာ ဝန်ပေါ့သွားတာကို ခံစားရပါလိမ့်မယ်။

၃။ ရသမျှနဲ့ ရောင့်ရဲခြင်း
သူတစ်ပါးနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်တာဟာ စိတ်ဆင်းရဲခြင်းကို ဖိတ်ခေါ်တာနဲ့တူပါတယ်။
မိမိမှာရှိတဲ့ အရာလေးတွေကို တန်ဖိုးထားပါ။

ငါ့မှာ ဒါလေးရှိနေတာ တော်သေးတာပဲ ဆိုတဲ့ အသိက စိတ်ကို ချက်ချင်းအေးချမ်းစေပါတယ်။ လောဘနည်းလေ၊ ပူလောင်မှု ကင်းလေပါပဲ။

၄။ မေတ္တာထားပါ
စိတ်ထဲမှာ တစ်ဦးတစ်ယောက်ကို အငြိုးထားတာ၊ မုန်းတာဟာ ကိုယ့်ရင်ဘတ်ထဲမှာ မီးခဲဆုပ်ထားတာနဲ့ တူပါတယ်။

ညအိပ်ခါနီးတိုင်း အားလုံးကို ခွင့်လွှတ်လိုက်ပါ။
အားလုံး အဆင်ပြေကြပါစေ လို့ ဆုတောင်းပေးလိုက်ရင် ကိုယ့်ရဲ့ စိတ်စွမ်းအင်တွေ မြင့်တက်လာပြီး အေးချမ်းတဲ့ အိပ်စက်ခြင်းကို
ရရှိပါလိမ့်မယ်။

၅။ တစ်နေ့တာရဲ့ ကောင်းကွက် ကို ရှာပါ
ဘယ်လောက်ပဲ ကံဆိုးတဲ့နေ့ဖြစ်ပါစေ၊ အဲဒီနေ့ထဲမှာ ကောင်းတဲ့အချက် တစ်ခုတော့ ရှိစမြဲပါ။

ထမင်းကောင်းကောင်း စားလိုက်ရတာ၊ မိတ်ဆွေတစ်ယောက်က ပြုံးပြတာ၊ ဘုရားစာ ရွတ်လိုက်ရတာ စတဲ့ သေးသေးမွှားမွှား အောင်မြင်မှုလေးတွေကို အသိအမှတ်ပြုပါ။

ကျေးဇူးတင်တတ်တဲ့စိတ် (Gratitude) ရှိသူဟာ ဘယ်တော့မှ စိတ်မဆင်းရဲပါဘူး။
မှတ်သားစရာလေးတစ်ခု:
"စိတ်သည် အိမ်ရှင်၊ ရုပ်သည် အိမ်ဖော်" ပါ။

အိမ်ရှင်ဖြစ်တဲ့ စိတ်က ကြည်လင်နေရင် အိမ်ဖော်ဖြစ်တဲ့ ရုပ်ခန္ဓာကလည်း ကျန်းမာလန်းဆန်းနေမှာပါ။

22/03/2026

🤯ကိုယ်ကျင့်တရားဆိုင်ရာ ကံစမ်းမဲ ဒဿန

🥠Moral Luck

ဒဿနဆိုင်ရာ ပဟေဠိတွေထဲမှာ တော်တော်လေး အငြင်းပွါးစရာကောင်းတာကတော့ Moral Luck အယူအဆပါ။ လက်တွေ့ဘဝနဲ့လည်း အရမ်းနီးစပ်တဲ့ အယူအဆတစ်ခုပါ့။

Moral Luck ကို မြန်မာလိုအရှင်းဆုံးပြောရရင် ကိုယ်ကျင့်တရားဆိုင်ရာကံတရားလို့တိုက်ရိုက်ဘာသာပြန်နိုင်ပါတယ်။ ဒီအယူအဆကို ၁၉၇၆ ခုနှစ်မှာ Bernard Williams နဲ့ Thomas Nagel တို့က စတင် မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။

အခြေခံအယူအဆကတော့ "လူတစ်ယောက်ရဲ့ လုပ်ရပ်ကို အကောင်း အဆိုး ဆုံးဖြတ်တဲ့အခါ အဲဒီလူ မထိန်းချုပ်နိုင်တဲ့ အချက်အလက်တွေ ပေါ်မှာ မူတည်ပြီး ဆုံးဖြတ်နေကြတာဟာ တရားမျှတမှု ရှိရဲ့လား?" ဆိုတဲ့ မေးခွန်းပါ။

