16/08/2026
ထိုင်းမှာ သင်ကြားရေးအလုပ် ရှာရမယ့်
Website နဲ့ နေရာတွေ first comment မှာ
ကြည့်ပါရှင် 👇🏼
ပုံလေးကတော့ အရင်တစ်ပါတ်က
ကလေးတွေနဲ့ excursion ထွက်ခဲ့ပုံလေးပါ 😍
ထိုင်းမှာ ဆရာအလုပ်လျှောက်ဖို့
အခြေခံလိုအပ်ချက်လေးတွေက 👇🏼
(၁) ဘွဲ့တစ်ခုခု
(၂) TOEIC Score အနည်းဆုံး 700 ကျော်
(၃) TESOL (or) TEFL လက်မှတ်
(၄) အတွေ့အကြုံ
(၅) အသံထွက်ကောင်းကောင်း
တို့ပဲဖြစ်ပါတယ်။
TOEIC Preparation Video လေး
Tr.Ivy ဆီမှာ ရှိပါတယ်။
အသေးစိတ် CB နော်……။
12/08/2026
ကျမ မနှစ်တုန်းက August လမှာ
ဘန်ကောက်မှာ သင်ကြားရေးအလုပ် ရခဲ့ပါတယ်။
August, Sept လတွေဟာ
အစိုးရကျောင်း Second Semester
ဖွင့်ချိန်အတွက် Hiring Season တွေ
ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ ဆရာမအလုပ်
လျှောက်ဖို့ အခြေခံ လိုအပ်ချက်တွေက 👇🏼
- ဘွဲ့တစ်ခုခုရထားရပါမယ်။
- TOEIC လက်မှတ်ရှိရပါမယ်။
Score 700 ကျော် အနည်းဆုံးထား
တောင်းပါတယ်။
(TOEIC test preparation video class
စုံစမ်းနိုင်ပါတယ်ရှင်။)
- နာရီ ၁၂၀ ရှိသော English သင်ကြားရေး
လက််မှတ် တခုခု (ဥပမာ- TESOL/TEFL/CELTA)
- သင်ကြားရေးအတွေ့အကြုံ
- English အသံထွက် မှန်ကန်ပီသမှု
ဒါလေးတွေ အခြေခံလိုအပ်ပါတယ်ရှင်။
အလုပ်လျှောက်တဲ့အခါ CV ရယ်
Cover Letter ရယ်အပြင်၊ ၂ မိနစ်ထပ်
မပိုတဲ့ self-introduction ပါ ထည့်လျှောက်ပါ။
Demo teaching အတွက်
Lesson plan, materials, presentation
သေချာပြင်ထား၊ လေ့ကျင့်ထားပါ။
အားလုံးပဲ အဆင်ပြေကံကောင်းကြပါစေရှင့် 🫶
TOEIC အတန်းလေး စုံစမ်းနေရင်
first comment က link လေးမှာ
အသေးစိတ် ဖတ်ကြည့်နော်……။
04/08/2026
#သိကိုသိထားရမည့်TOEIC_Grammarများ
TOEIC Reading အတွက်
Grammar ကျေညက်ဖို့
အင်မတန် အရေးကြီးပါတယ်။
Grammar မေးတဲ့ Reading အပုဒ်တွေမှာ
စာကြောင်း ဆိုလိုရင်းအဓိပ္ပါယ်
သိဖို့မလိုပဲ Grammar form တွေနဲ့
စကားလုံးအမျိုးအစား (Word Family)
တွေကို မှတ်မိနေဖို့ပဲ လိုပါတယ်။
ဒါဆို ဘာသာမပြန်နိုင်ရင်တောင်
အမှတ်ရမှာပါ။ ဒါပေမယ့်
