Stars and STEM

Stars and STEM

แชร์

Sea of stars meets the world of STEM

17/01/2026

English စာကို အလွတ်ကျက်ရင်း တိုးတက်မှုမရှိဖြစ်နေလား? ဒါမှမဟုတ် စာမေးပွဲတွေမှာ အမှတ်ပြည့်ရနေပေမဲ့ လက်တွေ့မှာ ပြောရမယ်ဆို စကားစရှာမရဖြစ်နေပြီလား? ဒါဆိုရင်တော့ ဒီအတန်း‌လေးကိုလက်မလွှတ်နဲ့နော်။ဒီအတန်းလေးမှာ စုံထောက်လေးတွေလို ဉာဏ်ကစားပြီး သင်ယူရမယ့် "The Young Detectives" Class! လေးဘဲဖြစ်ပါတယ်။ ကလေးငယ်လေးတေကို လက်တွေ့မှာ ယုံကြည်မှုအပြည့်နဲ့ စကားပြောနိုင်တဲ့ထိ သင်ကြားပေမှာဘဲဖြစ်ပါတယ်။ ကလေးငယ်များ အတွက် activities လေးတေွလည်းပါတာဆိုတော့ ကလေးတေ အတနး်တက်ရပျင်းနေမှာ မဟုတ်တော့ပါဘူးနော်။

ဒီအတန်းလေးကို ၄ တန်းမှ ၆ တန်း ကလေးငယ်များနှင့် A1-A2 level ရှိသူများ အဓိကတက်ရောက်နိုင်တာမို့ အခုဘဲစာရင်းပေးလိုက်တော့နော်။

အတန်းချိန် - အပါတ်စဉ် စနေ တနင်္ဂနွေ ည ၈ နာရီမှ ၉ နာရီ
်တန်း

Photos from Stars and STEM's post 20/04/2025

Hello!👋👋
သင်္ချာဆိုတာကြားတာနဲ့တင် လန့်သွားတာလား? သင်္ချာကို တကယ်ကြိုးစားတွက်ပေမယ့် ဘေးမှာလူမရှိလို့ မေးခွန်းတစ်ခုပြဿနာတစ်ခုနားမလည်ဖြေမရ ဖြစ်ရင်း စာမေးပွဲအတွက် စိတ်ပူနေရတာလား?
ဒါဆို ဒီ post လေးက မင်းအတွက် ဖြစ်နေပြီ!
2024 Oct/Nov IGCSE O Level စာမေးပွဲမှာFPM ကို A*Math B ကို A နဲ့အောင်ထားပြီး၊ ဒီအတွေ့အကြုံတွေနဲ့ အခြားသူတွေကို guide ပြန်ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။
ကိုယ်တိုင်လည်း နှစ် ၂ ကျော် ကျောင်းတက်ရင်း သင်ကြားရေး အတွေ့အကြုံရှိသလို၊ သင်ကြားမှုမှာ ယုံကြည်မှုအပြည့်နဲ့ approach လုပ်ပါတယ်။ ၂ နှစ်အတွင်းရထားတဲ့ review လေးတွေလည်းပြထားပါတယ်။

အထူးသဖြင့် grade F ကနေ A* ထိ ရောက်အောင် ကြိုးစားဖူးတဲ့အတွေ့အကြုံရှိတဲ့အတွက် သင်္ချာကိုမသိသေးတဲ့သူတွေအတွက်ပါ သေသေချာချာ ရှင်းပြနိုင်ပါတယ်။

📚 ပန်းချီ့အနေနဲ့

မေးခွန်းဟောင်းများ ပြန်ကျင့်ပေးခြင်း

ကျောင်းမှာ နားမလည်တဲ့ပုစ္ဆာတွေ ပြန်ရှင်းပြပေးခြင်း

အချိန်မလောက်သူများအတွက် extra class များညှိပေးခြင်း

အငယ်တန်းများအတွက် စာမေးပွဲအစမ်းများ စစ်ပေးခြင်း

သင်္ချာကို နားလည်ချင်သူတိုင်းအတွက် အထောက်အကူဖြစ်စေချင်ပါတယ်။ မေးလို့ရပါတယ်နော် 😊

Zoom ဖြင့် online ကနေသင်ကြားပေးမှာဖြစ်ပြီး အတန်းချိန်တွေကတော့ညှိယူလို့ရပါတယ်

စိတ်ဝင်စားပါက 09953024852 ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်
IGCSE O Level သမားများအတွက် တစ်ယောက်ကို ၁၀၀၀၀၀ ကျသင့်မှာဖြစ်ပြီး group နဲ့သင်ပါက တစ်ယောက်ကို ၆၀၀၀၀ သာကျသင့်မှာဖြစ်ပါတယ်
ကျန်အတန်းငယ်များကတော့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်