လူနှစ်ယောက် အရက်သောက်ပြီး ကားမောင်းတယ်။
အရက်သောက်ထားလို့ မူးနေချိန်ကားမောင်းတာက အန္တရာယ်များတယ်ပေါ့။

တစ်ယောက်က ကံကောင်းလို့ ဘာမှမဖြစ်ဘဲ အိမ်ပြန်ရောက်သွားတယ်။ နောက်တစ်ယောက်ကတော့ ကံဆိုးစွာနဲ့ လမ်းဖြတ်ကူးတဲ့သူကို တိုက်မိပြီး လူသတ်သမား ဖြစ်သွားတယ်။

သူတို့နှစ်ဦးလုံးရဲ့ အိမ်ပြန်ဖို့ရည်ရွယ်ချက် က အတူတူပဲ ဖြစ်ပေမယ့် ကံတရား ကြောင့် တစ်ယောက်က လူဆိုးဖြစ်ပြီး တစ်ယောက်က လူကောင်း အနေနဲ့ဆက်နေထိုင်ခွင့်ရတယ်။ Moral Luck အယူအဆအရဒါဟာ တရားမျှတမှု ရှိရဲ့လားလို့ မေးခွန်းထုတ်တာပါ။

ဒါကို Thomas Nagel က ပိုနားလည်အောင် ကံတရား ၄ မျိုးနဲ့ ရှင်းပြထားပေးပါတယ်။

⁉️Constitutive Luck ~မွေးရာပါ စရိုက်ကံ

ဒါကတော့ ကိုယ် ဘယ်လိုလူစားမျိုးအဖြစ် မွေးဖွားလာသလဲဆိုတာပါ။ အချို့သူတွေက မွေးကတည်းက စိတ်ရှည်တတ်တယ်။အချို့က ဒေါသကြီးတတ်တယ်။

ဒေါသကြီးတဲ့သူက စိတ်လိုက်မာန်ပါ လုပ်မိလို့ အပြစ်ဖြစ်သွားတဲ့အခါ စိတ်ရှည်တဲ့သူကတော့ ဘာမှမဖြစ်ဘဲ နေနိုင်တာဟာ သူတို့ရဲ့ မွေးရာပါ မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင် ကြောင့် ဖြစ်နေတာပါ။ အဲဒီ စရိုက်ကို သူတို့ ကိုယ်တိုင် ရွေးချယ်ခဲ့တာ မဟုတ်ပါဘူး။

⁉️Circumstantial Luck ~အခြေအနေပေးမှု ကံ

ဒါကတော့ ကိုယ် ဘယ်လို အခြေအနေမျိုးနဲ့ ကြုံရသလဲဆိုတာပါ။ ၁၉၃၀ ကျော်ကာလ ဂျာမနီနိုင်ငံမှာ နေထိုင်တဲ့ လူတစ်ယောက်ဟာ နာဇီအဖွဲ့ထဲဝင်ပြီး မကောင်းမှုတွေ လုပ်မိနိုင်ခြေ ရှိပါတယ်။

ဒါပေမဲ့ အဲဒီလူပဲ တခြားနိုင်ငံမှာ အေးအေးဆေးဆေး နေရမယ်ဆိုရင် သူဟာ စံပြလူသားတစ်ယောက် ဖြစ်နေမှာပါ။

သူ့ရဲ့ ကိုယ်ကျင့်တရား ဟာ သူဘယ်အချိန် ဘယ်နေရာမှာ ရောက်နေလဲဆိုတဲ့ အခြေအနေပေါ်မှာ မူတည်သွားတာပါ။

⁉️Causal Luck ~ အကြောင်းတရား ကံ

ဒါကတော့ အဖြစ်အပျက်တွေ တစ်ခုနဲ့တစ်ခု ဆက်စပ်နေမှုပါ။ အတိတ်က ဖြစ်ရပ်တွေကြောင့် အခု ကိုယ် ဒီလို ဆုံးဖြတ်ချက် ချလိုက်ရတာမျိုးပါ။ ကိုယ်မထိန်းချုပ်နိုင်တဲ့ အကြောင်းတရားတွေက ကိုယ့်ကို လမ်းကြောင်းတစ်ခုပေါ် တွန်းပို့လိုက်တာမျိုးကို ဆိုလိုပါတယ်။