Grammar မသိရင်တော့
ဘာသာပြန်နိုင်လဲ ဖြေနိုင်မှာ
မဟုတ်ပါဘူး။
TOEIC Reading မှာ တွေ့ရများတဲ့
Grammar တွေက
💡“8 Parts of Speech”
ဝါစင်္ဂ (၈) မျိုးသိမှာသာ
စကားလုံး အမျိုးအစား ရွေးခိုင်းတဲ့
(ဥပမာ - family, familiar, familiarity)
အပုဒ်တွေမှာ အမှတ်ရမှာပါ။
တအားကိုတွေ့ရများတဲ့ မေးခွန်းပုံစံပါ။
အဲတာကြောင့် ကျောင်းသားဟာ
စာကြောင်းကို မြင်လိုက်တာနဲ့
ဘာအမျိုးအစား ထည့်ရမလဲဆိုတာ
သိဖို့ အရေးကြီးပါတယ်။
💡Tense 12 မျိုး
Grammar (12) မျိုးနဲ့ verb form
တွေ လုံးဝကျေညက်ထားမှ
ဖြစ်ပါမယ်။ ဒါတွေချည်း အများဆုံး
တွေ့ရမှာပါ။ စာတစ်ကြောင်းကို
ဖတ်လိုက်တာနဲ့ ဘယ် Tense သုံးရမလဲ၊
ဘာ verb form လဲ သိနေရပါမယ်။
💡စာကြောင်းတည်ဆောက်ပုံ
Subject Verb Object အစရှိသဖြင့်
စာကြောင်းတည်ဆောက်ပုံတွေ၊
ဘယ်စကားလုံးကို စာကြောင်းရဲ့
ဘယ်နေရာမှာ ထည့်ရမလဲဆိုတာတွေ
မဖြစ်မနေ သိထားရပါမယ်။
💡 Active Voice and Passive Voice
Passive Voice မှာ Formal အသုံးတွေမှာ
အတွေ့ရများတာမို့ ဒါသည်လဲ
တွေ့ရများပြီး အရေးကြီးပါတယ်။
💡 If Pattern
အမြဲတမ်းလိုလိုပါတဲ့ Grammar ပါ။
If Conditions တွေဟာ Speaking မှာလဲ
အသုံးများတာမို့ Reading ရော Listening
မှာပါ တွေ့ရပါလိမ့်မယ်။
💡Inversion form
ကြည့်မထားရင် ပါလာပါက
ဘာဖြေရမယ်မှန်းကို မသိနိုင်တဲ့ Form ပါ။
လုပ်ငန်းခွင် Formal အသုံးတွေမှာ
အင်မတန်တွေ့ရများပါတယ်။
💡Prepositions and Conjunctions
နောက်ထပ်တအားတွေ့ရများတာတော့
Prepositions နဲ့ Conjunctions တွေပဲ
ဖြစ်ပါတယ်။
==================
TOEIC မှာ အခုရေးထားတဲ့အထဲက
မဟုတ်တဲ့ Grammar တွေလဲ
တွေ့နိုင်ပါသေးတယ်။
ဒါက တီချယ်မေးခွန်းဟောင်းတွေထဲကနေ
တွေ့ရများတဲ့ Pattern တွေ
ဆွဲထုတ်ထားပေးတာပါ။
ဒါတွေကျွမ်းရင် TOEIC အမှတ်
၇၀၀၊ ၈၀၀၊ ၉၀၀ ပြေးမလွတ်စေရ၊
အာမခံရဲတယ်။
တကယ်လို့ ကိုယ်က
TOEIC preparation class
ရှာနေတယ်၊ ဒီ Grammar တွေ
အခြေခံက စရှင်းပြတာမျိုး
တက်ချင်ရင်တော့
Tr.Ivy ရဲ့ ရာသက်ပန်
Telegram Video Class လေး
ရှိမယ်နော်။