11/03/2024

စာလေ့လာရာမှာ အထောက်ကူဖြစ်စေမဲ့ AI tools နဲ့ websites တွေ

AI နည်းပညာဟာ တစ်နေ့ထက်တစ်နေ့ ကြီးမားလာ တာနဲ့ အမျှ လူတွေရဲ့ ဘဝတွေကလည်း ပိုမိုလွယ်ကူလာပါတယ်။ အဲ့တော့ ဒီနေ့ ဘယ် AI tools တွေနဲ့ websites တွေက သင်ကြားရေးမှာ အထောက်ကူ ပြုနိုင်မလဲဆိုတာပြောပြပေးမှာပါ။

အရင်ဆုံး အားလုံးနဲ့ ရင်းနှီးပြီးသား chatGPT နဲ့ စရအောင်။ chatGPT ဟာ နာမည်အကြီးဆုံး AI tool တစ်ခုဆိုလည်းမမှားပါဘူး။ အဲ့ဒီမှာ ကိုယ်သိချင်တဲ့ အချက်အလက်တွေနဲ့ ကိုယ်လိုနေတဲ့ အကြောင်းအရာတွေအကုန်ရှာလို့ရတာမို့ ဘက်စုံသုံး AI tool တစ်ခုလိုပါဘဲ

နောက်တစ်ခုကတော့ microsoft maths solver
သင်္ချာတွက်နေတုန်း ကိုယ်နားမလည်တာ ကိုယ်မသိတာရှိရင် အထူးသဖြင့် self-study လုပ်နေသူတွေ အတွက် အဆင်ပြေဆုံးဆိုလည်းမမှားပါဘူး၊ ကိုယ်နားမလည်တဲ့ ပုစ္ဆာလေးကို ဓာတ်ပုံရိုက်လိုက်ရုံနဲ့ solution ထုတ်ပေးပါတယ်။ အဲ့တော့ self study သမားတွေ အတွက်ကွက်တိပေါ့

YouTube Summary ဒါလေးကလည်း Youtube က‌နေ ပြီး self study လုပ်တဲ့ သူတွေ အတွက် summary ထုတ်ပေးတဲ့ tool လေးပါ။

IELTS ဖြေမဲ့သူတွေ၊ ဘာသာစကားသင်နေတဲ့ သူတွေ နဲ့ IGCSE ဖြေဖို့လုပ်နေသူတွေ အတွက် စာလုပ်ရာမှာ ပျင်းစရာကြီးမဖြစ်စေဖို့ အကြုံပြုချင်တဲ့ Website လေးကတော့ "Quizlet" ဆိုတဲ့ page လေးပါ။ သူက ကိုယ်လိုချင်ဘာသာကိုရွေးလိုက်ရင် အဲ့ကစာတွေ ကို flash cards အဖြစ်ပြောင်းပေးတာမို့ စာလုပ်ရတာ ပျင်းဖို့မကောင်းတော့ ဘဲ စိတ်ဝင်စားစရာ‌လေးအဖြစ် ဖန်တီးပေးပါတယ်။ နောက်ပြီး flash card study method ဟာလည်း လွယ်ကူပြီး ထိရောက်တဲ့ study method မို့လို့ ဒီ website လေးကို အကြံပြုတာပါ။