⁉️Resultant Luck ~ ရလဒ်ပိုင်းဆိုင်ရာ ကံ

ဒါကတော့ အထင်ရှားဆုံး ဥပမာပါ။ အပေါ်မှာ ပြောခဲ့သလို အရက်မူးပြီး ကားမောင်းတဲ့သူ နှစ်ယောက်ပေါ့။

ပထမလူက ကံကောင်းလို့ ဘယ်သူ့ကိုမှ မတိုက်မိဘဲ အိမ်ပြန်ရောက်သွားတယ်။ အဆုံးစွန်သူ ရင်ဆိုင်ရမှာက မူးပီးအရက်မူးပြီးမောင်းမိလို့ဒဏ်ငွေလောက်ပါပဲ။

ဒုတိယလူကတော့ ကံဆိုးစွာနဲ့ လမ်းပေါ်ကို ကလေးတစ်ယောက် ပြေးထွက်လာချိန်မှာ တိုက်မိသွားတယ်။ သူကတော့ လူသတ်သမား အဖြစ် ထောင်ကျပြီး တစ်သက်လုံး အပြစ်တင်ခံရပါတော့မယ်။

စဉ်းစားစရာအချက် က သူတို့နှစ်ယောက်လုံးဟာ အရက်သောက်ပြီး ကားမောင်းမယ် ဆိုတဲ့ မကောင်းတဲ့ ဆုံးဖြတ်ချက်ကို တူတူပဲ ချခဲ့တာပါ။

ဒါပေမဲ့ ကလေး လမ်းပေါ်ထွက်လာခြင်း/မလာခြင်း ဆိုတဲ့ သူတို့ မထိန်းချုပ်နိုင်တဲ့ ကံတရားကြောင့် တစ်ယောက်က ကံဆိုးတဲ့ လူမိုက် ဖြစ်သွားပြီးတစ်ယောက်ကတော့ ဘာမှမဖြစ်သလို နေနိုင်သွားတာပါ။

ဒီဒဿနက ဘာကို မေးခွန်းထုတ်တာလဲဆိုရင်
ကျွန်တော်တို့ဟာ လူတစ်ယောက်ကို အပြစ်ပေးတဲ့အခါ / ချီးမွမ်းတဲ့အခါ သူ့ရဲ့ ရည်ရွယ်ချက် ကိုပဲ ကြည့်ရမှာလား ဒါမှမဟုတ် ထိန်းချုပ်လို့မရတဲ့ ကံတရားကြောင့် ဖြစ်လာတဲ့ ရလဒ်ကို ကြည့်ရမှာလားဗျ။

တကယ်လို့ လူတစ်ယောက်ဟာ သူ မထိန်းချုပ်နိုင်တဲ့ အရာတွေအတွက် တာဝန်ရှိတယ်ဆိုရင် ကိုယ်ကျင့်တရားဆိုတာကြီးက ကံစမ်းမဲ နှိုက်နေသလို ဖြစ်မနေဘူးလားဗျ။

ဘာသာရေးနယ်ပယ်က ကြည့်ရင်တော့ရှင်းပါတယ်။ ကံ ကံ ရဲ့အကျိုးပေါ့။ အတိတ်ဘဝက အကုသိုလ်ကြွေး ဒီဘဝ လာသက်ရောက်တယ်ပေါ့။

ဒါပေမယ့် ဘာသာရေးမဟုတ်နဲ့ ဒဿနပိုင်း က မြင်ကြည့်ရင်တော့ အတော် ခေါင်းစားစရာပါပဲ။

💠💠💠💠💠💠💠💠💠💠💠

Moral Luck ကို တိတိကျကျ ပြောရရင် Philosophical Problem လို့ ခေါ်တာ ပိုမှန်ပါလိမ့်မယ်။

ကျွန်တော်တို့ရဲ့ ကိုယ်ကျင့်တရား စံနှုန်းတွေကြားက ရှေ့နောက်မညီမှုကို ထောက်ပြတဲ့ စောဒကတက်မှု တစ်ခုပေါ့။