First comment က Link မှာ
သင်တန်းအကြောင်း ဖတ်ကြည့်ပါရှင့် 🫶
31/07/2026
အမေး : TOEIC မဖြေရသေးရင်ရော ထိုင်းမှာ ဆရာမအလုပ် လျှောက်လို့ရလား? 👇🏼
အဖြေ : ရပါတယ်။
ရှင်းလင်းချက် : TOEIC မဖြေရသေးလဲ အလုပ်တွေ စလျှောက်ထားလို့ရပါတယ်။ TOEIC က အလုပ်ရအပြီး teaching license နဲ့ Non-B Visa လျှောက်ဖို့အတွက် လိုတာဖြစ်ပါတယ်။ ဒါပေမယ့် Teaching Job အတော်များများ အလုပ်ခေါ်စာတွေကတော့ TOEIC Score ထည့်ခေါ်လေ့ရှိတာမို့၊ ဖြေထားပြီး CV တွေဘွဲ့တွေနဲ့တူတူ TOEIC လက်မှတ်ပါတွဲပြနိုင်ရင်တော့ အကောင်းဆုံးပေါ့ရှင်။
ထိုင်းမှာ ဆရာ၊ဆရာမအလုပ်တွေအတွက် TOEIC အနည်းဆုံး ၇၀၀ ကစခေါ်ပါတယ်။ များများရထားလေ အားသာလေပါပဲ။
ဘွဲ့လက်မှတ်စာရွက်စာတမ်းတွေ နဲ့ TOEIC လက်မှတ်ရှိထားရင် Non-B Visa ကို ဘတ် ၁၉၀၀ နဲ့တင် ဘန်ကောက်မြို့တွင်းမှာတင်လျှောက်လို့ရပြီး၊ မရှိထားရင်တော့ နိုင်ငံအထွက်ပြလျှောက်ရပြီး ဘတ် ၁သောင်းကျော်ဝန်းကျင် ကုန်န်ိုင်ပါတယ်။
TOEIC Preparation class လေး စုံစမ်းနေရင်တော့ ကျမဆီမှာ ရာသက်ပန် telegram video class လေးရှိပါတယ်ရှင်။ အသေးစိတ် CB ပါ။ 🫶 First comment မှာလဲ ကြည့်နိုင်ပါတယ်။
21/07/2026
📣 ထိုင်းအစိုးရကျောင်းတွေရဲ့
ဆရာ၊ ဆရာမအလုပ်ခေါ်ချိန်
ဒုတိယအကြိမ်မြောက် ရောက်ခါနီးပါပြီ 📣
Tr.Ivy တုန်းက August လမှာ
အလုပ်ရခဲ့တာပါ။
မကြာခင် ထိုင်းအစိုးရကျောင်းတွေဟာ
First Semester ပိတ်ရက်
ရောက်ပါတော့မယ်။
Semester ပိတ်ရက်တွေတိုင်း
နောက်လာမယ့် Semester တွေအတွက်
အလုပ်တွေခေါ်ကြလေ့ရှိပါတယ်။
August, September နဲ့ October လတွေဟာ
ကျောင်းတွေရဲ့ second semester အတွက်
ဆရာ၊ ဆရာမအလုပ် အခေါ်ဆုံး
လတွေပါ။
ထိုင်းမှာသင်ကြားရေးအလုပ်လျှောက်ဖို့
အခြေခံ လိုအပ်ချက်တွေက-
(၁) ဘွဲ့တစ်ခုခုရထားရပါမယ်
(၂) TESOL (သို့) TEFL လိုမျိုး သင်ကြာရေး
နဲ့ဆိုင်တဲ့ Certificate (or) Diploma
တခုခုရှိရပါမယ်
(၃) TOEIC လက်မှတ်ရှိရပါမယ်
(၄) English အသံထွက်ကောင်းပြီး၊
သင်ကြားရေးအတွေ့ကြုံ ရှိရပါမယ်ရှင်။
ထိုင်းကိုထွက်လာပြီး
ဆရာ၊ဆရာမ အလုပ်လျှောက်ဖို့
