Teaching and Learning with Tr.Elis

Teaching and Learning with Tr.Elis

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Teaching and Learning with Tr.Elis, การศึกษา, Bangkok.

28/04/2026

ကျွန်မတို့တွေ ကလေးတွေကို စာသင်ကြတဲ့အခါ အထူးသဖြင့် ကျွန်မ Grammar တန်းတွေသင်ရင် 4skills လုံးပါသွားအောင်ကြိုးစားပြီးသင်ပါတယ်။ Grammar သင်တယ်ဆိုတာ စာရေးတတ်ဖို့တခုထဲအတွက်လည်း မဟုတ်သလို နေ့စဉ်ပြောဆိုနေရတဲ့ conversation တွေမှာ မှန်မှန်ကန်ကန်နဲ့ တဖက်သူက ကိုယ်ဘာကိုဆိုလိုချင်တာလဲဆိုတာကို သေချာနားလည်အောင် ပြောတတ်ဖို့ကိုလည်း တခါထဲလေ့ကျင်ပေးဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်မတို့ငယ်ငယ်တုန်းက Grammar ဆိုတာ စာထဲမှာပဲရှိခဲ့ပြီး နေ့စဉ်သုံးတွေထဲမှာ ပြန်အသုံးချဖို့မသိခဲ့တဲ့အခါ ခုအသက်တွေကြီးလာတော့ English ကို အစကနေ ပြန်သင်နေကြပါတယ်။
ခုခေတ်ကလေးတွေကျတော့ အရမ်းကိုကံကောင်းသွားကြပါပြီ။ ငယ်စဉ်ကတည်းက 4skills လုံးကိုဘယ်နေရာဘယ်လိုသုံးရမလဲဆိုတာသိနားလည်သွားကြပြီး စာအုပ်ထဲမှာတင်မဟုတ်ဘဲ daily life မှာပါ သေချာပြန်အသုံးချနေတတ်ကြပါပြီ။

Grammar သင်တဲ့အခါ စာအုပ်ကြီးပဲကိုင်ပြီး အဲ့ထဲကအတိုင်းသင်ဖို့ထပ် realistic things တွေနဲ့လည်း ကလေးတွေကို လက်တွေ့ဘဝထဲကိုဆွဲခေါ်သင်ပေးဖို့လည်း လိုပါသေးတယ်။
ကျွန်မကတော့ ကိုယ့်ကလေးတွေကို စိတ်ဝင်စားပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ စာသင်နေမှန်းမသိဘဲနဲ့ကို မပျင်းရအောင် ကြိုးစားပြင်ဆင်ပြီးသင်ပေးလေ့ရှိပါတယ်။
ဒီနေ့ကတော့ Grammar 1 မှာ မနေ့ကသင်ပေးထားတဲ့ adjectives တွေကို ပြန်မှတ်မိအောင် ကျွန်မဒီနေ့ဝယ်လာတဲ့ comestics တွေကိုပြပြီး Questions and Answers သဘောနဲ့ speaking practice လုပ်ရင်းပြန်လေ့ကျင့်ဖြစ်တဲ့အခါ ကလေးအနေနဲ့လည်း စိတ်ပါဝင်စားပြီး သိသိသာသာတိုးတက်လာတာမြင်ရတဲ့အတွက် တကယ်ကို ဝမ်းသာပီတိဖြစ်ရပါတယ်။

27/04/2026

ဒါလေးကတော့ တီချယ့်မိဘများအတွက်ပါရှင့် 🥰

စာလုံးပေါင်းလေးတွေလွဲနေပေမယ့် တင်လိုက်ပါတယ် 🥰

25/04/2026

ကလေးတွေဆရာမဖြစ်ခြင်းဟာ …
တကယ်ကို အသက်ရှည်ဆေးလေးတွေလိုပါပဲ။ ဘယ်လောက်ပင်ပန်းနေပါစေ၊ ဘယ်လောက်ပဲ personal မှာ စိတ်ညစ်နေရပါစေ သူတို့နဲ့ဆို အကုန်မေ့သွားနိုင်လို့ပါ 🥰

21/04/2026

https://www.tiktok.com/.elis0?_r=1&_t=ZS-95icYOzdbov

TikTok account လေးလည်း ဖွင့်ထားပါတယ်ရှင့်
သိချင်တာ၊ စုံစမ်းချင်တာဆို TikTok မှာလည်းဆက်သွယ်လို့ရပါပြီရှင့် 🥰