လူတစ်ယောက်ဟာ သူ မထိန်းချုပ်နိုင်တဲ့ ကံတရားကြောင့် အပြစ်ပေးခံရခြင်း ဆိုတဲ့ အခြေအနေကြီးဖြစ်သွားတာဟာ Moral Luck ကြောင့်ပဲ လို့ ပြောလို့ရပါတယ်။

ဒဿနိကဗေဒရဲ့ ဘာသာရပ်ခွဲတစ်ခုဖြစ်တဲ့ Ethics ကိုယ်ကျင့်တရားဆိုင်ရာ ဒဿန ထဲမှာ Moral Luck ကို အကျယ်တဝင့် ဆွေးနွေးကြပါတယ်။ ဒါကြောင့် သူ့ကို ဒဿနတစ်ခု လို့ ခေါ်ရင်လည်း မမှားပါဘူး။

ဒါပေမဲ့ သူက Existentialism ဆိုတဲ့ ဖြစ်တည်မှုပဓာနဝါဒ လိုမျိုး ဘဝတစ်ခုလုံးကို လွှမ်းမုံတဲ့ လမ်းစဉ်တော့ မဟုတ်ပေမယ့် ကိုယ်ကျင့်တရားကို ဘယ်လို တိုင်းတာမလဲ ဆိုတဲ့ အပိုင်းကဏ္ဍခွဲတခုပါ။

လူတစ်ယောက်ရဲ့ တန်ဖိုးကို ဆုံးဖြတ်ရာမှာ ကံတရား က ဘယ်လောက်အထိ လွှမ်းမိုးနေသလဲဆိုတာကို မေးခွန်းထုတ်တဲ့ ဒဿနဆိုင်ရာ အယူအဆ တစ်ခု ဖြစ်ပါတယ်။

စစ်ပွဲတစ်ခုမှာ ရန်သူ့ဗိုလ်ချုပ်ကို လုပ်ကြံဖို့ သေနတ်နဲ့ ပစ်လိုက်တဲ့ စစ်သားနှစ်ယောက် ရှိတယ်ဆိုပါစို့။

တစ်ယောက်က ပစ်လိုက်တဲ့အချိန်မှာ ငှက်တစ်ကောင် ဖြတ်ပျံလာလို့ ကျည်ဆန်လွဲသွားပြီး လုပ်ကြံမှု မအောင်မြင်ဘူး။ သူ့ကို မတော်တဆ လို့ သတ်မှတ်ကြမယ်။

နောက်တစ်ယောက်က ငှက်မရှိလို့ ကျည်ဆန်ထိသွားပြီး ဗိုလ်ချုပ်သေသွားတယ်။ သူ့ကိုသူရဲကောင်းဒါမှမဟုတ် လူသတ်သမား လို့ သတ်မှတ်ကြမယ်။

သူတို့နှစ်ယောက်လုံးရဲ့ ရည်ရွယ်ချက် နဲ့ ကြိုးစားမှုက အတူတူပဲ ဖြစ်ပေမယ့် ငှက် ဆိုတဲ့ သူတို့ထိမ်းချုပ်မရတဲ့ အရာကြောင့် သူတို့အပေါ် ထားတဲ့ လောကရဲ့ အမြင် က ကွာခြားသွားတာမျိုးပါ။

ဒီအယူအဆကို သိလိုက်ရတဲ့အတွက် နောင်ဆိုရင် လူတစ်ယောက်က မှားယွင်းမှုတစ်ခု လုပ်မိတဲ့အခါ သူ့ရဲ့ လုပ်ရပ်ကြောင့်လား ဒါမှမဟုတ် ကံဆိုးတဲ့ အခြေအနေကြောင့်လားဆိုတာကို ခွဲခြားပြီး မြင်တတ်လာနိုင်ပါတယ်။

💠💠💠💠💠💠💠💠💠💠💠💠

Moral Luck နဲ့ ပတ်သက်ပြီး ဒဿနပညာရှင်တွေကြားမှာရော သမိုင်းတစ်လျှောက် တရားစီရင်ရေးတွေမှာရော အကြီးအကျယ် အငြင်းပွားခဲ့ရတဲ့ ဖြစ်ရပ်တချို့ ရှိပါတယ်။

ဒီဖြစ်ရပ်တွေက လူတစ်ယောက်ကို သူ့ရဲ့ ရည်ရွယ်ချက်ကြောင့် အပြစ်ပေးမှာလား ရလဒ်ကြောင့် အပြစ်ပေးမှာလားဆိုတာကို ကွဲကွဲပြားပြား မြင်စေပါတယ်။