တွေးထားသူတွေ စာရွက်စာတမ်းအပိုင်း
အောက်ပါအချက်တွေစပြီး
ပြင်ဆင်ထားသင့်ပါပြီ။
(၁) ဘွဲ့လက်မှတ်နဲ့ အမှတ်စာရင်းတွေ
နိုတြီပြန်၊ MOFA ထု ပြီး
သံရုံးမှာ legalized လုပ်ထားရန်
(၂) TOEIC test အတွက် လေ့ကျင့်ထားရန်
(Practice class cb မှာ စုံစမ်းနိုင်ပါတယ်)
(၃) CV နဲ့ Cover Letter ရေးထားရန် (pdf format)
(၄) ၂ မိနစ်စာ Introduction Video record ထားရန်
တို့ပဲဖြစ်ပါတယ်။
ဒါတွေကို အရှေ့မှာ
ရေးခဲ့တဲ့ ဘွဲ့လိုအပ်ချက်တွေ
ပြည့်စုံရင် ပြင်ဆင်ထားသင့်ပါပြီ။
ကျမအရှေ့မှာ ထိုင်းနိုင်ငံမှာ
သင်ကြားရေးအလုပ်လျှောက်ဖို့
အခြေခံ လိုအပ်ချက်များ နှင့်
ဘွဲ့လက်မှတ်များ အကြောင်းလဲ
ရေးပေးခဲ့ပြီးပါပြီ။
မဖတ်ရသေးရင်
first comment မှာ
ကြည့်နိုင်ပါတယ်။
ထိုင်းနိုင်ငံရဲ့ သင်ကြားရေးအလုပ်နဲ့
ပါတ်သတ်တဲ့ အကြောင်းအရာများ
ကျမ page မှာ တောက်လျှောက်
ရေးတင်ပေးနေပါတယ်။
နောက်ရက်များမှာ
အလုပ်ရှာရမယ့် source တွေလဲ
ရေးတင်ပေးပါဦးမယ်။
TOEIC ရာသက်ပန် Telegram
Video Class လေးလဲ ဖွင့်နေပါပြီ
CB မှာ အသေးစိတ်မေးနိုင်ပါတယ်နော်။
Tr.Ivy
Certified TESOL Teacher
English Program Teacher
Soi Annex School, Bangkok
18/07/2026
ဒီပို့စ်မှာ ထိုင်းနဲ့မြန်မာမှာ ဘယ်မှာဖြေရလဲ? စာမေးပွဲကြေးဘယ်လောက်လဲ? Register ဘယ်လိုလုပ်ရလဲ? ဘယ် အချိန်တွေ စာမေးပွဲရှိလဲ? ဒါတွေအကုန် ရေးပေးသွားပါမယ်။
#ထိုင်းမှာဆိုရင်
ဘန်ကောက်နဲ့ ချင်းမိုင်က
CPA Thailand မှာ
ဖြေလို့ရပါတယ်။
Center of Professional Assessment ပါ။
သူတို့ရဲ့ website မှာပဲ
ဖြေဆိုရမယ့် Test Date တွေ
တင်ပေးထားပါတယ်။
လတိုင်း TOEIC Test ရှိပါတယ်။
Institutional Test နဲ့ Public Test
(၂) မျိုးရှိပြီး TOEIC Listening & Reading
Public Test ကို ရွေးဖြေပါရှင်။
Institutional Test က အဖွဲ့အစည်း
တစ်ခုအတွက်ပဲ ရည်ရွယ်တဲ့
လက်မှတ်မျိုးပါ။
Public test ကတော့ လုပ်ငန်းခွင်တိုင်း
အတွက် ရည်ရွယ်ပါတယ်။
ဖုန်းဆက်ပြီး ကိုယ့်နာမည်နဲ့
Passport Number ပြောပြီးတော့
Register လုပ်ရုံပါပဲ။