21/04/2026

Phonics သင်တယ်ဆိုတာ long journey လို့ခေါ်တဲ့ခရီးရှည်တခုဖြစ်ပါတယ်။ ကလေးတွေအတန်းတက်ကြပြီဆိုရင် တချို့ကစတက်တာနဲ့အကုန်မှတ်မိသိစေချင်တာ။ မိဘတွေလိုပဲ ဆရာဆရာမတိုင်းကလည်း ကိုယ့်စီလာတက်သမျှကလေးတွေအကုန်လုံးကို သင်တာတွေအကုန်မှတ်မိရစေချင်သလို စာကိုဖတ်တတ်စေချင်တာ။ ဒါမှလည်း ကိုယ်သင်တဲ့အတန်း၊ ကိုယ်သင်နေတာက အောင်မြင်တယ်ပြောလို့ရတာကို။
သို့ပေမယ့် ကျွန်မတို့က စာပြီးဖို့ထပ် ကလေးတွေဘယ်လောက်ရသလဲ၊ ဘယ်လောက်လုပ်နိုင်သလဲဆိုတာကို အရင်မြင်တတ်ဖို့လိုပါမယ်။ ဒါက ဆရာဆရာမတင်မဟုတ် မိဘများပါ မြင်တတ်ဖို့လိုတာပါ။
ကျွန်မတို့အတန်းတခုမှာ ကလေးဦးရေ ၁၀ဦးပဲဆိုကြပါစို့ အဲ့ ၁၀ဦးလုံးရဲ့ အားသာချက်၊အားနည်းချက်၊လိုအပ်ချက်တွေကို ဆရာဆရာမတိုင်းကသိကြပါတယ်။

စလုံးရေစသင်ကြရတဲ့အရွယ်ကနေ စာကြောင်း၊စာပိုဒ်တွေဖတ်တတ်သွားကြပြီဆိုတာ ဆရာဆရာမရဲ့သင်ပြတာတွေကြောင့်လည်းပါသလို ကလေးဘက်ကလည်း အားထုတ်မှု အဲ့အပြင် မိဘများရဲ့ ပံ့ပိုးပေးမှုတွေကြောင့်လည်းပါပါတယ်။
များများပံ့ပိုးနိုင်လေ ကလေးအတွက် စာပိုသွားလေပါပဲ။
သူ့ level အလိုက် တတ်သင့်တာ၊ ဖတ်နိုင်သင့်တာကို လုပ်နိုင်နေရင် ဒီသင်ကြားရေးဟာ အောင်မြင်တယ်ပြောလို့ရပါတယ်။
နောက်တခုက exposure များများရနေတဲ့ကလေးဟာ မရနေတဲ့ကလေးထပ်စာရင်လည်း စာပိုသွားတယ်ဆိုတာလည်း သိဖို့လိုအပ်ပါတယ်။

ကလေးတိုင်းက သင်ယူမှုမတူကြသလို မိဘတိုင်းကလည်း ပံ့ပိုးပေးနိုင်ပုံတွေမတူညီကြတဲ့အတွက် Phonics သင်ကြားရေးမှာ ကလေးကိုလည်းကြည့်ပေးရမှာဖြစ်သလို ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ကြည့်ရမှာဖြစ်ပါတယ်။ (ဒါက ကလေးကို အရမ်းတွန်းမိတာမျိုးမဖြစ်စေဖို့ပါ)။

ကျွန်မအတွက်ကတော့ ကိုယ့်သင်ကြားရေးမှာ ကိုယ်သတ်မှတ်ထားတဲ့အတိုင်း ကလေးတိုင်းက progress တက်လာပြီဆိုရင်ကို ပီတိဖြစ်ရသူပါ။

Thank you သမီးလေး Olivia နဲ့ မေမေရှင့်။

20/04/2026

ကျွန်မအတွက်က ကိုယ့်ကလေးလေးတွေကို /a//b/ /k/ဆိုတဲ့တသံစီကနေ စကားလုံးတွေ စာကြောင်းတွေ အဲ့လိုတဆင့်စီကနေ story reading တွေကို လုပ်နိုင်သွားကြပြီ ဆိုတာကိုမြင်ရတာလောက် ပျော်ရတာမရှိဘူး။

Segmenting လုပ်ဖတ်ကြရတဲ့အဆင့်ကနေ Automaticity လို automatic word recognition အဆင့်ကိုရောက်ပြီး fluent readers တွေဖြစ်လာတာကိုမြင်ရတာ တကယ်ပီတိပါ။

ဒါက ဆရာမတယောက်ထဲရဲ့ အားကြောင့်မဟုတ်ပါဘူး၊ မိဘ၊ ဆရာ၊ ကျောင်းသား ဆိုတဲ့ ထောင့်သုံးထောင့်လုံးက ဘက်ညီကြလို့ပါ။

Level 2 ပြီးလို့ Grammar 1 သွားကြတော့မှာပါ။

Thank You .. သမီးလေးရှင်းရှင်းနဲ့မေမေ 🙏🏻

ต้องการให้ธุรกิจของคุณ โรงเรียน ขึ้นเป็นอันดับหนึ่ง โรงเรียน ใน Bangkok?

คลิกที่นี่เพื่อเป็นสมาชิก?

ที่ตั้ง

ประเภท

เว็บไซต์

ที่อยู่


Bangkok

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00
เสาร์ 09:00 - 17:00
อาทิตย์ 09:00 - 17:00