Moral Luck နဲ့ ပတ်သက်တဲ့စိတ်ဝင်စားစရာသမိုင်းနဲ့ ဥပဒေကြောင်းဆိုင်ရာ ဖြစ်ရပ်အချို့ကိုပြောပြပေးချင်ပါတယ်။

🤔Albert Speer နဲ့ နာဇီတရားခွင်

ဒုတိယကမ္ဘာစစ်အပြီး နုရင်ဘက်တရားခွင် မှာ နာဇီထိပ်ပိုင်းခေါင်းဆောင်တွေကို စစ်ဆေးခဲ့ပါတယ်။ အဲဒီထဲမှာ နာဇီရဲ့ ဗိသုကာပညာရှင် Albert Speer ဆိုသူလည်းပါဝင်ခဲ့ပါတယ်။

အဖြစ်အပျက်ကတော့ Speer ဟာ ဟစ်-တလာရဲ့ ရင်းနှီးတဲ့ မိတ်ဆွေဖြစ်ပြီး လက်နက်ထုတ်လုပ်ရေး ဝန်ကြီးလည်း လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ သူက တရားခွင်မှာ သူက ဂျူးတွေကို သတ်ဖြတ်နေတဲ့ Holocaust အကြောင်း အသေးစိတ် မသိခဲ့ပါဘူးလို့ ထွက်ဆိုခဲ့ပါတယ်။

အဲ့ဒီမှာ Moral Luck ဆက်စပ်မှု တခုထွက်ပေါ်လာပါတယ်။ တခြား နာဇီခေါင်းဆောင်တွေကတော့ တိုက်ရိုက်သတ်ဖြတ်မှုတွေမှာ ပါဝင်ခဲ့လို့ သေဒဏ်ပေးခံရပေမယ့် Speer ကတော့ ထောင်ဒဏ် အနှစ် ၂၀ ပဲ ကျခံခဲ့ရပါတယ်။

ဒဿနပညာရှင်တွေက တကယ်လို့ Speer သာ သတ်ဖြတ်မှုတွေလုပ်တဲ့ ဌာနမှာ တာဝန်ကျခဲ့ရင် သူလည်း လူသတ်သမား ဖြစ်မှာပဲ အခုတော့ သူက ကံကောင်းလို့ နည်းပညာပိုင်းမှာ တာဝန်ကျခဲ့တာ လို့ ထောက်ပြကြပါတယ်။

ဒါဟာ Circumstantial Luck ဆိုတဲ့ အခြေအနေပေးမှုကံ ရဲ့ ပြောင်မြောက်တဲ့ သာဓကတစ်ခုပါ။

🤔William Walker ဆိုတဲ့ကံကောင်းတဲ့ လူသတ်သမား?

ဒါကတော့ ဥပဒေကြောင်းဆိုင်ရာ Moral Luck ရဲ့ အထင်ရှားဆုံး ဥပမာတစ်ခုပါ။ ၁၉၉၆ ခုနှစ်က ဖြစ်ရပ်တစ်ခုမှာ လူနှစ်ယောက်ဟာ ရန်ဖြစ်ကြပြီး တစ်ယောက်က နောက်တစ်ယောက်ကို သေနတ်နဲ့ ပစ်လိုက်ပါတယ်။ ကျည်ဆန်က ဗိုက်ကို ထိသွားပါတယ်။

ဆေးရုံရောက်တဲ့အခါ ဆရာဝန်တွေက ခွဲစိတ်ရင်းနဲ့ အဲဒီလူရဲ့ ဗိုက်ထဲမှာ ကင်ဆာကျိတ် တစ်ခု ရှိနေတာကို မတော်တဆ တွေ့သွားပါတယ်။ အဲဒီကျိတ်ကို အချိန်မီ ဖယ်ရှားလိုက်နိုင်လို့ ပစ်ခတ်ခံရသူဟာ ကင်ဆာရောဂါကနေ သက်သာသွားခဲ့ပါတယ်။