စာမေးပွဲကြေးက ဘတ် ၂၀၀၀ ပါ။
ဖြေမယ့်နေ့မှာ Passport နဲ့ ပိုက်ဆံ
ယူသွားရုံပါပဲ။
အနည်းဆုံး ၁နာရီ စောသွားပါ။
#ရန်ကုန် မှာကတော့ MICT Park
ထဲက IIG Education Myanmar မှာ
ဖြေရပါတယ်။
စာမေးပွဲကြေး USD 40 ပါ။
ဒေါ်လာအရွက်နဲ့ပဲလက်ခံပါတယ်။
သူလဲ လတိုင်းစာမေးပွဲရှိပါတယ်။
test date တွေနဲ့အသေးစိတ်ကို
သူတို့ရဲ့ page မှာ
တောင်းနိုင်ပါတယ်။
မန္တလေးမှာတော့ test center
မရှိသေးပါဘူးတဲ့ရှင်။
Comment မှာ CPA website နဲ့
IIG Education Myanmar FB Page
Link တွေတင်ထားပေးပါမယ်။
TOEIC စာမေးပွဲနဲ့ပါတ်သတ်ပြီး
သိချင်တာတွေရှိရင် comment မှာလဲ
မေးခဲ့နိုင်ပါတယ်။
(လျှို့ဝှက်ချက်တစ်ခုပြောပြရရင်
ထိုင်းမှာဖြေမယ်ဆို မဖြေခင်
ရှူးရှူးသေချာ ပေါက်သွားကြပါရှင်။
အနွေးထည် မမေ့မလျော့ဝတ်သွားပါ။
အဲကွန်းးတအားးးကိုအေးးပါတယ်။
အေးလေ ရှူးပေါက်ချင်လေ
စာစဉ်းစားမရလေပါ။ ကိုယ်တွေ့ 😂)
============
TOEIC သင်တန်းလေး စုံစမ်းနေတယ်
ဆိုရင်တော့ Tr.Ivy ရဲ့ ရာသက်ပန်
Telegram Video Class လေး ရှိမယ်နော်။
TOEIC Telegram Video Class
(ရာသက်ပန် အတန်းလေးမှာ)
ဘာတွေလေ့လာရမလဲ? 👇🏼
Reading မှာ အမှတ်များများယူနိုင်ဖို့
- Grammar Tenses and Patterns
- Sentence Structure တွေကို
အခြေခံက စလေ့လာရမယ့်အပြင်
Listening and Vocab အတွက်
- Office English usages
- Business English usages
- Barron’s 600 TOEIC Essential Words နဲ့
လေ့ကျင့်ကြပါမယ်
Score ခန့်မှန်းပေးတဲ့
Mock Test တွေဖြေကြည့်ရမယ့်အပြင်၊
မေးခွန်းဟောင်းတွေပါ
လေ့ကျင့်ရပါမယ်ရှင်။
TOEIC က Reading & Listening ပဲ
အဓိကနော်၊ Multiple Choice
တွေချည်းပဲမလို့ ပေါ့ပါးမှာပါ။
ရာသက်ပန်အတန်း Video Class
လေးဖြစ်တာမို့ ဈေးနှုန်းကလဲ
မြန်မာငွေ သောင်းဂဏန်းပါ 🥰
အသေးစိတ် CB နော် 🤍
====================
Tr.Ivy
English Program Teacher
Soi Annex School, Bangkok
13/07/2026
ထိုင်းမှာ သင်ကြာရေးအလုပ် လာရှာမယ့်
ဆရာ၊ဆရာမတွေအတွက်
အသင့်တော်ဆုံး Visa က
TR Visa (Tourist Visa) ဖြစ်ပါတယ်။