နောက်ထပ် Website လေးကတော့ IGCSE students လေးတွေအတွက် လုံးဝအသုံးဝင်တဲ့ "Physics and math tutor" ပါ။ မေးခွန်းဟောင်းတွေ notes တွေအပြင် Flash cards တွေပါ အစုံအလင်ပါတာမို့ လုံးဝ recommend ‌ပေးတဲ့ website လေးပါ။ နောက်ပြီး သူက မေးခွန်းဟောင်းတွေကို အခန်းလိုက် စီပေးထားတာ တွေပါရှိလို့ လုံးဝ အဆင်ပြေပါတယ်။

https://t.me/textbook0912
ဒါကတော့ အစိုးရကျောင်းက ကျောင်းသူကျောင်းသာ‌းတွေအတွက် ရှာပေးထားတဲ့ telegram channel လေးပါ။ ပုံနှိပ်စာအုပ်တွေ အပြင် တခြား မေးခွန်းဟောင်း ဘာညာ အစုံရှိတာမို့ ဒီကနေ referenceအစုံ ရနိုင်ပါတယ်။
Math4Ours ဆိုတဲ့ YouTube channel ကနေလည်း သင်္ချာကို ကိုယ်တိုင်လေ့လာလို့ရပါတယ်။

တကယ်ဆို ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ references တွေက အများကြီးပါ အကယ်၍ သင်သာ အသုံးချတတ်မယ်ဆို အရာရာက အချိန်ကုန် ငွေကုန်သက်သာပြီး သင့်ရဲ့ ပန်းတိုင်ကို ရောက်ဖို့ လှေကားထစ်လေးတွေတောင် ဖြစ်နိုင်ပါတယ်။

-edited on canva

10/03/2024

စာက လုပ်နေတာဘဲ ဒါမဲ့ စာလည်းမရဘူး အချိန်တွေသာ ကုန်သွားတယ် ကျူရှင်တွေ တက်လို့ ပိုက်ဆံတွေသာ ကုန်သွားတယ်ဆို အဲ့တာ စာလုပ်နည်းမှားနေလို့ပါ
အဲ့တော့ စာက ဒီတိုင်းကျက်နေ တွက်နေရင် ရပြီမဟုတ်ဘူးလား? ဘာလို့ စာလုပ်နည်းလိုမှာလဲ လို့ မေးချင်နေမှာ ပါ "Study smart" ဆိုသလိုဘဲ စာလုပ်နည်းမှန်ရင် အချိန်လည်းသက်သာသလို စာလုပ်တာ လည်း ပျော်စရာဖြစ်နေမှာပါ

အဲ့တော့ စလိုက်ရအောင်

အရင်ဆုံး လုံးဝ ကျောင်းသားတွေကြားထဲမှာ အထိရောက်ဆုံး method ဖြစ်တဲ့ ( Feynman Technique သို့မဟုတ် ဆရာကြီးလုပ်နည်း) ဒါက ကိုယ်တိုင်စမ်းကြည့်ပြီးသွားပါပြီ အမှတ် လည်းတက်လာသလို စာလုပ်ရတာလည်း ပျင်းစရာကြီး မဖြစ်တော့ဘဲ ပျော်စရာလေးဖြစ်သွားတယ်ပေါ့နော်
ဒီတော့ ဒါက ဘယ်လိုလုပ်ရမလဲဆိုတော့ ရှင်းပါတယ်. ဆရာကြီးလုပ်နည်းဆိုသလိုဘဲ သူများကိုစာရှင်းပြရတာပါ ရှင်းပြစရာ လူမရှိရင် နံရံကို ဖြစ်ဖြစ် တစ်ခုခုကို ကိုယ်နားလည်လာတဲ့ စာတွေပြန်သင်ပေးလိုက်ပါ ပျော်ဖို့လည်းကောင်းသလို စာတွေုလည်း အလွယ်တကူ မှတ်မိနေမှာပါ။ ဒါကိုတော့ များသောအားဖြင့် သိပ္ပံဘာသာရပ်တွေမှာ သုံးဖြစ်တာ များပါတယ်။ သင်္ချာကိုတော့ ဒီနည်းလမ်း ကို မသုံးစေချင်ပါဘူး