အဲ့ဒီမှာ Moral Luck ဆက်စပ်မှုထွက်ပေါ်လာပါတယ်။ ပစ်တဲ့သူကတော့ သတ်ချင်လို့ ပစ်တာပါ။ ဒါပေမဲ့ သူ့ရဲ့ ကျည်ဆန်ကြောင့် လူနာဟာ ကင်ဆာကနေ အသက်ချမ်းသာရာရသွားတဲ့အတွက် တရားရုံးမှာ လူသတ်ရန် ကြိုးပမ်းမှု အစား ပြစ်ဒဏ်ပိုနည်းတဲ့ အမှုမျိုးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ဒါဟာ Resultant Luck ဆိုတဲ့ရလဒ်ပိုင်းဆိုင်ရာ ကံကြောင့် သူ့ရဲ့ ကိုယ်ကျင့်တရားဆိုင်ရာ အပြစ်က လျော့ပါးသွားသလို ဖြစ်သွားတာပါ။

💠💠💠💠💠💠💠💠💠💠💠💠

ကမ္ဘာ့သမိုင်းတလျောက် အာဏာရှင်တွေကို လုပ်ကြံဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့ ဖြစ်ရပ်တွေ
အများကြီးရှိပါတယ်။

၁၉၃၉ တုန်းက ဟစ်တလာကို လုပ်ကြံဖို့ ဗုံးထောင်ခဲ့တဲ့ Georg Elser ဖြစ်ရပ်ကို ကြည့်ပါ။ သူထောင်ထားတဲ့ ဗုံးက ပေါက်ကွဲပေမယ့် ဟစ်တလာက မိနစ်အနည်းငယ် စောထွက်သွားလို့ အသက်မသေခဲ့ပါဘူး။

တကယ်လို့ ဗုံးပေါက်လို့ ဟစ်တလာ သေသွားရင် Elser ဟာ ကမ္ဘာ့သူရဲကောင်း ဖြစ်မှာပါ။ ဒါပေမဲ့ ဟစ်တလာ မသေခဲ့တဲ့အတွက် Elser ဟာ လူသတ်သမား အဖြစ်ပဲ သမိုင်းတွင်ပြီး ကွပ်မျက်ခံခဲ့ရပါတယ်။

တစ်ဦးတစ်ယောက်ရဲ့ သူရဲကောင်းဖြစ်မှုဟာ မိနစ်အနည်းငယ် စောထွက်ခြင်း/နောက်ကျခြင်း ဆိုတဲ့ ကံတရားပေါ်မှာ မူတည်နေတာဟာ Moral Luck ရဲ့ ထူးဆန်းမှုပါပဲ။

အခုထိ ကမ္ဘာတစ်ဝန်းက တရားရုံးတွေမှာ ငြင်းခုံနေရဆဲ ကိစ္စတခုကလဲရှိလို့နေပြန်ပါတယ်။ လူတစ်ယောက်ကို သတ်ဖို့ ရည်ရွယ်ချက်နဲ့ ပစ်လိုက်တယ်။ ကျည်ဆန် လွဲသွားရင် လူသတ်ရန် ကြိုးပမ်းမှုနဲ့ ထောင်ဒဏ် (၁၀) နှစ်လောက်ပဲ ကျပါမယ်။

ကျည်ဆန် တည့်တည့်ထိပြီး သေသွားရင်တော့ လူသတ်မှု နဲ့ သေဒဏ် ဒါမှမဟုတ် တစ်သက်တစ်ကျွန်း ကျပါမယ်။

မေးခွန်းကတော့ ပြစ်မှုကျူးလွန်သူရဲ့ ရည်ရွယ်ချက်က အတူတူပဲ ဖြစ်ပါလျက်နဲ့... ကျည်ဆန် လွဲခြင်း/မလွဲခြင်းဆိုတဲ့ ကံတရားပေါ်မှာ မူတည်ပြီး ဘာကြောင့် ပြစ်ဒဏ်တွေ ဒီလောက် ကွာခြားနေရတာလဲဆိုတာပါ။

ဒီဖြစ်ရပ်တွေကို ကြည့်ရင် Moral Luck ဆိုတာ စာအုပ်ထဲက ဒဿနသက်သက်မဟုတ်ဘဲ ကျွန်တော်တို့ရဲ့ တရားစီရင်ရေးနဲ့ လူမှုရေးစံနှုန်းတွေမှာ အမြဲတမ်း ပါဝင်ပတ်သက်နေတာကို တွေ့နိုင်ပါတယ်။