ရက် ၆၀ (၂ လ) အရင်ရပါမယ်၊
ပြီးရင် ၁ လ ထပ်တိုးလို့ရပါသေးတယ်။
၃ လအတွင်း အလုပ်ရှာပြီး ရတဲ့အခါ
သက်ဆိုင်ရာကျောင်းက Non-B Visa
ပြောင်းပေးပါလိမ့်မယ်ရှင်။
တကယ်လို့ ကိုယ်က အလုပ်မရသေးဘူး၊
ဆက်နေဖို့၊ ဆက်ရှာဖို့ လိုအပ်ဉီးမယ်ဆိုရင်
အဲဒီ TR Visa ကိုပဲ ၁ လခြင်း တိုးနေလို့
ရပါသေးတယ်။
ကိုယ်တိုင် နောက်ထပ် (၃) လလောက်အထိ
တိုးနေလို့ရပြီး၊ Service သုံးပြီးတိုးမယ်ဆို
TR Visa နဲ့တင် ၁၀ လအထိနေလို့ရပါတယ်။
လက်ရှိဈေးအရတော့ Service သုံးပြီး
တိုးရင် ၁ လကို ဘတ် ၄၅၀၀၊ ၅၀၀၀ လောက်
ပေးရပါတယ်။
နောက်ထပ်ရွေးချယ်စရာ Visa တစ်မျိုးကတော့
Education (ED visa) ပါ၊ Language School တွေ
တက္ကသိုလ်တွေကနေပေးတဲ့ Visa တွေယူထားရင်းလဲ
အလုပ်လျှောက်ကြတာပေါ့နော်။
အလုပ်ရရင် အဲဒီ Visa တွေကနေ တဆင့်
Non-B တိုက်ရိုက်ပြောင်းလို့ရမရကတော့
ကိုယ်အပ်တဲ့ကျောင်းနဲ့ပဲ confirm လုပ်ပါရှင်။
မရရင် ED Visa ကနေ Tourist Visa (TR Visa)
ပဲပြန်လျှောက်ပြီး Non-B လျှောက်ရမှာပါ။
တကယ်လို့ကိုယ်က ဒီမှာဘတ်ရိုက်ထားတယ်လို့
ခေါ်ကြတဲ့ Non LA Visa ဆိုရင်တော့
အဲဒီ Visa ကိုအရင် cancel, Tourist Visa
ပြောင်းလျှောက်ပြီးမှ Non-B လျှောက်ရပါတယ်။
ကျမတုန်းက ၅ လအကြာမှ အလုပ်ရခဲ့ပြီး
၉ လမြောက်ကျမှ Non-Visa နဲ့ Work permit
ရခဲ့တာမလို့ တစ်လခြင်း TR Visa ကိုပဲ
တိုးနေခဲ့တာပါ။
ပုံလေးကတော့ ကျမဒီမှာရောက်ရောက်ခြင်း
ဘယ်နေရာမှာအလုပ်ရမလဲ မသိသေးခင်
နေခဲ့တဲ့ တကိုယ်ရည်စာအခန်းလေးနဲ့
Backpacker hostel လေးပါရှင်။
ဒီမှာနေထိုင်စရိတ်တွေကတော့ တစ်လကို
ဘတ် ၄၀၀၀ လောက်ကနေ သောင်းကျော်တွေထိ
အစားစားပဲရှိပါတယ်။
အလုပ်လာရှာမယ့် တီချယ်တို့ budget လေး
ချိန်လို့ရအောင် ဒီပို့စ်လေးရေးလိုက်ပါတယ်။
ထိုင်းမှာ ဆရာမအလုပ် တရားဝင်လုပ်မယ်ဆို
Non-B Visa, Work permit နဲ့
Teaching License လျှောက်ဖို့
- Bachelor ဘွဲ့
- တက္ကသိုလ်အမှတ်စာရင်းတွေနဲ့
- TOEIC လက်မှတ် လိုပါတယ်။
TOEIC လက်မှတ်ရှိထားရင်
Visa ကြေး ဘတ် ၁၉၀၀ နဲ့တင်
ထိုင်းမှာ Non-B လျှောက်လို့ရပြီး
TOEIC လက်မှတ်မရှိရင်တော့