အဲ့တော့ သင်္ချာကို ဘာသုံးမလဲ?
Pomodoro technique သင်္ချာဆိုတာဟာ အရမ်းခေါင်းရှုပ်ပြီး ကျောင်းသာ‌းတွေ အမုန်းဆုံး ဘာသာရပ်ထဲက တစ်ခုဆိုလည်း ငြင်းမရပါဘူး။ သင်္ချာတွက်လေတွက်လေ ခေါင်းရှပ်လေဆိုတော့ တောက်လျှောက်တွက်သွားရင် စိတ်တဇ္ဇဆေးရုံမှာ ဘဝဆုံးသွားမှာပါ အဲ့တော့ သင်္ချာတွက်ဖို့ ဒီနည်းလမ်းလေးကို အကြံပြုချင်ပါတယ်။ ဒါလေးကတော့ အနားယူလိုက်တွက်လိုက်ဘဲ ဖြစ်ပါတယ်။ မလိုအပ်တဲ့ အရာတွေ အထူးသဖြင့် ကိုယ့်ကို distract လုပ်မဲ့ အရာတွေ ဉပမာ ဖုန်းလိုမျိုးကို ကိုယ်နဲ့ ဝေးတဲ့ တစ်နေရာမှာထား ပြီး သင်္ချာကို သေချာအာရုံ စိုက်ပြီး ၂၅ မိနစ် သို့မဟုတ် ၄၅ မိနစ်လောက်မနားတမ်းတွက်ပါ။ သင်္ချာတွက်နေချိန် သင်္ချာကလွဲပြီး တခြား ဘာမှ မတွေ့းပါနဲ့။ ကိုယ်သတ်မှတ်ထားတဲ့ တွက်ချိန် ပြည့်သွားရင် ၅မိနစ် သို့မဟုတ် ၁၀ မိနစ်လောက်နားချိန်ယူပါ။ နားနေချိန်မှာ ဖုန်းမသုံးပါနဲ့ အပြည့်အဝနားပါ။ နားနေချိန်မှာ တရားထိုင်တာဖြစ်ဖြစ် လုပ်နေတာ အဲ့တာက စိတ်ကို တည်ငြိမ်စေမှာပါ။
ကိုယ်တိုင်လုပ် တုန်းက ညဘက်စာလုပ်တာများပါတယ်။ အဲ့တော့ ည ၈ နာရီကနေ စပြီး ၁၁ နာရီ အတွင်းမှာ ဒီနည်းလမ်းနှစ်ခုကို ချိတ်ဆက်ပြီး စာလုပ်ဖြစ်တယ်ပေါ့နော်။ ကိုယ်တိုင် ဒီနည်းလမ်းနဲ့ စာလုပ်တုန်းကတော့ timer နဲ့ပါ မိနစ် ၅၀ လောက်စာလုပ်ပြီးရင် ၁၀ မိနစ်လောက် မှေးလိုက်တယ်။ ဖုန်းကိုလည်း အသံပိတ် noti off ထားလို့ တော်ရံု ဆို စာမပြန်ဖြစ်တာများတယ်။

ဒါကတော့ အခုလက်ရှိ အဓိကသုံးနေတဲ့ နည်းလမ်းနှစ်ခုပါ တခြားနည်းလမ်းတွေလည်းရှိပါသေးတယ်။ ဒီနည်းလမ်းတွေက တကယ်အလုပ်ဖြစ်ပေမဲ့ ကိုယ်က အာရုံစူးစိုက်မှုမရှိရင်တော့ မဖြစ်လောက်ဘူး။ အဲ့တော့ ကျောင်းမှာ စာသေချာလိုက်နိုင်ချင်တယ်ဆိုရင် တစ်နေ့စာတစ်နေ့ ပြန်ကြည့်ပါ ဆရာမတွေကို မေးခွန်း‌မေးပါ။ ဆရာမတွေကို မမေးရဲရင် အဲ့ ‌မေးခွန်းရဲ့ အဖြေကို ရအောင်ရှာပါ google Youtube Facebook စတဲ့ အရာတွေက အလေလိုက်ဖို့ မဟုတ်ပါဘူး။ အရေးကြီးဆုံးကတော့ ကိုယ်စာလုပ်တဲ့ အချိန်မှာ timetable ဆွဲဖို့ပါ အဲ့တာမှ ဒါပြီးရင် ဒါ လုပ်ရမယ်ဆိုတာ တန်းသိနေမှာပါ။
-Photo edited on Canva

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

เว็บไซต์

ที่อยู่


Bangkok