ကျွန်တော်တို့ရဲ့ ကိုယ်ကျင့်တရား စံနှုန်းအရ လူတစ်ယောက်ဟာ သူထိန်းချုပ်နိုင်တဲ့ အရာအတွက်ပဲ တာဝန်ရှိတယ် ဆိုတဲ့ Control Principle ရှိပါတယ်။

ဒါပေမဲ့ Moral Luck က အဲဒီနိယာမကို စိန်ခေါ်နေတာပါ။ ကံတရားကို ကျွန်တော်တို့ မထိန်းချုပ်နိုင်ဘဲနဲ့ ဘာလို့ အဲဒီကံတရားရဲ့ ရလဒ်အတွက်တာဝန်ယူနေရလဲဆိုတဲ့မေးခွန်းကိုတိတိပပဘယ်လိုဖြေကြမလဲဗျ….

The Prince Bookshop
Telegram Channel :

https://t.me/theprincebookshop

11/03/2026
02/03/2026
01/03/2026

အမေရိကန်နဲ့ အစ္စရေးတို့ အီရန်ကို ပူးပေါင်းတိုက်ခိုက်ခြင်းမပြုမီ သီတင်းပတ်တွေမှာ CIA ကနေ ထူးခြားတဲ့ အတွင်းပိုင်းသုံးသပ်ချက်တစ်ခု လုပ်ခဲ့ပါတယ်။ အဲဒါကတော့ တိုက်ခိုက်မှုအတွင်း အီရန်ရဲ့ အဓိပ္ပာယ်အရှိဆုံးခေါင်းဆောင် Supreme Leader Ayatollah Ali Khamenei သေဆုံးသွားခဲ့ရင် နိုင်ငံရေးအရ ဘာတွေဆက်ဖြစ်လာနိုင်မလဲဆိုတာကို ကြိုတင်တွက်ဆခဲ့တာပါ။
အခုချိန်မှာ တော့ အီရန်ခေါင်းဆောင် ခါမေနီသေဆုံးပြီဆိုတဲ့ သတင်းတွေထွက်ပေါလာနေပါတယ်။Reuters သတင်းမှာ ဖော်ပြထားတဲ့ အဲဒီအစီရင်ခံစာရဲ့ အနှစ်ချုပ်ကို ဆက်ဖတ်ပါ-

အီရန်ခေါင်းဆောင် Khamenei သေဆုံးသွားရင် ဘာဆက်ဖြစ်မလဲ?

CIA ရဲ့ လျှို့ဝှက်ချက်တွေကို သိခွင့်ရသူတွေအဆိုအရ Khamenei သေဆုံးသွားတာနဲ့တင် အီရန်အစိုးရ ယိုင်လဲသွားတာ ဒါမှမဟုတ် ဒီမိုကရေစီနိုင်ငံ ဖြစ်သွားတာမျိုး မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ အဖြစ်နိုင်ဆုံး အခြေအနေတစ်ခုကတော့ အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ (IRGC) ထဲက သဘောထားတင်းမာသူတွေက အာဏာကို အမြန်စုစည်းပြီး သူ့နေရာမှာ အစားထိုး ဝင်ယူလိုက်နိုင်တာပါပဲ။

ဝါရှင်တန်ဘက်က အီရန်အစိုးရကို အစားထိုးဖို့ (Regime Change) ကို ဗျူဟာမြောက် ရည်မှန်းချက်အဖြစ် စတင်သတ်မှတ်လာချိန်မှာ ဒီအစီရင်ခံစာကို နှစ်ပတ်ကြာ ပြင်ဆင်ခဲ့တာပါ။ စစ်ရေးအရ တိုက်ခိုက်လိုက်ရင် အီရန်ပြည်သူတွေ လမ်းပေါ်ထွက် ဆူပူအုံကြွလာပြီး လက်ရှိဘာသာရေးခေါင်းဆောင်တွေကို ဖြုတ်ချနိုင်မလားဆိုတာကို ခွဲခြမ်းစိတ်ဖြာခဲ့ကြပါတယ်။ ဒါပေမဲ့ အီရန်ရဲ့ အဓိကစနစ်ကို ကာကွယ်ဖို့ တာဝန်ယူထားတဲ့ IRGC က အာဏာကို ဆက်ထိန်းထားဖို့ ကြားဝင်လာနိုင်ပြီး အရင်ကထက်တောင် ပိုပြီး တင်းမာတဲ့၊ စစ်ရေးဆန်တဲ့ အစိုးရမျိုး ဖြစ်လာနိုင်တယ်လို့လည်း သုံးသပ်ထားပါတယ်။