နိုင်ငံအထွက်ပြပြီး Non-B လျှောက်လို့
ရပါတယ်။ ဘတ် ၁ သောင်းဝန်းကျင်လောက်
ကုန်နိုင်ပါတယ်။
TOEIC အကြောင်းမသိသေးရင်
first comment မှာဖတ်ပါရှင်။
ကျမရဲ့ TOEIC Test preparation class လေး
စိတ်ဝင်စားရင်တော့ CB မှာအသေးစိတ်
မေးကြည့်လို့ရပါတယ်နော်။
12/07/2026
📣Online Teaching အလုပ်ခေါ်စာပါ Trs 📣
English by Ivy ရဲ့
partner ကျောင်းတစ်ခုဖြစ်တဲ့ MyanLingo
မှာ part-time online teachers
တွေ ခေါ်နေပါတယ်။
ကျမ Page ပေါ်က စိတ်ဝင်စားတဲ့
Trs တွေလျှောက်လို့ရအောင်
ဒီမှာ တင်ပေးလိုက်ပါတယ်ရှင် 🫶
==============
ရုံးတက်စရာမလို အိမ်ကနေပဲ
သင်ကြားရေးလုပ်ရင်း အပိုဝင်ငွေ
တိုးချင်ပါသလား ?
Myanlingo/GYS Group မှာ
English Teacher တွေအတွက်
အခွင့်အရေးအသစ်တွေ ဖန်တီးပေးထားပါပြီ
📌 ဘာတွေလိုအပ်မလဲ
- အွန်လိုင်းကနေ စာသင်ဖူးတဲ့
အတွေ့အကြုံ (၁ နှစ် - ၂ နှစ်) လောက်ရှိပြီး
သင်ကြားရေးကို တကယ်
ဝါသနာပါတဲ့သူ ဖြစ်ရပါမယ်။
- ကိုယ်သင်ပေးမယ့် ဘာသာစကားမှာ
Advanced Level ဖြစ်ရပါမယ်
အရေးအကြီးဆုံးက ကိုယ်ပိုင်
Lesson Plan ကို
ရေးဆွဲနိုင်သူ ဖြစ်ရပါမယ်။
- ကျောင်းသားတစ်ဦးချင်းစီရဲ့
Learning Journey ကို
အသေးစိတ်ကနေ အဆုံးထိ တာဝန်ယူပြီး
သူတို့နဲ့တိုင်ပင်ကာ အကောင်းဆုံး
သင်ကြားပေးနိုင်သူဖြစ်ဖို့ လိုအပ်ပါတယ်။
📌 ဘာတွေလုပ်ရမလဲ
- ကျောင်းသားတွေရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး
သင်ရိုးကို ကိုယ်တိုင် ဆွဲပေးရပါမယ်။
- Work From Home အိမ်မှာပဲနေရင်း သင်ကြားရမှာမို့ ရုံးတက်စရာ လုံးဝမလိုပါဘူး။
- စာသင်ချိန်က Flexible hours မို့ သတ်မှတ်ထားတဲ့ အချိန်မရှိပါ။
- ရေရှည်လက်တွဲလုပ်ကိုင်နိုင်သူကို ဦးစားပေးမှာဖြစ်ပြီး၊ အလုပ်အတွက် အချိန်တစ်ခု သေချာ သတ်သတ်မှတ်မှတ် ဖြစ်ဖို့တော့ လိုအပ်ပါတယ်
✅ မဖြစ်မနေ ရှိထားရမယ့် အရာတွေ -
- Laptop တစ်လုံးရှိရပါမယ်။
- အွန်လိုင်းသင်ကြားဖို့ Wifi/Internet
ကောင်းကောင်းရှိရပါမယ်။
- Telegram နဲ့ Zoom ကို
ကျွမ်းကျင်စွာ အသုံးပြုတတ်ရပါမယ်
📩 ဘယ်လိုလျှောက်ရမလဲ?