သမ္မတ ထရန့်ကတော့ တီဟီရန်အစိုးရကို ဖြုတ်ချဖို့ကိုပဲ အလိုရှိနေခဲ့တာပါ။ ဒါပေမဲ့ ဘယ်သူက အစားထိုးဝင်မလဲဆိုတာကိုတော့ အတိအကျ မပြောခဲ့ပါဘူး။ တိုက်ခိုက်မှုတွေ လုပ်ပြီးတဲ့နောက် မနက်စောစော မိန့်ခွန်းမှာတော့ ထရန့်က အီရန်ကို "အကြမ်းဖက်အစိုးရ" လို့ နာမည်တပ်ခဲ့ပြီး အမေရိကန်ရဲ့ စစ်ရေးအရ လှုပ်ရှားမှုကနေတစ်ဆင့် အုံကြွမှုတွေဖြစ်လာဖို့နဲ့ အစိုးရကို ဖြုတ်ချဖို့ အီရန်ပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။

တကယ်တော့ အီရန်မှာ ဒီဇင်ဘာလတုန်းက ဆန္ဒပြပွဲတွေ ပြင်းထန်ခဲ့ပြီးကတည်းက အမေရိကန်အစိုးရထဲမှာ စစ်ရေးအရ ကြားဝင်သင့်မသင့် ငြင်းခုံမှုတွေ ရှိခဲ့ပါတယ်။ တစ်ဖက်မှာလည်း နျူကလီးယား သဘောတူညီချက်ရဖို့ ဂျီနီဗာမှာ ဆွေးနွေးနေခဲ့ပေမဲ့ မအောင်မြင်ခဲ့တာကြောင့် စစ်ရေးအရ အရေးယူဖို့က ပိုသေချာသလောက် ဖြစ်လာခဲ့တာပါ။

နိုင်ငံခြားရေးဝန်ကြီး Marco Rubio ကလည်း ဒီစစ်ဆင်ရေးအကြောင်းကို လွှတ်တော်က အရေးကြီးခေါင်းဆောင်တွေကို ကြိုတင်အကြောင်းကြားခဲ့ပါတယ်။ တိုက်ခိုက်မှုတွေ မစတင်မီ သောကြာနေ့ညမှာ သူက ထပ်ပြီး သတိပေးခဲ့ပေမဲ့ "ဆွေးနွေးမှုတွေ အောင်မြင်သွားရင်တော့ သမ္မတက ဒီအစီအစဉ်ကို နောက်ဆုံးအချိန်မှာ ဖျက်သိမ်းနိုင်သေးတယ်" လို့လည်း ပြောခဲ့ပါသေးတယ်။

ဒီအချက်အလက်တွေကနေ သိနိုင်တာကတော့ အင်အားသုံးပြီး နိုင်ငံတစ်ခုရဲ့ စနစ်ကို ပြောင်းလဲဖို့ ကြိုးစားတာဟာ အရမ်းကို အန္တရာယ်များတယ်ဆိုတာပါပဲ။ Khamenei ကို ဖယ်ရှားလိုက်ရင် အမေရိကန် မျှော်လင့်သလို ဖြစ်မလာဘဲ ပိုပြီးခေါင်းမာတဲ့ စစ်တပ်ခေါင်းဆောင်တွေ အာဏာရလာနိုင်တယ်ဆိုတဲ့ CIA ရဲ့ သုံးသပ်ချက်က အမေရိကန်ရဲ့ ရည်မှန်းချက်တွေကို ပိုပြီး ခက်ခဲသွားစေနိုင်ပါတယ်။

ဝလုံး

ကိုးကား-ရိုက်တာ

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

What is Learning A Good Life ?

Learning A Good Life is inspired by an idea to share helpful things with people out there. Since I am also learning to have a good life, I thought sharing what I have learned with others is a kind of contribution too. I hope my work is helpful for all of you.

“We all face hard times in life at some point. The only thing that matters is whether you get through those hard times or not. This page is to help you all get through those hard times and have happy and healthy good lives.”

Special thanks to whoever help me and support me to run this page.

ที่ตั้ง

ประเภท

เว็บไซต์

ที่อยู่


Bangkok
10330