စိတ်ဝင်စားတယ်ဆိုရင်
[email protected] ကို CV ပို့ထားပေးပါ
Email ထဲမှာ "မျှော်မှန်းလစာ (Hourly rate)" နဲ့
"Myanlingo နဲ့ လက်တွဲရတဲ့ ရည်ရွယ်ချက်" ကိုလည်း
အနည်းငယ်ထည့်ရေးပေးဖို့ မမေ့နဲ့ဦးနော်။
(Messenger ကနေ CV ပို့တာတွေကိုတော့ လက်မခံတာမို့ Email ကနေပဲ ပို့ပေးဖို့ မေတ္တာရပ်ခံပါတယ်ရှင်)
02/07/2026
800, 900 တွေရဖို့
⭐️General English 4 Skill ကို
B2 Level ရှိအောင် အရင်ဖြည့်ပါ။
⭐️Formal English/ Office English
အသုံးတွေ ရင်းနှီးအောင် လေ့လာထားပါ။
⭐️Eight Parts of Speech နဲ့
စကားလုံးတစ်လုံးကိုကြည့်လိုက်တာနဲ့
Noun လား, Adjective လား, Verb လား
အစရှိသဖြင့် Word Family ခွဲတတ်အောင်
မှတ်သားပါ။
⭐️Grammar Form တွေ သိရပါမယ်။
စာကြောင်းတစ်ကြောင်းရဲ့ Verb ကို
မြင်လိုက်တာနဲ့ ဘာ Tense လဲ၊
ဘာ Verb လဲ ချက်ခြင်းသိတဲ့အထိ
မှတ်မိသင့်ပါတယ်
⭐️BBC Learning English က
English At Work series နဲ့
Office English episode တွေ
နားထောင်ပါ။
⭐️Barron’s 600 TOEIC Words
စာအုပ်နဲ့ ဝေါဟာရတွေကျက်မှတ်ပါ၊
မေးခွန်းတွေ လေ့ကျင့်ပါ။
⭐️YouTube က TOEIC မေးခွန်းဟောင်း
တွေနဲ့၊ estudyme website က mock test
အားတိုင်းဖြေ နေ့တိုင်းဖြေကြည့်ပါ။
⭐️ TOEIC ဘာမှန်းမသိရင်
First comment မှာ ဖတ်ပါ။
⭐️ဘယ်ကနေ ဘယ်လိုစရမှန်းမသိဘူး၊
Trainer သင်ပေးတာ၊ guide လုပ်ပေးတာ
လိုချင်ရင်တော့၊ ကျမရဲ့ TOEIC ရာသက်ပန်
Telegram Video Class လေး join ပါရှင် 🫶
===================
TOEIC Telegram Video Class
(ရာသက်ပန် အတန်းလေးမှာ)
ဘာတွေလေ့လာရမလဲ? 👇🏼
Reading မှာ အမှတ်များများယူနိုင်ဖို့
- Grammar Tenses and Patterns
- Sentence Structure တွေကို
အခြေခံက စလေ့လာရမယ့်အပြင်
Listening and Vocab အတွက်
- Office English usages
- Business English usages
- Barron’s 600 TOEIC Essential Words နဲ့
လေ့ကျင့်ကြပါမယ်
Score ခန့်မှန်းပေးတဲ့
Mock Test တွေဖြေကြည့်ရမယ်
မေးခွန်းဟောင်းတွေပါ
လေ့ကျင့်ရပါမယ်ရှင်။
TOEIC က Reading & Listening ပဲ
အဓိကနော်၊ Multiple Choice
တွေချည်းပဲမလို့ ပေါ့ပါးမှာပါ။
ရာသက်ပန်အတန်း Video Class
လေးဖြစ်တာမို့ ဈေးနှုန်းကလဲ
မြန်မာငွေ သောင်းဂဏန်းပါ 🥰
အသေးစိတ် CB နော် 🤍